ဤချစ်ခြင်းမှ
အပိုင်း၁၂
ခွန်းဆက်ပိုင်
"သားခွန်း သား …
"ဟမ် … …
"ဟုတ်ကဲ့ … …
" ဘယါသူလုပ်တာလဲသိလား … …
"ဟုတ်ကဲ့ယောက်ဖ … …
##############
အလင်း
"ဘာလို့လဲ … …
"Okလေ အဲဒါဆိုလည်း … …
"Okပြော … …
"သူကို အခြားနေရာအာရုံမရောက်စေချင်ဘူး ကျနော့်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ခဗျားဒါတော့လိကါလျောပေးပါ … …
"အော်ခွန်းလေး လား … …
ု
################
ဤချစ်ခြင်းမှ
အပိုင်း၁၂
ခွန်းဆက်ပိုင်
ကားနဲ့အိမ်သာပြန်ရောက်ခဲ့တယ် စိတ်ထဲမှာ အတွေးပေါင်းစုံဖြင့် ငါဘယ်လိုလုပ်ကမလဲ ဦးမင်းသေသွားရင် ငါထောင်ကျမှာပေါ့ အကိုနဲ့လည်းခွဲရမှာ မေမေတို့နဲ့လည်းခွဲရမှာလေ။ ကြောက်တယ် ငါကြောက်တယ် အရမ်းကြောက်တယ်။ ထောင်ထဲမှာ သိပ်ပင်ပန်းမှာပဲ သူများတွေပြောတာကြားဘူးတယ်ငါ ငါဘယ်လိုလုပ်ကမလဲ။
အကိုကတော့ သူရှင်းလိုက်မယ်ပြောတယ် အကိုဆေးရုံပို့လိုက်ပြီလား သူအသက်ရှင်ရဲ့လား အသက်ရှင်ပါစေဗျာ။
ခေါင်းပေါ်ကျလာတဲ့ရေစက်တွေကြားမှာ ကျနော်ဟာ ရေချိုးခန်းရဲ့ ရေပန်းအောက်မှာ ဒူးနှစ်ဖက်ကိုယုက်လျှက် ထိုင်နေခဲ့သည်။
အဲလူသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကျနော့်ဘဝကြီးက လုံးဝ ပျက်သုန်းသွားတော့မှာလေ။
"သား သား ခွန်းဆက်ပိုင် သား … …
အခန်းထဲ မေမေခေါ်သံများကြောင့် ကျနော်ထရပ်လိုက်ပြီး အဝတ်တွေချွတ်ကာ ဘေးတန်းက ခါးပတ်တဲ့သပတ်တစ်ထည်ကိုဆွဲပြီး ခါးမှာပတ်လိုက်သည်။ ခေါင်းသုတ်ပဝါကိုခေါင်းပေါ်လွှားတင်ရင်း ရေချိုးနေတဲ့ ပုံစံဖြင့် အပြင်သို့ပြန်ထွက်လာခဲ့သည်။
မေမေက ကျနော့်ကိုမြင်တော့ ချက်ချင်းပြေးလာပြီး ငိုယိုကာဖတ်ထားသည်။
"သားခွန်း သား …
ဘုရားရေ မေမေသိသွားပြီလား မေမေတောင်သိရင် ရဲရဲတွေဆို
"သား မင်းဦးလေး ဆေးရုံမှာတဲ့ သားလေးစိတ်ခိုင်ခိုင်ထားနော် သားကဦးလေးကို အရမ်းချစ်တော့ တစ်ခုခုဖြစ်မှာစိုးလို့ပါ … …
"ဗျာ ဘယ်လိုဖြစ်တာလဲမေမေ … …
စိတ်ခိုင်ခိုင်ထားဆိုတဲ့စကားကြောင့် မေမေ မသိသေးဘူးဆိုတာသိလိုက်သည်။ ဒါကြောင့် ဟန်ဆောင်ထားပေမယ့်အသံကတော့အေးစက်နေမုန်းကိုယ့်ကိုယ်ကိုသိနေသည်။ တုံရီစွာဖြင့် အသိချင်ဆုံးမေးခွန်းကိုမေးလိုက်သည်။
"အခြေအနေအရမ်းဆိုးလားမေမေ … …
"သားဆရာလေးပြောတာတော့ ဆေးရုံမှာ ခွဲပြီးပြီတဲ့ မကြာခင်သတိရလာမယ်လို့တော့ပြောတာပဲ … …
"အော်တော်ပါသေးရဲ့ အသက်မပါသွားလို့ … …
"ဟမ် … …
"အော် ဦးလေးတစ်ခုခုဖြစ်မှာစိုးလို့ပါ … …
"အေးအေးသားလေးစိတ်လျော့နော် အဝတ်လဲတော့ အမေတို့ သားဦးလေးဆီသွားကျမယ် … …
"ဟုတ်ကဲ့ … …
အဝတ်အစားလဲပြီးကားနဲ့ ဆေးရုံသို့ရောက်လာခဲ့သည်။ ဆေးရုံအခန်းထောင့်ကနေ ဦးလေးလှဲနေရာပြင်မအဆောင် ကုတင်များရှိရာသို့ငေးနေမိသည်။
ဦးမင်းကို မေမေကတွေ့သွားတော့အသဲအသန် သွားတွေ့ရှာသည်။ ကျနော်ကတော့ ဘယ်လိုမျက်နာချင်းဆိုင်ရမလဲသာ စဉ်းစားနေမိသည်။ ဦးမင်း ခဗျားကိုကျုပ်ရွံတယ်။
ဖေဖေကလက်ဆွဲခေါ်လာတာကြောင့် ကျနော်မလိုက်ချင်လိုက်ချင်နဲ့ပါလာခဲ့သည်။ သူ့ကိုမမြင်ချင်လို့မျက်နာသာလွဲထားခဲ့သည်။
"မောင်လေး နင်ကလည်းဟယ် အခန်းတစ်ခန်းတောင်းနေပါလား လူများတော့အနေခက်မှာပေါ့ … …
"ရပါတယ်အမရာ ကျနော်အဆင်ပြေပါတယ် … …
"ဒါနဲ့ နင်ကဘယ်ကနေဘယ်လို ခေါင်းကွဲသွားတာလဲ … …
"အဲဒါကလား … … လူတစ်ယောက်ကရိုက်လိုက်တာလေ … …
သူအသံကြောင့် ကျနော်လန့်သွားမိသည်။ ဦးမင်း တွေ့သွားတာလာဲး။ အမေတို့ကိုများပြောလိုက်မလား။
" ဘယါသူလုပ်တာလဲသိလား … …
"မသိပါဘူးမမရာ မမြင်မိဘူးလေ … …
"ငါ့ညီလည်းပင်ပန်းနေပြီ နားအုံးနော် … …
"ဟုတ်ကဲ့ယောက်ဖ … …
ကျနော်လည်းသက်ပြင်းပါးပါးချလိုကါမိသည်။ဦးမင်းမမြင်ဘူးပဲ။ တော်ပါသေးရဲ့။
အခန်းကိုဝေ့ကြည့်ပြီးအကိုလင်းကိုရှာနေမိသည်။ အကိုဘယ်မှာလဲ ဘယ်ရောက်နေတာလဲ။အဆောင်အပြင်ထွက်ကာ ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ရူကာဆက်နေမိတော့ စက်ပိတ်ထားပါသည်နဲ့ တိုးနေတော့သည်။
အကိုရယ် ဘာတွေသွားပြီးဘာတွေလုပ်နေတာလဲ ။ ညကကိစ္စကြေင့်အရမ်းလန့်သွားတာလား ။ ကျနော်လည်းလန့်သွားလို့ အကို့ကိုမနှစ်သိမ့်ပေးမိဘူး အကိုရယ် ဘယ်မှာလဲဗျာ။
##############
အလင်း
ကျနော်စဉ်းစားနေမိသည်။ သူကိုဘာပြန်ပြောသင့်လဲလို့ပေါ့။ ကိုမင်းကတော့ အောင်နိုင်သူတစ်ယောက်လို ပြုံးရင်း ကျနော့်ကို ကြည့်နေကာ
"ဘယ်လိုလဲ ကိုနဲ့လိုက်ခဲ့မယ်မလား … …
"အင်းလိုက်ခဲ့မယ် ဒါပေမယ့် အခုမဟုတ်သေးဘူး … …
"ဘာလို့လဲ … …
"ခွန်းစာမေးပွဲပြီးမှ တစ်လပဲလိုတော့တာ ကျနော်သူ့ကို ဂရုတစိုက်သင်ပေးချင်သေးတယ် … …
"Okလေ အဲဒါဆိုလည်း … …
"ကျနော်တောင်းဆိုစရာလည်းရှိသေးတယ် … …
"Okပြော … …
ကျနောသူမျက်နာကိုသေချာစိုက်ကြည့်လိုက်ပြီး
"တစ်လအတွင်း ကျနော်နဲ့ ဝေးဝေးမှာနေပါ … …
"ဘာလို့လဲ မင်းကိုငါပိုင်နေပြီလေ … …
ကျယ်လှောင်လှတဲ့ သူအသံက အခန်းအတွင်းဟိန်းသွားခဲ့သည်။
"သူကို အခြားနေရာအာရုံမရောက်စေချင်ဘူး ကျနော့်ကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ခဗျားဒါတော့လ်ိကါလျောပေးပါ … …
"တောခ် … အေးသဘောပဲ ငါကလည်းမင်းကို တစ်ဘဝလုံးပိုင်ကတော့မှာဆိုတော့ ဟိုကောင်ကို တစ်လလောက်ပေးလိုက်ရတာ မဆိုးပါဘူး … …
သူ့အမကိုဖုန်းဆက်ထားတာကြောင့် ကျနော်သူတို့မလာခင် အပြင်ထွက်လိုက်သည်။ ထိုစဉ်လူနာတင်လှဲရောက်လာပြီး ကိုမင်းကိုတင်သွားသည်။
ဘာလို့လဲဆိုတဲ့ သိချင်စိတ်နဲ့ လှဲကိုခနတားကာမေးလိုက်သည်။
"လင်းလေး ဒါကိုကိစ္စနော် လင်းလေးမကြာခင်သိလာမှာပါကွ … ဟား … …
နားမလည်နိုင်စွာ သူတိူ့နောက်လိုက်လာခဲ့သည်။ ပြင်မလူနာဆောင်ရောက်တော့ လူနာအများကြီးကြားက ကုတင်တစ်ခုမှာ ကိုမင်းကို တင်လိုက်တာ လူနာဆောင်အပေါက်က လှမ်းမြင်လိုက်တော့မှ တွေး လိုက်မိသည်။
အော် ခဗျာက သိပ်လည်း ဟန်ဆောင်တတ်တာပဲ။ သုတါသုတ် နဲ့ အန်တီတို့ကိုလှမ်းမြင်လိုက်တော့ ကျနော်တိုင်အကွယ်ကနေ ပုန်းကြည့်နေလိုက်သည်။
ခွန်းရယ် မျက်နာလေးချောင်သွားလိုက်တာ အရမ်းပင်ပန်းနေပြီလား။ စိတ်ချပါ ခွန်းထောင်မကျအောင် အကိုကြိုးစားပေးမှာပါ။ ချစ်တယ်နော်။
ခွန်းကိုဆက်မကြည့်နိုင်တော့ပဲ ဆေးရုံကနေထွက်လာခဲ့တယ်။ ကားစီးပြီး ရပ်ကွယ်နဲ့အနီးဆုံး မှတ်တိုင်မှာဆင်းပြီးလမ်းလျှောက်လိုက်သည်။
တစ်လမ်းလုံး လက်ထဲကဖုန်းကမြည်နေသည်။ လာနေတဲ့ဖုန်းလေးကိုကြည့်ပြီးငိုနေမိသည်။ ခွန်းဖုန်းတွေခေါ်နေတာလေ။ ခွန်းရယ် …။
ညဘက်ရဲ့ မီးအလင်းလေးအောက်မှာ ဖြည်းဖြည်းချင်းလျှောက်လာခဲ့မိသည်။ မျက်ရည်များကျနေတာ ဘေးကလူတွေ ကြည့်သွားတာတောင် မထိန်းနိုင်မိပါ။ ခွန်း … ခွန်း … ခွန်း …သတိရနေတဲ့ နာမည်လေးတစ်ခု။
တိုက်အောင်သို့ရောက်မုန်းမသိရောက်လာခဲ့သည်။ ထိုစဉ် ရှေ့ကနေ လူတစ်ယောက်တင်းကျက်စွာဖတ်လိုက်တာကြောင့် ကျနော်လန့်ကာ တွန်းဖယ်နေမိသည်။
"အကို …အကိုလင်း ကျနော်ပါ ခွန်းလေ ခွန်း … …
"အော်ခွန်းလေး လား … …
မျက်ရည်များကိုအသာပွတ်လိုက်ပြီး ခွန်းပုခုံးလေးပေါ်ခေါင်းတင်ရင်း ပင်ပန်းခဲ့သမျှ ခနနားနေမိသည်။
ရုတ်တရက် မီးတစ်ခုက ကျနော်တို့ နှစ်ယောက်ရှိရာစို့ လှမ်းထိုးလိုက်သည်။
ကားကိုအရှိန်နဲ့ မောင်းလာတာနှစ်ယောက်လုံးမြင်လိုက်ကျသည်။ သူနဲ့ကျနော်နဲ့ခလိုက်ပြီးရပ်ကြည့်နေမိသည်။ ကားရှေ့မီးက တဖြည်းဖြည်း ကျနော်တို့နဲ့နီးလာခဲ့သည်။
ု