FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
က်ိဳးယြင္ရွန္႕ နွင့္ေက်ာက္ရႊမ္သည္ ပင္လယ္ကမ္းေျခကို တုိက္ရိုက္မသြားေသးပဲ ေရးေနာ့ မ်ိဳးႏြယ္စု ရွိရာေဒသကို အရင္သြားလိုက္သည္။ လမ္းတေလွ်ာက္သူတို႕က ေတာင္တန္း ေဒသေတြက ရွားပါးသယံဇာတေတြကို သယ္ေဆာင္လာတဲ့ မ်ိဳးႏြယ္စုေတြ၊ အထုပ္အပိုးေတြကို သယ္လာတဲ့သူေတြ၊ အမ်ိဳးသမီးအုပ္စုကို ေခၚေဆာင္လာတဲ့ မ်ိဳးႏြယ္စုေတြကို ေတြ႕လိုက္ရသည္။ သူတို႕အားလံုးက ေရးေနာ့မ်ိဳးႏြယ္စုေတြဆီက အနီေရာက္ေက်ာက္နွင့္ လဲလွယ္ရန္ လာႀကသူမ်ားျဖစ္သည္။
သူတို႔သည္ လူမ်ားမျမင္ေအာင္ ေတာထဲသို႔ခိုးဝင္ကာ ေရးေနာ့အႏြယ္ပိုင္နယ္ေျမသို႔ တိတ္တဆိတ္ဝင္ေရာက္ခဲ့ၾကသည္။ သူတို႔သည္ စစ္သည္မ်ားစြာ၏ ေစာင့္ႀကပ္ထားသည့္ အေနာက္ဘက္ ေတာင္ေက်ာသို႔ေျပးသြားၾကသည္။ ဆားနွင့္လဲရန္ သူတို႕က မ်ိဳးႏြယ္စု တခ်ိဳ႕ဆီက အနီေရာက္ေက်ာက္ကို ခိုးယူခဲ့ႀကသည္။
"ကြ်န္ေတာ့္ ခ်စ္သူႀကီး ခင္ဗ်ား ဒီမ်ိဳးႏြယ္က ကိုနည္းနည္းထူးဆန္းတယ္လို႕ မထင္ဘူးလား"
က်ိဳးယြင္ရွန္႕ က ႐ုတ္တရက္ေျပာလိုက္သည္၊ ေက်ာက္ရႊမ္လည္း ေခါင္းျငိမ့္ျပီး သေဘာတူေႀကာင္း ျပလိုက္သည္။ ေရးေနာ့ မ်ိဳးႏြယ္ထိန္းခ်ဳပ္ထားသည့္ ေတာအုပ္ထဲကို ဝင္လိုက္မိသည္နွင့္ ေရွးဦးသားရဲ အုပ္စုမ်ားကို အျခားေနရာထက္ ပိုမိုမ်ားျပားစြာ ေတြ႕လာရသည္။
စုံတြဲသည္ ဒီေဒသတြင္ၾကာျမင့္စြာကတည္းကရွိေနခဲ့ၿပီးေသာ ေရွးဦး သားရဲနွင့္ သားရဲတိရစာၦန္ရိုင္းတို႔၏ျခားနားခ်က္ကို တျဖည္းျဖည္းျခင္း သတိျပဳမိလာႀကသည္။ ေရွးဦးသတၱဝါမ်ား၏မ်က္လုံးမ်ားသည္ ပို၍ အသိဥာဏ္ရွိျပီး စိတ္လႈပ္ရွားမႈအမ်ိဳးမ်ိဳးကိုေဖာ္ျပႏိုင္သည္။ သားရိုင္းေကာင္မ်ား၏မ်က္္လံုးက ရက္စက္ၾကမ္းၾကဳတ္ျခင္းကိုသာ ေဖာ္ျပေနသည္။
သူတို႔သည္အေရွ႕ပိုင္းသစ္ေတာတြင္ လူမ်ိဳးစုတစ္ဒါဇင္ေက်ာ္ခန္႕ ေနထိုင္ခဲ့ၾကၿပီး မ်ိဳးႏြယ္စုတစ္ခုခ်င္းစီတြင္ ေရွးဦးသတၱဝါမ်ားကို နွင္ထုတ္ခဲ့ ေသာ္လည္း ထိုေရွးဦးသားရဲမ်ားကို အေရွ႕ပိုင္းေတာထဲတြင္ စုစုေပါင္းတစ္ရာမွႏွစ္ရာသာ ေတြ႕ရွိခဲ့သည္။ သို႔ေသာ္ဤသစ္ေတာသည္က်ယ္ျပန႔္ၿပီး ေရးေနာ့အႏြယ္၏ ပိုင္နက္ေနရာျဖစ္ေသာ္လည္း ေရွးဦးသားရဲအေရအတြက္သည္ တစ္ရာႏွစ္ရာထက္ အမ်ားႀကီးသာလြန္သည္။
က်ိဳးယြင္ရွန္႕ ကေရွးဦးသားရဲမ်ားကို တိတိက်က်တြက္ ခ်က္ျခင္း မရွိခဲ့ေပမယ့္ လမ္းတစ္ေလွ်ာက္တြင္ ေရွးဦးသားရဲ အေကာင္ 70၊ 80 ခန္႕က မိုက္မဲေသာျခေသၤ့ဆီသို ႔ေခါင္းတညိတ္ညိတ္ျဖင့္ သူႏွင့္ခင္မင္ရင္းႏွီးလိုေသာဆႏၵရွိေႀကာင္း ေဖာ္ျပေနသည္။ ဒီအေရတြက္ကို အႀကမ္းဖ်င္းႀကည့္ျခင္းျဖင့္ ဒီေတာထဲမွာ ေရွးဦးသားရဲ အေကာင္ေရ ေထာင္ေက်ာ္ရွိနုိင္သည္။
ဒီမွာ ဘာရည္ရြယ္ခ်င္ျဖင့္ ေရွးဦးသားရဲတိရိစာၦန္မ်ားကို စုစည္းထားသလဲ၊ ေရးေနာ့မ်ိဳးႏြယ္ေတြက အျခားရည္႐ြယ္ခ်က္ရွိေနတာလား။ ဒါေပမယ့္ သူတို႔ရဲ႕မွန္းဆက ခ်က္ခ်င္းေပ်ာက္သြားသည္။ က်ိဳးယြင္ရွန္႕ က အေဝးမွေျပးလာသည့္ အသံမ်ားနွင့္ ငိုသံကိုၾကားလိုက္ရသည္။ ေယာက္်ား၏ႀကီးၾကပ္မႈေအာက္တြင္ သားရဲငယ္ေလးမ်ားကို သူတို႔၏လက္မ်ားျဖင့္ ကိုယ္တုိင္လႊင့္ပစ္ေသာ မိန္းမမ်ားစြာကို ေတြ႕လိုက္ရသည္။ သားရဲငယ္မ်ားသည္ လြန္ခဲ့ေသာ ၂ လခန႔္ကမွ ေမြးဖြားခဲ့ဟန္တူသည္။ အမ်ိဳးသမီးမ်ားသည္ လူ႔ပုံစံျဖင့္ေမြးဖြားခဲ့ၿပီး ေယာက္်ားမ်ားသည္ တစ္လအတြင္း လူသားအသြင္ေျပာင္းသြားႀကသည္။ လူသားအျဖစ္ မေျပာင္းနုိ္င္ေသာ သူမ်ားက ေရွးဦးသားရဲမ်ားအျဖစ္သာ က်န္ရစ္ခဲ့သည္။
သူတို႔ကိုင္ထားသည့္ သားရဲေလးမ်ားသည္ သူတို႔သားသမီးမ်ားျဖစ္မွာေသခ်ာသည္။ အမ်ိဳးသမီးမ်ားသည္ သူတို႔ကိုစြန႔္လႊတ္ရန္ျငင္းဆန္ေသာအခါ ေယာက္်ားမ်ားက သားရဲကေလးမ်ားကို ဆြဲယူျပီး ျမက္ပင္မ်ားထဲကို လႊင့္ပစ္လိုက္ႀကသည္။ ျပီးေတာ့သူတို႕က အမ်ိဳးသမီးမ်ားကို ဆြဲထုတ္သြားခဲ့သည္။ သူတို႕ထြက္သြားျပီး မၾကာမီအ႐ြယ္ေရာက္ၿပီးေသာ ေရွးဦးသားရဲ အေတာ္ေတာ္မ်ားမ်ားသည္အနံ႔ခံျပီး ေရာက္လာကာ ျမက္ေတာထဲမွ ငိုယိုေနေသာ သားရဲငယ္ေလးမ်ားကို ေကာက္ယူလိုက္ၾကသည္။ သူတို႔မိဘမ်ား၏ စြန႔္ပစ္ျခင္းကို ခံရေသာ္လည္း သူတို႔ကို ေရွးဦးသားရဲမ်ားက ေကာက္ယူကာ ေကာင္းမြန္စြာ ေကြ်းေမြးထားႀကသည္။
ဤအခ်က္ကိုၾကည့္ရႈျခင္းအားျဖင့္ က်ိဳးယြင္ရွန္႕ သည္ သစ္ေတာထဲမွ ေရွးဦးသားရဲမ်ားသည္ ေရးေနာ့ အႏြယ္မွ စြန႔္ပစ္ထားျခင္းခံရသည္ကို နားလည္သေဘာေပါက္သြားခဲ့သည္။ ေက်ာက္ရႊမ္က အနီေရာက္ေက်ာက္မ်ား ျမွဳပ္နွံထားသည့္ ေနရာကို အနံ႕ခံျပီး လက္သည္းျဖင့္ကုတ္ကာ ေဖာ္လိုက္သည္။
ေရးေနာ့အမ်ိဳးအႏြယ္ႏွင့္အျခားလူမ်ိဳးမ်ားအၾကား တစ္ခုတည္းေသာကြဲျပားျခားနားမႈမွာ အနီေရာင္ေက်ာက္ကို ုပိုင္ဆုိင္ထားျခင္းျဖစ္သည္။ အနီေရာင္ crystals မ်ားသည္ စြမ္းအင္သိုေလွာင္ထားၿပီး ၎တြင္ေရဒီယိုသတၱိႂကြပစၥည္းမ်ားပါဝင္ ေနသည္။ ထိုအရာမ်ားထဲမွ အခ်ိဳ႕စြမး္အင္သည္ လူ႔ခႏၶာကိုယ္အတြက္ အက်ိဳးရွိေစေသာ္လည္း သူတို႔၏မ်ိဳး႐ိုးဗီဇကို တုိက္ရိုက္ ေဘးထြက္ဆိုးက်ိဳးရွိေစသည္။ ဒီလိုေႀကာင့္ သူတို႕ဆီမွာ လူသားအျဖစ္ အသြင္မေျပာင္းနုိင္သည့္ ေရွးဦးသားရဲေလးမ်ား ေမြးဖြားလာႀကျခင္းျဖစ္သည္။
အမ်ိဳးသမီးမ်ားသည္ ေရးေနာ့မ်ိဳးႏြယ္နွင့္ လက္ဆက္ကာ သားသမီးေမြးဖြားခဲ့ေပမယ့္ ေရဒီယိုဓာတ္ေရာင္ျခည္သက္ေရာက္မႈေၾကာင့္ လူ ဦး ေရျပန႔္ပြားမႈနႈန္းက်ဆင္းသြားသည္။ ျဖစ္နိင္တာက သူတို႕ထဲမွ ေမြးဖြားလာသည့္အထဲ တစ္ဦး သို႔မဟုတ္ႏွစ္ ဦးကိုသာ လူသားအျဖစ္ အသြင္ေျပာင္းနုိင္သည့္ သားရဲမ်ိဳးဆက္အျဖစ္ေမြးဖြားလာျပီး က်န္ေမြးလာသမွ်အားလံုးက အသြင္မေျပာင္းနုိင္ေသာ ေရွးဦးသားရဲေလးမ်ားသာ ျဖစ္ႀကပံုေပၚသည္။
အနီေရာင္သလင္းေက်ာက္သည္ တစ္ခ်ိန္တည္းတြင္ သားရဲေယာက္်ားမ်ား၏ ခြန္အားကို တိုးျမႇင့္ေပးခဲ့ ေပမယ့္ လူသားအသြင္ေျပာင္းနုိင္သည့္ ကေလးေမြးဖြားမႈကို က်ဆင္းလာေစသည္။ ဒီလိုမ်ိဳးဆက္သြားမည္ဆုိလွ်င္ တစ္ခ်ိန္ကေက်ာ္ၾကားခဲ့တဲ့ ေရးေနာ့အႏြယ္ဟာေနာက္ဆုံးမွာ ေပ်ာက္ကြယ္သြားလိမ့္မယ္။ အနီေရာင္ေက်ာက္သလင္းသည္ ရတနာ မဟုတ္၊ အဆိပ္တစ္မ်ိဳးျဖစ္သည္။ အကယ္၍ သူတို႔ရဲ႕ စြမ္းအားကိုတိုးျမႇင့္လိုပါက အနီေရာင္ေက်ာက္မွ စြမး္အင္ကို စုပ္ယူႀကရေပမယ့္ သူမတို႕မ်ိဳးပြားမႈကို ထိခို္က္နို္င္ေသာေႀကာင့္ မလုိအပ္ပဲ ေက်ာက္မွ စြမ္းရည္ကို စုပ္ယူျခင္းကို သူတို႕ မႏွစ္သက္ေၾကာင္း ထင္ရွားေနသည္။
ဒီအေႀကာင္းက က်ိဳးယြင္ရွန္႕ တို႕နွင့္ မသက္ဆုိ္င္ေပ။ ဆားကိုဝယ္ယူဖို႕ အနီေရာင္သလင္းေက်ာက္ကို သံုးေနသေရႊ႕ သူတို႕ကို ကယ္တင္လို႕လည္း ရနုိင္မည္မဟုတ္ေပ။ ျပီးေတာ့ အနီေရာင္ေက်ာက္ရဲ႕ ဆိုးက်ိဳးကို ေျပာျပလိုက္လွ်င္ ဒီသားရဲျဂိဳလ္သားေတြရဲ႕ တိုးတက္ေျပာင္းလဲ မႈျဖစ္စဥ္ကို ထိခုိက္နုိင္မွာေသခ်ာသည္။ ဒါဆုိလွ်င္ သူတို႕ ဟန္းနီးမြန္းခရီး ျပီးလို႕ သူတို႕ျဂိဳလ္ကို ျပန္ေရာက္လွ်င္ နုိင္ငံတကာ အာကာသ ဥပေဒကို ခ်ိဳးေဖာက္မႈျဖင့္ သူတုိ႕ ေထာင္က်မွာေသခ်ာသည္။ က်ိဳးယြင္ရွန္႕ က သူ၏ပ်ားရည္ဆမ္းခရီးၿပီးေနာက္ ေထာင္ထဲသို႔မသြားလိုပါ။
က်ိဳးယြင္ရွန္႕က ရယ္ၿပီးေတာင္ေပၚသို႔ သယ္ေဆာင္သြားရန္ျခေသၤ့ႀကီးကို ေျပာျပီး ေက်ာေပၚကို ခုန္တက္လိုက္သည္။
က်ိဳးယြင္ရွန႔္ ႏွင့္ေက်ာက္႐ႊမ္တို႔နားကို ဒီေတာထဲက ေရွးဦးသားရဲဘုရင္ အစြယ္ရွည္က်ားတစ္ေကာင္က ခ်ည္းကပ္လာၿပီး သူတို႕ကို စံုစမ္းဖို႕ႀကိဳးစားေပမယ့္ သူ ဘာမွမေမးလိုက္ရေသးခင္ ျခေသၤ့ႀကီးရဲ႕ လက္ဝါးႀကီးက သူ႕ပါးကို ပိတ္ရိုက္လို္က္တာကို ခံလိုက္ရသည္။ ျခေသၤ့ႀကီးက ေျမေပၚလဲက်သြားတဲ့ က်ားကို နွစ္ပတ္ ပတ္ေလွ်ာက္ရင္း အသံတုိးတိုးနဲ႕ ဟိန္းေနတယ္။ သားရဲနွစ္ေကာင္ ဘာသေဘာတူညီခ်က္ ေတြ လုပ္ေနတယ္ဆိုတာ မသိေပမယ့္ က်ားႀကီးက ေခါင္းျငိမ့္လိုက္ျပီး ေႀကာက္ရြံ႕စြာ ေျပးထြက္သြားေတာ့သည္။
နာရီဝက္ႀကာေတာ့ ရူးမိုက္တဲ့ ျခေသၤ့ႀကီးက ဘာလုပ္ခ်င္တယ္ဆိုတာ က်ိဳးယြင္ရွန႔္ သေဘာေပါက္သြားတယ္။ ျခေသၤ့ႀကီးက ဒီေတာထဲမွာေနတဲ့ သားရဲအုပ္စုႀကီးကို ေတာင္အေနာက္ဘက္မွာ ေစာင့္ႀကပ္ေနတဲ့ စစ္သည္ေတာ္ေတြကို တုိက္ခုိက္ျပီး အေဝးကို မွ်ားေခၚသြားခုိင္းတယ္။ စစ္သည္ေတာ္ေတြ မရွိိခ်ိန္မွာသူတို႕က အနီေရာင္ေက်ာက္ထြက္တဲ့ ဂူထဲကို သလင္းေက်ာက္နီတခ်ိဳ႕ခိုးဖို႕ အသာေလးလွ်ိုဝင္လာခဲ့ႀကသည္။
ဒီသားရဲဲဲျဂိဳလ္က ေက်ာက္ေဆာင္ေက်ာက္တံုးႀကီးမ်ားသည္ မာေက်ာေပမယ့္ သားရဲမ်ား၏ ထက္ရွေသာလက္သည္းမ်ားေႀကာင့္ လိႈဏ္ေခါင္းႀကီးျဖစ္ေနျပီး ထိုလိႈဏ္ေခါင္းထဲမွ ေရးေနာ့မ်ိဳးနြယ္ေတြက သလင္းေက်ာက္နီကို တူးယူႀကျခင္းျဖစ္သည္။
လိႈဏ္ဂူႀကီးက ရွည္လ်ားေနျပီးအထဲကိုေရာက္ေလ ေမွာင္မည္းေလျဖစ္သည္။ ျခေသၤ့ႀကီးနွင့္လူတစ္ေယာက္သည္ မဆံုးနုိင္ေတာ့ဘူးလားဟု ထင္ရသည့္ လိႈဏ္ေခါင္းႀကီးထဲ ဝင္လာရင္း ေနာက္ဆံုး သူတို႕ေရွ႕တြင္ အနီေရာင္ အလင္းသဲ့သဲ့ကို ေတြ႕လိုက္ရသည္။ က်ိဳးယြင္ရွန႔္တို႕ ထိုေနရာကို ေရာက္ေတာ့ နံရံထဲမွာ စိန္ပြင့္ပံု အနီေရာင္သလင္းေက်ာက္မ်ားကို ရင္သပ္ရႈေမာဖြယ္ ပန္းခင္းႀကီးအလား တစုတစည္းေတြ တည္ရွိေနသည္ကို ေတြ႕လိုက္ရသည္။
ထိုႀကည္လင္လွသည့္ အနီေရာက္ေက်ာက္ကို ျဖတ္ထုတ္ယူဖို႕ အျခားသားရဲမ်ားက တစ္လခန္႕ အခ်ိန္ယူရမည္ျဖစ္ေသာ္လည္း က်ိဳးယြင္ရွန႔္ က တိုဖူးကို ဖဲ့လိုက္သလို အလြယ္တကူ ဖဲ့ယူလိုက္သည္။
က်ိဳးယြင္ရွန႔္သည္ အနီေရာင္သလင္းေက်ာက္ကို ေသခ်ာေလ့လာႀကည့္လိုက္သည္။ ဒီသလင္းေက်ာက္က ေရးေနာ့မ်ိဳးႏြယ္ထဲ လူအသြင္မေျပာင္းနို္င္သည့္ ေရွးဦးသားရဲမ်ားကို ေမြးဖြားေစသည့္ တရားခံျဖစ္သည္။ ထုိေက်ာက္ထဲတြင္ အင္အားႀကီးသည့္ အဖိုစြမ္းအင္ကို ခံစားလိုက္ရျပီး စြမ္းအင္ထဲတြင္ မေကာင္းသည့္အရာေရာပါေနသည္။
" အဓိက ျပသနာက ဒီေက်ာက္ထဲမွာ ရွိေနတယ္။ ခင္ဗ်ားႀကည့္ဦးမလား "
ေက်ာက္ရႊမ္က ေခါင္းယမ္းလိုက္ျပီး ခပ္ျမန္ျမန္လုပ္ဖို႕ သူ႕ခ်စ္သူေလးရဲ႕တင္ပါးကို လက္ဝါးနဲ႕အသာေလးပုတ္လိုက္တယ္။ သူပုတ္လိုက္တဲ့အတြက္ က်ိဳးယြင္ရွန႔္ ရဲ႕ခါးဝတ္က နည္းနည္းလန္သြားတယ္။ က်ိဳးယြင္ရွန္႕က သူ႕ခါးစည္းထဲက သိုေလွာင္လက္စြပ္ကို ယူလိုက္ျပီး အနီေရာင္သလင္းေက်ာက္ကို သိုေလွာင္လက္စြပ္ထဲ ပစ္ထည့္လိုက္သည္။ လက္စြပ္ထဲတြင္ သူတုိ႕၏ အာကာသယာဥ္ေလးကို သိမ္းထားသည္ျဖစ္ေပမယ့္ ဒီနံရံေပၚက ေက်ာက္တံုးေတြကို ထည့္နုိင္ဖို႕ေတာ့ လံုေလာက္သည္။
သူတို႕နွစ္ေယာက္က နံရံေပၚက အနီေရာင္ေက်ာက္မ်ားကို တူးထုတ္ျပီး လက္စြပ္ထဲထည့္ျပီး လိႈဏ္ေခါင္းထဲက ျပန္ထြက္လာခဲ့သည္။ အျပင္ဘက္တြင္ စစ္သည္ေတာ္မ်ားက ျပန္ေရာက္လာျပီး သူတို႕က လိႈ္ဏ္ေခါင္းထဲကိုစစ္ေဆးရန္ ဝင္လာႀကသည္။
က်ိဳးယြင္ရွန႔္က ေက်ာက္တံုးတခ်ိဳ႕ကိုယူကာ ဂူအျပင္ဘက္ကို လွမ္းျပစ္လိုက္သျဖင့္ ထိုစစ္သည္ေတာ္မ်ားက စစ္ေဆးရန္ ေျပးထြက္သြားစဥ္ က်ိဳးယြင္ရွန႔္နွင့္ ျခေသၤ့ႀကီးက ေအးေအးေဆးေဆး ထြက္သြားႀကေတာ့သည္။
ဒီအေရွ႕ကုန္းတိုက္မႀကီးတြင္ အနီေရာင္သလင္းေက်ာက္ကို ပိုင္ဆုိင္ထားပါက ႀကိဳက္တာကို ဝယ္ယူနုိ္င္သည္။ ဒီေက်ာက္က ေရႊဒဂၤါးလို အသံုးျပဳနုိ္င္လို႕ သူတုိ႕လိုတာ အလြယ္တကူဝယ္နုိင္ေလျပီ။
က်ိဳးယြင္ရွန႔္နွင့္ ျခေသၤ့ႀကီးက ေရးေနာ့မ်ိဳးႏြယ္ဆီက ခ်က္ခ်င္းထြက္ မလာပဲ အနီးနားကို လွည့္လည္ႀကည့္ရႈႀကေသးသည္။ သူတို႕က ေရခ်ိဳ ေရအို္င္ႀကီးနားကို ေရာက္လာႀကသည္။ ဒီေရအိုင္ႀကီးသည္ သမုဒၵရာႀကီးကဲ့သုိ႕ ျပာလြင္လွပသည့္ ေရကန္ႀကီးထဲတြင္ ငါးမန္းျဖဴႀကီးမ်ား၊ ငါးလိပ္ေက်ာက္မ်ားနွင့္အျခား ေရေနအေကာင္ မ်ားစြာ ကိုေတြ႕လိုက္ရသည္။ ေရးေနာ့မ်ိဳးႏြယ္ရဲ႕ပိုင္နက္ထဲ ေရကန္ထဲတြင္ ေရေနဒိုင္နိုေဆာမ်ားစြာ ရွိေသာ္လည္း သူတို႕က ပံုမွန္ေရကန္ကဲ့သလိုပင္ ရွိေနသည္။
လြန္ခဲ့ေသာႏွစ္ေပါင္းသန္းေပါင္းရာခ်ီက ဒီကမာၻေျမမ်က္ႏွာျပင္ေပၚတြင္ ျပတ္ေရြ႕ေႀကာင္းႀကီးမ်ား ေ႐ြ႕လ်ားသြားေသာအခါ သူတို႔ေရေန ဒိုင္နိုေဆာႀကီးမ်ားက သူတုိ႕အုပ္စုနဲ႕ ကြဲသြားျပီး ေရွးဦးျဂိဳလ္က သူတို႕လိုက္နာရသည့္ ထံုးတမ္းစဥ္လာကို လိုက္နာရန္ ပ်က္ကြက္ခဲ့ သည္။ ေနာက္ပိုင္းမွာ သူတို႔ဟာ ေရကူးတာေတာင္ မလုပ္နုိင္ႀကေတာ့သည့္အျပင္ သူတို႕ အုပ္စုရွိရာ ေနရာကို သြားဖို႕ ေရလက္ႀကားလည္း ပိတ္ဆို႕သြားျပီး ဒီအုပ္စုက ဒီကုန္းတြင္း ေရခ်ိဳအိုင္ႀကီးမွာ ပိ္တ္မိေနႀကေတာ့သည္။
သူတို႔သည္ ဒီေရခ်ိဳအိုင္၏အာဏာရွင္မ်ားအျဖစ္ ႀကီးစိုးေနႀကျပီး မည္သည့္တိရစာၦန္မွ်ေရေသာက္ရန္ မခ်ဥ္းကပ္ဝံ့ၾကေပ။ ေရထဲမွ ႐ုတ္တရက္ခုန္ထြက္လာနုိင္သည့္ ေရေနဒိုင္နိုေဆာမ်ားက သူတို႕ကို ေရကန္ ေအာက္ေျခသို႔ ဆြဲယူသြားမည္ကို စိုးရိမ္ေသာေၾကာင့္ျဖစ္သည္။
အစြယ္ရွည္က်ားႀကီး၏ေတာင္းဆိုခ်က္က ပံုမွန္မဟုတ္ ခက္ခဲသည္ဆို ေသာ္လည္း ေက်ာက္ရႊမ္က ေရေနဒိုင္နုိေဆာ၏ အသားကို ျမည္းႀကည့္ ခ်င္ေသးသည္။ ဒီေရေနဒိုင္နုိေဆာႀကီးက ေရွးဦးသားရဲမ်ားစြာကို စားေသာက္ျပစ္ခဲ့ေသာေႀကာင့္ ဒီဒိုင္နုိေဆာကို စားပစ္ဖို႕ အေႀကာင္းရင္း လံုေလာက္ေနျပီ။ ဒီဒိုင္နိုေဆာအသားက ေရွးဦးသားရဲမ်ား ၏ စြမ္းအင္ကို ပိုတိုးပြားေစနုိင္ေသးသည္။
ေရွးဦးသားရဲမ်ားသည္ အနီေရာင္သလင္းေက်ာက္မွ စြမး္အင္ကို အစုပ္ယူနုိ္င္ေပမယ့္ အျခားအားႀကီးသည့္ သားေကာင္အသားမ်ားကို စားေသာက္ျခင္းျဖင့္ ခြန္အားႀကီးလာနုိင္သည္။ အစြယ္ရွည္က်ားႀကီးက ပါးနပ္ရက္စက္ျပီး ဒီေတာအုပ္ကို သူ႕စြမ္းအားျဖင့္ ဦးေဆာင္ ထားနုိ္င္ေပမယ့္ သူ ေတြ႕လိုက္ရသည့္ ဒီျခေသၤ့ႀကီးနွင့္လူသားက သာမန္မဟုတ္သည္ကို သိသည္။ သူတုိ႕ဆီက ထြက္လာသည့္ အရိ္ပ္ေငြ႕က ေရအုိင္ထဲက ဒိုင္နုိေဆာထက္ပင္ ပိုမိုအႏၲရာယ္ရွိတဲ့ ခံစားမႈတစ္ခု ယူေဆာင္လာခဲ့သည္။
အေရးအႀကီးဆုံးမွာ ျခေသၤ့ႀကီးထံတြင္ အလြန္လွပေသာအမ်ိဳးသမီးရွိၿပီး ေရးေနာ့အႏြယ္ေခါင္းေဆာင္၏အေဖာ္ထက္ပင္ အဆ ၁၀၀၀၀ ပိုမိုဆြဲေဆာင္မႈရွိေသာ္လည္း စြမ္းအားမႀကီးပဲ ဒီေလာက္လွသည့္ အမ်ိဳးသမီးကို မပိုင္ဆုိင္နုိင္ဘူးဆိုတာ အစြယ္ရွည္ က်ားႀကီးက သိသည္။
ဒါေႀကာင့္ ေ႐ႊျခေသၤ့မွာထူးျခားတဲ့အရာတစ္ခုရွိမယ္လို က်ားႀကီးက အခိုင္အမာယုံၾကည္ခဲ့တယ္။
အျဖစ္မွန္ကသူ၏ခန႔္မွန္းခ်က္မွန္ကန္ေၾကာင္းသက္ေသျပခဲ့သည္။ ေ႐ႊျခေသၤ့သည္ ေရအိုင္နားသို႔ေရာက္သြားၿပီး သူ႕အမ်ိဳးသမီးကို နူးညံ့သည့္ ျမက္ပင္နားတြင္ ေနရာခ်ထားၿပီးေနာက္ ေရထဲသို႔ တဟုန္ထိုး ခုန္ခ်သြားသည္။ ခဏၾကာၿပီးေနာက္ ေအးေဆးတည္ၿငိမ္ေသာ ေရအိုင္မွေရမ်ားသည္ႀကီးမားေသာလႈိင္းမ်ားအျဖစ္ ကမ္းစပ္ကို ရိုက္ခတ္လာျပီး ပမာဏမ်ားျပားသည့္ ေသြးေရာင္မ်ားက ေရအိုင္ထဲတြင္ေပၚထြက္လာသည္ကို ေတြ႕လိုက္ရသည္။ ဒီ ျမင္ကြင္းက ေၾကာက္စရာေကာင္းလြန္းလွသည္။
အစြယ္ရွည္က်ားႀကီးက ကမ္းစပ္က ျမက္ပင္နားထုိင္ေနသည့္ အမိ်ဳးသမီး ေႀကာက္လန္႕သြားမည္စိုးသျဖင့္ သစ္ပင္ေပၚက ခုန္ခ်ျပီး အနားမွာ အေဖာ္လုပ္ေပးမည္ အျပဳ အမ်ိဳးသမီးက သူ႕လက္ဝါးနွင့္ ပါးစပ္ကို အုပ္ျပီး ပ်င္းရိစြာသမ္းလိုက္သည္။ သူ႕ကိုႀကည့္ရတာ နည္းနည္းေလးမွ မေႀကာက္သည့္အျပင္ ဒီတုိက္ပြဲကိုႀကည့္ရတာ ပ်င္းရိေနပံုရသည္။
ဒီအမ်ိဳးသမီး မေႀကာက္တတ္ဘူးလား။
က်ားႀကီးကေတြးေနတုန္း ေရကန္ထဲက လိႈင္းလံုးႀကီး တက္လာျပီး အမ်ိဳးသမီးကို ျခံဳလႊမ္းေတာ့မည္အျပဳ အမ်ိဳးသမီးက လ်င္ျမန္စြာျဖင့္ အားမစိုက္ရပဲ မီတာမ်ားစြာ ခုန္ျပီး ေရွာင္လိုက္သည္ကိုေတြ႕လိုက္ရသည္။
ထိုအခ်ိန္ ေက်ာက္ရႊမ္သည္ ၁၀ တန္အေလးခ်ိန္ရွိေသာ ေရေနဒိုင္နုိေဆာႀကီးကို ကိုက္ခဲျပီး ကမ္းေျခကိုဆြဲတင္ခဲ့သည္။ သူက ေရထဲရွိအျခားလာေရာက္ႀကသည့္ ဒိုင္နုိ္ေဆာနွင့္ အေကာင္မ်ားကို ဟိန္းေဟာက္ခဲ့သည္။ သူတို႔က ျခေသၤ့ႀကီးကို အလြန္ေၾကာက္လန႔္ေနပုံရသည္၊ သူတို႔ကိုယ္ေပၚတြင္ ႐ႊျခေသၤ့၏ေျခသည္းမ်ားေႀကာင့္ အေရျပားနွင့္အသားအေရစုတ္ၿပဲျခင္း၊ သူတို႔၏ကိုယ္ခႏၶာတစ္ေလွ်ာက္လုံး ကုတ္ဖဲ့ခံရေသာေႀကာင့္ ေသြးခ်င္းခ်င္းနီေနေပမယ့္ ျခေသၤ့ႀကီက အေမႊးတမွ်င္ေတာင္ မကြ်တ္ခဲ့ေပ။
ေရေနဒိုင္နိုေဆာမ်ားသည္ ကုန္းေန ေရေနသတၱဝါမ်ား ျဖစ္၍ ေရမရွိဘဲ အသက္မရွင္ႏိုင္ေသာ္လည္း မိုင္ ၁၀၀ အတြင္း လွည့္လည္သြားလာႏိုင္သည္။ ဒိုင္နိုေဆာမ်ား၏ အစားအစာျဖစ္ျခင္းမွေရွာင္ရွားရန္ ဒီေရအုိင္ပတ္လည္ကို တားျမစ္ထားေသာေနရာအျဖစ္ သတ္မွတ္ထားေသာေႀကာင့္ မည္သည့္သတၱ ၀ ါႏွင့္သားရဲတိရစာၦန္မ်ား ေသာ္လည္းေကာင္း၊ ေရးေနာ့မွ စစ္သည္ေတာမ်ားကလည္းေကာင္း မ၀င္လာဝံ့ပဲ ဒီေရအုိင္ပတ္လည္က စြန္႕ပစ္နယ္ေျမ တစ္ခု ျဖစ္ေနသည္။ တကယ္လို႕ေက်ာက္ရႊမ္က အျမန္လုပ္လွ်င္ ေရးေနာ့စစ္သည္ေတာ္မ်ားေရာက္္မလာခင္ သူတုိ႕ထြက္သြားနုိ္င္သည္။ စစ္သည္ေတာ္မ်ားက ဒိုင္နိုေဆာနွစ္ေကာင္ ရန္ျဖစ္ကာသတ္ျဖတ္ေနသည္လို႕ပဲ ထင္မွာေသခ်ာသည္။
ေက်ာက္ရႊမ္က ဒိုင္နိုေဆာရဲ႕အနူးညံ့ဆံုးအပိုင္းကို ဖယ္ရွားလိုက္ျပီး အစြယ္ရွည္က်ားႀကီးကို အနားကပ္လာဖို႕ ေခၚလိုက္သည္။ က်ားႀကီးက နာခံစြာျဖင့္ ျခေသၤ့ႀကီးနားကပ္လာျပီး အညံ့ခံေႀကာင္းျပသသည့္ အေနျဖင့္ ကိုယ္ကို ညြတ္ကိုင္းကာ အရိုေသေပးလိုက္သည္။ ျခေသၤ့ႀကီးက ေက်နပ္စြာ ဟိ္န္းလို္က္သည္နွင့္ က်န္သားရဲအားလံုးက ေႀကာက္ရႊံ႕စြာျဖင့္ ေျမတြင္ဝပ္ကာ အရိုေသေပးႀကသည္။
ကမ္းစပ္နားလာစပ္စုေနသည့္ ေရေနဒိုင္နုိေဆာမ်ားကလည္း ဆက္လက္ မစပ္စုဝ့ံေတာ့ပဲ ေရထဲ ငုပ္လွ်ိဳးျပီး ထြက္ေျပးသြားႀကေတာ့သည္။ ျခေသၤ့ႀကီးကို က်န္သားရဲအားလံုး ဝပ္ပ်အရိုေသေပးေနပံုက သူက ေတာဘုရင္ႀကီးလို ခန္႕ညားလွသည့္ ျမင္ကြင္းတစ္ခုလည္း ျဖစ္သည္။
ျခေသၤ့ႀကီးက သူ႕ခ်စ္သူကို အျမီးနဲ႕ ရစ္ပတ္ယူျပီး သူ႕နားကို ဆြဲယူရင္း ပတ္ဝန္းက်င္မွာ ေရးေနာ့စစ္သည္ေတာ္ေတြရွိမရွိ အကဲခတ္ျပီးေနာက္ ဒိုင္နိုေဆာႀကီးကို သူတုိ႕ရဲ႕သိုေလွာင္လက္စြပ္ထဲ ထည့္သြင္းလုိက္သည္။
" ဘယ္ေလာက္ေတာ္တဲ့ သူရဲေကာင္းႀကီးလဲ... ကြ်န္ေတာ့္ခ်စ္သူက ပိုပိုမိုက္လာတယ္။ "
က်ိဳးယြင္ရွန႔္က ရယ္ေမာရင္း ျခေသၤ့ႀကီး လုပ္ရပ္ကို ႀကည့္ေနလိုက္သည္။ ဒီရူးမိုက္တဲ့ ျခေသၤ့ႀကီက ဘာလုပ္ဖို႕ႀကိဳးစားေနတာလဲ။ ျခေသၤ့ႀကီးက ဒီေတာနဲ႕ေရအိုင္ပတ္လည္ကို လွည့္ပတ္ရင္းေသးပန္းျပီး ေရးေနာ့မ်ိဳးႏြယ္ေတာအုပ္ကို သူ႕ပိုင္နက္အျဖစ္ သတ္မွတ္လို္က္ေသးသည္။
ဒီနယ္ေျမရွိ ေရွးဦးသားရဲသတၱဝါမ်ားက ျခေသၤ့ႀကီးကို ႔ ဦး ၫႊတ္ၾကသည္။ ေက်ာက္ရႊမ္က သူ၏ ဦး ေခါင္းႏွင့္ရင္ဘတ္ကို ျမႇင့္တင္လိုက္ၿပီး ဟိန္းေဟာက္လိုက္သည္။ က်ိဳးယြင္ရွန႔္က ရယ္ေမာေနၿပီး သူ႕ေခါင္းက အေမြးကိုပြတ္သပ္ျပီး အေမြးမ်ားကို ဖရိုဖရဲျဖစ္သြားေစသည္။ ျပီးေတာ့ လူႏွင့္သားရဲတစ္ေကာင္သည္ အခ်ိန္မဆိုင္းေတာ့ပဲ ပင္လယ္သို႔တိုက္႐ိုက္ေျပးသြားႀကေတာ့သည္။
ထိုညတြင္ ေရးေနာ့မ်ိဳးနြယ္သည္ သူတို႔သတၱဳတြင္းထဲရွိ ေက်ာက္နံရံ ေပၚတြင္ အနီေရာင္ သလင္းေက်ာက္မ်ား ေပ်ာက္ကြယ္သြားၿပီ ဆိုတာသိလိုက္ရလို႕ အလြန္ထိတ္လန႔္တုန္လႈပ္သြားႀကသည္။
ကမာၻေပၚတြင္ မည္သူမွ တစ္ခ်ိန္တည္း မာေက်ာလွသည့္ အနီေရာင္ သလင္းေက်ာက္တုံးေက်ာက္ခဲမ်ားကို ခိုးယူႏိုင္စြမ္းရွိနုိင္မည္နည္း။
သူတို႔က ေတာထဲရွိ စြန္႕ပစ္ထားသည့္ ေရွးဦးသားရဲမ်ားကို သံသယရွိေသာ္လည္း အနီေရာင္သလင္းေက်ာက္သည္ ညအခ်ိန္တြင္ အေရာင္ေတာက္ပေသာ္ေႀကာင့္ ေန႕ခင္းအခ်ိန္တြင္ မျမင္ရေသာ္လည္း ညအခ်ိန္တြင္ သလင္းေက်ာက္အေရာင္က လင္းေနေအာင္ ျဖာထြက္ေနမည္ျဖစ္ျပီး ဖံုးကြယ္ထားနုိင္မည္ မဟုတ္ေသာေႀကာင့္ သူခုိးကို ညတြင္ေစာင့္ဖမ္းရန္ ဆံုးျဖတ္လိုက္သည္။
မ်ိဳးႏြယ္စု အႀကီးကဲက အလ်င္စလို မလုပ္ေပ။ သူခိုးလည္း အေဝးကို ေျပးမသြားနုိင္ေလာက္ဟု ယံုႀကည္သည့္အျပင္ ညအခ်ိန္တြင္ အလင္းေရာင္ေတြ႕သည့္ေနရာတြင္ သြားဖမ္းနို္င္သည္ကို သိသည္။
သို႔ေသာ္ ညေရာက္ေသာအခါ သစ္ေတာတစ္ခုလံုး ေမွာင္မိုက္ေနျပီး ေကာင္းကင္တြင္ ျဖာထြက္ေနေသာ အနီေရာင္အလင္းမရွိခဲ့ပါ။ တစ္နည္းေျပာရလွ်င္ သတၱဳတြင္းအနီးသဝိုက္ရွိ ေရွးဦးသားရဲမ်ားက အနီေရာင္သလင္းေက်ာက္မ်ားကို ခိုးယူျခင္းမရွိေသာ္လည္း ေက်ာက္မိုင္းတြင္းထဲမွ ေက်ာက္သလင္းအားလံုး အလိုေလ်ာက္ လုံးဝေပ်ာက္ကြယ္သြားသည္။
ထိုသုိ႕လုပ္နုိင္ေသာသူသည္ သားရဲဘုရားသာျဖစ္သည္ဟု ရွာမန္ကေျပာခဲ့သည့္အတြက္ မ်ိဳးႏြယ္စု ေခါင္းေဆာင္သည္ အမ်က္ထြက္ၿပီး ေၾကာက္လန္႕ေနခဲ့သည္။ အဆိုပါ ေရးေနာ့အႏြယ္ ပိုမိုအားေကာင္းလာသည္နွင့္အမွ် သူတုိ႕က အျခားလူမ်ိဳးစုမ်ားကို ေက်းကြၽန္မ်ားအျဖစ္ဆက္ဆံၿပီး အစာရွားပါးသည့္အခါ အမဲလိုက္ျပီး စားေသာက္ခဲ့သည္။ စြန႔္ပစ္ထားေသာ ေရွးဦးသားရဲမ်ားသည္ သူတို႔အမဲလိုက္ျခင္း၏ အဓိကပစ္မွတ္မ်ားျဖစ္လာသည္။ မ်ိဳးႏြယ္တူမ်ားကို စားေသာက္ျခင္းက သားရဲနတ္ဘုရားကို ေဒါသထြက္ေစျပီး သလင္းေက်ာက္နီမ်ားကို ေပ်ာက္ကြယ္ေအာင္ အျပစ္ေပးလိုက္ျခင္းျဖစ္သည္ဟု ရွာမန္က ယံုႀကည္သည္။
ရွာမန္က ေႀကာက္လန္႕တႀကား သားရဲနတ္ဘုရားရုပ္ထုေရွ႕တြင္ ဒူးေထာက္ေတာင္းပန္ ဆုေတာင္းနသည္။ သူတုိ႕ေနထိုင္ရာ သားရဲျဂုိလ္တြင္ သိုေလွာင္လက္စြပ္လို အရာရွိမည္ဟု ေယာင္လို႕ေတာင္ အိပ္မက္မမက္ဖူးႀကေပ။ သူတို႔ နားမလည္ႏိုင္သည့္ျဖစ္ရပ္မ်ားကို သားရဲနတ္ဘုရားမွ တန္ခိုးျပသည့္ အံ့ဖြယ္အရာမ်ားအျဖစ္သာ သတ္မွတ္ႏိုင္ေတာ့သည္။
အဆိုပါမ်ိဳးႏြယ္စုေခါင္းေဆာင္သည္ ကြၽန္ႏွင့္ လူလတ္ပိုင္းအ႐ြယ္ ေယာက္်ားေလးမ်ားကို ခ်န္ထားခဲ့ၿပီး ကြၽန္အုပ္စုတစ္စုကို သားရဲနတ္ဘုရား စိတ္ေျပေစရန္ လႊတ္လိုက္ရံုသာရွိေတာ့သည္။ ငယ္ရြယ္သန္မာသူမ်ားကို အနီေရာင္ သလင္းေက်ာက္တူးရန္ လိုအပ္ေနသျဖင့္ ခ်န္ထားရစ္သည္။ သားရဲနတ္ဘုရားက ေဒါသထြက္ေနေသာ္လည္း မ်ိဳးႏြယ္စု ေခါင္းေဆာင္က သူ႕ေလာဘကို မသတ္နုိင္ပဲ သလင္းေက်ာက္ကို ဆက္လက္တူးေဖာ္ဖို႕ႀကိဳးစားခဲ့သည္။
သူက မုိင္းတြင္းတြင္ အလုပ္မ်ားေနစဥ္ ျခေသၤ့ႀကီး၏ က်င္ငယ္ေရျဖန္းျပီး နယ္ေျမသတ္မွတ္ခ်က္အရ သူတုိ႕ပို္င္နက္ထဲမွာ ေရွးဦးသားရဲ မ်ား အုပ္စုလိုက္ေျပာင္းေရႊ႕သြားသည္ကို သတိမျပဳမိလိုက္ေပ။ ေရွးဦးသားရဲ မ်ားက ျခေသၤ့က်င္ငယ္ရည္ အနံ႕ကို ခံျပီး အေရွ႕ပိုင္းေတာအုပ္ဆိီကို ေျပာင္းသြားႀကျခင္းျဖစ္သည္။ ေရွးဦးသားရဲမ်ားေျပာင္းသည္နွင့္ တျပိုင္န္က အျခားသားရိုင္းမ်ားလည္း လိုက္ပါ ေရႊ႕ေျပာင္းသြားႀကသည္။
သူတို႔ထြက္ခြာသြားသည္ႏွင့္တစ္ၿပိဳင္နက္ေတာ႐ိုင္းတိရစာၦန္ အေျမာက္ အျမား လည္းထြက္ခြာသြားၾကသည္။ သူတုိ႔ သတိျပဳမိ လာခ်ိန္တြင္ ထိုေရးေနာ့လူမ်ိဳးစုသည္ရက္ေပါင္းမ်ားစြာ အမဲလိုက္ေသာ္လည္း သားရိုင္းတစ္ေကာင္ကိုမွ ဖမ္းဖို႕ မလုပ္နုိ္င္ေတာ့ေပ။ ဒါေပမယ့္ ကိစၥမရွိပါဘူး။ အနီေရာင္ေက်ာက္သလင္းမ်ား ရွိေနေသးသေရြ႕ သူတို႕လိုအပ္သည္ကို အျခားမ်ိဳးႏြယ္မ်ားထံမွ အစားအစာမ်ားကို အလဲအလွယ္ျဖင့္ ဆက္လက္ရရွိေနဦးမည္ျဖစ္သည္။
အနီေရာင္ေက်ာက္ေဆာင္မ်ား တူးေဖာ္ယူေဆာင္လာသည့္အခါ သူတုိ႕စိတ္ပူပန္ေနသမွ် အားလံုး စိတ္သက္သာရာရသြားႀကသည္။ ဒီလို သူတို႔သက္ေသာင့္သက္သာဘဝျဖင့္ အနီေရာင္သလင္းေက်ာက္ကို မွီခိုေနေသာေႀကာင့္ သူတို႕ စစ္သူရဲမ်ားအားလံုး ရဲစြမ္းသတၱိႏွင့္ရွင္သန္ႏိုင္စြမ္းကို ဆုံးရႈံးေစလိမ့္မည္ဟု သူတို႔တစ္ခါမွ မခံစားခဲ့ၾကေပ။ သူတုိ႕က အဆင့္သတ္မွတ္ခ်က္အရ လက္ေတြ႕ တိုက္ပြဲဝင္ျခင္း၊ အမဲလိုက္ျခင္း အေတြ႕ႀကံဳမ်ား မရွိႀကေပ။ တကယ္လို႕အျခားမ်ိဳးႏြယ္မ်ားနွင့္ တိုက္ခိုက္မည္ဆိုလွ်င္ သူတုိ႕ ေသခ်ာေပါက္ရံႈးနိမ့္မွာ ေသခ်ာသည္။ ဒါ့အျပင္ အနီေရာင္ သလင္းေက်ာက္က သူတို႕မ်ိဳးႏြယ္၏ ႔ေမြးဖြားျခင္းကိုဖ်က္ဆီးၿပီး မ်ိဳး႐ိုးဗီဇ သာလြန္ေသာ မ်ိဳးဆက္မ်ား မရရွိေစေရးကို တားဆီးခဲ့သည္။ အခ်ိန္ ကုန္လြန္လာသည္ႏွင့္အမွ် သူတို႔သည္ အနီေရာင္သလင္းေက်ာက္ မ်ားကိုအလြဲသုံးစားျပဳျခင္းျဖင့္ ဒုကၡေရာက္ၾကရသည္ ။
အျခားလူမ်ိဳးစုမ်ားလည္း အားနည္းခ်က္ရွိၿကသည္။ က်ိဳးယြင္ရွန္႕ ဒီအခ်က္ကို ျမင္ေပမယ့္ ေျပာမျပသလို ေျပာျပခ်င္စိ္တ္လည္းမရွိေပ။
မိုက္မဲေသာျခေသၤ့ႏွင့္ က်ိဳးယြင္ရွန္႕ တုိ႕ ပင္လယ္ကမ္းေျခသို ႔ေဘးကင္းစြာေရာက္ရွိရန္ 15 ရက္ခန႔္ၾကာခဲ့သည္။ က်ိဳးယြင္ရွန္႕ သည္ အႀကီးမားဆုံး ေရသူမမ်ိဳးနြယ္ကိုေတြ႕ရွိခဲ့ၿပီး အနီေရာင္သလင္းေက်ာက္နွင့္ ဆား ၅၀ ကီလိုဂရမ္ကို လဲလွယ္ခဲ့သည္။ သူတို႕ဆီမွာ ဒီျဂိဳလ္က ဘယ္သူမွ မပိုင္ဆုိင္တဲ့ သိုေလွာင္လက္စြပ္ ရွိေသာေႀကာင့္ ပူပန္စရာမလုိပဲ အခ်ိန္အေတာ္ႀကာ လွည့္လည္ေနနုိင္ျပီး ျပသနာတခ်ိဳ႕ကို ေရွာင္ရွားနုိင္ခဲ့သည္။
ေရသူမမ်ိဳးနြယ္သည္ သီးျခားေနတတ္သည့္အနြယ္ျဖစ္ျပီး သူတို႕လိုအပ္သည့္ သလင္းေက်ာက္ကို ရျပီးသည္နွင့္ လူစိမ္းမ်ားကို သူတို႕ေဒသမွ ထြက္ခြာသြားရန္ေျပာေတာ့သည္။
မိုက္မဲေသာျခေသၤ့ႏွင့္ က်ိဳးယြင္ရွန္႕ လည္း ေနပူဆာလႈံရန္ အစီစဥ္ကို စြန္႕လႊတ္ျပီး ငါးေျခာက္အခ်ိဳ႕ဝယ္ယူၿပီး တျဖည္းျဖည္း အိမ္ကိုျပန္လာႀကေတာ့သည္။
================
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
ကျိုးယွင်ရှန့် နှင့်ကျောက်ရွှမ်သည် ပင်လယ်ကမ်းခြေကို တိုက်ရိုက်မသွားသေးပဲ ရေးနော့ မျိုးနွယ်စု ရှိရာဒေသကို အရင်သွားလိုက်သည်။ လမ်းတလျှောက်သူတို့က တောင်တန်း ဒေသတွေက ရှားပါးသယံဇာတတွေကို သယ်ဆောင်လာတဲ့ မျိုးနွယ်စုတွေ၊ အထုပ်အပိုးတွေကို သယ်လာတဲ့သူတွေ၊ အမျိုးသမီးအုပ်စုကို ခေါ်ဆောင်လာတဲ့ မျိုးနွယ်စုတွေကို တွေ့လိုက်ရသည်။ သူတို့အားလုံးက ရေးနော့မျိုးနွယ်စုတွေဆီက အနီရောက်ကျောက်နှင့် လဲလှယ်ရန် လာကြသူများဖြစ်သည်။
သူတို့သည် လူများမမြင်အောင် တောထဲသို့ခိုးဝင်ကာ ရေးနော့အနွယ်ပိုင်နယ်မြေသို့ တိတ်တဆိတ်ဝင်ရောက်ခဲ့ကြသည်။ သူတို့သည် စစ်သည်များစွာ၏ စောင့်ကြပ်ထားသည့် အနောက်ဘက် တောင်ကျောသို့ပြေးသွားကြသည်။ ဆားနှင့်လဲရန် သူတို့က မျိုးနွယ်စု တချို့ဆီက အနီရောက်ကျောက်ကို ခိုးယူခဲ့ကြသည်။
"ကျွန်တော့် ချစ်သူကြီး ခင်ဗျား ဒီမျိုးနွယ်က ကိုနည်းနည်းထူးဆန်းတယ်လို့ မထင်ဘူးလား"
ကျိုးယွင်ရှန့် က ရုတ်တရက်ပြောလိုက်သည်၊ ကျောက်ရွှမ်လည်း ခေါင်းငြိမ့်ပြီး သဘောတူကြောင်း ပြလိုက်သည်။ ရေးနော့ မျိုးနွယ်ထိန်းချုပ်ထားသည့် တောအုပ်ထဲကို ဝင်လိုက်မိသည်နှင့် ရှေးဦးသားရဲ အုပ်စုများကို အခြားနေရာထက် ပိုမိုများပြားစွာ တွေ့လာရသည်။
စုံတွဲသည် ဒီဒေသတွင်ကြာမြင့်စွာကတည်းကရှိနေခဲ့ပြီးသော ရှေးဦး သားရဲနှင့် သားရဲတိရစ္ဆာန်ရိုင်းတို့၏ခြားနားချက်ကို တဖြည်းဖြည်းခြင်း သတိပြုမိလာကြသည်။ ရှေးဦးသတ္တဝါများ၏မျက်လုံးများသည် ပို၍ အသိဉာဏ်ရှိပြီး စိတ်လှုပ်ရှားမှုအမျိုးမျိုးကိုဖော်ပြနိုင်သည်။ သားရိုင်းကောင်များ၏မျက်လုံးက ရက်စက်ကြမ်းကြုတ်ခြင်းကိုသာ ဖော်ပြနေသည်။
သူတို့သည်အရှေ့ပိုင်းသစ်တောတွင် လူမျိုးစုတစ်ဒါဇင်ကျော်ခန့် နေထိုင်ခဲ့ကြပြီး မျိုးနွယ်စုတစ်ခုချင်းစီတွင် ရှေးဦးသတ္တဝါများကို နှင်ထုတ်ခဲ့ သော်လည်း ထိုရှေးဦးသားရဲများကို အရှေ့ပိုင်းတောထဲတွင် စုစုပေါင်းတစ်ရာမှနှစ်ရာသာ တွေ့ရှိခဲ့သည်။ သို့သော်ဤသစ်တောသည်ကျယ်ပြန့်ပြီး ရေးနော့အနွယ်၏ ပိုင်နက်နေရာဖြစ်သော်လည်း ရှေးဦးသားရဲအရေအတွက်သည် တစ်ရာနှစ်ရာထက် အများကြီးသာလွန်သည်။
ကျိုးယွင်ရှန့် ကရှေးဦးသားရဲများကို တိတိကျကျတွက် ချက်ခြင်း မရှိခဲ့ပေမယ့် လမ်းတစ်လျှောက်တွင် ရှေးဦးသားရဲ အကောင် 70၊ 80 ခန့်က မိုက်မဲသောခြင်္သေ့ဆီသို့ခေါင်းတညိတ်ညိတ်ဖြင့် သူနှင့်ခင်မင်ရင်းနှီးလိုသောဆန္ဒရှိကြောင်း ဖော်ပြနေသည်။ ဒီအရေတွက်ကို အကြမ်းဖျင်းကြည့်ခြင်းဖြင့် ဒီတောထဲမှာ ရှေးဦးသားရဲ အကောင်ရေ ထောင်ကျော်ရှိနိုင်သည်။
ဒီမှာ ဘာရည်ရွယ်ချင်ဖြင့် ရှေးဦးသားရဲတိရိစ္ဆာန်များကို စုစည်းထားသလဲ၊ ရေးနော့မျိုးနွယ်တွေက အခြားရည်ရွယ်ချက်ရှိနေတာလား။ ဒါပေမယ့် သူတို့ရဲ့မှန်းဆက ချက်ချင်းပျောက်သွားသည်။ ကျိုးယွင်ရှန့် က အဝေးမှပြေးလာသည့် အသံများနှင့် ငိုသံကိုကြားလိုက်ရသည်။ ယောက်ျား၏ကြီးကြပ်မှုအောက်တွင် သားရဲငယ်လေးများကို သူတို့၏လက်များဖြင့် ကိုယ်တိုင်လွှင့်ပစ်သော မိန်းမများစွာကို တွေ့လိုက်ရသည်။ သားရဲငယ်များသည် လွန်ခဲ့သော ၂ လခန့်ကမှ မွေးဖွားခဲ့ဟန်တူသည်။ အမျိုးသမီးများသည် လူ့ပုံစံဖြင့်မွေးဖွားခဲ့ပြီး ယောက်ျားများသည် တစ်လအတွင်း လူသားအသွင်ပြောင်းသွားကြသည်။ လူသားအဖြစ် မပြောင်းနိုင်သော သူများက ရှေးဦးသားရဲများအဖြစ်သာ ကျန်ရစ်ခဲ့သည်။
သူတို့ကိုင်ထားသည့် သားရဲလေးများသည် သူတို့သားသမီးများဖြစ်မှာသေချာသည်။ အမျိုးသမီးများသည် သူတို့ကိုစွန့်လွှတ်ရန်ငြင်းဆန်သောအခါ ယောက်ျားများက သားရဲကလေးများကို ဆွဲယူပြီး မြက်ပင်များထဲကို လွှင့်ပစ်လိုက်ကြသည်။ ပြီးတော့သူတို့က အမျိုးသမီးများကို ဆွဲထုတ်သွားခဲ့သည်။ သူတို့ထွက်သွားပြီး မကြာမီအရွယ်ရောက်ပြီးသော ရှေးဦးသားရဲ အတော်တော်များများသည်အနံ့ခံပြီး ရောက်လာကာ မြက်တောထဲမှ ငိုယိုနေသော သားရဲငယ်လေးများကို ကောက်ယူလိုက်ကြသည်။ သူတို့မိဘများ၏ စွန့်ပစ်ခြင်းကို ခံရသော်လည်း သူတို့ကို ရှေးဦးသားရဲများက ကောက်ယူကာ ကောင်းမွန်စွာ ကျွေးမွေးထားကြသည်။
ဤအချက်ကိုကြည့်ရှုခြင်းအားဖြင့် ကျိုးယွင်ရှန့် သည် သစ်တောထဲမှ ရှေးဦးသားရဲများသည် ရေးနော့ အနွယ်မှ စွန့်ပစ်ထားခြင်းခံရသည်ကို နားလည်သဘောပေါက်သွားခဲ့သည်။ ကျောက်ရွှမ်က အနီရောက်ကျောက်များ မြှုပ်နှံထားသည့် နေရာကို အနံ့ခံပြီး လက်သည်းဖြင့်ကုတ်ကာ ဖော်လိုက်သည်။
ရေးနော့အမျိုးအနွယ်နှင့်အခြားလူမျိုးများအကြား တစ်ခုတည်းသောကွဲပြားခြားနားမှုမှာ အနီရောင်ကျောက်ကို ုပိုင်ဆိုင်ထားခြင်းဖြစ်သည်။ အနီရောင် crystals များသည် စွမ်းအင်သိုလှောင်ထားပြီး ၎င်းတွင်ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင် နေသည်။ ထိုအရာများထဲမှ အချို့စွမ်းအင်သည် လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေသော်လည်း သူတို့၏မျိုးရိုးဗီဇကို တိုက်ရိုက် ဘေးထွက်ဆိုးကျိုးရှိစေသည်။ ဒီလိုကြောင့် သူတို့ဆီမှာ လူသားအဖြစ် အသွင်မပြောင်းနိုင်သည့် ရှေးဦးသားရဲလေးများ မွေးဖွားလာကြခြင်းဖြစ်သည်။
အမျိုးသမီးများသည် ရေးနော့မျိုးနွယ်နှင့် လက်ဆက်ကာ သားသမီးမွေးဖွားခဲ့ပေမယ့် ရေဒီယိုဓာတ်ရောင်ခြည်သက်ရောက်မှုကြောင့် လူ ဦး ရေပြန့်ပွားမှုနှုန်းကျဆင်းသွားသည်။ ဖြစ်နိင်တာက သူတို့ထဲမှ မွေးဖွားလာသည့်အထဲ တစ်ဦး သို့မဟုတ်နှစ် ဦးကိုသာ လူသားအဖြစ် အသွင်ပြောင်းနိုင်သည့် သားရဲမျိုးဆက်အဖြစ်မွေးဖွားလာပြီး ကျန်မွေးလာသမျှအားလုံးက အသွင်မပြောင်းနိုင်သော ရှေးဦးသားရဲလေးများသာ ဖြစ်ကြပုံပေါ်သည်။
အနီရောင်သလင်းကျောက်သည် တစ်ချိန်တည်းတွင် သားရဲယောက်ျားများ၏ ခွန်အားကို တိုးမြှင့်ပေးခဲ့ ပေမယ့် လူသားအသွင်ပြောင်းနိုင်သည့် ကလေးမွေးဖွားမှုကို ကျဆင်းလာစေသည်။ ဒီလိုမျိုးဆက်သွားမည်ဆိုလျှင် တစ်ချိန်ကကျော်ကြားခဲ့တဲ့ ရေးနော့အနွယ်ဟာနောက်ဆုံးမှာ ပျောက်ကွယ်သွားလိမ့်မယ်။ အနီရောင်ကျောက်သလင်းသည် ရတနာ မဟုတ်၊ အဆိပ်တစ်မျိုးဖြစ်သည်။ အကယ်၍ သူတို့ရဲ့ စွမ်းအားကိုတိုးမြှင့်လိုပါက အနီရောင်ကျောက်မှ စွမ်းအင်ကို စုပ်ယူကြရပေမယ့် သူမတို့မျိုးပွားမှုကို ထိခိုက်နိုင်သောကြောင့် မလိုအပ်ပဲ ကျောက်မှ စွမ်းရည်ကို စုပ်ယူခြင်းကို သူတို့ မနှစ်သက်ကြောင်း ထင်ရှားနေသည်။
ဒီအကြောင်းက ကျိုးယွင်ရှန့် တို့နှင့် မသက်ဆိုင်ပေ။ ဆားကိုဝယ်ယူဖို့ အနီရောင်သလင်းကျောက်ကို သုံးနေသရွှေ့ သူတို့ကို ကယ်တင်လို့လည်း ရနိုင်မည်မဟုတ်ပေ။ ပြီးတော့ အနီရောင်ကျောက်ရဲ့ ဆိုးကျိုးကို ပြောပြလိုက်လျှင် ဒီသားရဲဂြိုလ်သားတွေရဲ့ တိုးတက်ပြောင်းလဲ မှုဖြစ်စဉ်ကို ထိခိုက်နိုင်မှာသေချာသည်။ ဒါဆိုလျှင် သူတို့ ဟန်းနီးမွန်းခရီး ပြီးလို့ သူတို့ဂြိုလ်ကို ပြန်ရောက်လျှင် နိုင်ငံတကာ အာကာသ ဥပဒေကို ချိုးဖောက်မှုဖြင့် သူတို့ ထောင်ကျမှာသေချာသည်။ ကျိုးယွင်ရှန့် က သူ၏ပျားရည်ဆမ်းခရီးပြီးနောက် ထောင်ထဲသို့မသွားလိုပါ။
ကျိုးယွင်ရှန့်က ရယ်ပြီးတောင်ပေါ်သို့ သယ်ဆောင်သွားရန်ခြင်္သေ့ကြီးကို ပြောပြီး ကျောပေါ်ကို ခုန်တက်လိုက်သည်။
ကျိုးယွင်ရှန့် နှင့်ကျောက်ရွှမ်တို့နားကို ဒီတောထဲက ရှေးဦးသားရဲဘုရင် အစွယ်ရှည်ကျားတစ်ကောင်က ချည်းကပ်လာပြီး သူတို့ကို စုံစမ်းဖို့ကြိုးစားပေမယ့် သူ ဘာမှမမေးလိုက်ရသေးခင် ခြင်္သေ့ကြီးရဲ့ လက်ဝါးကြီးက သူ့ပါးကို ပိတ်ရိုက်လိုက်တာကို ခံလိုက်ရသည်။ ခြင်္သေ့ကြီးက မြေပေါ်လဲကျသွားတဲ့ ကျားကို နှစ်ပတ် ပတ်လျှောက်ရင်း အသံတိုးတိုးနဲ့ ဟိန်းနေတယ်။ သားရဲနှစ်ကောင် ဘာသဘောတူညီချက် တွေ လုပ်နေတယ်ဆိုတာ မသိပေမယ့် ကျားကြီးက ခေါင်းငြိမ့်လိုက်ပြီး ကြောက်ရွံ့စွာ ပြေးထွက်သွားတော့သည်။
နာရီဝက်ကြာတော့ ရူးမိုက်တဲ့ ခြင်္သေ့ကြီးက ဘာလုပ်ချင်တယ်ဆိုတာ ကျိုးယွင်ရှန့် သဘောပေါက်သွားတယ်။ ခြင်္သေ့ကြီးက ဒီတောထဲမှာနေတဲ့ သားရဲအုပ်စုကြီးကို တောင်အနောက်ဘက်မှာ စောင့်ကြပ်နေတဲ့ စစ်သည်တော်တွေကို တိုက်ခိုက်ပြီး အဝေးကို မျှားခေါ်သွားခိုင်းတယ်။ စစ်သည်တော်တွေ မရှိချိန်မှာသူတို့က အနီရောင်ကျောက်ထွက်တဲ့ ဂူထဲကို သလင်းကျောက်နီတချို့ခိုးဖို့ အသာလေးလျှိုဝင်လာခဲ့ကြသည်။
ဒီသားရဲဲဂြိုလ်က ကျောက်ဆောင်ကျောက်တုံးကြီးများသည် မာကျောပေမယ့် သားရဲများ၏ ထက်ရှသောလက်သည်းများကြောင့် လှိုဏ်ခေါင်းကြီးဖြစ်နေပြီး ထိုလှိုဏ်ခေါင်းထဲမှ ရေးနော့မျိုးနွယ်တွေက သလင်းကျောက်နီကို တူးယူကြခြင်းဖြစ်သည်။
လှိုဏ်ဂူကြီးက ရှည်လျားနေပြီးအထဲကိုရောက်လေ မှောင်မည်းလေဖြစ်သည်။ ခြင်္သေ့ကြီးနှင့်လူတစ်ယောက်သည် မဆုံးနိုင်တော့ဘူးလားဟု ထင်ရသည့် လှိုဏ်ခေါင်းကြီးထဲ ဝင်လာရင်း နောက်ဆုံး သူတို့ရှေ့တွင် အနီရောင် အလင်းသဲ့သဲ့ကို တွေ့လိုက်ရသည်။ ကျိုးယွင်ရှန့်တို့ ထိုနေရာကို ရောက်တော့ နံရံထဲမှာ စိန်ပွင့်ပုံ အနီရောင်သလင်းကျောက်များကို ရင်သပ်ရှုမောဖွယ် ပန်းခင်းကြီးအလား တစုတစည်းတွေ တည်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုကြည်လင်လှသည့် အနီရောက်ကျောက်ကို ဖြတ်ထုတ်ယူဖို့ အခြားသားရဲများက တစ်လခန့် အချိန်ယူရမည်ဖြစ်သော်လည်း ကျိုးယွင်ရှန့် က တိုဖူးကို ဖဲ့လိုက်သလို အလွယ်တကူ ဖဲ့ယူလိုက်သည်။
ကျိုးယွင်ရှန့်သည် အနီရောင်သလင်းကျောက်ကို သေချာလေ့လာကြည့်လိုက်သည်။ ဒီသလင်းကျောက်က ရေးနော့မျိုးနွယ်ထဲ လူအသွင်မပြောင်းနိုင်သည့် ရှေးဦးသားရဲများကို မွေးဖွားစေသည့် တရားခံဖြစ်သည်။ ထိုကျောက်ထဲတွင် အင်အားကြီးသည့် အဖိုစွမ်းအင်ကို ခံစားလိုက်ရပြီး စွမ်းအင်ထဲတွင် မကောင်းသည့်အရာရောပါနေသည်။
" အဓိက ပြသနာက ဒီကျောက်ထဲမှာ ရှိနေတယ်။ ခင်ဗျားကြည့်ဦးမလား "
ကျောက်ရွှမ်က ခေါင်းယမ်းလိုက်ပြီး ခပ်မြန်မြန်လုပ်ဖို့ သူ့ချစ်သူလေးရဲ့တင်ပါးကို လက်ဝါးနဲ့အသာလေးပုတ်လိုက်တယ်။ သူပုတ်လိုက်တဲ့အတွက် ကျိုးယွင်ရှန့် ရဲ့ခါးဝတ်က နည်းနည်းလန်သွားတယ်။ ကျိုးယွင်ရှန့်က သူ့ခါးစည်းထဲက သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး အနီရောင်သလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။ လက်စွပ်ထဲတွင် သူတို့၏ အာကာသယာဉ်လေးကို သိမ်းထားသည်ဖြစ်ပေမယ့် ဒီနံရံပေါ်က ကျောက်တုံးတွေကို ထည့်နိုင်ဖို့တော့ လုံလောက်သည်။
သူတို့နှစ်ယောက်က နံရံပေါ်က အနီရောင်ကျောက်များကို တူးထုတ်ပြီး လက်စွပ်ထဲထည့်ပြီး လှိုဏ်ခေါင်းထဲက ပြန်ထွက်လာခဲ့သည်။ အပြင်ဘက်တွင် စစ်သည်တော်များက ပြန်ရောက်လာပြီး သူတို့က လှိုဏ်ခေါင်းထဲကိုစစ်ဆေးရန် ဝင်လာကြသည်။
ကျိုးယွင်ရှန့်က ကျောက်တုံးတချို့ကိုယူကာ ဂူအပြင်ဘက်ကို လှမ်းပြစ်လိုက်သဖြင့် ထိုစစ်သည်တော်များက စစ်ဆေးရန် ပြေးထွက်သွားစဉ် ကျိုးယွင်ရှန့်နှင့် ခြင်္သေ့ကြီးက အေးအေးဆေးဆေး ထွက်သွားကြတော့သည်။
ဒီအရှေ့ကုန်းတိုက်မကြီးတွင် အနီရောင်သလင်းကျောက်ကို ပိုင်ဆိုင်ထားပါက ကြိုက်တာကို ဝယ်ယူနိုင်သည်။ ဒီကျောက်က ရွှေဒင်္ဂါးလို အသုံးပြုနိုင်လို့ သူတို့လိုတာ အလွယ်တကူဝယ်နိုင်လေပြီ။
ကျိုးယွင်ရှန့်နှင့် ခြင်္သေ့ကြီးက ရေးနော့မျိုးနွယ်ဆီက ချက်ချင်းထွက် မလာပဲ အနီးနားကို လှည့်လည်ကြည့်ရှုကြသေးသည်။ သူတို့က ရေချို ရေအိုင်ကြီးနားကို ရောက်လာကြသည်။ ဒီရေအိုင်ကြီးသည် သမုဒ္ဒရာကြီးကဲ့သို့ ပြာလွင်လှပသည့် ရေကန်ကြီးထဲတွင် ငါးမန်းဖြူကြီးများ၊ ငါးလိပ်ကျောက်များနှင့်အခြား ရေနေအကောင် များစွာ ကိုတွေ့လိုက်ရသည်။ ရေးနော့မျိုးနွယ်ရဲ့ပိုင်နက်ထဲ ရေကန်ထဲတွင် ရေနေဒိုင်နိုဆောများစွာ ရှိသော်လည်း သူတို့က ပုံမှန်ရေကန်ကဲ့သလိုပင် ရှိနေသည်။
လွန်ခဲ့သောနှစ်ပေါင်းသန်းပေါင်းရာချီက ဒီကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် ပြတ်ရွေ့ကြောင်းကြီးများ ရွေ့လျားသွားသောအခါ သူတို့ရေနေ ဒိုင်နိုဆောကြီးများက သူတို့အုပ်စုနဲ့ ကွဲသွားပြီး ရှေးဦးဂြိုလ်က သူတို့လိုက်နာရသည့် ထုံးတမ်းစဉ်လာကို လိုက်နာရန် ပျက်ကွက်ခဲ့ သည်။ နောက်ပိုင်းမှာ သူတို့ဟာ ရေကူးတာတောင် မလုပ်နိုင်ကြတော့သည့်အပြင် သူတို့ အုပ်စုရှိရာ နေရာကို သွားဖို့ ရေလက်ကြားလည်း ပိတ်ဆို့သွားပြီး ဒီအုပ်စုက ဒီကုန်းတွင်း ရေချိုအိုင်ကြီးမှာ ပိတ်မိနေကြတော့သည်။
သူတို့သည် ဒီရေချိုအိုင်၏အာဏာရှင်များအဖြစ် ကြီးစိုးနေကြပြီး မည်သည့်တိရစ္ဆာန်မျှရေသောက်ရန် မချဉ်းကပ်ဝံ့ကြပေ။ ရေထဲမှ ရုတ်တရက်ခုန်ထွက်လာနိုင်သည့် ရေနေဒိုင်နိုဆောများက သူတို့ကို ရေကန် အောက်ခြေသို့ ဆွဲယူသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
အစွယ်ရှည်ကျားကြီး၏တောင်းဆိုချက်က ပုံမှန်မဟုတ် ခက်ခဲသည်ဆို သော်လည်း ကျောက်ရွှမ်က ရေနေဒိုင်နိုဆော၏ အသားကို မြည်းကြည့် ချင်သေးသည်။ ဒီရေနေဒိုင်နိုဆောကြီးက ရှေးဦးသားရဲများစွာကို စားသောက်ပြစ်ခဲ့သောကြောင့် ဒီဒိုင်နိုဆောကို စားပစ်ဖို့ အကြောင်းရင်း လုံလောက်နေပြီ။ ဒီဒိုင်နိုဆောအသားက ရှေးဦးသားရဲများ ၏ စွမ်းအင်ကို ပိုတိုးပွားစေနိုင်သေးသည်။
ရှေးဦးသားရဲများသည် အနီရောင်သလင်းကျောက်မှ စွမ်းအင်ကို အစုပ်ယူနိုင်ပေမယ့် အခြားအားကြီးသည့် သားကောင်အသားများကို စားသောက်ခြင်းဖြင့် ခွန်အားကြီးလာနိုင်သည်။ အစွယ်ရှည်ကျားကြီးက ပါးနပ်ရက်စက်ပြီး ဒီတောအုပ်ကို သူ့စွမ်းအားဖြင့် ဦးဆောင် ထားနိုင်ပေမယ့် သူ တွေ့လိုက်ရသည့် ဒီခြင်္သေ့ကြီးနှင့်လူသားက သာမန်မဟုတ်သည်ကို သိသည်။ သူတို့ဆီက ထွက်လာသည့် အရိပ်ငွေ့က ရေအိုင်ထဲက ဒိုင်နိုဆောထက်ပင် ပိုမိုအန္တရာယ်ရှိတဲ့ ခံစားမှုတစ်ခု ယူဆောင်လာခဲ့သည်။
အရေးအကြီးဆုံးမှာ ခြင်္သေ့ကြီးထံတွင် အလွန်လှပသောအမျိုးသမီးရှိပြီး ရေးနော့အနွယ်ခေါင်းဆောင်၏အဖော်ထက်ပင် အဆ ၁၀၀၀၀ ပိုမိုဆွဲဆောင်မှုရှိသော်လည်း စွမ်းအားမကြီးပဲ ဒီလောက်လှသည့် အမျိုးသမီးကို မပိုင်ဆိုင်နိုင်ဘူးဆိုတာ အစွယ်ရှည် ကျားကြီးက သိသည်။
ဒါကြောင့် ရွှေခြင်္သေ့မှာထူးခြားတဲ့အရာတစ်ခုရှိမယ်လို ကျားကြီးက အခိုင်အမာယုံကြည်ခဲ့တယ်။
အဖြစ်မှန်ကသူ၏ခန့်မှန်းချက်မှန်ကန်ကြောင်းသက်သေပြခဲ့သည်။ ရွှေခြင်္သေ့သည် ရေအိုင်နားသို့ရောက်သွားပြီး သူ့အမျိုးသမီးကို နူးညံ့သည့် မြက်ပင်နားတွင် နေရာချထားပြီးနောက် ရေထဲသို့ တဟုန်ထိုး ခုန်ချသွားသည်။ ခဏကြာပြီးနောက် အေးဆေးတည်ငြိမ်သော ရေအိုင်မှရေများသည်ကြီးမားသောလှိုင်းများအဖြစ် ကမ်းစပ်ကို ရိုက်ခတ်လာပြီး ပမာဏများပြားသည့် သွေးရောင်များက ရေအိုင်ထဲတွင်ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဒီ မြင်ကွင်းက ကြောက်စရာကောင်းလွန်းလှသည်။
အစွယ်ရှည်ကျားကြီးက ကမ်းစပ်က မြက်ပင်နားထိုင်နေသည့် အမျိုးသမီး ကြောက်လန့်သွားမည်စိုးသဖြင့် သစ်ပင်ပေါ်က ခုန်ချပြီး အနားမှာ အဖော်လုပ်ပေးမည် အပြု အမျိုးသမီးက သူ့လက်ဝါးနှင့် ပါးစပ်ကို အုပ်ပြီး ပျင်းရိစွာသမ်းလိုက်သည်။ သူ့ကိုကြည့်ရတာ နည်းနည်းလေးမှ မကြောက်သည့်အပြင် ဒီတိုက်ပွဲကိုကြည့်ရတာ ပျင်းရိနေပုံရသည်။
ဒီအမျိုးသမီး မကြောက်တတ်ဘူးလား။
ကျားကြီးကတွေးနေတုန်း ရေကန်ထဲက လှိုင်းလုံးကြီး တက်လာပြီး အမျိုးသမီးကို ခြုံလွှမ်းတော့မည်အပြု အမျိုးသမီးက လျင်မြန်စွာဖြင့် အားမစိုက်ရပဲ မီတာများစွာ ခုန်ပြီး ရှောင်လိုက်သည်ကိုတွေ့လိုက်ရသည်။
ထိုအချိန် ကျောက်ရွှမ်သည် ၁၀ တန်အလေးချိန်ရှိသော ရေနေဒိုင်နိုဆောကြီးကို ကိုက်ခဲပြီး ကမ်းခြေကိုဆွဲတင်ခဲ့သည်။ သူက ရေထဲရှိအခြားလာရောက်ကြသည့် ဒိုင်နိုဆောနှင့် အကောင်များကို ဟိန်းဟောက်ခဲ့သည်။ သူတို့က ခြင်္သေ့ကြီးကို အလွန်ကြောက်လန့်နေပုံရသည်၊ သူတို့ကိုယ်ပေါ်တွင် ရွှခြင်္သေ့၏ခြေသည်းများကြောင့် အရေပြားနှင့်အသားအရေစုတ်ပြဲခြင်း၊ သူတို့၏ကိုယ်ခန္ဓာတစ်လျှောက်လုံး ကုတ်ဖဲ့ခံရသောကြောင့် သွေးချင်းချင်းနီနေပေမယ့် ခြင်္သေ့ကြီက အမွှေးတမျှင်တောင် မကျွတ်ခဲ့ပေ။
ရေနေဒိုင်နိုဆောများသည် ကုန်းနေ ရေနေသတ္တဝါများ ဖြစ်၍ ရေမရှိဘဲ အသက်မရှင်နိုင်သော်လည်း မိုင် ၁၀၀ အတွင်း လှည့်လည်သွားလာနိုင်သည်။ ဒိုင်နိုဆောများ၏ အစားအစာဖြစ်ခြင်းမှရှောင်ရှားရန် ဒီရေအိုင်ပတ်လည်ကို တားမြစ်ထားသောနေရာအဖြစ် သတ်မှတ်ထားသောကြောင့် မည်သည့်သတ္တ ၀ ါနှင့်သားရဲတိရစ္ဆာန်များ သော်လည်းကောင်း၊ ရေးနော့မှ စစ်သည်တောများကလည်းကောင်း မဝင်လာဝံ့ပဲ ဒီရေအိုင်ပတ်လည်က စွန့်ပစ်နယ်မြေ တစ်ခု ဖြစ်နေသည်။ တကယ်လို့ကျောက်ရွှမ်က အမြန်လုပ်လျှင် ရေးနော့စစ်သည်တော်များရောက်မလာခင် သူတို့ထွက်သွားနိုင်သည်။ စစ်သည်တော်များက ဒိုင်နိုဆောနှစ်ကောင် ရန်ဖြစ်ကာသတ်ဖြတ်နေသည်လို့ပဲ ထင်မှာသေချာသည်။
ကျောက်ရွှမ်က ဒိုင်နိုဆောရဲ့အနူးညံ့ဆုံးအပိုင်းကို ဖယ်ရှားလိုက်ပြီး အစွယ်ရှည်ကျားကြီးကို အနားကပ်လာဖို့ ခေါ်လိုက်သည်။ ကျားကြီးက နာခံစွာဖြင့် ခြင်္သေ့ကြီးနားကပ်လာပြီး အညံ့ခံကြောင်းပြသသည့် အနေဖြင့် ကိုယ်ကို ညွတ်ကိုင်းကာ အရိုသေပေးလိုက်သည်။ ခြင်္သေ့ကြီးက ကျေနပ်စွာ ဟိန်းလိုက်သည်နှင့် ကျန်သားရဲအားလုံးက ကြောက်ရွှံ့စွာဖြင့် မြေတွင်ဝပ်ကာ အရိုသေပေးကြသည်။
ကမ်းစပ်နားလာစပ်စုနေသည့် ရေနေဒိုင်နိုဆောများကလည်း ဆက်လက် မစပ်စုဝံ့တော့ပဲ ရေထဲ ငုပ်လျှိုးပြီး ထွက်ပြေးသွားကြတော့သည်။ ခြင်္သေ့ကြီးကို ကျန်သားရဲအားလုံး ဝပ်ပျအရိုသေပေးနေပုံက သူက တောဘုရင်ကြီးလို ခန့်ညားလှသည့် မြင်ကွင်းတစ်ခုလည်း ဖြစ်သည်။
ခြင်္သေ့ကြီးက သူ့ချစ်သူကို အမြီးနဲ့ ရစ်ပတ်ယူပြီး သူ့နားကို ဆွဲယူရင်း ပတ်ဝန်းကျင်မှာ ရေးနော့စစ်သည်တော်တွေရှိမရှိ အကဲခတ်ပြီးနောက် ဒိုင်နိုဆောကြီးကို သူတို့ရဲ့သိုလှောင်လက်စွပ်ထဲ ထည့်သွင်းလိုက်သည်။
" ဘယ်လောက်တော်တဲ့ သူရဲကောင်းကြီးလဲ... ကျွန်တော့်ချစ်သူက ပိုပိုမိုက်လာတယ်။ "
ကျိုးယွင်ရှန့်က ရယ်မောရင်း ခြင်္သေ့ကြီး လုပ်ရပ်ကို ကြည့်နေလိုက်သည်။ ဒီရူးမိုက်တဲ့ ခြင်္သေ့ကြီက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ခြင်္သေ့ကြီးက ဒီတောနဲ့ရေအိုင်ပတ်လည်ကို လှည့်ပတ်ရင်းသေးပန်းပြီး ရေးနော့မျိုးနွယ်တောအုပ်ကို သူ့ပိုင်နက်အဖြစ် သတ်မှတ်လိုက်သေးသည်။
ဒီနယ်မြေရှိ ရှေးဦးသားရဲသတ္တဝါများက ခြင်္သေ့ကြီးကို့ ဦး ညွှတ်ကြသည်။ ကျောက်ရွှမ်က သူ၏ ဦး ခေါင်းနှင့်ရင်ဘတ်ကို မြှင့်တင်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ ကျိုးယွင်ရှန့်က ရယ်မောနေပြီး သူ့ခေါင်းက အမွေးကိုပွတ်သပ်ပြီး အမွေးများကို ဖရိုဖရဲဖြစ်သွားစေသည်။ ပြီးတော့ လူနှင့်သားရဲတစ်ကောင်သည် အချိန်မဆိုင်းတော့ပဲ ပင်လယ်သို့တိုက်ရိုက်ပြေးသွားကြတော့သည်။
ထိုညတွင် ရေးနော့မျိုးနွယ်သည် သူတို့သတ္တုတွင်းထဲရှိ ကျောက်နံရံ ပေါ်တွင် အနီရောင် သလင်းကျောက်များ ပျောက်ကွယ်သွားပြီ ဆိုတာသိလိုက်ရလို့ အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။
ကမ္ဘာပေါ်တွင် မည်သူမှ တစ်ချိန်တည်း မာကျောလှသည့် အနီရောင် သလင်းကျောက်တုံးကျောက်ခဲများကို ခိုးယူနိုင်စွမ်းရှိနိုင်မည်နည်း။
သူတို့က တောထဲရှိ စွန့်ပစ်ထားသည့် ရှေးဦးသားရဲများကို သံသယရှိသော်လည်း အနီရောင်သလင်းကျောက်သည် ညအချိန်တွင် အရောင်တောက်ပသော်ကြောင့် နေ့ခင်းအချိန်တွင် မမြင်ရသော်လည်း ညအချိန်တွင် သလင်းကျောက်အရောင်က လင်းနေအောင် ဖြာထွက်နေမည်ဖြစ်ပြီး ဖုံးကွယ်ထားနိုင်မည် မဟုတ်သောကြောင့် သူခိုးကို ညတွင်စောင့်ဖမ်းရန် ဆုံးဖြတ်လိုက်သည်။
မျိုးနွယ်စု အကြီးကဲက အလျင်စလို မလုပ်ပေ။ သူခိုးလည်း အဝေးကို ပြေးမသွားနိုင်လောက်ဟု ယုံကြည်သည့်အပြင် ညအချိန်တွင် အလင်းရောင်တွေ့သည့်နေရာတွင် သွားဖမ်းနိုင်သည်ကို သိသည်။
သို့သော် ညရောက်သောအခါ သစ်တောတစ်ခုလုံး မှောင်မိုက်နေပြီး ကောင်းကင်တွင် ဖြာထွက်နေသော အနီရောင်အလင်းမရှိခဲ့ပါ။ တစ်နည်းပြောရလျှင် သတ္တုတွင်းအနီးသဝိုက်ရှိ ရှေးဦးသားရဲများက အနီရောင်သလင်းကျောက်များကို ခိုးယူခြင်းမရှိသော်လည်း ကျောက်မိုင်းတွင်းထဲမှ ကျောက်သလင်းအားလုံး အလိုလျောက် လုံးဝပျောက်ကွယ်သွားသည်။
ထိုသို့လုပ်နိုင်သောသူသည် သားရဲဘုရားသာဖြစ်သည်ဟု ရှာမန်ကပြောခဲ့သည့်အတွက် မျိုးနွယ်စု ခေါင်းဆောင်သည် အမျက်ထွက်ပြီး ကြောက်လန့်နေခဲ့သည်။ အဆိုပါ ရေးနော့အနွယ် ပိုမိုအားကောင်းလာသည်နှင့်အမျှ သူတို့က အခြားလူမျိုးစုများကို ကျေးကျွန်များအဖြစ်ဆက်ဆံပြီး အစာရှားပါးသည့်အခါ အမဲလိုက်ပြီး စားသောက်ခဲ့သည်။ စွန့်ပစ်ထားသော ရှေးဦးသားရဲများသည် သူတို့အမဲလိုက်ခြင်း၏ အဓိကပစ်မှတ်များဖြစ်လာသည်။ မျိုးနွယ်တူများကို စားသောက်ခြင်းက သားရဲနတ်ဘုရားကို ဒေါသထွက်စေပြီး သလင်းကျောက်နီများကို ပျောက်ကွယ်အောင် အပြစ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရှာမန်က ယုံကြည်သည်။
ရှာမန်က ကြောက်လန့်တကြား သားရဲနတ်ဘုရားရုပ်ထုရှေ့တွင် ဒူးထောက်တောင်းပန် ဆုတောင်းနသည်။ သူတို့နေထိုင်ရာ သားရဲဂြိုလ်တွင် သိုလှောင်လက်စွပ်လို အရာရှိမည်ဟု ယောင်လို့တောင် အိပ်မက်မမက်ဖူးကြပေ။ သူတို့ နားမလည်နိုင်သည့်ဖြစ်ရပ်များကို သားရဲနတ်ဘုရားမှ တန်ခိုးပြသည့် အံ့ဖွယ်အရာများအဖြစ်သာ သတ်မှတ်နိုင်တော့သည်။
အဆိုပါမျိုးနွယ်စုခေါင်းဆောင်သည် ကျွန်နှင့် လူလတ်ပိုင်းအရွယ် ယောက်ျားလေးများကို ချန်ထားခဲ့ပြီး ကျွန်အုပ်စုတစ်စုကို သားရဲနတ်ဘုရား စိတ်ပြေစေရန် လွှတ်လိုက်ရုံသာရှိတော့သည်။ ငယ်ရွယ်သန်မာသူများကို အနီရောင် သလင်းကျောက်တူးရန် လိုအပ်နေသဖြင့် ချန်ထားရစ်သည်။ သားရဲနတ်ဘုရားက ဒေါသထွက်နေသော်လည်း မျိုးနွယ်စု ခေါင်းဆောင်က သူ့လောဘကို မသတ်နိုင်ပဲ သလင်းကျောက်ကို ဆက်လက်တူးဖော်ဖို့ကြိုးစားခဲ့သည်။
သူက မိုင်းတွင်းတွင် အလုပ်များနေစဉ် ခြင်္သေ့ကြီး၏ ကျင်ငယ်ရေဖြန်းပြီး နယ်မြေသတ်မှတ်ချက်အရ သူတို့ပိုင်နက်ထဲမှာ ရှေးဦးသားရဲ များ အုပ်စုလိုက်ပြောင်းရွှေ့သွားသည်ကို သတိမပြုမိလိုက်ပေ။ ရှေးဦးသားရဲ များက ခြင်္သေ့ကျင်ငယ်ရည် အနံ့ကို ခံပြီး အရှေ့ပိုင်းတောအုပ်ဆီကို ပြောင်းသွားကြခြင်းဖြစ်သည်။ ရှေးဦးသားရဲများပြောင်းသည်နှင့် တပြိုင်န်က အခြားသားရိုင်းများလည်း လိုက်ပါ ရွှေ့ပြောင်းသွားကြသည်။
သူတို့ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက်တောရိုင်းတိရစ္ဆာန် အမြောက် အမြား လည်းထွက်ခွာသွားကြသည်။ သူတို့ သတိပြုမိ လာချိန်တွင် ထိုရေးနော့လူမျိုးစုသည်ရက်ပေါင်းများစွာ အမဲလိုက်သော်လည်း သားရိုင်းတစ်ကောင်ကိုမှ ဖမ်းဖို့ မလုပ်နိုင်တော့ပေ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ အနီရောင်ကျောက်သလင်းများ ရှိနေသေးသရွေ့ သူတို့လိုအပ်သည်ကို အခြားမျိုးနွယ်များထံမှ အစားအစာများကို အလဲအလှယ်ဖြင့် ဆက်လက်ရရှိနေဦးမည်ဖြစ်သည်။
အနီရောင်ကျောက်ဆောင်များ တူးဖော်ယူဆောင်လာသည့်အခါ သူတို့စိတ်ပူပန်နေသမျှ အားလုံး စိတ်သက်သာရာရသွားကြသည်။ ဒီလို သူတို့သက်သောင့်သက်သာဘဝဖြင့် အနီရောင်သလင်းကျောက်ကို မှီခိုနေသောကြောင့် သူတို့ စစ်သူရဲများအားလုံး ရဲစွမ်းသတ္တိနှင့်ရှင်သန်နိုင်စွမ်းကို ဆုံးရှုံးစေလိမ့်မည်ဟု သူတို့တစ်ခါမှ မခံစားခဲ့ကြပေ။ သူတို့က အဆင့်သတ်မှတ်ချက်အရ လက်တွေ့ တိုက်ပွဲဝင်ခြင်း၊ အမဲလိုက်ခြင်း အတွေ့ကြုံများ မရှိကြပေ။ တကယ်လို့အခြားမျိုးနွယ်များနှင့် တိုက်ခိုက်မည်ဆိုလျှင် သူတို့ သေချာပေါက်ရှုံးနိမ့်မှာ သေချာသည်။ ဒါ့အပြင် အနီရောင် သလင်းကျောက်က သူတို့မျိုးနွယ်၏့မွေးဖွားခြင်းကိုဖျက်ဆီးပြီး မျိုးရိုးဗီဇ သာလွန်သော မျိုးဆက်များ မရရှိစေရေးကို တားဆီးခဲ့သည်။ အချိန် ကုန်လွန်လာသည်နှင့်အမျှ သူတို့သည် အနီရောင်သလင်းကျောက် များကိုအလွဲသုံးစားပြုခြင်းဖြင့် ဒုက္ခရောက်ကြရသည် ။
အခြားလူမျိုးစုများလည်း အားနည်းချက်ရှိကြသည်။ ကျိုးယွင်ရှန့် ဒီအချက်ကို မြင်ပေမယ့် ပြောမပြသလို ပြောပြချင်စိတ်လည်းမရှိပေ။
မိုက်မဲသောခြင်္သေ့နှင့် ကျိုးယွင်ရှန့် တို့ ပင်လယ်ကမ်းခြေသို့ဘေးကင်းစွာရောက်ရှိရန် 15 ရက်ခန့်ကြာခဲ့သည်။ ကျိုးယွင်ရှန့် သည် အကြီးမားဆုံး ရေသူမမျိုးနွယ်ကိုတွေ့ရှိခဲ့ပြီး အနီရောင်သလင်းကျောက်နှင့် ဆား ၅၀ ကီလိုဂရမ်ကို လဲလှယ်ခဲ့သည်။ သူတို့ဆီမှာ ဒီဂြိုလ်က ဘယ်သူမှ မပိုင်ဆိုင်တဲ့ သိုလှောင်လက်စွပ် ရှိသောကြောင့် ပူပန်စရာမလိုပဲ အချိန်အတော်ကြာ လှည့်လည်နေနိုင်ပြီး ပြသနာတချို့ကို ရှောင်ရှားနိုင်ခဲ့သည်။
ရေသူမမျိုးနွယ်သည် သီးခြားနေတတ်သည့်အနွယ်ဖြစ်ပြီး သူတို့လိုအပ်သည့် သလင်းကျောက်ကို ရပြီးသည်နှင့် လူစိမ်းများကို သူတို့ဒေသမှ ထွက်ခွာသွားရန်ပြောတော့သည်။
မိုက်မဲသောခြင်္သေ့နှင့် ကျိုးယွင်ရှန့် လည်း နေပူဆာလှုံရန် အစီစဉ်ကို စွန့်လွှတ်ပြီး ငါးခြောက်အချို့ဝယ်ယူပြီး တဖြည်းဖြည်း အိမ်ကိုပြန်လာကြတော့သည်။
================