ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

780K 70.1K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

FOD Extra 2 _ Chapter (1) - Yu Cang Hai

14.8K 592 2
By MayKingMK119

FOD Extra 2 _ Chapter (1) - Yu Cang Hai

ေက်ာက္႐ႊမ္ဟာ သူ႔ရဲ႕ကတိကို ျဖည့္ဆည္းၿပီးတဲ့ေနာက္ က်ိဳးယြင္ရွန႔္ကို ၿမိဳ႕ေတာ္ကိုျပန္ပို႔ေပးခဲ့တယ္။ အဲ့ဒီေနာက္ သူဟာ အေနာက္ေျမာက္ေဒသကို တစ္ေယာက္တည္း ထြက္ခြာလာခဲ့တယ္။ သူ႔ရဲ႕ၫႊန္ၾကားခ်က္ေၾကာင့္ အေနာက္ေျမာက္ေဒသမွာ ပဋိပကၡေတြနဲ႔ ျပႆနာေပါင္းစုံ တက္ခဲ့တယ္။ ဒီအေရးအခင္းကို သူဟာ လေပါင္းအနည္းငယ္ၾကာေအာင္ ႏွိမ္နင္းၿပီးတဲ့ေနာက္ အ႐ိုင္းအစိုင္းေတြကို အေနာက္ဘက္ေဒသကို ျပန္လည္တြန္းလွန္ႏိုင္ခဲ့တယ္။ အဲ့ဒီေနာက္မွာ သူဟာ ၿမိဳ႕ေတာ္ကို အလ်င္အျမန္ ျပန္လာခဲ့ၿပီးတဲ့ေနာက္ ဘယ္ေတာ့မွ နန္းၿမိဳ႕ေတာ္ကေန ထပ္မံထြက္ခြာသြားတာမ်ိဳး မလုပ္ေတာ့ဘူး။

အင္ပါယာရွန႔္က အသက္ ၃၇ႏွစ္ကို ေရာက္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕ထီးနန္းကို အိမ္ေရွ႕စံမင္းသားေလးဆီကို လႊဲေျပာင္းေပးခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ ဧကရာဇ္ျဖစ္လာခဲ့တဲ့ မင္းသားေလးဟာ အသက္ ၁၅ႏွစ္ ရွိေနခဲ့ၿပီး ရင့္က်က္တည္ၿငိမ္မႈေတာ့ မရွိေသးဘူး။ ဒါေၾကာင့္ သူက ဝန္ႀကီးခ်ဳပ္ေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိမွာကို စိုးရိမ္ေနခဲ့တယ္။ အထူးသျဖင့္ေတာ့ အေနာက္ေျမာက္ေဒသရဲ႕ အင္ပါယာႀကီးကို ဩဇာအာဏာလႊမ္းမိုးထားခဲ့တဲ့ ေက်ာက္႐ႊမ္ဆိုတဲ့လူအေပၚ မလႊမ္းမိုးမခ်ဳပ္ကိုင္ႏိုင္မွာကို ေၾကာက္႐ြံ႕ေနခဲ့တယ္။ ဒါေပမယ့္ ေက်ာက္႐ႊမ္က သူ႔ရဲ႕အာဏာေတြကို အကုန္လႊဲေျပာင္းေပးၿပီးတဲ့ေနာက္မွာေတာ့ နန္းတက္ပြဲအခမ္းအနားၿပီးတာနဲ႔ သူ႔ရဲ႕ဇာတိၿမိဳ႕ကို ျပန္သြားခဲ့တယ္။

ဒီလိုနဲ႔ တစ္ၿပိဳင္တည္းနဲ႔ အရမ္းကိုအေရးပါတဲ့ ဧကရာဇ္မင္းႀကီးက ထီးနန္းကိုစြန႔္ခြာသြားျခင္းနဲ႔ အင္အားႀကီးလွတဲ့ ဝန္ႀကီးခ်ဳပ္ႏႈတ္ထြက္သြားျခင္းဆိုတဲ့ ဩဇာအာဏာႀကီးသူႏွစ္ေယာက္ ႏႈတ္ထြက္သြားျခင္းမွာ ခ်င္မင္းဆက္က အရမ္းကို တုန္လႈပ္ေျခာက္ျခားသြားခဲ့တယ္။ ကံေကာင္းေထာက္မစြာနဲ႔ ေနာက္မွဆက္ခံတဲ့ ဧကရာဇ္မင္းေလးဟာ သူ႔ဖခင္ျဖစ္တဲ့ အင္ပါယာရွန႔္ဆီက အသိဉာဏ္ပညာနဲ႔ လႈပ္ကိုင္ႏိုင္တဲ့စြမ္းရည္ေတြကို အေမြရရွိထားခဲ့တယ္။ ႏွစ္အနည္းငယ္ ေလ့လာသင္ယူၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ သူဟာ ေကာင္းေကာင္းမြန္မြန္နဲ႔ ႏိုင္ငံေတာ္ကို စီမံအုပ္ခ်ဳပ္ႏိုင္ခဲ့တယ္။ ဒါေပမယ့္ တခါတရံမွာဆိုရင္ေတာ့ ၿမိဳ႕စားယုနဲ႔ ေတာေတာင္အႏွံ႔ ခရီးသြားလာေနခဲ့တဲ့ သူ႔အေဖကိုေတာ့ လြမ္းဆြတ္ေနခဲ့ပါတယ္။

တကယ္လို႔ ေက်ာက္႐ႊမ္ကသာ သတိမေပးခဲ့ဘူးဆိုရင္ေတာ့ ဒါေတြအားလုံးကို ဘာမွ ႀကိဳၿပီးသိႏိုင္မွာ မဟုတ္ပါဘူး။ သူ႔ရဲ႕ခ်စ္သူကို ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္အလို႔ငွာ သူ႔ရဲ႕ကုဒ္ေတြကို တျဖည္းျဖည္း တျဖည္းျဖည္းနဲ႔ လႊဲေျပာင္းေပးလာခဲ့တယ္။

က်ိဴးယြင္ရွန႔္ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူဘာမွမလုပ္ေပးႏိုင္တဲ့အတြက္ေၾကာင့္ စိတ္လႈပ္ရွားေနခဲ့တယ္။ ဒါေပမယ့္ ဒီအျပဳအမူဟာဆိုရင္ သူ႔ရဲ႕မသိစိတ္မွာ စြဲထင္ေနတဲ့ အလိုေလ်ာက္ျပဳမူေနခဲ့တဲ့အရာလို႔ ေတြးထင္ေနခဲ့ပါတယ္။ တကယ္လို႔ သူသာ ဒီလိုမ်ိဳးကို သူ႔ခ်စ္သူကို တိုက္႐ိုက္သြားေမးခဲ့မယ္ဆိုရင္ ဘာကုဒ္ေတြလဲလို႔ သူ႔ကို ျပန္ေမးလာမွာ ေသခ်ာပါတယ္။

ဥေရာပနဲ႔ အာရွတစ္ခြင္လုံးကို ခရီးသြားလာၿပီးေနာက္ပိုင္းမွာေတာ့ ဆက္လက္ခရီးသြားလာဖို႔ အသက္အ႐ြယ္ အိုမင္းလာခဲ့ၿပီျဖစ္တယ္။ ဒါေၾကာင့္ ရႈေမွ်ာ္ခင္းလွပတဲ့ ပတ္ဝန္းက်င္ရွိတဲ့ ႐ြာေလးတစ္႐ြာမွာ သူတို႔ႏွစ္ေယာက္သား အသက္ေတြႀကီးၿပီး အိုမင္းသြားတဲ့အထိ ေက်ာက္ခ်ေနထိုင္ခဲ့ၾကပါတယ္။ ေက်ာက္႐ႊမ္ဟာ သူ႔ရဲ႕မ်က္လုံးကို ထာဝရအၿပီးတိုင္ ပိတ္လိုက္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ႕လက္ေမာင္းၾကားမွာ သူ႔ခ်စ္သူကို တင္းၾကပ္စြာေပြ႕ဖက္ထားခဲ့ၿပီး သူ႔ခ်စ္သူရဲ႕နဖူးျပင္ကို နမ္းရႈိက္ရင္း သူ႔ရဲ႕ကုဒ္ေတြကို ဘဝတေလွ်ာက္လုံးရဲ႕ ေနာက္ဆုံးလက္ေဆာင္အျဖစ္ သူ႔ခ်စ္သူဆီကို လႊဲေျပာင္းေပးခဲ့ပါတယ္။

ေနာက္တစ္ႀကိမ္ သူတို႔တစ္ေတြ ျပန္လည္ဆုံေတြ႕ၾကဦးမယ္ဆိုတာ သိေပမယ့္ အခုလိုခြဲခြာခါနီးမွာေတာ့ အႀကိမ္ေပါင္းမ်ားစြာ ခြဲခြာခဲ့ၿပီးၿပီဆိုေပမယ့္လည္း က်ိဳးယြင္ရွန႔္အေနနဲ႔ သူ႔ရဲ႕အသည္းႏွလုံးေတြ အစိတ္စိတ္အမႊာမႊာ ေၾကမြသြားခဲ့ၿပီလို႔ ခံစားေနရတယ္။ တျဖည္းျဖည္းေအးစက္လာတဲ့ သူ႔ခ်စ္သူရဲ႕လက္ကို ဆုပ္ကိုင္ၿပီး သူ႔ကို ေခါင္းတလားထဲမွာ အသာအယာခ်လိုက္တယ္။ စိတ္ထဲကေနလည္း "ေနာက္တစ္ႀကိမ္ဆိုရင္ေတာ့ ငါတို႔ရဲ႕မ်က္လုံးေတြ အတူတကြမွိတ္ၿပီး အတူတူပဲ ႏႈတ္ဆက္ထြက္ခြာသြားၾကမယ္၊ ဒီလို တစ္ဦးတည္းတစ္ေယာက္တည္းေတာ့ ဘယ္ေတာ့မွ ထြက္သြားခြင့္မျပဳေတာ့ဘူး" လို႔ တိတ္တဆိတ္ ေတြးေနခဲ့ပါတယ္။
ေနာက္တခါဆို ငါတို႔ အတူတူ အသက္ရွင္မယ္၊ အတူတူေသဆုံးၾကမယ္၊ တစ္မိနစ္ တစ္စကၠန႔္ေလးမွ မခြဲဘူး။

------------------------

က်ိဳးယြင္ရွန႔္က သိုေလွာင္ေရးႁပြန္ထဲကေန အဝတ္ဗလာနဲ႔ ေလွ်ာက္လွမ္းလာတဲ့အခ်ိန္မွာ သူ႔ရဲ႕မ်က္ႏွာက မသာမယာျဖစ္ေနခဲ့တယ္။ ဆရာဝန္နဲ႔ သူနာျပဳေတြက သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာအေျခအေနကို စစ္ေဆးဖို႔အတြက္ စိုးရိမ္တႀကီးနဲ႔ အနားကိုကပ္လာခဲ့တယ္။

"ခင္ဗ်ား အစစအရာရာ အဆင္ေျပရဲ႕လား မစၥတာက်ိဳး.."

"ကြၽန္ေတာ္ အဆင္ေျပပါတယ္.. ဂ်န္နရယ္ဩေရာ ဘယ္လိုလဲ.."

က်ိဳးယြင္ရွန႔္က သူ႔ရဲ႕ေျခနဲ႔လက္ေတြမွာ ပတ္ထားတဲ့ ျပာေဖ်ာ့ေဖ်ာ့ အဆင္တန္ဆာေတြကို ျဖဳတ္ပစ္လိုက္ၿပီး ေဆး႐ုံရဲ႕ တျခားကုတင္မွာ လဲေလ်ာင္းေနသူဆီ လွမ္းေလွ်ာက္လာရင္း ေမးလိုက္တယ္။ သူက ဂ်င္နရယ္ဩရဲ႕ နဖူးျပင္ကို သူ႔ရဲ႕လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ ညင္သာစြာထိေတြ႕ပြတ္သပ္လိုက္တယ္။

"ဗိုလ္ခ်ဳပ္ကေတာ့ အရင္အတိုင္းပါပဲ.. ျပန္ၿပီး ႏိုးထလာမယ့္ လကၡဏာမရွိေသးဘူး.. ဒါေပမယ့္ သူ႔ရဲ႕ဦးေႏွာက္ေတြကေတာ့ အရင္ကထက္ ပိုၿပီး ယိုယြင္းလာခဲ့ၿပီ.. ခင္ဗ်ားသိတဲ့အတိုင္းပဲ.. ကြၽန္ေတာ္တို႔ဆီမွာက ေဆးဝါးလိုအပ္ခ်က္ေတြက မ်ားတယ္ေလ.. လူေတြအမ်ားႀကီးကို ကယ္တင္ဖို႔ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က သူ႔ရဲ႕အသက္ကို အၾကာႀကီး ဆက္ၿပီး ဆြဲဆန႔္မထားႏိုင္မွာပဲ စိုးရိမ္ရတယ္..

သူနာျပဳခ်ဳပ္က ေခါင္းကိုယမ္းကာ သက္ျပင္းခ်ရင္း ဒီအေၾကာင္းအရာေတြကို ေျပာျပလိုက္သည္။ သူနာျပဳခ်ဳပ္ေျပာတာကိုၾကားၿပီး က်ိဳးယြင္ရွန႔္ရဲ႕မ်က္လုံးေတြက ေမွာင္မိုက္သြားခဲ့တယ္။ အဲ့ဒီအခ်ိန္မွာပဲ အခန္းထဲကို အေရးတႀကီးနဲ႔ဝင္လာတဲ့ ဥပေဒအရာရွိကို ေတြ႕တဲ့အခါမွာေတာ့ က်ိဳးယြင္ရွန႔္က ဩ ကို လက္ညႇိဳးထိုးၿပီး ခိုင္မာစြာနဲ႔ ေျပာလိုက္တယ္။

"တကယ္လို႔ ကြၽန္ေတာ္ အသက္ရွင္မယ္ဆိုရင္ ဩလည္း အသက္ရွင္ရမယ္.. တကယ္လို႔ ကြၽန္ေတာ္သာ ေနာက္တစ္ႀကိမ္ ႏိုးထမလာခဲ့ဘူးဆိုရင္ေတာ့ သူ႔ရဲ႕ကံၾကမၼာကို ခင္ဗ်ားတို႔သေဘာအတိုင္းပဲ ဆုံးျဖတ္လို႔ရတယ္.. ခင္ဗ်ား ဒီလိုလုပ္ေပးႏိုင္မလား.."

ဒီဆယ္ေက်ာ္သက္ေကာင္ေလးဟာ သူတို႔ဧကရာဇ္ အင္ပါယာအရွင္ရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္လည္း ျဖစ္တယ္။ သူက ဘယ္လိုအရာမ်ိဳးကို ေတာင္းဆိုပါေစ၊ ေနာက္ဆုံး မျဖစ္ႏိုင္တဲ့အရာကို ေတာင္းဆိုရင္ေတာင္မွပဲ ဥပေဒအရာရွိက လက္ခံဖို႔အဆင္သင့္ပဲ။ အခုလိုမ်ိဳး သူေတာင္းဆိုေနတဲ့ သာမာန္အေသးအဖြဲလို ကိစၥေလးမ်ိဳးဆိုရင္ေတာ့ ဘာမွေျပာေနစရာေတာင္ မလိုေတာ့ဘူး။ သူက ေခါင္းကိုညိတ္လိုက္ၿပီး..

"ေသခ်ာတာေပါ့.. ကြၽန္ေတာ္တို႔ဘက္က ဩအက္စ္ဆိုင္းကို လူသားမ်ိဳးႏြယ္စုအတြက္ သူအသက္ရွင္သြားေအာင္ ထိန္းသိမ္းသြားမယ္လို႔ ကတိေပးပါတယ္.."

က်ိဳးယြင္ရွန႔္က ေက်နပ္ႏွစ္သိမ့္သြားၿပီး သူ႔ရဲ႕ Lab ခန္းထဲကိုဝင္သြားၿပီး သူရရွိခဲ့တဲ့ code ေတြကို စုစည္းလိုက္တယ္။ ၿပီးေတာ့ သူ အရင္ကမာၻက ရရွိခဲ့တဲ့ စြမ္းအင္ေတြအားလုံးနီးပါးကို ဩရဲ႕ဦးေႏွာက္ထဲကို ပမာဏနည္းနည္းနဲ႔ ျဖည္းျဖည္းခ်င္း သူ႔ရဲ႕စြမ္းအင္ေတြကိုသုံးၿပီး ေပးပို႔ခဲ့တယ္။ ႏွစ္နာရီေလာက္ၾကာၿပီးတဲ့ေနာက္မွာေတာ့ သူက ျပန္လည္ထိန္းသိမ္းေရးႁပြန္ထဲမွာ လွဲေလ်ာင္းလိုက္ၿပီး ေနာက္ထပ္တစ္ေနရာကို ေ႐ႊ႕ေျပာင္းခရီးဆက္ဖို႔အတြက္ ေစာင့္ဆိုင္းေနလိုက္တယ္။

ဥပေဒအရာရွိနဲ႔ ေဆးဝန္ထမ္းေတြအားလုံးက က်ိဳးယြင္ရွန႔္ဟာ သူ႔ရဲ႕ဘဝနဲ႔ အသက္ရွင္မႈေတြကိုစေတးၿပီး သူ႔ရဲ႕ဝိညာဥ္ကိုလႊင့္ၿပီး ခရီးသြားခဲ့တဲ့အတြက္ စိတ္လႈပ္ရွားၿပီး မ်က္ရည္ေတြေတာင္ က်ေနခဲ့ၾကတယ္။ သူထြက္သြားၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ေတြဟာ ဩအက္စ္ဆိုင္းကို ေကာင္းေကာင္းမြန္မြန္ ဂ႐ုတစိုက္နဲ႔ ေစာင့္ေရွာက္ေပးၾကတယ္။ ေန႔ေရာ၊ ညေရာ ေဆး႐ုံထဲမွာ ဩအာဆိုင္းနဲ႔ပတ္သက္တဲ့ အရာအားလုံးကို ေသေသခ်ာခ်ာ ေစာင့္ၾကည့္ေပးၾကတယ္။

အခုခ်ိန္မွာေတာ့ က်ိဳးယြင္ရွန္ရဲ႕နာမည္က ယြီခ်န္းဟိုင္ ျဖစ္သြားခဲ့ၿပီး က်င့္ႀကံျခင္းဂိုဏ္းရဲ႕ ေလးေယာက္ေျမာက္ဂိုဏ္းခ်ဳပ္တစ္ေယာက္ ျဖစ္ခဲ့တယ္။ သူ အသက္ ၂၁ႏွစ္ ေရာက္တဲ့အခ်ိန္မွာ သူက က်င့္ႀကံျခင္းအဆင့္ကို ဆဌမအဆင့္ထိေရာက္ေအာင္ လက္ေတြ႕က်င့္ႀကံႏိုင္တဲ့ အင္အားအႀကီးဆုံး၊ က်င့္ႀကံျခင္းဂိုဏ္းရဲ႕ ပထမဦးဆုံး အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာခဲ့တယ္။
----------------------------

ခ်န္းလုေတာင္တန္းမွာ က်င့္ႀကံျခင္းဂိုဏ္းက သူေတာ္စင္ေတြဟာ မ်ိဳးဆက္ တစ္ဆက္ၿပီးတစ္ဆက္ လွ်ိဳ႕ဝွက္စြာနဲ႔ တိတ္တဆိတ္ ဇာတ္ျမႇဳပ္ေနထိုင္ခဲ့ၾကတယ္။ သူတို႔ေတြဟာ သူတို႔တိုင္းျပည္မွာရွိတဲ့ အေရးႀကီးကိစၥႀကီး ၿပီးသြားတဲ့ေနာက္ပိုင္းမွာေတာ့ ျပင္ပကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္ျခင္းမရွိဘဲ လွ်ိဳ႕ဝွက္စြာနဲ႔ ေနထိုင္သြားၾကျခင္းျဖစ္တယ္။

ဒါေၾကာင့္ သူတို႔ကို ေဆးဝါးကုသတဲ့ သူေတာ္စင္ဂိုဏ္းအေနနဲ႔ လူသိမ်ားၾကတယ္။ တကယ့္တကယ္ေတာ့ သူတို႔ဂိုဏ္းဟာ အင္မတန္ကိုေရွးက်တဲ့ ဂိုဏ္းတစ္ခုျဖစ္တယ္။ သူတို႔က စစ္ပြဲေတြကို ေရွာင္ရွားခ်င္တာေၾကာင့္ သူတို႔ဂိုဏ္းရဲ႕ ျမင့္ျမတ္ၿပီး အစြမ္းထက္တဲ့သူေတြကို စုစည္းၿပီး ဒီေနရာမွာ ဇာတ္ျမႇဳပ္ေနထိုင္ၾကတယ္လို႔ လူတိုင္းက ယုံၾကည္ၾကတယ္။ ဒီဂိုဏ္းရွိျခင္းအားျဖင့္ သူတို႔တိုင္းျပည္ကို က်ဴးေက်ာ္လာႏိုင္တဲ့ အျခားေသာစစ္မက္ေဘးေတြရဲ႕ အႏၲရာယ္ကေန ကင္းရွင္းေစတယ္လို႔ တိုင္းသူျပည္သားေတြက ယုံၾကည္ၾကတယ္။

သူတို႔မ်ိဳးႏြယ္စုေတြဟာ ႏွစ္စဥ္ႏွစ္တိုင္းမွာ ကိုယ္ခံပညာအကြၽမ္းက်င္ဆုံး လူတစ္ေယာက္ကို ေ႐ြးခ်ယ္ၿပီး သူတို႔ေဒသကို ကာကြယ္ႏိုင္ဖို႔ အျမင့္ျမတ္ဆုံးေသာ ဂိုဏ္းခ်ဳပ္အျဖစ္ ခန႔္အပ္ေလ့ရွိတယ္။ မ်ိဳးဆက္တိုင္း မ်ိဳးဆက္တိုင္းက သူတို႔မ်ိဳးႏြယ္စုေတြရဲ႕ လူငယ္ေတြထဲက အရည္အခ်င္းအရွိဆုံး၊ အျမင့္ျမတ္ဆုံး လူငယ္ေတြကိုေ႐ြးထုတ္ၿပီး သင္ၾကားေပးခဲ့တယ္။ ဒီလူငယ္ေတြ အ႐ြယ္ေရာက္လာတဲ့အခါမွာေတာ့ သူတို႔ေတြဟာ ဂိုဏ္းခ်ဳပ္ရာထူး ဆက္ခံဖို႔အတြက္ စစ္ေဆးစမ္းသပ္မႈအမ်ိဳးမ်ိဳးကို ရင္ဆိုင္ေက်ာ္ျဖတ္ရမွာျဖစ္တယ္။

က်င့္ႀကံျခင္းစြမ္းအင္ေတြက အရမ္းကို ျပည့္ဝတယ္ဆိုေပမယ့္လည္း ဒါနဲ႔အညီ လိုက္ေလ်ာညီေထြစြာ က်င့္ႀကံႏိုင္ဖို႔ ခႏၶာကိုယ္ႀကံ့ခိုင္မႈဟာလည္း မရွိမျဖစ္ လိုအပ္တယ္။ က်ိဳးယြင္ရွန႔္ရဲ႕ခႏၶာကိုယ္က ဒီလိုခႏၶာႀကံ့ခိုင္မႈေတြမွာ အားနည္းေနခဲ့တယ္။ ခႏၶာႀကံ့ခိုင္မႈ အားနည္းတယ္ဆိုရင္ ခႏၶာကိုယ္ထဲမွာရွိေနတဲ့ ျပင္းထန္ၿပီး အင္အားႀကီးလွတဲ့ ပင္လယ္လိုက်ယ္ေျပာတဲ့အားေတြကို ဘယ္လိုမွ ေတာင့္ခံထားႏိုင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ ဒီစုစည္းထားတဲ့ လူငယ္မ်ိဳးဆက္ ဂိုဏ္းသားေတြဟာ က်င့္စဥ္အဆင့္ငါးကို ေက်ာ္လြန္ၿပီးတဲ့အခါမွာေတာ့ သူတို႔ရဲ႕ႏွလုံးသားထဲမွာရွိတဲ့ မေကာင္းတဲ့ စိတ္ဆိုးစိတ္ညစ္ေတြရဲ႕ ျဖားေယာင္းေသြးေဆာင္မႈကို မတြန္းလွန္ႏိုင္ဘဲ ေသဆုံးသြားၾကတာျဖစ္တယ္။

ဒါေပမယ့္ က်ိဳးယြင္ရွန႔္ကေတာ့ ခြၽင္းခ်က္ပဲ။ သူက ဗီလိန္စစ္စတန္ရဲ႕ ေထာက္ပံ့မႈနဲ႔အတူ သူ႔ခႏၶာကိုယ္ရဲ႕ႀကံ့ခိုင္မႈအဆင့္ကို ျမႇင့္တင္ထားႏိုင္ခဲ့တယ္။ ဒါ့ေၾကာင့္ သူဟာ က်င့္ႀကံျခင္းအဆင့္ေျခာက္ထိေရာက္ေအာင္ က်င့္စဥ္ေတြကို က်င့္ႀကံႏိုင္ခဲ့တယ္။ ဒီလိုက်င့္ႀကံႏိုင္တဲ့အတြက္ သူဟာ ပန္းပြင့္ဖတ္ေတြနဲ႔ သစ္႐ြက္ေလးေတြကို စြမ္းအားျပည့္တဲ့လက္နက္အျဖစ္ အသုံးျပဳႏိုင္႐ုံတင္မကဘူး သူ႔ရဲ႕အက်ႌလက္ကို အသာယမ္းလိုက္႐ုံနဲ႔ လူတစ္ေယာက္ကို အလြယ္တကူ သတ္ျဖတ္ႏိုင္တဲ့အထိကို လုပ္ေဆာင္ႏိုင္တယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ က်င့္ႀကံျခင္းေလာကမွာေတာ့ က်ိဳးယြင္ရွန႔္ကို စစ္မွန္တဲ့ဆရာသခင္တစ္ေယာက္လို႔ ေခၚတြင္ခဲ့ၾကတယ္။

ဒီလိုမ်ိဳး မယုံၾကည္ႏိုင္ေလာက္ေအာင္ ျမင့္မားျပင္းထန္တဲ့ စြမ္းအားေတြအေၾကာင္းသာ ျပင္ပေလာကကို ေပါက္ၾကားသြားခဲ့မယ္ဆိုရင္ ေလာဘနဲ႔ ယွဥ္ၿပိဳင္မႈေတြေၾကာင့္ ေနရာတိုင္းမွာ ေသြးေခ်ာင္းစီးသတ္ျဖတ္မႈေတြ ျဖစ္သြားမွာ ေသခ်ာတယ္။ ဒီလိုကပ္ဆိုးႀကီးေတြကို ေရွာင္ရွားဖို႔အတြက္ သူေတာ္စင္ဂိုဏ္းက သူတို႔ရဲ႕ဂိုဏ္းသားေတြကို ဂိုဏ္းရဲ႕ဧရိယာနယ္ေျမထဲက ထြက္ခြာျခင္းကို တားျမစ္ထားၿပီး ဂိုဏ္းျပင္ပကလူနဲ႔ လက္ထပ္တာကိုလည္း တားျမစ္ထားတယ္။

က်ိဳးယြင္ရွန႔္က ခ်န္းလုေတာင္မွာ ေအးေအးေဆးေဆး တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ဇာတ္ျမႇပ္ေနထိုင္ၿပီး သူ႔ဂိုဏ္းကိုသူ ေစာင့္ေရွာက္ရတဲ့အလုပ္မွာပဲ ေပ်ာ္ေမြ႕ေနခဲ့တယ္။ သို႔ေပမယ့္ သူက system ရဲ႕ထိန္းခ်ဳပ္မႈကို ခံေနရၿပီး Lord God က ခ်ေပးထားတဲ့ အလုပ္ကို လက္ခံေဆာင္႐ြက္ေနရတယ္။ ဒါေၾကာင့္ သူက Hui တိုင္းျပည္ကိုခရီးသြားေနတဲ့ ဒုကၡသည္အမ်ိဳးသမီးေလး တစ္ေယာက္ကို ကယ္တင္ခဲ့တယ္။ အဲ့ဒီအမ်ိဳးသမီးနဲ႔ အခ်ိန္အၾကာႀကီး အတူေနထိုင္ခဲ့ၿပီးေနာက္မွာေတာ့ သူက အဲ့အမ်ိဳးသမီးေလးကို အရမ္းကို စြဲလမ္းတြယ္တာသြားခဲ့တယ္။ ေနာက္ဆုံး အဲ့ဒီအမ်ိဳးသမီးေလးက သူ႔ၿမိဳ႕ေတာ္ကို ျပန္သြားမွာကိုေတာင္ ျပန္မလႊတ္ခ်င္ေတာ့ဘဲ သူမကို လက္ထပ္ခ်င္ခဲ့တယ္။

ဒါေၾကာင့္ ဒီအမ်ိဳးသမီးေလး သူ႔ဂိုဏ္းကေန ထြက္မသြားႏိုင္ေအာင္ ဆြဲေဆာင္ဖို႔အတြက္ သူ႔ဂိုဏ္းမွာလွ်ိဳ႕ဝွက္ထားတဲ့ က်င့္ႀကံျခင္းက်မ္းေတြကို စိတ္တိုင္းက် ဖတ္ရႈခြင့္ျပဳလိုက္တယ္။ ဒီလို ေရွးေဟာင္းဘာသာစကားေတြက အလြယ္တကူ မွတ္သားဖို႔ မလြယ္ပါဘူး။ ဒီစာလုံးေတြရဲ႕ အသံထြက္ကို မထြက္တတ္ဘူး၊ ဒီစာလုံးေတြကို နားမလည္ဘူးဆိုရင္ ဘယ္လိုနည္းနဲ႔မွ မွတ္သားႏိုင္မွာမဟုတ္ဘူး။ ဒါေပမယ့္ မုေလြ႕လင္ကေတာ့ ဒီစာလုံးေတြကို အလြတ္ မွတ္သားႏိုင္ခဲ့တယ္။

မုေလြ႕လင္က အသက္ (၁၅)ႏွစ္သာရွိေသးေပမယ့္ ထင္ေနခဲ့သလို ျဖဴစင္သန႔္ရွင္းတဲ့ မိန္းမေကာင္းေလးတစ္ေယာက္ေတာ့ မဟုတ္ခဲ့ဘူး။ သူမက အဲ့တာနဲ႔ဆန႔္က်င္ဘက္ျဖစ္တဲ့ ရည္မွန္းခ်က္အရမ္းကိုႀကီးမားၿပီး ဉာဏ္ရည္ထက္ျမက္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေနခဲ့တယ္။ သူမက က်င့္ႀကံျခင္းက်မ္းေတြကို တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႔ ဒါဘာေတြဆိုတာ သေဘာေပါက္သြားၿပီး သူမနဲ႔ တစ္ပါတည္းယူေဆာင္သြားဖို႔ ရည္႐ြယ္ခဲ့တယ္။ ဒါေၾကာင့္ စာလုံးေတြ၊ စာသားအဓိပၸါယ္ေတြကို ေသခ်ာမသိေပမယ့္ အလြတ္က်က္မွတ္ေနခဲ့တယ္။ ဒီလိုအလြတ္က်က္မွတ္ေနတာကို က်ိဳးယြင္ရွန႔္ရဲ႕ အေစခံတစ္ေယာက္က သိရွိသြားၿပီး က်ိဳးယြင္ရွန႔္ကို တိုင္ၾကားလိုက္တဲ့အခ်ိန္မွာေတာ့ ဂိုဏ္းရဲ႕အႀကီးအကဲေတြက မုေလြ႕လင္ကို အရမ္းေဒါသထြက္ၿပီး သတ္ျဖတ္ခ်င္ေနခဲ့တယ္။ ဒါေပမယ့္ မုေလြ႕လင္က သူမကို က်ိဳးယြင္ရွန႔္က ခ်စ္ခင္ႏွစ္သက္ၿပီး ကာကြယ္ေပးတာကို အသုံးခ်ၿပီး ထိုဂိုဏ္းကေန အႏၲရာယ္ကင္းစြာနဲ႔ ထြက္ခြာသြားႏိုင္ခဲ့တယ္။

မုေလြ႕လင္ သူမအိမ္ေတာ္ကို ျပန္ေရာက္သြားတဲ့အခ်ိန္မွာေတာ့ သူမဖခင္ မုက်င့္ေကာနဲ႔ သူမနဲ႔ေစ့စပ္ထားတဲ့ က်န္းခ်န္ရန္ဆိုတဲ့လူကို ဒီလွ်ိဳ႕ဝွက္စာသားေတြကို ေျပာျပခဲ့တယ္။

မုေလြ႕လင္နဲ႔ ေစ့စပ္ထားတဲ့ က်န္းခ်န္ရန္က ပိယြင္႐ြာရဲ႕ သခင္တစ္ေယာက္လည္းျဖစ္တယ္။ သူက တ႐ုတ္ျပည္မႀကီးမွာရွိတဲ့ သူရဲေကာင္းအသိုင္းအဝိုင္းမွာလည္း ဂုဏ္သိကၡာရွိတဲ့ လူတစ္ေယာက္ျဖစ္တယ္။ ဒါ့အျပင္ သူက တင္းေကာ္စစ္တပ္မွာရွိတဲ့ ဗိုလ္ခ်ဳပ္ႀကီး ယြမ္ခြန္းဖုန္ရဲ႕ အယုံၾကည္ရဆုံး အနီးကပ္သူငယ္ခ်င္း တစ္ေယာက္လည္းျဖစ္တယ္။ ဒါေပမယ့္ တရွာတိုင္းျပည္ႀကီးကေတာ့ အရင္ေခတ္တုန္းကလိုမ်ိဳး ေတာင့္တင္းခိုင္မာမႈ မရွိေတာ့ဘူး။ အင္ပါယာဧကရာဇ္ယြမ္ရဲ႕ ၾသဇာအာဏာေအာက္မွာေတာ့ သူ႔ရဲ႕ေဒသထဲမွာ ပုန္ကန္ထႂကြမႈေတြနဲ႔ ပဋိပကၡေတြ ေပၚေပါက္လာခဲ့တယ္။

ယြမ္ခြန္းဖုန္က စစ္ပြဲေတြနဲ႔ နာမည္ေက်ာ္ၿပီး လူသိမ်ားတဲ့သူျဖစ္တာေၾကာင့္ အင္ပါယာယြမ္က သံသယဝင္လာခဲ့တယ္။ ဒါေၾကာင့္ အင္ပါယာယြမ္က သူ႔ရဲ႕စစ္တပ္လစာကို မေပးဘဲ ဆိုင္းငံ့ထားခဲ့ၿပီး ရန္သူတိုင္းျပည္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္တယ္ဆိုတဲ့ သက္ေသခံ စာ႐ြက္စာတမ္းအတုေတြကို ဖန္တီးၿပီး သူ႔ကို ႐ုံးတင္စစ္ေဆးဖို႔ ေနျပည္ေတာ္ကို ဆင့္ေခၚဖို႔ႀကိဳးစားခဲ့တယ္။ ဒါေပမယ့္ ယြမ္ခြန္းဖုန္က ႐ူး႐ူးမိုက္မိုက္နဲ႔ ဘုရင္အေပၚကို သစၥာခံတဲ့လူတစ္ေယာက္ေတာ့ မဟုတ္ဘူး။ ဒါေၾကာင့္ သူ႔ကိုေခ်ာက္ခ်တဲ့ဘုရင္ကို တရားဝင္အတိအလင္း ဆန႔္က်င္ပုန္ကန္တဲ့ သစၥာေဖာက္အျဖစ္ကို ခံယူလိုက္တယ္။ သူ႔ရဲ႕ၾသဇာအာဏာေအာက္မွာေတာ့ ျပည္နယ္အသီးသီးမွာရွိေနတဲ့ နယ္စားေတြက သူ႔ရဲ႕တိုက္ခိုက္လႊမ္းမိုးမႈေၾကာင့္ အင္ပါယာဘုရင္ရဲ႕ခံစစ္ေတြဟာ တစ္ခုၿပီးတစ္ခု က်ိဳးေပါက္လာၿပီး ေနာက္ဆုံး ျမစ္ေတြနဲ႔ ေတာင္တန္းေတြထိကို ေရာက္ရွိလာခဲ့တယ္။ အခုခ်ိန္မွာေတာ့ တရွာျပည္ႀကီးဟာ တစ္ကြဲတစ္ျပားျဖစ္ဖို႔ အလားအလာေတြ ႀကဳံေတြ႕ေနရၿပီး ယြမ္ခြန္းဖုန္က အင္အားအႀကီးဆုံး လူတစ္ေယာက္ျဖစ္လာခဲ့တဲ့အျပင္ ရာဇပလႅင္ကို ထိုင္ရလုနီးပါးေတာင္ ျဖစ္လာခဲ့တယ္။

က်န္းခ်န္ရန္ကလည္း ရည္မွန္းခ်က္ႀကီးတဲ့သူ ျဖစ္တာေၾကာင့္ သူ႔ေနရာကို ဘယ္သူနဲ႔မွ အစားထိုးၿပီး လႊဲေပးမွာမဟုတ္ဘူး။ ဒါေၾကာင့္ ယြမ္ခြန္းဖုန္ရဲ႕ ၾသဇာအာဏာကို အသုံးျပဳၿပီး ျမစ္ေခ်ာင္းအင္းအိုင္ေဒသနဲ႔ ေတာင္တန္းေဒသေတြကို တစ္စုတစ္စည္းတည္း စုစည္းၿပီး က်င့္ႀကံျခင္းစြမ္းအားေတြကို ေလ့လာသင္ၾကားဖို႔ ရည္႐ြယ္ထားတယ္။ သူ႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ဒီလိုစုစည္းၿပီး စြမ္းအားေတြရွိထားၿပီးမွ ဒီသရဖူကို သိမ္းပိုက္ခ်င္တယ္။ တကယ္လို႔ ဒါသာ လက္ေတြ႕ျဖစ္လာခဲ့မယ္ဆိုရင္ သူက နယ္ေျမအမ်ားႀကီးကို ပိုင္ဆိုင္ႏိုင္ၿပီး သမိုင္းေၾကာင္းတေလွ်ာက္လုံးမွာလည္း နာမည္က်န္ရစ္ခဲ့မွာျဖစ္တယ္။

အဲ့ေနာက္ပိုင္းမွာေတာ့ သူက ဒီကမာၻေလာကႀကီးထဲကို စိတ္တိုင္းက် ဝင္ႏိုင္ထြက္ႏိုင္မွာျဖစ္တယ္။ ဒါ့အျပင္ သူ႔ရဲ႕လက္တစ္ခ်က္ကို ေဝွ႔ယမ္းလိုက္႐ုံနဲ႔ အားလုံးကို ၿပီးေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္မွာျဖစ္တယ္။  ဒီလိုအေတြးေတြ တစ္ရက္ၿပီးတစ္ရက္ ဖိစီးလာၿပီးတဲ့ေနာက္မွာေတာ့ သူက ဒီဟာေတြကို ေခါင္းထဲကေန ဖယ္ရွားပစ္ဖို႔ ဘယ္လိုမွမတတ္ႏိုင္ခဲ့ဘူး။ဒါေၾကာင့္ က်န္းခ်န္ရန္က ေလာဘႀကီးၿပီး ေအာင္ျမင္မႈကိုလိုလားတဲ့ သူနဲ႔အက်င့္တူတဲ့ မုက်င့္ေကာနဲ႔တိုင္ပင္ၿပီး ေရွ႕ဆက္လုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္။

-----------------------

မုက်င့္ေကာႏွင့္ က်န္းခ်န္ရန္တို႔ႏွစ္ေယာက္က မုေလြ႕လင္ကို ေဘးဒုကၡေရာက္ခ်င္ေယာင္ ေဆာင္ၿပီး သူေတာ္စင္ဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ျဖစ္တဲ့ က်ိဳးယြင္ရွန႔္ဆီကို သူမကိုလာကယ္ဖို႔ စာတစ္ေစာင္ေရးသားေစခဲ့တယ္။ မုေလြ႕လင္ဟာ သူမဖခင္ဆီက ေကာက္က်စ္ယုတ္မာျခင္းနဲ႔ ကိုယ္က်င့္တရားပ်က္ျပားျခင္းဆိုတဲ့ အရည္အခ်င္းကို ဆက္ခံရရွိခဲ့ၿပီး ဒီကမာၻေပၚမွာ ေဘးဒုကၡမ်ားစြာကို ဖန္တီးႏိုင္တဲ့ မိန္းကေလးတစ္ေယာက္ျဖစ္တယ္။ သူမဖန္တီးခဲ့တဲ့ ျပႆနာေတြကို မူလခႏၶာကိုယ္ျဖစ္တဲ့ အရင္လူကေတာ့ ဒါေတြကို သိျမင္ႏိုင္ျခင္းမရွိသလို ေရွာင္တိမ္းႏိုင္ျခင္းလည္း မရွိခဲ့ဘူး။ က်ိဳးယြင္ရွန႔္က system က ေပးတဲ့အလုပ္တာဝန္ေတြကို လက္ခံရရွိခဲ့ၿပီး သူမဖန္တီးတဲ့ ျပႆနာေတြၾကားကေန ထပ္ခါထပ္ခါ သူမကို ကယ္တင္ေပးခဲ့တယ္။ သူမက မေကာင္းတဲ့စိတ္ႏွလုံးရွိတဲ့ မိန္းကေလးဆိုတာ သိခဲ့တာေတာင္မွ သူမကို သူက အ႐ူးအမူး စြဲလမ္းေနခဲ့တုန္းပဲ။ က်ိဳးယြင္ရွန႔္က သူရဲ႕ပါဝါေတြကိုသုံးၿပီး မုေလြ႕လင္ေပးခဲ့တဲ့၊ သူ႔စိတ္ထဲမွာထင္က်န္ေနတဲ့ အမ်ိဳးမ်ိဳးေသာ စိတ္ညစ္စိတ္ဆိုးေတြကို ဖယ္ရွားသန႔္စင္ပစ္လိုက္တယ္။ ၿပီးေတာ့ သူက သူေတာ္စင္ဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ေနရာမွာ ဆက္လက္လုပ္ေဆာင္ေနၿပီး ဒီအေၾကာင္းေတြကိုပိုသိေအာင္ ေစာင့္ၾကည့္ေနခဲ့တယ္။

က်န္းခ်န္ရန္နဲ႔ မုက်င့္ေကာတို႔က မုလင္း႐ြာမွာရွိတဲ့ မိသားစုဝင္ ေတာ္ေတာ္မ်ားမ်ားကို တိုက္ခိုက္ဖ်က္ဆီးခဲ့တယ္။ သူတို႔ပိုင္ဆိုင္တဲ့ ဓနဥစၥာေတြကို ခိုးယူခဲ့တယ္။ ၿပီးေတာ့ သူတို႔လုပ္သမွ် အျပစ္အားလုံးကို သူေတာ္စင္ဂိုဏ္းဆီကို ပုံခ်ခဲ့တယ္။ ဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ႐ုတ္တရက္ျဖစ္ေပၚလာတဲ့ ရာဇဝတ္ေဘးေတြဟာ သူေတာ္စင္ဂိုဏ္းကလုပ္တယ္လို႔ ထင္ျမင္ယူဆခဲ့ၾကတယ္။ ဒါေၾကာင့္ သူတို႔ ယုံၾကည္ေလးစားခဲ့တဲ့ သူေတာ္စင္ဂိုဏ္းဟာ မေကာင္းဆိုးဝါးဂိုဏ္းတစ္ခု ျဖစ္သြားခဲ့ၿပီလားလို႔ အံ့အားသင့္ေနခဲ့ၾကတယ္။

မိသားစုႀကီးခုနစ္စု တိုက္ခိုက္ခံရတဲ့ျပႆနာ ျဖစ္ၿပီးသြားတဲ့အခါမွာေတာ့ သူေတာ္စင္ဂိုဏ္းကို လူေတာ္ေတာ္မ်ားမ်ားက မေကာင္းဆိုးဝါးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ဂိုဏ္းအျဖစ္ လူသိမ်ားလာၿပီး အမ်ားစုက မုန္းတီး႐ြံရွာလာၾကတယ္။

က်ိဳးယြင္ရွန႔္က အခုခ်ိန္မွာ သူေတာ္စင္ဂိုဏ္းရဲ႕ အေျခအေနက သိပ္မေကာင္းဘူးဆိုတာကို သိရွိခဲ့ေပမယ့္ ဒီဂိုဏ္းကိုကယ္တင္ဖို႔ေတာ့ သူဘာမွ မလုပ္ေပးႏိုင္ခဲ့ဘူး။ System ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ သူက မုေလြ႕လင္ကို ဒီအက်ပ္အတည္းနဲ႔ ေဝးရာကိုပဲ ေခၚေဆာင္သြားခဲ့တယ္။ မုေလြ႕လင္ ဒီေနရာကေန ထြက္သြားၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ မုက်င့္ေကာနဲ႔ က်န္းခ်န္ရန္တို႔က သူတို႔သမီးကို မေကာင္းဆိုးဝါးဂိုဏ္းခ်ဳပ္ႀကီးက ျပန္ေပးဆြဲပါတယ္ဆိုၿပီး သတင္းေတြထုတ္လႊင့္ခဲ့တယ္။ ၿပီးေတာ့ သူ႔သမီးကို ကယ္တင္ဖို႔အတြက္ အျခားမိတ္ေဆြေတြကို ဝိုင္းဝန္းကူညီေပးဖို႔ ထုတ္ျပန္ေၾကျငာခဲ့တယ္။

မိသားစုႀကီးခုနစ္စုရဲ႕ ဥစၥာရတနာေတြနဲ႔ လွ်ိဳ႕ဝွက္သိမ္းဆည္းထားတဲ့ တန္ဖိုးရွိတဲ့အရာမ်ားစြာ ေပ်ာက္ဆုံးသြားၿပီးေနာက္ပိုင္းမွာေတာ့ အဲ့ပစၥည္းေတြက မေကာင္းဆိုးဝါးဂိုဏ္းရဲ႕ လက္ထဲမွာရွိတယ္လို႔ လူေတြက ယုံၾကည္ခဲ့ၾကတယ္။ ႐ိုးသားတဲ့လူေတြကေတာ့ ဂိုဏ္းသားေတြကို အခ်င္းခ်င္း ေဖးမကူညီခ်င္ၾကေပမယ့္ တခ်ိဳ႕ေတြကေတာ့ တိုက္ခိုက္လုယက္ျခင္းခံရတဲ့ ဒီဒဏ္ကို ကလဲ့စားေခ်ခ်င္ၾကတယ္။ ေလာဘႀကီးတဲ့ လူေတြကေတာ့ ဒီအခေၾကးေငြေတြကို ရရွိခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ ပိယြင္႐ြာကို တဖြဲဖြဲနဲ႔ ဝင္ေရာက္လာခဲ့တယ္။ ရက္အနည္းငယ္အတြင္းမွာပဲ က်န္းခ်န္ရန္ဆီမွာ သိုင္းပညာရွင္ ေထာင္ေပါင္းမ်ားစြာ စုစည္းေရာက္ရွိလာခဲ့ၾကတယ္။

သူေတာ္စင္ဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ကို သိုင္းသမားေပါင္းမ်ားစြာက လာေရာက္ဝန္းရံၾကတဲ့အခါမွာေတာ့ က်ိဳးယြင္ရွန႔္က ဒါဟာ သူ႔ရဲ႕ဗီလိန္ system က လုပ္ေဆာင္ခိုင္းတဲ့ ဂိုဏ္းခ်ဳပ္ေနရာကေန လုပ္ေဆာင္ရမယ့္ တာဝန္ေတြကေန မၾကာခင္ ၿပီးဆုံးေတာ့မယ္ဆိုတာကို သိေနခဲ့တယ္။ မုေလြ႕လင္ယူေဆာင္လာေပးတဲ့ အဆိပ္ခတ္ထားတဲ့ဝိုင္ကို ေသာက္ၿပီးတဲ့ေနာက္ပိုင္းမွာေတာ့ သူဟာ လက္ရွိ(...........)မွာ ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာကို ေသခ်ာမသိရခင္မွာပဲ သူ႔ရဲ႕ဝိညာဥ္က သူ႔ခႏၶာကိုယ္ကေန တျဖည္းျဖည္းနဲ႔ ထြက္ခြာသြားခဲ့ၿပီျဖစ္တယ္။ ဒါေပမယ့္လည္း သူက ဗီလိန္ system က သူ႔ကိုေပးတဲ့ အလုပ္ေတြကို ဆက္ၿပီးလုပ္ေဆာင္ေနရတုန္းျဖစ္တယ္။ သူက မုေလြ႕လင္ကို ဒီဂိုဏ္းကေန လုံၿခဳံစြာနဲ႔ ကယ္ထုတ္သြားႏိုင္ဖို႔အတြက္ပဲ လုပ္ေဆာင္ေနခဲ့တယ္။ မုေလြ႕လင္က သူ႔ကို သစၥာေဖာက္ေနတာ၊ လွည့္စားေနတာကို မသိဘဲနဲ႔ မုေလြ႕လင္လြတ္ေျမာက္ဖို႔ကိုပဲ သူေသအံမူးမူးအခ်ိန္အထိ မုေလြ႕လင္ရဲ႕အက်ိဳးကို ေဆာင္႐ြက္ေပးခဲ့တယ္။

အသက္ရွင္က်န္ရစ္ခဲ့တဲ့ သူေတာ္စင္ဂိုဏ္းရဲ႕ ဂိုဏ္းသား ၁၂ ေယာက္ေက်ာ္တို႔က ေသအံဆဲဆဲျဖစ္ေနတဲ့ သူတို႔ရဲ႕ဂိုဏ္းခ်ဳပ္ကို လွ်ိဳ႕ဝွက္ေခၚေဆာင္ၿပီး ခ်န္လုေတာင္တန္းႀကီးထဲမွာ လွ်ိဳ႕ဝွက္စြာနဲ႔ သူ႔ကို တိတ္တဆိတ္နဲ႔ ဝွက္ထားခဲ့ၾကတယ္။ က်န္းခ်န္ရန္နဲ႔ မုက်င့္ေကာတို႔က လွ်ိဳ႕ဝွက္က်င့္ႀကံတဲ့သိုင္းက်မ္းကို တျခားသူေတြက သူတို႔ထက္အရင္ ရွာေတြ႕သြားမွာကို စိုးရိမ္ေနၾကတယ္။ ဒါေၾကာင့္ သူတို႔က ဂိုဏ္းခ်ဳပ္လြတ္ေျမာက္သြားတဲ့ေနာက္ကို မလိုက္ဘဲ မုေလြ႕လင္ရဲ႕ လမ္းၫႊန္မႈေအာက္မွာပဲ အနက္ေရာင္အခန္းႀကီးကိုဖြင့္လိုက္ၿပီး အသည္းအသန္ အ႐ူးအမူး ရွာေဖြခဲ့ၾကတယ္။ သူတို႔ဟာ အဲ့ဒီအခန္းႀကီးကို ထပ္တလဲလဲရွာၿပီး ေနာက္ဆုံး အဲ့ဒီေတာင္ေပၚကို အျခားသူေတြ ေရာက္လာတဲ့အခ်ိန္ထိကို ဒီအခန္းထဲမွာပဲ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရွာေဖြခဲ့ၾကတယ္။

က်န္တဲ့သူေတြကေတာ့ ဒီလွ်ိဳ႕ဝွက္သိုင္းက်မ္းထက္ သူေတာ္စင္ဂိုဏ္းက ႏွစ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္စုေဆာင္းထားခဲ့တဲ့ နန္းစဥ္ရတနာေတြကို ခြဲေဝယူေဆာင္ခဲ့ၾကတယ္။ ဒီရတနာေတြေၾကာင့္ သိုင္းသမားေတြက ဆုလာဘ္မ်ားစြာရသြားတဲ့အလား ေက်နပ္သြားၾကတယ္။ အဲ့ဒီေနာက္မွာေတာ့ သိုင္းသမားေတြက တစ္ေယာက္ၿပီးတစ္ေယာက္ ဒီဂိုဏ္းကေန ထြက္ခြာသြားၾကတယ္။ ဒါေပမယ့္ ကလဲ့စားေခ်ခ်င္တဲ့၊ ေဒါသႀကီးေနတဲ့ မိသားစုဝင္တခ်ိဳ႕ကေတာ့ က်ိဳးယြင္ရွန႔္ရဲ႕အသက္ကို ရယူခ်င္တဲ့အတြက္ ဒီေတာင္တန္းေပၚမွာ ဆက္ၿပီး ရွာေဖြေနၾကတုန္းျဖစ္တယ္။

က်ိဳးယြင္ရွန႔္က တျဖည္းျဖည္းနဲ႔ သူေသဆုံးသြားမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနတဲ့အခ်ိန္မွာ system ကေပးတဲ့ ေနာက္ဆုံးတာဝန္က ေရာက္ရွိလာခဲ့တယ္။ အဲ့ဒါကေတာ့ က်င့္ႀကံေရးလွ်ိဳ႕ဝွက္သိုင္းက်မ္းကို မုေလြ႕လင္လက္ထဲကို ေရာက္ေအာင္ေပးရမွာျဖစ္တယ္။

အခုခ်ိန္မွာေတာ့ သူတို႔ဂိုဏ္းမွာျဖစ္ေနတဲ့ ဒီကပ္ဆိုးႀကီးက မုမိသားစုနဲ႔ ပိယြင္႐ြာေပါင္းၿပီး လုပ္ႀကံဖန္တီးခဲ့တယ္ဆိုတာကို သိရွိသြားခဲ့ၿပီ။ သူတို႔လိုခ်င္တဲ့အရာကို သူတို႔ဟာ ရွာမေတြ႕ၾကဘူး။ ဒါေၾကာင့္ သူတို႔က မုေလြ႕လင္ကို က်ိဳးယြင္ရွန႔္ဆီကို စကားေျပာဖို႔ သြားေစခဲ့တယ္။ မုေလြ႕လင္က က်ိဳးယြင္ရွန႔္နားကေန မခြာႏိုင္ျဖစ္ေနတယ္။ ဒါေၾကာင့္ သူမက က်ိဳးယြင္ရွန႔္နားကို အေဆာတလ်င္ ကပ္လာခဲ့တယ္။

မုေလြ႕လင္ရဲ႕ဆံပင္ေတြဟာ ရႈပ္ပြေနၿပီး သူမရဲ႕အဝတ္အစားေတြဟာလည္း ေဟာင္းႏြမ္းစုတ္ျပတ္ေနတယ္။ သူမရဲ႕ခႏၶာကိုယ္မွာလဲ ဒဏ္ရာဒဏ္ခ်က္ေတြအမ်ားႀကီး ရရွိေနခဲ့တယ္။ သူမရဲ႕ပုံစံကိုၾကည့္ရတာ သနားစရာေကာင္းေနခဲ့ၿပီး သူမက က်ိဳးယြင္ရွန႔္ကို ေျပာခဲ့တယ္။ သူမဆီမွာ ကိုယ္ဝန္ရွိေနၿပီ။ ဒါေၾကာင့္ လွ်ိဳ႕ဝွက္ဂိုဏ္းရဲ႕ အသက္ရွင္က်န္ေနတဲ့သူေတြရဲ႕ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္က သူမရဲ႕ မေမြးဖြားရေသးတဲ့ ကေလးပဲျဖစ္တယ္။ ဒါေၾကာင့္ ဒီဂိုဏ္းထဲကလူေတြက သူမကို မသတ္ဘဲနဲ႔ သတ္မယ့္အစား သူမကို လႊတ္ေပးခဲ့တာျဖစ္တယ္။ သူတို႔ေတြက သူေတာ္စင္ဂိုဏ္းခ်ဳပ္ရဲ႕ လက္ထဲကေန လွ်ိဳ႕ဝွက္က်င့္ႀကံျခင္းက်မ္း မုေလြ႕လင္လက္ထဲ ေရာက္ရွိသြားတာကို ေတြ႕တဲ့အခါမွာလဲ ဘာမွ ဝင္ေႏွာင့္ယွက္ဖို႔ မလုပ္ၾကဘူး။ သူတို႔ေတြဟာ သူတို႔ဆရာသခင္ရဲ႕ ရင္ေသြးျဖစ္တဲ့ မေမြးဖြားရေသးတဲ့ ကေလးေလး ႀကီးျပင္းလာတာကိုပဲ ေစာင့္ဆိုင္းၾကမွာျဖစ္တယ္။ ဒီကေလးေလး ႀကီးျပင္းလာတဲ့အခ်ိန္မွာေတာ့ ဒီကေလးက သူတို႔ဂိုဏ္းအတြက္ ကလဲ့စားေခ်ေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကတာျဖစ္တယ္။

ဒါေပမယ့္ မုေလြ႕လင္ရဲ႕လက္ထဲ က်င့္ႀကံမႈက်မ္းေရာက္သြားတာနဲ႔ မုေလြ႕လင္က ေခါင္းကို ငဲ့ေစာင္းၿပီး အခ်က္ျပလိုက္တယ္၊ မုအိမ္ေတာ္နဲ႔ ပိယြင္႐ြာက လူသတ္သမားေတြကို က်ဴပင္ခုတ္ က်ဴငုတ္မက်န္ သူေတာ္စင္ဂိုဏ္းတခုလုံး သုတ္သင္ ရွင္းလင္းခိုင္းလိုက္တယ္။

မုေလြ႕လင္က က်င့္ႀကံမႈက်မ္းကို သူမရဲ႕ သူတို႔သားေလာင္း က်န္းခ်န္ရန္ လက္ထဲကို ေပးလိုက္ၿပီး ျမန္ႏိုင္သမွ် ျမန္ျမန္က်င့္ႀကံခိုင္းလိုက္တယ္။

ဒီကမာၻရဲ႕ သားေတာ္ပီပီ က်န္းခ်န္ရန္က မယုံႏိုင္ေလာက္စရာ အျမန္ႏႈန္းနဲ႔ အဆင့္ေလးအထိ က်င့္ႀကံႏိုင္ၿပီး ထိပ္တန္း ဆရာသခင္ျဖစ္လာခဲ့တယ္။

ဒါ့အျပင္ သူက က်မ္းရဲ႕အဖုံးေနာက္က လ်ိ ု႔ဝွက္ရတနာေျမပုံကို ရလိုက္ၿပီး သူ႔စစ္တပ္အတြက္လိုအပ္တဲ့ ရိကၡာေတြ စစ္လက္နက္ စစ္ျမင္းနဲ႔ ကရိယာအားလုံး ေရွးေဟာင္းရတနာသိုက္ထဲက ရတနာေတြသုံးၿပီး ဝယ္ႏိုင္ခဲ့တယ္။

သုံးႏွစ္ၾကာၿပီးေနာက္ က်န္းခ်န္ရန္က မင္းဆက္အသစ္တခုကို ထူေထာင္ႏိုင္တဲ့ အင္ပါယာအရွင္သစ္ျဖစ္လာခဲ့တယ္။

ေတာင္တန္း ျမစ္ေခ်ာင္း၊ အင္းအိုင္အကုန္ က်န္ခ်န္ရန္ရဲ႕ ဩဇာအာဏာစက္ေအာက္ကို ေရာက္ရွိလာေတာ့တယ္။

ဒီဇာတ္လမ္းက သူရဲေကာင္းနဲ႔ သူ႐ုန္းကန္တဲ့ ဘဝဇာတ္ေၾကာင္းကို အသားေပးေဖာ္ျပတဲ့ အမ်ိဳးစားျဖစ္ၿပီး က်ိ ုးယြင္ရွန႔္ ဝင္စားလာေတာ့ ဇာတ္လမ္းက အဆုံးသတ္နားေတာင္ ေရာက္ခါနီးၿပီျဖစ္တယ္။ သူဘာလုပ္လုပ္ ဒီဇာတ္လမ္းရဲ႕ ဇာတ္ေၾကာင္းကို မေျပာင္းလဲေစေတာ့ဘူး။

============================

FOD Extra 2 _ Chapter (1) - Yu Cang Hai

ကျောက်ရွှမ်ဟာ သူ့ရဲ့ကတိကို ဖြည့်ဆည်းပြီးတဲ့နောက် ကျိုးယွင်ရှန့်ကို မြို့တော်ကိုပြန်ပို့ပေးခဲ့တယ်။ အဲ့ဒီနောက် သူဟာ အနောက်မြောက်ဒေသကို တစ်ယောက်တည်း ထွက်ခွာလာခဲ့တယ်။ သူ့ရဲ့ညွှန်ကြားချက်ကြောင့် အနောက်မြောက်ဒေသမှာ ပဋိပက္ခတွေနဲ့ ပြဿနာပေါင်းစုံ တက်ခဲ့တယ်။ ဒီအရေးအခင်းကို သူဟာ လပေါင်းအနည်းငယ်ကြာအောင် နှိမ်နင်းပြီးတဲ့နောက် အရိုင်းအစိုင်းတွေကို အနောက်ဘက်ဒေသကို ပြန်လည်တွန်းလှန်နိုင်ခဲ့တယ်။ အဲ့ဒီနောက်မှာ သူဟာ မြို့တော်ကို အလျင်အမြန် ပြန်လာခဲ့ပြီးတဲ့နောက် ဘယ်တော့မှ နန်းမြို့တော်ကနေ ထပ်မံထွက်ခွာသွားတာမျိုး မလုပ်တော့ဘူး။

အင်ပါယာရှန့်က အသက် ၃၇နှစ်ကို ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ထီးနန်းကို အိမ်ရှေ့စံမင်းသားလေးဆီကို လွှဲပြောင်းပေးခဲ့တယ်။ အဲ့ဒီအချိန်မှာ ဧကရာဇ်ဖြစ်လာခဲ့တဲ့ မင်းသားလေးဟာ အသက် ၁၅နှစ် ရှိနေခဲ့ပြီး ရင့်ကျက်တည်ငြိမ်မှုတော့ မရှိသေးဘူး။ ဒါကြောင့် သူက ဝန်ကြီးချုပ်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိမှာကို စိုးရိမ်နေခဲ့တယ်။ အထူးသဖြင့်တော့ အနောက်မြောက်ဒေသရဲ့ အင်ပါယာကြီးကို ဩဇာအာဏာလွှမ်းမိုးထားခဲ့တဲ့ ကျောက်ရွှမ်ဆိုတဲ့လူအပေါ် မလွှမ်းမိုးမချုပ်ကိုင်နိုင်မှာကို ကြောက်ရွံ့နေခဲ့တယ်။ ဒါပေမယ့် ကျောက်ရွှမ်က သူ့ရဲ့အာဏာတွေကို အကုန်လွှဲပြောင်းပေးပြီးတဲ့နောက်မှာတော့ နန်းတက်ပွဲအခမ်းအနားပြီးတာနဲ့ သူ့ရဲ့ဇာတိမြို့ကို ပြန်သွားခဲ့တယ်။

ဒီလိုနဲ့ တစ်ပြိုင်တည်းနဲ့ အရမ်းကိုအရေးပါတဲ့ ဧကရာဇ်မင်းကြီးက ထီးနန်းကိုစွန့်ခွာသွားခြင်းနဲ့ အင်အားကြီးလှတဲ့ ဝန်ကြီးချုပ်နှုတ်ထွက်သွားခြင်းဆိုတဲ့ ဩဇာအာဏာကြီးသူနှစ်ယောက် နှုတ်ထွက်သွားခြင်းမှာ ချင်မင်းဆက်က အရမ်းကို တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ နောက်မှဆက်ခံတဲ့ ဧကရာဇ်မင်းလေးဟာ သူ့ဖခင်ဖြစ်တဲ့ အင်ပါယာရှန့်ဆီက အသိဉာဏ်ပညာနဲ့ လှုပ်ကိုင်နိုင်တဲ့စွမ်းရည်တွေကို အမွေရရှိထားခဲ့တယ်။ နှစ်အနည်းငယ် လေ့လာသင်ယူပြီးတဲ့နောက်ပိုင်းမှာတော့ သူဟာ ကောင်းကောင်းမွန်မွန်နဲ့ နိုင်ငံတော်ကို စီမံအုပ်ချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် တခါတရံမှာဆိုရင်တော့ မြို့စားယုနဲ့ တောတောင်အနှံ့ ခရီးသွားလာနေခဲ့တဲ့ သူ့အဖေကိုတော့ လွမ်းဆွတ်နေခဲ့ပါတယ်။

တကယ်လို့ ကျောက်ရွှမ်ကသာ သတိမပေးခဲ့ဘူးဆိုရင်တော့ ဒါတွေအားလုံးကို ဘာမှ ကြိုပြီးသိနိုင်မှာ မဟုတ်ပါဘူး။ သူ့ရဲ့ချစ်သူကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အလို့ငှာ သူ့ရဲ့ကုဒ်တွေကို တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လွှဲပြောင်းပေးလာခဲ့တယ်။

ကျိူးယွင်ရှန့်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး သူဘာမှမလုပ်ပေးနိုင်တဲ့အတွက်ကြောင့် စိတ်လှုပ်ရှားနေခဲ့တယ်။ ဒါပေမယ့် ဒီအပြုအမူဟာဆိုရင် သူ့ရဲ့မသိစိတ်မှာ စွဲထင်နေတဲ့ အလိုလျောက်ပြုမူနေခဲ့တဲ့အရာလို့ တွေးထင်နေခဲ့ပါတယ်။ တကယ်လို့ သူသာ ဒီလိုမျိုးကို သူ့ချစ်သူကို တိုက်ရိုက်သွားမေးခဲ့မယ်ဆိုရင် ဘာကုဒ်တွေလဲလို့ သူ့ကို ပြန်မေးလာမှာ သေချာပါတယ်။

ဥရောပနဲ့ အာရှတစ်ခွင်လုံးကို ခရီးသွားလာပြီးနောက်ပိုင်းမှာတော့ ဆက်လက်ခရီးသွားလာဖို့ အသက်အရွယ် အိုမင်းလာခဲ့ပြီဖြစ်တယ်။ ဒါကြောင့် ရှုမျှော်ခင်းလှပတဲ့ ပတ်ဝန်းကျင်ရှိတဲ့ ရွာလေးတစ်ရွာမှာ သူတို့နှစ်ယောက်သား အသက်တွေကြီးပြီး အိုမင်းသွားတဲ့အထိ ကျောက်ချနေထိုင်ခဲ့ကြပါတယ်။ ကျောက်ရွှမ်ဟာ သူ့ရဲ့မျက်လုံးကို ထာဝရအပြီးတိုင် ပိတ်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့လက်မောင်းကြားမှာ သူ့ချစ်သူကို တင်းကြပ်စွာပွေ့ဖက်ထားခဲ့ပြီး သူ့ချစ်သူရဲ့နဖူးပြင်ကို နမ်းရှိုက်ရင်း သူ့ရဲ့ကုဒ်တွေကို ဘဝတလျှောက်လုံးရဲ့ နောက်ဆုံးလက်ဆောင်အဖြစ် သူ့ချစ်သူဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။

နောက်တစ်ကြိမ် သူတို့တစ်တွေ ပြန်လည်ဆုံတွေ့ကြဦးမယ်ဆိုတာ သိပေမယ့် အခုလိုခွဲခွာခါနီးမှာတော့ အကြိမ်ပေါင်းများစွာ ခွဲခွာခဲ့ပြီးပြီဆိုပေမယ့်လည်း ကျိုးယွင်ရှန့်အနေနဲ့ သူ့ရဲ့အသည်းနှလုံးတွေ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့ပြီလို့ ခံစားနေရတယ်။ တဖြည်းဖြည်းအေးစက်လာတဲ့ သူ့ချစ်သူရဲ့လက်ကို ဆုပ်ကိုင်ပြီး သူ့ကို ခေါင်းတလားထဲမှာ အသာအယာချလိုက်တယ်။ စိတ်ထဲကနေလည်း "နောက်တစ်ကြိမ်ဆိုရင်တော့ ငါတို့ရဲ့မျက်လုံးတွေ အတူတကွမှိတ်ပြီး အတူတူပဲ နှုတ်ဆက်ထွက်ခွာသွားကြမယ်၊ ဒီလို တစ်ဦးတည်းတစ်ယောက်တည်းတော့ ဘယ်တော့မှ ထွက်သွားခွင့်မပြုတော့ဘူး" လို့ တိတ်တဆိတ် တွေးနေခဲ့ပါတယ်။
နောက်တခါဆို ငါတို့ အတူတူ အသက်ရှင်မယ်၊ အတူတူသေဆုံးကြမယ်၊ တစ်မိနစ် တစ်စက္ကန့်လေးမှ မခွဲဘူး။

------------------------

ကျိုးယွင်ရှန့်က သိုလှောင်ရေးပြွန်ထဲကနေ အဝတ်ဗလာနဲ့ လျှောက်လှမ်းလာတဲ့အချိန်မှာ သူ့ရဲ့မျက်နှာက မသာမယာဖြစ်နေခဲ့တယ်။ ဆရာဝန်နဲ့ သူနာပြုတွေက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးဖို့အတွက် စိုးရိမ်တကြီးနဲ့ အနားကိုကပ်လာခဲ့တယ်။

"ခင်ဗျား အစစအရာရာ အဆင်ပြေရဲ့လား မစ္စတာကျိုး.."

"ကျွန်တော် အဆင်ပြေပါတယ်.. ဂျန်နရယ်ဩရော ဘယ်လိုလဲ.."

ကျိုးယွင်ရှန့်က သူ့ရဲ့ခြေနဲ့လက်တွေမှာ ပတ်ထားတဲ့ ပြာဖျော့ဖျော့ အဆင်တန်ဆာတွေကို ဖြုတ်ပစ်လိုက်ပြီး ဆေးရုံရဲ့ တခြားကုတင်မှာ လဲလျောင်းနေသူဆီ လှမ်းလျှောက်လာရင်း မေးလိုက်တယ်။ သူက ဂျင်နရယ်ဩရဲ့ နဖူးပြင်ကို သူ့ရဲ့လက်ချောင်းထိပ်လေးတွေနဲ့ ညင်သာစွာထိတွေ့ပွတ်သပ်လိုက်တယ်။

"ဗိုလ်ချုပ်ကတော့ အရင်အတိုင်းပါပဲ.. ပြန်ပြီး နိုးထလာမယ့် လက္ခဏာမရှိသေးဘူး.. ဒါပေမယ့် သူ့ရဲ့ဦးနှောက်တွေကတော့ အရင်ကထက် ပိုပြီး ယိုယွင်းလာခဲ့ပြီ.. ခင်ဗျားသိတဲ့အတိုင်းပဲ.. ကျွန်တော်တို့ဆီမှာက ဆေးဝါးလိုအပ်ချက်တွေက များတယ်လေ.. လူတွေအများကြီးကို ကယ်တင်ဖို့ဆိုရင်တော့ ကျွန်တော်တို့က သူ့ရဲ့အသက်ကို အကြာကြီး ဆက်ပြီး ဆွဲဆန့်မထားနိုင်မှာပဲ စိုးရိမ်ရတယ်..

သူနာပြုချုပ်က ခေါင်းကိုယမ်းကာ သက်ပြင်းချရင်း ဒီအကြောင်းအရာတွေကို ပြောပြလိုက်သည်။ သူနာပြုချုပ်ပြောတာကိုကြားပြီး ကျိုးယွင်ရှန့်ရဲ့မျက်လုံးတွေက မှောင်မိုက်သွားခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ အခန်းထဲကို အရေးတကြီးနဲ့ဝင်လာတဲ့ ဥပဒေအရာရှိကို တွေ့တဲ့အခါမှာတော့ ကျိုးယွင်ရှန့်က ဩ ကို လက်ညှိုးထိုးပြီး ခိုင်မာစွာနဲ့ ပြောလိုက်တယ်။

"တကယ်လို့ ကျွန်တော် အသက်ရှင်မယ်ဆိုရင် ဩလည်း အသက်ရှင်ရမယ်.. တကယ်လို့ ကျွန်တော်သာ နောက်တစ်ကြိမ် နိုးထမလာခဲ့ဘူးဆိုရင်တော့ သူ့ရဲ့ကံကြမ္မာကို ခင်ဗျားတို့သဘောအတိုင်းပဲ ဆုံးဖြတ်လို့ရတယ်.. ခင်ဗျား ဒီလိုလုပ်ပေးနိုင်မလား.."

ဒီဆယ်ကျော်သက်ကောင်လေးဟာ သူတို့ဧကရာဇ် အင်ပါယာအရှင်ရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်တယ်။ သူက ဘယ်လိုအရာမျိုးကို တောင်းဆိုပါစေ၊ နောက်ဆုံး မဖြစ်နိုင်တဲ့အရာကို တောင်းဆိုရင်တောင်မှပဲ ဥပဒေအရာရှိက လက်ခံဖို့အဆင်သင့်ပဲ။ အခုလိုမျိုး သူတောင်းဆိုနေတဲ့ သာမာန်အသေးအဖွဲလို ကိစ္စလေးမျိုးဆိုရင်တော့ ဘာမှပြောနေစရာတောင် မလိုတော့ဘူး။ သူက ခေါင်းကိုညိတ်လိုက်ပြီး..

"သေချာတာပေါ့.. ကျွန်တော်တို့ဘက်က ဩအက်စ်ဆိုင်းကို လူသားမျိုးနွယ်စုအတွက် သူအသက်ရှင်သွားအောင် ထိန်းသိမ်းသွားမယ်လို့ ကတိပေးပါတယ်.."

ကျိုးယွင်ရှန့်က ကျေနပ်နှစ်သိမ့်သွားပြီး သူ့ရဲ့ Lab ခန်းထဲကိုဝင်သွားပြီး သူရရှိခဲ့တဲ့ code တွေကို စုစည်းလိုက်တယ်။ ပြီးတော့ သူ အရင်ကမ္ဘာက ရရှိခဲ့တဲ့ စွမ်းအင်တွေအားလုံးနီးပါးကို ဩရဲ့ဦးနှောက်ထဲကို ပမာဏနည်းနည်းနဲ့ ဖြည်းဖြည်းချင်း သူ့ရဲ့စွမ်းအင်တွေကိုသုံးပြီး ပေးပို့ခဲ့တယ်။ နှစ်နာရီလောက်ကြာပြီးတဲ့နောက်မှာတော့ သူက ပြန်လည်ထိန်းသိမ်းရေးပြွန်ထဲမှာ လှဲလျောင်းလိုက်ပြီး နောက်ထပ်တစ်နေရာကို ရွှေ့ပြောင်းခရီးဆက်ဖို့အတွက် စောင့်ဆိုင်းနေလိုက်တယ်။

ဥပဒေအရာရှိနဲ့ ဆေးဝန်ထမ်းတွေအားလုံးက ကျိုးယွင်ရှန့်ဟာ သူ့ရဲ့ဘဝနဲ့ အသက်ရှင်မှုတွေကိုစတေးပြီး သူ့ရဲ့ဝိညာဉ်ကိုလွှင့်ပြီး ခရီးသွားခဲ့တဲ့အတွက် စိတ်လှုပ်ရှားပြီး မျက်ရည်တွေတောင် ကျနေခဲ့ကြတယ်။ သူထွက်သွားပြီးတဲ့နောက်မှာတော့ သူတို့တွေဟာ ဩအက်စ်ဆိုင်းကို ကောင်းကောင်းမွန်မွန် ဂရုတစိုက်နဲ့ စောင့်ရှောက်ပေးကြတယ်။ နေ့ရော၊ ညရော ဆေးရုံထဲမှာ ဩအာဆိုင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို သေသေချာချာ စောင့်ကြည့်ပေးကြတယ်။

အခုချိန်မှာတော့ ကျိုးယွင်ရှန်ရဲ့နာမည်က ယွီချန်းဟိုင် ဖြစ်သွားခဲ့ပြီး ကျင့်ကြံခြင်းဂိုဏ်းရဲ့ လေးယောက်မြောက်ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ခဲ့တယ်။ သူ အသက် ၂၁နှစ် ရောက်တဲ့အချိန်မှာ သူက ကျင့်ကြံခြင်းအဆင့်ကို ဆဌမအဆင့်ထိရောက်အောင် လက်တွေ့ကျင့်ကြံနိုင်တဲ့ အင်အားအကြီးဆုံး၊ ကျင့်ကြံခြင်းဂိုဏ်းရဲ့ ပထမဦးဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့တယ်။
----------------------------

ချန်းလုတောင်တန်းမှာ ကျင့်ကြံခြင်းဂိုဏ်းက သူတော်စင်တွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လျှို့ဝှက်စွာနဲ့ တိတ်တဆိတ် ဇာတ်မြှုပ်နေထိုင်ခဲ့ကြတယ်။ သူတို့တွေဟာ သူတို့တိုင်းပြည်မှာရှိတဲ့ အရေးကြီးကိစ္စကြီး ပြီးသွားတဲ့နောက်ပိုင်းမှာတော့ ပြင်ပကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လျှို့ဝှက်စွာနဲ့ နေထိုင်သွားကြခြင်းဖြစ်တယ်။

ဒါကြောင့် သူတို့ကို ဆေးဝါးကုသတဲ့ သူတော်စင်ဂိုဏ်းအနေနဲ့ လူသိများကြတယ်။ တကယ့်တကယ်တော့ သူတို့ဂိုဏ်းဟာ အင်မတန်ကိုရှေးကျတဲ့ ဂိုဏ်းတစ်ခုဖြစ်တယ်။ သူတို့က စစ်ပွဲတွေကို ရှောင်ရှားချင်တာကြောင့် သူတို့ဂိုဏ်းရဲ့ မြင့်မြတ်ပြီး အစွမ်းထက်တဲ့သူတွေကို စုစည်းပြီး ဒီနေရာမှာ ဇာတ်မြှုပ်နေထိုင်ကြတယ်လို့ လူတိုင်းက ယုံကြည်ကြတယ်။ ဒီဂိုဏ်းရှိခြင်းအားဖြင့် သူတို့တိုင်းပြည်ကို ကျူးကျော်လာနိုင်တဲ့ အခြားသောစစ်မက်ဘေးတွေရဲ့ အန္တရာယ်ကနေ ကင်းရှင်းစေတယ်လို့ တိုင်းသူပြည်သားတွေက ယုံကြည်ကြတယ်။

သူတို့မျိုးနွယ်စုတွေဟာ နှစ်စဉ်နှစ်တိုင်းမှာ ကိုယ်ခံပညာအကျွမ်းကျင်ဆုံး လူတစ်ယောက်ကို ရွေးချယ်ပြီး သူတို့ဒေသကို ကာကွယ်နိုင်ဖို့ အမြင့်မြတ်ဆုံးသော ဂိုဏ်းချုပ်အဖြစ် ခန့်အပ်လေ့ရှိတယ်။ မျိုးဆက်တိုင်း မျိုးဆက်တိုင်းက သူတို့မျိုးနွယ်စုတွေရဲ့ လူငယ်တွေထဲက အရည်အချင်းအရှိဆုံး၊ အမြင့်မြတ်ဆုံး လူငယ်တွေကိုရွေးထုတ်ပြီး သင်ကြားပေးခဲ့တယ်။ ဒီလူငယ်တွေ အရွယ်ရောက်လာတဲ့အခါမှာတော့ သူတို့တွေဟာ ဂိုဏ်းချုပ်ရာထူး ဆက်ခံဖို့အတွက် စစ်ဆေးစမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ကျော်ဖြတ်ရမှာဖြစ်တယ်။

ကျင့်ကြံခြင်းစွမ်းအင်တွေက အရမ်းကို ပြည့်ဝတယ်ဆိုပေမယ့်လည်း ဒါနဲ့အညီ လိုက်လျောညီထွေစွာ ကျင့်ကြံနိုင်ဖို့ ခန္ဓာကိုယ်ကြံ့ခိုင်မှုဟာလည်း မရှိမဖြစ် လိုအပ်တယ်။ ကျိုးယွင်ရှန့်ရဲ့ခန္ဓာကိုယ်က ဒီလိုခန္ဓာကြံ့ခိုင်မှုတွေမှာ အားနည်းနေခဲ့တယ်။ ခန္ဓာကြံ့ခိုင်မှု အားနည်းတယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ပြင်းထန်ပြီး အင်အားကြီးလှတဲ့ ပင်လယ်လိုကျယ်ပြောတဲ့အားတွေကို ဘယ်လိုမှ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီစုစည်းထားတဲ့ လူငယ်မျိုးဆက် ဂိုဏ်းသားတွေဟာ ကျင့်စဉ်အဆင့်ငါးကို ကျော်လွန်ပြီးတဲ့အခါမှာတော့ သူတို့ရဲ့နှလုံးသားထဲမှာရှိတဲ့ မကောင်းတဲ့ စိတ်ဆိုးစိတ်ညစ်တွေရဲ့ ဖြားယောင်းသွေးဆောင်မှုကို မတွန်းလှန်နိုင်ဘဲ သေဆုံးသွားကြတာဖြစ်တယ်။

ဒါပေမယ့် ကျိုးယွင်ရှန့်ကတော့ ချွင်းချက်ပဲ။ သူက ဗီလိန်စစ်စတန်ရဲ့ ထောက်ပံ့မှုနဲ့အတူ သူ့ခန္ဓာကိုယ်ရဲ့ကြံ့ခိုင်မှုအဆင့်ကို မြှင့်တင်ထားနိုင်ခဲ့တယ်။ ဒါ့ကြောင့် သူဟာ ကျင့်ကြံခြင်းအဆင့်ခြောက်ထိရောက်အောင် ကျင့်စဉ်တွေကို ကျင့်ကြံနိုင်ခဲ့တယ်။ ဒီလိုကျင့်ကြံနိုင်တဲ့အတွက် သူဟာ ပန်းပွင့်ဖတ်တွေနဲ့ သစ်ရွက်လေးတွေကို စွမ်းအားပြည့်တဲ့လက်နက်အဖြစ် အသုံးပြုနိုင်ရုံတင်မကဘူး သူ့ရဲ့အင်္ကျီလက်ကို အသာယမ်းလိုက်ရုံနဲ့ လူတစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်တဲ့အထိကို လုပ်ဆောင်နိုင်တယ်။ ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းလောကမှာတော့ ကျိုးယွင်ရှန့်ကို စစ်မှန်တဲ့ဆရာသခင်တစ်ယောက်လို့ ခေါ်တွင်ခဲ့ကြတယ်။

ဒီလိုမျိုး မယုံကြည်နိုင်လောက်အောင် မြင့်မားပြင်းထန်တဲ့ စွမ်းအားတွေအကြောင်းသာ ပြင်ပလောကကို ပေါက်ကြားသွားခဲ့မယ်ဆိုရင် လောဘနဲ့ ယှဉ်ပြိုင်မှုတွေကြောင့် နေရာတိုင်းမှာ သွေးချောင်းစီးသတ်ဖြတ်မှုတွေ ဖြစ်သွားမှာ သေချာတယ်။ ဒီလိုကပ်ဆိုးကြီးတွေကို ရှောင်ရှားဖို့အတွက် သူတော်စင်ဂိုဏ်းက သူတို့ရဲ့ဂိုဏ်းသားတွေကို ဂိုဏ်းရဲ့ဧရိယာနယ်မြေထဲက ထွက်ခွာခြင်းကို တားမြစ်ထားပြီး ဂိုဏ်းပြင်ပကလူနဲ့ လက်ထပ်တာကိုလည်း တားမြစ်ထားတယ်။

ကျိုးယွင်ရှန့်က ချန်းလုတောင်မှာ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဇာတ်မြှပ်နေထိုင်ပြီး သူ့ဂိုဏ်းကိုသူ စောင့်ရှောက်ရတဲ့အလုပ်မှာပဲ ပျော်မွေ့နေခဲ့တယ်။ သို့ပေမယ့် သူက system ရဲ့ထိန်းချုပ်မှုကို ခံနေရပြီး Lord God က ချပေးထားတဲ့ အလုပ်ကို လက်ခံဆောင်ရွက်နေရတယ်။ ဒါကြောင့် သူက Hui တိုင်းပြည်ကိုခရီးသွားနေတဲ့ ဒုက္ခသည်အမျိုးသမီးလေး တစ်ယောက်ကို ကယ်တင်ခဲ့တယ်။ အဲ့ဒီအမျိုးသမီးနဲ့ အချိန်အကြာကြီး အတူနေထိုင်ခဲ့ပြီးနောက်မှာတော့ သူက အဲ့အမျိုးသမီးလေးကို အရမ်းကို စွဲလမ်းတွယ်တာသွားခဲ့တယ်။ နောက်ဆုံး အဲ့ဒီအမျိုးသမီးလေးက သူ့မြို့တော်ကို ပြန်သွားမှာကိုတောင် ပြန်မလွှတ်ချင်တော့ဘဲ သူမကို လက်ထပ်ချင်ခဲ့တယ်။

ဒါကြောင့် ဒီအမျိုးသမီးလေး သူ့ဂိုဏ်းကနေ ထွက်မသွားနိုင်အောင် ဆွဲဆောင်ဖို့အတွက် သူ့ဂိုဏ်းမှာလျှို့ဝှက်ထားတဲ့ ကျင့်ကြံခြင်းကျမ်းတွေကို စိတ်တိုင်းကျ ဖတ်ရှုခွင့်ပြုလိုက်တယ်။ ဒီလို ရှေးဟောင်းဘာသာစကားတွေက အလွယ်တကူ မှတ်သားဖို့ မလွယ်ပါဘူး။ ဒီစာလုံးတွေရဲ့ အသံထွက်ကို မထွက်တတ်ဘူး၊ ဒီစာလုံးတွေကို နားမလည်ဘူးဆိုရင် ဘယ်လိုနည်းနဲ့မှ မှတ်သားနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မုလွေ့လင်ကတော့ ဒီစာလုံးတွေကို အလွတ် မှတ်သားနိုင်ခဲ့တယ်။

မုလွေ့လင်က အသက် (၁၅)နှစ်သာရှိသေးပေမယ့် ထင်နေခဲ့သလို ဖြူစင်သန့်ရှင်းတဲ့ မိန်းမကောင်းလေးတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။ သူမက အဲ့တာနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ရည်မှန်းချက်အရမ်းကိုကြီးမားပြီး ဉာဏ်ရည်ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့တယ်။ သူမက ကျင့်ကြံခြင်းကျမ်းတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒါဘာတွေဆိုတာ သဘောပေါက်သွားပြီး သူမနဲ့ တစ်ပါတည်းယူဆောင်သွားဖို့ ရည်ရွယ်ခဲ့တယ်။ ဒါကြောင့် စာလုံးတွေ၊ စာသားအဓိပ္ပါယ်တွေကို သေချာမသိပေမယ့် အလွတ်ကျက်မှတ်နေခဲ့တယ်။ ဒီလိုအလွတ်ကျက်မှတ်နေတာကို ကျိုးယွင်ရှန့်ရဲ့ အစေခံတစ်ယောက်က သိရှိသွားပြီး ကျိုးယွင်ရှန့်ကို တိုင်ကြားလိုက်တဲ့အချိန်မှာတော့ ဂိုဏ်းရဲ့အကြီးအကဲတွေက မုလွေ့လင်ကို အရမ်းဒေါသထွက်ပြီး သတ်ဖြတ်ချင်နေခဲ့တယ်။ ဒါပေမယ့် မုလွေ့လင်က သူမကို ကျိုးယွင်ရှန့်က ချစ်ခင်နှစ်သက်ပြီး ကာကွယ်ပေးတာကို အသုံးချပြီး ထိုဂိုဏ်းကနေ အန္တရာယ်ကင်းစွာနဲ့ ထွက်ခွာသွားနိုင်ခဲ့တယ်။

မုလွေ့လင် သူမအိမ်တော်ကို ပြန်ရောက်သွားတဲ့အချိန်မှာတော့ သူမဖခင် မုကျင့်ကောနဲ့ သူမနဲ့စေ့စပ်ထားတဲ့ ကျန်းချန်ရန်ဆိုတဲ့လူကို ဒီလျှို့ဝှက်စာသားတွေကို ပြောပြခဲ့တယ်။

မုလွေ့လင်နဲ့ စေ့စပ်ထားတဲ့ ကျန်းချန်ရန်က ပိယွင်ရွာရဲ့ သခင်တစ်ယောက်လည်းဖြစ်တယ်။ သူက တရုတ်ပြည်မကြီးမှာရှိတဲ့ သူရဲကောင်းအသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင် သူက တင်းကော်စစ်တပ်မှာရှိတဲ့ ဗိုလ်ချုပ်ကြီး ယွမ်ခွန်းဖုန်ရဲ့ အယုံကြည်ရဆုံး အနီးကပ်သူငယ်ချင်း တစ်ယောက်လည်းဖြစ်တယ်။ ဒါပေမယ့် တရှာတိုင်းပြည်ကြီးကတော့ အရင်ခေတ်တုန်းကလိုမျိုး တောင့်တင်းခိုင်မာမှု မရှိတော့ဘူး။ အင်ပါယာဧကရာဇ်ယွမ်ရဲ့ သြဇာအာဏာအောက်မှာတော့ သူ့ရဲ့ဒေသထဲမှာ ပုန်ကန်ထကြွမှုတွေနဲ့ ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တယ်။

ယွမ်ခွန်းဖုန်က စစ်ပွဲတွေနဲ့ နာမည်ကျော်ပြီး လူသိများတဲ့သူဖြစ်တာကြောင့် အင်ပါယာယွမ်က သံသယဝင်လာခဲ့တယ်။ ဒါကြောင့် အင်ပါယာယွမ်က သူ့ရဲ့စစ်တပ်လစာကို မပေးဘဲ ဆိုင်းငံ့ထားခဲ့ပြီး ရန်သူတိုင်းပြည်တွေနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ သက်သေခံ စာရွက်စာတမ်းအတုတွေကို ဖန်တီးပြီး သူ့ကို ရုံးတင်စစ်ဆေးဖို့ နေပြည်တော်ကို ဆင့်ခေါ်ဖို့ကြိုးစားခဲ့တယ်။ ဒါပေမယ့် ယွမ်ခွန်းဖုန်က ရူးရူးမိုက်မိုက်နဲ့ ဘုရင်အပေါ်ကို သစ္စာခံတဲ့လူတစ်ယောက်တော့ မဟုတ်ဘူး။ ဒါကြောင့် သူ့ကိုချောက်ချတဲ့ဘုရင်ကို တရားဝင်အတိအလင်း ဆန့်ကျင်ပုန်ကန်တဲ့ သစ္စာဖောက်အဖြစ်ကို ခံယူလိုက်တယ်။ သူ့ရဲ့သြဇာအာဏာအောက်မှာတော့ ပြည်နယ်အသီးသီးမှာရှိနေတဲ့ နယ်စားတွေက သူ့ရဲ့တိုက်ခိုက်လွှမ်းမိုးမှုကြောင့် အင်ပါယာဘုရင်ရဲ့ခံစစ်တွေဟာ တစ်ခုပြီးတစ်ခု ကျိုးပေါက်လာပြီး နောက်ဆုံး မြစ်တွေနဲ့ တောင်တန်းတွေထိကို ရောက်ရှိလာခဲ့တယ်။ အခုချိန်မှာတော့ တရှာပြည်ကြီးဟာ တစ်ကွဲတစ်ပြားဖြစ်ဖို့ အလားအလာတွေ ကြုံတွေ့နေရပြီး ယွမ်ခွန်းဖုန်က အင်အားအကြီးဆုံး လူတစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် ရာဇပလ္လင်ကို ထိုင်ရလုနီးပါးတောင် ဖြစ်လာခဲ့တယ်။

ကျန်းချန်ရန်ကလည်း ရည်မှန်းချက်ကြီးတဲ့သူ ဖြစ်တာကြောင့် သူ့နေရာကို ဘယ်သူနဲ့မှ အစားထိုးပြီး လွှဲပေးမှာမဟုတ်ဘူး။ ဒါကြောင့် ယွမ်ခွန်းဖုန်ရဲ့ သြဇာအာဏာကို အသုံးပြုပြီး မြစ်ချောင်းအင်းအိုင်ဒေသနဲ့ တောင်တန်းဒေသတွေကို တစ်စုတစ်စည်းတည်း စုစည်းပြီး ကျင့်ကြံခြင်းစွမ်းအားတွေကို လေ့လာသင်ကြားဖို့ ရည်ရွယ်ထားတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီလိုစုစည်းပြီး စွမ်းအားတွေရှိထားပြီးမှ ဒီသရဖူကို သိမ်းပိုက်ချင်တယ်။ တကယ်လို့ ဒါသာ လက်တွေ့ဖြစ်လာခဲ့မယ်ဆိုရင် သူက နယ်မြေအများကြီးကို ပိုင်ဆိုင်နိုင်ပြီး သမိုင်းကြောင်းတလျှောက်လုံးမှာလည်း နာမည်ကျန်ရစ်ခဲ့မှာဖြစ်တယ်။

အဲ့နောက်ပိုင်းမှာတော့ သူက ဒီကမ္ဘာလောကကြီးထဲကို စိတ်တိုင်းကျ ဝင်နိုင်ထွက်နိုင်မှာဖြစ်တယ်။ ဒါ့အပြင် သူ့ရဲ့လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရုံနဲ့ အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်။  ဒီလိုအတွေးတွေ တစ်ရက်ပြီးတစ်ရက် ဖိစီးလာပြီးတဲ့နောက်မှာတော့ သူက ဒီဟာတွေကို ခေါင်းထဲကနေ ဖယ်ရှားပစ်ဖို့ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူး။ဒါကြောင့် ကျန်းချန်ရန်က လောဘကြီးပြီး အောင်မြင်မှုကိုလိုလားတဲ့ သူနဲ့အကျင့်တူတဲ့ မုကျင့်ကောနဲ့တိုင်ပင်ပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။

-----------------------

မုကျင့်ကောနှင့် ကျန်းချန်ရန်တို့နှစ်ယောက်က မုလွေ့လင်ကို ဘေးဒုက္ခရောက်ချင်ယောင် ဆောင်ပြီး သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့ ကျိုးယွင်ရှန့်ဆီကို သူမကိုလာကယ်ဖို့ စာတစ်စောင်ရေးသားစေခဲ့တယ်။ မုလွေ့လင်ဟာ သူမဖခင်ဆီက ကောက်ကျစ်ယုတ်မာခြင်းနဲ့ ကိုယ်ကျင့်တရားပျက်ပြားခြင်းဆိုတဲ့ အရည်အချင်းကို ဆက်ခံရရှိခဲ့ပြီး ဒီကမ္ဘာပေါ်မှာ ဘေးဒုက္ခများစွာကို ဖန်တီးနိုင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ သူမဖန်တီးခဲ့တဲ့ ပြဿနာတွေကို မူလခန္ဓာကိုယ်ဖြစ်တဲ့ အရင်လူကတော့ ဒါတွေကို သိမြင်နိုင်ခြင်းမရှိသလို ရှောင်တိမ်းနိုင်ခြင်းလည်း မရှိခဲ့ဘူး။ ကျိုးယွင်ရှန့်က system က ပေးတဲ့အလုပ်တာဝန်တွေကို လက်ခံရရှိခဲ့ပြီး သူမဖန်တီးတဲ့ ပြဿနာတွေကြားကနေ ထပ်ခါထပ်ခါ သူမကို ကယ်တင်ပေးခဲ့တယ်။ သူမက မကောင်းတဲ့စိတ်နှလုံးရှိတဲ့ မိန်းကလေးဆိုတာ သိခဲ့တာတောင်မှ သူမကို သူက အရူးအမူး စွဲလမ်းနေခဲ့တုန်းပဲ။ ကျိုးယွင်ရှန့်က သူရဲ့ပါဝါတွေကိုသုံးပြီး မုလွေ့လင်ပေးခဲ့တဲ့၊ သူ့စိတ်ထဲမှာထင်ကျန်နေတဲ့ အမျိုးမျိုးသော စိတ်ညစ်စိတ်ဆိုးတွေကို ဖယ်ရှားသန့်စင်ပစ်လိုက်တယ်။ ပြီးတော့ သူက သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာမှာ ဆက်လက်လုပ်ဆောင်နေပြီး ဒီအကြောင်းတွေကိုပိုသိအောင် စောင့်ကြည့်နေခဲ့တယ်။

ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့က မုလင်းရွာမှာရှိတဲ့ မိသားစုဝင် တော်တော်များများကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ ဓနဥစ္စာတွေကို ခိုးယူခဲ့တယ်။ ပြီးတော့ သူတို့လုပ်သမျှ အပြစ်အားလုံးကို သူတော်စင်ဂိုဏ်းဆီကို ပုံချခဲ့တယ်။ ဒါကြောင့် လူတော်တော်များများက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရာဇဝတ်ဘေးတွေဟာ သူတော်စင်ဂိုဏ်းကလုပ်တယ်လို့ ထင်မြင်ယူဆခဲ့ကြတယ်။ ဒါကြောင့် သူတို့ ယုံကြည်လေးစားခဲ့တဲ့ သူတော်စင်ဂိုဏ်းဟာ မကောင်းဆိုးဝါးဂိုဏ်းတစ်ခု ဖြစ်သွားခဲ့ပြီလားလို့ အံ့အားသင့်နေခဲ့ကြတယ်။

မိသားစုကြီးခုနစ်စု တိုက်ခိုက်ခံရတဲ့ပြဿနာ ဖြစ်ပြီးသွားတဲ့အခါမှာတော့ သူတော်စင်ဂိုဏ်းကို လူတော်တော်များများက မကောင်းဆိုးဝါးတွေနဲ့ ဖွဲ့စည်းထားတဲ့ဂိုဏ်းအဖြစ် လူသိများလာပြီး အများစုက မုန်းတီးရွံရှာလာကြတယ်။

ကျိုးယွင်ရှန့်က အခုချိန်မှာ သူတော်စင်ဂိုဏ်းရဲ့ အခြေအနေက သိပ်မကောင်းဘူးဆိုတာကို သိရှိခဲ့ပေမယ့် ဒီဂိုဏ်းကိုကယ်တင်ဖို့တော့ သူဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ System ရဲ့ ထိန်းချုပ်မှုအောက်မှာ သူက မုလွေ့လင်ကို ဒီအကျပ်အတည်းနဲ့ ဝေးရာကိုပဲ ခေါ်ဆောင်သွားခဲ့တယ်။ မုလွေ့လင် ဒီနေရာကနေ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ မုကျင့်ကောနဲ့ ကျန်းချန်ရန်တို့က သူတို့သမီးကို မကောင်းဆိုးဝါးဂိုဏ်းချုပ်ကြီးက ပြန်ပေးဆွဲပါတယ်ဆိုပြီး သတင်းတွေထုတ်လွှင့်ခဲ့တယ်။ ပြီးတော့ သူ့သမီးကို ကယ်တင်ဖို့အတွက် အခြားမိတ်ဆွေတွေကို ဝိုင်းဝန်းကူညီပေးဖို့ ထုတ်ပြန်ကြေငြာခဲ့တယ်။

မိသားစုကြီးခုနစ်စုရဲ့ ဥစ္စာရတနာတွေနဲ့ လျှို့ဝှက်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့အရာများစွာ ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာတော့ အဲ့ပစ္စည်းတွေက မကောင်းဆိုးဝါးဂိုဏ်းရဲ့ လက်ထဲမှာရှိတယ်လို့ လူတွေက ယုံကြည်ခဲ့ကြတယ်။ ရိုးသားတဲ့လူတွေကတော့ ဂိုဏ်းသားတွေကို အချင်းချင်း ဖေးမကူညီချင်ကြပေမယ့် တချို့တွေကတော့ တိုက်ခိုက်လုယက်ခြင်းခံရတဲ့ ဒီဒဏ်ကို ကလဲ့စားချေချင်ကြတယ်။ လောဘကြီးတဲ့ လူတွေကတော့ ဒီအခကြေးငွေတွေကို ရရှိချင်တဲ့ရည်ရွယ်ချက်နဲ့ ပိယွင်ရွာကို တဖွဲဖွဲနဲ့ ဝင်ရောက်လာခဲ့တယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ကျန်းချန်ရန်ဆီမှာ သိုင်းပညာရှင် ထောင်ပေါင်းများစွာ စုစည်းရောက်ရှိလာခဲ့ကြတယ်။

သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို သိုင်းသမားပေါင်းများစွာက လာရောက်ဝန်းရံကြတဲ့အခါမှာတော့ ကျိုးယွင်ရှန့်က ဒါဟာ သူ့ရဲ့ဗီလိန် system က လုပ်ဆောင်ခိုင်းတဲ့ ဂိုဏ်းချုပ်နေရာကနေ လုပ်ဆောင်ရမယ့် တာဝန်တွေကနေ မကြာခင် ပြီးဆုံးတော့မယ်ဆိုတာကို သိနေခဲ့တယ်။ မုလွေ့လင်ယူဆောင်လာပေးတဲ့ အဆိပ်ခတ်ထားတဲ့ဝိုင်ကို သောက်ပြီးတဲ့နောက်ပိုင်းမှာတော့ သူဟာ လက်ရှိ(...........)မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို သေချာမသိရခင်မှာပဲ သူ့ရဲ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ တဖြည်းဖြည်းနဲ့ ထွက်ခွာသွားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့်လည်း သူက ဗီလိန် system က သူ့ကိုပေးတဲ့ အလုပ်တွေကို ဆက်ပြီးလုပ်ဆောင်နေရတုန်းဖြစ်တယ်။ သူက မုလွေ့လင်ကို ဒီဂိုဏ်းကနေ လုံခြုံစွာနဲ့ ကယ်ထုတ်သွားနိုင်ဖို့အတွက်ပဲ လုပ်ဆောင်နေခဲ့တယ်။ မုလွေ့လင်က သူ့ကို သစ္စာဖောက်နေတာ၊ လှည့်စားနေတာကို မသိဘဲနဲ့ မုလွေ့လင်လွတ်မြောက်ဖို့ကိုပဲ သူသေအံမူးမူးအချိန်အထိ မုလွေ့လင်ရဲ့အကျိုးကို ဆောင်ရွက်ပေးခဲ့တယ်။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းသား ၁၂ ယောက်ကျော်တို့က သေအံဆဲဆဲဖြစ်နေတဲ့ သူတို့ရဲ့ဂိုဏ်းချုပ်ကို လျှို့ဝှက်ခေါ်ဆောင်ပြီး ချန်လုတောင်တန်းကြီးထဲမှာ လျှို့ဝှက်စွာနဲ့ သူ့ကို တိတ်တဆိတ်နဲ့ ဝှက်ထားခဲ့ကြတယ်။ ကျန်းချန်ရန်နဲ့ မုကျင့်ကောတို့က လျှို့ဝှက်ကျင့်ကြံတဲ့သိုင်းကျမ်းကို တခြားသူတွေက သူတို့ထက်အရင် ရှာတွေ့သွားမှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် သူတို့က ဂိုဏ်းချုပ်လွတ်မြောက်သွားတဲ့နောက်ကို မလိုက်ဘဲ မုလွေ့လင်ရဲ့ လမ်းညွှန်မှုအောက်မှာပဲ အနက်ရောင်အခန်းကြီးကိုဖွင့်လိုက်ပြီး အသည်းအသန် အရူးအမူး ရှာဖွေခဲ့ကြတယ်။ သူတို့ဟာ အဲ့ဒီအခန်းကြီးကို ထပ်တလဲလဲရှာပြီး နောက်ဆုံး အဲ့ဒီတောင်ပေါ်ကို အခြားသူတွေ ရောက်လာတဲ့အချိန်ထိကို ဒီအခန်းထဲမှာပဲ လျှို့ဝှက်သိုင်းကျမ်းကို ရှာဖွေခဲ့ကြတယ်။

ကျန်တဲ့သူတွေကတော့ ဒီလျှို့ဝှက်သိုင်းကျမ်းထက် သူတော်စင်ဂိုဏ်းက နှစ်ပေါင်းများစွာ လျှို့ဝှက်စုဆောင်းထားခဲ့တဲ့ နန်းစဉ်ရတနာတွေကို ခွဲဝေယူဆောင်ခဲ့ကြတယ်။ ဒီရတနာတွေကြောင့် သိုင်းသမားတွေက ဆုလာဘ်များစွာရသွားတဲ့အလား ကျေနပ်သွားကြတယ်။ အဲ့ဒီနောက်မှာတော့ သိုင်းသမားတွေက တစ်ယောက်ပြီးတစ်ယောက် ဒီဂိုဏ်းကနေ ထွက်ခွာသွားကြတယ်။ ဒါပေမယ့် ကလဲ့စားချေချင်တဲ့၊ ဒေါသကြီးနေတဲ့ မိသားစုဝင်တချို့ကတော့ ကျိုးယွင်ရှန့်ရဲ့အသက်ကို ရယူချင်တဲ့အတွက် ဒီတောင်တန်းပေါ်မှာ ဆက်ပြီး ရှာဖွေနေကြတုန်းဖြစ်တယ်။

ကျိုးယွင်ရှန့်က တဖြည်းဖြည်းနဲ့ သူသေဆုံးသွားမယ့်အချိန်ကို စောင့်ဆိုင်းနေတဲ့အချိန်မှာ system ကပေးတဲ့ နောက်ဆုံးတာဝန်က ရောက်ရှိလာခဲ့တယ်။ အဲ့ဒါကတော့ ကျင့်ကြံရေးလျှို့ဝှက်သိုင်းကျမ်းကို မုလွေ့လင်လက်ထဲကို ရောက်အောင်ပေးရမှာဖြစ်တယ်။

အခုချိန်မှာတော့ သူတို့ဂိုဏ်းမှာဖြစ်နေတဲ့ ဒီကပ်ဆိုးကြီးက မုမိသားစုနဲ့ ပိယွင်ရွာပေါင်းပြီး လုပ်ကြံဖန်တီးခဲ့တယ်ဆိုတာကို သိရှိသွားခဲ့ပြီ။ သူတို့လိုချင်တဲ့အရာကို သူတို့ဟာ ရှာမတွေ့ကြဘူး။ ဒါကြောင့် သူတို့က မုလွေ့လင်ကို ကျိုးယွင်ရှန့်ဆီကို စကားပြောဖို့ သွားစေခဲ့တယ်။ မုလွေ့လင်က ကျိုးယွင်ရှန့်နားကနေ မခွာနိုင်ဖြစ်နေတယ်။ ဒါကြောင့် သူမက ကျိုးယွင်ရှန့်နားကို အဆောတလျင် ကပ်လာခဲ့တယ်။

မုလွေ့လင်ရဲ့ဆံပင်တွေဟာ ရှုပ်ပွနေပြီး သူမရဲ့အဝတ်အစားတွေဟာလည်း ဟောင်းနွမ်းစုတ်ပြတ်နေတယ်။ သူမရဲ့ခန္ဓာကိုယ်မှာလဲ ဒဏ်ရာဒဏ်ချက်တွေအများကြီး ရရှိနေခဲ့တယ်။ သူမရဲ့ပုံစံကိုကြည့်ရတာ သနားစရာကောင်းနေခဲ့ပြီး သူမက ကျိုးယွင်ရှန့်ကို ပြောခဲ့တယ်။ သူမဆီမှာ ကိုယ်ဝန်ရှိနေပြီ။ ဒါကြောင့် လျှို့ဝှက်ဂိုဏ်းရဲ့ အသက်ရှင်ကျန်နေတဲ့သူတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်က သူမရဲ့ မမွေးဖွားရသေးတဲ့ ကလေးပဲဖြစ်တယ်။ ဒါကြောင့် ဒီဂိုဏ်းထဲကလူတွေက သူမကို မသတ်ဘဲနဲ့ သတ်မယ့်အစား သူမကို လွှတ်ပေးခဲ့တာဖြစ်တယ်။ သူတို့တွေက သူတော်စင်ဂိုဏ်းချုပ်ရဲ့ လက်ထဲကနေ လျှို့ဝှက်ကျင့်ကြံခြင်းကျမ်း မုလွေ့လင်လက်ထဲ ရောက်ရှိသွားတာကို တွေ့တဲ့အခါမှာလဲ ဘာမှ ဝင်နှောင့်ယှက်ဖို့ မလုပ်ကြဘူး။ သူတို့တွေဟာ သူတို့ဆရာသခင်ရဲ့ ရင်သွေးဖြစ်တဲ့ မမွေးဖွားရသေးတဲ့ ကလေးလေး ကြီးပြင်းလာတာကိုပဲ စောင့်ဆိုင်းကြမှာဖြစ်တယ်။ ဒီကလေးလေး ကြီးပြင်းလာတဲ့အချိန်မှာတော့ ဒီကလေးက သူတို့ဂိုဏ်းအတွက် ကလဲ့စားချေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြတာဖြစ်တယ်။

ဒါပေမယ့် မုလွေ့လင်ရဲ့လက်ထဲ ကျင့်ကြံမှုကျမ်းရောက်သွားတာနဲ့ မုလွေ့လင်က ခေါင်းကို ငဲ့စောင်းပြီး အချက်ပြလိုက်တယ်၊ မုအိမ်တော်နဲ့ ပိယွင်ရွာက လူသတ်သမားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် သူတော်စင်ဂိုဏ်းတခုလုံး သုတ်သင် ရှင်းလင်းခိုင်းလိုက်တယ်။

မုလွေ့လင်က ကျင့်ကြံမှုကျမ်းကို သူမရဲ့ သူတို့သားလောင်း ကျန်းချန်ရန် လက်ထဲကို ပေးလိုက်ပြီး မြန်နိုင်သမျှ မြန်မြန်ကျင့်ကြံခိုင်းလိုက်တယ်။

ဒီကမ္ဘာရဲ့ သားတော်ပီပီ ကျန်းချန်ရန်က မယုံနိုင်လောက်စရာ အမြန်နှုန်းနဲ့ အဆင့်လေးအထိ ကျင့်ကြံနိုင်ပြီး ထိပ်တန်း ဆရာသခင်ဖြစ်လာခဲ့တယ်။

ဒါ့အပြင် သူက ကျမ်းရဲ့အဖုံးနောက်က လျိ ု့ဝှက်ရတနာမြေပုံကို ရလိုက်ပြီး သူ့စစ်တပ်အတွက်လိုအပ်တဲ့ ရိက္ခာတွေ စစ်လက်နက် စစ်မြင်းနဲ့ ကရိယာအားလုံး ရှေးဟောင်းရတနာသိုက်ထဲက ရတနာတွေသုံးပြီး ဝယ်နိုင်ခဲ့တယ်။

သုံးနှစ်ကြာပြီးနောက် ကျန်းချန်ရန်က မင်းဆက်အသစ်တခုကို ထူထောင်နိုင်တဲ့ အင်ပါယာအရှင်သစ်ဖြစ်လာခဲ့တယ်။

တောင်တန်း မြစ်ချောင်း၊ အင်းအိုင်အကုန် ကျန်ချန်ရန်ရဲ့ ဩဇာအာဏာစက်အောက်ကို ရောက်ရှိလာတော့တယ်။

ဒီဇာတ်လမ်းက သူရဲကောင်းနဲ့ သူရုန်းကန်တဲ့ ဘဝဇာတ်ကြောင်းကို အသားပေးဖော်ပြတဲ့ အမျိုးစားဖြစ်ပြီး ကျိ ုးယွင်ရှန့် ဝင်စားလာတော့ ဇာတ်လမ်းက အဆုံးသတ်နားတောင် ရောက်ခါနီးပြီဖြစ်တယ်။ သူဘာလုပ်လုပ် ဒီဇာတ်လမ်းရဲ့ ဇာတ်ကြောင်းကို မပြောင်းလဲစေတော့ဘူး။

============================

Continue Reading

You'll Also Like

942K 49.8K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.9M 298K 184
အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြးဖြားၿပီးေနာက္သူသည္မိမိကိုယ္ကိုသန႔္ရွင္းေ...
1.1M 186K 81
Original Name - 媳妇总以为我不爱他 (My Wife Always Thought I Did Not Love Him) Original Author - 江心小舟(Jiāng Xīn Xiǎozhōu) Status - 70 Chapters (Completed) En...
677K 7.2K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...