*** Please ကျေးဇူးပြုပြီး ကျွန်တော်နဲ့ ဝေးဝေးနေပါ။
*****
"မလွန်ဆန်နိုင်... နှလုံးသားထဲ... ရစ်နှောင်ဖွဲ့.. ချစ်တော့လဲ...ချစ်တတ်ပဲ.. အတွေးခက်တဲ့ သံယောဇဉ်..
"တစ်ခြားလူတွေ... ဖျက်လို့တော့ နောက်မဆုတ်ဘူး... စမိတဲ့ အချိန်တွေကို... ဖျက်သိမ်းဖို့ မတောင်းဆိုနဲ့.. ငါဘယ်သူမှ ဂရုမစိုက်နိုင်...."
"ဟုတ်ကဲ့... ဆရာလေး ရေချိုးနေလို့ အိမ်ထဲ ဝင်ခဲ့လေ.ဗျာ... သြော် ဟုတ်.. ဆရာ သူ့ထက်မြတ်ပဲ.. လာပါဆရာ..."
"တစ်ခြားသူတွေ.. ဖျက်လို့တော့.. နောက်မဆုတ်ဘူး.. စမိတဲ့ အချိန်တွေကို.. ရုတ်သိမ်းဖို့ မတောင်းဆိုနဲ့.. ငါဘယ်သူမှ ဂရုမစိုက်နိုင်...
"
"သြော်...ဆရာပိုထက်မြတ်... ဟုတ်ကဲ့ ဒီကိုလာတာ ဘာကိစ္စ ရှိလို့လဲ မသိဘူးနော်.."
"ပြောပါအုံး... ခင်ဗျားလေးက ဘာစီစဉ်ဖို့လဲ?"
"ဒီလိုပါ ရောင်ဖြာရဲ့..."
"အင်း.... ခင်ဗျားလေး ပြော...."
"အင်း.... မဆိုးနဲ့နော်... မောင်မလုပ်တော့ဘူး... ချော့ရတာခက်လို့ ကျေးဇူးပြုပြီး ရွေစိတ်တော်တော့ မညှိုးပါနဲ့ဗျာ...."
"ရွာထဲက ကလေးမိဘတွေကို အစည်းအဝေးခေါ်မယ်... အဲ့ဒါ မောင် အဲ ရောင်ဖြာ နည်းနည်းလောက် လှုံဆော်ပေးကြည့်ပါနော်..."
At 4:23 PM....
"ရောင်ဖြာ...."
"မောင်... ငါတောင်းပန်ပါတယ်ကွာ... ငါက ဒီအတိုင်း မောင့်က တစ်ခြား သူစိမ်းတွေရှေ့ လိုက်စနေလို့... ဒီအတိုင်း မင်းကို ဟန့်လိုက်ရုံပါပဲ... ငါ့စိတ်ထဲမှာ မောင်နဲ့ပတ်သတ်ပြီး အရာအားလုံးက မောင့်ကို ချစ်ဖို့ချည်းပါပဲ...."
"........."
"မောင်... "
"........"
"တကယ်တော့ ငါ့ဘက်မှာ ဘယ်သူ့မှ မရှိဘူးလေ... အစကတည်းက မင်းကို အားကိုးပြီး မင်းမျက်နှာ တစ်ရွာထင်ပြီး လိုက်ခဲ့တာ... မောင်က အခုလိုကြီး ငါ့ကို မခေါ်တော့ ငါက ဘယ်လိုနေရမှာလဲ??"
"........."
"မောင်.. အင့်.. ငါ.. ငါ ကလေ.. အစကတည်းက မောင်.. မောင်နဲ့ မဆုံခဲ့မိသင့်ဘူး... အင့်.."
"မငိုနဲ့. ကျေးဇူးပြုပြီး မငိုပါနဲ့. မောင်က နည်းနည်း စိတ်မကောင်းဖြစ်သွားရုံပါပဲ.."
"အင့်... နောက်တစ်ခါ မောင်ကြိုက်သလို စကွာ... ငါ တကယ် မအော်တော့ဘူးနော်.. အင့်."
"နေအရမ်းကောင်းတာ မဟုတ်ဘဲနဲ့ မငိုနဲ့ကွာ... ခင်ဗျားလေးနော် ခင်ဗျားလေး.... မောင် ဘာကြောင့်များ ဒီလောက် ချစ်သွားလဲ မသိဘူး...."
"ဟ... လာပါပြီ... ကုလား ဓာတ်ပြားဟောင်းကြီး.... ချစ်လို့ ယူထားပါတယ် ဆိုနေမှ ဘယ်က မုန်းရမှာတုန်း... ခင်ဗျားကို လိုလဲ လိုချင်တယ် ... ဘယ်လိုယူရမှန်း မသိတာနဲ့ ကျွန်တော့်မှာ အဲ့တာတွေ ကြည့်ခဲ့ရတာ... အဲ့ဒါတွေက ကျွန်တော့်အတွက် လုံးဝအစိမ်းသက်သက်ကြီး...."
"အောင်မယ်....လျှောက်ပြောနေ.. မင်း..ငါ့ကို ယူတုန်းကတော့ အတင်းကာရော.. ကျွမ်းကျင်နေသလိုပဲနော်..."
"အတော်လေး.. သဘောကျနေတယ်ပေါ့... အခုရော အဆင့်တွေကို အလွတ်ကျက်နေရသေးလား?"
"ဘယ်ကသာ မောင်ဒီလောက် အပတ်တိုင်းလိုလို ထပ်ကာ ထပ်ကာ လုပ်နေမှတော့ မော့နေပါ့မလား? သြော် ဒါနဲ့ နေ့တိုင်း ပြောင်းကြည့်လေ... အဲ့ဒါဆို ဉာဏ်ကောင်းတဲ့ ခင်ဗျားမောင်က အဲ့ဘာသာမှာ ဂုဏ်ထူးထွက်မှာ...."
"မောင်... မင်း ညစ်တီးညစ်ပတ်တွေ... တစ်ပတ်ခြားစီတောင် ငါ့မှာမနည်း..မင်းဒဏ်နေ့တိုင်းသာ ခံနေရရင်တော့ ငါသေမှာ... ချစ်တယ်ဆို.. ငါ့မျက်ရည်တွေကို မောင်က မကြိုက်ဘူး မလား?"
"အာ.. မတူဘူးဗျ.. အခါတိုင်း ခင်ဗျား ငိုနေရင် မကြိုက်ပေမယ့်.. အဲ အဲ့ချိန်ကျရင်.. ခင်ဗျားငိုတာမြင်ရင် ပိုပြီးတော့တောင် ခက်ခဲ နက်နဲသွားတာ..."
"ကဲပါ... ထတာ မထတာက ထား... အဲ့ဆရာ သူ့ထက်မြတ်နဲ့ အရမ်းမပေါင်းပါနဲ့ဗျာ.. ကြည့်နေနော် ဟင်း. ဟင်း... ဖြစ်သွားမယ်..."
"မသိဘူး... သူ့ပုံစံ ကြည့်ရတာ ခင်ဗျားလောက် မဖြူစင်ဘူး.... ဘယ်လိုပြောရမလဲ? မောင် သေချာမပြောတတ်ဘူး.. သူ့ကြည့်ရတာ မဖြူစင်ဘူး.... "
ကျွန်တော့်ကလေးငယ်များသဖွယ် သူ့ကို သဘောထားပြီး သူ့နားရွက်လေးကို အသာဖွဖွ ဆွဲထားလေတော့ စွယ်စုံရအနုပညာရှင်ကြီး ဦးဝင်းဦးက... အကယ်ဒမီ ရှုံးအောင်ပင်....။
အားလုံးလဲ ငါမယုံနိုင် မင်းလေးကို ဘယ်သူ့မှ မပေး..၊ မပေး.. မပေးနိုင်ဘူး.. မင်းလေးက ငါ့အသက်ပဲ မင်းလေးက ငါ့အချစ်ပဲ ပိုတယ်လို့ မင်းမထင်နဲ့..."
"အယ်ဗျ... ချစ်လိုက်တာကွာ...."
______________________________________
(N- သူရဲကောင်းဟာ အ စရာ မရှိ ဝယ် အ ပြီး.. သူ့logicအတိုင်း ဆရာလေးကို သဝန်တိုဖို့ပဲ သိခဲ့ပါသတဲ့😁)
တိုသွားမှန်း သိပါတယ်ဗျ..။ အလုပ်က တစ်ဖက်မို့ မအားတဲ့အကြားက upပေးလိုက်ပါတယ်။
ဒီကြားထဲ ခွေးပေါက်လေးက အငိုသန်သေး...။
Song name- မာရဇ္ဇ (မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူး..)
တွေးကြည့်ပေါ့ဗျာ လူက ဂျစ်ကန်ကန်နဲ့ ဆိုတဲ့သီချင်းက😁
Thz, love,respect my stars...💙💚💜
Coverလေးတွေ အရမ်းလှတယ်😭 ကျေးဇူးပါဗျာ။ lovely coverလေးတွေအတွက် တကယ် ကျေးဇူးတင်ပါတယ်😍
အပိုင်း(၅)
...ချဥ်းကပ်ခြင်း....🌾
... Please ကျေးဇူးပြုပြီး
ကျွန်တော်နှင့် ဝေးဝေးနေပါ။
ကျွန်တော့်ရဲ့ ဆရာလေးက
သဝန်မတိုပေမယ့် တစ်ခုခုဆို
Psychoတွေ ဝင်တတ်လွန်းလို့...။
*****
🎶
~~ မလွန်ဆန်နိုင်... နှလုံးသားထဲ ရစ်နှောင်တွယ်..
ပတ်လို့ဖြင့် ထားသော်လည်း...
အတွေးခက်တယ် သံယောဇဥ်.....
ငယ်ရွယ်သူ ဖြစ်တော့လည်း ချစ်တာပဲ....
ဦးစားပေး သိနေတယ်...
အတွေးခက်တယ် ဇာတ်လမ်းမှာ...
ကြားလူတွေ ဖြတ်လို့တော့ နောက်မဆုတ်ဘူး
စ,မိတဲ့ အချစ်တွေကို ရုတ်သိမ်းဖို့ မတောင်းဆိုနဲ့
မောင့်အသိထဲ ခင်ဗျားတစ်ယောက်ပဲ
ငဲ့ညှာမယ်...
တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး ဖျက်သိမ်းဖို့
မတောင်းဆိုနဲ့...
မောင် ဘယ်သူမှ ဂရုမစိုက်နိုင်....။
"ဆရာလေး... ဆရာလေး သဝဏ်လွှာ.."
"ဟုတ်ကဲ့... ဆရာလေး ရေချိုးနေလို့ အိမ်ထဲ ဝင်ခဲ့လေဗျာ... ။ သြော် ဟုတ်.. ဆရာ သူ့ထက်မြတ်ပဲ.. လာပါဆရာ..."
ထင်ထားသလို ဆရာလေးသဝဏ်လွှာရဲ့အသံမဟုတ်ဘဲ အခြားတစ်ယောက် အသံ၊ အတိအကျပြောရရင် ကျွန်တော် သဘောကျလွန်းသော သူ၏အသံ။ ကြည်လင်ပြတ်သားလွန်းသည်။ အသံကို ကြားလိုက်တာနဲ့ သူ၏ ပြတ်သားမှုတစ်ချို့က အထင်းသားပေါ်သည်။
ဒူးအောက် ပုဆိုးအကွက်ကမှိုင်းထနေတာ လက်သုတ်ဝတ်အလား? အပေါ်ပိုင်းအင်္ကျီကတော့ သိတယ်မလား? သူက မြေသြဇာ၊ ပတ်ဆေး၊ ဖျန်းဆေးတစ်ချို့အတွက် ပင်တိုင်စံပြ မင်းသား။ အခုလဲ ရွှေနဂါးတံဆိပ်နှင့် စွပ်ကျယ်အကျီ်က ဖရိုဖရဲ။ ပုဆိုးက ဒူးအထက်ကနေ စပြီး ရေက စိုစိုစွဲစွဲ။ ပြီးတော့ ဝမ်းဗိုက်တစ်ချို့ ၊ ရင်ဘတ်တစ်ချို့ နေရာမှာ ရေက နစ်နေအောင် စိုနေသည်မို့... ယောကျာ်းချင်း မကြွေချင်သော အရာများက ကျွန်တော့်မြင်လွှာကို ပိတ်ပင်မရခဲ့။ တကယ်ကို ဒီကလေးက ငေးကြည့်ချင်စရာလေး ဖြစ်နေခဲ့သည်....။
"ဆရာ သူ့ထက်မြတ် ထိုင်လေ.... ။ ကျွန်တော် ဆရာလေးကို ပြောထားလိုက်မယ်... ခဏထိုင်ဦးနော်..။ ကျွန်တော်က အဝတ်တွေ ရှိနေလို့...."
"ဟင်? အဝတ်တွေ မင်းလျှော်တာလား?"
"အမြဲတမ်းတော့ မဟုတ်ပါဘူး.... ။ ဒီနေ့ ဆရာလေး နေမကောင်းလို့ ...ကျန်တဲ့နေ့က သူပဲ လျှော်ပေးတာ...။ ကျွန်တော်က သူလျှော်ပေးတာကိုမှ ၀တ်တတ်တာကိုး...။ ခဏလေးပဲ.. စောင့်ပါ သူတက်သွားတာ ကြာပါပြီ...။ ခင်ဗျားလေး.. ဗျို့ ခင်ဗျားလေး.. ဧည့်သည်ရောက်နေတယ်ကွာ.. မောင့်ကို ရှက်ရင် ညမှ ရှက်...။"
လုံးဝကို ပြုံးနေသည်။ သူ့ရဲ့အရာရာကို ခေါ်ပြီး ပြုံးနေပုံလေးက တကယ်ကို စွဲမက်ဖွယ်ရာ အပြည့်နဲ့ပင်။ နူတ်ခမ်းမွှေး စိမ်းစိမ်းတစ်ချို့က သူ့နူတ်ခမ်းတို့၌ စိမ်းတမြမြ။ လုံးဝကို ချွန်တက်နေသော နှာတံတို့က ယောကျာ်းပီသမှု ပြယုဂ်များပင်။ အကြောစိမ်း ပြိုင်းပြိုင်း ထ,နေသော ထိုကလေး လက်များက လုံးဝကို ရူးသွပ်စရာပင်။
စုတ်ဖွာဖွာ ဆံပင်တို့က သူ့ခေါင်းပေါ်၌ freeဆန်ဆန် ပြေကျနေသည်..။ သူစီးထားသော ဆင်ကြယ်ဖိနပ် သဲကြိုးအစိမ်းက ဖနှောင့်နေရာတစ်ချို့မှ နိမ့်ဆင်းပြီး ပါးလွှာနေသည်။ ဒီအတိုင်း အုတ်ရေကန်လေးက မိမိနဲ့ မလှမ်းမကမ်းတွင် ရှိနေသည်မို့ သူအဝတ်လှမ်းပုံ၊ သူအဝတ်ညစ်ပုံကို နစ်နဲစွာ ငေးနေမိသည်။
တကယ်ကို ဆရာလေး အဝတ်အစားဟု ယူဆလို့ရသော အဖြူအစိမ်း ကျောင်းuniformကို ရေစင်အောင် အကြောပြိုင်းပြိုင်း ထ အောင် သူ့အားဖြင့် လိမ်ညှစ်နေပုံက အင်္ကျီပင် ပြဲကျမတတ်။ ဒီကြားထဲ မာရဇ္ဇသီချင်းက ထထဆိုနေသေးသည်။ သူသီချင်းက ဆာလွန်းလို့ ကျွန်တော်တောင် မနေတတ် မထိုင်တတ် ဖြစ်ရသည်။
...တစ်ခြားသူတွေ.. ဖျက်လို့တော့..
နောက်မဆုတ်ဘူး.. စမိတဲ့ အချစ်တွေကို..
ရုတ်သိမ်းဖို့ မတောင်းဆိုနဲ့..
မောင်ဘယ်သူမှ ဂရုမစိုက်နိုင်...
ခဏ အကြာမှာ ဆရာလေး သ၀ဏ်လွှာက အိမ်ပေါ်က ဆင်းလာပြီး ကျွန်တော့်ဆီသို့...။
"သြော်...ဆရာကိုထက်မြတ်...။ ဟုတ်ကဲ့ ဒီကိုလာတာ ဘာကိစ္စ ရှိလို့လဲ မသိဘူးနော်.."
"သြော်.. ဟုတ် ဒီလိုပါဗျ.. ..။ ကျွန်တော်တို့ အာစရိယ ပူဇော်ပွဲလေးနဲ့အတူ.. ကျောင်းစုံညီလေး ကျင်းပဖို့.. အဲ့ဒါ ဆရာမကြီးက ဆရာ့ကို ပြောခိုင်းလိုက်လို့ပါ။.. စီစဉ်စရာ စီစဉ်ရအောင်လို့... ဆရာက နယ်ခံလို ဖြစ်နေတော့...."
"သြော်... စိတ်ချပါဗျာ... ။ ကျွန်တော် စီစဉ်စရာ ရှိတာသာ ပြောပေးခဲ့ပါ။ ကျန်တာ အားလုံး ကျွန်တော့်တာဝန်ထားပါ...။"
"ပြောပါဦး...... ခင်ဗျားလေးက ဘာစီစဉ်ဖို့လဲ?"
ဆရာလေး သဝဏ်လွှာအနား အနီးကပ်ဆုံး ထိုင်နေပြီး အပြုံးတစ်ချို့နှင့်အတူ ဆရာလေးကို ငေးနေပုံက တကယ်ကို နက်နဲစွာနဲ့ပင်...။ ဆရာလေးသဝဏ်လွှာကတော့ သနပ်ခါးပါးပါးလေးကို မိန်းမဆန်စွာ လိမ်းခြယ်ထားတာ မဟုတ်။ ပါးပါးလေးနဲ့ပင် လေသင့်ရင် အတော်လေး အနံ့လေးက သင်းနေလိမ့်မည်။ သနပ်ခါးကို ဖြစ်သလို မြန်မြန်ဆန်ဆန် လိမ်းထားခဲ့ပုံရသည်။
မျက်ခုံးနေရာ ၊ နူတ်ခမ်းသားပေါ်၌ ရှင်မတောင် သနပ်ခါးဖြူဖြူတို့က ကြားကျောင်နေသည်။ ဒါကိုပင် ဂျစ်ကန်လေးကတော့ ကြည့်ပြီး ပြုံးသည်။ ဆရာလေးမျက်ခုံးမွှေးပေါ်မှ သနပ်ခါးတို့ကို သူ့လက်တစ်ချို့နဲ့ အသာဖွဖွ ခြစ်ချပေးနေပြီ။ ထို့နောက် နူတ်ခမ်းသားတွေ......။
ငါ့ကို နည်းနည်းလောက်တော့ အကြည့်တို့ ဝေငှပေးလို့ မရဘူးလား... ဂျစ်ကန်ရယ်။ မင်းရဲ့ဘေးမှာ ငါလည်း ရှိနေပါတယ်...။ ဒါပေမယ့် ငါ မင်းကို လိုချင်တဲ့ စိတ်ဆန္ဒတွေ တဖြည်းဖြည်းနဲ့ ယုံကြည်ချက်တွေ ကွယ်ပျောက်လာသလို..... ။ မင်း သူ့ကို သေအောင်ဂရုစိုက်တဲ့အချိန်တိုင်း ငါ့မွာ မင်းကို လိုချင်လွန်းလို့... တကယ်ပါပဲ. ... ငါ ကံဆိုးတယ်... ။ ဆရာလေး သဝဏ်လွှာထက် မင်းကို အရင်မတွေ့ခဲ့တာကိုပေါ့....။
ဒါပေမယ့် ဆရာလေး....။ မင်းနှစ်သက်မယ့် ရုပ်ရည်လေးနဲ့ အရာရာကို မင်းအသည်းယားအောင် သူက ဆွဲဆောင်နိုင်စွမ်းရှိတယ်။ ဖွေးဖွေးသေးသေးနဲ့ ဒီဆရာလေးက လုံးဝကို ရောင့်ဖြာ အပြုံးတို့ ဖြစ်တည်ရာပင်....။ ချစ်မြတ်နိုးခြင်းတို့ ဖြစ်တည်ရာပင်။ဒီကလေးက အဲ့လိုပုံစံလေးပဲ ကြိုက်တယ်ဆိုရင်တော့ ဆရာလေးနှင့် ဆန့်ကျင်ဘက် ကျွန်တော်က သူမကြိုက်သော အချက်များ အားလုံး စုပေါင်းထားသည်ဟု ဆိုရမည်။
"ဒီလိုပါ ရောင်ဖြာရဲ့..."
"အင်း.... ခင်ဗျားလေး ပြော...."
ဂျစ်ကန်ရုပ်က လုံးကို ဆရာလေးကို တစ်ရွာထင်နေပုံရသည်။ မိမိတို့အနား သူရောက်သည်က နာရီဝက်ပင် ကျော်တော့မည်။ ထိုနာရီဝက်လုံး သူ့အကြည့်များက ဆရာလေး သဝဏ်လွှာ အပေါ်၌သာ ကိန်းအောင်၍....။ ရုပ်က ပြီတီတီမို့ ဆရာလေးက သူ့ပုခုံးကို တစ်ချက်မျှ ရိုက်ပြီး....... ။
"ဘာလို့ အဲ့လိုကြီးတွေ လျှောက်ပြောနေတာလဲ? တည်တည်တံ့တံ့နေစမ်းကွာ... ပြောင်စပ်စပ်တွေ ငါ မကြိုက်ဘူးနော်..."
"ဟုတ်ပြီ... ခင်ဗျားလေး သဘော..."
စကားအဆုံး၌ ပါးနှစ်ဖက်လုံး သူ၏ လက်နှစ်ဖက်ဖြင့် ဆွဲဖျစ်ခြင်း ခံလိုက်ရလေသည်။ ကျွန်တော့်မှာ မနာသော်ငြား တစ်ခြားဆရာတစ်ယောက်ရှေ့ အဲ့လိုကြီး လုပ်ပြနေတာတော့ မသင့်တော်သည် ထင်တာမို့.....။
"ရောင်ဖြာ..... ငါစိတ်ဆိုးတော့မှာနော်..."
"အင်း.... မဆိုးနဲ့နော်... မောင်မလုပ်တော့ဘူး....။. ချော့ရတာခက်လို့ .. ကျေးဇူးပြုပြီး ရွေစိတ်တော်တော့ မညှိုးပါနဲ့ဗျာ...."
နေပါဦး.. ကျွန်တော်က အချစ်ရုပ်ရှင်ကြည့်ဖို့ လာတာလား? ဆွေးနွေးဖို့ လာတာလား? ဂျစ်ကန်လေး မင်းနည်းနည်းတော့ များသွားပြီ ။ ငါက မင်းကို သဘောကျနေတဲ့ သူလေကွာ။ မင်းက အဲ့လိုကြီး သူ့ကို ချစ်ပြနေတော့ ငါ...အဆင်မပြေဘူး...။ ကျေးဇူးပြုပြီး ကိုယ့်ကို မပိုင်ဆိုင်ချင်ရဲအောင် မလုပ်ပါနဲ့....။
"ကျောင်းစုံညီနဲ့ အာစရိယ ပူဇော်ပွဲလေး လုပ်ဖို့ လာပြောတာပါ။ အဲ့ဒါ ငါက နယ်ခံဖြစ်နေတော့ နည်းနည်းလေး စီစဉ်ပေးဖို့ ပြောတာပါ။"
"အင်း... အဲ့ဒါ မောင်က ဘာကူညီရမလဲ?"
"ရွာထဲက ကလေးမိဘတွေကို အစည်းအဝေးခေါ်မယ်... ။ အဲ့ဒါ မောင်.. အဲ ရောင်ဖြာ နည်းနည်းလောက် လှုံဆော်ပေးကြည့်ပါနော်..."
"မောင် အဲ ရောင်ဖြာတွေ လုပ်မနေနဲ့... ခင်ဗျား ခိုင်းချင်ရင် ဒီလိုပဲ ခေါ်တာပဲ။ အင်းပါ မောင်ပြောပေးပါ့မယ်။ ရွာထဲက လူတွေက ဂျစ်ကန်ကန်ရယ် မောင်သိပ်ပြီး မပြောချင်ဘူး... ပြောရ ဆိုရတာ လက်ပေါက်ကပ်လို့..."
နေပါဦး ရွာထဲက လူတွေက ဂျစ်ကန်တယ် ဟုတ်လား? ပြောရဆိုရတာ လက်ပေါက်ကပ်တယ်ပေါ့ ။ မင်းလောက်တော့ မဆိုးလောက်ပါဘူး။
"အရေးထဲ ဘူဘူချင်း တစ်လုပ်မနေနဲ့..."
"အယ်ဗျ.... ဆရာလေး သဝဏ်လွှာ..တကယ် မထင်ရဘူး ။ ဆရာဖြစ်နေပြီး ဖဲရိုက်တယ်ပေါ့။ ပြောပါဦး... ဘူကြီးပဲလား? ၂၁တို့ ရှမ်းကိုးမြီး တို့ ဆော့သေးလား?"
"ရောင်ဖြာ! ငါက အကောင်းပြောနေတာလေ..."
"ဟုတ်... မောင် မစတော့ဘူးနော်... ဆက်ပြောကြပါ။"
လုံးဝမကောင်းသော မျက်နှာ သုန်သုန်မှုန်မှုန်နှင့် ကျွန်တော်တို့ နှစ်ယောက်ရှိရာမှ ထွက်သွားသည်။ ကြည့်ရတာ ဒီကေလး စိတ်မကောင်းဖြစ်သွားပုံရသည်။ ထွက်သွားသော သူ၏ ကျောပြင်ကျယ်ကို ငေးနေမိသည်။ ဒါပေမယ့် အတွေးတို့ကတော့ ကွာမည် ထင်သည်။
ညနေ ၄နာရီ ၂၃မိနစ်...
"ရောင်ဖြာ...."
ဟင်းချက်နေသော သူ့အနားထိုင်ပြီး အချိန်အတော်ကြာ သူ့ကို မှီတွဲ့ပြီး အမည်မျိုးစုံ ခေါ်နေပေမယ့် သူကတော့ လုံးဝကို သူ့မခေါ်သလို ၊ မကြာသလိုပါလေ..။
"မောင်... ငါတောင်းပန်ပါတယ်ကွာ... ငါက ဒီအတိုင်း မောင့်က တစ်ခြား သူစိမ်းတွေရှေ့ လိုက်စ,နေလို့... ။ ဒီအတိုင်း မင်းကို ဟန့်လိုက်ရုံပါပဲ... ငါ့စိတ်ထဲမှာ မောင်နဲ့ပတ်သတ်ပြီး အရာအားလုံးက မောင့်ကို ချစ်ဖို့ချည်းပါပဲ...."
"........."
"မောင်... "
"........"
"တကယ်တော့ ငါ့ဘက်မှာ ဘယ်သူ့မှ မရှိဘူးလေ... ။အစကတည်းက မင်းကို အားကိုးပြီး မင်းမျက်နှာ တစ်ရွာထင်ပြီး လိုက်ခဲ့တာ...။ မောင်က အခုလိုကြီး ငါ့ကို မခေါ်တော့ ငါက ဘယ်လိုနေရမှာလဲ?"
"........."
"မောင်.... ငါကလေ.. အစကတည်းက .. မောင်နဲ့ မဆုံခဲ့မိသင့်ဘူး ထင်တယ်နော်..."
"မငိုနဲ့. ကျေးဇူးပြုပြီး မငိုပါနဲ့....။ မောင်က နည်းနည်း စိတ်မကောင်းဖြစ်သွားရုံပါပဲ.."
"အင်း... နောက်တစ်ခါ မောင်ကြိုက်သလို စ,ကွာ... ငါ တကယ် မအော်တော့ဘူးနော်..."
"နေအရမ်းကောင်းတာ မဟုတ်ဘဲနဲ့ မငိုနဲ့ကွာ....။ခင်ဗျားလေးနော် ခင်ဗျားလေး.... မောင် ဘာကြောင့်များ ဒီလောက် ချစ်သွားလဲ မသိဘူး...."
"ငါ့ကို စတွေ့တုန်းက မုန်းနေခဲ့တာမလား?".
"ဟ!... လာပါပြီ... ကုလား ဓာတ်ပြားဟောင်းကြီး...။ ချစ်လို့ ယူထားပါတယ် ဆိုနေမှ ဘယ်က မုန်းရမှာတုန်း...? ခင်ဗျားကို လိုလည်း လိုချင်တယ် ... ။ဘယ်လိုယူရမှန်း မသိတာနဲ့ ကျွန်တော့်မှာ အဲ့တာတွေ ကြည့်ခဲ့ရတာ... အဲ့ဒါတွေက ကျွန်တော့်အတွက် လုံးဝအစိမ်းသက်သက်ကြီး...."
"အောင်မယ်....လျှောက်ပြောနေ.. ...။ မင်း..ငါ့ကို ယူတုန်းကတော့ အတင်းကာရော.. ကျွမ်းကျင်နေသလိုပဲနော်..."
"ဟား... ဟား... အဲ့ဒါက ရယ်ရတယ်... ကျွန်တော့်မှာ အဲ့ဒါကို စာကျက်သလို ကျက်ခဲ့တာ... ။ ဘာပြီးရင် ဘာလုပ်ရပြီး ဆိုပြီး။ အရေးထဲ ခင်ဗျားက ရုန်းနေတော့ ကိုယ့်မှာ ရှေ့ဆက်နေရင်း ... အဆင့်တွေက မေ့သွားလို့ မနည်းပြန်စဉ်းစားရတယ်... ဟား....။ ဒါပေမယ့် ပြီးတော့ ပြီးသွားပါတယ်..."
"အတော်လေး.. သဘောကျနေတယ်ပေါ့...။ အခုရော အဆင့်တွေကို အလွတ်ကျက်နေရသေးလား?"
"ဘယ်ကသာ... မောင်ဒီလောက် အပတ်တိုင်းလိုလို ထပ်ကာ ထပ်ကာ လုပ်နေမှတော့ မေ့နေပါ့မလား? သြော် ဒါနဲ့ နေ့တိုင်း ပြောင်းကြည့်လေ... အဲ့ဒါဆို ဉာဏ်ကောင်းတဲ့ ခင်ဗျားမောင်က အဲ့ဘာသာမှာ ဂုဏ်ထူးထွက်မှာ...."
"မောင်... မင်း ညစ်တီးညစ်ပတ်တွေ... ။ တစ်ပတ်ခြားစီတောင် ငါ့မှာ အဆင်မပြေ..မင်းဒဏ်နေ့တိုင်းသာ ခံနေရရင်တော့ ငါသေမှာ...။ ချစ်တယ်ဆို... ငါ့မျက်ရည်တွေကို မောင်က မကြိုက်ဘူး မလား?"
"အာ.. မတူဘူးဗျ....။ အခါတိုင်း ခင်ဗျား ငိုနေရင် မကြိုက်ပေမယ့်.. အဲ.. အဲ့ချိန်ကျရင်.. ခင်ဗျားငိုတာမြင်ရင် ပိုပြီးတော့တောင် ခက်ခဲ နက်နဲသွားတာ..."
စကားက ကောင်းကောင်းမပြော...။ ကျွန်တော့်တစ်ကိုယ်လုံး တဏှာ အကြည့်နဲ့ ကြည့်ပြီး...။ အာ တကယ်ပါပဲ ရှက်လိုက်တာနော်။ သူ့အကြည့်များအောက် ကျွန်တော့်ခန္ဓာကိုယ်မှာ ပိုပြီး သေးငယ်သွားသလို.....။
"ဘူးထချက် မြင်မကောင်းဘူး... မင်းဘာဖြစ်နေတာလဲ?"
"ကဲပါ... ထတာ မထတာက ထား...။ အဲ့ဆရာ သူ့ထက်မြတ်နဲ့ အရမ်းမပေါင်းပါနဲ့ဗျာ.. ... ကြည့်နေနော် ဟင်း ဟင်း... ဖြစ်သွားမယ်..."
"ဟား... ဘယ်လို? မောင်က အခု သူနဲ့ ငါ့ကို သဝန်တိုနေတာလား?"
"မသိဘူး... သူ့ပုံစံ ကြည့်ရတာ ခင်ဗျားလောက် မဖြူစင်ဘူး....။ ဘယ်လိုပြောရမလဲ? မောင် သေချာမပြောတတ်ဘူး.. သူ့ကြည့်ရတာ မဖြူစင်ဘူး.... "
"သြော်.. မောင်က သူ့ကို ဘယ်လောက်တောင် အကြာကြီး ကြည့်နေလို့ သူက အဲ့လိုလူဆိုတာကို သိတာလဲ?"
ကျွန်တော့်ကလေးငယ်များသဖွယ် သူ့ကို သဘောထားပြီး သူ့နားရွက်လေးကို အသာဖြဖြ ဆွဲထားလေတော့ စွယ်စုံရအနုပညာရှင်ကြီး ဦးဝင်းဦးက... အကယ်ဒမီ ရှုံးအောင်ပင်....။
"အား... နာတယ်လေဗျာ... ဘာလဲ? မောင့်ကို သဝန်တိုနေတယ်ပေါ့...
အားလုံးလည်း ငါမယုံနိုင် မင်းလေးကို ဘယ်သူ့မှ မပေး..၊ မပေး.. မပေးနိုင်ဘူး.. မင်းလေးက ငါ့အသက်ပဲ မင်းလေးက ငါ့အချစ်ပဲ ပိုတယ်လို့ မင်းမထင်နဲ့..."
အာဗြဲကြီးနဲ့ သူသီချင်းဆိုနေတော့ ကျွန်တော့်မှာတော့ သူ့ပါးစပ်ကို လိုက်ပိတ်နေရင်းမှ သူ့ထံမှ ကျွန်တော့်ပါး၊ ဆံပင်များဆီသို့ အကြမ်းပတမ်း ပွတ်သပ်နမ်းရှိုက်ရင်း...။
"ဦးသဝဏ်လွှာ... မောင်က ခင်ဗျားအနားကပ်တဲ့လူ မှန်သမျှ ကြည့်ရမှာပဲ။ ကျန်တာမဟုတ်ဘူး... မောင့်အပိုင်ကို သူတို့ပြစ်မှားနေလား အနေအထားနဲ့ပဲ....။"
"ရောင်ဖြာ...။"
"အယ်ဗျ... ချစ်လိုက်တာဗျာ...။"
•• ဟင့်အင်း ကျွန်တော် သူ့ကို မြတ်နိူးဖို့က public areaဆိုတာ မရှိဘူး••