{Zawgyi}
Eden မ်က္လုံးဖြင့္ဖြင့္ခ်င္းျမင္ရတာက အိပ္ခန္းေဆာင္တစ္ခုရဲ႕ မ်က္နွာက်က္တစ္ခု......
ေဘးမွေခၚသံၾကားလို႔ၾကည့္လိုက္ေတာ့.......
'WTF!!'
ပါးစပ္ကေအာ္ဆဲမိမလိုျဖစ္သြားသည္ကို မနည္းပင္ဘရိတ္အုပ္လိုက္ရသည္။
မလန္႔ရိုးလား....ေဘးကအနွီ မိန္းမတစ္ဦးမွာ အဝတ္မ်ားဖရိုဖရဲနွင့္ အတြင္းဝတ္တစ္ထပ္ထဲကိုသာ ဝတ္ထားသျဖင့္ အတြင္းသားမ်ားက အတိုင္းသား မီးေရာင္မွိန္မွိန္ေအာက္တြင္ မ်က္ဝန္းမ်ားမွအရည္လဲ့ေနပုံက Edenအတြက္ေတာ့ သနားစရာမမည္ဘဲ ၾကက္သီးထစရာေကာင္းလွသည္။
ကိုယ့္ကိုကိုယ္ ျပန္ငုံ႔ၾကည့္ေတာ့ အေပၚပိုင္းကဗလာနွင့္ ဆံပင္ရွည္ကိုျဖည္ခ်ထားပုံက ကပိုကရိုနွင့္..........
'What the.......POOH!!!! မင္း.....မင္း ငါ့ကိုဘယ္လိုကမၻာကိုပို႔လိုက္တာလဲ ဘယ္အခ်ိန္ၿကီးကိုေ႐ြးပို႔လိုက္ရတာလဲ!!!!'
Edenရဲ႕ေအာ္သံေၾကာင့္Pooh တစ္ေယာက္နားပင္ပိတ္ထားရသည္။
[ကြၽန္ေတာ္လည္း အထက္ကခိုင္းတဲ့အတိုင္းလုပ္ရတာပါ ကြၽန္ေတာ့္ကိုအျပစ္မတင္နဲ႔ ကြၽန္ေတာ္နဲ႔ဘာမွမဆိုင္ဘူး]
'ထားလိုက္ေတာ့ အခ်က္အလက္ေတြပို႔ေတာ့'
Edenစကားဆုံးသည္နွင့္ ေခါင္းထဲထိုးဝင္လာေသာအခ်က္အလက္ေတြေၾကာင့္ မ်က္ေမွာင္ပင္ၾကဳတ္မိသည္အထိ....
အတန္ငယ္ သက္သာသြားကာမွ အခ်က္အလက္ေတြကိုစဖတ္ရန္ ျပင္သည္။
ဒီတစ္ေခါက္Edenေရာက္ေနသည္မွာ နန္းတြင္းဘုရင္ေခတ္.......
ဒီကမၻာမွာဇာတ္လိုက္က မင္းႀကီးရဲ႕ ဒုတိယေျမာက္သားေတာ္ နာမည္က ရွဲ႔ဖန္းခ်င္
ျဖစ္ၿပီးေတာ့ ညီအစ္ကို ၂ေယာက္ထဲမွာအေတာ္ဆုံးနဲ႔အထက္ျမက္ဆုံးျဖစ္တယ္.........
သို႔ေပမဲ့ မိုးနတ္မင္းအလိုက် ေကာင္းကင္ရဲ႕သားေတာ္ေ႐ြးပြဲမွာ အေ႐ြးမခံရတဲ့အတြက္ ရွဲ႔တိုင္းျပည္ရဲ႕ အိမ္ေရွ႕စံအရာကိုမရရွိခဲ့ဘူး။
ထိုအစား အိမ္ေရွ႕စံေနရာကိုရခဲ့တာက မိဖုရားေခါင္ႀကီးရဲ႕သား မင္းႀကီးရဲ႕ပထမသားေတာ္ ရွဲ႔စစ္ရန္။
ရွဲ႔ဖန္းခ်င္မွာဒုတိယမိဖုရားမွ ဖြားျမင္တာျဖစ္ၿပီး ရွဲ႔စစ္ရန္ကသာ မိဖုရားေခါင္ဆီမွ ေမြးဖြားျခင္း။
ငယ္ငယ္ထဲက လက္ညႇိဳးၫႊန္ရာ အကုန္ရသည့္ ရွဲ႔စစ္ရန္မွာ မင္းသားတို႔တတ္အပ္သည့္ပညာရပ္ေတြကို မလိုက္စားပါပဲနွင့္ အၿမဲသာ အေပ်ာ္အပါးအေသာက္အစားနွင့္ ေမြ႕ေလ်ာ္ေနသည္။
သူ႔ေဘးမွသက္ေတာ္ေစာင့္ ထ်န္းရွ မွလြဲ၍ အကုန္လုံးအေပၚ ေမာက္ေမာက္မာမာဆက္ဆံ၍နွိပ္စက္ညႇင္းပန္းသည္မွာ တခ်ိဳ႕ဆိုေသသည္အထိပင္။
ထိုမ်ွေလာက္ဆိုးသြမ္းေသာ မင္းသားကို အိမ္ေရွ႕စံအရာ မေပးခ်င္ၾကသည္မွာ မည္သူ႔အတြက္မွမွားသည့္အရာမဟုတ္။
ရွဲ႔စစ္ရန္၏ နန္းတက္ပြဲကို မိဖုရားေခါင္၏ဘက္ေတာ္သားအမတ္မ်ားမွလြဲ၍ က်န္အမတ္မ်ားအားလုံးကကန္႔ကြက္ေသာ္လည္း ဇာတ္လိုက္ျဖစ္တဲ့ ရွဲ႔ဖန္းခ်င္ ကေတာ့ ၾကည္ၾကည္ျဖဴျဖဴနွင့္ပင္လက္ခံေသာေၾကာင့္ အိမ္ေရွ႕စံအရာအား ရွဲ႔စစ္ရန္ ကိုေပးအပ္ရသည္။
အိမ္ေရွ႕စံဘြဲ႕အပ္နွင္းသည့္ အခမ္းအနားတြင္ ဇာတ္လိုက္မ ျဖစ္သည့္ မုတိုင္းျပည္မွ မင္းသမီး မုေဖးယြဲ႕ နွင့္ ဇာတ္လိုက္ ရွဲ႔ဖန္းခ်င္ တို႔ဆုံမိၾကသည္။
အိမ္ေရွ႕စံ ရွဲ႔စစ္ရန္ ဟာ ဇာတ္လိုက္မ မုေဖးယြဲ႕ ကို ျမင္ျမင္ခ်င္းခ်စ္မိတာေၾကာင့္ ထိုအခမ္းအနားမွာပင္ မင္းသမီးအားတင္ေတာင္းေတာ့သည္။
ရွဲ႔တိုင္းျပည္လက္ေအာက္မွာရွိတဲ့ မုတိုင္းျပည္အေနနဲ႔အရွံုးမရွိတာေၾကာင့္ ခ်က္ခ်င္းပင္လက္ခံကာ မဂၤလာကိစၥေဆြးေႏြးၾကသည္။
ရွဲ႔စစ္ရန္မွာ စိတ္လႈပ္ရွားလြန္းေသာ္လည္း စိတ္ပ်က္ေနသူက ဇာတ္လိုက္မ မုေဖးယြဲ႕....
မုေဖးယြဲ႕ဟာ ရဲရင့္တယ္ ျပတ္သားတယ္ သန္မာတယ္ ေပါ့ပ်က္ပ်က္နဲ႔ ဘဝကို ျဖစ္သလို ျဖတ္သန္းေနတဲ့သူေတြကိုတစ္စက္မွၾကည့္မရေခ်။
ေျပာရရင္ျဖင့္ ရွဲ႔စစ္ရန္လို သုံးစားမရတဲ့လူမ်ိဳးေပါ့
မိမိကိုယ္ကိုကုိယ္လည္း ဘယ္သူနဲ႔မွမတန္ဘူးဟုသတ္မွတ္ထားသည္။
ရွဲ႔တိုင္းျပည္ရဲ႕ အိမ္ေရွ႕စံအပ္နွင္းသည့္အခမ္းအနားတြင္ ဇာတ္လိုက္ ရွဲ႔ဖန္္းခ်င္နွင့္ေတြ႕ကာမွ မိ္ိမိနွင့္ထိုက္တန္သူ ကိုရွာေတြ႕ၿပီဟု ေတြးမိကာေပ်ာ္မိေသာအေပ်ာ္သည္ အိမ္ေရွ႕စံ ရွဲ႔စစ္ရန္၏ အမဂၤလာ လက္ထပ္ေၾကာင္းလမ္းသည့္စကားေၾကာင့္ပ်က္သည္။
ထိုသို႔ျဖင့္ အိမ္ေရွ႕စံ၏ၾကင္ယာေတာ္အျဖစ္ေရာက္လာေသာ မုေဖးယြဲ႕သည္ ဒုတိယမင္းသားအေပၚ စိတ္အလုံးစုံဝင္စားလ်က္ တစ္ေန႔တစ္မ်ိဳးမရိုးရေအာင္ ဒုတိယမင္းသား သူ႔အေပၚစိတ္ပါလာေအာင္ဆြဲေဆာင္ေတာ့သည္။
ထိုေရလာေျမာင္းေပးလုပ္သမ်ွကို ရွဲ႔ဖန္းခ်င္သိပါေသာ္လည္း အကိုေတာ္အိမ္ေရွ႕စံ၏ၾကင္ယာေတာ္ဆိုသည့္စိတ္ႏွင့္ထိန္းသည္။
ရွဲ႔စစ္ရန္ကမူ မုေဖးယြဲ႕အေပၚအခ်စ္စိတ္မႊန္ေနသျဖင့္ လုပ္သမ်ွ ဘာတစ္ခုက္ိုမ်ွအျပစ္မျမင္ေပ။
ထုိထိုေသာသေဘာထားတို႔သည္ မုေဖးယြဲ႕ အား နန္းတြင္းသမားေတာ္မွ နန္းေသြးသေႏၶတည္ေနၿပီဟုေျပာေသာအခ်ိန္တြင္ ရွဲ႔စစ္ရန္ ၏ နွလုံးသားအစုံတို႔သည္ မြေၾကလ်က္ ေလာကႀကီးေျပာင္းျပန္လွန္လိုက္သကဲ့သို႔ပင္ ေျပာင္းလဲကုန္သည္။
အမွန္စင္စစ္ ရွဲ႔စစ္ရန္သည္ မိန္းမ အေပ်ာ္အပါး လိုက္စားေသာ္လည္း မုေဖးယြဲ႕နွင့္ေတြ႕သည့္အခ်ိန္မွစ၍ အလုံးစုံျပဳျပင္ခဲ့သည္။
မုေဖးယြဲ႕အား အတင္းမရယူလိုဟုေျပာ၍ လက္ထပ္ပြဲျဖစ္ေျမာက္ခဲ့သည့္တိုင္ တစ္ခါမ်ွအတူမေနခဲ့ဖူး။
ဒါဆိုရွင္းေနၿပီပဲ ဒီကိုယ္ဝန္ဟာ ရွဲ႔စစ္ရန္ ၏ေသြးသား မည္သည့္နည္းနွင့္မ်ွမျဖစ္နိုင္။
ဘယ္သူလဲဟု မရမက ေမးခ်င္ေသာ္လည္း နဂိုထဲက အခ်စ္နယ္ကြၽန္ေနသူမို႔ အသားပင္မထိရက္မကိုင္ရက္ ျဖစ္ေနသည္ကို မည္သည့္ခြန္အားနွင့္ နွိပ္စက္ၿပီး ေမးရက္ပါ့မည္နည္း။
ရွဲ႔စစ္ရန္သည္ မုေဖးယြဲ႕ေၾကာင့္ျဖစ္သည့္ ေဝဒနာေသာကတို႔ကို အရက္နွင့္ပင္ကုစားလ်က္ အခ်ိန္အတန္သင့္ၾကာမွာေတာ့ အရင္ပုံစံအတိုင္းသုံးစားမရသည့္ ရွဲ႔စစ္ရန္အျဖစ္သို႔ျပန္ေရာက္ရွိေခ်ၿပီ။
မုေဖးယြဲ႕ ကိုယ္ဝန္ေလးလရွိတဲ့အခ်ိန္ထိ ရွဲ႔စစ္ရန္မုေဖးယြဲ႕ဆီတစ္ခါမ်ွမသြားခဲ့ေခ်။
ထိုေန႔ကေတာ့ စိတ္လည္းအတန္ငယ္ေျပေနၿပီမို႔ စကားစျမည္ေျပာရင္း မ်က္လုံးစုံမွိတ္ ဗိုက္ထဲကကေလးကို ကိုယ့္ကေလးအျဖစ္မွတ္ယူမည္ဟုစိတ္ကူးလ်က္ မုေဖးယြဲ႕၏ နန္းေဆာင္သုိ႔လာခဲ့ေလ၏။
မုေဖးယြဲ႕နန္းေဆာင္ကိုေရာက္ေတာ့ ပတ္ဝန္းက်င္ကတိတ္ဆိတ္ေနလ်က္ အေစာင့္မ်ား နန္းတြင္းအပ်ိဳေတာ္မ်ားပင္တစ္ေယာက္တစ္ေလမ်ွမရွိ။
ရွဲ႔စစ္ရန္လည္း အတြင္းေရးကိုတျခားလူမသိေစခ်င္သည္မို႔ သက္ေတာ္ေစာင့္ ထ်န္းရွကိုသာေခၚၿပီး နွစ္ေယာက္ထဲလာခဲ့ျခင္း။
မည္သူထင္မည္နည္း။ထိုမ်ွပတ္ဝန္းက်င္တိတ္ဆိတ္ေနတဲ့နန္းေဆာင္အတြင္းမွညည္းသံသဲ့သဲ့ထြက္လာလိမ့္မယ္လို႔။
ရွဲ႔စစ္ရန္ အေဆာင္တံခါးနားေရာက္ေလ ညည္းသံကပိုက်ယ္ေလ.....ထ်န္းရွကေတာ့ သြားရန္မသင့္ဟု တားသည္။
သို႔ေသာ္လည္း ထိုအသံတို႔က မိမိစိတ္အစဥ္ထဲကအၿမဲတမ္းတေနရသည့္အသံနွင့္ခြၽတ္စြပ္တူေနသည္မို႔ တံခါးအသာဟကာ အေဆာင္တြင္းကိုၾကည့္လိုက္ေလေတာ့.......
ၾကမ္းျပင္ေပၚတြင္ျပန္႔က်ဲေနေသာ အဝတ္စားေတြ.....
အိပ္ေဆာင္ကုတင္ေပၚမွာ လုံးေထြးေနလ်က္ ဗလာက်င္းေနတဲ့ခႏၶာကိုယ္ႏွစ္ခု...........
တံခါးနွင့္မ်က္နွာခ်င္းဆိုင္မ်က္နွာလွည့္ထားေသာ မုေဖးယြဲ႕မွာ မ်က္လုံးအစုံမွိတ္လ်က္ ညည္းတြားေနေသာေၾကာင့္ ရွဲ႔စစ္ရန္ေရာက္ေနသည္ကိုသတိမထားမိ
သူမလက္ေတြက သူမေနာက္မွခါးကိုသိုင္းဖက္ကာ လွဲလ်က္ ခ်စ္တင္းေနွာေနေသာ ေယာက္်ား၏ လက္ေတြေပၚကိုဆုပ္ကိုင္ထားသည္။
ထိုေယာက္်ားကား ရွဲ႔စစ္ရန္၏ညီေတာ္ ရွဲ႔ဖန္းခ်င္သာ.......
ရွဲ႔စစ္ရန္တစ္ေယာက္ မိမိနန္းေဆာင္ကိုမည္သို႔ျပန္ေရာက္လာသည္ကိုလည္းမသိ အခ်ိန္ေတြမည္သိုု႔ ေျပာင္းသြားသည္ကိုလည္း မသိ။ သူ႔ေခါင္းထဲတြင္ အရာအားလုံးဟာဗလာက်င္းေနလ်က္။
ထိုရက္ေတြအတြင္းမွာ ကိုယ္ရံေတာ္ ထ်န္းရွက ရွဲ႔စစ္ရန္ေဘးမွတဖဝါးမ်ွမခြာ ဆိတ္ဆိတ္ေနျခင္းျဖင့္သာ ရွဲ႔စစ္ရန္အား နွစ္သိမ့္ေလသည္။
ရွဲ႔စစ္ရန္ သတိျပန္ဝင္လာခ်ိန္တြင္ေတာ့ မုေဖးယြဲ႕အေပၚ ထားရွိခဲ့တဲ့ အခ်စ္ေတြအားလုံးဟာ နာၾကည္းခ်က္မ်ားအျဖစ္သို႔ေျပာင္းလဲခဲ့ေလၿပီ
ထိုအခ်ိန္မွစ၍ ရွဲ႔စစ္ရန္ဟာ ရွဲ႔ဖန္းခ်င္နွင့္ မုေဖးယြဲ႕ တို႔အေပၚ သူခံစားရသလိုျပန္ခံစားရေစလိုေသာစိတ္မ်ားျဖင့္သာျပည့္ေနလ်က္ အမ်ိဳးမ်ိဳးဒုကၡေပးေလေတာ့သည္။
သို႔ေပမဲ့ ရူးမတတ္ခ်စ္ခဲ့ရသည့္ မုေဖးယြဲ႕အေပၚ အနာတရျဖစ္ေအာင္ပင္မလုပ္ရက္ခဲ့....
ထို႔ေၾကာင့္ မုေဖးယြဲ႕နဲ႔ ရွဲ႔ဖန္းခ်င္အေပၚထားတဲ့ ရွဲ႔စစ္ရန္၏နာၾကည္းခ်က္ေတြက မုေဖးယြဲ႕ေမြးလာသည့္ ကေလးဆီသို႔ စုျပဳံခဲ့သည္။
သူမ်ားအျမင္နွင့္ အမည္ခံထားသည္မွာေတာ့ အိမ္ေရွ႕စံ ရွဲ႔စစ္ရန္၏ သားေတာ္ ရွဲ႔ရန္ခန္း အျဖစ္။
ထိုစကားတို႔ကို ၾကားတိုင္းရွဲ႔စစ္ရန္ရီခ်င္ေသာ္လည္း
ထိုအခ်က္ကိုပင္ အခြင့္ယူကာ မုေဖးယြဲ႕၏သားကို နွိပ္စက္ျခင္းျဖင့္ ရွဲ႔ဖန္းခ်င္နွင့္ မုေဖးယြဲ႕အား စိတ္ေသာကေရာက္ရန္ရည္႐ြယ္ခဲ့သည္။
သို႔ေသာ္ ရွဲ႔စစ္ရန္၏အထင္နွင့္အျမင္မွာတပ္တပ္စင္ေအာင္ပင္လြဲေလၿပီ။
မုေဖးယြဲ႕ဟာ နွလုံးသားမရွိဘဲ ရက္စက္တတ္ေသာ မိန္းမတစ္ဦးသာ။သို႔အေလ်ာက္ မူယာမာယာလည္း မ်ားတတ္ေသးသည္။
သူ႔ဝမ္းနွင့္လြယ္ေမြးထားေသာ ကေလးအေပၚကိုပင္ မခ်စ္ခင္မၾကင္နာ ေမြးၿပီးသည္နွင့္လွည့္ေတာင္မၾကည့္ဘဲ အထိန္းေတာ္မ်ားနွင့္သာထားသည္။
ရွဲ႔ဖန္းခ်င္ နန္းေတာ္သို႔ျပန္လာခ်ိန္တစ္ခ်ိန္ထဲတြင္သာ သားခ်စ္မိခင္ႀကီးသဖြယ္ဟန္ေဆာင္မူယာပိုကာ ရွဲ႔စစ္ရန္ကသူ႔သားကိုမည္သို႔မည္ပုံ နွိပ္စက္ေၾကာင္းျပန္တိုင္ေတာကာ မ်က္ရည္ခ်ဴေလသည္။
ထိုသို႔ျဖင့္ပင္ ၾကားထဲမွ မုေဖးယြဲ႕၏သား ရွဲ႔ရန္ခန္းမွာ ေျမစာပင္ျဖစ္ရရွာသည္။
ေမြးထားသည့္မိခင္ကလည္း တစက္ကေလးမွဂရုမစိုက္သည့္အျပင္ ဖခင္ဟုဆိုသည့္သူကလည္း အၿမဲတေစနွိပ္စက္ေလသည္။
ဦးရီးေတာ္ေလး ျပန္လာခ်ိန္တစ္ခ်ိန္ထဲသာ ေကာင္းေကာင္းမြန္မြန္ေနရသည္။
က်န္သည့္ရက္မ်ားမွာေန႔တိုင္းငရဲခန္းသဖြယ္။
ထိုသို႔ေသာ ရုပ္ပိုင္းဆိုင္ရာေကာ စိတ္ပိုင္းဆိုင္ရာကပါ ထိခိုက္ခံစားလာရသည့္ကေလးငယ္၏အ႐ြယ္မွာ ၉နွစ္သာသာ။
ထိုနွိပ္စက္ခံရဖန္မ်ားလာေသာေၾကာင့္ အေစခံမ်ားဟာလည္း ေကာင္းေကာင္းမြန္မြန္မဆက္ဆံေတာ့
အစာေတာင္ေကာင္းေကာင္းမေကြၽးေတာ့ပဲ ထိုကေလးအားဝိုင္းနွိပ္စက္ၾကသည္။
တေန႔တြင္ေတာ့ အိမ္ေရွ႕စံ၏ နွိပ္စက္မႈလက္လြန္သြားေသာေၾကာင့္ ရွဲ႔ရန္ခန္း အႀကီးအက်ယ္ပင္ဖ်ားကာ အိပ္ရာထဲလဲေလေတာ့သည္။
ထိုစဥ္မွာပဲ အဆိပ္မိကာ ေသဆုံးေတာ့သည္။
မုေဖးယြဲ႕သည္ ကိုယ့္သားေသဆုံးသည္ကိုပင္ အႀကီးအက်ယ္မခံစားရဟန္ ဈာပနာၿပီးသည္အထိ မ်က္ရည္ေတာင္မက်ေပ။
ရွဲ႔ဖန္းခ်င္ ျပန္လာကာမွ ရွဲ႔ဖန္းခ်င္၏ရင္ခြင္ထဲ ဆီးဝင္ကာ အႀကီးအက်ယ္စိတ္ထိခိုက္ေနဟန္ငိုကာ အိပ္ရာထဲလဲေလေတာ့သည္။
ရွဲ႔ဖန္းခ်င္မွာလည္း သားျဖစ္သူက အိမ္ေရွ႕စံလက္ခ်က္ေၾကာင့္ေသရၿပီး ခ်စ္ရသူဟာလည္း ထိုသူ႔ေၾကာင့္ပင္ အိပ္ရာထဲလဲေနသည္မွာ စိုးရိမ္ရသည့္အေနအထားသို႔ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ စိတ္တို႔ေပါက္ထြက္ကာ နန္းလုရန္ျပင္ေလေတာ့သည္။
ရွဲ႔ဖန္းခ်င္မွာ ထိုအခ်ိန္တြင္ သစၥာခံမ်ားအေတာ္တန္စုေဆာင္းထားမိၿပီး မယ္ေတာ့္ဖက္ေတာ္သားမ်ားေၾကာင့္ နန္းေတာ္ကိုလြယ္လင့္တကူရလိုက္ေလသည္။
အမွန္စင္စစ္ ရွဲ႔မင္းႀကီးကပါ ရွဲ႔ဖန္းခ်င္နွင့္ေပါင္းႀကံကာ မိဖုရားေခါင္ႀကီးအား လွည့္ကြက္သုံးကာအနိုင္ယူခဲ့ၿပီး ထီးနန္းအရိုက္ရာကို ရွဲ႔ဖန္းခ်င္အား ဆက္ခံေစခဲ့ျခင္းပင္။
ရွဲ႔စစ္ရန္ကလား...?
ဝရမ္းေျပးအျဖစ္နဲ႔ ေတာထဲတြင္လူမသိသူမသိအသတ္ခံခဲ့ရသည္။
သူေသသည့္တိုင္သူမသိလိုက္သည့္အရာက ရွဲ႔ရန္ခန္းကို အဆိပ္ခတ္ခဲ့သူက မုေဖးယြဲ႕ကိုယ္တိုင္ျဖစ္ေနျခင္းပင္။
ဇာတ္လိုက္နဲ႔ဇာတ္လိုက္မကေတာ့ တစ္နွစ္အၾကာမွာ ထီးနန္းသိမ္းၿပီး တရားဝင္လက္ထပ္မဂၤလာျပဳကာ မုေဖးယြဲ႕အား မိဖုရားေခါင္ရာထူးေပးအပ္လိုက္တယ္တဲ့ေလ။
ရွဲ႔ဖန္းခ်င္ကလည္း မုေဖးယြဲ႕တစ္ေယာက္ထဲကိုပဲ မိဖုရားအရာထားၿပီး တျခားဘယ္သူ႔ကိုမွ မိဖုရားထပ္မတင္ဘဲေသတဲ့အထိ မုေဖးယြဲ႕ကိုအေဖာ္ျပဳၿပီးေနထိုင္သြားေလတယ္။
ဇာတ္ေၾကာင္းစုံကို ဖတ္ၿပီးတဲ့အခ်ိန္တြင္ေတာ့Edenတစ္ေယာက္ မုေဖးယြဲ႕အားသတ္ပစ္ခ်င္စိတ္ကတဖြားဖြား
ရွဲ႔ဖန္းခ်င္အားလည္းအရည္က်ိဳပစ္ခ်င္သည္အထိ။
ကံၾကမၼာကအရမ္းမ်က္နွာလိုက္တာပဲ
ဇာတ္လိုက္ျဖစ္ေနရုံနဲ႔ အရာအားလုံး ဆႏၵအတိုင္းျဖစ္ခြင့္ရသည္တဲ့လား။
အမွန္ဆို ဇာတ္လိုက္က ၾကာကူလီေကာင္ပဲေလ။
ဇာတ္လိုက္မလည္းအိမ္ေထာင္ေရးေဖာက္ျပန္တဲ့သူပဲ။
Edenကဘယ္ခႏၶာကိုယ္ထဲေရာက္ေနလဲ ေမးစရာလိုမယ္မထင္။
အိမ္ေရွ႕စံရွဲ႔စစ္ရန္ရဲ႕ ခႏၶာကိုယ္ထဲမွာေပါ့။
[Host Missionေတြကိုၾကည့္ေတာ့မလား]
'ေအးေျပာေတာ့'
[ရွဲ႔စစ္ရန္ ရဲ႕ ေနာက္ဆုံးဆႏၵက ရွဲ႔ရန္ခန္းကို ေကာင္းေကာင္းမြန္မြန္ျပဳစုပ်ိဳးေထာင္ခ်င္တာပါ
အျပစ္မရွိတဲ့ ရွဲ႔ရန္ခန္းကို သူ႔ေၾကာင့္အေၾကာင္းမဲ့မေသေစခ်င္တဲ့ဆႏၵလည္း ပါပါတယ္]
'ဒါပဲလား ကေလးတစ္ေယာက္ကိုျပဳစုပ်ိဳးေထာင္ဖို႔ပဲလား တျခား လက္စားျပန္ေခ်တာတို႔ လက္တုံ႔ျပန္တာတို႔မပါေတာ့ဘူးလား???'
[မပါပါဘူး]
'စိတ္ထားကလည္း ႏုလိုက္တာ ဒါေၾကာင့္ ခံရတာ နည္းေတာင္နည္းေသးတယ္'
[စိတ္ေကာင္းရွိတယ္လို႔ေခၚပါတယ္Host သူမ်ားေတြကိုhostလို စိတ္ပုပ္တဲ့သူလို႔ထင္မေနပါနဲ႔]
'ဘာေျပာတယ္မင္း.....မင္း...'
[Host ဒီကမၻာကအလယ္အလတ္အဆင့္ျဖစ္တဲ့Cအဆင့္ရွိပါတယ္ ဒါေၾကာင့္Missionေအာင္ဖို႔ ခက္ခဲပါလိမ့္မယ္ ဂရုစိုက္ပါ......အကယ္၍ဒီMissionသာေအာင္ခဲ့ရင္ Poin-1000ရမွာပါ]
'1000ေတာင္??? မဆိုးဘူးပဲ'
စိတ္ထဲတြင္ျပဳံး႐ႊင္လာေသာ္လည္း အျပင္တြင္ေတာ့မ်က္ေမွာင္ၾကဳတ္ထားဆဲ
ေရွ႕မွ အပ်ိဳေတာ္ေလးမွာလည္း အေမႊးတိုင္တဝက္စာကုန္တဲ့အထိစကား မဟဘဲ နားထင္ကိုသာလက္ညႇိဳးနွင့္လက္ခလယ္ပူးေထာက္ကာပြတ္ဆြဲေနေသာ အရွင႔္သားေၾကာင့္ ေခြၽးေစးမ်ားပင္ျပန္လာရသည္။
{ဒီမွာတစ္ခုေျပာခ်င္တာကေလ Systemနဲ႔အျပင္ကအခ်ိန္နဲ႔ မတူပါဘူး systemထဲမွာအခ်ိန္ကုန္တာပိုေနွးပါတယ္ဒါေၾကာင့္ Edenဇာတ္ေၾကာင္းကိုအလုံးစုံေသခ်ာဖတ္ၿပီးPoohနဲ႔ systemထဲမွာစကားမ်ားေနတဲ့အခ်ိန္ေတာင္ အေမႊးတိုင္ တဝက္ကုန္စာေလာက္ပဲကုန္တာပါ....နားလည္ရဲ႕လားမသိဘူး😅}
'ရတယ္ ရွဲ႔စစ္ရန္ မင္းက မင္းအတြက္ဘာမွ ဆႏၵမျပဳခဲ့ေပမဲ့ ငါကပဲ အလိုက္တသိနဲ႔ မင္းအစားလက္စားေခ်ေပရမွာေပါ့ ဟက္ ဟက္'
_______________________________
Double upေနာ္😆
ဒီအပိုင္းကိုေသခ်ာဖတ္ပါေနာ္ ဒါမွ ဒီarcတစ္ခုလုံးေနာက္ပိုင္းမွာ မလည္သြားမွာ😅
Edenဇာတ္ေၾကာင္းဖတ္တဲ့ေနရာမွာ ဇာတ္ေၾကာင္းကိုအရွည္ႀကီး ေရးေပးထားတယ္ဆိုတာက နားမလည္လိုက္မွာစိုးလို႔ပါ😅
အမွားယြင္းတစ္စုံတစ္ရာရွိခဲ့ရငေတာင္းပန္ပါတယ္
ဒါကစိတ္ကူးယဥ္မို႔လို႔ နာမည္ေတြကလည္းစိတ္ကူးယဥ္ပါပဲ ဘာအဓိပၸါယ္မွမေဆာင္ပါဘူး။
တစ္စုံတစ္ခုနဲ႔တိုက္ဆိုင္ခဲ့သည္ရွိရင္ ေတာင္းပန္ပါတယ္
ဒီArcမွာဇာတ္ကြက္အနည္းငယ္ကို ဖတ္ခဲ့ဖူးတဲ့novelထဲကေကာက္ႏုတ္ထားတာမို႔ ownerကိုcrdေပးပါတယ္..
ဖတ္ေပးတဲ့သူတစ္ဦးစီတိုင္းကိုေက်းဇူးတင္ပါတယ္❣️
............................................................................
{Unicode}
Eden မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက အိပ်ခန်းဆောင်တစ်ခုရဲ့ မျက်နှာကျက်တစ်ခု......
ဘေးမှခေါ်သံကြားလို့ကြည့်လိုက်တော့.......
'WTF!!'
ပါးစပ်ကအော်ဆဲမိမလိုဖြစ်သွားသည်ကို မနည်းပင်ဘရိတ်အုပ်လိုက်ရသည်။
မလန့်ရိုးလား....ဘေးကအနှီ မိန်းမတစ်ဦးမှာ အဝတ်များဖရိုဖရဲနှင့် အတွင်းဝတ်တစ်ထပ်ထဲကိုသာ ဝတ်ထားသဖြင့် အတွင်းသားများက အတိုင်းသား မီးရောင်မှိန်မှိန်အောက်တွင် မျက်ဝန်းများမှအရည်လဲ့နေပုံက Edenအတွက်တော့ သနားစရာမမည်ဘဲ ကြက်သီးထစရာကောင်းလှသည်။
ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်တော့ အပေါ်ပိုင်းကဗလာနှင့် ဆံပင်ရှည်ကိုဖြည်ချထားပုံက ကပိုကရိုနှင့်..........
'What the.......POOH!!!! မင်း.....မင်း ငါ့ကိုဘယ်လိုကမ္ဘာကိုပို့လိုက်တာလဲ ဘယ်အချိန်ကြီးကိုရွေးပို့လိုက်ရတာလဲ!!!!'
Edenရဲ့အော်သံကြောင့်Pooh တစ်ယောက်နားပင်ပိတ်ထားရသည်။
[ကျွန်တော်လည်း အထက်ကခိုင်းတဲ့အတိုင်းလုပ်ရတာပါ ကျွန်တော့်ကိုအပြစ်မတင်နဲ့ ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး]
'ထားလိုက်တော့ အချက်အလက်တွေပို့တော့'
Edenစကားဆုံးသည်နှင့် ခေါင်းထဲထိုးဝင်လာသောအချက်အလက်တွေကြောင့် မျက်မှောင်ပင်ကြုတ်မိသည်အထိ....
အတန်ငယ် သက်သာသွားကာမှ အချက်အလက်တွေကိုစဖတ်ရန် ပြင်သည်။
ဒီတစ်ခေါက်Edenရောက်နေသည်မှာ နန်းတွင်းဘုရင်ခေတ်.......
ဒီကမ္ဘာမှာဇာတ်လိုက်က မင်းကြီးရဲ့ ဒုတိယမြောက်သားတော် နာမည်က ရှဲ့ဖန်းချင်
ဖြစ်ပြီးတော့ ညီအစ်ကို ၂ယောက်ထဲမှာအတော်ဆုံးနဲ့အထက်မြက်ဆုံးဖြစ်တယ်.........
သို့ပေမဲ့ မိုးနတ်မင်းအလိုကျ ကောင်းကင်ရဲ့သားတော်ရွေးပွဲမှာ အရွေးမခံရတဲ့အတွက် ရှဲ့တိုင်းပြည်ရဲ့ အိမ်ရှေ့စံအရာကိုမရရှိခဲ့ဘူး။
ထိုအစား အိမ်ရှေ့စံနေရာကိုရခဲ့တာက မိဖုရားခေါင်ကြီးရဲ့သား မင်းကြီးရဲ့ပထမသားတော် ရှဲ့စစ်ရန်။
ရှဲ့ဖန်းချင်မှာဒုတိယမိဖုရားမှ ဖွားမြင်တာဖြစ်ပြီး ရှဲ့စစ်ရန်ကသာ မိဖုရားခေါင်ဆီမှ မွေးဖွားခြင်း။
ငယ်ငယ်ထဲက လက်ညှိုးညွှန်ရာ အကုန်ရသည့် ရှဲ့စစ်ရန်မှာ မင်းသားတို့တတ်အပ်သည့်ပညာရပ်တွေကို မလိုက်စားပါပဲနှင့် အမြဲသာ အပျော်အပါးအသောက်အစားနှင့် မွေ့လျော်နေသည်။
သူ့ဘေးမှသက်တော်စောင့် ထျန်းရှ မှလွဲ၍ အကုန်လုံးအပေါ် မောက်မောက်မာမာဆက်ဆံ၍နှိပ်စက်ညှင်းပန်းသည်မှာ တချို့ဆိုသေသည်အထိပင်။
ထိုမျှလောက်ဆိုးသွမ်းသော မင်းသားကို အိမ်ရှေ့စံအရာ မပေးချင်ကြသည်မှာ မည်သူ့အတွက်မှမှားသည့်အရာမဟုတ်။
ရှဲ့စစ်ရန်၏ နန်းတက်ပွဲကို မိဖုရားခေါင်၏ဘက်တော်သားအမတ်များမှလွဲ၍ ကျန်အမတ်များအားလုံးကကန့်ကွက်သော်လည်း ဇာတ်လိုက်ဖြစ်တဲ့ ရှဲ့ဖန်းချင် ကတော့ ကြည်ကြည်ဖြူဖြူနှင့်ပင်လက်ခံသောကြောင့် အိမ်ရှေ့စံအရာအား ရှဲ့စစ်ရန် ကိုပေးအပ်ရသည်။
အိမ်ရှေ့စံဘွဲ့အပ်နှင်းသည့် အခမ်းအနားတွင် ဇာတ်လိုက်မ ဖြစ်သည့် မုတိုင်းပြည်မှ မင်းသမီး မုဖေးယွဲ့ နှင့် ဇာတ်လိုက် ရှဲ့ဖန်းချင် တို့ဆုံမိကြသည်။
အိမ်ရှေ့စံ ရှဲ့စစ်ရန် ဟာ ဇာတ်လိုက်မ မုဖေးယွဲ့ ကို မြင်မြင်ချင်းချစ်မိတာကြောင့် ထိုအခမ်းအနားမှာပင် မင်းသမီးအားတင်တောင်းတော့သည်။
ရှဲ့တိုင်းပြည်လက်အောက်မှာရှိတဲ့ မုတိုင်းပြည်အနေနဲ့အရှုံးမရှိတာကြောင့် ချက်ချင်းပင်လက်ခံကာ မင်္ဂလာကိစ္စဆွေးနွေးကြသည်။
ရှဲ့စစ်ရန်မှာ စိတ်လှုပ်ရှားလွန်းသော်လည်း စိတ်ပျက်နေသူက ဇာတ်လိုက်မ မုဖေးယွဲ့....
မုဖေးယွဲ့ဟာ ရဲရင့်တယ် ပြတ်သားတယ် သန်မာတယ် ပေါ့ပျက်ပျက်နဲ့ ဘဝကို ဖြစ်သလို ဖြတ်သန်းနေတဲ့သူတွေကိုတစ်စက်မှကြည့်မရချေ။
ပြောရရင်ဖြင့် ရှဲ့စစ်ရန်လို သုံးစားမရတဲ့လူမျိုးပေါ့
မိမိကိုယ်ကိုကိုယ်လည်း ဘယ်သူနဲ့မှမတန်ဘူးဟုသတ်မှတ်ထားသည်။
ရှဲ့တိုင်းပြည်ရဲ့ အိမ်ရှေ့စံအပ်နှင်းသည့်အခမ်းအနားတွင် ဇာတ်လိုက် ရှဲ့ဖန်းချင်နှင့်တွေ့ကာမှ မိ်ိမိနှင့်ထိုက်တန်သူ ကိုရှာတွေ့ပြီဟု တွေးမိကာပျော်မိသောအပျော်သည် အိမ်ရှေ့စံ ရှဲ့စစ်ရန်၏ အမင်္ဂလာ လက်ထပ်ကြောင်းလမ်းသည့်စကားကြောင့်ပျက်သည်။
ထိုသို့ဖြင့် အိမ်ရှေ့စံ၏ကြင်ယာတော်အဖြစ်ရောက်လာသော မုဖေးယွဲ့သည် ဒုတိယမင်းသားအပေါ် စိတ်အလုံးစုံဝင်စားလျက် တစ်နေ့တစ်မျိုးမရိုးရအောင် ဒုတိယမင်းသား သူ့အပေါ်စိတ်ပါလာအောင်ဆွဲဆောင်တော့သည်။
ထိုရေလာမြောင်းပေးလုပ်သမျှကို ရှဲ့ဖန်းချင်သိပါသော်လည်း အကိုတော်အိမ်ရှေ့စံ၏ကြင်ယာတော်ဆိုသည့်စိတ်နှင့်ထိန်းသည်။
ရှဲ့စစ်ရန်ကမူ မုဖေးယွဲ့အပေါ်အချစ်စိတ်မွှန်နေသဖြင့် လုပ်သမျှ ဘာတစ်ခုက်ိုမျှအပြစ်မမြင်ပေ။
ထိုထိုသောသဘောထားတို့သည် မုဖေးယွဲ့ အား နန်းတွင်းသမားတော်မှ နန်းသွေးသန္ဓေတည်နေပြီဟုပြောသောအချိန်တွင် ရှဲ့စစ်ရန် ၏ နှလုံးသားအစုံတို့သည် မွကြေလျက် လောကကြီးပြောင်းပြန်လှန်လိုက်သကဲ့သို့ပင် ပြောင်းလဲကုန်သည်။
အမှန်စင်စစ် ရှဲ့စစ်ရန်သည် မိန်းမ အပျော်အပါး လိုက်စားသော်လည်း မုဖေးယွဲ့နှင့်တွေ့သည့်အချိန်မှစ၍ အလုံးစုံပြုပြင်ခဲ့သည်။
မုဖေးယွဲ့အား အတင်းမရယူလိုဟုပြော၍ လက်ထပ်ပွဲဖြစ်မြောက်ခဲ့သည့်တိုင် တစ်ခါမျှအတူမနေခဲ့ဖူး။
ဒါဆိုရှင်းနေပြီပဲ ဒီကိုယ်ဝန်ဟာ ရှဲ့စစ်ရန် ၏သွေးသား မည်သည့်နည်းနှင့်မျှမဖြစ်နိုင်။
ဘယ်သူလဲဟု မရမက မေးချင်သော်လည်း နဂိုထဲက အချစ်နယ်ကျွန်နေသူမို့ အသားပင်မထိရက်မကိုင်ရက် ဖြစ်နေသည်ကို မည်သည့်ခွန်အားနှင့် နှိပ်စက်ပြီး မေးရက်ပါ့မည်နည်း။
ရှဲ့စစ်ရန်သည် မုဖေးယွဲ့ကြောင့်ဖြစ်သည့် ဝေဒနာသောကတို့ကို အရက်နှင့်ပင်ကုစားလျက် အချိန်အတန်သင့်ကြာမှာတော့ အရင်ပုံစံအတိုင်းသုံးစားမရသည့် ရှဲ့စစ်ရန်အဖြစ်သို့ပြန်ရောက်ရှိချေပြီ။
မုဖေးယွဲ့ ကိုယ်ဝန်လေးလရှိတဲ့အချိန်ထိ ရှဲ့စစ်ရန်မုဖေးယွဲ့ဆီတစ်ခါမျှမသွားခဲ့ချေ။
ထိုနေ့ကတော့ စိတ်လည်းအတန်ငယ်ပြေနေပြီမို့ စကားစမြည်ပြောရင်း မျက်လုံးစုံမှိတ် ဗိုက်ထဲကကလေးကို ကိုယ့်ကလေးအဖြစ်မှတ်ယူမည်ဟုစိတ်ကူးလျက် မုဖေးယွဲ့၏ နန်းဆောင်သို့လာခဲ့လေ၏။
မုဖေးယွဲ့နန်းဆောင်ကိုရောက်တော့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေလျက် အစောင့်များ နန်းတွင်းအပျိုတော်များပင်တစ်ယောက်တစ်လေမျှမရှိ။
ရှဲ့စစ်ရန်လည်း အတွင်းရေးကိုတခြားလူမသိစေချင်သည်မို့ သက်တော်စောင့် ထျန်းရှကိုသာခေါ်ပြီး နှစ်ယောက်ထဲလာခဲ့ခြင်း။
မည်သူထင်မည်နည်း။ထိုမျှပတ်ဝန်းကျင်တိတ်ဆိတ်နေတဲ့နန်းဆောင်အတွင်းမှညည်းသံသဲ့သဲ့ထွက်လာလိမ့်မယ်လို့။
ရှဲ့စစ်ရန် အဆောင်တံခါးနားရောက်လေ ညည်းသံကပိုကျယ်လေ.....ထျန်းရှကတော့ သွားရန်မသင့်ဟု တားသည်။
သို့သော်လည်း ထိုအသံတို့က မိမိစိတ်အစဉ်ထဲကအမြဲတမ်းတနေရသည့်အသံနှင့်ချွတ်စွပ်တူနေသည်မို့ တံခါးအသာဟကာ အဆောင်တွင်းကိုကြည့်လိုက်လေတော့.......
ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသော အဝတ်စားတွေ.....
အိပ်ဆောင်ကုတင်ပေါ်မှာ လုံးထွေးနေလျက် ဗလာကျင်းနေတဲ့ခန္ဓာကိုယ်နှစ်ခု...........
တံခါးနှင့်မျက်နှာချင်းဆိုင်မျက်နှာလှည့်ထားသော မုဖေးယွဲ့မှာ မျက်လုံးအစုံမှိတ်လျက် ညည်းတွားနေသောကြောင့် ရှဲ့စစ်ရန်ရောက်နေသည်ကိုသတိမထားမိ
သူမလက်တွေက သူမနောက်မှခါးကိုသိုင်းဖက်ကာ လှဲလျက် ချစ်တင်းနှောနေသော ယောက်ျား၏ လက်တွေပေါ်ကိုဆုပ်ကိုင်ထားသည်။
ထိုယောက်ျားကား ရှဲ့စစ်ရန်၏ညီတော် ရှဲ့ဖန်းချင်သာ.......
ရှဲ့စစ်ရန်တစ်ယောက် မိမိနန်းဆောင်ကိုမည်သို့ပြန်ရောက်လာသည်ကိုလည်းမသိ အချိန်တွေမည်သို့ ပြောင်းသွားသည်ကိုလည်း မသိ။ သူ့ခေါင်းထဲတွင် အရာအားလုံးဟာဗလာကျင်းနေလျက်။
ထိုရက်တွေအတွင်းမှာ ကိုယ်ရံတော် ထျန်းရှက ရှဲ့စစ်ရန်ဘေးမှတဖဝါးမျှမခွာ ဆိတ်ဆိတ်နေခြင်းဖြင့်သာ ရှဲ့စစ်ရန်အား နှစ်သိမ့်လေသည်။
ရှဲ့စစ်ရန် သတိပြန်ဝင်လာချိန်တွင်တော့ မုဖေးယွဲ့အပေါ် ထားရှိခဲ့တဲ့ အချစ်တွေအားလုံးဟာ နာကြည်းချက်များအဖြစ်သို့ပြောင်းလဲခဲ့လေပြီ
ထိုအချိန်မှစ၍ ရှဲ့စစ်ရန်ဟာ ရှဲ့ဖန်းချင်နှင့် မုဖေးယွဲ့ တို့အပေါ် သူခံစားရသလိုပြန်ခံစားရစေလိုသောစိတ်များဖြင့်သာပြည့်နေလျက် အမျိုးမျိုးဒုက္ခပေးလေတော့သည်။
သို့ပေမဲ့ ရူးမတတ်ချစ်ခဲ့ရသည့် မုဖေးယွဲ့အပေါ် အနာတရဖြစ်အောင်ပင်မလုပ်ရက်ခဲ့....
ထို့ကြောင့် မုဖေးယွဲ့နဲ့ ရှဲ့ဖန်းချင်အပေါ်ထားတဲ့ ရှဲ့စစ်ရန်၏နာကြည်းချက်တွေက မုဖေးယွဲ့မွေးလာသည့် ကလေးဆီသို့ စုပြုံခဲ့သည်။
သူများအမြင်နှင့် အမည်ခံထားသည်မှာတော့ အိမ်ရှေ့စံ ရှဲ့စစ်ရန်၏ သားတော် ရှဲ့ရန်ခန်း အဖြစ်။
ထိုစကားတို့ကို ကြားတိုင်းရှဲ့စစ်ရန်ရီချင်သော်လည်း
ထိုအချက်ကိုပင် အခွင့်ယူကာ မုဖေးယွဲ့၏သားကို နှိပ်စက်ခြင်းဖြင့် ရှဲ့ဖန်းချင်နှင့် မုဖေးယွဲ့အား စိတ်သောကရောက်ရန်ရည်ရွယ်ခဲ့သည်။
သို့သော် ရှဲ့စစ်ရန်၏အထင်နှင့်အမြင်မှာတပ်တပ်စင်အောင်ပင်လွဲလေပြီ။
မုဖေးယွဲ့ဟာ နှလုံးသားမရှိဘဲ ရက်စက်တတ်သော မိန်းမတစ်ဦးသာ။သို့အလျောက် မူယာမာယာလည်း များတတ်သေးသည်။
သူ့ဝမ်းနှင့်လွယ်မွေးထားသော ကလေးအပေါ်ကိုပင် မချစ်ခင်မကြင်နာ မွေးပြီးသည်နှင့်လှည့်တောင်မကြည့်ဘဲ အထိန်းတော်များနှင့်သာထားသည်။
ရှဲ့ဖန်းချင် နန်းတော်သို့ပြန်လာချိန်တစ်ချိန်ထဲတွင်သာ သားချစ်မိခင်ကြီးသဖွယ်ဟန်ဆောင်မူယာပိုကာ ရှဲ့စစ်ရန်ကသူ့သားကိုမည်သို့မည်ပုံ နှိပ်စက်ကြောင်းပြန်တိုင်တောကာ မျက်ရည်ချူလေသည်။
ထိုသို့ဖြင့်ပင် ကြားထဲမှ မုဖေးယွဲ့၏သား ရှဲ့ရန်ခန်းမှာ မြေစာပင်ဖြစ်ရရှာသည်။
မွေးထားသည့်မိခင်ကလည်း တစက်ကလေးမှဂရုမစိုက်သည့်အပြင် ဖခင်ဟုဆိုသည့်သူကလည်း အမြဲတစေနှိပ်စက်လေသည်။
ဦးရီးတော်လေး ပြန်လာချိန်တစ်ချိန်ထဲသာ ကောင်းကောင်းမွန်မွန်နေရသည်။
ကျန်သည့်ရက်များမှာနေ့တိုင်းငရဲခန်းသဖွယ်။
ထိုသို့သော ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကပါ ထိခိုက်ခံစားလာရသည့်ကလေးငယ်၏အရွယ်မှာ ၉နှစ်သာသာ။
ထိုနှိပ်စက်ခံရဖန်များလာသောကြောင့် အစေခံများဟာလည်း ကောင်းကောင်းမွန်မွန်မဆက်ဆံတော့
အစာတောင်ကောင်းကောင်းမကျွေးတော့ပဲ ထိုကလေးအားဝိုင်းနှိပ်စက်ကြသည်။
တနေ့တွင်တော့ အိမ်ရှေ့စံ၏ နှိပ်စက်မှုလက်လွန်သွားသောကြောင့် ရှဲ့ရန်ခန်း အကြီးအကျယ်ပင်ဖျားကာ အိပ်ရာထဲလဲလေတော့သည်။
ထိုစဉ်မှာပဲ အဆိပ်မိကာ သေဆုံးတော့သည်။
မုဖေးယွဲ့သည် ကိုယ့်သားသေဆုံးသည်ကိုပင် အကြီးအကျယ်မခံစားရဟန် ဈာပနာပြီးသည်အထိ မျက်ရည်တောင်မကျပေ။
ရှဲ့ဖန်းချင် ပြန်လာကာမှ ရှဲ့ဖန်းချင်၏ရင်ခွင်ထဲ ဆီးဝင်ကာ အကြီးအကျယ်စိတ်ထိခိုက်နေဟန်ငိုကာ အိပ်ရာထဲလဲလေတော့သည်။
ရှဲ့ဖန်းချင်မှာလည်း သားဖြစ်သူက အိမ်ရှေ့စံလက်ချက်ကြောင့်သေရပြီး ချစ်ရသူဟာလည်း ထိုသူ့ကြောင့်ပင် အိပ်ရာထဲလဲနေသည်မှာ စိုးရိမ်ရသည့်အနေအထားသို့ရောက်နေပြီဖြစ်သောကြောင့် စိတ်တို့ပေါက်ထွက်ကာ နန်းလုရန်ပြင်လေတော့သည်။
ရှဲ့ဖန်းချင်မှာ ထိုအချိန်တွင် သစ္စာခံများအတော်တန်စုဆောင်းထားမိပြီး မယ်တော့်ဖက်တော်သားများကြောင့် နန်းတော်ကိုလွယ်လင့်တကူရလိုက်လေသည်။
အမှန်စင်စစ် ရှဲ့မင်းကြီးကပါ ရှဲ့ဖန်းချင်နှင့်ပေါင်းကြံကာ မိဖုရားခေါင်ကြီးအား လှည့်ကွက်သုံးကာအနိုင်ယူခဲ့ပြီး ထီးနန်းအရိုက်ရာကို ရှဲ့ဖန်းချင်အား ဆက်ခံစေခဲ့ခြင်းပင်။
ရှဲ့စစ်ရန်ကလား...?
ဝရမ်းပြေးအဖြစ်နဲ့ တောထဲတွင်လူမသိသူမသိအသတ်ခံခဲ့ရသည်။
သူသေသည့်တိုင်သူမသိလိုက်သည့်အရာက ရှဲ့ရန်ခန်းကို အဆိပ်ခတ်ခဲ့သူက မုဖေးယွဲ့ကိုယ်တိုင်ဖြစ်နေခြင်းပင်။
ဇာတ်လိုက်နဲ့ဇာတ်လိုက်မကတော့ တစ်နှစ်အကြာမှာ ထီးနန်းသိမ်းပြီး တရားဝင်လက်ထပ်မင်္ဂလာပြုကာ မုဖေးယွဲ့အား မိဖုရားခေါင်ရာထူးပေးအပ်လိုက်တယ်တဲ့လေ။
ရှဲ့ဖန်းချင်ကလည်း မုဖေးယွဲ့တစ်ယောက်ထဲကိုပဲ မိဖုရားအရာထားပြီး တခြားဘယ်သူ့ကိုမှ မိဖုရားထပ်မတင်ဘဲသေတဲ့အထိ မုဖေးယွဲ့ကိုအဖော်ပြုပြီးနေထိုင်သွားလေတယ်။
ဇာတ်ကြောင်းစုံကို ဖတ်ပြီးတဲ့အချိန်တွင်တော့Edenတစ်ယောက် မုဖေးယွဲ့အားသတ်ပစ်ချင်စိတ်ကတဖွားဖွား
ရှဲ့ဖန်းချင်အားလည်းအရည်ကျိုပစ်ချင်သည်အထိ။
ကံကြမ္မာကအရမ်းမျက်နှာလိုက်တာပဲ
ဇာတ်လိုက်ဖြစ်နေရုံနဲ့ အရာအားလုံး ဆန္ဒအတိုင်းဖြစ်ခွင့်ရသည်တဲ့လား။
အမှန်ဆို ဇာတ်လိုက်က ကြာကူလီကောင်ပဲလေ။
ဇာတ်လိုက်မလည်းအိမ်ထောင်ရေးဖောက်ပြန်တဲ့သူပဲ။
Edenကဘယ်ခန္ဓာကိုယ်ထဲရောက်နေလဲ မေးစရာလိုမယ်မထင်။
အိမ်ရှေ့စံရှဲ့စစ်ရန်ရဲ့ ခန္ဓာကိုယ်ထဲမှာပေါ့။
[Host Missionတွေကိုကြည့်တော့မလား]
'အေးပြောတော့'
[ရှဲ့စစ်ရန် ရဲ့ နောက်ဆုံးဆန္ဒက ရှဲ့ရန်ခန်းကို ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်ချင်တာပါ
အပြစ်မရှိတဲ့ ရှဲ့ရန်ခန်းကို သူ့ကြောင့်အကြောင်းမဲ့မသေစေချင်တဲ့ဆန္ဒလည်း ပါပါတယ်]
'ဒါပဲလား ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ဖို့ပဲလား တခြား လက်စားပြန်ချေတာတို့ လက်တုံ့ပြန်တာတို့မပါတော့ဘူးလား???'
[မပါပါဘူး]
'စိတ်ထားကလည်း နုလိုက်တာ ဒါကြောင့် ခံရတာ နည်းတောင်နည်းသေးတယ်'
[စိတ်ကောင်းရှိတယ်လို့ခေါ်ပါတယ်Host သူများတွေကိုhostလို စိတ်ပုပ်တဲ့သူလို့ထင်မနေပါနဲ့]
'ဘာပြောတယ်မင်း.....မင်း...'
[Host ဒီကမ္ဘာကအလယ်အလတ်အဆင့်ဖြစ်တဲ့Cအဆင့်ရှိပါတယ် ဒါကြောင့်Missionအောင်ဖို့ ခက်ခဲပါလိမ့်မယ် ဂရုစိုက်ပါ......အကယ်၍ဒီMissionသာအောင်ခဲ့ရင် Poin-1000ရမှာပါ]
'1000တောင်??? မဆိုးဘူးပဲ'
စိတ်ထဲတွင်ပြုံးရွှင်လာသော်လည်း အပြင်တွင်တော့မျက်မှောင်ကြုတ်ထားဆဲ
ရှေ့မှ အပျိုတော်လေးမှာလည်း အမွှေးတိုင်တဝက်စာကုန်တဲ့အထိစကား မဟဘဲ နားထင်ကိုသာလက်ညှိုးနှင့်လက်ခလယ်ပူးထောက်ကာပွတ်ဆွဲနေသော အရှင့်သားကြောင့် ချွေးစေးများပင်ပြန်လာရသည်။
{ဒီမှာတစ်ခုပြောချင်တာကလေ Systemနဲ့အပြင်ကအချိန်နဲ့ မတူပါဘူး systemထဲမှာအချိန်ကုန်တာပိုနှေးပါတယ်ဒါကြောင့် Edenဇာတ်ကြောင်းကိုအလုံးစုံသေချာဖတ်ပြီးPoohနဲ့ systemထဲမှာစကားများနေတဲ့အချိန်တောင် အမွှေးတိုင် တဝက်ကုန်စာလောက်ပဲကုန်တာပါ....နားလည်ရဲ့လားမသိဘူး😅}
'ရတယ် ရှဲ့စစ်ရန် မင်းက မင်းအတွက်ဘာမှ ဆန္ဒမပြုခဲ့ပေမဲ့ ငါကပဲ အလိုက်တသိနဲ့ မင်းအစားလက်စားချေပေရမှာပေါ့ ဟက် ဟက်'
_______________________________
Double upနော်😆
ဒီအပိုင်းကိုသေချာဖတ်ပါနော် ဒါမှ ဒီarcတစ်ခုလုံးနောက်ပိုင်းမှာ မလည်သွားမှာ😅
Edenဇာတ်ကြောင်းဖတ်တဲ့နေရာမှာ ဇာတ်ကြောင်းကိုအရှည်ကြီး ရေးပေးထားတယ်ဆိုတာက နားမလည်လိုက်မှာစိုးလို့ပါ😅
အမှားယွင်းတစ်စုံတစ်ရာရှိခဲ့ရငတောင်းပန်ပါတယ်
ဒါကစိတ်ကူးယဉ်မို့လို့ နာမည်တွေကလည်းစိတ်ကူးယဉ်ပါပဲ ဘာအဓိပ္ပါယ်မှမဆောင်ပါဘူး။
တစ်စုံတစ်ခုနဲ့တိုက်ဆိုင်ခဲ့သည်ရှိရင် တောင်းပန်ပါတယ်
ဒီArcမှာဇာတ်ကွက်အနည်းငယ်ကို ဖတ်ခဲ့ဖူးတဲ့novelထဲကကောက်နုတ်ထားတာမို့ ownerကိုcrdပေးပါတယ်..
ဖတ်ပေးတဲ့သူတစ်ဦးစီတိုင်းကိုကျေးဇူးတင်ပါတယ်❣️
............................................................................