လက်ထပ်လက်စွပ်ကလေး

By Natpankalay

188K 26.7K 1.3K

#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part

Part-10

5K 892 77
By Natpankalay

Episode-10

“မေမေက အွန်းလေးကိုစိတ်ချမယ်နော်. ချန်းယောလ်လီ.. ဝန်ကြီးကတော်နဲ့ကငြင်းလို့မကောင်းတာမို့သာလိုက်သွားရမှာ.။မေမေ့အွန်းလေးနဲ့ခွဲချင်တာမဟုတ်ဘူး။ ရောက်ကတည်းက ခုချိန်ထိ ကောင်းကောင်းကို မနေရသေးဘူး။ အွန်လေးလည်းလိမ်လိမ်မာမာနေရမယ်နော်.”

“ဟုတ်ကဲ့.”

သူဌေးကတော်ပတ်က အိမ်အကူမလေး အဝတ်ထည့်ပေးနေသည်ကို လိုတာလေးတွေထပ်ထည့်ရင်းပြောတော့ ကုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်နေသည့် ဘတ်ဟျွန်းက ခေါင်းညိတ်ပြသည်။ကလေးတစ်ယောက်လိုမှာနေတာကို ဒင်းက ပြုံးရွှင်လျက် ခေါင်း တညိတ်ညိတ်အဖြစ်ကို ဆိုဖာပေါ်က ချန်းယောလ် က နှာခေါင်းရှုံ့သည်။ဒယ်ဂုံနန်းတော်က လာတာဟုတ်သည်ဖြစ်စေ မဟုတ် သည်ဖြစ်စေ. ဒီကောင်လေးက ဖူးဖူးမှုတ်အချစ်ခံအလိုလိုက်ထားခံရမှန်းတော့ သိသာလေ၏။ဒါကို ဘယ်လိုလုပ် သူတို့အိမ်ကိုများ ရောက်လာသလဲမသိ.။ဖေဖေ့ အသိစခန်းမှူးကြီးထံတွင် လူပျောက်အကူအညီတောင်းထားသော်လည်း ခုချိန်ထိတော့ ဘယ်သူမှ ဆက်သွယ်မလာ.။ကြာလျှင် Capital P အသိုင်းအဝိုင်းတွင် ချန်းယောလ် ၌ ခုမှလူလုံးထုတ်ပြလာ သည့် ညီလေးရှိသည်ဟု ထင်မှတ်မှားကြတော့မည်။

“ချန်းယောလ်လီ..မေမေ ပြောတာကြားတယ်နော်.။မင်း ဖေဖေ ကလည်း ရုံးကနေ လေဆိပ်တန်းလာမှာ.အားလုံးစိတ်ချမယ်နော်.”

“ဟုတ်ကဲ့ပါ မေမေရာ.။ခါတိုင်း ဒီလိုပဲ သွားလာနေကျကို ခုမှ ဘာလို့ အတည်ကြီးမှာနေမှန်းမသိဘူး။အေးအေးချမ်းချမ်းသာ သွားပါခင်ဗျာ..အမကြီးဂျောင်ရယ်”

သူဌေးကတော်ပတ်က မျက်စောင်းနုနုလေးထိုးလျက် လက်ပွေ့အိတ်ကိုကိုင်သည်။ကုတင်ပေါ်က ဘတ်ဟျွန်းပါးကလေးပေါ် နစ်ဝင်သွားအောင် မွှေးမွှေးပေးလိုက်ပြီးမှ အခန်းထဲက ထွက်သွားသည်။ချန်းယောလ် အံ့လည်းအံ့သြမိပါသည်။ သားအရင်း ဖြစ်သူက ဒီမှာလို့ သူဌေးကတော်ပတ်အား လက်ဆွဲလျက်ပြလိုက်ချင်သည်။ ဟိုကောင်လေးက ပြုံးရယ်နေတာ ခုထိ မရပ် သေး.။စိတ်ပေါက်ပေါက်ဖြင့် မေမေတို့အခန်းထဲကအရင်ဆင်းထွက်လာတော့ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါ လာသည်။

“ကိုကို.. ဟိုမဲမဲအပြားကြီးက လှုပ်ရှားနေတာတွေကြည့်ရအောင်လေ..”

သူပြောချင်တာမှန်း ရုပ်ရှင်ကြည့်ရအောင်လို့ပြောမှန်း ချန်းယောလ်တောင်သိနေပြီ.။ဘာမှပြန်မပြောဘဲ ထမင်းစားခန်းထဲ ထိဝင်လာကာ ရေခဲသေတ္တာထဲက တစ်ယောက်ထဲသုံးသည့်ရေဘူးကိုထုတ်ကာကောက်မော့လိုက်သည်။ အဖုံးတောင် ပြန်မပိတ်ရသေး ချန်းယောလ် လက်ထဲကေ၇ဘူးက ဘတ်ဟျွန်းလက်ထဲရောက်သွားရ၏။

“Yah ဘာလုပ်တာလဲ.။ငါ့ရေဘူး သူများသောက်တာ မကြိုက်ဘူး Aish..”

ဘတ်ဟျွန်းက ပြန်မဖြေအား။ပါးစပ်ထဲရှိ ရေကုန်အောင်သောက်ပြီးမှ ချန်းယောလ်ကို ရေဘူးပြန်ကမ်းပေးလာသည်။

“သူများမှ မဟုတ်တာ.။ကျွန်တော်က ကိုကို့ညီလေးပဲကို.။ပြီးတော့ ကျွန်တော်..သွားသန့်ရှင်းရေးအမြဲလုပ်ပါတယ်နော်.။ကိုကို ပြထားတဲ့ သွားပွတ်တံဆိုတဲ့ဟာနဲ့ မနက်ရော--နေ့လည်ရော--ညရော အမြဲတမ်းတိုက်တယ်။ကျွန်တော်က သန့်ပါတယ်နော်.”

“ဟား…ဘယ်လိုလုပ်လိုက်ရပါ့.. ရူးနေပြီကိုး.။ဧည့်ခန်းမှာ ရုပ်ရှင်ကြည့်ချင်ရင် အဒေါ်ကြီးကိုဖွင့်ခိုင်းလိုက်..ငါ နေ့လည်ပိုင်းအလုပ်သွားရမှာမို့.မအားဘူး။”

“ဟင်..အပြင်သွားမှာလား.။ဒါဆို ကျွန်တော့်ကိုခေါ်သွားပါ.”

အိမ်ပေါ်တက်ဖို့လှေကားနားက ချန်းယောလ်ဆီ ဘတ်ဟျွန်းက လှစ်ခနဲရောက်လာသည်။ မျက်လုံးလေးတွေ တလက်လက်ဖြင့် တောင်းဆိုနေသည်မှာ အသည်းယားစရာလေးဖြစ်ပေမယ့် ချန်းယောလ် နှာခေါင်းရှုံ့ရှုင်း ဘတ်ဟျွန်း နဖူးလေးကို လက်ညှိုးဖြင့် ဖိကပ်တွန်းထုတ်လိုက်သည်။

“ငါ ရုံးတက်မှာ.အားမနေဘူး။အိမ်မှာသာနေ. ပြီးတော့ မင်းဒီပုံစံကြီးနဲ့ ငါက ဘယ်လိုလုပ်နေရာတကာ ခေါ်သွားရမလဲ။အဝတ်အစားပြောင်းဝတ်ဆိုလည်းမဝတ်ဘူး။ဆံပင်ညှပ်ဆိုလည်းမညှပ်ဘူး..။ မလိုက်နဲ့.”

ခပ်မာမာပြောခဲ့ပြီးနောက် ချန်းယောလ် အပေါ်ထပ်အခန်းထဲတက်လာခဲ့လိုက်သည်။ခပ်မြန်မြန်ပင် ရေမိုးချိူး အဝတ်လဲလျက် အောက်ဆင်းလာခဲ့သည်။ညနေပိုင်းပေမို့ အဖြူရောင်ရှပ်ပွပွရယ်. ဘောင်းဘီနက်တစ်ထည်ရယ်ဖြင့်တောင် ချန်းယောလ် ရုပ်သွင်က အထူးတလည်ပြင်စရာမလို ခန့်ညားချောမောနေသည်။ဒီခေါင်းပေါ်က ဆံပင်ဖြူဖြူတွေကို ဥက္ကဌပတ်က အနက်ပြန် ဆိုးခိုင်းပေမယ့် ဒါကတော့ ချန်းယောလ် တင်းခံနေသည့်အရာဖြစ်သည်။ သူဌေးကတော်ပတ်ကပါ ချန်းယောလ်နှင့် ဒီဆံပင် အရောင် လိုက်သည်ပြောတော့မှ ဖေဖေတို့ နှုတ်ဆိတ်သွားခြင်းဖြစ်လေသည်။

အောက်ထပ်ဆင်းလာတော့ ဘတ်ဟျွန်းကိုမတွေ့တော့။ချန်းယောလ် အိမ်ထဲကထွက်ကာ အပြင်ကကားဆီသာ လာခဲ့လိုက်သည်။တံခါးကို အဝေးထိန်းခလုတ်ဖြင့်ဖွင့်ကာ မောင်းထွက်လာပြီးမှ ပြန်ပိတ်ခဲ့လိုက်သည်။ ကားပြတင်းပေါက် ဘောင်ပေါ် လက်တစ်ဖက်တင် လေလေးတချွန်ချွန်ဖြင့် ချန်းယောလ်က သာသာယာယာပဲဖြစ်သည်။

သို့သော် နောက်ကြည့်မှန်ကိုအမှတ်မထင်ကြည့်လိုက်မိစဉ် လန့်ဖြန့်ကာ လမ်းဘေးကိုတောင် ချက်ချင်းထိုးရပ်လိုက်ရတော့ သည်။

“Yah ဘတ်ဟျွန်း! ”

“ဟီး လန့်သွားတာလား။ တောင်းပန်ပါတယ်. ခုနကတည်းက အသံပေးမလို့ ကိုကိုက သီချင်းညည်းနေတယ်ထင်လို့.”

ချန်းယောလ် စိတ်ဆိုးလွန်းကာ အံတကြိတ်ကြိတ်ကြည့်နေပေမယ့်နောက်ခန်းဆီက ဘတ်ဟျွန်းက သွားတွေပေါ်အောင် ပြုံးပြလျက် မျက်နှာချိူသွေးနေသည်။

“မင်း- ဘယ်လိုလုပ် ကားထဲ.”

လေပူသာမှုတ်ထုတ်မိတော့သည်။ခြံထဲမှာဆို တစ်ခါတစ်လေ ကားကို သူလော့ခ် မချထားတတ်.။ဒါကြောင့် ဒီကောင်လေး ခိုးတက်လာတာဖြစ်မည်။

“မေမေက မင်းကို လိမ်လိမ်မာမာနေခိုင်းတာ မင်းက ခုပဲ အကောင်အထည်ဖော်လိုက်တယ်ပေါ့လေ.”

“လိုက်ချင်တယ်လို့ပြောတယ်လေ.။ကိုကိုချန်းယောလ်ကမှ မခေါ်တာ.။ကိုယ့်ဘာသာလိုက်ရတာပေါ့.။ဒယ်ဂုံမှာဆို အကိုတော်မခေါ်ရင် ကျွန်တော်က ဝေါယာဉ်ထဲအရင်ပုန်းနေလိုက်ေ၇ာ..လမ်းတစ်ဝက်ရောက်မှ လူလုံးထွက်ပြတော့ အကိုတော်လည်း မတတ်နိုင်တော့ဘူးလေ.။”

ချန်းယောလ် ခေါင်းတခါခါဖြင့် ရှေ့ကိုပြန်လှည့်လျက် ကားကို လမ်းပေါ်ပြန်တက်ရတော့သည်။ဒါလေးက ပြောလည်း နားလည် တတ်သည်မဟုတ်။ ချန်းယောလ် စိတ်ဆိုးနေမှန်းသိတော့ ဘာစကားမှမဆို.. ပတ်ဝန်းကျင်ကိုသာ ငေးမောကြည့်ရင်း ဘတ်ဟျွန်းက လိုက်ပါလာသည်။

မြေအောက်ကားပါကင်ထိမသွားတော့ဘဲကုမ္ပဏီရှေ့က ကားပါကင်မှာ ချန်းယောလ်ကားရပ်လိုက်သည်။တံခါးတော့ ဖွင့်တတ်ပုံ ရလာသော ဘတ်ဟျွန်းက သူ့ဘာသာဆင်းလာသည်။ နို့နှစ်ရောင်ပြေးသည့် ရိုးရာဝတ်စုံရယ် နဖူးစည်း ပြာလဲ့လဲ့ရယ်ဖြင့် ဘတ်ဟျွန်းပုံစံလေးက ကြည်မွေ့သန့်စင်နေသည်မို့ အနားကလူတွေက စိတ်ဝင်တစားလှည့်ကြည့်ကြသေးသည်။ ဒါတွေကြောင့်ပဲ ချန်းယောလ် သူ့ကို အပြင်ခေါ်မလာချင်တာ.။ဒါပေမယ့် ခုတော့ ထားပစ်ခဲ့လို့လည်းမရ.။ရုံးခန်းထဲထိ ခေါ်သွားပြီး. ထိုင်နေခိုင်းရုံသာတတ်နီိုင်သည်။

“အိုမို..ဒါ ကဘယ်သူလဲ။ ချန်းယောလ်ပါလား.”

“အာ-- ဒေါ်လေး.. နေကောင်းပါတယ်နော်.”

ရုတ်တရက်ခေါ်ဆိုသံကြောင့် လှည့်ကြည့်မိတော့ ဟန်ဘီ၏မိခင်ဖြစ်သူ။ ဟန်ဘီ ၏မေမေက ချိူကြည်သာနေသည့် ပြောဆိုပြုမူပုံများနှင့် ချန်းယောလ်ကို ကြည့်သည်။

“ကောင်းပါတယ်။ခု ဟိုဘက်ဘေးက လက်ဝတ်ပစ္စည်းဆိုင်ကိုလာတာလေ.။သိတဲ့အတိုင်း ကားအရမ်းကြပ်နေတော့ ဒီက ချန်းယောလ်တို့ကုမ္ပဏီရှေ့မှာ ကားလာရပ်လိုက်တာ ။အဆင်ပြေပါတယ်နော်.”

“ဟုတ်ကဲ့ အဆင်ပြေတာပေါ့ဗျာ.”

ချန်းယောလ်က ယောက္ခမလောင်းဖြစ်လာမည့်သူကို ရိုကျိူးကာ နှုတ်ဆက်လိုက်သည်။

“ဒါကဘယ်သူလေးလဲ.”

“တွေ့ရတာ ဝမ်းသာပါတယ်။ကျွန်တော်က ကိုကို့ညီလေးပါ။ဘတ်ဟျွန်းလို့ခေါ်ပါတယ်.”

ညီလေးဆိုတော့ ဟန်ဘီ့မေမေက မျက်မှောင်လေးအနည်းငယ်ကြုံ့လျက် ချန်းယောလ်ကိုကြည့်လာသည်။

“ဒီအတောအတွင်းကောလဟာလတွေကြားနေတာ.။သူဌေးကတော်ပတ်က သားငယ်ဖြစ်သူကို သဲသဲလှုပ်ဆိုပဲလေ။တကယ်ထင်ပါရဲ့.။ပြန်တွေ့တာမကြာသေးဘူးလို့လည်းကြားရတယ် အမှန်ထင်တယ်.။ဒါကြောင့်လူတွေပြောနေတာ. Capital P က ဆက်ခံသူနှစ်ယောက်ဖြစ်နေတယ်ဆိုပြီးလေ.”

“အဲ့ဒါက”

“အိုး--ဘယ်လိုလုပ်မလဲ ချန်းယောလ်..။ဒေါ်လေးက ချန်းယောလ်ကို တစ်ဦးတည်းသော သားဆိုပြီးသိထားလို့သဘောကျနေခဲ့တာ။ဘယ်လိုလုပ်ရပါ့-။ဟင်း ဘယ်တတ်နိုင်ပါ့မလဲလေ.။သွားဦးမယ်နော် ချန်းယောလ်.”

မျက်နှာထားက တစ်မျိူးပြောင်းလျက် ခပ်လှမ်းလှမ်းကရပ်ထားသည့် သူမကားဆီသွားခဲ့သူကို ချန်းယောလ် ဘာပြန်ပြောရမှန်းတောင် မသိ.။ကြည့်ရတာ မေမေ့၏ သဲသဲလှုပ်ပုံကြောင့် ပတ်အွန်း ဆိုသည့်သားငယ်ကို မကြာခင်ကမှ ပြန်တွေ့ပုံရသည့်အကြောင်း သတင်းလွေ့လွေ့တော့ ပျံ့နေပုံရ၏။ သူ စိတ်ညစ်ညူးစွာဖြင့် ဘေးကိုကြည့်လိုက်တော့ ဘတ်ဟျွန်းက ရုံးထဲက ထွက်လာသည့် အမျိူးသမီးတစ်ယောက်ဘေးက ကလေးငယ်လေး၏ လက်ထဲရှိ စတော်ဘယ်ရီနို့ဘူး ကို စိတ်ဝင်တစားကြည့်နေသည်ကိုတွေ့လိုက်ရသည်။

“ဘာလုပ်နေတာလဲ.သွားမယ်”

“ကိုိကိုချန်းယောလ်.. အဲ့လိုဟာလေး က ဘယ်နားက”

“မသိဘူး။”

ဘာကိုစိတ်ဆိုးလို့ဆိုးသွားမှန်းမသိသော ချန်းယောလ်နောက် ဘတ်ဟျွန်းခပ်သွက်သွက်လေးလိုက်သည်။ကုမ္ပဏီထဲ လျှောက်လာသည့်တစ်လျှောက် အားလုံးက ဘတ်ဟျွန်းကို လှမ်းလှမ်းကြည့်ကြသေးသည်။ ဒယ်ဂုံမှာ တိုင်းခန်းလှည့်လည်လျှင် အကိုတော်ဘေးက ကပ်လိုက်နေကျမို့ လူတွေ၏အကြည့်က ဘတ်ဟျွန်းအတွက်မထူးဆန်းတော့။ ချန်းယောလ် က ရုံးခန်းထဲတွင် အလုပ်လုပ်နေသည့်တစ်လျှောက်  ဘတ်ဟျွန်း အခန်းထဲကိုဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နေမိသည်။ အားလုံးကစိတ်ဝင်စားစရာတွေချည်းပဲမို့ ဘတ်ဟျွန်း အချိန်ကုန်လို့ကုန်မှန်းတောင်မသိ.။သူ နားမလည်သည့် ပစ္စည်းတွေ ဒီဘက်မှာများသည်။ ဘတ်ဟျွန်း သင်ယူနေသည့် အနောက်ဘက်ဘာသာစကားအသုံးအနှုန်းတွေလည်း တွေ့တာမို့ တစ်လုံးချင်းကိုတောင် စဉ်းစားရတာ တော်တော်ခက်နေ၏။

“သွားစို့..အိမ်တန်းမပြန်ဘဲ. မုန့်တစ်ခုခုသွားစားကြမယ်.”

“တကယ်လား..”

ပြုံးရွှင်သွားသည့် ဘတ်ဟျွန်းသည် မျက်နှာခပ်တည်တည်ဖြင့် ချန်းယောလ် ၏အကြံအစည်ကိုမသိခဲ့ပါ။ ကုမ္ပဏီ ထဲက ထွက်လာသည့် ကားလေးသည် လမ်းမတစ်လျှောက်ပြေးလွှားနေပြီးမှ ရပ်ကွက်ငယ်တစ်ခု၏ လမ်းဘေးထက်က တဲမိုးကာနှင့်ဆိုင်လေးတစ်ခုရှေ့ထိုးရပ်လာသည်။

“လာ-ဒီမှာက ကြက်ကြော်ရော.. ပင်လယ်စာတွေရော အစုံရတယ်။နည်းနည်းနောက်ကျသွားလို့.။သူက မနက်ကတည်းဖွင့်တာလေ.။ညနေစောင်းကာနီးဆို ပိတ်ပြီ။”

“ဟုတ်.”

ဘတ်ဟျွန်း စားချင်မည်ထင်တာတွေ မှာရင်း အားရပါးရစားနေပေမယ့် ချန်းယောလ်ကတော့ ရေတစ်ခွက်ကလွဲပြီး ဘာမှမစား။ မျက်နှာက တစ်ခုခုကိုအသည်းအသန်စဉ်းစားနေပုံရကာမျက်မှောင်တွေတွန့်ကြုံ့နေသည်။

“ကိုကို ဘာလို့မစားတာလဲ.။မကြိုက်ဘူးလား။”

“အမ်. မင်းပဲစားပါ။ငါ သိပ်မဆာလို့.။ဒါနဲ့ ဘတ်ဟျွန်း.. ငါ ကုမ္ပဏီမှာ ဖုန်းကျန်ခဲ့လို့ပြန်သွားယူလိုက်ဦးမယ်နော်။အေးအေးဆေဆေးစားနေ.. ပိုက်ဆံအရင်ရှင်းပေးထားမယ်.”

“ဟုတ် သိပါပြီ.”

“ကောင်းကောင်းနေခဲ့နော်.။ငါ က စိတ်မကောင်းပါဘူး။”

“ဟင်”

ချန်းယောလ် စကားဆိုလိုရင်းတွေကို နားမလည်လိုက်.။ ဝတ်ရုံလက်ကို အဆုံးထိဆွဲမထားလျက် လက်အိတ်စွတ်ထားသည့် ဘတ်ဟျွန်း ၏လက်သွယ်သွယ်လေးတွေက ကြက်ပေါင်တစ်ချောင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။ချန်းယောလ် ပြန်လာမှာမို့ စောင့်စားနေရင်း မှာထားသမျှတွေကုန်သည့်အခါ ဘတ်ဟျွန်း ဗိုက်ကလေး တင်းသွားပြီဖြစ်သည်။ အချိန်ကြာလို့ကြာမှန်းမသိ.. ဘတ်ဟျွန်းထိုင်စောင့်ရင်း တဲမိုးကာပေါက်ဝလေး ဆီ တမျှော်မျှော်လုပ်နေမိသည်။

“ဒီက ဧည့်သည်.. အားနာပေမယ့် ကျွန်မတို့ ဆိုင်သိမ်းပါတော့မယ်ရှင်။သြော် ဒါလေးက  ခုနက ဧည့်သည်နဲ့အတူလာတဲ့လူပေးသွားတာပါ.”

“ဗျာ ကိုကို ချန်းယောလ်ကလား.”

ဆိုင်ရှင်အဒေါ်ကြီးကမ်းပေးသည့်စာရွက်ခေါက်လေးကို ယူရင်း မိုးကာတဲလေးအပြင်ဘက် ဘတ်ဟျွန်း ထွက်လာခဲ့သည်။ စာရွက်လေးကိုဖြန့်ဖတ်ကြည့်တော့ ဘတ်ဟျွန်းတို့၏  ဘာသာစကားဖြင့်အတော်လေးတူသည်မို့ ကောင်းကောင်းဖတ်တတ်ခဲ့သည်။

*ဘတ်ဟျွန်း-- အရင်ဆုံး နှုတ်မဆက်ဘဲထားခဲ့လိုက်ရလို့ အားနာတယ်။ဒါပေမယ့် ခုနက ဒေါ်လေးတစ်ယောက်ပြောတာကြားတယ်မလား။ငါတို့ညီအကိုထင်ပြီး ကုမ္ပဏီ ဆက်ခံသူကိစ္စအတွက်စိုးရိမ်စရာတွေပါ ပြောလာခဲ့တာ။တကယ်လို့ ဘတ်ဟျွန်းက ငါ့ညီလေး အစစ်ဆို ငါက သဘောတူကြည်ဖြူနိုင်ပေမယ့် ခုက မဟုတ်သေးဘူး မလား။ သွေးမတော်သားမစပ်ဘဲ ဘတ်ဟျွန်းက ငါတို့အိမ်မှာဒီတိုင်းနေပြီး သူများအထင်မှားစရာ မဖြစ်သင့်ဘူးလေ.။အဲ့ဒီတော့ လာခဲ့တဲ့နေရာကိုပြန်သွားပြီး ကောင်းကောင်းနေပါ..

စာဆုံးသည့်အခါ ဘတ်ဟျွန်း မျက်ရည်တွေဝေ့တက်လာရသည်။ ဥဒဟိုသွားလာလှုပ်ရှားနေသည့် ကားလမ်းမထက်ရယ်. ရပ်ကွက်ထဲက လမ်းသွယ်လေးရယ် ကြည့်ကာ ဘတ်ဟျွန်းမျက်လုံးလေးတွေ ကဏှာမငြိမ်။

ဒါ ကိုကိုက သူ့ကိုပစ်ပယ်လိုက်တာလား။လာခဲ့တဲ့နေရာကို ဘယ်လိုပြန်သွားရမလဲမသိလို့ တွယ်ကပ်နေမိတာလို့ ပြောခဲ့ပြီးသားကို မယုံကြည်ပေးဘဲ သူ့ကို တိရစ္ဆာန်လေးတစ်ကောင်လို လမ်းဘေးမှာ စွန့်ပစ်ခဲ့လေသည်။

ဘတ်ဟျွန်းသည် ငယ်ကတည်း အလိုလိုက်ခံအချစ်ခံလေးဖြစ်သည်။ ယောကျာ်းလေးပေမို့ အကြောက်အလန့်မရှိ နန်းပြင်ကို ခိုးထွက်ပျော်ပါးခဲ့ပေမယ့် ဒါကမတူ။ဒီအရပ် ဒီဒေသက ဘာတစ်ခုကိုမှ ဘတ်ဟျွန်း မကျွမ်းဝင်.။ ဘာကိုမှလည်းရေရေရာရာ နားမလည်သေးတာမို့ နေထို်င်သွားဖို့ရာဖြစ်နိုင်ပါ့မလား။

“ကိုကိုက ငါ့ကို အဲ့လိုလုပ်လို့မဖြစ်ဘူးလေ.”

ခပ်တိုးတိုးရေရွတ်ရင်း ပေါက်ခနဲကျလာသည့် မျက်ရည်ကို ဝတ်ရုံလက်ဖြင့် ပင့်သုတ်လိုက်သည်။ နေရာကနေ ထွက်သွား ရှာချင်ပေမယ့် သူ ဘယ်နေရာကိုမှမသိပါ။ စောစောက လာခဲ့သည့် ကုမ္ပဏီ ကိုလည်း မမှတ်မိတော့.။လျှောက်သွားရှာချင် ပေမယ့် ဒီထက်ပိုလမ်းမှား လျှောက်မိမှာစိုးသည်။ သစ်ပင်နားက ခုံတန်းရှည်လေးမှာသာ ငြိမ်ငြိမ်လေးထိုင်ရင်း ကျကျလာသည့် မျက်ရည်တွေကို သုတ်ပစ်လိုက်ရသည်။

ကိုကို ပြန်လာခေါ်လိုခေါ်ငြား…

*************
#With Heart
Just A Dreamer


Zawgyi

Episode-10

“ေမေမက အြန္းေလးကိုစိတ္ခ်မယ္ေနာ္. ခ်န္းေယာလ္လီ.. ဝန္ႀကီးကေတာ္နဲ႔ကျငင္းလို႔မေကာင္းတာမို႔သာလိုက္သြားရမွာ.။ေမေမ့အြန္းေလးနဲ႔ခြဲခ်င္တာမဟုတ္ဘူး။ ေရာက္ကတည္းက ခုခ်ိန္ထိ ေကာင္းေကာင္းကို မေနရေသးဘူး။ အြန္ေလးလည္းလိမ္လိမ္မာမာေနရမယ္ေနာ္.”

“ဟုတ္ကဲ့.”

သူေဌးကေတာ္ပတ္က အိမ္အကူမေလး အဝတ္ထၫ့္ေပးေနသည္ကို လိုတာေလးေတြထပ္ထၫ့္ရင္းေျပာေတာ့ ကုတင္ေပၚမွာ တင္ပလႅင္ေခြထိုင္ေနသၫ့္ ဘတ္ဟြၽန္းက ေခါင္းညိတ္ျပသည္။ကေလးတစ္ေယာက္လိုမွာေနတာကို ဒင္းက ၿပံဳးရႊင္လ်က္ ေခါင္း တညိတ္ညိတ္အျဖစ္ကို ဆိုဖာေပၚက ခ်န္းေယာလ္ က ႏွာေခါင္းရႈံ႔သည္။ဒယ္ဂံုနန္းေတာ္က လာတာဟုတ္သည္ျဖစ္ေစ မဟုတ္ သည္ျဖစ္ေစ. ဒီေကာင္ေလးက ဖူးဖူးမႈတ္အခ်စ္ခံအလိုလိုက္ထားခံရမွန္းေတာ့ သိသာေလ၏။ဒါကို ဘယ္လိုလုပ္ သူတို႔အိမ္ကိုမ်ား ေရာက္လာသလဲမသိ.။ေဖေဖ့ အသိစခန္းမွဴးႀကီးထံတြင္ လူေပ်ာက္အကူအညီေတာင္းထားေသာ္လည္း ခုခ်ိန္ထိေတာ့ ဘယ္သူမွ ဆက္သြယ္မလာ.။ၾကာလ်ွင္ Capital P အသိုင္းအဝိုင္းတြင္ ခ်န္းေယာလ္ ၌ ခုမွလူလံုးထုတ္ျပလာ သၫ့္ ညီေလးရိွသည္ဟု ထင္မွတ္မွားၾကေတာ့မည္။

“ခ်န္းေယာလ္လီ..ေမေမ ေျပာတာၾကားတယ္ေနာ္.။မင္း ေဖေဖ ကလည္း ရံုးကေန ေလဆိပ္တန္းလာမွာ.အားလံုးစိတ္ခ်မယ္ေနာ္.”

“ဟုတ္ကဲ့ပါ ေမေမရာ.။ခါတိုင္း ဒီလိုပဲ သြားလာေနက်ကို ခုမွ ဘာလို႔ အတည္ႀကီးမွာေနမွန္းမသိဘူး။ေအးေအးခ်မ္းခ်မ္းသာ သြားပါခင္ဗ်ာ..အမႀကီးေဂ်ာင္ရယ္”

သူေဌးကေတာ္ပတ္က မ်က္ေစာင္းႏုႏုေလးထိုးလ်က္ လက္ေပြ့အိတ္ကိုကိုင္သည္။ကုတင္ေပၚက ဘတ္ဟြၽန္းပါးကေလးေပၚ နစ္ဝင္သြားေအာင္ ေမႊးေမႊးေပးလိုက္ၿပီးမွ အခန္းထဲက ထြက္သြားသည္။ခ်န္းေယာလ္ အံ့လည္းအံ့ၾသမိပါသည္။ သားအရင္း ျဖစ္သူက ဒီမွာလို႔ သူေဌးကေတာ္ပတ္အား လက္ဆြဲလ်က္ျပလိုက္ခ်င္သည္။ ဟိုေကာင္ေလးက ၿပံဳးရယ္ေနတာ ခုထိ မရပ္ ေသး.။စိတ္ေပါက္ေပါက္ျဖင့္ ေမေမတို႔အခန္းထဲကအရင္ဆင္းထြက္လာေတာ့ ေနာက္ကေန ထပ္ခ်ပ္မကြာ လိုက္ပါ လာသည္။

“ကိုကို.. ဟိုမဲမဲအျပားႀကီးက လႈပ္ရွားေနတာေတြၾကၫ့္ရေအာင္ေလ..”

သူေျပာခ်င္တာမွန္း ရုပ္ရွင္ၾကၫ့္ရေအာင္လို႔ေျပာမွန္း ခ်န္းေယာလ္ေတာင္သိေနၿပီ.။ဘာမျွပန္မေျပာဘဲ ထမင္းစားခန္းထဲ ထိဝင္လာကာ ေရခဲေသတၲာထဲက တစ္ေယာက္ထဲသံုးသၫ့္ေရဘူးကိုထုတ္ကာေကာက္ေမာ့လိုက္သည္။ အဖံုးေတာင္ ျပန္မပိတ္ရေသး ခ်န္းေယာလ္ လက္ထဲေက၇ဘူးက ဘတ္ဟြၽန္းလက္ထဲေရာက္သြားရ၏။

“Yah ဘာလုပ္တာလဲ.။ငါ့ေရဘူး သူမ်ားေသာက္တာ မႀကိဳက္ဘူး Aish..”

ဘတ္ဟြၽန္းက ျပန္မေျဖအား။ပါးစပ္ထဲရိွ ေရကုန္ေအာင္ေသာက္ၿပီးမွ ခ်န္းေယာလ္ကို ေရဘူးျပန္ကမ္းေပးလာသည္။

“သူမ်ားမွ မဟုတ္တာ.။ကြၽန္ေတာ္က ကိုကို႔ညီေလးပဲကို.။ၿပီးေတာ့ ကြၽန္ေတာ္..သြားသန႔္ရွင္းေရးအၿမဲလုပ္ပါတယ္ေနာ္.။ကိုကို ျပထားတဲ့ သြားပြတ္တံဆိုတဲ့ဟာနဲ႔ မနက္ေရာ--ေန့လည္ေရာ--ညေရာ အၿမဲတမ္းတိုက္တယ္။ကြၽန္ေတာ္က သန႔္ပါတယ္ေနာ္.”

“ဟား…ဘယ္လိုလုပ္လိုက္ရပါ့.. ရူးေနၿပီကိုး.။ဧၫ့္ခန္းမွာ ရုပ္ရွင္ၾကၫ့္ခ်င္ရင္ အေဒၚႀကီးကိုဖြင့္ခိုင္းလိုက္..ငါ ေန့လည္ပိုင္းအလုပ္သြားရမွာမို႔.မအားဘူး။”

“ဟင္..အျပင္သြားမွာလား.။ဒါဆို ကြၽန္ေတာ့္ကိုေခၚသြားပါ.”

အိမ္ေပၚတက္ဖို႔ေလွကားနားက ခ်န္းေယာလ္ဆီ ဘတ္ဟြၽန္းက လွစ္ခနဲေရာက္လာသည္။ မ်က္လံုးေလးေတြ တလက္လက္ျဖင့္ ေတာင္းဆိုေနသည္မွာ အသည္းယားစရာေလးျဖစ္ေပမယ့္ ခ်န္းေယာလ္ ႏွာေခါင္းရႈံ႔ရႈင္း ဘတ္ဟြၽန္း နဖူးေလးကို လက္ၫွိုးျဖင့္ ဖိကပ္တြန္းထုတ္လိုက္သည္။

“ငါ ရံုးတက္မွာ.အားမေနဘူး။အိမ္မွာသာေန. ၿပီးေတာ့ မင္းဒီပံုစံႀကီးနဲ႔ ငါက ဘယ္လိုလုပ္ေနရာတကာ ေခၚသြားရမလဲ။အဝတ္အစားေျပာင္းဝတ္ဆိုလည္းမဝတ္ဘူး။ဆံပင္ၫွပ္ဆိုလည္းမၫွပ္ဘူး..။ မလိုက္နဲ႔.”

ခပ္မာမာေျပာခဲ့ၿပီးေနာက္ ခ်န္းေယာလ္ အေပၚထပ္အခန္းထဲတက္လာခဲ့လိုက္သည္။ခပ္ျမန္ျမန္ပင္ ေရမိုးခ်ိူး အဝတ္လဲလ်က္ ေအာက္ဆင္းလာခဲ့သည္။ညေနပိုင္းေပမို႔ အျဖဴေရာင္ရွပ္ပြပြရယ္. ေဘာင္းဘီနက္တစ္ထည္ရယ္ျဖင့္ေတာင္ ခ်န္းေယာလ္ ရုပ္သြင္က အထူးတလည္ျပင္စရာမလို ခန႔္ညားေခ်ာေမာေနသည္။ဒီေခါင္းေပၚက ဆံပင္ျဖဴျဖဴေတြကို ဥကၠဌပတ္က အနက္ျပန္ ဆိုးခိုင္းေပမယ့္ ဒါကေတာ့ ခ်န္းေယာလ္ တင္းခံေနသၫ့္အရာျဖစ္သည္။ သူေဌးကေတာ္ပတ္ကပါ ခ်န္းေယာလ္ႏွင့္ ဒီဆံပင္ အေရာင္ လိုက္သည္ေျပာေတာ့မွ ေဖေဖတို႔ ႏႈတ္ဆိတ္သြားျခင္းျဖစ္ေလသည္။

ေအာက္ထပ္ဆင္းလာေတာ့ ဘတ္ဟြၽန္းကိုမေတြ့ေတာ့။ခ်န္းေယာလ္ အိမ္ထဲကထြက္ကာ အျပင္ကကားဆီသာ လာခဲ့လိုက္သည္။တံခါးကို အေဝးထိန္းခလုတ္ျဖင့္ဖြင့္ကာ ေမာင္းထြက္လာၿပီးမွ ျပန္ပိတ္ခဲ့လိုက္သည္။ ကားျပတင္းေပါက္ ေဘာင္ေပၚ လက္တစ္ဖက္တင္ ေလေလးတခြၽန္ခြၽန္ျဖင့္ ခ်န္းေယာလ္က သာသာယာယာပဲျဖစ္သည္။

သို႔ေသာ္ ေနာက္ၾကၫ့္မွန္ကိုအမွတ္မထင္ၾကၫ့္လိုက္မိစဉ္ လန႔္ျဖန႔္ကာ လမ္းေဘးကိုေတာင္ ခ်က္ခ်င္းထိုးရပ္လိုက္ရေတာ့ သည္။

“Yah ဘတ္ဟြၽန္း! ”

“ဟီး လန႔္သြားတာလား။ ေတာင္းပန္ပါတယ္. ခုနကတည္းက အသံေပးမလို႔ ကိုကိုက သီခ်င္းညည္းေနတယ္ထင္လို႔.”

ခ်န္းေယာလ္ စိတ္ဆိုးလြန္းကာ အံတႀကိတ္ႀကိတ္ၾကၫ့္ေနေပမယ့္ေနာက္ခန္းဆီက ဘတ္ဟြၽန္းက သြားေတြေပၚေအာင္ ၿပံဳးျပလ်က္ မ်က္ႏွာခ်ိူေသြးေနသည္။

“မင္း- ဘယ္လိုလုပ္ ကားထဲ.”

ေလပူသာမႈတ္ထုတ္မိေတာ့သည္။ၿခံထဲမွာဆို တစ္ခါတစ္ေလ ကားကို သူေလာ့ခ္ မခ်ထားတတ္.။ဒါေၾကာင့္ ဒီေကာင္ေလး ခိုးတက္လာတာျဖစ္မည္။

“ေမေမက မင္းကို လိမ္လိမ္မာမာေနခိုင္းတာ မင္းက ခုပဲ အေကာင္အထည္ေဖာ္လိုက္တယ္ေပါ့ေလ.”

“လိုက္ခ်င္တယ္လို႔ေျပာတယ္ေလ.။ကိုကိုခ်န္းေယာလ္ကမွ မေခၚတာ.။ကိုယ့္ဘာသာလိုက္ရတာေပါ့.။ဒယ္ဂံုမွာဆို အကိုေတာ္မေခၚရင္ ကြၽန္ေတာ္က ေဝါယာဉ္ထဲအရင္ပုန္းေနလိုက္ေ၇ာ..လမ္းတစ္ဝက္ေရာက္မွ လူလံုးထြက္ျပေတာ့ အကိုေတာ္လည္း မတတ္ႏိုင္ေတာ့ဘူးေလ.။”

ခ်န္းေယာလ္ ေခါင္းတခါခါျဖင့္ ေရ႔ွကိုျပန္လွၫ့္လ်က္ ကားကို လမ္းေပၚျပန္တက္ရေတာ့သည္။ဒါေလးက ေျပာလည္း နားလည္ တတ္သည္မဟုတ္။ ခ်န္းေယာလ္ စိတ္ဆိုးေနမွန္းသိေတာ့ ဘာစကားမွမဆို.. ပတ္ဝန္းက်င္ကိုသာ ေငးေမာၾကၫ့္ရင္း ဘတ္ဟြၽန္းက လိုက္ပါလာသည္။

ေျမေအာက္ကားပါကင္ထိမသြားေတာ့ဘဲကုမၸဏီေရ႔ွက ကားပါကင္မွာ ခ်န္းေယာလ္ကားရပ္လိုက္သည္။တံခါးေတာ့ ဖြင့္တတ္ပံု ရလာေသာ ဘတ္ဟြၽန္းက သူ႔ဘာသာဆင္းလာသည္။ ႏို႔ႏွစ္ေရာင္ေျပးသၫ့္ ရိုးရာဝတ္စံုရယ္ နဖူးစည္း ျပာလဲ့လဲ့ရယ္ျဖင့္ ဘတ္ဟြၽန္းပံုစံေလးက ၾကည္ေမြ့သန႔္စင္ေနသည္မို႔ အနားကလူေတြက စိတ္ဝင္တစားလွၫ့္ၾကၫ့္ၾကေသးသည္။ ဒါေတြေၾကာင့္ပဲ ခ်န္းေယာလ္ သူ႔ကို အျပင္ေခၚမလာခ်င္တာ.။ဒါေပမယ့္ ခုေတာ့ ထားပစ္ခဲ့လို႔လည္းမရ.။ရံုးခန္းထဲထိ ေခၚသြားၿပီး. ထိုင္ေနခိုင္းရံုသာတတ္နီိုင္သည္။

“အိုမို..ဒါ ကဘယ္သူလဲ။ ခ်န္းေယာလ္ပါလား.”

“အာ-- ေဒၚေလး.. ေနေကာင္းပါတယ္ေနာ္.”

ရုတ္တရက္ေခၚဆိုသံေၾကာင့္ လွၫ့္ၾကၫ့္မိေတာ့ ဟန္ဘီ၏မိခင္ျဖစ္သူ။ ဟန္ဘီ ၏ေမေမက ခ်ိူၾကည္သာေနသၫ့္ ေျပာဆိုျပဳမူပံုမ်ားႏွင့္ ခ်န္းေယာလ္ကို ၾကၫ့္သည္။

“ေကာင္းပါတယ္။ခု ဟိုဘက္ေဘးက လက္ဝတ္ပစၥည္းဆိုင္ကိုလာတာေလ.။သိတဲ့အတိုင္း ကားအရမ္းၾကပ္ေနေတာ့ ဒီက ခ်န္းေယာလ္တို႔ကုမၸဏီေရ႔ွမွာ ကားလာရပ္လိုက္တာ ။အဆင္ေျပပါတယ္ေနာ္.”

“ဟုတ္ကဲ့ အဆင္ေျပတာေပါ့ဗ်ာ.”

ခ်န္းေယာလ္က ေယာကၡမေလာင္းျဖစ္လာမၫ့္သူကို ရိုက်ိူးကာ ႏႈတ္ဆက္လိုက္သည္။

“ဒါကဘယ္သူေလးလဲ.”

“ေတြ့ရတာ ဝမ္းသာပါတယ္။ကြၽန္ေတာ္က ကိုကို႔ညီေလးပါ။ဘတ္ဟြၽန္းလို႔ေခၚပါတယ္.”

ညီေလးဆိုေတာ့ ဟန္ဘီ့ေမေမက မ်က္ေမွာင္ေလးအနည္းငယ္ႀကံဳ႔လ်က္ ခ်န္းေယာလ္ကိုၾကၫ့္လာသည္။

“ဒီအေတာအတြင္းေကာလဟာလေတြၾကားေနတာ.။သူေဌးကေတာ္ပတ္က သားငယ္ျဖစ္သူကို သဲသဲလႈပ္ဆိုပဲေလ။တကယ္ထင္ပါရဲ့.။ျပန္ေတြ့တာမၾကာေသးဘူးလို႔လည္းၾကားရတယ္ အမွန္ထင္တယ္.။ဒါေၾကာင့္လူေတြေျပာေနတာ. Capital P က ဆက္ခံသူႏွစ္ေယာက္ျဖစ္ေနတယ္ဆိုၿပီးေလ.”

“အဲ့ဒါက”

“အိုး--ဘယ္လိုလုပ္မလဲ ခ်န္းေယာလ္..။ေဒၚေလးက ခ်န္းေယာလ္ကို တစ္ဦးတည္းေသာ သားဆိုၿပီးသိထားလို႔သေဘာက်ေနခဲ့တာ။ဘယ္လိုလုပ္ရပါ့-။ဟင္း ဘယ္တတ္ႏိုင္ပါ့မလဲေလ.။သြားဦးမယ္ေနာ္ ခ်န္းေယာလ္.”

မ်က္ႏွာထားက တစ္မ်ိူးေျပာင္းလ်က္ ခပ္လွမ္းလွမ္းကရပ္ထားသၫ့္ သူမကားဆီသြားခဲ့သူကို ခ်န္းေယာလ္ ဘာျပန္ေျပာရမွန္းေတာင္ မသိ.။ၾကၫ့္ရတာ ေမေမ့၏ သဲသဲလႈပ္ပံုေၾကာင့္ ပတ္အြန္း ဆိုသၫ့္သားငယ္ကို မၾကာခင္ကမွ ျပန္ေတြ့ပံုရသၫ့္အေၾကာင္း သတင္းေလြ့ေလြ့ေတာ့ ပ်ံ့ေနပံုရ၏။ သူ စိတ္ညစ္ၫူးစြာျဖင့္ ေဘးကိုၾကၫ့္လိုက္ေတာ့ ဘတ္ဟြၽန္းက ရံုးထဲက ထြက္လာသၫ့္ အမ်ိူးသမီးတစ္ေယာက္ေဘးက ကေလးငယ္ေလး၏ လက္ထဲရိွ စေတာ္ဘယ္ရီႏို႔ဘူး ကို စိတ္ဝင္တစားၾကၫ့္ေနသည္ကိုေတြ့လိုက္ရသည္။

“ဘာလုပ္ေနတာလဲ.သြားမယ္”

“ကိုကိုခ်န္းေယာလ္.. အဲ့လိုဟာေလး က ဘယ္နားက”

“မသိဘူး။”

ဘာကိုစိတ္ဆိုးလို႔ဆိုးသြားမွန္းမသိေသာ ခ်န္းေယာလ္ေနာက္ ဘတ္ဟြၽန္းခပ္သြက္သြက္ေလးလိုက္သည္။ကုမၸဏီထဲ ေလ်ွာက္လာသၫ့္တစ္ေလ်ွာက္ အားလံုးက ဘတ္ဟြၽန္းကို လွမ္းလွမ္းၾကၫ့္ၾကေသးသည္။ ဒယ္ဂံုမွာ တိုင္းခန္းလွၫ့္လည္လ်ွင္ အကိုေတာ္ေဘးက ကပ္လိုက္ေနက်မို႔ လူေတြ၏အၾကၫ့္က ဘတ္ဟြၽန္းအတြက္မထူးဆန္းေတာ့။ ခ်န္းေယာလ္ က ရံုးခန္းထဲတြင္ အလုပ္လုပ္ေနသၫ့္တစ္ေလ်ွာက္  ဘတ္ဟြၽန္း အခန္းထဲကိုဟိုေလ်ွာက္ၾကၫ့္ ဒီေလ်ွာက္ၾကၫ့္လုပ္ေနမိသည္။ အားလံုးကစိတ္ဝင္စားစရာေတြခ်ည္းပဲမို႔ ဘတ္ဟြၽန္း အခ်ိန္ကုန္လို႔ကုန္မွန္းေတာင္မသိ.။သူ နားမလည္သၫ့္ ပစၥည္းေတြ ဒီဘက္မွာမ်ားသည္။ ဘတ္ဟြၽန္း သင္ယူေနသၫ့္ အေနာက္ဘက္ဘာသာစကားအသံုးအႏႈန္းေတြလည္း ေတြ့တာမို႔ တစ္လံုးခ်င္းကိုေတာင္ စဉ္းစားရတာ ေတာ္ေတာ္ခက္ေန၏။

“သြားစို႔..အိမ္တန္းမျပန္ဘဲ. မုန႔္တစ္ခုခုသြားစားၾကမယ္.”

“တကယ္လား..”

ၿပံဳးရႊင္သြားသၫ့္ ဘတ္ဟြၽန္းသည္ မ်က္ႏွာခပ္တည္တည္ျဖင့္ ခ်န္းေယာလ္ ၏အႀကံအစည္ကိုမသိခဲ့ပါ။ ကုမၸဏီ ထဲက ထြက္လာသၫ့္ ကားေလးသည္ လမ္းမတစ္ေလ်ွာက္ေျပးလႊားေနၿပီးမွ ရပ္ကြက္ငယ္တစ္ခု၏ လမ္းေဘးထက္က တဲမိုးကာႏွင့္ဆိုင္ေလးတစ္ခုေရ႔ွထိုးရပ္လာသည္။

“လာ-ဒီမွာက ၾကက္ေၾကာ္ေရာ.. ပင္လယ္စာေတြေရာ အစံုရတယ္။နည္းနည္းေနာက္က်သြားလို႔.။သူက မနက္ကတည္းဖြင့္တာေလ.။ညေနေစာင္းကာနီးဆို ပိတ္ၿပီ။”

“ဟုတ္.”

ဘတ္ဟြၽန္း စားခ်င္မည္ထင္တာေတြ မွာရင္း အားရပါးရစားေနေပမယ့္ ခ်န္းေယာလ္ကေတာ့ ေရတစ္ခြက္ကလြဲၿပီး ဘာမွမစား။ မ်က္ႏွာက တစ္ခုခုကိုအသည္းအသန္စဉ္းစားေနပံုရကာမ်က္ေမွာင္ေတြတြန႔္ႀကံဳ႔ေနသည္။

“ကိုကို ဘာလို႔မစားတာလဲ.။မႀကိဳက္ဘူးလား။”

“အမ္. မင္းပဲစားပါ။ငါ သိပ္မဆာလို႔.။ဒါနဲ႔ ဘတ္ဟြၽန္း.. ငါ ကုမၸဏီမွာ ဖုန္းက်န္ခဲ့လို႔ျပန္သြားယူလိုက္ဦးမယ္ေနာ္။ေအးေအးေဆေဆးစားေန.. ပိုက္ဆံအရင္ရွင္းေပးထားမယ္.”

“ဟုတ္ သိပါၿပီ.”

“ေကာင္းေကာင္းေနခဲ့ေနာ္.။ငါ က စိတ္မေကာင္းပါဘူး။”

“ဟင္”

ခ်န္းေယာလ္ စကားဆိုလိုရင္းေတြကို နားမလည္လိုက္.။ ဝတ္ရံုလက္ကို အဆံုးထိဆြဲမထားလ်က္ လက္အိတ္စြတ္ထားသၫ့္ ဘတ္ဟြၽန္း ၏လက္သြယ္သြယ္ေလးေတြက ၾကက္ေပါင္တစ္ေခ်ာင္းျဖင့္ အလုပ္ရႈပ္ေနခဲ့သည္။ခ်န္းေယာလ္ ျပန္လာမွာမို႔ ေစာင့္စားေနရင္း မွာထားသမ်ွေတြကုန္သၫ့္အခါ ဘတ္ဟြၽန္း ဗိုက္ကေလး တင္းသြားၿပီျဖစ္သည္။ အခ်ိန္ၾကာလို႔ၾကာမွန္းမသိ.. ဘတ္ဟြၽန္းထိုင္ေစာင့္ရင္း တဲမိုးကာေပါက္ဝေလး ဆီ တေမ်ွာ္ေမ်ွာ္လုပ္ေနမိသည္။

“ဒီက ဧၫ့္သည္.. အားနာေပမယ့္ ကြၽန္မတို႔ ဆိုင္သိမ္းပါေတာ့မယ္ရွင္။ေၾသာ္ ဒါေလးက  ခုနက ဧၫ့္သည္နဲ႔အတူလာတဲ့လူေပးသြားတာပါ.”

“ဗ်ာ ကိုကို ခ်န္းေယာလ္ကလား.”

ဆိုင္ရွင္အေဒၚႀကီးကမ္းေပးသၫ့္စာရြက္ေခါက္ေလးကို ယူရင္း မိုးကာတဲေလးအျပင္ဘက္ ဘတ္ဟြၽန္း ထြက္လာခဲ့သည္။ စာရြက္ေလးကိုျဖန႔္ဖတ္ၾကၫ့္ေတာ့ ဘတ္ဟြၽန္းတို႔၏  ဘာသာစကားျဖင့္အေတာ္ေလးတူသည္မို႔ ေကာင္းေကာင္းဖတ္တတ္ခဲ့သည္။

*ဘတ္ဟြၽန္း-- အရင္ဆံုး ႏႈတ္မဆက္ဘဲထားခဲ့လိုက္ရလို႔ အားနာတယ္။ဒါေပမယ့္ ခုနက ေဒၚေလးတစ္ေယာက္ေျပာတာၾကားတယ္မလား။ငါတို႔ညီအကိုထင္ၿပီး ကုမၸဏီ ဆက္ခံသူကိစၥအတြက္စိုးရိမ္စရာေတြပါ ေျပာလာခဲ့တာ။တကယ္လို႔ ဘတ္ဟြၽန္းက ငါ့ညီေလး အစစ္ဆို ငါက သေဘာတူၾကည္ျဖဴႏိုင္ေပမယ့္ ခုက မဟုတ္ေသးဘူး မလား။ ေသြးမေတာ္သားမစပ္ဘဲ ဘတ္ဟြၽန္းက ငါတို႔အိမ္မွာဒီတိုင္းေနၿပီး သူမ်ားအထင္မွားစရာ မျဖစ္သင့္ဘူးေလ.။အဲ့ဒီေတာ့ လာခဲ့တဲ့ေနရာကိုျပန္သြားၿပီး ေကာင္းေကာင္းေနပါ..

စာဆံုးသၫ့္အခါ ဘတ္ဟြၽန္း မ်က္ရည္ေတြေဝ့တက္လာရသည္။ ဥဒဟိုသြားလာလႈပ္ရွားေနသၫ့္ ကားလမ္းမထက္ရယ္. ရပ္ကြက္ထဲက လမ္းသြယ္ေလးရယ္ ၾကၫ့္ကာ ဘတ္ဟြၽန္းမ်က္လံုးေလးေတြ ကဏွာမၿငိမ္။

ဒါ ကိုကိုက သူ႔ကိုပစ္ပယ္လိုက္တာလား။လာခဲ့တဲ့ေနရာကို ဘယ္လိုျပန္သြားရမလဲမသိလို႔ တြယ္ကပ္ေနမိတာလို႔ ေျပာခဲ့ၿပီးသားကို မယံုၾကည္ေပးဘဲ သူ႔ကို တိရစၧာန္ေလးတစ္ေကာင္လို လမ္းေဘးမွာ စြန႔္ပစ္ခဲ့ေလသည္။

ဘတ္ဟြၽန္းသည္ ငယ္ကတည္း အလိုလိုက္ခံအခ်စ္ခံေလးျဖစ္သည္။ ေယာက်ာ္းေလးေပမို႔ အေၾကာက္အလန႔္မရိွ နန္းျပင္ကို ခိုးထြက္ေပ်ာ္ပါးခဲ့ေပမယ့္ ဒါကမတူ။ဒီအရပ္ ဒီေဒသက ဘာတစ္ခုကိုမွ ဘတ္ဟြၽန္း မကြၽမ္းဝင္.။ ဘာကိုမွလည္းေရေရရာရာ နားမလည္ေသးတာမို႔ ေနထို္င္သြားဖို႔ရာျဖစ္ႏိုင္ပါ့မလား။

“ကိုကိုက ငါ့ကို အဲ့လိုလုပ္လို႔မျဖစ္ဘူးေလ.”

ခပ္တိုးတိုးေရရြတ္ရင္း ေပါက္ခနဲက်လာသၫ့္ မ်က္ရည္ကို ဝတ္ရံုလက္ျဖင့္ ပင့္သုတ္လိုက္သည္။ ေနရာကေန ထြက္သြား ရွာခ်င္ေပမယ့္ သူ ဘယ္ေနရာကိုမွမသိပါ။ ေစာေစာက လာခဲ့သၫ့္ ကုမၸဏီ ကိုလည္း မမွတ္မိေတာ့.။ေလ်ွာက္သြားရွာခ်င္ ေပမယ့္ ဒီထက္ပိုလမ္းမွား ေလ်ွာက္မိမွာစိုးသည္။ သစ္ပင္နားက ခံုတန္းရွည္ေလးမွာသာ ၿငိမ္ၿငိမ္ေလးထိုင္ရင္း က်က်လာသၫ့္ မ်က္ရည္ေတြကို သုတ္ပစ္လိုက္ရသည္။

ကိုကို ျပန္လာေခၚလိုေခၚျငား…

*************
#With Heart
Just A Dreamer




Continue Reading

You'll Also Like

128K 8.3K 37
Myanmar Boyslove Own Creation Village Unicode & Zawgyi
87.2K 4.6K 38
Zawgyi အခ်စ္နဲ႔အတၱလြန္ဆြဲလာတဲ့အခါ ေနာက္ဆံုးမွာ ဘယ္အရာက အနုိင္ရမလဲ Chel Unicode အချစ်နဲ့အတ္တလွန်ဆွဲလာတဲ့အခါ နောက်ဆုံးမှာ ဘယ်အရာက အနိုင်ရမလဲ Chel
352K 17.3K 46
အို​ကေ ဘယ်​သူက​ရေခဲတုံး ဘယ်​သူကမီးတောက်လဲ ​စောင့်​ကြည့်​ပေးကြပါဦး
77.9K 10.9K 46
Sithara Raghuvaran, a 21 year old girl who is broken, scared and struggling hard to get used to the new world which looks straight opposite to the wo...