ဤချစ်ခြင်းမှ........(Z&U)♥com...
By KhunSat001
288K 16.2K 394
ကျောင်းဆရာလေးနဲ့ ဆယ်တန်းကျောင်းသားလေးရဲ့ ချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ကျောင်းသားsekeလေးနဲ့ ကျောင်းဆရာUmeလေး😁😁😁... More
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
ကြေညာဆင်းမယ်နော်
Part-13
Part-14
Part-15
Part-16
Part-17
The end(final)
အားပေးကျပါအုံး
Extra
ကြေညာ။
ကိုယ်တိုင်
Part-9
10.9K 753 20
By KhunSat001
ဇော်ဂျီ
ဤချစ်ခြင်းမှ
အပိုင်း၉
ခွန်းဆက်ပိုင်
"ဟဲဟဲ ဟုတ်ကဲ့  … …
ဒေါက် ဒေါက် … …
"ဟုတ်ကဲ့ ဝင်ခဲ့ပါ … …
"နေပါအုံးအကိုရဲ့ … …
######$#####
ဦးမင်းသူရိန်
"ဟုတ်ထနေပြီမမ … …
"အင်း ချောလို့ … …
"ဟမ် ဘာ … …
###
############
အလင်း
ထမင်းစားနေတုံး
"မင်းသူရိန် … …
############
ယူနီ
ဤချစ်ခြင်းမှ
အပိုင်း၉
ခွန်းဆက်ပိုင်
ဒီနေ့မနက် စာသင်နေရင်း အကို့ကို ငေးကြည့်နေမိသည်။ အကိုကဘာလို့ တစ်နေ့တခြား ပိုပိုချောလာတာလဲမသိဘူး။
"ခွန်း စာကိုအာရုံစိုက်နော် ငါနှစ်ခါမရှင်းပြဘူး … …
"ဟဲဟဲ ဟုတ်ကဲ့  … …
အကိုနဲ့စာဆက်သင်နေရင်း
ဒေါက် ဒေါက် … …
"ဟုတ်ကဲ့ ဝင်ခဲ့ပါ … …
အကိုက တံခါးခေါက်သံကြားတော့ ဝင်လာခိုင်းလိုက်သည်။ ဝင်လာတဲ့ လူကတော့ ဦးမင်းပါ။ ဦးမင်းက ဒီနေ့လူငယ်ဆန်ပြီး ခန့်ညားနေသည်။ ဂျင်ပြာဘောင်းဘီကို အင်္ကျီကို လက် ပြတ်ကြောင့် ဖုထစ်နေတဲ့ ဗလတွေကအထင်းသား။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တော့ ကျနော်ဗလက ဦးမင်းထက်တော့ သေးတယ်ဗျ ။
ဦးမင်းဝင်လာတော့ အကိုမျက်နာအနည်းငယ်မာသွားသလိုပဲ။ အကိုကစာသင်တာ အနှောက်အယုက်ပေးရင်း မကြိုက်ဘူးလေ။
"ငါ့တူလေးစာသင်လို့ပြီးပြီလား … …
"ဟုတ်ခနနေပြီးတော့မှာပါ … …
"အေးအေး ပြီးရင်ဦးတို့အပြင်သွားရအောင် ဆော်လေးတွေ အရင်လိုလိုက်ငမ်းကျတာပေါ့ … …
ဘုရားရေ ဦးမင်းတော့ လုပ်ချလိုက်ပြီ အကိုရှေ့မှာ ကျနော့်ကိုအရှက်လာခွဲနေတယ်။ ကျနော်ဆက်မပြောဖို့ဟန်ပြပေမယ့် သူကတော့အကို့ကိုကြည့်ရင်းပြောနေတာမို့ ကျနော့်ကိုမြင်ပုံမရပါ။
"ဦးကလည်း အဲဒါကအရင်ကပါ အခုမဟုတ်ဘူးလေ အခုက မလိုတော့ဘူး စာ … ပဲအာရုံစိုက်တော့မယ် …
အကို့ကိုကြည့်တော့ ကျနော်ကိုဦးမင်း မသိအောင်မျက်စောင်းထိုးနေသည်။ ဘုရားရေ သူစိတ်ဆိုးနေပြီလား။
"ဒါနဲ့လင်းက ရေခဲသုတ်ကြိုက်တယ်မလား အကိုတို့နဲ့လိုက်စားပါလား … …
"ဦးဘယ်လိုသိတာလဲအကိုကြိုက်တာ … …
"အော် ဒီလိုပဲ လူတိုင်းကြိုက်တတ်တော့ မှန်းပြောလိုက်တာ … …
ဦးကမှန်းပြောတာတဲ့ လုံးဝအတည့်အကျကိုမုန်သွားတယ် ဦးကအမှန်းတော်သား ဦးဆီကပညာတွေယူပြီး အကိုအကြိုက်ကိုမှန်းကမယ်။
"နေပါစေ ကျနော်အိမ်စောစောပြန်ရမှာ ပြန်နင့်တော့မယ် … …
"နေပါအုံးအကိုရဲ့ … …
"သားဦးသွားပြင်တော့မယ်နော် ဒီကလင်းကိုလည်းအတူပြန်ပို့လို့ရတာပေါ့ … …
ဦးကပြောပြောဆိုဆိုနဲ့ ထွက်သွားတော့မှ ကျနော့်အကိုနားကပ်လိုက်ကာ အကိုလက်လေးကိုစုတ်ကိုက်ရင်း
"အကို တကယ်ပြန်တော့မှာလား လိုက်ခဲ့ပါလားဗျာ … …
"မလိုက်ပါဘူး မင်းတို့ကဆော်ငမ်းမှာလေ ငါပါတော့အနှောက်အယုက်ဖြစ်တာပေါ့ … …
ကျနော့်အကိုက လက်စသတ်တော့ သဝန်တိုနေတာပဲ။ နူတ်ခမ်းလေးဆူထားတော့ ချစ်ဖို့ကောင်းလိုက်တာဗျာ။ အကိုပါးလေးညစ်လိုက်ရင်း
"အကိုကလေ သဝန်တိုတာလေးက ချစ်စရာလေး … …
"ဟာ ဘယ်သူကသဝန်တိုလို့လည်း ပိုင်စိုးပိုင်နင်းနဲ့ ဟိုကိုင်ဒီကိုင်လာလုပ်နေတယ် … …
"ဟားးးး အဲတော့ ဘာဖြစ်လဲ ကိုချစ်သူပဲ ဘာကိုင်ကိုင်ပေါ့ဗျ … …
ကျနော်လည်းပြောရင်း အကိုခါးလေးကိုဆွဲဖက်ကာ အကိုလည်ပင်းလေးကိုနမ်းနေမိသည်။ တွန့်လူးနေတဲ့အကိုက
"ဟာ ခွန်းနော် မင်းပြောလေကဲလေမလုပ်နဲ့ လွှတ်အောင် အ … …
သူပြောလေပိုတင်းတင်းဖက်ထားလေမို့ မပြောပဲငြိမ်နေကာ အဖက်ခံနေသည်။ ချစ်ဖို့ကောင်းလိုက်တာ။ အကိုလည်တိုင်လေးကရတဲ့ ကိုယ်သင်းနံလေးက ကျနော့်ကိုဆွဲမက်စေသည်။ ဒီအနံလေးကို မှတ်ထားလိုက်ပြီ နှလုံးသားရဲ့မှတ်စုထဲမှာ ရင်ခုန်ခြင်း ဘောပင်နီလေးဖြင့်။
######$#####
ဦးမင်းသူရိန်
တံခါးနောက်ကွယ်ကနေ သူကိုစောင့်ကြည့်နေမိသည်။
သိပ်ပျော်နေတယ်ပေါ့ လင်း မင်းအရမ်းပျော်နေတယ်ပေါ့။ မင်းသိလား ကိုယ်မင်းကို အခုထိမေ့မရဘူးဆိုတာလေ။
မင်းကိုလွမ်းတိုင်း မင်းမဟုတ်တဲ့ လူတွေနဲ့ စိတ်ဖြေခဲ့ရတာကော မင်းသိလား။
မင်းနဲ့စတွေ့တုံးက မင်းကအရမ်းချစ်ဖို့ကောင်းတယ်နော် ခုမှ uniစတတ်တာတဲ့ ချစ်ဖို့အရမ်းကောင်းတာပဲ။ နားကျပ်လေးကိုတစ်ဖက်တည်းအမြဲတတ်တယ်။ ဖြူလွန်းတဲ့အသားလေးက ဆုတ်ကိုင်လိုက်တိုင်း အနီရောင်လက်ရာလေးတွေကျန်ခဲ့တယ်လေ။
အနီရောင်နူတ်ခမ်းပါးလေး။ ကော့ဆင်းနေတဲ့မျက်တောင်လေးက စတွေ့တုံးက ချစ်ဖို့ကောင်းခဲ့မုန်းမသိခဲ့ဘူး။
အမြဲခပ်ချေချေနေတတ်တဲ့ ငါ့ကို မင်းက ချစ်စရာအမူအရာလေးတွေနဲ့ဆွဲဆောင်နိုင်လွန်းတယ်နော်။ ခုတော့ရင့်ကျက်တည်ငြိမ်နေပြီပေါ့။ အေးလေ မင်းကိုပေးခဲ့တဲ့ ဒဏ်ရာက အသက်ငယ်သေးပေမယ့် မင်းကိုရင့်ကျက်စေတာငါမသိခဲ့ဘူး။
နောက်ကြောင်းပြန်ခြင်း
"သူရိန်ရေ မောင်လေး မင်းသူရိန် မင်းဒီနေ့အလုပ်သွားရမယ်လေ ထတော့ … …
အင်ဂျင်နီယာပေါက်စဖြစ်တာကြောင့် ကျနော်မှာ သူများထက်လုံလထားနေရသည်။ ဒီနေ့လည်း uniကျောင်းရှေ့က ကျောင်းဆောင်အသစ်ကို ဆောက်ပေးဖို့တာဝန်ကျတာမို့ ကျနော်ကိုအမက အစောကြီးလာနိုးခြင်းဖြစ်သည်။
"ဟုတ်ထနေပြီမမ … …
အမေမရှိတော့တဲ့ နောက်ပိုင်းအမကပဲ ကျနော့်ကို ဂရုစိုက်နေကျလေ။ အမကကျနော့်ကို အမြဲတောင်းပန်လေ့ရှိတယ်။ အဲဒါက ကျနော့်ဘဝက မိန်းမတစ်ယောက်ဆီပုံအပ်ပေးထားရလို့ပဲ။ ဒီစိတ်က ကျနော့်ရှင့်လျက်နဲ့ အပြုံးအရယ်မဲ့စေခဲ့သည်။
တူလေးခွန်းဆက်ပိုင် မွေးစတုံးက အိမ်စီးပွားရေး အောက်ဆုံးကိုထိုးကျခဲ့တယ် အင်ဂျင်နီယာကျောင်းတတ်စဆ်ိုတော့ အမကို ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး အမကမီးဖွားစပဲရှိသေးတယ်လေ ။ အကိုကကောပဲပေါ့။ ဒီအချက်တွေက ကျနော့်ကိုသူမဆီတွန်းပို့လိုက်တာပဲ။
သူငယ်ချင်းတွေနဲ့သွားဖြစ်တဲ့ကလပ်ကနေ သူမကိုစသိခဲ့တယ်။ ချမ်းသာမှန်းလည်းသိတယ်။ ထိုကြောင့် ကိုယ့်အမအရွယ်ထိုမိန်းမကို ကပ်ခဲ့ရတယ်
ငယ်ငယ်ကတည်းက ထမင်းမငတ်ဖူးပဲ အခုငတ်ဖူးတော့ ငတ်ရမှာကြောက်လာတယ် ခနတာပဲထင်ပြီ ကပ်လိုက်မိတာ ခုလိုနာကျင်လာရမယ်မုန်း မသိခဲ့ဘူး။
ကာမနွံထဲနစ်ရုံမက အိမ်ရဲ့စီးပွားရေးက သူမလက်ထဲအသက်ရှင်လာရတယ်။
စဉ်းစားနေတာတွေကိုဖျက်လိုက်ပြီး အလုပ်သွားဖို့ အိပ်ရာထလိုက်သည်။
ရေမိုးချိုးပြီး အောက်ထက်ဆင်းလာလိုက်သည်။ အမတို့နဲ့စားသောက်ပြီးတာနဲ့ ၁၁နှစ်အရွယ်ကျနော့်တူ ချောလေးအိပ်နေတာကို ခိုးနမ်းပြီးအလုပ်သို့ထွက်လာလိုက်သည်။ အတွေ့အကြုံယူကာစဆိုတော့ ပိုပင်ပန်းသလိုပဲ။ အလုပ်ကို ကားဖြင့်ထွက်လာရင်း
ကျောင်းရောက်တော့ ကားပေါ်ကဆင်းလိုက်ကာ ကားကိုပြန်ပိတ်နေတုံး
"ဟာ ဖယ်ဖယ် ရှေ့ကဖယ် စက်ဘီးဘရိတ် ပျက်နေတယ် ဖယ် အားး …
"အားးးး ကျိုးပြီကွာ အား နာလိုက်တာ … …
"ခဗျားကလည်းပိတ်သေးတယ် နာတယ်လာအော်နေတယ် … …
"ဘာကွ အ မင်းကလည်းမှားသေးတယ် … …
ကျနော့်ကိုမြင်ပြီး ကြောင်တောင်တောင်လေးကြည့်နေတဲ့ထိကောင်လေး စောနကရန်တွေ့နေတာ သူမဟုတ်တော့သလိုပဲ။ ကောင်လေးက ချစ်ဖို့ကောင်းသားလို့ ပထမဆုံးမှတ်ချက်ပေးမိသည်။
"ဟိတ် မင်းသတိလစ်နေတာလား … …
"အင်း ချောလို့ … …
"ဟမ် ဘာ … …
"အော် လမ်းကချောလို့ စက်ဘီးကဖြစ်သွားတာ အဲဒါပြောတာ တောင်း တောင်းပန်ပါတယ်ကို … …
"ဟမ် မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ် … …
"ကိုလို့ခေါ်တာ ခဗျားကံကောင်းတယ်နော် ကျုပ်လို့ချောတဲ့လူကိုလို့ခေါ်တာ ခဗျားတစ်ယောက်ပဲရှိတယ် ဂုဏ်ယူလိုက်စမ်းပါ … …
"အော် အေးအေး နားရှိလို့ကြားရတယ် ဖယ် ငါအလုပ်နောက်ကျနေပြီ … …
သူကိုတွန်းဖယ်ပြီးဆိုက်ထဲဝင်လာလိုက်သည်။
"ဟာ ကို ဒီမှာလုပ်တာလား အင်ဂျင်နီယာလား ဟွန့်ချေပြနေတာ တွေ့ကျသေးတာပေါ့ လင်းအကြောင်း … …
###
စတွေ့တဲ့ သူပုံရိပ်လေးတွေက ခုထိအထင်းသား တည်ရှိနေသည်။ ငါမင်းကို ဘယ်လောက်ချစ်ခဲ့လဲ ငါသာအသိဆုံးပါ လင်းရာ …
############
အလင်း
ဒီလူဘာလို့ ငါ့အကြိုက်တွေ မှတ်ထားတာလဲ။ ဘာဖြစ်ချင်နေတာလဲ။ ကြားထဲက ခွန်းကို အားနာလာမိတယ်။ နောက်ဖေးခန်းထဲဝင်လာလိုက်သည်။ အန်တီနဲ့အတူစားစရာတွေကို ချက်ပြုတ်နေလိုက်သည်။ ကျက်တော့ ကျနော်ခွန်းကို တတ်ခေါ်ခဲ့သည်။
ဦးမင်းသူရိန်ကတော့ သူဘာသာဆင်းလာခဲ့သည်။ ခဗျားနဲ့ပတ်သတ်ရင် ဘာမှကို မမှတ်မိချင်ဘူး။
ထမင်းစားနေတုံး
"မမ ကျနော် ဒေါ်သစ္စာနဲ့ မေရိကားမှာ လမ်းခွဲလိုက်ပြီ …
ဒေါ်သစ္စာအကြောင်း သူဘာလို့ ငါ့ရှေ့မှာလာပြောနေတာလဲ ကြားစေချင်လို့လား …
စားပွဲဝိုင်းခဏတိတ်ဆိတ်သွားပြီး ခွန်းအမေဘက်က
"မင်းဟိုကောင်လေးကိုမေ့လို့မရသေးဘူးလား … …
အန်တီပြောတော့ ဦးမင်းသူရိန် မျက်လုံးများကကျနော့်ကိုစိုက်ကြည့်နေသည်။
"ဘယ်တော့မှ မေ့မရလို့ပါ … …
ဟွန့်ယုံတမ်းစကားတွေပါလား ။ကျနော့်ဘေးမှာထိုင်နေတဲ့ ခွန်းပေါင်ပေါ်တင်ထားတဲ့ ခွန်းရဲ့လက်တစ်ဖက်ကို ကျနော်စားပွဲအောက်ကနေ အသာကိုင်လိုက်တော့ ခွန်းမော့ကြည့်လာကာ ကျနော့်ကိုပြုံးပြပြီး သူကပြန်ဆုတ်ကိုင်လာသည်။ ခွန်း ငါမင်းကို တကယ်ချစ်တာပါ။
"အေး ဟိုကောင်လေးက အစအနတောင် မတွေ့တော့ဘူး  … …
"မမက မမြင်ဖူးပဲ သူ့ကိုဘာလို့မုန်းနေတာလဲ … …
"အေး ချူစားတဲ့ လူမုန်သမျှကိုမုန်းတယ် အခြောက်တွေကိုလည်းမုန်းတယ် … …
ကျနော့်နဲ့ခွန်းက သူတို့စားကားဝိုင်းကို ဘေးမှ နားထောင်နေဟန်နဲ့တူသည်။ အန်တီရဲ့စကားတွေက ကျနော့်ကို နာကျင်လာစေသည်။ အခြောက်တွေတဲ့လား ။ ခွန်းခေါင်းငိုက်စိုက်သွားတာကျနော့်တွေ့လို့ သူလက်ကို ကျနော်လက်နှစ်ဖက်နဲ့ အပြည့်ကိုင်တွယ်လိုက်ရင်း လက်လေးပုတ်ကာ အဆင်ပြေတယ်ဆိုတဲ့ သဘောပြလိုက်မှ ခွန်းသက်ပြင်း သာသာလေးကို ကျနော်ကြားဖြစ်အောင်ကြားလိုက်မိသည်။
ခွန်းရယ် မင်းကငယ်သေးတယ်နော် ငါမင်းနာကျင်မှာစိုးရီမ်တယ်။ ဦးမင်းသူရိန် ကျနော့်ကိုအန်တီဆီက ဒီစကားတွေကြားစေချင်လို့ တမင် ဂွင်ဆင်လိုက်တာပဲ။ ခဗျားက ရွံဖို့ကောင်းလွန်းနေပြီ။
"သူကို ပြန်ခေါ်လာမယ်ဆို မမ ခွင့်ပြုမှာလား … …
"မင်းသူရိန် … …
"အန်တီကျနော်တို့နောက်မှပဲ စားတော့မယ် စာသင်စရာလေးတွေရှိသေးလို့ပါ … …
ကျနော်လည်း ဆက်မကြားချင်တော့သလို အတိတ်ကရူးမိုက်ခဲ့တာတွေ ပြန်မမြင်ယောင်ချင်တာတော့အမုန်ပါပဲ။
ထမင်းစားဝိုင်းမှ ကျနော်ထလာတော့ ခွန်းပါထလာခဲ့သည်။
ဒေါ်သစ္စာနဲ့ပြတ်သွားပြီတဲ့လား ခဗျားလို ငွေမက်တဲ့လူက ဟား ရယ်စရာတွေ တခြားမှာသွားပြောသင့်တယ်။
အခန်းထဲရောက်တော့ ကျနော်တံခါးလော့ချလိုက်ကာ ခွန်းကိုဖတ်နမ်းလိုက်သည်။ ခွန်းကတော့ ကြောင်တောင်တောင်လေးနဲ့ ငြိမ်နေသည်။ ဟုတ်ပါတယ် ကျနော်လောဘတွေတတ်လာမိပြီထင်တယ်။ ခဗျားကြောင့် ကျုပ်ချစ်ရမယ့် သူကို လက်မလွှတ်ချငိတော့ဘူး။
ကျနော့်ဘက်ကပဲ အနမ်းတွေကိုဦးဆောင်နေမိတော့သည်။ sorryပါ ခွန်းမင်းကိုမနစ်မွန်းစေချင်ပေမယ့် ငါလက်မလွှတ်နိုင်တော့လို့ပါ။
ခွန်းကို ကျနော်နမ်းတွေကြာရှည်ပေးတော့ ခွန်းလက်များကလည်း ကျနော်ကျောပြင်ကို ပွတ်သပ်လာခဲ့သည်။ ခွန်းလက်တိုင်များကို စုတ်ုယူနေမိသည်။ ခွန်းကျနော့်ကိုခွာလိုက်ပြီး ကုတင်ပေါ်လှဲစေလိုက်ကာ အပေါ်ကခွရင်း
"ကျနော့်ကို သမာဓိအား စမ်းနေတာလားအကို … …
"စမ်းနေတာမဟုတ်ပါဘူး သိနေတာလေ … …
ခွန်းကျနော့်ကို အဆက်မပြတ်အနမ်းတွေပေးရင်း
အကျီ င်္များကို ချွတ်စေလိုက်သည်။ အဝတ်ဗလာနဲ့ကိုယ်နှစ်ခုက နီးကပ်သွားတော့သည်။ ငါမင်းကိုချစ်တယ်ခွန်း
Continue Reading
You'll Also Like
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
274K 22.7K 40
အမြွှာ ညီနောင် သုံးယောက်ရဲ့ တွေ့ကြံလာရမယ့် ချစ်ခြင်းတွေ အချိုအခါးအလွမ်း တွေနဲ့ ဆုံတွေ့ရတဲ့ ဖူးစာရှင်လေးတွေ။ July-10ရက်,2020တွင် Wattpat မှာ စတင်ရေးသ...
382K 14.9K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...