{Zawgyi}
ခႏၶာကိုယ္မွတဆစ္ဆစ္ကိုက္လာေသာနာက်င္မႈနဲ႔အတူမ်က္လႊာကိုဖြင့္ၾကည့္ေတာ့ မ်က္နွာက်က္တခု ...
ဟုတ္တယ္အရမ္းကိုနီးေနတဲ့မ်က္နွာက်က္ေၾကာင့္ နွစ္ထပ္ကုတင္ရဲ႕အေပၚထပ္ကိုေရာက္ေနမွန္းသိလိုက္ရသည္..
ကိုယ့္လက္ကိုကိုယ္ျပန္ငုံ႔ၾကည့္ေတာ့ အေကာင္အထည္ျမင္ရေသာေၾကာင့္
"ငါအခုအေကာင္အထည္ရွိၿပီေပါ့??"
[Din ဂုဏ္ယူပါတယ္host ပထမဆုံးကမၻာကိုေအာင္ျမင္စြာကူးေျပာင္းၿပီးပါၿပီ ယခုကမၻာမွအခ်က္အလက္မ်ားကိုလႊဲေျပာင္းေပးပါ့မယ္Host နာက်င္မႈအနည္းငယ္ရွိနိုင္လို႔ သည္းခံေပးပါ]
systemစကားဆုံးၿပီးၿပီးခ်င္းပင္ ေခါင္းထဲတိုးႀကိတ္ဝင္လာေသာdataမ်ားေၾကာင့္Edenမ်က္ေမွာင္ၾကဳတ္မိသည္ ေခါင္းထဲတြင္လဲဆင္အေကာင္၁၀၀ေလာက္တက္နင္းသြားသလိုခံစားခ်က္မ်ိဳးႀကီးေၾကာင့္ လူကခ်ာခ်ာကိုလည္လို႔...။
"fuck ဒါလားနည္းနည္းနာတာ မင္းလာခံၾကည့္ပါလားsystem"
[ဒါကHostတိုင္းႀကံဳရတဲ့ကိစၥျဖစ္လို႔ ေနာက္ပိုင္းအသားက်သြားမွာပါHost ]
systemရဲ႕စကားကိုျပန္ပက္ေျပာခ်င္ေသာ္လည္းေျပာဖို႔အားပင္မရွိေသာေၾကာင့္စကားေတြကိုျပန္ၿမိဳခ်ၿပီး ေခတၲမ်ွၿငိမ္ၿငိမ္ေနလိုက္ရသည္။
အတန္ငယ္သက္သာသြားသည့္အခါမွာေတာ့ ေစာနကDataကိုၾကည့္ရန္ ၫႊန္ၾကားလာတဲ့Systemေၾကာင့္ မၾကည္သာေသာစိတ္ျဖင့္သာ Edenတစ္ေယာက္ Dataေတြကိုဖြင့္ၾကည့္ရသည္။
ယခုကမၻာကရိုးရိုးသာမန္ကမၻာပင္။
ဇာတ္လိုက္နာမည္က ေစာဒီပါမင္း၊ တကၠသိုလ္တတိယႏွစ္ေက်ာင္းသားတစ္ေယာက္၊
ေက်ာင္းအေဆာင္တြင္သူငယ္ခ်င္းတစ္ေယာက္နဲ႔ေနသည္။
အက်င့္စရိုက္အေနနဲ႔သူတစ္ပါးကိုကူညီတတ္ၿပီးအယုံအင္မတန္လြယ္သည္။
ဇာတ္လိုက္မကေတာ့ေဆးရုံတစ္ခုရဲ႕ဆရာဝန္မတစ္ေယာက္။
အမ်ားအျမင္မွာသြက္လက္ၿပီး ရိုးသားပြင့္လင္းတဲ့အတြက္ လူတိုင္းကသူမကိုဆိုကူညီဖို႔အသင့္ရွိၾကသည္။
ူသူမနာမည္က ေသြးထက္မဒီ....
ဇာတ္လိုက္နဲ႔ဇာတ္လိုက္မေတြ႕ဆုံပုံကေကာ္ဖီဆိုင္တခုတြင္အမွတ္တမဲ့ေတြ႕ျခင္းကစသည္။
ဒုတိယအႀကိမ္အေနနဲ႔ ဇာတ္လိုက္အူအတက္ေပါက္၍ေဆးရုံတင္ရခ်ိန္တြင္ တာဝန္ခံဆရာမက ဇာတ္လိုက္မျဖစ္ေနေလသည္။
ရိုးအီေနတဲ့ဇာတ္လမ္းသေဘာသဘာဝအရဇာတ္လိုက္နဲ႔ဇာတ္လိုက္မကသံေယာဇဥ္တြယ္ကာႀကိဳက္သြားၾကၿပီးဇာတ္လိုက္တို႔ရဲ႕အရွိန္အဝါအတိုင္းအခက္အခဲအတားဆီးမွန္သမ်ွေက်ာ္ျဖတ္ကာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနထိုင္သြားၾကတာေပါ့.... ကေလးေတာင္၂ေယာက္အဆစ္ရလိုက္ေသးတယ္
ဒါေပါ့ေမးစရာကEdenကေကာအခုဘယ္သူ႔ခႏၶာကိုယ္ထဲေရာက္ေနတာလဲဆိုတာပင္။
Edenအခုေရာက္ေနတဲ့ခႏၶာကိုယ္ကဇာတ္လိုက္ရဲ႕သူငယ္ခ်င္းျဖစ္ၿပီး ဇာတ္လိုက္ကိုတဖတ္သက္ႀကိဳက္ေနတဲ့သူျဖစ္တဲ့လင္းထြဋ္ဦးဆိုသည့္ ဇာတ္ေကာင္ေလး၏ ခႏၶာကိုယ္ပင္။
အရံဟုေတာင္မဆိုသာသည့္ ထိုဇာတ္ေကာင္ေလး၏အဆုံးသတ္ကမလွခဲ့ေခ်။
ဇာတ္လိုက္နွင့္ဇာတ္လိုက္မတို႔အတူသြားသည့္ခရီးစဥ္တြင္လိုက္ပါသြားရာမွ Car accidentတစ္ခုနွင့္ၾကဳံခဲ့ၿပီး ထိုaccidentကို ဖန္တီးသူပါဟု ဇာတ္လိုက္မ၏စြပ္စြဲျခင္းကိုခံခဲ့ရေလသည္။
ပိုဆိုးသည့္အရာက ထိုaccidentတြင္ဇာတ္လိုက္မနဲ႔အတူပါလာေသာ ဇာတ္လိုက္မ၏ေမာင္ျဖစ္သူရွင္းသူရထက္ေသဆုံးသြားျခင္းပင္။
ေမာင္ျဖစ္သူေသဆုံးမႈေၾကာင့္ဇာတ္လိုက္မကနစ္နာသူအျဖစ္လင္းထြဋ္ဦးကိုတရားစြဲဆိုၿပီးေထာင္ခ်ရန္ႀကိဳးပမ္းခဲ့သည္။
ဒါေပါ့လင္းထြဋ္ဦးကျငင္းဆိုတာေပါ့။ ဒါေပမဲ့ဇာတ္လိုက္က သူ႔ဆီမွာအသနားခံကာအျပစ္ကိုဝန္ခံပါဟုေျပာလာသည္။
ဇာတ္လိုက္ကိုအရူးအမူးျဖစ္ေနတဲ့လင္းထြဋ္ဦးခမ်ာ ေထာင္ကထြက္ေျပးၿပီးတာေတာင္ကိုယ့္ေျခကိုယ့္လက္နဲ႔ျပန္အဖမ္းခံၿပီး အျပစ္မွန္သမ်ွကိုလည္းသူလုပ္တာပါဆိုၿပီးအတင္းဝန္ခံေတာ့သည္။
ေထာင္ထဲမဝင္ခင္မွာဇာတ္လိုက္မလာေတြ႕ကာေလွာင္ရီေတာ့ မခံမရပ္နိုင္ျဖစ္ကာ လင္းထြဋ္ဦးကအျဖစ္မွန္ကို ရွင္းသူရထက္ဆီမွသိၿပီးၿပီဟုဆိုကာျပန္ၿခိမ္းေျခာက္ၿပီး ေလွာင္ရယ္လ်က္ေထာင္ထဲဝင္သြားေတာ့သည္။
ဒါေပမဲ့ ေထာင္ထဲဝင္ၿပီးတပတ္အၾကာမွာပဲ လင္းထြဋ္ဦးဟာအဆိပ္မိၿပီးေသဆုံးခဲ့ေလသည္။
ဇာတ္ေၾကာင္းကိုဖတ္ၿပီးေနာက္မွာေတာ့Edenအေနနဲ႔တစ္ခြန္းသာေျပာနိုင္ေတာ့သည္။
".ငါအခုဝင္ေနတဲ့ခႏၶာကိုယ္ပိုင္ရွင္ကေသာက္ရူးပဲ "
[Host ဇာတ္ေၾကာင္းကိုဖတ္ၿပီးၿပီဆိုရင္ခႏၶာကုိယ္ပိုင္ရွင္ရဲ႕ဆႏၵကိုmissionအေနနဲ႔ျဖစ္ေျမာက္ေအာင္လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္]
"ဟုတ္ၿပီေလ လုပ္ရတာေပါ့သူဆႏၵကဘာေတြလဲ
တဆက္ထဲသူ႔အတြက္ပါလက္စားျပန္ေခ်ေပးရတာေပါ့ "
[Host!!!! Hostအေနနဲ႔ ဒီကမၻာရဲ႕သားေတာ္နဲ႔သမီးေတာ္ေတြကိုသတ္ခြင့္မရွိပါဘူးသတ္မိခဲ့ရင္missionကအလိုလိုရႈံးၿပီးဒီကမၻာကထြက္ခြာရမွာျဖစ္ပါတယ္]
"What the .... ဒါႀကီးကသပ္သပ္မတရားတာမဟုတ္ဘူးလား
ထားပါေတာ့ missionကိုသာေျပာ"
[ဟုတ္ကဲ့Host မူလပိုင္ရွင္ရဲ႕ဆႏၵကေတာ့
၁.ရွင္းသူရထက္အတြက္တရားမ်ွတမႈကိုရွာေပးရန္
၂.ရွင္းသူရထက္ကိုေနာက္ဘဝကူးေျပာင္းနိုင္ေအာင္ကူညီေပးရန္
၃.ဇာတ္လိုက္ကိုမခ်စ္မိရန္
အဲ့သုံးခ်က္ပါပဲHost ေနာက္ပိုင္းHostဝင္လာလို႔ဇာတ္လမ္းေသြဖယ္မႈအရ side missionနဲ႔hidden missionေတြထပ္တိုးလာမွာပါ missionေအာင္ျမင္ခါနီးတိုင္းpointေတြထပ္ရမွာျဖစ္ပါတယ္ ]
"ငါ့ကမၻာကိုျပန္နိုင္ဖို႔pointကဘယ္ေလာက္လိုတာလဲ"
[အထက္ကအတိအက်မေျပာျပထားပါဘူးHost]
"အင္းေလထားပါေတာ့ ငါဘာမွမမွတ္မိတာ မျပန္ရလဲအေၾကာင္းမထူးပါဘူးေလ ဒါနဲ႔ သူျဖစ္ခ်င္တဲ့ဆႏၵေတြထဲမွာ အခ်က္၂ကိုငါသိပ္မရွင္းဘူး"
[ဂုဏ္ယူပါတယ္Host မူလပိုင္ရွင္ရဲ႕ခႏၶာကိုHostဝင္လိုက္တဲ့အတြက္ မူလပိုင္ရွင္ပိုင္ဆိုင္တဲ့ သဘာဝလြန္စြမ္းအားတစ္ခုကိုရရွိပါတယ္]
"ဘာစြမ္အားလဲ အခ်ိန္ေတြကိုရပ္တန္႔တာလား သူမ်ားကိုစိတ္ညႇို႔တာလား ??ဘာလဲ ဘာလဲ??"
ေမ်ွာ္လင့္ခ်က္မ်က္ဝန္းမ်ားျဖင့္ systemအားတက္ႂကြစြာေမးလိုက္ေသာ္လည္း ျပန္ၾကားလိုက္ေသာအေျဖေၾကာင့္ ေမ့ေတာင္လဲခ်င္လာျပန္သည္။
[ေသၿပီးသားသူေတြရဲ႕ဝိဉာဥ္ကိုျမင္နိုင္တာပါHost]
"ဘာ! အဲ့တာစြမ္းအားမဟုတ္ဘူးက်ိန္စာပဲ အဲ့ေတာ့မင္းေျပာခ်င္တာက ဒီဘဝတခုလုံးသရဲေတြကိုျမင္ရမယ္ေျပာတာလား??"
[ဟုတ္ပါတယ္Host ဇာတ္လမ္းကိုေသခ်ာမဖတ္ၾကည့္ဘူးလားhost ရွင္းသူရထက္ေျပာျပလို႔ အျဖစ္မွန္သိသြားလို႔ဇာတ္လိုက္မကိုေလွာင္ခဲ့တဲ့အခ်ိန္ေလ အဲ့တာေၾကာင့္ပဲမူလပိုင္ရွင္ေသရတာေလ သတိမထားမိဘူးလားHost ေသၿပီးသားလူကဘယ္လိုလုပ္စကားေျပာႏုိုင္မွာလဲ ေသခ်ာေပါက္ သူ႔ဝိဉာဥ္ေျပာျပလို႔သိတာေလ]
(ငါပဲအကုန္ေျပာျပေနရတယ္ နည္းနည္းပါးပါးစဥ္းစားၾကည့္ပါဦးHostေရ)
Systemစိတ္ထဲေအာ္ဟစ္ေနေသာ္လည္းအျပင္တြင္စိတ္ရွည္ရွည္နဲ႔ရွင္းျပေနရသည္။ သူ႔Hostကိုသူေၾကာက္ရတယ္မလား..။
"ေၾသာ္ အဲ့တာေၾကာင့္ကို အင္း...ကိစၥေတာ့မရွိပါဘူး သရဲျမင္ရတယ္ဆိုေတာ့လည္းၾကည့္လိုက္ရုံေပါ့ ငါအခုဘယ္အခ်ိန္မွာဒီခႏၶာထဲေရာက္ေနတာလဲ ရွင္းသူရထက္ေသၿပီးၿပီလား"
[Hostေရာက္တဲ့အခ်ိိ္န္ကေစာပါေသးတယ္ ဇာတ္လိုက္နဲ႔ဇာတ္လိုက္မကေကာ္ဖီဆိုင္မွာတစ္ခါထဲေတြ႕ရေသးတာပါ ၿပီးေတာ့ဇာတ္လိုက္လည္းေဆးရုံမတက္ရေသးပါဘူး]
"Oh ေစာေသးတာေပါ့ ငါသာဇာတ္လမ္းကိုထိန္းခ်ဳပ္လိုက္ရင္ရွင္းသူရထက္ကိုကယ္နိုင္မွာပဲ"
[OOC warningပါHost❗️ ဇာတ္လမ္းကိုအခုေလာေလာဆယ္ထိန္းခ်ဳပ္လို႔မရေသးသလိုout of characterလည္းလုပ္လို႔မရပါဘူး။
OOCျဖစ္ရင္pointနႈတ္ခံရမွာပါ pointက0ထက္ေလ်ာ့ၿပီးMinusျဖစ္သြားရင္Hostရဲ႕ဝိဉာဥ္ဟာဖ်က္ဆီးခံရမွာပါ ဒါေၾကာင့္သတိထားေပးပါ]
systemေျပာသည့္စကားကိုနားေထာင္ၿပီးEdenစိတ္အခ်ဥ္ေပါက္လာသည္နွင့္
"အဲ့ေတာ့ငါကဘာဆိုဘာမွမလုပ္ရဘူးေပါ့? ဒါဆိုလည္းဘာလို႔ငါ့ကိုmissionလုပ္ဖို႔လႊတ္ေနေသးလဲ။ ငါmissionလုပ္လုပ္မလုပ္လုပ္ဇာတ္လမ္းကဒီအတိုင္းျဖစ္ၿပီးေနာက္ဆုံးေသမွာပဲကိုmissionဆိုၿပီးေသာက္ႀကီးေသာက္က်ယ္လာလုပ္ခိုင္းေနတာလား Systemအစုတ္ရဲ႕"
မညႇာမတာေျပာခံလိုက္ရေသာsystemေလးခမ်ာ ျပန္လည္ေခ်ပဖို႔ကိုပင္ေၾကာက္ေၾကာက္နွင့္....
[Ho ...Hostစိတ္ေအးေအးထားပါ ဇာတ္လမ္းမွာခုခ်ိန္OOCလုပ္လို႔မရေသးေပမဲ့car accidentျဖစ္ၿပီးခ်ိန္Hostကလုံးဝကိုထိန္းခ်ဳပ္နိုင္သြားမွာပါ ဒါေၾကာင့္ဆႏၵမေစာပါနဲ႔host]
"Tsk!....ထားပါေတာ့ ေ႐ြးစရာမွမရွိတာ လုပ္ဆိုလည္းလုပ္ရတာေပါ့ ခုေလာေလာဆယ္ငါမွန္ၾကည့္ဖို႔လိုတယ္ငါ့ရုပ္ကိုငါျမင္ဖို႔လိုတယ္ ဇာတ္နာရတဲ့အထဲကငါ့ရုပ္ကပါ စုတ္ခ်ာေနရင္ systemေရာဘာေသာနားမလည္ဘူး မင္းေျပာတဲ့အထက္လူႀကီးထိပါမီးတက္ရွို႔ပစ္မယ္"
-_- (ငါနဲ႔ဘာမွလည္းမဆိုင္ဘဲနဲ႔ToT )
systemနဲ႔စိတ္ထဲတြင္စကားစစ္ထိုးၿပီး မူလပိုင္ရွင္ရဲ႕မွတ္ဉာဏ္အရ ကုတင္အေပၚထပ္မွဆင္းကာ မွတ္မိေနေသာ ေရခ်ိဳးခန္းဟုထင္ရသည့္အခန္းထဲဝင္ခါနီးတြင္
အခန္းတံခါးဖြင့္ၿပီးဝင္လာေသာေကာင္ေလးတစ္ေယာက္အားေတြ႕ရသည္။
မူလပိုင္ရွင္ရဲ႕မွတ္ဉာဏ္အရ ထိုလူမွာဇာတ္လိုက္ ေစာဒီပါမင္း ျဖစ္ေၾကာင္းသိရေတာ့ ခ်က္ခ်င္းပင္နွာေခါင္းရႈံ႕ကာ
'ငမ္းငမ္းတက္ျဖစ္ေနရေအာင္ကိုမေခ်ာပဲနဲ႔ '
Edenစိတ္ထဲတြင္ေတြးေနေသာအေတြးနွင့္ဆန္႔က်င္စြာ မူလပိုင္ရွင္ရဲ႕အမူအက်င့္အတိုင္း သရုပ္ေဆာင္ရေတာ့သည္။
"ဒီပါ မင္းေနာက္က်တယ္ေနာ္ "
မူလလင္းထြဋ္ဦး၏အက်င့္အတိုင္း မေမးခ်င္ေသာ္လည္း ေအာင့္အီးကာေမးလိုက္ရသည္။
"ထြဋ္ဦး မင္းကငါဘယ္အခ်ိန္ျပန္ေရာက္လည္းပါမွတ္ထားရေအာင္ ဘာလဲမင္းငါ့ကိုႀကိဳက္မ်ားႀကိဳက္ေနတာလား"
ဇာတ္လိုက္၏ၿပီတီတီစပ္ၿဖဲၿဖဲမ်က္နွာအမူအရာမွာအမွန္ပင္ေျပးကန္ခ်င္စရာေကာင္းလွသည္။
မူလ လင္းထြဋ္ဦး ဆိုလ်ွင္ေတာ့ ေပ်ာ္မိမွာအမွန္ဆိုေသာ္လည္း ယခုသူက လင္းထြဋ္ဦး မဟုတ္ လင္းထြဋ္ဦးေနရာအစားဝင္လာေသာ Edenဆိုသည့္သူသာ။
သို႔ေသာ္မူလပိုင္ရွင္၏ ခႏၶာကိုယူထားသည့္အတြက္ မူလပိုင္ရွင္၏ခံစားခ်က္လက္က်န္တို႔မွာ Edenအားမ်က္ေမွာင္ၾကဳတ္ေစသည္။
'Cheeမို႔လို႔ ရင္ကတဒိန္းဒိန္းခုန္ေနတာလား။
ဒီကေလးလိုလို ေခြးလိုလိုရုပ္ကို ႀကိဳက္ရေအာင္ငါ ကေလးထိန္းလည္းမဟုတ္သလိုေခြးလည္းမခ်စ္တတ္ပါဘူးSystemဒီကိစၥလာရွင္းေပး'
စိတ္ထဲမွာSyetemနွင့္စစ္ျဖစ္ေနေသာေၾကာင့္Edenရဲ႕မ်က္နွာမွာမည္းေမွာင္လာသည္။
"ေဟ့ ေဟ့ မ်က္နွာထားႀကီးဒီလိုမလုပ္စမ္းပါနဲ႔ကြာ ငါကစတဲ့ဟာကို တကယ္ထဲ"
ေျပာလည္းေျပာၿပီး ဇာတ္လိုက္ပစ္ေပးလိုက္ေသာbasketballကိုဖမ္းကာအသိစိတ္ျပန္ထိန္းလိုက္ရသည္။
"မဟုတ္ပါဘူးကြာ မင္းဒီအခ်ိန္မွျပန္လာေတာ့ဘယ္ေစာ္နဲ႔မ်ားသြားခ်ိန္းေတြ႕ေနလဲသိခ်င္လို႔"
ေျဗာင္ေျဗာင္တင္းတင္းေမးလိုက္ေသာ လင္းထြဋ္ေၾကာင့္ ေခတၲမ်ွတိတ္ေနၿပီးကာမွ
"ဟုတ္တယ္ငါဒီေန႔ေကာင္မေလးတစ္ေယာက္နဲ႔ေတြ႕ခဲ့တယ္ကြ ေနာက္ေန႔က်မွမင္းကိုအေသးစိတ္ေျပာျပမယ္ေလ ခုေတာ့ ငါတခုခုစားဖို႔သြားဝယ္လိုက္ဦးမယ္ တစ္ခုခုမွာဦးမလား"
"ရတယ္ မမွာေတာ့ဘူး ငါအိပ္ေတာ့မွာ"
လင္းထြဋ္ဦးရဲ႕အျပဳအမူနဲ႔အေျပာအဆိုေတြကထူးဆန္းေနသည္ကိုသတိထားမိေသာ္လည္း ေစာဒီပါမင္းတစ္ေယာက္အမႈမဲ့အမွတ္မဲ့ထားလိုက္ၿပီးပိုက္ဆံအိတ္ကိုင္ကာျပန္ထြက္သြားေတာ့သည္။
ဇာတ္လိုက္ထြက္သြားတာေတာင္ အာရုံမစိုက္နိုင္ဘဲ Edenတစ္ေယာက္spaceအတြင္းကေအာ္ဟစ္ေနေသာသူ႔systemနွင့္ စကားမ်ားရျပန္သည္။
[Host!!!!မူလပိုင္ရွင္ကခုလိုမ်ိဳး သူမ်ားကိစၥဝင္မပါဘူး စကားလည္းမမ်ားသလို ဇာတ္လိုက္နဲ႔ေတြ႕ရင္လည္းႏူးညံ့သြားၿပီး ေျပာင္ေခ်ာ္ေခ်ာ္အမူအရာလည္းမလုပ္ပါဘူးOOC နဲ႔ၿငိပါတယ္ေနာ္Host!!]
အသားကုန္ေအာ္ဟစ္ေနေသာေၾကာင့္ေခါင္းပင္ကိုက္ခ်င္ခ်င္ျဖစ္လာရသည္။
"တိတ္စမ္း OOCလို႔သတ္မွတ္ရဲသတ္မွတ္ၾကည့္ ငါ ဒီကမၻာကထြက္ၿပီးဝိဉာဥ္ပဲအၿဖိဳခြဲခံလိုက္ေတာ့မယ္
ဘယ္နွယ့္ ငါ့ကိုေတာ့လုပ္ပိုင္ခြင့္ေပးသင့္ပါတယ္ အခုဒီခႏၶာကိုယ္ကငါ့ဟာပဲ ဇာတ္လမ္းကိုlimitမေရာက္ခင္အထိမေသြဖယ္ဖို႔မလား က်န္တာငါ့စိတ္နဲ႔ငါျဖစ္သြားၿပီpointနႈတ္ဖို႔မစဥ္းစားနဲ႔"
Edenစိတ္တိုတိုနဲ႔ပိတ္ေဟာက္ေတာ့လည္းSystemခမ်ာပါးစပ္ကေလးစိသြားရသည္။
စကားဆက္မေျပာေတာ့တဲ့Systemကို ဂရုမစိုက္ဘဲေရခ်ိဳးခန္းထဲဝင္သြားလိုက္ေတာ့ ပထမဆုံးေတြ႕ရသည့္ မွန္မွာေပၚေနေသာလင္းထြဋ္ဦး၏မ်က္နွာ....။
ရုပ္ကိုျမင္လိုက္ရခ်ိန္Edenတစ္ခဏေတာ့ spechlessသြားရသည္။သူ႔ရုပ္ရည္ကဇာတ္လိုက္ထက္ပင္ပိုကာ ေလးေထာင့္က်က်နွင့္ခန္႔ညားေနေတာ့သည္။
ဆံပင္အနက္ကိုမွအိပ္ရာမွထလာေသာေၾကာင့္အတန္ငယ္ရႈပ္ေနကာ မ်က္စိကိုအနည္းငယ္ဖုံးေနသည္။ ေသခ်ာၾကည့္လ်ွင္ မ်က္ဝန္းမွာ အညိဳရင့္ေရာင္ရွိၿပီးတည္ၿငိမ္ေနဟန္အျပည့္ျဖင့္။
တစ္ခ်ိန္ထဲမွာပင္ႏူးညံ့ေနေသာမ်က္ဝန္းကိုလည္းေတြ႕ရျပန္သည္။ နွာတံစင္းစင္းနဲ႔နႈတ္ခမ္းပါးပါးမွာလည္းေစ့ထားေသာေၾကာင့္တန္းေနပုံကလုံးဝအထက္တန္းလႊာအစားထဲကပုံပင္။
ဇာတ္လိုက္၏ရုပ္ရည္ကိုအေတာ္ေခ်ာသည္ဟုဆိုေသာ္လည္းဤသည္မွာေခတ္ဆန္ကာအရိုင္းဆန္ဆန္ေခ်ာျခင္းပင္ ။
ယခု လင္းထြဋ္ဦး မွာလူႀကီးဆန္ဆန္ တည္ၿငိမ္ကာခန္႔ညားေသာပုံပင္ျဖစ္သည္။
သို႔ေသာ္သိုသိုဝွက္ဝွက္ေနေသာသူ႔ပုံစံေၾကာင့္ သူ၏ခန္႔ညားၿပီးေယာက္်ားဆန္မႈဟာေမွးမွိန္ေနရသည္။
ယခုEdenဝင္လာေသာေၾကာင့္ေျပာင္းခဲခ်ိန္တန္ေနၿပီေလ
မွန္ထဲရွိရုပ္ကိုအတန္ၾကာၾကည့္ၿပီးေနာက္systemဆီမွဦးစြာသံထြက္လာသည္။
[Host...ရုပ္ပိုင္းဆုိင္ရာအဆင့္ျမႇင့္တင္လိုပါသလား??]
ေျပာသည့္အသံကေလသံအနည္းငယ္မာလင့္ကစား သည္းခံထားပါသည္ေလ...။
"အဲ့လိုလည္းရတာလား? အဆင့္ျမႇင့္တင္လိုက္ရင္ငါဘာေတြေျပာင္းသြားမွာလဲ"
[ဆင္းလုံးေခ်ာျဖစ္သြားမွာပါ အျပစ္အနာအဆာရွာမရတဲ့ရုပ္ကိုပိုင္ဆိုင္နိုင္ၿပီး ရုပ္ပိုင္းဆိုင္ရာ ခုခံမႈနဲ႔ခံနိုင္ရည္ျမင့္တက္လာမွာပါ]
"ေစာေစာထဲကေျပာေကာေပါ့ လက္မခံစရာလား လုပ္လို္က္ေတာ့"
Edenရဲ႕စကားသံအဆုံး systemရဲ႕updateဆိုတဲ့အသံထြက္လာၿပီး တစ္ကိုယ္လုံးေပါ့ပါးကာ လန္းဆန္းလာသည္။
ေစာနကမွန္ၾကည့္တုန္းကျမင္လိုက္ရေသာမ်က္နွာမွာလည္း တျဖည္းျဖည္းေခ်ာေမြ့လာသည္ ေစာနကရွိေသာမ်က္လုံးေအာက္ဖက္ကညိဳေနသာေနရာမွာလည္း ျပန္လည္ျပည့္တင္းလာကာ နႈတ္ခမ္းမွာလည္းေသြးေရာင္သမ္းလာသည္ ။
ခုမွခႏၶာကိုယ္ကိုငုံ႔ၾကည့္မိေတာ့ Edenတစ္ေယာက္္မွင္သက္သြားရသည္.။
"ေသာက္က်ိဳးနည္း bodyႀကီးကလန္းခ်က္"
[Updateျမင့္လိုက္လို႔ bodyက ပိုေတာင့္လာရုံပါ ခုခႏၶာကိုယ္ကမူလပိုင္ရွင္ ႀကိဳးစားထိန္းသိမ္းထားတဲ့ခႏၶာပါ]
"wow ဒီေကာင္ဒီေလာက္ေတာင့္တာကို ေဘာက္မဲ့ေၾကာင့္ ေကြးၿပီးဇာတ္လိုက္ကိုသြားႀကိဳက္ရတာတုန္း straightသာျဖစ္လို႔ကေတာ့ ေစာ္ေလးေတြဝိုင္းဝိုင္းလည္ေနမဲ့ဟာကို"
[Host!!missionကေနေသြဖယ္မဲ့အရာေတြလုပ္ခြင့္မျပဳပါဘူးေနာ္ ေက်းဇူးျပဳၿပီးmissionေပၚမွာပဲအာရုံစိုက္ထားပါ]
နည္းနည္းေျပာလ်ွင္အထအနေကာက္ၿပီး မ်ားမ်ားျပန္ေျပာတတ္သည့္Systemေၾကာင့္Eden ေနာက္ဆို နားၾကပ္တပ္ထားရန္ ဆုံးျဖတ္လိုက္ရသည္။
"သိပါတယ္ ငါဘာမွမလုပ္ဘူးဟုတ္ၿပီလား တကယ္ထဲစိတ္ကူးေတာင္ယဥ္ၾကည့္လို႔မရဘူးလား
ေနစမ္းပါဦး ရုပ္ကၾကည့္ေကာင္းေပမဲ့ ဆံပင္ႀကီးကဖုံးေနေတာ့ညႇင္းသိုးသိုးနဲ႔ ဆံပင္အရင္ညႇပ္ရမယ္ "
Systemကိုအဖတ္မလုပ္စြာပင္ ကတ္ေၾကးလိုက္ရွာၿပီး မိမိ၏ဆံပင္အားစိတ္ႀကိဳက္ပုံသြင္းေနေတာ့သည္။
ထိုညကေက်ာင္းသားအေဆာင္၄ရဲ႕အခန္းနံပါတ္ ၁၁မွာ သီခ်င္းတညည္းညည္းနွင့္ မွန္ေရွ႕စိတ္ႀကိဳက္လွည့္ပတ္ၾကည့္ေနေသာ လင္းထြဋ္ဦး တစ္ေယာက္ညဥ့္နက္တဲ့အထိမိမိ ဆံပင္ပုံစံကိုစိတ္တိုင္းမက်ေသးေခ်။
>>>>>>>>>>>>>>>>>>>>>>>>>
Daily upမဟုတ္ေပမဲ့ စိတ္ေပ်ာ္ရင္ေပ်ာ္သလိုupပါမယ္ေနာ္ updateအရမ္းမၾကာေစရဘူးလို႔ကတိေပးပါတယ္။
ေဝဖန္ေပးၾကပါဦးေနာ္။❣️❣️
Edit_စာျပင္ထားၿပီးပါၿပီ.....
လိုေနတဲ့ေနရာရွိရင္ေထာက္ျပေပးပါဦး...ဖတ္ေပးတ့ဲအတြက္ေက်းဇူးပါ❣️
လင္းထြဋ္ဦး
...................................
{
Unicode}
ခန္ဓာကိုယ်မှတဆစ်ဆစ်ကိုက်လာသောနာကျင်မှုနဲ့အတူမျက်လွှာကိုဖွင့်ကြည့်တော့ မျက်နှာကျက်တခု ...
ဟုတ်တယ်အရမ်းကိုနီးနေတဲ့မျက်နှာကျက်ကြောင့် နှစ်ထပ်ကုတင်ရဲ့အပေါ်ထပ်ကိုရောက်နေမှန်းသိလိုက်ရသည်..
ကိုယ့်လက်ကိုကိုယ်ပြန်ငုံ့ကြည့်တော့ အကောင်အထည်မြင်ရသောကြောင့်
"ငါအခုအကောင်အထည်ရှိပြီပေါ့??"
[Din ဂုဏ်ယူပါတယ်host ပထမဆုံးကမ္ဘာကိုအောင်မြင်စွာကူးပြောင်းပြီးပါပြီ ယခုကမ္ဘာမှအချက်အလက်များကိုလွှဲပြောင်းပေးပါ့မယ်Host နာကျင်မှုအနည်းငယ်ရှိနိုင်လို့ သည်းခံပေးပါ]
systemစကားဆုံးပြီးပြီးချင်းပင် ခေါင်းထဲတိုးကြိတ်ဝင်လာသောdataများကြောင့်Edenမျက်မှောင်ကြုတ်မိသည် ခေါင်းထဲတွင်လဲဆင်အကောင်၁၀၀လောက်တက်နင်းသွားသလိုခံစားချက်မျိုးကြီးကြောင့် လူကချာချာကိုလည်လို့...။
"fuck ဒါလားနည်းနည်းနာတာ မင်းလာခံကြည့်ပါလားsystem"
[ဒါကHostတိုင်းကြုံရတဲ့ကိစ္စဖြစ်လို့ နောက်ပိုင်းအသားကျသွားမှာပါHost ]
systemရဲ့စကားကိုပြန်ပက်ပြောချင်သော်လည်းပြောဖို့အားပင်မရှိသောကြောင့်စကားတွေကိုပြန်မြိုချပြီး ခေတ္တမျှငြိမ်ငြိမ်နေလိုက်ရသည်။
အတန်ငယ်သက်သာသွားသည့်အခါမှာတော့ စောနကDataကိုကြည့်ရန် ညွှန်ကြားလာတဲ့Systemကြောင့် မကြည်သာသောစိတ်ဖြင့်သာ Edenတစ်ယောက် Dataတွေကိုဖွင့်ကြည့်ရသည်။
ယခုကမ္ဘာကရိုးရိုးသာမန်ကမ္ဘာပင်။
ဇာတ်လိုက်နာမည်က စောဒီပါမင်း၊ တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ယောက်၊
ကျောင်းအဆောင်တွင်သူငယ်ချင်းတစ်ယောက်နဲ့နေသည်။
အကျင့်စရိုက်အနေနဲ့သူတစ်ပါးကိုကူညီတတ်ပြီးအယုံအင်မတန်လွယ်သည်။
ဇာတ်လိုက်မကတော့ဆေးရုံတစ်ခုရဲ့ဆရာဝန်မတစ်ယောက်။
အများအမြင်မှာသွက်လက်ပြီး ရိုးသားပွင့်လင်းတဲ့အတွက် လူတိုင်းကသူမကိုဆိုကူညီဖို့အသင့်ရှိကြသည်။
ူသူမနာမည်က သွေးထက်မဒီ....
ဇာတ်လိုက်နဲ့ဇာတ်လိုက်မတွေ့ဆုံပုံကကော်ဖီဆိုင်တခုတွင်အမှတ်တမဲ့တွေ့ခြင်းကစသည်။
ဒုတိယအကြိမ်အနေနဲ့ ဇာတ်လိုက်အူအတက်ပေါက်၍ဆေးရုံတင်ရချိန်တွင် တာဝန်ခံဆရာမက ဇာတ်လိုက်မဖြစ်နေလေသည်။
ရိုးအီနေတဲ့ဇာတ်လမ်းသဘောသဘာဝအရဇာတ်လိုက်နဲ့ဇာတ်လိုက်မကသံယောဇဉ်တွယ်ကာကြိုက်သွားကြပြီးဇာတ်လိုက်တို့ရဲ့အရှိန်အဝါအတိုင်းအခက်အခဲအတားဆီးမှန်သမျှကျော်ဖြတ်ကာပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာပေါ့.... ကလေးတောင်၂ယောက်အဆစ်ရလိုက်သေးတယ်
ဒါပေါ့မေးစရာကEdenကကောအခုဘယ်သူ့ခန္ဓာကိုယ်ထဲရောက်နေတာလဲဆိုတာပင်။
Edenအခုရောက်နေတဲ့ခန္ဓာကိုယ်ကဇာတ်လိုက်ရဲ့သူငယ်ချင်းဖြစ်ပြီး ဇာတ်လိုက်ကိုတဖတ်သက်ကြိုက်နေတဲ့သူဖြစ်တဲ့လင်းထွဋ်ဦးဆိုသည့် ဇာတ်ကောင်လေး၏ ခန္ဓာကိုယ်ပင်။
အရံဟုတောင်မဆိုသာသည့် ထိုဇာတ်ကောင်လေး၏အဆုံးသတ်ကမလှခဲ့ချေ။
ဇာတ်လိုက်နှင့်ဇာတ်လိုက်မတို့အတူသွားသည့်ခရီးစဉ်တွင်လိုက်ပါသွားရာမှ Car accidentတစ်ခုနှင့်ကြုံခဲ့ပြီး ထိုaccidentကို ဖန်တီးသူပါဟု ဇာတ်လိုက်မ၏စွပ်စွဲခြင်းကိုခံခဲ့ရလေသည်။
ပိုဆိုးသည့်အရာက ထိုaccidentတွင်ဇာတ်လိုက်မနဲ့အတူပါလာသော ဇာတ်လိုက်မ၏မောင်ဖြစ်သူရှင်းသူရထက်သေဆုံးသွားခြင်းပင်။
မောင်ဖြစ်သူသေဆုံးမှုကြောင့်ဇာတ်လိုက်မကနစ်နာသူအဖြစ်လင်းထွဋ်ဦးကိုတရားစွဲဆိုပြီးထောင်ချရန်ကြိုးပမ်းခဲ့သည်။
ဒါပေါ့လင်းထွဋ်ဦးကငြင်းဆိုတာပေါ့။ ဒါပေမဲ့ဇာတ်လိုက်က သူ့ဆီမှာအသနားခံကာအပြစ်ကိုဝန်ခံပါဟုပြောလာသည်။
ဇာတ်လိုက်ကိုအရူးအမူးဖြစ်နေတဲ့လင်းထွဋ်ဦးခမျာ ထောင်ကထွက်ပြေးပြီးတာတောင်ကိုယ့်ခြေကိုယ့်လက်နဲ့ပြန်အဖမ်းခံပြီး အပြစ်မှန်သမျှကိုလည်းသူလုပ်တာပါဆိုပြီးအတင်းဝန်ခံတော့သည်။
ထောင်ထဲမဝင်ခင်မှာဇာတ်လိုက်မလာတွေ့ကာလှောင်ရီတော့ မခံမရပ်နိုင်ဖြစ်ကာ လင်းထွဋ်ဦးကအဖြစ်မှန်ကို ရှင်းသူရထက်ဆီမှသိပြီးပြီဟုဆိုကာပြန်ခြိမ်းခြောက်ပြီး လှောင်ရယ်လျက်ထောင်ထဲဝင်သွားတော့သည်။
ဒါပေမဲ့ ထောင်ထဲဝင်ပြီးတပတ်အကြာမှာပဲ လင်းထွဋ်ဦးဟာအဆိပ်မိပြီးသေဆုံးခဲ့လေသည်။
ဇာတ်ကြောင်းကိုဖတ်ပြီးနောက်မှာတော့Edenအနေနဲ့တစ်ခွန်းသာပြောနိုင်တော့သည်။
".ငါအခုဝင်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကသောက်ရူးပဲ "
[Host ဇာတ်ကြောင်းကိုဖတ်ပြီးပြီဆိုရင်ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆန္ဒကိုmissionအနေနဲ့ဖြစ်မြောက်အောင်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်]
"ဟုတ်ပြီလေ လုပ်ရတာပေါ့သူဆန္ဒကဘာတွေလဲ
တဆက်ထဲသူ့အတွက်ပါလက်စားပြန်ချေပေးရတာပေါ့ "
[Host!!!! Hostအနေနဲ့ ဒီကမ္ဘာရဲ့သားတော်နဲ့သမီးတော်တွေကိုသတ်ခွင့်မရှိပါဘူးသတ်မိခဲ့ရင်missionကအလိုလိုရှုံးပြီးဒီကမ္ဘာကထွက်ခွာရမှာဖြစ်ပါတယ်]
"What the .... ဒါကြီးကသပ်သပ်မတရားတာမဟုတ်ဘူးလား
ထားပါတော့ missionကိုသာပြော"
[ဟုတ်ကဲ့Host မူလပိုင်ရှင်ရဲ့ဆန္ဒကတော့
၁.ရှင်းသူရထက်အတွက်တရားမျှတမှုကိုရှာပေးရန်
၂.ရှင်းသူရထက်ကိုနောက်ဘဝကူးပြောင်းနိုင်အောင်ကူညီပေးရန်
၃.ဇာတ်လိုက်ကိုမချစ်မိရန်
အဲ့သုံးချက်ပါပဲHost နောက်ပိုင်းHostဝင်လာလို့ဇာတ်လမ်းသွေဖယ်မှုအရ side missionနဲ့hidden missionတွေထပ်တိုးလာမှာပါ missionအောင်မြင်ခါနီးတိုင်းpointတွေထပ်ရမှာဖြစ်ပါတယ် ]
"ငါ့ကမ္ဘာကိုပြန်နိုင်ဖို့pointကဘယ်လောက်လိုတာလဲ"
[အထက်ကအတိအကျမပြောပြထားပါဘူးHost]
"အင်းလေထားပါတော့ ငါဘာမှမမှတ်မိတာ မပြန်ရလဲအကြောင်းမထူးပါဘူးလေ ဒါနဲ့ သူဖြစ်ချင်တဲ့ဆန္ဒတွေထဲမှာ အချက်၂ကိုငါသိပ်မရှင်းဘူး"
[ဂုဏ်ယူပါတယ်Host မူလပိုင်ရှင်ရဲ့ခန္ဓာကိုHostဝင်လိုက်တဲ့အတွက် မူလပိုင်ရှင်ပိုင်ဆိုင်တဲ့ သဘာဝလွန်စွမ်းအားတစ်ခုကိုရရှိပါတယ်]
"ဘာစွမ်အားလဲ အချိန်တွေကိုရပ်တန့်တာလား သူများကိုစိတ်ညှို့တာလား ??ဘာလဲ ဘာလဲ??"
မျှော်လင့်ချက်မျက်ဝန်းများဖြင့် systemအားတက်ကြွစွာမေးလိုက်သော်လည်း ပြန်ကြားလိုက်သောအဖြေကြောင့် မေ့တောင်လဲချင်လာပြန်သည်။
[သေပြီးသားသူတွေရဲ့ဝိဉာဉ်ကိုမြင်နိုင်တာပါHost]
"ဘာ! အဲ့တာစွမ်းအားမဟုတ်ဘူးကျိန်စာပဲ အဲ့တော့မင်းပြောချင်တာက ဒီဘဝတခုလုံးသရဲတွေကိုမြင်ရမယ်ပြောတာလား??"
[ဟုတ်ပါတယ်Host ဇာတ်လမ်းကိုသေချာမဖတ်ကြည့်ဘူးလားhost ရှင်းသူရထက်ပြောပြလို့ အဖြစ်မှန်သိသွားလို့ဇာတ်လိုက်မကိုလှောင်ခဲ့တဲ့အချိန်လေ အဲ့တာကြောင့်ပဲမူလပိုင်ရှင်သေရတာလေ သတိမထားမိဘူးလားHost သေပြီးသားလူကဘယ်လိုလုပ်စကားပြောနိုင်မှာလဲ သေချာပေါက် သူ့ဝိဉာဉ်ပြောပြလို့သိတာလေ]
(ငါပဲအကုန်ပြောပြနေရတယ် နည်းနည်းပါးပါးစဉ်းစားကြည့်ပါဦးHostရေ)
Systemစိတ်ထဲအော်ဟစ်နေသော်လည်းအပြင်တွင်စိတ်ရှည်ရှည်နဲ့ရှင်းပြနေရသည်။ သူ့Hostကိုသူကြောက်ရတယ်မလား..။
"သြော် အဲ့တာကြောင့်ကို အင်း...ကိစ္စတော့မရှိပါဘူး သရဲမြင်ရတယ်ဆိုတော့လည်းကြည့်လိုက်ရုံပေါ့ ငါအခုဘယ်အချိန်မှာဒီခန္ဓာထဲရောက်နေတာလဲ ရှင်းသူရထက်သေပြီးပြီလား"
[Hostရောက်တဲ့အချိ်န်ကစောပါသေးတယ် ဇာတ်လိုက်နဲ့ဇာတ်လိုက်မကကော်ဖီဆိုင်မှာတစ်ခါထဲတွေ့ရသေးတာပါ ပြီးတော့ဇာတ်လိုက်လည်းဆေးရုံမတက်ရသေးပါဘူး]
"Oh စောသေးတာပေါ့ ငါသာဇာတ်လမ်းကိုထိန်းချုပ်လိုက်ရင်ရှင်းသူရထက်ကိုကယ်နိုင်မှာပဲ"
[OOC warningပါHost❗️ ဇာတ်လမ်းကိုအခုလောလောဆယ်ထိန်းချုပ်လို့မရသေးသလိုout of characterလည်းလုပ်လို့မရပါဘူး။
OOCဖြစ်ရင်pointနှုတ်ခံရမှာပါ pointက0ထက်လျော့ပြီးMinusဖြစ်သွားရင်Hostရဲ့ဝိဉာဉ်ဟာဖျက်ဆီးခံရမှာပါ ဒါကြောင့်သတိထားပေးပါ]
systemပြောသည့်စကားကိုနားထောင်ပြီးEdenစိတ်အချဉ်ပေါက်လာသည်နှင့်
"အဲ့တော့ငါကဘာဆိုဘာမှမလုပ်ရဘူးပေါ့? ဒါဆိုလည်းဘာလို့ငါ့ကိုmissionလုပ်ဖို့လွှတ်နေသေးလဲ။ ငါmissionလုပ်လုပ်မလုပ်လုပ်ဇာတ်လမ်းကဒီအတိုင်းဖြစ်ပြီးနောက်ဆုံးသေမှာပဲကိုmissionဆိုပြီးသောက်ကြီးသောက်ကျယ်လာလုပ်ခိုင်းနေတာလား Systemအစုတ်ရဲ့"
မညှာမတာပြောခံလိုက်ရသောsystemလေးခမျာ ပြန်လည်ချေပဖို့ကိုပင်ကြောက်ကြောက်နှင့်....
[Ho ...Hostစိတ်အေးအေးထားပါ ဇာတ်လမ်းမှာခုချိန်OOCလုပ်လို့မရသေးပေမဲ့car accidentဖြစ်ပြီးချိန်Hostကလုံးဝကိုထိန်းချုပ်နိုင်သွားမှာပါ ဒါကြောင့်ဆန္ဒမစောပါနဲ့host]
"Tsk!....ထားပါတော့ ရွေးစရာမှမရှိတာ လုပ်ဆိုလည်းလုပ်ရတာပေါ့ ခုလောလောဆယ်ငါမှန်ကြည့်ဖို့လိုတယ်ငါ့ရုပ်ကိုငါမြင်ဖို့လိုတယ် ဇာတ်နာရတဲ့အထဲကငါ့ရုပ်ကပါ စုတ်ချာနေရင် systemရောဘာသောနားမလည်ဘူး မင်းပြောတဲ့အထက်လူကြီးထိပါမီးတက်ရှို့ပစ်မယ်"
-_- (ငါနဲ့ဘာမှလည်းမဆိုင်ဘဲနဲ့ToT )
systemနဲ့စိတ်ထဲတွင်စကားစစ်ထိုးပြီး မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်အရ ကုတင်အပေါ်ထပ်မှဆင်းကာ မှတ်မိနေသော ရေချိုးခန်းဟုထင်ရသည့်အခန်းထဲဝင်ခါနီးတွင်
အခန်းတံခါးဖွင့်ပြီးဝင်လာသောကောင်လေးတစ်ယောက်အားတွေ့ရသည်။
မူလပိုင်ရှင်ရဲ့မှတ်ဉာဏ်အရ ထိုလူမှာဇာတ်လိုက် စောဒီပါမင်း ဖြစ်ကြောင်းသိရတော့ ချက်ချင်းပင်နှာခေါင်းရှုံ့ကာ
'ငမ်းငမ်းတက်ဖြစ်နေရအောင်ကိုမချောပဲနဲ့ '
Edenစိတ်ထဲတွင်တွေးနေသောအတွေးနှင့်ဆန့်ကျင်စွာ မူလပိုင်ရှင်ရဲ့အမူအကျင့်အတိုင်း သရုပ်ဆောင်ရတော့သည်။
"ဒီပါ မင်းနောက်ကျတယ်နော် "
မူလလင်းထွဋ်ဦး၏အကျင့်အတိုင်း မမေးချင်သော်လည်း အောင့်အီးကာမေးလိုက်ရသည်။
"ထွဋ်ဦး မင်းကငါဘယ်အချိန်ပြန်ရောက်လည်းပါမှတ်ထားရအောင် ဘာလဲမင်းငါ့ကိုကြိုက်များကြိုက်နေတာလား"
ဇာတ်လိုက်၏ပြီတီတီစပ်ဖြဲဖြဲမျက်နှာအမူအရာမှာအမှန်ပင်ပြေးကန်ချင်စရာကောင်းလှသည်။
မူလ လင်းထွဋ်ဦး ဆိုလျှင်တော့ ပျော်မိမှာအမှန်ဆိုသော်လည်း ယခုသူက လင်းထွဋ်ဦး မဟုတ် လင်းထွဋ်ဦးနေရာအစားဝင်လာသော Edenဆိုသည့်သူသာ။
သို့သော်မူလပိုင်ရှင်၏ ခန္ဓာကိုယူထားသည့်အတွက် မူလပိုင်ရှင်၏ခံစားချက်လက်ကျန်တို့မှာ Edenအားမျက်မှောင်ကြုတ်စေသည်။
'Cheeမို့လို့ ရင်ကတဒိန်းဒိန်းခုန်နေတာလား။
ဒီကလေးလိုလို ခွေးလိုလိုရုပ်ကို ကြိုက်ရအောင်ငါ ကလေးထိန်းလည်းမဟုတ်သလိုခွေးလည်းမချစ်တတ်ပါဘူးSystemဒီကိစ္စလာရှင်းပေး'
စိတ်ထဲမှာSyetemနှင့်စစ်ဖြစ်နေသောကြောင့်Edenရဲ့မျက်နှာမှာမည်းမှောင်လာသည်။
"ဟေ့ ဟေ့ မျက်နှာထားကြီးဒီလိုမလုပ်စမ်းပါနဲ့ကွာ ငါကစတဲ့ဟာကို တကယ်ထဲ"
ပြောလည်းပြောပြီး ဇာတ်လိုက်ပစ်ပေးလိုက်သောbasketballကိုဖမ်းကာအသိစိတ်ပြန်ထိန်းလိုက်ရသည်။
"မဟုတ်ပါဘူးကွာ မင်းဒီအချိန်မှပြန်လာတော့ဘယ်စော်နဲ့များသွားချိန်းတွေ့နေလဲသိချင်လို့"
ဗြောင်ဗြောင်တင်းတင်းမေးလိုက်သော လင်းထွဋ်ကြောင့် ခေတ္တမျှတိတ်နေပြီးကာမှ
"ဟုတ်တယ်ငါဒီနေ့ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်ကွ နောက်နေ့ကျမှမင်းကိုအသေးစိတ်ပြောပြမယ်လေ ခုတော့ ငါတခုခုစားဖို့သွားဝယ်လိုက်ဦးမယ် တစ်ခုခုမှာဦးမလား"
"ရတယ် မမှာတော့ဘူး ငါအိပ်တော့မှာ"
လင်းထွဋ်ဦးရဲ့အပြုအမူနဲ့အပြောအဆိုတွေကထူးဆန်းနေသည်ကိုသတိထားမိသော်လည်း စောဒီပါမင်းတစ်ယောက်အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးပိုက်ဆံအိတ်ကိုင်ကာပြန်ထွက်သွားတော့သည်။
ဇာတ်လိုက်ထွက်သွားတာတောင် အာရုံမစိုက်နိုင်ဘဲ Edenတစ်ယောက်spaceအတွင်းကအော်ဟစ်နေသောသူ့systemနှင့် စကားများရပြန်သည်။
[Host!!!!မူလပိုင်ရှင်ကခုလိုမျိုး သူများကိစ္စဝင်မပါဘူး စကားလည်းမများသလို ဇာတ်လိုက်နဲ့တွေ့ရင်လည်းနူးညံ့သွားပြီး ပြောင်ချော်ချော်အမူအရာလည်းမလုပ်ပါဘူးOOC နဲ့ငြိပါတယ်နော်Host!!]
အသားကုန်အော်ဟစ်နေသောကြောင့်ခေါင်းပင်ကိုက်ချင်ချင်ဖြစ်လာရသည်။
"တိတ်စမ်း OOCလို့သတ်မှတ်ရဲသတ်မှတ်ကြည့် ငါ ဒီကမ္ဘာကထွက်ပြီးဝိဉာဉ်ပဲအဖြိုခွဲခံလိုက်တော့မယ်
ဘယ်နှယ့် ငါ့ကိုတော့လုပ်ပိုင်ခွင့်ပေးသင့်ပါတယ် အခုဒီခန္ဓာကိုယ်ကငါ့ဟာပဲ ဇာတ်လမ်းကိုlimitမရောက်ခင်အထိမသွေဖယ်ဖို့မလား ကျန်တာငါ့စိတ်နဲ့ငါဖြစ်သွားပြီpointနှုတ်ဖို့မစဉ်းစားနဲ့"
Edenစိတ်တိုတိုနဲ့ပိတ်ဟောက်တော့လည်းSystemခမျာပါးစပ်ကလေးစိသွားရသည်။
စကားဆက်မပြောတော့တဲ့Systemကို ဂရုမစိုက်ဘဲရေချိုးခန်းထဲဝင်သွားလိုက်တော့ ပထမဆုံးတွေ့ရသည့် မှန်မှာပေါ်နေသောလင်းထွဋ်ဦး၏မျက်နှာ....။
ရုပ်ကိုမြင်လိုက်ရချိန်Edenတစ်ခဏတော့ spechlessသွားရသည်။သူ့ရုပ်ရည်ကဇာတ်လိုက်ထက်ပင်ပိုကာ လေးထောင့်ကျကျနှင့်ခန့်ညားနေတော့သည်။
ဆံပင်အနက်ကိုမှအိပ်ရာမှထလာသောကြောင့်အတန်ငယ်ရှုပ်နေကာ မျက်စိကိုအနည်းငယ်ဖုံးနေသည်။ သေချာကြည့်လျှင် မျက်ဝန်းမှာ အညိုရင့်ရောင်ရှိပြီးတည်ငြိမ်နေဟန်အပြည့်ဖြင့်။
တစ်ချိန်ထဲမှာပင်နူးညံ့နေသောမျက်ဝန်းကိုလည်းတွေ့ရပြန်သည်။ နှာတံစင်းစင်းနဲ့နှုတ်ခမ်းပါးပါးမှာလည်းစေ့ထားသောကြောင့်တန်းနေပုံကလုံးဝအထက်တန်းလွှာအစားထဲကပုံပင်။
ဇာတ်လိုက်၏ရုပ်ရည်ကိုအတော်ချောသည်ဟုဆိုသော်လည်းဤသည်မှာခေတ်ဆန်ကာအရိုင်းဆန်ဆန်ချောခြင်းပင် ။
ယခု လင်းထွဋ်ဦး မှာလူကြီးဆန်ဆန် တည်ငြိမ်ကာခန့်ညားသောပုံပင်ဖြစ်သည်။
သို့သော်သိုသိုဝှက်ဝှက်နေသောသူ့ပုံစံကြောင့် သူ၏ခန့်ညားပြီးယောက်ျားဆန်မှုဟာမှေးမှိန်နေရသည်။
ယခုEdenဝင်လာသောကြောင့်ပြောင်းခဲချိန်တန်နေပြီလေ
မှန်ထဲရှိရုပ်ကိုအတန်ကြာကြည့်ပြီးနောက်systemဆီမှဦးစွာသံထွက်လာသည်။
[Host...ရုပ်ပိုင်းဆိုင်ရာအဆင့်မြှင့်တင်လိုပါသလား??]
ပြောသည့်အသံကလေသံအနည်းငယ်မာလင့်ကစား သည်းခံထားပါသည်လေ...။
"အဲ့လိုလည်းရတာလား? အဆင့်မြှင့်တင်လိုက်ရင်ငါဘာတွေပြောင်းသွားမှာလဲ"
[ဆင်းလုံးချောဖြစ်သွားမှာပါ အပြစ်အနာအဆာရှာမရတဲ့ရုပ်ကိုပိုင်ဆိုင်နိုင်ပြီး ရုပ်ပိုင်းဆိုင်ရာ ခုခံမှုနဲ့ခံနိုင်ရည်မြင့်တက်လာမှာပါ]
"စောစောထဲကပြောကောပေါ့ လက်မခံစရာလား လုပ်လိုက်တော့"
Edenရဲ့စကားသံအဆုံး systemရဲ့updateဆိုတဲ့အသံထွက်လာပြီး တစ်ကိုယ်လုံးပေါ့ပါးကာ လန်းဆန်းလာသည်။
စောနကမှန်ကြည့်တုန်းကမြင်လိုက်ရသောမျက်နှာမှာလည်း တဖြည်းဖြည်းချောမွေ့လာသည် စောနကရှိသောမျက်လုံးအောက်ဖက်ကညိုနေသာနေရာမှာလည်း ပြန်လည်ပြည့်တင်းလာကာ နှုတ်ခမ်းမှာလည်းသွေးရောင်သမ်းလာသည် ။
ခုမှခန္ဓာကိုယ်ကိုငုံ့ကြည့်မိတော့ Edenတစ်ယောက်မှင်သက်သွားရသည်.။
"သောက်ကျိုးနည်း bodyကြီးကလန်းချက်"
[Updateမြင့်လိုက်လို့ bodyက ပိုတောင့်လာရုံပါ ခုခန္ဓာကိုယ်ကမူလပိုင်ရှင် ကြိုးစားထိန်းသိမ်းထားတဲ့ခန္ဓာပါ]
"wow ဒီကောင်ဒီလောက်တောင့်တာကို ဘောက်မဲ့ကြောင့် ကွေးပြီးဇာတ်လိုက်ကိုသွားကြိုက်ရတာတုန်း straightသာဖြစ်လို့ကတော့ စော်လေးတွေဝိုင်းဝိုင်းလည်နေမဲ့ဟာကို"
[Host!!missionကနေသွေဖယ်မဲ့အရာတွေလုပ်ခွင့်မပြုပါဘူးနော် ကျေးဇူးပြုပြီးmissionပေါ်မှာပဲအာရုံစိုက်ထားပါ]
နည်းနည်းပြောလျှင်အထအနကောက်ပြီး များများပြန်ပြောတတ်သည့်Systemကြောင့်Eden နောက်ဆို နားကြပ်တပ်ထားရန် ဆုံးဖြတ်လိုက်ရသည်။
"သိပါတယ် ငါဘာမှမလုပ်ဘူးဟုတ်ပြီလား တကယ်ထဲစိတ်ကူးတောင်ယဉ်ကြည့်လို့မရဘူးလား
နေစမ်းပါဦး ရုပ်ကကြည့်ကောင်းပေမဲ့ ဆံပင်ကြီးကဖုံးနေတော့ညှင်းသိုးသိုးနဲ့ ဆံပင်အရင်ညှပ်ရမယ် "
Systemကိုအဖတ်မလုပ်စွာပင် ကတ်ကြေးလိုက်ရှာပြီး မိမိ၏ဆံပင်အားစိတ်ကြိုက်ပုံသွင်းနေတော့သည်။
ထိုညကကျောင်းသားအဆောင်၎ရဲ့အခန်းနံပါတ် ၁၁မှာ သီချင်းတညည်းညည်းနှင့် မှန်ရှေ့စိတ်ကြိုက်လှည့်ပတ်ကြည့်နေသော လင်းထွဋ်ဦး တစ်ယောက်ညဉ့်နက်တဲ့အထိမိမိ ဆံပင်ပုံစံကိုစိတ်တိုင်းမကျသေးချေ။
>>>>>>>>>>>>>>>>>>>>>>>>>
Daily upမဟုတ်ပေမဲ့ စိတ်ပျော်ရင်ပျော်သလိုupပါမယ်နော် updateအရမ်းမကြာစေရဘူးလို့ကတိပေးပါတယ်။
ဝေဖန်ပေးကြပါဦးနော်။❣️❣️
Edit_စာပြင်ထားပြီးပါပြီ.....
လိုနေတဲ့နေရာရှိရင်ထောက်ပြပေးပါဦး...
...........................................................................