ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

782K 70.2K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet

3.1K 329 2
By MayKingMK119

FOD _Extra _ Chapter (5) _Honeymoon on Beast-man Planet

ႀကီးမားလွတဲ့ ကုန္းတြင္းေရအိုင္ႀကီးက မိုင္ရာခ်ီက်ယ္တဲ့သစ္ေတာႀကီကို ႏွစ္ပိုင္း ပိုင္းျခားထားတယ္။ အဲ့ဒီေရကန္ႀကီးရဲ႕ၾကည္လင္သန႔္ရွင္းတဲ့ ေရကန္မ်က္ႏွာျပင္က ေကာင္းကင္ျပာျပာႀကီးကို အရိပ္ထင္ေနေစၿပီး သာယာတဲ့ေလေျပညႇင္းေလးေတြ ေဆာ္ေသြးမႈေၾကာင့္ လႈိင္းၾကက္ခြတ္ေျပေျပေလးေတြျဖစ္ေနပုံက အင္မတန္ကို ၾကည့္ေကာင္းေစတယ္။ ကမ္းစပ္မွာ သား႐ိုင္းေကာင္ေတြက ေရငုံ႔ေသာက္ေနရင္း ေအာ္ဟစ္သံကို ၾကားလိုက္ရေတာ့သူတို႔ နား႐ြက္ေတြ ေထာင္ကုန္ၿပီး အကုန္ႏိုးႏိုးၾကားၾကားျဖစ္လာၾကတယ္။

သစ္ေတာအတြင္းပိုင္းက ေတာ႐ိုင္းတိရိစာၦန္မ်ားအတြက္ သုခဘုံ တစ္ခုျဖစ္ၿပီး သားရဲလူသားမ်ားအတြက္ ဝင္ထြက္တာကို တားျမစ္ထားတယ္။ ဒါေပမယ့္ သားရဲအမ်ိဳးသမီးက သစ္ေတာထဲက ခ်ဳံပုတ္ထဲမွာ ေသခ်ာပုံးေအာင္းေနၿပီး သူ႔ကိုယ္ကို အနံ႔ေဖ်ာက္ႏိုင္တဲ့ အရည္ေတြသုတ္လိ္မ္းလို႔ ကိုယ္မွာ သစ္ခက္သစ္႐ြက္ေတြ ခ်ည္ေႏွာင္ထားတယ္။ သူက သတိနဲ႔ သစ္ေတာတစ္ဝက္ေလာက္ကို ျဖတ္သန္းလာခဲ့တယ္။ အျခား  ေတာ႐ိုင္းတိရိစာၦန္ ေတြ အနားေရာက္လာရင္ ၿငိမ္ေနၿပီး သူတို႔ထြက္သြားေတာ့မွ ခရီးဆက္လာခဲ့တယ္။ သူ႔ပုံၾကည့္ရတာ ေ႐ႊ႕လ်ားေနတဲ့ သစ္ပင္နဲ႔ေတာင္ တူတယ္။ သူက သတိနဲ႔ သစ္ေတာ တစ္ဝက္ကို ျဖတ္သန္းၿပီး ကုန္းတြင္းေရကန္အစပ္ကို ေရာက္လာခဲ့တယ္။ ဒီကမ္းစပ္က သူလိုခ်င္တဲ့ အသီးတစ္ခုအတြက္ ခုလို ေတာထဲကို စြန႔္စားဝင္ေရာက္ လာတာျဖစ္တယ္။

"လဝက္ၾကာေအာင္ေစာင့္ခဲ့ရၿပီးတဲ့ေနာက္ ငါလိုခ်င္တာကို ရခဲ့ၿပီကြ။ ဒီကိုေရာက္လာဖို႔ ငါေတာ္ေတာ္ေလးႀကိဳးစားခဲ့ရတာပဲ "
 သားရဲအမ်ိဳးသမီးက ႏွံစားသီးႏွံအ႐ိုင္းေတြကို ကုန္းေကာက္ၿပီး ပါလာတဲ့ အိတ္ႏွစ္ခုထဲကို အျပည့္ထည့္လိုက္တယ္။ ၿပီးေတာ့သူ႔မ်ိဳးႏြယ္စုေတြဆီကို ျပန္ဖို႔ ျပင္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာ ေျမျပင္ႀကီးတစ္ခုလုံးတုန္ခါလာတာကို ခံစားလိုက္ရတယ္။ သူ ေၾကာက္လန႔္တၾကားနဲ႔ သစ္ပင္ေတြေနာက္ကို ေျပးပုန္းၿပီး ၾကည့ိလိုက္ေတာ့ ႀကီးမားတဲ့ႏွာေမာင္းရွည္အေကာင္ႀကီးတစ္ေကာင္ ေ႐ႊ႕လာတာကို ေတြ႕လိုက္ရတယ္။ ဒီေကာင္ႀကီးက အေမြးရွည္ဆင္ႀကီးနဲ႔တူေပမယ့္ ဆင္လို လမ္းေလွ်ာက္တာ မဟုတ္သလို အေမြးရွည္ေတြလည္းမရွိဘူး။ သူက လမ္းေလွ်ာက္တာထက္ ေျခေထာက္ႏွစ္ေခါင္းနဲ႔ ခုန္ခုန္ၿပီးလာေနသလိုပဲ။ သူ႔ႏွာေမာင္းႀကီးက 7 ၊ 8 မီတာေလာက္ ရွည္ၿပီး လာတဲ့လမ္းတစ္ေလွ်ာက္က ေတြ႕သမွ် အပင္ေတြကို ႏွာေမာင္းႀကီးနဲ႔သိမ္းက်ဳံးၿပီး ပါးစပ္ထဲ ပစ္ထည့္ၿမိဳခ်ခဲ့တယ္။ အပင္စားေကာင္ႀကီးက တျဖည္းျဖည္းသူနဲ႔နီးလာတာကို ေတြ႕ေတာ့ သူ အရမ္းကို ေၾကာက္သြားခဲ့တယ္။ သူတို႔က အပင္စားသတၱဝါမ်ားျဖစ္ၾကေပမယ့္ အျခားသားရဲတိရစာၦန္ေတြ ထက္ ဆိုး႐ြားလွတယ္။ ရွည္လ်ားတဲ့ႏွာေခါင္းပါတဲ့ ဆင္အုပ္က တစ္ေနရာကို ကိုျဖတ္သြား မယ္ဆိုရင္ အဲ့ဒီေနရာက ေျမႀကီးက ခ်က္ခ်င္း နိမ့္သြားတယ္လို႔ ေျပာသံၾကားဖူးတယ္။

ေရွာင္အန္းခြၽမ္ဆိုတဲ့ အမ်ိဳးသမီးသားရဲရဲ႕ မ်က္ႏွာက ေၾကာက္႐ြံ႕မႈေၾကာင့္ အစိမ္းေရာင္အျဖစ္ကို ေျပာင္းသြားေတာ့တယ္။ ဒါေၾကာင့္ ခ်ဳံေနာက္မွာပုန္းေနရာကေန အျခားအေကာင္ေတြ ေျပးသလို လိုက္ေျပးေတာ့တယ္။ ႀကီးမားတဲ့ အစာမ်ိဳေနတဲ့ ေတာင္လိုႀကီးတဲ့ အေကာင္အုပ္ႀကီးေရာက္လာေတာ့ သူတို႔ေျခေထာက္ေအာက္မွာ အေကာင္ေသးေတြက အနင္းခံရၿပီး ေသမယ့္ေဘးကေန အလုယက္ ထြက္ေျပးၾကေတာ့တယ္။ သူတို႔ထဲမွာ သားရဲအမ်ိဳးသမီး ရွိေနတာကို လည္း သတိမထားႏိုင္ပဲ သူတို႔အသက္ေလး မေသေအာင္ အသက္လုေန ရေတာ့တယ္။

ေရွာင္အန္းခြၽမ္က ေျပးရင္းေနာက္ျပန္လွည့္ၾကည့္ရင္း ေအာ္ဟစ္လိုက္မိေတာ့တယ္။
 " အား....အဲ့ဒါ ဘာေကာင္ႀကီးေတြတုန္း၊ အဲ့ဒါ ဒိုင္ႏိုေဆာႀကီးေတြလား။ ဒီလို ဒိုႏိုေဆာက ဘယ္လိုလုပ္ၿပီး သားရဲၿဂိဳလ္မွာ ရွိေနရတာလဲ"

သူက ပါးစပ္က ထုတ္ေျပာလိုက္မိၿပီးေတာ့မွ ဒိုင္ႏိုေဆာေတြက သူတို႔
ကမာၻေပၚတင္ မဟုတ္ပဲ ဘယ္လိုမွ ရွိမယ္မထင္ရတဲ့ သားရဲၿဂိဳလ္ေပၚမွာ လည္း ရွိႏိုင္တယ္ဆိုတာ သူ သတိရသြားတယ္။

ဒိုင္ႏိုေဆာေတြရွိတယ္ဆိုတာ ဘယ္လူသားမ်ိဳးႏြယ္ေတြကမွ သူ႔ကို မေျပာျပခဲ့ၾကဘူး။ တကယ္လို႔ သူဒါေတြရွိတာကို ႀကိဳသိခဲ့မယ္ဆိုရင္ သူ႔အေမ သူ႔ကို အေသ႐ိုက္သတ္ရင္ေတာင္မွ ဒီကို ထြက္လာမွာ မဟုတ္ဘူး။ အခုေတာ့ သူ႔ဘဝက အဆုံးသတ္ပါၿပီ။ သူ ဒီမွာ ေသရေတာ့မ ယ္လို႔ ေတြးၿပီး လမ္းတစ္ေလွ်ာက္လုံး မ်က္ရည္မ်ားစီးက်လာေတာ့တယ္။

သူ႔ေနာက္ ကီလိုမီတာအနည္းငယ္အကြာမွာ ၁၀ မီတာျမင့္တဲ့ Tyrannosaurus Rex  အ႐ြက္စား ဒိုင္ႏိုေဆာႀကီးက သစ္ပင္ေတြကို တိုက္လွဲၿပီး သူေရွ႕မွာ အလုယက္ေျပးတဲ့ အေကာင္အုပ္ေတြေနာက္ကို သည္သည္းမည္းမည္းလိုက္ဖမ္းေတာ့တယ္။ ဒီဒိုင္ႏိုေဆာႀကီးၾကည့္ရတာ ဆာေလာင္ေနပုံရၿပီး အပင္ေတြနဲ႔ မတင္းတိမ္တဲ့ပုံပဲ။ သူက ပိုအရသာရွိတဲ့ အေကာင္ေတြကို စားခ်င္ လို႔ အေျပးလိုက္ေနတယ္။ သူ႔ပါးစပ္ႀကီးက ဟၿဖဲေနၿပီး သြားေတြက  ခြၽန္ထက္လို႔ေနတယ္။

 ေ႐ႊေရာင္မ်က္လုံးႀကီးထဲကေန ေတာက္ပတဲ့ အလင္ေရာင္ေတြ ျဖာက်ေနတယ္။ သူက ဘယ္အေကာင္ကို စားရမလဲလို႔ ၾကည့္လိုက္ခ်ိန္ အျခား သမင္၊ ဒရယ္ေတြထက္ သားရဲအမက ေျခႏွစ္ေခ်ာင္းနဲ႔ေျပးတဲ့ႏႈန္းက ေႏွးေနတာကို ေတြ႕လိုက္ရတယ္။ အျခားအေကာင္ေတြထက္ သားရဲအမကို စားရမယ္ဆိုရင္ အသားက ႏူးညံ့ေနၿပီး ေသြးေတြက ဘယ္ေလာက္ခ်ိဳမလဲလို႔ေတြးၿပီး ဒိုင္ႏိုေဆာႀကီးက သားရဲအမေနာက္ကို တဟုန္ထိုးလိုက္ေတာ့တယ္။

ပါးစပ္ၿပဲႀကီးက သားရည္ေတြတျမားျမားထြက္ေနတဲ့ ဒိုင္ႏိုေဆာႀကီးက သူနဲ႔တျဖည္းျဖည္းနီးလာခဲ့တယ္။ ကံဆိုးစြာနဲ႔ သူ႔ကို အျခားအေကာင္ေတြက တြန္းတိုက္သြားၿပီး သူ႔အေပၚကို တက္နင္းသြားၾကတယ္။ ဒါေၾကာင့္ သူ႔တကိုယ္လုံး ပြန္းပဲဒဏ္ရာနဲ႔ မ်က္ႏွာမွာ ဒဏ္ရာေတြနဲ႔ေရာင္ကိုင္းၿပီး သနားစရာျဖစ္လို႔ေနတယ္။ ေသြးေတြထြက္လာလို႔ သူ႔ကိုယ္မွာဖုံးထားတဲ့ အနံ႔ေဖ်ာက္ အပင္က အရည္ေတြကို ေက်ာ္ၿပီး ဒိုင္ႏိုေဆာႀကီးက ခ်ိဳၿမိန္လွတဲ့ ေသြးနံ႔ေၾကာင့္ သြားရည္ပိုက်လာၿပီး ပါးစပ္ႀကီးကို စန႔္လို႔ သားရဲအမကို တကိုက္တည္းနဲ႔လွမ္းဟပ္ဖို႔ ႀကိဳးစားလိုက္တယ္။ ဒီအရသာရွိပုံရတဲ့ သားရဲအမကို သူ အရမ္းကို စားခ်င္ေနၿပီ။ တလုတ္တည္းနဲ႔ ဒီသားရဲကို ၿမိဳခ်ဖို႔လုပ္လိုက္တယ္။

ေရွာင္အန္းခြၽမ္က သားရဲေကာင္ႀကီး တဟုန္ထိုးေျပးဟပ္လာတာ ေတြ႕ေတာ့ သားရဲဘာသာစကားကို ေမ့ၿပီး တ႐ုတ္လို အကူညီေအာ္ေတာင္ လိုက္မိေတာ့တယ္။

 "ကယ္ၾကပါဦး"

က်ိဳးယြင္ရွန႔္နဲ႔ ေက်ာက္႐ႊမ္က အရမ္းကို အၾကားအာ႐ုံထက္ျမက္ ၾကတယ္။ မိုင္ေပါင္းမ်ားစြာအကြာကတည္းက ဒိုင္ႏိုေဆာအသံကို ၾကားကတည္းက အဲ့ဒီေနရာကို ေျပးလာခဲ့ၾကတယ္။ အဲ့ဒီအခ်ိန္ ႐ုတ္တရက္ တ႐ုတ္ဘာသာစကားနဲ႔ အကူညီေတာင္း သံကိုၾကားေတာ့ က်ိဳးယြင္ရွန႔္က သူ႔ခ်စ္သူကို အျမန္ အမိန႔္ေပးလိုက္တယ္။

" သူ႔ကို အျမန္သြားကယ္လိုက္။ ဒီၿဂိဳလ္ေပၚမွာ တ႐ုတ္စကားေျပာတဲ့ သားရဲနဲ႔ေတြ႕ရတာ စိတ္ဝင္စားဖို႔ေကာင္းတယ္။ "

က်ိဳးယြင္ရွန႔္က မိုက္မဲတဲ့ျခေသၤ့ရဲ႕ေခါင္းကို တိတ္ဆိတ္စြာ ပုတ္လိုက္တယ္။ ေက်ာက္႐ႊမ္က သူ႔ခ်စ္သူေလးရဲ႕အမိန႔္ကိုၾကားေတာ့ ခ်က္ခ်င္း ဟိန္းသံျပဳၿပီးတဟုန္ထိုးေျပးထြက္သြားေတာ့ လမ္းေၾကာင္းတေလွ်ာက္ ေ႐ႊေရာင္အလင္းပဲ ျမင္လိုက္ရေတာ့တယ္။


ေရွာင္အန္းခြၽမ္က မ်က္ရည္ေတြစိးက်ၿပီ းအသံျပာေအာင္ ေအာ္ဟစ္လိုက္တယ္။ ဒိုင္ႏိုေဆာရဲ႕ ခြၽန္ျမတဲ့သြားေတြက သူနဲ႔ နီးသထက္ နီးလာခဲ့တယ္။ မၾကာခင္ သူ႔အေရးျပားကို ထိုးခြဲလာမွာကို ေစာင့္ရင္း မ်က္လုံးကို တင္းတင္းမွိတ္လိုက္ေတာ့တယ္။ ႐ုတ္တရက္ သူ႔ကိုယ္က ေဘးကို တြန္းတိုက္ခံလိုက္ရၿပီး သစ္ပင္ပင္စည္တစ္ခုနဲ႔တိုက္မိလိုက္တယ္။

သူက ႐ုတ္တရက္ ဘာျဖစ္သြားသလဲဆိုတာ မသိေတာ့မ်က္လုံးကို ဖြင့္ၾကည့္လိုက္ေတာ့ ႀကီးမားတဲ့ေ႐ႊေရာင္ျခေသၤ့ႀကီးက သူ႔ေရွ႕ကိုေရာက္ၿပီး ဒိုင္ႏိုေဆာကို တိုက္ခိုက္ဖို႔လုပ္ေနတာကို ေတြ႕လိုက္ရတယ္။ ေရွာင္အန္းခြၽမ္က ေၾကာင္အမ္းအမ္းျဖစ္ေနၿပီး အသံတစ္သံမွ မထြက္ႏိုင္ဘူးျဖစ္ေနတယ္။ သူက အေၾကာက္လြန္ၿပီး ထင္ေယာင္ထင္မွားျဖစ္ေနသလားဆိုၿပီး မ်က္လုံးကို ေသခ်ာပြတ္ၾကည့္မိေပမယ့္ တကယ့္ကို ျခေသၤ့ႀကီးျဖစ္ေနတာကို ေတြ႕ရတယ္။

ေလးမီတာရွည္လ်ားေသာ  ေ႐ႊျခေသၤ့က ၁၀ မီတာရွည္ေသာ ဒိုင္နုိေဆာကို လက္သည္းႀကီးနဲ႕ ႐ိုက္ပုတ္လိုက္တယ္။

"ေတာဘုရင္ ျခေသၤ့ႀကီးလား..."

ေရွာင္အန္းခြၽမ္က သူအနားကို တိတ္တဆိတ္ခ်ဥ္းကပ္လာတဲ့ ရုပ္ရည္ေခ်ာေမာသူကို ရုတ္တရက္ ရွာေဖြေတြ႕ရွိလိုက္တယ္။ သူက အလ်င္အျမန္ထလိုက္ျပီး  သူ႕လက္ နဲ႕ မ်က္နွာကို ပြတ္လိုက္ျပီး တေယာက္တညး္ေျပာေနမိတယ္။

" ငါမွန္တယ္။အထီးေတြရဲ႕ ဘုရင္ျခေသၤ့ႀကီးပါပဲ။ "

သူက တ႐ုတ္စကားေျပာေနမိတာကို သေဘာေပါက္လိုက္ၿပီး ခ်က္ခ်င္းပဲ သူ႕သားရဲ ဘာသာစကားနဲ႔ ထပ္တူထပ္ခါတလဲလဲ ေျပာလိုက္တယ္။ တရုတ္သာသာစကားက သူ႕ရဲ႕မိခင္ဘာသာစကားျဖစ္ပံုရတယ္။

" မင္းက ဘယ္ျမိဳ႕ ဘယ္ဇာတိကလဲ။ မင္းက အျခားမ်ိဳးႏြယ္က လာတာလား။  "

က်ိဳးယြင္ရွန္႕က ေမးျမန္းစံုစမ္းလို္က္တယ္။

ေရွာင္အန္းခြၽမ္က သူ႕မ်က္နွာကို သုတ္ေလေလ မ်က္လံုးထဲက မ်က္ရည္ေတြနဲ႕ေရာျပီး မ်က္နွာေပၚမွာ သုတ္လိမ္းထားတဲ့ အစိမ္းေရာင္ အရည္ေတြက ပိုျပန္႕ေလျဖစ္ျပီး မ်က္ႏွာတစ္ခုလံုး ရယ္စရာ ေပပြလို႕ေနတယ္။
 
" ငါ့ရဲ႕ ဇာတိၿမိဳ႕ကအရမ္းေဝးတယ္။ ငါက မင္းလိုပဲ ကိုယ့္မ်ိဳးႏြယ္ေတြနဲ႕ ကြဲလာခဲ့တယ္။ ဒါေႀကာင့္ ဘာယန္ မ်ိဳးႏြယ္စုေတြရဲ႕ ကယ္တင္ျခင္းကိုခံခဲ့ရတယ္။ ငါက တုိက္ခုိက္နုိင္တဲ့ စြမ္းရည္ မရွိတဲ့ အတြက္ သားရဲ အမျဖစ္သတ္မွတ္ျပီး သူတို႕က ငါ့ကို ခ်က္ခ်င္းပဲ ေခၚေဆာင္သြားႀကတာ ျဖစ္တယ္။  "

ဒီစကားေျပာေသာအခါ ေရွာင္အန္းခြၽမ္က သူ႕အျဖစ္ကို ျပန္ေတြးမိျပီး ဝမ္းနည္းေနခဲ့တယ္။ သူက သူနဲ႕ မ်ိဳးနြယ္တူတဲ့ လူေတြနဲ႕ေတြ႕ျပီဆိုျပီး ဝမ္းသာေနခဲ့ေပမယ့္ သူ႕ကို ကယ္တင္တဲ့ မ်ိဳးႏြယ္စု ေခါင္းေဆာင္က ရုတ္တရက္ ဝံပုေလြအျဖစ္ ေျပာင္းလိုက္တာကို ေတြ႕လိုက္ခ်ိန္မွာ သူေရာက္ေနတဲ့ေနရာက ေရွးကမာၻေျမကို မဟုတ္ဘဲ အျခားၿဂိဳလ္ အထူးသျဖင့္ သားရဲၿဂိဳဟ္ ျဖစ္ေနတယ္ဆိုတာ သိလိုက္ရတယ္။

ဒီၿဂိဳလ္ေပၚမွာ အမ်ိဳးသမီးရယ္လို႔မရွိဘူး။ အသြင္ေျပာင္းလို႔မရတဲ့ ေယာက်ာ္းေတြကို အမ ေတြအျဖစ္သတ္မွတ္လိုက္ၾကတယ္။ သူတို႔က ေယာက်ာ္းေတြျဖစ္ေပမယ့္ သူတို႔ရဲ႕လိင္ကို ေျပာင္းလဲသတ္မွတ္ျခင္း ခံလိုက္ရတယ္။ သူလည္း အမ အျဖစ္သတ္မွတ္ၿပီး အထီးအမ်ားႀကီးနဲ႔ လိင္ဆက္ဆံျခင္း ခံလိုက္ရတယ္။ ဒီၿဂိဳလ္မွာ အမ ေတြက ရွားပါးလို႔ တလင္တမယား စနစ္နဲ႔ ေနလို႔မရပဲ အမ တစ္ေယာက္ကို အထီးအမ်ားႀကီးက ခြဲေဝပိုင္ဆိုင္ရတယ္။ အမ်ိဳးသမီးတစ္ ဦး သည္တစ္ခ်ိန္တည္းတြင္ေယာက္်ားမ်ားစြာ ရွိႏိုင္သည္။ သူသည္ ေရာက္ရွိလာခ်ိန္ တိုေတာင္းေပမယ့္ မူလဇာတိခံ အမ ေတြထက္ကို အဆေပါင္းမ်ားစြာ ပိုလွတဲ့အတြက္ ဒီလူမ်ိဳးစုေယာက္်ားမ်ားေတြၾကား အရမ္း လူႀကိဳက္မ်ားခဲ့သည္။ ရွာမန္ရဲ႕သားေတာင္ သူ႔ကို ယွဥ္လို႔မရခဲ့ဘူး။

ဤအေၾကာင္းျပခ်က္ေၾကာင့္ သူက မၾကာခဏဖယ္က်ဥ္ခံခဲ့ရတယ္။ သူ သစ္သီးဝလံေတြ လိုက္ေကာက္ဖို႔ ထြက္တဲ့အခါတိုင္း သူ႔ကို မေခၚပဲ အၿမဲ ခ်န္ထားၾကတယ္။

ေရွာင္အန္းခြၽမ္က ဒီအေၾကာင္းကိုစဥ္းစားမိၿပီး က်ိဳးယြင္ရွန႔္ကို ေျခဆုံးေခါင္းဆုံး ေသခ်ာၾကည့္လိုက္တယ္။ ဒီလူက တကယ္ အထီးပဲ။ သူ႔ရဲ႕ ရွည္သြယ္လွတဲ့ ေျခတံေတြ၊ ေသးသြယ္ေပမယ့္ က်စ္လစ္တဲ့ ေျခလက္ႂကြက္သားေတြနဲ႔ သူမတူေအာင္ ေခ်ာေမာလွပတဲ့ ဒီလူက ဒီၿဂိဳလ္က အမ အျဖစ္သတ္မွတ္ခံရတဲ့ ေယာက်ာ္းေတြထက္ အဆ မတန္ ေခ်ာေမာလြန္းေပမယ့္ တကယ့္ကို စြမ္းအားႀကီးတဲ့အရွိန္ဝါရွိၿပီး ျခေသၤ့ႀကီးလို နတ္ဘုရားတစ္ပါးပဲျဖစ္ရမယ္။

ဟိုးအရင္ သူ႔အဖိုးေျပာျပတဲ့ ဇာတ္လမ္းေတြထဲကလို ဘာေၾကာင့္ ဒီေလာက္လွပတဲ့ နတ္ဘုရားေတြကို ဒီလူ႔ေလာကမွ ဆက္ေနခြင့္မျပဳသလဲ ဆိုတာကို ေရွာင္အန္းခြၽမ္က  နားလည္လာတယ္။ နတ္ဘုရားေတြသာ ဆက္ရွိမယ္ ဆိုရင္ လူေတြ လုယက္ဖို႔ႀကိဳးစားတာနဲ႔ အမ်ားႀကီး ေသေက်သြားႏိုင္တယ္။ ဒါမွမဟုတ္ နတ္သမီးပုံျပင္ ထဲက နတ္ဘုရားက မ်ိဳးႏြယ္စုအားလုံးထဲမွာရွိတဲ့ ေယာက္်ားအားလုံးကို သူရဲ႕လွပတဲ့ ပုံပန္းသဏၭာန္နဲ႔ သူပိုင္တဲ့ နန္းေတာ္ထဲကို ေခၚေဆာင္သြားႏိုင္တယ္။

"မင္း ဘယ္ေနရာကို ၾကည့္ေနတာလဲ"
က်ိဳးယြင္ရွန႔္က ေရွာင္အန္းခြၽမ္ကို ေမးလိုက္တယ္။

ေရွာင္အန္းခြၽမ္က တဖက္လူရဲ႕ေျခတံေတြနဲ႔ ေျခေထာက္ၾကားက ဟာကို စိုက္ၾကည့္ေနရာကေန အၾကည့္ကို ခ်က္ခ်င္းျပန္လည္ ႐ုပ္သိမ္းလိုက္တယ္။

"မင္း ဘိုင္ယန္မ်ိဳးႏြယ္ထဲ ဘယ္ေလာက္ၾကာၾကာေနခဲ့ရတာလဲ"
က်ိဳးယြင္ရွန႔္ ဆက္ေမးလိုက္တယ္။

"ႏွစ္ႏွစ္။"

ေရွာင္အန္းခြၽမ္က သူ႔ဖာသာလုပ္ထားတဲ့ ရက္တြက္တဲ့ စနစ္သာမရွိရင္ သူ ေရာက္ေနတာ ဘယ္ေလာက္ၾကာၿပီဆိုတာ သူ႔ဖာသာေတာင္သိမွာ မဟုတ္ဘူး။ သူက ပထမႏွစ္မွာ ဘိုင္ယန္ လူမ်ိဳးစုအတြင္းမွာ ပုန္းေအာင္းခဲ့ၿပီး သူ႔ေနရာကို ျပန္သြားႏိုင္တဲ့ ကံၾကမၼာကို ဆုံးရႈံးလိုက္ရတယ္။ ဒါေၾကာင့္ ဒုတိယႏွစ္မွာေတာ့ သူျပန္သြားလို႔မရဘူးဆိုတာ ေသခ်ာသြားၿပီးေနာက္  သူ႔ဘဝကို တတ္ႏိုင္သေလာက္ တိုးတက္ေအာင္လုပ္ခ်င္ေတာ့မယ္ လို႔ သူ ဆုံးျဖတ္ၿပီး ဒီအျဖစ္ကို လက္ခံလိုက္တာ ျဖစ္တယ္။


က်ိဳးယြင္ရွန႔္က ေခါင္းညိတ္လိုက္ၿပီး ဘာမွ ဆက္မေမးေတာ့ဘူး။ ေရွာင္အန္းခြၽမ္ေျပာတဲ့စကားေတြ အေတာ္မ်ားမ်ားမွန္မယ္ ဆိုတာသူသိတယ္။ ဒါ့အျပင္ ေရွာင္အန္းခြၽမ္က ကမာၻေျမမွျဖစ္ေၾကာင္း ၈၀ မွ ၉၀ ရာခိုင္ႏႈန္း အထိ ေသခ်ာတယ္။  ေရွာင္အန္းခြၽမ္ရဲ႕ ခႏၶာကိုယ္ေသးေသးေလးကိုၾကည့္ရင္း သူလည္း ဒီလို ဝတ္ဆင္ေနသင့္တယ္ဆိုတာ သိလိုက္တယ္။ ေရွာင္အန္းခြၽမ္က သူတို႔လိုပဲ အာကာသ တြင္းနက္ေပါက္ကြဲမႈေၾကာင့္ျဖစ္ေပၚလာတဲ့အခ်ိန္ စက္ကြင္းေျပာင္းလဲတဲ့အခ်ိန္ ပါဝင္ခဲ့သလားလို႔ ေတြးလိုက္မိတယ္။

စကားမေျပာေသာအခါ နတ္ဘုရားက အရမ္းေအးတယ္။ သူ႔ ပုံစံက အျပစ္ကင္းတဲ့ပန္းပု႐ုပ္နဲ႔တူတယ္။ နတ္ဘုရားရဲ႕ပုံက အရမ္းကို လွပၿပီး အထူးဖန္ဆင္းထားသလိုကို ေခ်ာေမြ႕လွပလြန္းလွတယ္။ သူက သာမန္လူတစ္ေယာက္ျဖစ္လို႔ နတ္ဘုရားနဲ႔မ်က္ႏွာခ်င္းဆိုင္ စကားေျပာေနရတဲ့ အခါ ရင္ထဲ ေၾကာက္႐ြံ႕စိတ္ေတြ ထိန္းမရေအာင္ ေပၚလာၿပီး ႏူတ္ခမ္းကို ဖြင့္ဟလိုက္ေပမယ့္ ဘာ စကားမွ ထြက္မလာႏိုင္ဘူး။

က်ိဳးယြင္ရွန႔္က လက္ပိုက္ၿပီး ေအးေအးသက္သာနဲ႔ သားရဲႏွစ္ေကာင္ အေသအေၾကတိုက္တာကို ၾကည့္ေနတယ္။ ဒိုင္ႏိုေဆာက ဒီသားရဲၿဂိဳလ္က ထိပ္တန္းမွာရွိတဲ့ သားရဲျဖစ္ရမယ္ဆိုတာ သူ သိလိုက္တယ္။ သူတို႔က မ်ားေသာအားျဖင့္ ကုန္းျမင့္ေဒသမ်ား၌ေနထိုင္ၿပီး အေရွ႕ဘက္ တိုက္ေတာင္မ်ားႏွင့္ သစ္ေတာေတြလို ေနရာေတြမွာ ေနထိုင္ၾကတယ္။ သူတို႔က သဲကႏၲာရေတြနဲ႔ သမုဒၵရာေတြကို ျဖတ္ေက်ာ္ႏိုင္ဖို႔ ခဲယဥ္းတယ္။ အေနာက္ဘက္တြင္တိုက္ႀကီးက ဒိုင္ႏိုေဆာေတြအတြက္ သုခဘုံျဖစ္တယ္။ ဒါဟာ အလယ္ကေတာင္ေတြနဲ႔ ျမစ္ေတြကို ျဖတ္ကူးရန္ခက္ခဲတဲ့အတြက္ ျဖစ္တယ္။ အထူးသျဖင့္ ဒီလိုရက္စက္တဲ့႐ြက္စား ဒိုင္ႏိုေဆာေတြ အေရွ႕ဘက္ တိုက္မႀကီးကိုေရာက္လာတယ္ဆိုတာ မေတာ္တဆပဲျဖစ္တယ္။ ဒီသားရဲၿဂိဳလ္က သူတို႔အတြက္ျပင္ပ ေဘးရန္ မရွိတဲ့အတြက္ ဒိုႏိုေဆာေတြက ႀကိဳက္တဲ့ေနရာကို လြတ္လပ္စြာ သြားလာႏိုင္ၾကတယ္။ သူတို႔ရဲ႕ကိုယ္လုံးႀကီးေၾကာင့္ ဘယ္သားရဲမွ သူတို႔ကို ေဘးရန္မျပဳႏိုင္ၾကဘူး။

ဒါေပမယ့္ ဒီလိုျဖစ္ရပ္က အတိတ္တုန္းကသာျဖစ္တယ္။ အခုေတာ့ က်ိဳးယြင္ရွန္တို႔ စုံတြဲေရာက္ရွိလာၾကၿပီျဖစ္လို႔ အေျခေနက ဒိုင္ႏိုေဆာေတြအတြက္ တမ်ိဳးေျပာင္းသြားၿပီ။

ေက်ာက္႐ႊမ္ရဲ႕ ရက္စက္မႈက ဒိုင္ႏိုေဆာရဲ႕အထက္မွာရွိတယ္။ သူ႔ရဲမဟာစြမ္းအားအတြက္ ဒီဒိုင္ႏိုေဆာက ပုတ္သင္ညိဳတစ္ေကာင္ထက္ မပိုဘူး။ ဘာပဲေျပာေျပာ ဒီပုတ္သင္ညိဳမ်ိဳးႏြယ္ ဒိုင္ႏိုေဆာက ဝက္ဝံညိဳထက္ေတာ့ အၾကမ္းတမ္းခံႏိုင္တယ္။ သူ႔ခ်စ္သူေရွ႕မွာ သူ႔သတ္ပုတ္ျခင္း စြမ္းရည္ကို ျပဖို႔ ခံႏိုင္ရည္ေတာ့ ရွိမွာျဖစ္လို႔ ေက်ာက္႐ႊမ္ေက်နပ္သြားတယ္။ ဒါေၾကာင့္ ေက်ာက္႐ႊမ္က ပုံမွန္မဟုတ္တဲ့ အမဲလိုက္နည္းေတြကို သုံးလိုက္တယ္။

သူက ပုတ္သင္ညိဳႀကီးရဲ႕ ေက်ာေပၚ ခုန္တက္ၿပီး အေရျပားထဲကို လက္သည္းနဲ႔ ကုတ္လိုက္ၿပီး ကိုက္ၿဖဲလိုက္တယ္။ ၿပီးေတာ့ ပုတ္သင္ညိဳရဲ႕ေျခေထာက္ၾကား ခုန္ဝင္လိုက္ၿပီး သူ႔ရဲ႕ႀကီးမားတဲ့ အၿမီးႀကီးနဲ႔ ေျခေထာက္အတြင္းသားေတြကို ႐ိုက္ပစ္လိုက္တယ္။ ပုတ္သင္ညိဳက ကူကယ္ရာမဲ့စြာ ေအာ္ဟစ္ၿပီး ေျမျပင္ေပၚ ပက္လက္လဲက်သြားခ်ိန္ ေက်ာက္႐ႊမ္က ဝမ္းဗိုက္ေတြေပၚခုန္တက္လိုက္ၿပီး က်က္သေရရွိတဲ့ ေျခလွမ္းေတြနဲ႔ ရင္ဘတ္အထိ ေလွ်ာက္လာၿပီး လည္ပင္းေနရာမွ ရပ္လို႔ ငုံ႔ၿပီး ဟိန္းလိုက္တယ္။ ၿပီးမွာ လည္ပင္းကို ခဲၿပီး အေသကိုက္သတ္လိုက္တယ္။ ဒီပုတ္သင္ညိဳေတြက ရက္စက္ၾကမ္းၾကဳတ္ၿပီး တိုက္ခိုက္ဖို႔နဲ႔ မ်ိဳးပြားဖို႔ပဲ ေတြးေနတဲ့အေကာင္ေတြျဖစ္လို႔ တခါတည္း လက္စသတ္ လိုက္တာျဖစ္တယ္။ ပုတ္သင္ညိဳရဲ႕ ေခါင္းက ေက်ာက္႐ႊမ္ရဲ႕ဖိႏွိပ္မႈေၾကာင့္ ေျမႀကီးထဲကို နိမ့္ဝင္သြားတယ္။ ေ႐ႊေရာင္လည္ဆံေမြးေတြက ေသြးေတြနဲ႔နီရဲလို႔ေနတယ္။
အ႐ြက္စားဒိုင္ႏိုေဆာေတြက ေရွးဦးသားရဲေတြျဖစ္ၿပီး အာကာသေပါက္ကြဲမႈကိုေတာင္ ခံႏိုင္ရည္ရွိတဲ့အထိ အၾကမ္းတမ္းခံတယ္။ သူတို႔က လူအျဖစ္ မေျပာင္းႏိုင္ေပမယ့္ အရမ္းၾကမ္းတမ္းရက္စက္တဲ့အေကာင္ေတြျဖစ္လို႔ ေက်ာက္႐ႊမ္က တခါတည္း သတ္ပစ္လိုက္တာျဖစ္တယ္။ သူက ေသြးေတြေပေနတဲ့ မ်က္ႏွာကို ခါယမ္းၿပီး သူ႔ခ်စ္သူဆီကို ခ်ီးမြမ္းေစခ်င္ပုံနဲ႔လွမ္းၾကည့္လိုက္တယ္။

က်ိဳးယြင္ရွန႔္က ရယ္ေမာလိုက္ၿပီး လက္ခုတ္တီးၿပီး ေအာ္ဟစ္လိုက္တယ္။

" ခင္ဗ်ား အရမ္းေတာ္တယ္"

လို႔ အာ္ၿပီးရယ္ေမာခဲ့တယ္။ ၿပီးေတာ့ ဒိုင္ႏိုေဆာကို ကိုက္ေနရာကေန သူ႔ခ်စ္သူရွိရာကို သြားၿပီး လည္ဆံေမြးေတြကို အပြတ္သပ္ခံလိုက္တယ္။

" သခင္.... သခင္..."
ေရွာင္အန္းခြၽမ္က ေသြးေတြစြန္းေပေနတဲ့ ေ႐ႊေရာင္ျခေသၤ့ႀကီးေလွ်ာက္လာတာကို ေတြ႕ေတာ့ ေၾကာက္လန႔္တၾကား ေနာက္ကို ေျခႏွစ္လွမ္းဆုတ္သြားတယ္။ ဒါေပမယ့္သူ႔မ်က္လုံးက ကိုးကြယ္ေလးစားပုံ အျပည့္ေပၚေနတယ္။


" ဒီေရွးသီးသားရဲေတြက အဆင့္ျမင့္ျမႇင့္ႏိုင္ဖို႔အတြက္ အနီေရာင္သလင္းေက်ာက္ကို မမွီခိုႏိုင္လို႔ သူတို႔၏ခြန္အားက ရပ္တန႔္သြားတယ္။ ဒါေပမယ့္ မင္းရဲ႕ ...... "

ေရွာင္အန္းခြၽမ္က ျခေသၤ့ႀကီးကို ဘယ္လိုေခၚရမယ္ မသိလို႔ ရပ္တန႔္သြားတယ္။


"င့ါရဲ႕ မိတ္ဖက္.... "

က်ိဳးယြင္ရွန႔္က စကားေထာက္ေပးလိုက္တယ္။ တခ်ိန္တည္းမွာပဲ အနီေရာင္သလင္းေက်ာက္ဆိုတဲ့ စကားက သူ႔ရင္ထဲ စြဲသြားတယ္။ အဲ့ဒါ ဘာလဲဆိုတာ သိေအာင္ လုပ္ရမယ္။ သူ႔ေဒတာထဲကို စစ္ၾကည့္ေတာ့ သားရဲလူသားေတြ သူတို႔ကိုယ္ကို လူသားပုံအျဖစ္ေျပာင္းဖို႔ စုပ္ယူရတဲ့ စြမ္းအားရွိတဲ့ေက်ာက္တုံးဆိုတာကလြဲၿပီး ဘာဆိုတာ အတိက် မေဖာ္ျပထားဘူး။ ၾကည့္ရတာ ဒီအနီေရာင္သလင္းက ဆင့္ကဲတိုးတက္ေျပာင္းလဲလာပုံရတယ္။

"မင္းရဲ႕ မိတ္ဖက္က အရမ္းကိုသန္မာလွတယ္။ ငါေတြ႕ဖူးတဲ့ သားရဲေတြထဲမွာ အသန္မာဆုံးပဲ "

ေရွာင္အန္းခြၽမ္က ေၾကာက္လန႔္တၾကားဒီစကားကို အထပ္ထပ္ေျပာေနမိတယ္။ ဒီသားရဲၿဂိဳလ္မွာ ဒီလိုသန္မာတာကို တခါမွ မျမင္ဖူးဘူး။ အခု ဒိုင္ႏိုေဆာေသသြားတာေတာင္ ျခေသၤ့က ဒဏ္ရာ တခုမွမရထားဘူး။

"ဒါေပမယ့္သူက ေရွးဦးသားရဲျဖစ္တယ္။ သူသာ စိတ္လြတ္သြားရင္ ဘယ္သူမွ သူ႔ကို မထိန္းခ်ဳပ္ႏိုင္ပဲ အားလုံးအတြက္ ေဘးအႏၲရာယ္တစ္ခုျဖစ္လာႏိုင္တယ္။  "

ေရွာင္အန္းခြၽမ္က စိုးရိမ္တႀကီး သတိေပး လိုက္တယ္။

"သူက ဘယ္ေတာ့မွ စိတ္လြတ္မွာ မဟုတ္ဘူး။ စိတ္မပူပါနဲ႔ "

က်ိဳးယြင္ရွန႔္က လက္မခံဘဲ လက္ကိုေဝွ႔ယမ္းလိုက္တယ္။ ေနာက္ေတာ့ ဒိုင္ႏိုေဆာကို ၫႊန္ျပလိုက္ၿပီး ေျပာလိုက္တယ္။

"ဒီည ငါတို႔မွာ ဒိုင္ႏိုေဆာအသားေတြရွိတယ္။"

ေက်ာက္႐ႊမ္က မလႈပ္ဘူး။ အဲ့ဒီအစား သူကေခါင္းကိုေျမႇာက္ၿပီး ဟိန္းေဟာက္တယ္။ က်ိဳးယြင္ရွန႔္က ၿပဳံးလိုက္ၿပီး သူ႔ခ်စ္သူႏွာေခါင္းကို အနမ္းေပးၿပီး လက္နဲ႔ အသာကုတ္ေပးလိုက္တယ္။ ေက်ာက္႐ႊမ္က ျပန္နမ္းခ်င္ေပမယ့္သူ႔ပါးစပ္က ေသြးေတြေပေနလို႔ သူ႔ခ်စ္သူေလးရဲ႕ ျဖဴေဖြးတဲ့ အသားေရကို မစြန္းေပခ်င္တာတဲ့ ျပန္လွည့္သြားလိုက္တယ္။

ေရွာင္အန္းခြၽမ္က အမ်ိဳးသားနဲ႔အမ်ိဳးသမီးစုံတြဲေတြရဲ႕ပတ္သတ္မႈကို မၾကာခဏေတြ႕ဖူးတယ္။သူတို႔က မိတ္လိုက္ဖို႔ရည္႐ြယ္ခ်က္နဲ႔ တြဲတာျဖစ္ၿပီး သူတို႔သြားလာၾကခ်ိန္မွာ ဒီတိရစာၦန္ - လူသားစုံတြဲနဲ႔တူတဲ့
အေျခေနမ်ိဳးရွိၾကတယ္။ အခု စုံတြဲရဲ႕လႈပ္ရွားမႈတိုင္း၊ အၿပဳံးတိုင္းက ခံစားခ်က္ေတြျပည့္ေနၿပီး ေဘးက ျမင္ရသူကို ၾကည္ႏူးစိတ္ဝင္ေစတယ္။

မၾကာခင္ပူေႏြးတဲ့ေလထုထဲ ဒိုင္ႏိုေဆာကို သတ္ျဖတ္စားေသာက္ေနတဲ့ ေသြးနံ႔ေတြလႈိင္လာတယ္။ ေသြးတရဲရဲနဲ႔ ျခေသၤ့ႀကီးက စားေသာက္ေနတာကိုၾကည့္ၿပီး ေရွာင္အန္းခြၽမ္ အရမ္းကို ထိတ္လန႔္ေနေပမယ့္ နတ္ဘုရားလူငယ္ေလးေရွ႕မွာ မ်က္ႏွာမပ်က္ရဲလို႔ တျဖည္းျဖည္း ေနာက္ကို မသိမသာဆုတ္သြားၿပီး သစ္ပင္ေတြၾကားေရာက္မွ သစ္ပင္ကို လက္ေထာက္ၿပီး အသက္ကို အလုယက္ရႈေနရတယ္။

နတ္ဘုရားလူငယ္ရဲ႕ မိတ္ဖက္က အရမ္းကို သန္မာၿပီးရက္စက္လြန္းလွတယ္။ သူ႔လက္သည္းႀကီးေတြနဲ႔ ဒိုင္ႏိုေဆာကို အမဲဖ်က္ၿပီးတစ္စစီလုပ္လိုက္တယ္။ ကိုယ္ထည္ကို ဆြဲၿဖဲၿပီး အစာအိမ္နဲ႔ ကလီစာေတြကို  တစစီျဖစ္သြားေစတယ္။ ျပင္းထန္ပုပ္စပ္တဲ့ ေသြးနံ႔က ေလထဲ မႊန္ထူလို႔ေနတယ္။

 ေရွာင္အန္းခြၽမ္က ပါးစပ္ကိုဖုံးအုပ္ၿပီး အန္ခ်င္သည့္ဆႏၵကို ေဖ်ာက္ဖ်က္ရန္ႀကိဳးစားေနရတယ္။ သူက သားေကာင္မိလာတဲ့ အမ်ိဳးသားေတြဆီက အျခားလူေတြနဲ႔အတူ အလုအယက္ အသားရဖို႔ ဝင္တိုးဖူးေပမယ့္ ခုေလာက္ ေသြးပင္လယ္စီးရေလာက္ေအာင္ ျဖစ္ၿပီး ေနရာတိုင္း အသားတစ္နီနီရဲရဲျဖစ္ေနတာမ်ိဳး တခါမွ မႀကဳံဖူးဘူး။

"နတ္ဘုရား....ဒီေသြးနံ႔ေတြက အျခားသားရဲေတြကို ဆြဲေဆာင္ေနလို႔ မၾကာခင္ အျခားအေကာင္ေတြေရာက္လာၿပီး ကြၽန္ေတာ္တို႔ကို ရန္ျပဳလိမ့္္မယ္။ ဒါေၾကာင့္ ေဘးလြတ္ရာကို ေရွာင္ေနရေအာင္.... "

 
"မလိုဘူး။႐ႊမ္က ဒီမွာရွိတယ္။ အျခားသတၱဝါေတြ လာဝံ့ၾကမွာမဟုတ္ဘူး"
က်ိဳးယြမ္ရွန႔္က  လက္ကိုေဝ့ယမ္းၿပီးေျပာလိုက္တယ္။

"ငါ့နာမည္က ရွန္၊ နတ္ဘုရား မဟုတ္ဘူး။ ၿပီးေတာ့ ငါက အထီး။ အမ မဟုတ္ဘူး"

 ေရွာင္အန္းခြၽမ္က ေခါင္းကို ငုံ႔ၿပီး တိတ္တိတ္ေလးပဲ ေနလိုက္တယ္။ သူ ေနာက္ကို လွည့္ျပန္မသြားရဲဘူ။ ဒီစုံတြဲရဲ႕စြမ္းအားေတြက ထင္ထားတာထက္ ျပင္းထန္လြန္းေနတယ္။

ေက်ာက္႐ႊမ္ေသးပန္းထားတဲ့ နယ္ေျမက ဂူကေန ေရကန္စပ္အထိျဖစ္လို႔ အျခား သားရဲေတြက သူ႔နယ္ေျမထဲ ဝင္လာၿပီး သူ႔အာခံတြင္းက အစားစာကို လုယူရဲမွာ မဟုတ္ဘူး။ အေဝးကပဲ သူတို႔ရပ္ၾကည့္ေနမွာေသခ်ာတယ္။
ဒီဒိုင္ႏိုေဆာက စားရခဲတဲ့အသားျဖစ္ၿပီး အရမ္းေကာင္းမွာေသခ်ာတယ္။

"ဒိုင္ႏိုေဆာအသားရဲ႕အႏူးညံ့ဆုံးအပိုင္းကိုယူၿပီး က်န္တဲ့အရာေတြကို အျခားအေကာင္ေတြအတြက္ ခ်န္ထားလိုက္ပါ။ ဒီၿဂိဳလ္မွာရွိသေ႐ႊ႕ ခင္ဗ်ား ဗိုက္ဆာမွာမပူနဲ႔။ သားေကာင္ေတြမွ အမ်ားႀကီးပဲ"

က်ိဳးယြင္ရွန႔္က ေသြးအိုင္ေလးကို ခုန္ေက်ာ္လိုက္ၿပီး ျခေသၤ့ရဲ႕ေနာက္ေက်ာကို ခ်စ္စႏိုး လက္သီးနဲ႔ထိုးရင္းေျပာလိုက္တယ္။

ေက်ာက္႐ႊမ္က သူ႔ခ်စ္သူေလးရဲ႕ စကားနဲ႔ ခ်စ္စရာ အျပဳမႈေၾကာင့္ ေက်နပ္ႏွစ္သိမ့္စြာနဲ႔ အသားတစ္ႏွစ္ခုကို သြားနဲ႔ကိုက္ၿဖဲလိုက္ၿပီး အာခံတြင္းမွာ ငုံလိုက္တယ္။ ၿပီးေတာ့အၿမီးႀကီးနဲ႔ ခ်စ္သူေလးရဲ႕ခါးကို ရစ္ပတ္ၿပီး ေက်ာေပၚကို တင္လိုက္တယ္။

"သူ႔ကိုပါ ေခၚလာလိုက္ "

က်ိဳးယြင္ရွန႔္က ေရွာင္အန္းခြၽမ္ ဆီက သတင္းအခ်က္အလက္ေတြကို ပိုရခ်င္ေသးတယ္။ သူက ဘာျဖစ္ျဖစ္ ဘိုင္ယြန္မ်ိဳးႏြယ္စုမွာ ႏွစ္ႏွစ္တိတိေနခဲ့ၿပီျဖစ္လို႔ ဒီေဒသအေၾကာင္းကို ပိုသိမွာပဲ။ ေနာင္အနာဂတ္မွာ သူကူညီေပးႏိုင္တယ္။

စြန႔္ပစ္ခံရမည္ဟုယူဆရေသာ  ေရွာင္အန္းခြၽမ္က အရမ္းကို ဝမ္းသာသြားျပီး ေျခလွမ္းကို ခပ္ျမန္ျမန္လွမ္းျပီး သူတို႕ေနာက္ကို လိုက္လာခဲ့တယ္။ ေသြးဖံုးေနတဲ့ ျမက္ေတြကို  ေရွာင္အန္းခြၽမ္အျပံုးမပ်က္ ျဖတ္ေလွ်ာက္လာခဲ့တယ္။

က်ိဳးယြင္ရွန္႕က သူ႕ခ်စ္သူရဲ႕ကိုယ္ေပၚကေန စီးျပီး ဒီေတာအုပ္ကို ျဖတ္သန္းသြားတယ္။ သူ႕ေနာက္မွာ ေသးသြယ္တဲ့ အမ တစ္ေကာင္က ေနာက္က ထပ္ခ်ပ္မခြာလိုက္လာခဲ့တယ္။ သူတုိ႕ျဖတ္သနး္လာတဲ့ လမ္းတေလွ်ာက္ သားရဲေတြနဲ႕ဌက္ေတြ တိတ္ဆိတ္စြာနဲ႕ဖယ္ခြာသြားႀကတယ္။

 ျပင္းထန္တဲ့ေသြးနံ႕ေတြေႀကာင့္
ဒီစံုတြဲထြက္သြားျပီးတဲ့ေနာက္ အျခားသားရဲေတြေရာက္လာျပီး ဒိုင္နုိေဆာရဲ႕က်န္တဲ့အသားကို ဝိုင္းယူငင္စားေသာက္ႀကတယ္။ ခါတုိင္းဆိုရင္ အစာအတြက္ ဆူညံေနေအာင္ သတ္ျဖတ္ႀကေပမယ့္ အခုေတာ့ ေတာဘုရင္ျခေသၤ့ႀကီးက ဆူညံသံႀကားျပီးျပန္လွည့္လာမွာစိုး လို႕ အသံမထြက္ရဲပဲ အသိီးသီးယူငင္ႀကတဲ့ျမင္ကြင္းက ဒီျဂိဳလ္ေပၚမွာ တခါမွ မျမင္ဖူးတဲ့ ျမင္ကြင္းျဖစ္တယ္။
=================

FOD _Extra _ Chapter (5) _Honeymoon on Beast-man Planet

ကြီးမားလှတဲ့ ကုန်းတွင်းရေအိုင်ကြီးက မိုင်ရာချီကျယ်တဲ့သစ်တောကြီကို နှစ်ပိုင်း ပိုင်းခြားထားတယ်။ အဲ့ဒီရေကန်ကြီးရဲ့ကြည်လင်သန့်ရှင်းတဲ့ ရေကန်မျက်နှာပြင်က ကောင်းကင်ပြာပြာကြီးကို အရိပ်ထင်နေစေပြီး သာယာတဲ့လေပြေညှင်းလေးတွေ ဆော်သွေးမှုကြောင့် လှိုင်းကြက်ခွတ်ပြေပြေလေးတွေဖြစ်နေပုံက အင်မတန်ကို ကြည့်ကောင်းစေတယ်။ ကမ်းစပ်မှာ သားရိုင်းကောင်တွေက ရေငုံ့သောက်နေရင်း အော်ဟစ်သံကို ကြားလိုက်ရတော့သူတို့ နားရွက်တွေ ထောင်ကုန်ပြီး အကုန်နိုးနိုးကြားကြားဖြစ်လာကြတယ်။

သစ်တောအတွင်းပိုင်းက တောရိုင်းတိရိစ္ဆာန်များအတွက် သုခဘုံ တစ်ခုဖြစ်ပြီး သားရဲလူသားများအတွက် ဝင်ထွက်တာကို တားမြစ်ထားတယ်။ ဒါပေမယ့် သားရဲအမျိုးသမီးက သစ်တောထဲက ချုံပုတ်ထဲမှာ သေချာပုံးအောင်းနေပြီး သူ့ကိုယ်ကို အနံ့ဖျောက်နိုင်တဲ့ အရည်တွေသုတ်လိမ်းလို့ ကိုယ်မှာ သစ်ခက်သစ်ရွက်တွေ ချည်နှောင်ထားတယ်။ သူက သတိနဲ့ သစ်တောတစ်ဝက်လောက်ကို ဖြတ်သန်းလာခဲ့တယ်။ အခြား  တောရိုင်းတိရိစ္ဆာန် တွေ အနားရောက်လာရင် ငြိမ်နေပြီး သူတို့ထွက်သွားတော့မှ ခရီးဆက်လာခဲ့တယ်။ သူ့ပုံကြည့်ရတာ ရွှေ့လျားနေတဲ့ သစ်ပင်နဲ့တောင် တူတယ်။ သူက သတိနဲ့ သစ်တော တစ်ဝက်ကို ဖြတ်သန်းပြီး ကုန်းတွင်းရေကန်အစပ်ကို ရောက်လာခဲ့တယ်။ ဒီကမ်းစပ်က သူလိုချင်တဲ့ အသီးတစ်ခုအတွက် ခုလို တောထဲကို စွန့်စားဝင်ရောက် လာတာဖြစ်တယ်။

"လဝက်ကြာအောင်စောင့်ခဲ့ရပြီးတဲ့နောက် ငါလိုချင်တာကို ရခဲ့ပြီကွ။ ဒီကိုရောက်လာဖို့ ငါတော်တော်လေးကြိုးစားခဲ့ရတာပဲ "
 သားရဲအမျိုးသမီးက နှံစားသီးနှံအရိုင်းတွေကို ကုန်းကောက်ပြီး ပါလာတဲ့ အိတ်နှစ်ခုထဲကို အပြည့်ထည့်လိုက်တယ်။ ပြီးတော့သူ့မျိုးနွယ်စုတွေဆီကို ပြန်ဖို့ ပြင်လိုက်တယ်။ အဲ့ဒီအချိန်မှာ မြေပြင်ကြီးတစ်ခုလုံးတုန်ခါလာတာကို ခံစားလိုက်ရတယ်။ သူ ကြောက်လန့်တကြားနဲ့ သစ်ပင်တွေနောက်ကို ပြေးပုန်းပြီး ကြည့ိလိုက်တော့ ကြီးမားတဲ့နှာမောင်းရှည်အကောင်ကြီးတစ်ကောင် ရွှေ့လာတာကို တွေ့လိုက်ရတယ်။ ဒီကောင်ကြီးက အမွေးရှည်ဆင်ကြီးနဲ့တူပေမယ့် ဆင်လို လမ်းလျှောက်တာ မဟုတ်သလို အမွေးရှည်တွေလည်းမရှိဘူး။ သူက လမ်းလျှောက်တာထက် ခြေထောက်နှစ်ခေါင်းနဲ့ ခုန်ခုန်ပြီးလာနေသလိုပဲ။ သူ့နှာမောင်းကြီးက 7 ၊ 8 မီတာလောက် ရှည်ပြီး လာတဲ့လမ်းတစ်လျှောက်က တွေ့သမျှ အပင်တွေကို နှာမောင်းကြီးနဲ့သိမ်းကျုံးပြီး ပါးစပ်ထဲ ပစ်ထည့်မြိုချခဲ့တယ်။ အပင်စားကောင်ကြီးက တဖြည်းဖြည်းသူနဲ့နီးလာတာကို တွေ့တော့ သူ အရမ်းကို ကြောက်သွားခဲ့တယ်။ သူတို့က အပင်စားသတ္တဝါများဖြစ်ကြပေမယ့် အခြားသားရဲတိရစ္ဆာန်တွေ ထက် ဆိုးရွားလှတယ်။ ရှည်လျားတဲ့နှာခေါင်းပါတဲ့ ဆင်အုပ်က တစ်နေရာကို ကိုဖြတ်သွား မယ်ဆိုရင် အဲ့ဒီနေရာက မြေကြီးက ချက်ချင်း နိမ့်သွားတယ်လို့ ပြောသံကြားဖူးတယ်။

ရှောင်အန်းချွမ်ဆိုတဲ့ အမျိုးသမီးသားရဲရဲ့ မျက်နှာက ကြောက်ရွံ့မှုကြောင့် အစိမ်းရောင်အဖြစ်ကို ပြောင်းသွားတော့တယ်။ ဒါကြောင့် ချုံနောက်မှာပုန်းနေရာကနေ အခြားအကောင်တွေ ပြေးသလို လိုက်ပြေးတော့တယ်။ ကြီးမားတဲ့ အစာမျိုနေတဲ့ တောင်လိုကြီးတဲ့ အကောင်အုပ်ကြီးရောက်လာတော့ သူတို့ခြေထောက်အောက်မှာ အကောင်သေးတွေက အနင်းခံရပြီး သေမယ့်ဘေးကနေ အလုယက် ထွက်ပြေးကြတော့တယ်။ သူတို့ထဲမှာ သားရဲအမျိုးသမီး ရှိနေတာကို လည်း သတိမထားနိုင်ပဲ သူတို့အသက်လေး မသေအောင် အသက်လုနေ ရတော့တယ်။

ရှောင်အန်းချွမ်က ပြေးရင်းနောက်ပြန်လှည့်ကြည့်ရင်း အော်ဟစ်လိုက်မိတော့တယ်။
 " အား....အဲ့ဒါ ဘာကောင်ကြီးတွေတုန်း၊ အဲ့ဒါ ဒိုင်နိုဆောကြီးတွေလား။ ဒီလို ဒိုနိုဆောက ဘယ်လိုလုပ်ပြီး သားရဲဂြိုလ်မှာ ရှိနေရတာလဲ"

သူက ပါးစပ်က ထုတ်ပြောလိုက်မိပြီးတော့မှ ဒိုင်နိုဆောတွေက သူတို့
ကမ္ဘာပေါ်တင် မဟုတ်ပဲ ဘယ်လိုမှ ရှိမယ်မထင်ရတဲ့ သားရဲဂြိုလ်ပေါ်မှာ လည်း ရှိနိုင်တယ်ဆိုတာ သူ သတိရသွားတယ်။

ဒိုင်နိုဆောတွေရှိတယ်ဆိုတာ ဘယ်လူသားမျိုးနွယ်တွေကမှ သူ့ကို မပြောပြခဲ့ကြဘူး။ တကယ်လို့ သူဒါတွေရှိတာကို ကြိုသိခဲ့မယ်ဆိုရင် သူ့အမေ သူ့ကို အသေရိုက်သတ်ရင်တောင်မှ ဒီကို ထွက်လာမှာ မဟုတ်ဘူး။ အခုတော့ သူ့ဘဝက အဆုံးသတ်ပါပြီ။ သူ ဒီမှာ သေရတော့မ ယ်လို့ တွေးပြီး လမ်းတစ်လျှောက်လုံး မျက်ရည်များစီးကျလာတော့တယ်။

သူ့နောက် ကီလိုမီတာအနည်းငယ်အကွာမှာ ၁၀ မီတာမြင့်တဲ့ Tyrannosaurus Rex  အရွက်စား ဒိုင်နိုဆောကြီးက သစ်ပင်တွေကို တိုက်လှဲပြီး သူရှေ့မှာ အလုယက်ပြေးတဲ့ အကောင်အုပ်တွေနောက်ကို သည်သည်းမည်းမည်းလိုက်ဖမ်းတော့တယ်။ ဒီဒိုင်နိုဆောကြီးကြည့်ရတာ ဆာလောင်နေပုံရပြီး အပင်တွေနဲ့ မတင်းတိမ်တဲ့ပုံပဲ။ သူက ပိုအရသာရှိတဲ့ အကောင်တွေကို စားချင် လို့ အပြေးလိုက်နေတယ်။ သူ့ပါးစပ်ကြီးက ဟဖြဲနေပြီး သွားတွေက  ချွန်ထက်လို့နေတယ်။

 ရွှေရောင်မျက်လုံးကြီးထဲကနေ တောက်ပတဲ့ အလင်ရောင်တွေ ဖြာကျနေတယ်။ သူက ဘယ်အကောင်ကို စားရမလဲလို့ ကြည့်လိုက်ချိန် အခြား သမင်၊ ဒရယ်တွေထက် သားရဲအမက ခြေနှစ်ချောင်းနဲ့ပြေးတဲ့နှုန်းက နှေးနေတာကို တွေ့လိုက်ရတယ်။ အခြားအကောင်တွေထက် သားရဲအမကို စားရမယ်ဆိုရင် အသားက နူးညံ့နေပြီး သွေးတွေက ဘယ်လောက်ချိုမလဲလို့တွေးပြီး ဒိုင်နိုဆောကြီးက သားရဲအမနောက်ကို တဟုန်ထိုးလိုက်တော့တယ်။

ပါးစပ်ပြဲကြီးက သားရည်တွေတမြားမြားထွက်နေတဲ့ ဒိုင်နိုဆောကြီးက သူနဲ့တဖြည်းဖြည်းနီးလာခဲ့တယ်။ ကံဆိုးစွာနဲ့ သူ့ကို အခြားအကောင်တွေက တွန်းတိုက်သွားပြီး သူ့အပေါ်ကို တက်နင်းသွားကြတယ်။ ဒါကြောင့် သူ့တကိုယ်လုံး ပွန်းပဲဒဏ်ရာနဲ့ မျက်နှာမှာ ဒဏ်ရာတွေနဲ့ရောင်ကိုင်းပြီး သနားစရာဖြစ်လို့နေတယ်။ သွေးတွေထွက်လာလို့ သူ့ကိုယ်မှာဖုံးထားတဲ့ အနံ့ဖျောက် အပင်က အရည်တွေကို ကျော်ပြီး ဒိုင်နိုဆောကြီးက ချိုမြိန်လှတဲ့ သွေးနံ့ကြောင့် သွားရည်ပိုကျလာပြီး ပါးစပ်ကြီးကို စန့်လို့ သားရဲအမကို တကိုက်တည်းနဲ့လှမ်းဟပ်ဖို့ ကြိုးစားလိုက်တယ်။ ဒီအရသာရှိပုံရတဲ့ သားရဲအမကို သူ အရမ်းကို စားချင်နေပြီ။ တလုတ်တည်းနဲ့ ဒီသားရဲကို မြိုချဖို့လုပ်လိုက်တယ်။

ရှောင်အန်းချွမ်က သားရဲကောင်ကြီး တဟုန်ထိုးပြေးဟပ်လာတာ တွေ့တော့ သားရဲဘာသာစကားကို မေ့ပြီး တရုတ်လို အကူညီအော်တောင် လိုက်မိတော့တယ်။

 "ကယ်ကြပါဦး"

ကျိုးယွင်ရှန့်နဲ့ ကျောက်ရွှမ်က အရမ်းကို အကြားအာရုံထက်မြက် ကြတယ်။ မိုင်ပေါင်းများစွာအကွာကတည်းက ဒိုင်နိုဆောအသံကို ကြားကတည်းက အဲ့ဒီနေရာကို ပြေးလာခဲ့ကြတယ်။ အဲ့ဒီအချိန် ရုတ်တရက် တရုတ်ဘာသာစကားနဲ့ အကူညီတောင်း သံကိုကြားတော့ ကျိုးယွင်ရှန့်က သူ့ချစ်သူကို အမြန် အမိန့်ပေးလိုက်တယ်။

" သူ့ကို အမြန်သွားကယ်လိုက်။ ဒီဂြိုလ်ပေါ်မှာ တရုတ်စကားပြောတဲ့ သားရဲနဲ့တွေ့ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ "

ကျိုးယွင်ရှန့်က မိုက်မဲတဲ့ခြင်္သေ့ရဲ့ခေါင်းကို တိတ်ဆိတ်စွာ ပုတ်လိုက်တယ်။ ကျောက်ရွှမ်က သူ့ချစ်သူလေးရဲ့အမိန့်ကိုကြားတော့ ချက်ချင်း ဟိန်းသံပြုပြီးတဟုန်ထိုးပြေးထွက်သွားတော့ လမ်းကြောင်းတလျှောက် ရွှေရောင်အလင်းပဲ မြင်လိုက်ရတော့တယ်။


ရှောင်အန်းချွမ်က မျက်ရည်တွေစိးကျပြီ းအသံပြာအောင် အော်ဟစ်လိုက်တယ်။ ဒိုင်နိုဆောရဲ့ ချွန်မြတဲ့သွားတွေက သူနဲ့ နီးသထက် နီးလာခဲ့တယ်။ မကြာခင် သူ့အရေးပြားကို ထိုးခွဲလာမှာကို စောင့်ရင်း မျက်လုံးကို တင်းတင်းမှိတ်လိုက်တော့တယ်။ ရုတ်တရက် သူ့ကိုယ်က ဘေးကို တွန်းတိုက်ခံလိုက်ရပြီး သစ်ပင်ပင်စည်တစ်ခုနဲ့တိုက်မိလိုက်တယ်။

သူက ရုတ်တရက် ဘာဖြစ်သွားသလဲဆိုတာ မသိတော့မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ကြီးမားတဲ့ရွှေရောင်ခြင်္သေ့ကြီးက သူ့ရှေ့ကိုရောက်ပြီး ဒိုင်နိုဆောကို တိုက်ခိုက်ဖို့လုပ်နေတာကို တွေ့လိုက်ရတယ်။ ရှောင်အန်းချွမ်က ကြောင်အမ်းအမ်းဖြစ်နေပြီး အသံတစ်သံမှ မထွက်နိုင်ဘူးဖြစ်နေတယ်။ သူက အကြောက်လွန်ပြီး ထင်ယောင်ထင်မှားဖြစ်နေသလားဆိုပြီး မျက်လုံးကို သေချာပွတ်ကြည့်မိပေမယ့် တကယ့်ကို ခြင်္သေ့ကြီးဖြစ်နေတာကို တွေ့ရတယ်။

လေးမီတာရှည်လျားသော  ရွှေခြင်္သေ့က ၁၀ မီတာရှည်သော ဒိုင်နိုဆောကို လက်သည်းကြီးနဲ့ ရိုက်ပုတ်လိုက်တယ်။

"တောဘုရင် ခြင်္သေ့ကြီးလား..."

ရှောင်အန်းချွမ်က သူအနားကို တိတ်တဆိတ်ချဉ်းကပ်လာတဲ့ ရုပ်ရည်ချောမောသူကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်တယ်။ သူက အလျင်အမြန်ထလိုက်ပြီး  သူ့လက် နဲ့ မျက်နှာကို ပွတ်လိုက်ပြီး တယောက်တည်းပြောနေမိတယ်။

" ငါမှန်တယ်။အထီးတွေရဲ့ ဘုရင်ခြင်္သေ့ကြီးပါပဲ။ "

သူက တရုတ်စကားပြောနေမိတာကို သဘောပေါက်လိုက်ပြီး ချက်ချင်းပဲ သူ့သားရဲ ဘာသာစကားနဲ့ ထပ်တူထပ်ခါတလဲလဲ ပြောလိုက်တယ်။ တရုတ်သာသာစကားက သူ့ရဲ့မိခင်ဘာသာစကားဖြစ်ပုံရတယ်။

" မင်းက ဘယ်မြို့ ဘယ်ဇာတိကလဲ။ မင်းက အခြားမျိုးနွယ်က လာတာလား။  "

ကျိုးယွင်ရှန့်က မေးမြန်းစုံစမ်းလိုက်တယ်။

ရှောင်အန်းချွမ်က သူ့မျက်နှာကို သုတ်လေလေ မျက်လုံးထဲက မျက်ရည်တွေနဲ့ရောပြီး မျက်နှာပေါ်မှာ သုတ်လိမ်းထားတဲ့ အစိမ်းရောင် အရည်တွေက ပိုပြန့်လေဖြစ်ပြီး မျက်နှာတစ်ခုလုံး ရယ်စရာ ပေပွလို့နေတယ်။
 
" ငါ့ရဲ့ ဇာတိမြို့ကအရမ်းဝေးတယ်။ ငါက မင်းလိုပဲ ကိုယ့်မျိုးနွယ်တွေနဲ့ ကွဲလာခဲ့တယ်။ ဒါကြောင့် ဘာယန် မျိုးနွယ်စုတွေရဲ့ ကယ်တင်ခြင်းကိုခံခဲ့ရတယ်။ ငါက တိုက်ခိုက်နိုင်တဲ့ စွမ်းရည် မရှိတဲ့ အတွက် သားရဲ အမဖြစ်သတ်မှတ်ပြီး သူတို့က ငါ့ကို ချက်ချင်းပဲ ခေါ်ဆောင်သွားကြတာ ဖြစ်တယ်။  "

ဒီစကားပြောသောအခါ ရှောင်အန်းချွမ်က သူ့အဖြစ်ကို ပြန်တွေးမိပြီး ဝမ်းနည်းနေခဲ့တယ်။ သူက သူနဲ့ မျိုးနွယ်တူတဲ့ လူတွေနဲ့တွေ့ပြီဆိုပြီး ဝမ်းသာနေခဲ့ပေမယ့် သူ့ကို ကယ်တင်တဲ့ မျိုးနွယ်စု ခေါင်းဆောင်က ရုတ်တရက် ဝံပုလွေအဖြစ် ပြောင်းလိုက်တာကို တွေ့လိုက်ချိန်မှာ သူရောက်နေတဲ့နေရာက ရှေးကမ္ဘာမြေကို မဟုတ်ဘဲ အခြားဂြိုလ် အထူးသဖြင့် သားရဲဂြိုဟ် ဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။

ဒီဂြိုလ်ပေါ်မှာ အမျိုးသမီးရယ်လို့မရှိဘူး။ အသွင်ပြောင်းလို့မရတဲ့ ယောကျာ်းတွေကို အမ တွေအဖြစ်သတ်မှတ်လိုက်ကြတယ်။ သူတို့က ယောကျာ်းတွေဖြစ်ပေမယ့် သူတို့ရဲ့လိင်ကို ပြောင်းလဲသတ်မှတ်ခြင်း ခံလိုက်ရတယ်။ သူလည်း အမ အဖြစ်သတ်မှတ်ပြီး အထီးအများကြီးနဲ့ လိင်ဆက်ဆံခြင်း ခံလိုက်ရတယ်။ ဒီဂြိုလ်မှာ အမ တွေက ရှားပါးလို့ တလင်တမယား စနစ်နဲ့ နေလို့မရပဲ အမ တစ်ယောက်ကို အထီးအများကြီးက ခွဲဝေပိုင်ဆိုင်ရတယ်။ အမျိုးသမီးတစ် ဦး သည်တစ်ချိန်တည်းတွင်ယောက်ျားများစွာ ရှိနိုင်သည်။ သူသည် ရောက်ရှိလာချိန် တိုတောင်းပေမယ့် မူလဇာတိခံ အမ တွေထက်ကို အဆပေါင်းများစွာ ပိုလှတဲ့အတွက် ဒီလူမျိုးစုယောက်ျားများတွေကြား အရမ်း လူကြိုက်များခဲ့သည်။ ရှာမန်ရဲ့သားတောင် သူ့ကို ယှဉ်လို့မရခဲ့ဘူး။

ဤအကြောင်းပြချက်ကြောင့် သူက မကြာခဏဖယ်ကျဉ်ခံခဲ့ရတယ်။ သူ သစ်သီးဝလံတွေ လိုက်ကောက်ဖို့ ထွက်တဲ့အခါတိုင်း သူ့ကို မခေါ်ပဲ အမြဲ ချန်ထားကြတယ်။

ရှောင်အန်းချွမ်က ဒီအကြောင်းကိုစဉ်းစားမိပြီး ကျိုးယွင်ရှန့်ကို ခြေဆုံးခေါင်းဆုံး သေချာကြည့်လိုက်တယ်။ ဒီလူက တကယ် အထီးပဲ။ သူ့ရဲ့ ရှည်သွယ်လှတဲ့ ခြေတံတွေ၊ သေးသွယ်ပေမယ့် ကျစ်လစ်တဲ့ ခြေလက်ကြွက်သားတွေနဲ့ သူမတူအောင် ချောမောလှပတဲ့ ဒီလူက ဒီဂြိုလ်က အမ အဖြစ်သတ်မှတ်ခံရတဲ့ ယောကျာ်းတွေထက် အဆ မတန် ချောမောလွန်းပေမယ့် တကယ့်ကို စွမ်းအားကြီးတဲ့အရှိန်ဝါရှိပြီး ခြင်္သေ့ကြီးလို နတ်ဘုရားတစ်ပါးပဲဖြစ်ရမယ်။

ဟိုးအရင် သူ့အဖိုးပြောပြတဲ့ ဇာတ်လမ်းတွေထဲကလို ဘာကြောင့် ဒီလောက်လှပတဲ့ နတ်ဘုရားတွေကို ဒီလူ့လောကမှ ဆက်နေခွင့်မပြုသလဲ ဆိုတာကို ရှောင်အန်းချွမ်က  နားလည်လာတယ်။ နတ်ဘုရားတွေသာ ဆက်ရှိမယ် ဆိုရင် လူတွေ လုယက်ဖို့ကြိုးစားတာနဲ့ အများကြီး သေကျေသွားနိုင်တယ်။ ဒါမှမဟုတ် နတ်သမီးပုံပြင် ထဲက နတ်ဘုရားက မျိုးနွယ်စုအားလုံးထဲမှာရှိတဲ့ ယောက်ျားအားလုံးကို သူရဲ့လှပတဲ့ ပုံပန်းသဏ္ဌာန်နဲ့ သူပိုင်တဲ့ နန်းတော်ထဲကို ခေါ်ဆောင်သွားနိုင်တယ်။

"မင်း ဘယ်နေရာကို ကြည့်နေတာလဲ"
ကျိုးယွင်ရှန့်က ရှောင်အန်းချွမ်ကို မေးလိုက်တယ်။

ရှောင်အန်းချွမ်က တဖက်လူရဲ့ခြေတံတွေနဲ့ ခြေထောက်ကြားက ဟာကို စိုက်ကြည့်နေရာကနေ အကြည့်ကို ချက်ချင်းပြန်လည် ရုပ်သိမ်းလိုက်တယ်။

"မင်း ဘိုင်ယန်မျိုးနွယ်ထဲ ဘယ်လောက်ကြာကြာနေခဲ့ရတာလဲ"
ကျိုးယွင်ရှန့် ဆက်မေးလိုက်တယ်။

"နှစ်နှစ်။"

ရှောင်အန်းချွမ်က သူ့ဖာသာလုပ်ထားတဲ့ ရက်တွက်တဲ့ စနစ်သာမရှိရင် သူ ရောက်နေတာ ဘယ်လောက်ကြာပြီဆိုတာ သူ့ဖာသာတောင်သိမှာ မဟုတ်ဘူး။ သူက ပထမနှစ်မှာ ဘိုင်ယန် လူမျိုးစုအတွင်းမှာ ပုန်းအောင်းခဲ့ပြီး သူ့နေရာကို ပြန်သွားနိုင်တဲ့ ကံကြမ္မာကို ဆုံးရှုံးလိုက်ရတယ်။ ဒါကြောင့် ဒုတိယနှစ်မှာတော့ သူပြန်သွားလို့မရဘူးဆိုတာ သေချာသွားပြီးနောက်  သူ့ဘဝကို တတ်နိုင်သလောက် တိုးတက်အောင်လုပ်ချင်တော့မယ် လို့ သူ ဆုံးဖြတ်ပြီး ဒီအဖြစ်ကို လက်ခံလိုက်တာ ဖြစ်တယ်။


ကျိုးယွင်ရှန့်က ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မမေးတော့ဘူး။ ရှောင်အန်းချွမ်ပြောတဲ့စကားတွေ အတော်များများမှန်မယ် ဆိုတာသူသိတယ်။ ဒါ့အပြင် ရှောင်အန်းချွမ်က ကမ္ဘာမြေမှဖြစ်ကြောင်း ၈၀ မှ ၉၀ ရာခိုင်နှုန်း အထိ သေချာတယ်။  ရှောင်အန်းချွမ်ရဲ့ ခန္ဓာကိုယ်သေးသေးလေးကိုကြည့်ရင်း သူလည်း ဒီလို ဝတ်ဆင်နေသင့်တယ်ဆိုတာ သိလိုက်တယ်။ ရှောင်အန်းချွမ်က သူတို့လိုပဲ အာကာသ တွင်းနက်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့အချိန် စက်ကွင်းပြောင်းလဲတဲ့အချိန် ပါဝင်ခဲ့သလားလို့ တွေးလိုက်မိတယ်။

စကားမပြောသောအခါ နတ်ဘုရားက အရမ်းအေးတယ်။ သူ့ ပုံစံက အပြစ်ကင်းတဲ့ပန်းပုရုပ်နဲ့တူတယ်။ နတ်ဘုရားရဲ့ပုံက အရမ်းကို လှပပြီး အထူးဖန်ဆင်းထားသလိုကို ချောမွေ့လှပလွန်းလှတယ်။ သူက သာမန်လူတစ်ယောက်ဖြစ်လို့ နတ်ဘုရားနဲ့မျက်နှာချင်းဆိုင် စကားပြောနေရတဲ့ အခါ ရင်ထဲ ကြောက်ရွံ့စိတ်တွေ ထိန်းမရအောင် ပေါ်လာပြီး နူတ်ခမ်းကို ဖွင့်ဟလိုက်ပေမယ့် ဘာ စကားမှ ထွက်မလာနိုင်ဘူး။

ကျိုးယွင်ရှန့်က လက်ပိုက်ပြီး အေးအေးသက်သာနဲ့ သားရဲနှစ်ကောင် အသေအကြေတိုက်တာကို ကြည့်နေတယ်။ ဒိုင်နိုဆောက ဒီသားရဲဂြိုလ်က ထိပ်တန်းမှာရှိတဲ့ သားရဲဖြစ်ရမယ်ဆိုတာ သူ သိလိုက်တယ်။ သူတို့က များသောအားဖြင့် ကုန်းမြင့်ဒေသများ၌နေထိုင်ပြီး အရှေ့ဘက် တိုက်တောင်များနှင့် သစ်တောတွေလို နေရာတွေမှာ နေထိုင်ကြတယ်။ သူတို့က သဲကန္တာရတွေနဲ့ သမုဒ္ဒရာတွေကို ဖြတ်ကျော်နိုင်ဖို့ ခဲယဉ်းတယ်။ အနောက်ဘက်တွင်တိုက်ကြီးက ဒိုင်နိုဆောတွေအတွက် သုခဘုံဖြစ်တယ်။ ဒါဟာ အလယ်ကတောင်တွေနဲ့ မြစ်တွေကို ဖြတ်ကူးရန်ခက်ခဲတဲ့အတွက် ဖြစ်တယ်။ အထူးသဖြင့် ဒီလိုရက်စက်တဲ့ရွက်စား ဒိုင်နိုဆောတွေ အရှေ့ဘက် တိုက်မကြီးကိုရောက်လာတယ်ဆိုတာ မတော်တဆပဲဖြစ်တယ်။ ဒီသားရဲဂြိုလ်က သူတို့အတွက်ပြင်ပ ဘေးရန် မရှိတဲ့အတွက် ဒိုနိုဆောတွေက ကြိုက်တဲ့နေရာကို လွတ်လပ်စွာ သွားလာနိုင်ကြတယ်။ သူတို့ရဲ့ကိုယ်လုံးကြီးကြောင့် ဘယ်သားရဲမှ သူတို့ကို ဘေးရန်မပြုနိုင်ကြဘူး။

ဒါပေမယ့် ဒီလိုဖြစ်ရပ်က အတိတ်တုန်းကသာဖြစ်တယ်။ အခုတော့ ကျိုးယွင်ရှန်တို့ စုံတွဲရောက်ရှိလာကြပြီဖြစ်လို့ အခြေနေက ဒိုင်နိုဆောတွေအတွက် တမျိုးပြောင်းသွားပြီ။

ကျောက်ရွှမ်ရဲ့ ရက်စက်မှုက ဒိုင်နိုဆောရဲ့အထက်မှာရှိတယ်။ သူ့ရဲမဟာစွမ်းအားအတွက် ဒီဒိုင်နိုဆောက ပုတ်သင်ညိုတစ်ကောင်ထက် မပိုဘူး။ ဘာပဲပြောပြော ဒီပုတ်သင်ညိုမျိုးနွယ် ဒိုင်နိုဆောက ဝက်ဝံညိုထက်တော့ အကြမ်းတမ်းခံနိုင်တယ်။ သူ့ချစ်သူရှေ့မှာ သူ့သတ်ပုတ်ခြင်း စွမ်းရည်ကို ပြဖို့ ခံနိုင်ရည်တော့ ရှိမှာဖြစ်လို့ ကျောက်ရွှမ်ကျေနပ်သွားတယ်။ ဒါကြောင့် ကျောက်ရွှမ်က ပုံမှန်မဟုတ်တဲ့ အမဲလိုက်နည်းတွေကို သုံးလိုက်တယ်။

သူက ပုတ်သင်ညိုကြီးရဲ့ ကျောပေါ် ခုန်တက်ပြီး အရေပြားထဲကို လက်သည်းနဲ့ ကုတ်လိုက်ပြီး ကိုက်ဖြဲလိုက်တယ်။ ပြီးတော့ ပုတ်သင်ညိုရဲ့ခြေထောက်ကြား ခုန်ဝင်လိုက်ပြီး သူ့ရဲ့ကြီးမားတဲ့ အမြီးကြီးနဲ့ ခြေထောက်အတွင်းသားတွေကို ရိုက်ပစ်လိုက်တယ်။ ပုတ်သင်ညိုက ကူကယ်ရာမဲ့စွာ အော်ဟစ်ပြီး မြေပြင်ပေါ် ပက်လက်လဲကျသွားချိန် ကျောက်ရွှမ်က ဝမ်းဗိုက်တွေပေါ်ခုန်တက်လိုက်ပြီး ကျက်သရေရှိတဲ့ ခြေလှမ်းတွေနဲ့ ရင်ဘတ်အထိ လျှောက်လာပြီး လည်ပင်းနေရာမှ ရပ်လို့ ငုံ့ပြီး ဟိန်းလိုက်တယ်။ ပြီးမှာ လည်ပင်းကို ခဲပြီး အသေကိုက်သတ်လိုက်တယ်။ ဒီပုတ်သင်ညိုတွေက ရက်စက်ကြမ်းကြုတ်ပြီး တိုက်ခိုက်ဖို့နဲ့ မျိုးပွားဖို့ပဲ တွေးနေတဲ့အကောင်တွေဖြစ်လို့ တခါတည်း လက်စသတ် လိုက်တာဖြစ်တယ်။ ပုတ်သင်ညိုရဲ့ ခေါင်းက ကျောက်ရွှမ်ရဲ့ဖိနှိပ်မှုကြောင့် မြေကြီးထဲကို နိမ့်ဝင်သွားတယ်။ ရွှေရောင်လည်ဆံမွေးတွေက သွေးတွေနဲ့နီရဲလို့နေတယ်။
အရွက်စားဒိုင်နိုဆောတွေက ရှေးဦးသားရဲတွေဖြစ်ပြီး အာကာသပေါက်ကွဲမှုကိုတောင် ခံနိုင်ရည်ရှိတဲ့အထိ အကြမ်းတမ်းခံတယ်။ သူတို့က လူအဖြစ် မပြောင်းနိုင်ပေမယ့် အရမ်းကြမ်းတမ်းရက်စက်တဲ့အကောင်တွေဖြစ်လို့ ကျောက်ရွှမ်က တခါတည်း သတ်ပစ်လိုက်တာဖြစ်တယ်။ သူက သွေးတွေပေနေတဲ့ မျက်နှာကို ခါယမ်းပြီး သူ့ချစ်သူဆီကို ချီးမွမ်းစေချင်ပုံနဲ့လှမ်းကြည့်လိုက်တယ်။

ကျိုးယွင်ရှန့်က ရယ်မောလိုက်ပြီး လက်ခုတ်တီးပြီး အော်ဟစ်လိုက်တယ်။

" ခင်ဗျား အရမ်းတော်တယ်"

လို့ အာ်ပြီးရယ်မောခဲ့တယ်။ ပြီးတော့ ဒိုင်နိုဆောကို ကိုက်နေရာကနေ သူ့ချစ်သူရှိရာကို သွားပြီး လည်ဆံမွေးတွေကို အပွတ်သပ်ခံလိုက်တယ်။

" သခင်.... သခင်..."
ရှောင်အန်းချွမ်က သွေးတွေစွန်းပေနေတဲ့ ရွှေရောင်ခြင်္သေ့ကြီးလျှောက်လာတာကို တွေ့တော့ ကြောက်လန့်တကြား နောက်ကို ခြေနှစ်လှမ်းဆုတ်သွားတယ်။ ဒါပေမယ့်သူ့မျက်လုံးက ကိုးကွယ်လေးစားပုံ အပြည့်ပေါ်နေတယ်။


" ဒီရှေးသီးသားရဲတွေက အဆင့်မြင့်မြှင့်နိုင်ဖို့အတွက် အနီရောင်သလင်းကျောက်ကို မမှီခိုနိုင်လို့ သူတို့၏ခွန်အားက ရပ်တန့်သွားတယ်။ ဒါပေမယ့် မင်းရဲ့ ...... "

ရှောင်အန်းချွမ်က ခြင်္သေ့ကြီးကို ဘယ်လိုခေါ်ရမယ် မသိလို့ ရပ်တန့်သွားတယ်။


"င့ါရဲ့ မိတ်ဖက်.... "

ကျိုးယွင်ရှန့်က စကားထောက်ပေးလိုက်တယ်။ တချိန်တည်းမှာပဲ အနီရောင်သလင်းကျောက်ဆိုတဲ့ စကားက သူ့ရင်ထဲ စွဲသွားတယ်။ အဲ့ဒါ ဘာလဲဆိုတာ သိအောင် လုပ်ရမယ်။ သူ့ဒေတာထဲကို စစ်ကြည့်တော့ သားရဲလူသားတွေ သူတို့ကိုယ်ကို လူသားပုံအဖြစ်ပြောင်းဖို့ စုပ်ယူရတဲ့ စွမ်းအားရှိတဲ့ကျောက်တုံးဆိုတာကလွဲပြီး ဘာဆိုတာ အတိကျ မဖော်ပြထားဘူး။ ကြည့်ရတာ ဒီအနီရောင်သလင်းက ဆင့်ကဲတိုးတက်ပြောင်းလဲလာပုံရတယ်။

"မင်းရဲ့ မိတ်ဖက်က အရမ်းကိုသန်မာလှတယ်။ ငါတွေ့ဖူးတဲ့ သားရဲတွေထဲမှာ အသန်မာဆုံးပဲ "

ရှောင်အန်းချွမ်က ကြောက်လန့်တကြားဒီစကားကို အထပ်ထပ်ပြောနေမိတယ်။ ဒီသားရဲဂြိုလ်မှာ ဒီလိုသန်မာတာကို တခါမှ မမြင်ဖူးဘူး။ အခု ဒိုင်နိုဆောသေသွားတာတောင် ခြင်္သေ့က ဒဏ်ရာ တခုမှမရထားဘူး။

"ဒါပေမယ့်သူက ရှေးဦးသားရဲဖြစ်တယ်။ သူသာ စိတ်လွတ်သွားရင် ဘယ်သူမှ သူ့ကို မထိန်းချုပ်နိုင်ပဲ အားလုံးအတွက် ဘေးအန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်။  "

ရှောင်အန်းချွမ်က စိုးရိမ်တကြီး သတိပေး လိုက်တယ်။

"သူက ဘယ်တော့မှ စိတ်လွတ်မှာ မဟုတ်ဘူး။ စိတ်မပူပါနဲ့ "

ကျိုးယွင်ရှန့်က လက်မခံဘဲ လက်ကိုဝှေ့ယမ်းလိုက်တယ်။ နောက်တော့ ဒိုင်နိုဆောကို ညွှန်ပြလိုက်ပြီး ပြောလိုက်တယ်။

"ဒီည ငါတို့မှာ ဒိုင်နိုဆောအသားတွေရှိတယ်။"

ကျောက်ရွှမ်က မလှုပ်ဘူး။ အဲ့ဒီအစား သူကခေါင်းကိုမြှောက်ပြီး ဟိန်းဟောက်တယ်။ ကျိုးယွင်ရှန့်က ပြုံးလိုက်ပြီး သူ့ချစ်သူနှာခေါင်းကို အနမ်းပေးပြီး လက်နဲ့ အသာကုတ်ပေးလိုက်တယ်။ ကျောက်ရွှမ်က ပြန်နမ်းချင်ပေမယ့်သူ့ပါးစပ်က သွေးတွေပေနေလို့ သူ့ချစ်သူလေးရဲ့ ဖြူဖွေးတဲ့ အသားရေကို မစွန်းပေချင်တာတဲ့ ပြန်လှည့်သွားလိုက်တယ်။

ရှောင်အန်းချွမ်က အမျိုးသားနဲ့အမျိုးသမီးစုံတွဲတွေရဲ့ပတ်သတ်မှုကို မကြာခဏတွေ့ဖူးတယ်။သူတို့က မိတ်လိုက်ဖို့ရည်ရွယ်ချက်နဲ့ တွဲတာဖြစ်ပြီး သူတို့သွားလာကြချိန်မှာ ဒီတိရစ္ဆာန် - လူသားစုံတွဲနဲ့တူတဲ့
အခြေနေမျိုးရှိကြတယ်။ အခု စုံတွဲရဲ့လှုပ်ရှားမှုတိုင်း၊ အပြုံးတိုင်းက ခံစားချက်တွေပြည့်နေပြီး ဘေးက မြင်ရသူကို ကြည်နူးစိတ်ဝင်စေတယ်။

မကြာခင်ပူနွေးတဲ့လေထုထဲ ဒိုင်နိုဆောကို သတ်ဖြတ်စားသောက်နေတဲ့ သွေးနံ့တွေလှိုင်လာတယ်။ သွေးတရဲရဲနဲ့ ခြင်္သေ့ကြီးက စားသောက်နေတာကိုကြည့်ပြီး ရှောင်အန်းချွမ် အရမ်းကို ထိတ်လန့်နေပေမယ့် နတ်ဘုရားလူငယ်လေးရှေ့မှာ မျက်နှာမပျက်ရဲလို့ တဖြည်းဖြည်း နောက်ကို မသိမသာဆုတ်သွားပြီး သစ်ပင်တွေကြားရောက်မှ သစ်ပင်ကို လက်ထောက်ပြီး အသက်ကို အလုယက်ရှုနေရတယ်။

နတ်ဘုရားလူငယ်ရဲ့ မိတ်ဖက်က အရမ်းကို သန်မာပြီးရက်စက်လွန်းလှတယ်။ သူ့လက်သည်းကြီးတွေနဲ့ ဒိုင်နိုဆောကို အမဲဖျက်ပြီးတစ်စစီလုပ်လိုက်တယ်။ ကိုယ်ထည်ကို ဆွဲဖြဲပြီး အစာအိမ်နဲ့ ကလီစာတွေကို  တစစီဖြစ်သွားစေတယ်။ ပြင်းထန်ပုပ်စပ်တဲ့ သွေးနံ့က လေထဲ မွှန်ထူလို့နေတယ်။

 ရှောင်အန်းချွမ်က ပါးစပ်ကိုဖုံးအုပ်ပြီး အန်ချင်သည့်ဆန္ဒကို ဖျောက်ဖျက်ရန်ကြိုးစားနေရတယ်။ သူက သားကောင်မိလာတဲ့ အမျိုးသားတွေဆီက အခြားလူတွေနဲ့အတူ အလုအယက် အသားရဖို့ ဝင်တိုးဖူးပေမယ့် ခုလောက် သွေးပင်လယ်စီးရလောက်အောင် ဖြစ်ပြီး နေရာတိုင်း အသားတစ်နီနီရဲရဲဖြစ်နေတာမျိုး တခါမှ မကြုံဖူးဘူး။

"နတ်ဘုရား....ဒီသွေးနံ့တွေက အခြားသားရဲတွေကို ဆွဲဆောင်နေလို့ မကြာခင် အခြားအကောင်တွေရောက်လာပြီး ကျွန်တော်တို့ကို ရန်ပြုလိမ့်မယ်။ ဒါကြောင့် ဘေးလွတ်ရာကို ရှောင်နေရအောင်.... "

 
"မလိုဘူး။ရွှမ်က ဒီမှာရှိတယ်။ အခြားသတ္တဝါတွေ လာဝံ့ကြမှာမဟုတ်ဘူး"
ကျိုးယွမ်ရှန့်က  လက်ကိုဝေ့ယမ်းပြီးပြောလိုက်တယ်။

"ငါ့နာမည်က ရှန်၊ နတ်ဘုရား မဟုတ်ဘူး။ ပြီးတော့ ငါက အထီး။ အမ မဟုတ်ဘူး"

 ရှောင်အန်းချွမ်က ခေါင်းကို ငုံ့ပြီး တိတ်တိတ်လေးပဲ နေလိုက်တယ်။ သူ နောက်ကို လှည့်ပြန်မသွားရဲဘူ။ ဒီစုံတွဲရဲ့စွမ်းအားတွေက ထင်ထားတာထက် ပြင်းထန်လွန်းနေတယ်။

ကျောက်ရွှမ်သေးပန်းထားတဲ့ နယ်မြေက ဂူကနေ ရေကန်စပ်အထိဖြစ်လို့ အခြား သားရဲတွေက သူ့နယ်မြေထဲ ဝင်လာပြီး သူ့အာခံတွင်းက အစားစာကို လုယူရဲမှာ မဟုတ်ဘူး။ အဝေးကပဲ သူတို့ရပ်ကြည့်နေမှာသေချာတယ်။
ဒီဒိုင်နိုဆောက စားရခဲတဲ့အသားဖြစ်ပြီး အရမ်းကောင်းမှာသေချာတယ်။

"ဒိုင်နိုဆောအသားရဲ့အနူးညံ့ဆုံးအပိုင်းကိုယူပြီး ကျန်တဲ့အရာတွေကို အခြားအကောင်တွေအတွက် ချန်ထားလိုက်ပါ။ ဒီဂြိုလ်မှာရှိသရွှေ့ ခင်ဗျား ဗိုက်ဆာမှာမပူနဲ့။ သားကောင်တွေမှ အများကြီးပဲ"

ကျိုးယွင်ရှန့်က သွေးအိုင်လေးကို ခုန်ကျော်လိုက်ပြီး ခြင်္သေ့ရဲ့နောက်ကျောကို ချစ်စနိုး လက်သီးနဲ့ထိုးရင်းပြောလိုက်တယ်။

ကျောက်ရွှမ်က သူ့ချစ်သူလေးရဲ့ စကားနဲ့ ချစ်စရာ အပြုမှုကြောင့် ကျေနပ်နှစ်သိမ့်စွာနဲ့ အသားတစ်နှစ်ခုကို သွားနဲ့ကိုက်ဖြဲလိုက်ပြီး အာခံတွင်းမှာ ငုံလိုက်တယ်။ ပြီးတော့အမြီးကြီးနဲ့ ချစ်သူလေးရဲ့ခါးကို ရစ်ပတ်ပြီး ကျောပေါ်ကို တင်လိုက်တယ်။

"သူ့ကိုပါ ခေါ်လာလိုက် "

ကျိုးယွင်ရှန့်က ရှောင်အန်းချွမ် ဆီက သတင်းအချက်အလက်တွေကို ပိုရချင်သေးတယ်။ သူက ဘာဖြစ်ဖြစ် ဘိုင်ယွန်မျိုးနွယ်စုမှာ နှစ်နှစ်တိတိနေခဲ့ပြီဖြစ်လို့ ဒီဒေသအကြောင်းကို ပိုသိမှာပဲ။ နောင်အနာဂတ်မှာ သူကူညီပေးနိုင်တယ်။

စွန့်ပစ်ခံရမည်ဟုယူဆရသော  ရှောင်အန်းချွမ်က အရမ်းကို ဝမ်းသာသွားပြီး ခြေလှမ်းကို ခပ်မြန်မြန်လှမ်းပြီး သူတို့နောက်ကို လိုက်လာခဲ့တယ်။ သွေးဖုံးနေတဲ့ မြက်တွေကို  ရှောင်အန်းချွမ်အပြုံးမပျက် ဖြတ်လျှောက်လာခဲ့တယ်။

ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့ကိုယ်ပေါ်ကနေ စီးပြီး ဒီတောအုပ်ကို ဖြတ်သန်းသွားတယ်။ သူ့နောက်မှာ သေးသွယ်တဲ့ အမ တစ်ကောင်က နောက်က ထပ်ချပ်မခွာလိုက်လာခဲ့တယ်။ သူတို့ဖြတ်သန်းလာတဲ့ လမ်းတလျှောက် သားရဲတွေနဲ့ဌက်တွေ တိတ်ဆိတ်စွာနဲ့ဖယ်ခွာသွားကြတယ်။

 ပြင်းထန်တဲ့သွေးနံ့တွေကြောင့်
ဒီစုံတွဲထွက်သွားပြီးတဲ့နောက် အခြားသားရဲတွေရောက်လာပြီး ဒိုင်နိုဆောရဲ့ကျန်တဲ့အသားကို ဝိုင်းယူငင်စားသောက်ကြတယ်။ ခါတိုင်းဆိုရင် အစာအတွက် ဆူညံနေအောင် သတ်ဖြတ်ကြပေမယ့် အခုတော့ တောဘုရင်ခြင်္သေ့ကြီးက ဆူညံသံကြားပြီးပြန်လှည့်လာမှာစိုး လို့ အသံမထွက်ရဲပဲ အသီးသီးယူငင်ကြတဲ့မြင်ကွင်းက ဒီဂြိုလ်ပေါ်မှာ တခါမှ မမြင်ဖူးတဲ့ မြင်ကွင်းဖြစ်တယ်။
=================




Continue Reading

You'll Also Like

884K 106K 199
Title - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of li...
1.1M 222K 200
ကျောက်ခေတ်ခင်ပွန်း ပျိုးထောင်ခြင်းမှတ်တမ်း(Book-1) (completed) Genre _ Adventure , Comedy , Fantasy, Historical ,Romance ,Slice of Life ,Yaoi မေး...
133K 12.1K 92
#လက်စားပဲချေမယ်မဂေးဘူး ဇာတ်လမ်းမိတ်ဆက် လင်းရှောင်ဆိုတဲ့လူငယ်လေးက မိုရွှီလို့ခေါ်တဲ့မိန်းကလေးတစ်ဦးကိုတိတ်တခိုးချစ်မိနေခဲ့သည်။ သို့သော် သူတို့နှစ်ဦးလုံ...
1.9M 298K 184
အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြးဖြားၿပီးေနာက္သူသည္မိမိကိုယ္ကိုသန႔္ရွင္းေ...