I'm a Chef in the Modern Era...

By Dancing_Breeze

581K 107K 3.1K

Name 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Sc... More

Chapter - 1.1
Chapter - 1.2
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8.1
Chapter - 8.2
Chapter - 9.1
Chapter - 9.2
Chapter - 10
Chapter - 11.1
Chapter - 11.2
Chapter - 12.1
Chapter - 13
Chapter - 14
Chapter - 15.1
Chapter - 15.2
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51.1
Chapter - 51.2
Chapter - 52
Chapter - 53
Chapter - 54
Chapter -55
Chapter - 56.1
Chapter - 56.2
Chapter - 57
Chapter - 58
Chapter - 59
Chpater - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88.1
Chapter - 88.2
Chapter - 89
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
Chapter - 114
Chapter - 115
Chapter - 116
Chapter - 117
Chapter - 118
Chapter - 119
Chapter - 120
Chapter - 121

Chapter - 12.2

6.3K 1.3K 49
By Dancing_Breeze

[Zawgyi]

<သၾကားေပါက္ေပါက္>

ရွန္ဖူက လင္ရႈယီပခံုးကို သူ႔လက္ေမာင္းေတြနဲ႔ သိုင္းဖက္ထားေနၾကျဖစ္သည္။ အစမွာေတာ့ လင္ရႈယီက ဒါကိုမႀကိဳက္ေပ။ သူ႔ရဲ႕မနွစ္ၿမိဳ႕မႈကို အႀကိမ္မ်ားစြာေဖာ္ျပခဲ့ေသာ္လည္း ရွန္ဖူကမေျပာင္းတာေၾကာင့္ သူက်င့္သားရလာခဲ့သည္။ ဘယ္လိုပဲျဖစ္ျဖစ္...သူတို႔နွစ္ေယာက္လံုးက ေယာက်္္ားေလးေတြပဲေလ။

"အဲ့ကားက ၾကည့္လို႔ေကာင္းလား?"

လက္မွတ္အေရာင္းသမေလးက စကားျပာေတာ့မယ့္အခ်ိန္မွာပဲ တစ္စံုတစ္ေယာက္က သူ႔ကိုတိုေတာင္းေသာက်ဥ္းခ်ဳပ္တစ္ခုေျပာျပလိုက္ေခ် ၿပီ။

"ဒီကားက ေတာ္ေတာ္လူၾကဳိက္မ်ားတယ္။ အဓိကသရုပ္ေဆာင္က ေက်ာ္ၾကားတဲ့ရုပ္ရွင္ဘုရင္ပဲ။ သူ႔သရုပ္ေဆာင္ခ်က္ေတြက ၾကည့္ရတာအရမ္းတန္တယ္။ မင္း ၾကည့္ခ်င္လား?"

လင္ရႈယီ ေခါင္းၿငိမ့္လိုက္္သည္။

"The Carnageအတြက္ လက္မွတ္နွစ္ေစာင္ေပးပါ။"

စကားေျပာရမယ့္အခြင့္အေရးေလးေတာင္ မရွိေတာ့ဘူး။ လက္မွတ္အေရာင္းသမေလးမွာ ပိုလို႔ပင္ဝမ္းနည္းသြားရသည္။ အစကေနအဆံုးအထိ ဒီလူက သူမကိုအၾကည့္ေလးတစ္ခ်က္ေတာင္ မေပးဘူး! သူမ ခ်စ္သူေလးတစ္ေယာက္ေတာင္မရွာနိုင္တာ မဆန္းေတာ့ဘူး!

ခဏၾကာၿပီးေနာက္မွာ အမ်ိဳးသားနွစ္ေယာက္က ခန္းမ(၅)ဆီကို အတူတူေလ်ွာက္သြားၾကသည္။ The Carnageရဲ႕ ပထမဆံုးရံုတင္ျပသရက္ျဖစ္တာေၾကာင့္ ညကိုးနာရီရွိေနတာေတာင္မွ ရံုထဲမွာလူေတြျပည့္လို႔ေန၏။ သူတို႔ခံုေတြမွာထိုင္ၿပီးေနာက္ေတာ့ ရွန္ဖူက ေျပာင္းဖူးေပါက္ေပါက္တစ္ဘူးထုတ္လိုက္ၿပီး မ်က္မွန္နွစ္လက္ကိုလည္း တစ္ေနရာမွ ယူလိုက္သည္။ The Carnageက 3Dရုပ္ရွင္ျဖစ္သည္။ သူတို႔မဝင္ခင္တုန္းက တံခါးမွာရပ္ေနတဲ့မိန္းကေလးက မ်က္နွာမွာအၿပံဳးေတြဆင္ျမန္းရင္း လင္ရႈယီကို 3Dမ်က္မွန္ေတြကမ္းေပးသည္။ သို႔ေသာ္လည္း သူမဟာ လင္ရႈယီရဲ႕ မရည္႐ြယ္ပါဘဲလ်စ္လ်ဴ ရႈမႈကိုခံလိုက္ရေလ၏။ မိန္းမပ်ိဳေလးရဲ႕ နႈတ္ခမ္းေထာင့္စြန္းေဆြပင္ ေတာင့္တင္းသြားရသည္။

လင္ရႈယီက မ်က္မွန္ေတြကို လံုးဝလ်စ္လ်ဴ ရႈထားကာ ေျပာင္းဖူးေပါက္ေပါက္ကိုသာ အာရံုစိုက္ေနေလသည္။

"အရသာရွိလား?"

ရွန္ဖူ : ...

ေနာက္ဆံုးေတာ့ လင္ရႈယီသူ႔ကိုအမ်ားဆံုးေမးတတ္တာေတြက "အရသာရွိလား?" "ဘာက ပိုစားေကာင္းလဲ?"ဆိုတာမ်ိဳးေတြသာျဖစ္ေၾကာင္း ရွန္ဖူသိသြားေတာ့သည္။

"အရသာက ေထာပတ္သၾကားအရသာပဲ။ မင္းက အခ်ိဳအရမ္းႀကိဳက္မွေတာ့ မင္းဒါကိုလည္းႀကိဳက္မယ္လို႔ ကိုယ္ထင္တယ္။"

လင္ရႈယီက တစ္ခုေကာက္ကာ ၾကည့္လိုက္သည္။ ဒါက ေျပာင္းဖူးလား? တာ့ယန္ၿမိဳ႕ေတာ္ရဲ႕လမ္းေတြေပၚမွာ တစ္ခ်ိဳ႕လူေတြက ဒီလိုစားစရာမ်ိဳးေတြေရာင္းေနတတ္တာကို သူသတိရသြားသည္။ ဒါေပမယ့္ အဲ့ဒါေတြက အေတာ္ေလးကိုမေသမသပ္နဲ႔ အေရာင္ကလည္း မလွသလိုခံစားရတယ္။ ဒါေတြက ဆင္းရဲတဲ့မိသားစုက ကေလးေတြပဲဝယ္စားတဲ့ သေရစာျဖစ္သည္။ အရင္ကေတာ့ သူစားခ်င္မိေပမယ့္ စုန္ယန္က ဒီဟာေတြက ကေလးေတြပဲစားတဲ့ဟာလို႔ အၿမဲတမ္းေျပာတတ္သည္ေလ။

ထို႔ေနာက္ သူေပါက္ေပါက္ကို ပါးစပ္ထဲထည့္လိုက္သည္။ ဒါက အရမ္းခ်ိဳ ၿပီး အျပင္ခံြကလည္း ႂကြပ္႐ြေနကာ ဝါးလိုက္တာနဲ႔ပါးစပ္ထဲမွာ အရည္ေပ်ာ္က်သြားသည္။ ခ်ိဳ ၿမိန္နွစ္သက္ဖြယ္အရသာက သူ႔ခံတြင္းထဲမွာ ပ်ံ႕နွံ႔သြားေပမယ့္ ဒီအခ်ိန္မွာ ေျပာင္းဖူးေပါက္ေပါက္က အရည္ေပ်ာ္သြားၿပီျဖစ္သည္။

"မင္း အရင္က ေျပာင္းဖူးေပါက္ေပါက္တစ္ခါမွမစားဖူးဘူးလို႔ ကိုယ္ဘာလို႔ခံစားေနရတာလဲ?"

ရွန္ဖူက မယံုသကၤာျဖစ္သြားသည္။

လင္ရႈယီက သူ႔ကိုအာရံုစုိက္ဖို႔ ပ်င္းလြန္းေနၿပီး ေျပာင္းဖူးေပါက္ေပါက္ေတြသာ တစ္ခုၿပီးတစ္ခုစားေနေလ၏။

ရွန္ဖူက မွီခ်လိုက္ကာ သူ႔လက္ကိုေျမႇာက္ၿပီး လင္ရႈယီရဲ႕နွာရိုးေပၚမွာ မ်က္မွန္ဆပ္ေပးလိုက္သည္။

"ခင္ဗ်ား ဘာလုပ္ေနတာလဲ?"

လင္ရႈယီက ရွန္ဖူကိုင္ထားတဲ့မ်က္မွန္ကို လံုးဝသတိမထားမိေခ်။ ရွန္ဖူ ဘာလုပ္ေနတယ္ဆိုတာ သူမသိတာေၾကာင့္ ေနာက္ကိုက်ံဳ႕သြားသည္။

"မလႈပ္နဲ႔။"

ရွန္ဖူက လက္ဆန္႔ထုတ္လိုက္ကာ လင္ရႈယီကို ၿငိမ္ေနေအာင္ထိန္းကိုင္ထားလိုက္သည္။ ၿပီးေနာက္ သူက လင္ရႈယီရဲ႕မ်က္နွာေပၚမွာ မ်က္မွန္ကိုေသခ်ာတပ္ေပးလိုက္သည္။

တီးတိုးစကားသံေတြက ေနာက္နားမွာထြက္ေပၚလာသည္။ ရွန္ဖူက တီးတိုးေျပာသံေတြကိုနားေထာင္လိုက္ကာ သူ႔နႈတ္ခမ္းေထာင့္စြန္းေတြက ေကြးတက္သြားၿပီး မၾကားေယာင္ေဆာင္ေနေတာ့သည္။

သူတို႔နားက အလင္းေတြက ရုတ္္တရက္ေမွာင္က်သြားသည္။ ရုပ္ရွင္စေပၿပီ။ ျမင္ကြင္းတစ္ခုလံုးေမွာင္က်သြားတဲ့လင္ရႈယီက ဒါေတြနဲ႔က်င့္သားမရေသးတာေၾကာင့္ ၾကာင္အသြားသည္။

ထို႔ေနာက္ ေသြးစြန္းေနတဲ့ေခါင္းျပတ္တစ္လံုးက screenမွာေပၚလာသည္။ ေခါင္းက လင္ရႈယီရဲ႕မ်က္နွာတည့္တည့္ဆီ လွိမ့္လာသလိုပင္။ ေခါင္းျပတ္ထဲက မ်က္လံုးက ျပဴ းက်ယ္ပြင့္ဟေနၿပီး သူ႔ကိုစိုက္ၾကည့္ေနကာ နာက်ည္းခ်က္တစ္ခုခုေၾကာင့္ ေသဆံုးသြားသလိုထင္ရ၏။ လင္ရႈယီတစ္ေယာက္ ေၾကာက္လန္႔ကာ ေအာ္မိေတာ့မလိုျဖစ္သြားၿပီး ေနာက္ေတာ့ သူက ရွန္ဖူ႔လက္ကို ရုတ္တရက္ဆုပ္ကိုင္လိုက္သည္။

The Carnageက horrorရုပ္ရွင္ဆိုတာ ရွန္ဖူ လင္ရႈယီကိုေျပာဖို႔ ေမ့သြားတာပင္။

အမွန္ေတာ့ လင္ရႈယီအေနနဲ႔ သူ႔ေရွ႕မွာေပၚလာတဲ့ ဒီလိုျမင္ကြင္းမ်ိဳးကို ေၾကာက္လန္႔ျခင္းမရွိပါေပ။ ဝန္ႀကီးဌာနရဲ႕ထိပ္တန္းအရာရွိတစ္ေယာက္က ယဥ္ေက်းမႈဝန္ႀကီးတစ္ဦးျဖစ္ေပမယ့္လည္း ဒါက သူ႔အေနနဲ႔ လူေသတစ္ေယာက္ကို ဘယ္ေတာ့မွမျမင္ဖူးဘူးလို႔ မဆိုလိုပါေခ်။ လင္ရႈယီက မျပင္ဆင္ရေသးတာျဖစ္ၿပီး ဒီလိုျမင္ကြင္းမ်ိဳးကို မေတြ႕ရတာၾကာေနလို႔ျဖစ္ပါ၏။ ထပ္ၿပီးေတာ့ ဒါက ရုပ္ရွင္တစ္ခုဆိုတာ အသိသာႀကီးေပမယ့္လည္း ေခါင္းက သူ႔ဆီဘာေၾကာင့္ တကယ့္အစစ္လိုလိမ့္လာရသလဲဆိုတာ မသိတာေၾကာင့္ ထိကိုင္စရာတစ္ခုအတြက္ သူလက္ထုတ္လိုက္မိတာပင္။

ပမထဆံုးျပကြက္မွာတင္ ဒီလိုေၾကာက္စရာျမင္ကြင္းမ်ိဳးကို ဘယ္သူမွေမ်ွာ္လင့္ထားသည့္ပံုမေပၚေပ။ ရုပ္ရွင္ရံုထဲမွာ ေအာ္သံေတြတစ္ခုၿပီးတစ္ခုပဲ့တင္ထပ္လာၿပီး သူတို႔ေနာက္က တီးတိုးေျပာသံေတြကေတာင္ ေအာ္သံေတြအျဖစ္ေျပာင္းသြားေခ် ၿပီ။ ရွန္ဖူ႔ မ်က္လံုးေတြက က်ဥ္းေျမာင္းသြားသည္။ သူက ေၾကာက္မေနတာေၾကာင့္ လင္ရႈယီကိုၾကည့္ရန္ လ်ွင္ျမန္စြာလွည့္လိုက္သည္။ ရလဒ္အေနနဲ႔ လင္ရႈယီက သူ႔လက္ေမာင္းကိုဆဲြဆိတ္တာခံလိုက္ရေလ၏။ နာလြန္းတာေၾကာင့္ သူ႔မ်က္နွာက ရႈံ႕မဲ့သြားသည္။

"ကိုယ္ေျပာမယ္။ ကိုယ့္ကို မဆိတ္နဲ႔။"

လင္ရႈယီက သူ႔ဘက္ကိုလွည့္လာကာ ေဒါသတႀကီးေျပာေလ၏။

"ခင္ဗ်ား ဘာလုပ္လိုက္တာလဲ?!"

ရွန္ဖူက အေျခအေနကိုနားမလည္ပါေခ်။

"အဲ့ေခါင္းက ကြၽန္ေတာ့္ေရွ႕ကို တကယ္ႀကီးလိမ့္လာသလိုပဲ!"

ရွန္ဖူ : "မင္း 3Dအေၾကာင္းကိုလည္း မသိတာေတာ့ မဟုတ္ေလာက္ဘူးမလား?"

ေနာက္ဆံုးေတာ့ လင္ရႈယီက ေတာင္ထိပ္ေတြမွာေနထိုင္တဲ့ ဂူေအာင္းလူသားေတြေနရာကေန ေျပာင္းေရႊ႕လာတာျဖစ္ရမယ္လို႔ ရွန္ဖူ လက္ခံသြားေလၿပီ။

အစပိုင္းက ေၾကာက္မက္ဖြယ္ျမင္ကြင္းက လင္ရႈယီကို ထိတ္လန္႔သြားေစေသာ္လည္း ေနာက္ပိုင္းေသြးပ်က္ဖြယ္ျမင္ကြင္းေတြကေတာ့ လင္ရႈယီကို မေျခာက္လွန္႔နိုင္ေတာ့ၿပီ။ ဇာတ္လမ္းက အရမ္းကိုစိတ္ဝင္စားဖို႔ေကာင္းတာေၾကာင့္ ရွတ္ဖူပင္လ်င္ နစ္ေျမာေနပံုရသည္။ သို႔ေသာ္လည္း တစ္ျခားသူေတြကေတာ့ မေၾကာက္ဘဲမေနနိုင္ၾကပါေခ်။ ဥပမာအေနနဲ႔ လင္ရႈယီတို႔ေနာက္မွာထိုင္သည့္ မိန္းကေလးပင္။ သူမက ရုပ္ရွင္တစ္ကားလံုးေအာ္ဟစ္ေနေလ၏။ ေခ်ာေမာခန္႔ညားတဲ့ အမ်ိဳးသားဇာတ္လိုက္စံုေထာက္ထြက္လာတာေတာင္မွ သူမကေတာ့ ေအာ္ဟစ္ေနဆဲပင္။

"ဒီမွာေၾကာက္စရာမပါပါဘူး။ နင္ ဘာလို႔ ေအာ္ေနတာလဲ?"

အနွီမိန္းကေလးရဲ႕ေနာက္မွာထိုင္တဲ့မိန္းကေလးတစ္ေယာက္က မ်က္နွာျဖဴ ေဖ်ာ့ေနကာ အကူအညီမဲ့စြာေမးလာသည္။

ေကာင္မေလးက ေပ်ာ္ရႊင္စြာမ်က္လံုးလွန္လိုက္သည္။

"ဒီတစ္ခါဘာေၾကာင့္ေအာ္ရတာလဲဆိုေတာ့ သူကေခ်ာလို႔။"

လူတ္ုိင္း : ....

"ဒါေပမယ့္ ဒီအေၾကာင္းေျပာရမယ္ဆိုရင္ ငါ့ေရွ႕မွာထိုင္ေနတဲ့ ေကာင္ေလးနွစ္ေယာက္ကလည္း အေတာ္ေလးေခ်ာတယ္။ သူတို႔က အတူတူေတာင္ထိုင္ေနၾကေသးတယ္။ ၿပီးေတာ့ အခုေလးတင္ တစ္ျခားတစ္ေယာက္က ေနာက္တစ္ေယာက္ကို မ်က္မွန္တပ္ကူလိုက္ေသးတယ္။ ဒါက အရမ္းရို(Ro)လြန္းလို႔ ငါ့ကိုသတ္ေနသလိုပဲ။"

သူမရဲ႕သူငယ္ခ်င္း(best friend): "နင္ အသံေလးတိုးလို႔မရဘူးလား? လူတိုင္း နင္ေျပာတာကို ၾကားေနရတယ္။"

ရွန္ဖူ : ...

ေနာက္ခံုမွာထိုင္ေနတဲ့မိန္းကေလးဟာ ရုပ္ရွင္အဆံုးထိ အသံျပာသြားေအာင္ ေအာ္ဟစ္ေလ၏။ ဒါေပမယ့္လည္း သူမက ခုထိဆူညံေနနိုင္တုန္းပင္။

"အား! အား! ဒီရုပ္ရွင္က လက္မွတ္အေရာင္းရဆံုးရုပ္ရွင္ဆိုတဲ့နာမည္နဲ႔ တကယ္ထိုက္တန္တယ္။ အရမ္းေကာင္းတာပဲ။"

ဒီေလာက္ထိေၾကာက္လန္႔ရၿပီးတာေတာင္ ဒီရုပ္ရွင္က ေကာင္းတယ္လို႔ သူမ တကယ္ႀကီးေတြးေနတုန္းလား?

"က်ိဳးရီႊလင္က အရမ္းေခ်ာတာပဲ။"

ဒါက အဓိကအခ်က္ျဖစ္ရမည္။

"ၿပီးေတာ့ ငါတို႔ေရွ႕မွာထိုင္တဲ့ ေကာင္ေလးနွစ္ေယာက္က အရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ ခ်စ္ခင္ေနတဲ့ gayအတဲြေလး...ခ်င္ခင္ေနတဲ့ gayအတဲြေလး..အား! ဒီခရီးက အလကားမျဖစ္ဘူးပဲ။ ငါ ဓာတ္ပံုခိုးရိုက္ထားတယ္။ ဒါေပမယ့္ ကံဆိုးခ်င္ေတာ့ ဝါးေနတယ္။ မဟုတ္လို႔ကေတာ့ ငါ ငါ့သူငယ္ခ်င္းေတြဆီပို႔ေပးတယ္။"

သူမရဲ႕ သူငယ္ခ်င္း(best friend) : "....သူတို႔က အခုထိမသြားေသးဘူး...ၿပီးေတာ့ နင့္ေနာက္မွာ။"

ေကာင္မေလးက ေနာက္လွည့္ၾကည့္လိုက္ၿပီး ရွန္ဖူ႔ရဲ႕ေအးစက္စက္အၿပံဳးနဲ႔ ေက်ာ့ရွင္းရည္မြန္ၿပီး ဘာကိုမွဂရုမထားတတ္သလိုနဲ႔ အမွန္ေတာ့ နည္းနည္းရႈပ္ေထြးေနပံုရတဲ့ လင္ရႈယီကို ေတြ႕လိုက္ရေလသည္။

"gayအတဲြေတြဆိုတာ ဘာလဲ?"

လင္ရႈယီက ေခါင္းေစာင္းလိုက္သည္။ သူ ဒီစကားကို အႀကိမ္ေတာ္ေတာ္မ်ားမ်ားၾကားဖူးၿပီးၿပီ။ ဒါ့အျပင္ ဒီစကားရဲ႕အဓိပၸါယ္က ပံုမွန္မဟုတ္ဘူးဆိုတဲ့ခံစားခ်က္မ်ိဳးလည္း ရေနေသးသည္။

ရွန္ဖူနဲ႔ သူငယ္ခ်င္းမေလး : ...

"gayအတဲြေတြဆိုတာ...အြန္း..အြန္း..!"

မိန္းကေလးရဲ႕သူငယ္ခ်င္းမက စကားမ်ားလြန္းတဲ့လ်ွာဖ်ားကေနထြက္လာေတာ့မယ့္ မေကာင္းတဲ့စကားေတြကို တားဆီးရန္အလို႔ငွာ သူမရဲ႕ပါးစပ္ကိုလွမ္းပိတ္လုိက္ေလ၏။ သူမက လင္ရႈယီကို ရယ္ျပကာ ေျပာလိုက္သည္။

"ကြၽန္မေတာင္းပန္ပါတယ္။ သူ ေလ်ွာက္ေျပာေနတာ။ ဘာမွမဟုတ္ေပမယ့္ ေပါက္ကရေတြခ်ည္းပဲ။"

ထို႔ေနာက္ သူမက သူ႔သူငယ္ခ်င္းကို ဆဲြေခၚသြားေတာ့သည္။

လင္ရႈယီကေတာ့ ပိုလို႔ပင္ရႈပ္ေထြးသြားေခ်သည္။ သူက ရွန္ဖူ႔ကို ၾကည့္လိုက္သည္။ ရွန္ဖူက မ်က္နွာမဲ့ေလ၏။

"အဲ့ဒါ..ကိုယ္တို႔မွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရွိတယ္လို႔ေျပာတာ။"

အဲ့လိုလား? လင္ရႈယီက စဥ္းစားလိုက္ၿပီးေနာက္ ခဏၾကာေသာအခါေျပာလာေလသည္။

"ဒါဆို ကြၽန္ေတာ္တို႔ gayအတဲြေတြလို႔ ေျပာလို႔ရတယ္။"

အာရံုစိုက္မေနတဲ့ရွန္ဖူေတာင္ လင္ရႈယီရဲ႕တက္ႂကြတဲ့စကားေၾကာင့္ အသက္ရွဴ ၾကပ္ကာ ေသေတာ့မလိုျဖစ္သြားသည္။ လင္ရႈယီရဲ႕အၾကည့္ကိုျမင္တဲ့အခါ သူ လ်ွင္ျမန္စြာပင္ လက္ခံလိုက္ေလေတာ့သည္။

"အင္း။ ကိုယ္တို႔က gayအတဲြ။ အရမ္းခ်စ္တဲ့gayအတဲြေလး။"

ရွန္ဖူ : သူ လက္စားေခ်တာခံေနရတယ္ဆိုတဲ့ အျပစ္မကင္းတဲ့ခံစားခ်က္ႀကီး ငါဘာလို႔ခံစားေနရတာလဲ..အား!
....

ေပါက္ေပါက္ကေတာ့ စားဖူးေနၾကတာမို႔ မထည့္ေတာ့ဘူးရွင္။
.....

[Unicode]

<သကြားပေါက်ပေါက်>

ရှန်ဖူက လင်ရှုယီပခုံးကို သူ့လက်မောင်းတွေနဲ့ သိုင်းဖက်ထားနေကြဖြစ်သည်။ အစမှာတော့ လင်ရှုယီက ဒါကိုမကြိုက်ပေ။ သူ့ရဲ့မနှစ်မြို့မှုကို အကြိမ်များစွာဖော်ပြခဲ့သော်လည်း ရှန်ဖူကမပြောင်းတာကြောင့် သူကျင့်သားရလာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ်...သူတို့နှစ်ယောက်လုံးက ယောက်ျ်ားလေးတွေပဲလေ။

"အဲ့ကားက ကြည့်လို့ကောင်းလား?"

လက်မှတ်အရောင်းသမလေးက စကားပြာတော့မယ့်အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကိုတိုတောင်းသောကျဉ်းချုပ်တစ်ခုပြောပြလိုက်ချေ ပြီ။

"ဒီကားက တော်တော်လူကြိုက်များတယ်။ အဓိကသရုပ်ဆောင်က ကျော်ကြားတဲ့ရုပ်ရှင်ဘုရင်ပဲ။ သူ့သရုပ်ဆောင်ချက်တွေက ကြည့်ရတာအရမ်းတန်တယ်။ မင်း ကြည့်ချင်လား?"

လင်ရှုယီ ခေါင်းငြိမ့်လိုက်သည်။

"The Carnageအတွက် လက်မှတ်နှစ်စောင်ပေးပါ။"

စကားပြောရမယ့်အခွင့်အရေးလေးတောင် မရှိတော့ဘူး။ လက်မှတ်အရောင်းသမလေးမှာ ပိုလို့ပင်ဝမ်းနည်းသွားရသည်။ အစကနေအဆုံးအထိ ဒီလူက သူမကိုအကြည့်လေးတစ်ချက်တောင် မပေးဘူး! သူမ ချစ်သူလေးတစ်ယောက်တောင်မရှာနိုင်တာ မဆန်းတော့ဘူး!

ခဏကြာပြီးနောက်မှာ အမျိုးသားနှစ်ယောက်က ခန်းမ(၅)ဆီကို အတူတူလျှောက်သွားကြသည်။ The Carnageရဲ့ ပထမဆုံးရုံတင်ပြသရက်ဖြစ်တာကြောင့် ညကိုးနာရီရှိနေတာတောင်မှ ရုံထဲမှာလူတွေပြည့်လို့နေ၏။ သူတို့ခုံတွေမှာထိုင်ပြီးနောက်တော့ ရှန်ဖူက ပြောင်းဖူးပေါက်ပေါက်တစ်ဘူးထုတ်လိုက်ပြီး မျက်မှန်နှစ်လက်ကိုလည်း တစ်နေရာမှ ယူလိုက်သည်။ The Carnageက 3Dရုပ်ရှင်ဖြစ်သည်။ သူတို့မဝင်ခင်တုန်းက တံခါးမှာရပ်နေတဲ့မိန်းကလေးက မျက်နှာမှာအပြုံးတွေဆင်မြန်းရင်း လင်ရှုယီကို 3Dမျက်မှန်တွေကမ်းပေးသည်။ သို့သော်လည်း သူမဟာ လင်ရှုယီရဲ့ မရည်ရွယ်ပါဘဲလျစ်လျူ ရှုမှုကိုခံလိုက်ရလေ၏။ မိန်းမပျိုလေးရဲ့ နှုတ်ခမ်းထောင့်စွန်းဆွေပင် တောင့်တင်းသွားရသည်။

လင်ရှုယီက မျက်မှန်တွေကို လုံးဝလျစ်လျူ ရှုထားကာ ပြောင်းဖူးပေါက်ပေါက်ကိုသာ အာရုံစိုက်နေလေသည်။

"အရသာရှိလား?"

ရှန်ဖူ : ...

နောက်ဆုံးတော့ လင်ရှုယီသူ့ကိုအများဆုံးမေးတတ်တာတွေက "အရသာရှိလား?" "ဘာက ပိုစားကောင်းလဲ?"ဆိုတာမျိုးတွေသာဖြစ်ကြောင်း ရှန်ဖူသိသွားတော့သည်။

"အရသာက ထောပတ်သကြားအရသာပဲ။ မင်းက အချိုအရမ်းကြိုက်မှတော့ မင်းဒါကိုလည်းကြိုက်မယ်လို့ ကိုယ်ထင်တယ်။"

လင်ရှုယီက တစ်ခုကောက်ကာ ကြည့်လိုက်သည်။ ဒါက ပြောင်းဖူးလား? တာ့ယန်မြို့တော်ရဲ့လမ်းတွေပေါ်မှာ တစ်ချို့လူတွေက ဒီလိုစားစရာမျိုးတွေရောင်းနေတတ်တာကို သူသတိရသွားသည်။ ဒါပေမယ့် အဲ့ဒါတွေက အတော်လေးကိုမသေမသပ်နဲ့ အရောင်ကလည်း မလှသလိုခံစားရတယ်။ ဒါတွေက ဆင်းရဲတဲ့မိသားစုက ကလေးတွေပဲဝယ်စားတဲ့ သရေစာဖြစ်သည်။ အရင်ကတော့ သူစားချင်မိပေမယ့် စုန်ယန်က ဒီဟာတွေက ကလေးတွေပဲစားတဲ့ဟာလို့ အမြဲတမ်းပြောတတ်သည်လေ။

ထို့နောက် သူပေါက်ပေါက်ကို ပါးစပ်ထဲထည့်လိုက်သည်။ ဒါက အရမ်းချို ပြီး အပြင်ခွံကလည်း ကြွပ်ရွနေကာ ဝါးလိုက်တာနဲ့ပါးစပ်ထဲမှာ အရည်ပျော်ကျသွားသည်။ ချို မြိန်နှစ်သက်ဖွယ်အရသာက သူ့ခံတွင်းထဲမှာ ပျံ့နှံ့သွားပေမယ့် ဒီအချိန်မှာ ပြောင်းဖူးပေါက်ပေါက်က အရည်ပျော်သွားပြီဖြစ်သည်။

"မင်း အရင်က ပြောင်းဖူးပေါက်ပေါက်တစ်ခါမှမစားဖူးဘူးလို့ ကိုယ်ဘာလို့ခံစားနေရတာလဲ?"

ရှန်ဖူက မယုံသင်္ကာဖြစ်သွားသည်။

လင်ရှုယီက သူ့ကိုအာရုံစိုက်ဖို့ ပျင်းလွန်းနေပြီး ပြောင်းဖူးပေါက်ပေါက်တွေသာ တစ်ခုပြီးတစ်ခုစားနေလေ၏။

ရှန်ဖူက မှီချလိုက်ကာ သူ့လက်ကိုမြှောက်ပြီး လင်ရှုယီရဲ့နှာရိုးပေါ်မှာ မျက်မှန်ဆပ်ပေးလိုက်သည်။

"ခင်ဗျား ဘာလုပ်နေတာလဲ?"

လင်ရှုယီက ရှန်ဖူကိုင်ထားတဲ့မျက်မှန်ကို လုံးဝသတိမထားမိချေ။ ရှန်ဖူ ဘာလုပ်နေတယ်ဆိုတာ သူမသိတာကြောင့် နောက်ကိုကျုံ့သွားသည်။

"မလှုပ်နဲ့။"

ရှန်ဖူက လက်ဆန့်ထုတ်လိုက်ကာ လင်ရှုယီကို ငြိမ်နေအောင်ထိန်းကိုင်ထားလိုက်သည်။ ပြီးနောက် သူက လင်ရှုယီရဲ့မျက်နှာပေါ်မှာ မျက်မှန်ကိုသေချာတပ်ပေးလိုက်သည်။

တီးတိုးစကားသံတွေက နောက်နားမှာထွက်ပေါ်လာသည်။ ရှန်ဖူက တီးတိုးပြောသံတွေကိုနားထောင်လိုက်ကာ သူ့နှုတ်ခမ်းထောင့်စွန်းတွေက ကွေးတက်သွားပြီး မကြားယောင်ဆောင်နေတော့သည်။

သူတို့နားက အလင်းတွေက ရုတ်တရက်မှောင်ကျသွားသည်။ ရုပ်ရှင်စပေပြီ။ မြင်ကွင်းတစ်ခုလုံးမှောင်ကျသွားတဲ့လင်ရှုယီက ဒါတွေနဲ့ကျင့်သားမရသေးတာကြောင့် ကြာင်အသွားသည်။

ထို့နောက် သွေးစွန်းနေတဲ့ခေါင်းပြတ်တစ်လုံးက screenမှာပေါ်လာသည်။ ခေါင်းက လင်ရှုယီရဲ့မျက်နှာတည့်တည့်ဆီ လှိမ့်လာသလိုပင်။ ခေါင်းပြတ်ထဲက မျက်လုံးက ပြူးကျယ်ပွင့်ဟနေပြီး သူ့ကိုစိုက်ကြည့်နေကာ နာကျည်းချက်တစ်ခုခုကြောင့် သေဆုံးသွားသလိုထင်ရ၏။ လင်ရှုယီတစ်ယောက် ကြောက်လန့်ကာ အော်မိတော့မလိုဖြစ်သွားပြီး နောက်တော့ သူက ရှန်ဖူ့လက်ကို ရုတ်တရက်ဆုပ်ကိုင်လိုက်သည်။

The Carnageက horrorရုပ်ရှင်ဆိုတာ ရှန်ဖူ လင်ရှုယီကိုပြောဖို့ မေ့သွားတာပင်။

အမှန်တော့ လင်ရှုယီအနေနဲ့ သူ့ရှေ့မှာပေါ်လာတဲ့ ဒီလိုမြင်ကွင်းမျိုးကို ကြောက်လန့်ခြင်းမရှိပါပေ။ ဝန်ကြီးဌာနရဲ့ထိပ်တန်းအရာရှိတစ်ယောက်က ယဉ်ကျေးမှုဝန်ကြီးတစ်ဦးဖြစ်ပေမယ့်လည်း ဒါက သူ့အနေနဲ့ လူသေတစ်ယောက်ကို ဘယ်တော့မှမမြင်ဖူးဘူးလို့ မဆိုလိုပါချေ။ လင်ရှုယီက မပြင်ဆင်ရသေးတာဖြစ်ပြီး ဒီလိုမြင်ကွင်းမျိုးကို မတွေ့ရတာကြာနေလို့ဖြစ်ပါ၏။ ထပ်ပြီးတော့ ဒါက ရုပ်ရှင်တစ်ခုဆိုတာ အသိသာကြီးပေမယ့်လည်း ခေါင်းက သူ့ဆီဘာကြောင့် တကယ့်အစစ်လိုလိမ့်လာရသလဲဆိုတာ မသိတာကြောင့် ထိကိုင်စရာတစ်ခုအတွက် သူလက်ထုတ်လိုက်မိတာပင်။

ပမထဆုံးပြကွက်မှာတင် ဒီလိုကြောက်စရာမြင်ကွင်းမျိုးကို ဘယ်သူမှမျှော်လင့်ထားသည့်ပုံမပေါ်ပေ။ ရုပ်ရှင်ရုံထဲမှာ အော်သံတွေတစ်ခုပြီးတစ်ခုပဲ့တင်ထပ်လာပြီး သူတို့နောက်က တီးတိုးပြောသံတွေကတောင် အော်သံတွေအဖြစ်ပြောင်းသွားချေ ပြီ။ ရှန်ဖူ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားသည်။ သူက ကြောက်မနေတာကြောင့် လင်ရှုယီကိုကြည့်ရန် လျှင်မြန်စွာလှည့်လိုက်သည်။ ရလဒ်အနေနဲ့ လင်ရှုယီက သူ့လက်မောင်းကိုဆွဲဆိတ်တာခံလိုက်ရလေ၏။ နာလွန်းတာကြောင့် သူ့မျက်နှာက ရှုံ့မဲ့သွားသည်။

"ကိုယ်ပြောမယ်။ ကိုယ့်ကို မဆိတ်နဲ့။"

လင်ရှုယီက သူ့ဘက်ကိုလှည့်လာကာ ဒေါသတကြီးပြောလေ၏။

"ခင်ဗျား ဘာလုပ်လိုက်တာလဲ?!"

ရှန်ဖူက အခြေအနေကိုနားမလည်ပါချေ။

"အဲ့ခေါင်းက ကျွန်တော့်ရှေ့ကို တကယ်ကြီးလိမ့်လာသလိုပဲ!"

ရှန်ဖူ : "မင်း 3Dအကြောင်းကိုလည်း မသိတာတော့ မဟုတ်လောက်ဘူးမလား?"

နောက်ဆုံးတော့ လင်ရှုယီက တောင်ထိပ်တွေမှာနေထိုင်တဲ့ ဂူအောင်းလူသားတွေနေရာကနေ ပြောင်းရွှေ့လာတာဖြစ်ရမယ်လို့ ရှန်ဖူ လက်ခံသွားလေပြီ။

အစပိုင်းက ကြောက်မက်ဖွယ်မြင်ကွင်းက လင်ရှုယီကို ထိတ်လန့်သွားစေသော်လည်း နောက်ပိုင်းသွေးပျက်ဖွယ်မြင်ကွင်းတွေကတော့ လင်ရှုယီကို မခြောက်လှန့်နိုင်တော့ပြီ။ ဇာတ်လမ်းက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းတာကြောင့် ရှတ်ဖူပင်လျင် နစ်မြောနေပုံရသည်။ သို့သော်လည်း တစ်ခြားသူတွေကတော့ မကြောက်ဘဲမနေနိုင်ကြပါချေ။ ဥပမာအနေနဲ့ လင်ရှုယီတို့နောက်မှာထိုင်သည့် မိန်းကလေးပင်။ သူမက ရုပ်ရှင်တစ်ကားလုံးအော်ဟစ်နေလေ၏။ ချောမောခန့်ညားတဲ့ အမျိုးသားဇာတ်လိုက်စုံထောက်ထွက်လာတာတောင်မှ သူမကတော့ အော်ဟစ်နေဆဲပင်။

"ဒီမှာကြောက်စရာမပါပါဘူး။ နင် ဘာလို့ အော်နေတာလဲ?"

အနှီမိန်းကလေးရဲ့နောက်မှာထိုင်တဲ့မိန်းကလေးတစ်ယောက်က မျက်နှာဖြူ ဖျော့နေကာ အကူအညီမဲ့စွာမေးလာသည်။

ကောင်မလေးက ပျော်ရွှင်စွာမျက်လုံးလှန်လိုက်သည်။

"ဒီတစ်ခါဘာကြောင့်အော်ရတာလဲဆိုတော့ သူကချောလို့။"

လူတ်ိုင်း : ....

"ဒါပေမယ့် ဒီအကြောင်းပြောရမယ်ဆိုရင် ငါ့ရှေ့မှာထိုင်နေတဲ့ ကောင်လေးနှစ်ယောက်ကလည်း အတော်လေးချောတယ်။ သူတို့က အတူတူတောင်ထိုင်နေကြသေးတယ်။ ပြီးတော့ အခုလေးတင် တစ်ခြားတစ်ယောက်က နောက်တစ်ယောက်ကို မျက်မှန်တပ်ကူလိုက်သေးတယ်။ ဒါက အရမ်းရို(Ro)လွန်းလို့ ငါ့ကိုသတ်နေသလိုပဲ။"

သူမရဲ့သူငယ်ချင်း(best friend): "နင် အသံလေးတိုးလို့မရဘူးလား? လူတိုင်း နင်ပြောတာကို ကြားနေရတယ်။"

ရှန်ဖူ : ...

နောက်ခုံမှာထိုင်နေတဲ့မိန်းကလေးဟာ ရုပ်ရှင်အဆုံးထိ အသံပြာသွားအောင် အော်ဟစ်လေ၏။ ဒါပေမယ့်လည်း သူမက ခုထိဆူညံနေနိုင်တုန်းပင်။

"အား! အား! ဒီရုပ်ရှင်က လက်မှတ်အရောင်းရဆုံးရုပ်ရှင်ဆိုတဲ့နာမည်နဲ့ တကယ်ထိုက်တန်တယ်။ အရမ်းကောင်းတာပဲ။"

ဒီလောက်ထိကြောက်လန့်ရပြီးတာတောင် ဒီရုပ်ရှင်က ကောင်းတယ်လို့ သူမ တကယ်ကြီးတွေးနေတုန်းလား?

"ကျိုးရွှီလင်က အရမ်းချောတာပဲ။"

ဒါက အဓိကအချက်ဖြစ်ရမည်။

"ပြီးတော့ ငါတို့ရှေ့မှာထိုင်တဲ့ ကောင်လေးနှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတာပဲ။ ချစ်ခင်နေတဲ့ gayအတွဲလေး...ချင်ခင်နေတဲ့ gayအတွဲလေး..အား! ဒီခရီးက အလကားမဖြစ်ဘူးပဲ။ ငါ ဓာတ်ပုံခိုးရိုက်ထားတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ဝါးနေတယ်။ မဟုတ်လို့ကတော့ ငါ ငါ့သူငယ်ချင်းတွေဆီပို့ပေးတယ်။"

သူမရဲ့ သူငယ်ချင်း(best friend) : "....သူတို့က အခုထိမသွားသေးဘူး...ပြီးတော့ နင့်နောက်မှာ။"

ကောင်မလေးက နောက်လှည့်ကြည့်လိုက်ပြီး ရှန်ဖူ့ရဲ့အေးစက်စက်အပြုံးနဲ့ ကျော့ရှင်းရည်မွန်ပြီး ဘာကိုမှဂရုမထားတတ်သလိုနဲ့ အမှန်တော့ နည်းနည်းရှုပ်ထွေးနေပုံရတဲ့ လင်ရှုယီကို တွေ့လိုက်ရလေသည်။

"gayအတွဲတွေဆိုတာ ဘာလဲ?"

လင်ရှုယီက ခေါင်းစောင်းလိုက်သည်။ သူ ဒီစကားကို အကြိမ်တော်တော်များများကြားဖူးပြီးပြီ။ ဒါ့အပြင် ဒီစကားရဲ့အဓိပ္ပါယ်က ပုံမှန်မဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးလည်း ရနေသေးသည်။

ရှန်ဖူနဲ့ သူငယ်ချင်းမလေး : ...

"gayအတွဲတွေဆိုတာ...အွန်း..အွန်း..!"

မိန်းကလေးရဲ့သူငယ်ချင်းမက စကားများလွန်းတဲ့လျှာဖျားကနေထွက်လာတော့မယ့် မကောင်းတဲ့စကားတွေကို တားဆီးရန်အလို့ငှာ သူမရဲ့ပါးစပ်ကိုလှမ်းပိတ်လိုက်လေ၏။ သူမက လင်ရှုယီကို ရယ်ပြကာ ပြောလိုက်သည်။

"ကျွန်မတောင်းပန်ပါတယ်။ သူ လျှောက်ပြောနေတာ။ ဘာမှမဟုတ်ပေမယ့် ပေါက်ကရတွေချည်းပဲ။"

ထို့နောက် သူမက သူ့သူငယ်ချင်းကို ဆွဲခေါ်သွားတော့သည်။

လင်ရှုယီကတော့ ပိုလို့ပင်ရှုပ်ထွေးသွားချေသည်။ သူက ရှန်ဖူ့ကို ကြည့်လိုက်သည်။ ရှန်ဖူက မျက်နှာမဲ့လေ၏။

"အဲ့ဒါ..ကိုယ်တို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ပြောတာ။"

အဲ့လိုလား? လင်ရှုယီက စဉ်းစားလိုက်ပြီးနောက် ခဏကြာသောအခါပြောလာလေသည်။

"ဒါဆို ကျွန်တော်တို့ gayအတွဲတွေလို့ ပြောလို့ရတယ်။"

အာရုံစိုက်မနေတဲ့ရှန်ဖူတောင် လင်ရှုယီရဲ့တက်ကြွတဲ့စကားကြောင့် အသက်ရှူ ကြပ်ကာ သေတော့မလိုဖြစ်သွားသည်။ လင်ရှုယီရဲ့အကြည့်ကိုမြင်တဲ့အခါ သူ လျှင်မြန်စွာပင် လက်ခံလိုက်လေတော့သည်။

"အင်း။ ကိုယ်တို့က gayအတွဲ။ အရမ်းချစ်တဲ့gayအတွဲလေး။"

ရှန်ဖူ : သူ လက်စားချေတာခံနေရတယ်ဆိုတဲ့ အပြစ်မကင်းတဲ့ခံစားချက်ကြီး ငါဘာလို့ခံစားနေရတာလဲ..အား!
....

ပေါက်ပေါက်ကတော့ စားဖူးနေကြတာမို့ မထည့်တော့ဘူးရှင်။
.....





Continue Reading

You'll Also Like

15.8K 2.3K 19
' ငါ့ဖူလန် က ငါ့ကို ထမင်းကျွေးဖို့အိမ်ကိုခေါ်သွားခဲ့တာကွ! ' ( Fu Lang Called me Home For Dinner) Title: 夫郎喊我回家吃软饭了 Author: 岛里天下 Total chapters 117 (c...
775K 31.2K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
126K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
1.6M 201K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။