Episode-9
“ဟိုကောင်လေး ရော”
“နေ့လည်က စွပ်ပြုတ်နဲ့ဆေးသောက်ပြီးကတည်း အပေါ်တက်သွားတာပဲ။ အဒေါ်ကြီး တက်သွားကြည့်သေးတုန်းက တော့ အိပ်ပျော်နေတယ်။ဟိုလေ. အကိုလေး ပြောခိုင်းတဲ့စကားကိုပြောတုန်းက ကလေးက ငိုတယ်။မျက်ရည်တွေကျပြီး စွပ်ပြုတ်လေးကုန်အောင်သောက်သွားရှာပါတယ်။”
အဒေါ်ကြီးကစိတ်မကောင်းသလိုပြောတော့ ချန်းယောလ် မျက်မှောင်တွန့်ကုတ်သွားရသည်။မဟုတ်ရင် မသောက်မှာစိုးလို့ ဒီတိုင်းပြောခဲ့တာ။အ်ိမ်မှာ ဘယ်သူမှလည်းမရှိသည့်အချိန် ဘတ်ဟျွန်း က စိတ်ထင်တိုင်းနေမှာစိုးလို့လေ။ ဘာပဲဖြစ်ဖြစ် ချန်းယောလ်တို့အိမ်မှာရှိနေတုန်းတော့ အေးအေးချမ်းချမ်းပဲဖြစ်စေချင်သည်မလား။
“ကျွန်တော် တက်သွားလိုက်ဦးမယ်.”
ချန်းယောလ် အပေါ်ထပ်အခန်းထိ တက်လာတော့ ဘတ်ဟျွန်းကို သူ့အခန်းထဲမှာမတွေ့။ရေချိူးခန်းထဲ ဝင်ရှာတော့လည်းမရှိ သည်မို့ ချန်းယောလ် အိပ်ခန်းဘက် ပြန်လာခဲ့လိုက်သည်။ထင်သည့်အတိုင်း သခင်လေး ဘတ်ဟျွန်းက ချန်းယောလ် ကုတင်ပေါ် တွင် ပုံ့ပုံကလေး။စောင်လည်းမခြုံဘဲ အခတ်းတံခါးဘက်ကိုကျောပေးကာ ကွေးကွေးလေးအိပ်နေခြင်းဖြစ်သည်။
“ဘတ်ဟျွန်း--”
လန့်သွားမည်စိုးကာ ခပ်တိုးတိုးအသံပြုရင်းချဉ်းကပ်လာခဲ့သည်။တစ်ဖက်နေ မျက်နှာလေးကိုသွားကြည့်အထိ ဘတ်ဟျွန်းက မျက်လုံးတွေ ပွင့်မလာ။
“ဘတ်ဟျွန်း..ညနေစောင်းတော့မယ်။ပိုဖျားလိမ့်မယ်..ထတော့..။”
ပါးပြင်ကို အနည်းငယ်လှုပ်နိုးတော့မှ မျက်လုံးတွေပွင့်လာသည်။ကိုယ်ပူလည်းကျသွားပြီမို့တော့စိတ်အေးရ၏။သူ့ကိုမြင်တော့ လက်ခနဲဖြစ်သွားသည့်မျက်လုံးလေးတွေက ချက်ချင်းပြန်လည် မှိုင်းညှို့ကာ ချန်းယောလ်ကိုမမြင်ရအောင် တစ်ဖက်ခြမ်းကို လှည့်သည်။
ဒါက စိတ်ကောက်တာလား။ သူ့ကိုထားခဲ့လို့.။
“ဘတ်ဟျွန်း.ဘာဖြစ်တာလဲ.ထတော့လို့ ပြောနေတယ်လေ.”
“ဘာလဲ..ထဖို့ အိပ်ဖို့တောင် ကိုယ့်သဘောနဲ့ကိုယ်မဖြစ်ဘူးလား။နှင်ချဖို့ပြောဦးမှာပဲလား။”
လှဲအိပ်နေရာက ချက်ချင်းထထိုင်လျက် ရန်တွေ့လာသည့် ဘတ်ဟျွန်း မျက်လုံးတွေက မျက်ရည်တွေဝိုင်းခနဲ။ဒီကြားထဲ ပြိုလဲကျနေသည့် ဆံနွယ်ရှည်တို့ကြောင့်စိတ်ဆိုးနေသည့် မင်းသမီးလေး နှင့်ပိုတူနေကာ ချန်းယောလ် ရယ်ချင်မိသွားသလို ရယ်သံလည်း ထွက်သွားရသည်။
“ခုကျွန်တော့်ကိုလှောင်နေပြီပေါ့..”
ရှိုက်သံထွက်လာသလို စောစောက ပြိုလုဆဲဆဲမျက်ရည်တွေက ပါးပြင်ပေါ် ပြေးဆင်းလာကြတော့သည်။နဂိုကမကြည်သည့် ဓါတ်ခံတွေက လောလောဆယ် ဘယ်ရောက်ကုန်သည်မသိ.။ချန်းယောလ်ရယ်မောနေရင်းကနေ ကုတင်ပေါ် ထိုင်လိုက်ပြီး ဘတ်ဟျွန်း ကို သိမ်းပွေ့ထားလိုက်သည်။အဘယ်ကြောင့်ရယ်မသိ.ခုတော့ မျက်စိရှေ့က အသည်းယားစရာကောင်းနေသည့် မင်းသားလေးကို ချန်းယောလ် ဖက်ထားချင်မိသည်။
အင်း ကလေးတွေကိုအသည်းယားသလိုမျိူးပေါ့.
“ပြောတော့ နိုးတဲ့ထိစောင့်ပေးမယ်ဆိုပြီး။ ကိုကိုချန်းယောလ် က ကတိမတည်ဘူး။”
ဘတ်ဟျွန်းသည် ချန်းယောလ်ကို တွန်းထုတ်မလာသည့်အပြင် ခါးကိုပါ ကျစ်ကျစ်ပါအောင် ဖက်လာသေးသည်။
“တိတ်တော့..ငါက ကောင်မလေးနဲ့သွားတွေ့ရတာမို့ပါ။ သူ့ကို ငါနဲ့အပြိုင်လိုက်နေတဲ့ကောင် ရှိတော့ နောက်ကျကျန်နေခဲ့လို့မဖြစ်လို့လေ.။ခု ငါ့ကိုအခွင့်အရေးပေးတုန်း ငါက ယူထားရမှာမလား”
“ဟင်-ဒါဆို ကျွန်တော်က မရီး ရတော့မှာလား။ကျွန်တော့်အကိုတော်ရဲ့လက်ထပ် ပွဲကျင်းပမှာတောင် ကျွန်တော်က မတက်လိုက်ရဘူး။ကိုကိုချန်းယောလ် လက်ထပ်ပွဲတော့ ကျွန်တော် တက်မှာနော်.”
“အဟွန်း--ပြောတဲ့အတိုင်းဖြစ်ပါစေဗျာ.လာ--အောက်မှာ တစ်ခုခုစားမလား။ ထမင်းတော့မဖြစ်တာမို့ စွပ်ပြုတ်ပဲဖြစ်ဖြစ်..ဆန်ပြုတ်လေးပဲဖြစ်ဖြစ်.”
ချန်းယောလ် ကုတင်ပေါ်မှဆင်းကာ ဘတ်ဟျွန်းကို လက်ကမ်းပေးတော့ လက်သွယ်သွယ်လေးက ချန်းယောလ် လက်ဖဝါးထဲ ရောက်ရှိလာသည်။ ကုတင်ပေါ်မှလည်းဆင်းကာ ချန်းယောလ် လက်ဆွဲသည့်နောက်လိုက်လာ၏။
“ခဏနေ.. ကျွန်တော့်ဆံပင်.”
“အာ.. အဲ့ဒါကြောင့် ဖြတ်ပစ်လိုက်လို့ပြောတာ.။ဒီလိုဆံပင်အရှည်ကြီးနဲ့ ရှုပ်တယ်လေ.”
“ဟင့်အင်း-”
ဒါတော့ အသည်းအသန်ငြင်းသည်မို့ ဘတ်ဟျွန်းထက် ခေါင်းတစ်လုံးနီးပါးပိုမြင့်သည့် ချန်းယောလ်ကပဲ အနောက်ကနေ ဘတ်ဟျွန်း ဆံနွယ်တို့ကိုသိမ်းယူလျက် ဖဲကြိုးလေးဖြင့် ဖွဖွလေးချည်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်..ကိုကိုချန်းယောလ်.”
ဒီနေ့ ချန်းယောလ်က စိတ်ကြည်နေပုံရသည်။ နေ့လည်က ဘတ်ဟျွန်းကို ထားခဲ့ပေမယ့် ခုတော့ တော်တော်လေး စိတ်ပျော်နေ ပုံရကာ ဘတ်ဟျွန်းကိုတောင် ဂရုတစိုက်ဖြင့် ထမင်းစားခန်းထဲ ထိ ဦးဆောင်ခေါ်သွားသေးသည်။ အဒေါ်ကြီးက ဒီတစ်ခါ ဆန်ပြုတ်လေးလုပ်ပေးသည်ကို ဘတ်ဟျွန်း မစားချင်ပေမယ့် ချန်းယောလ် စိတ်ကြည်နေတာမို့ ဘတ်ဟျွန်း မငြင်းချင်။ ကိုယ်တိုင် ဇွန်း တပ်ပေးနေသည့် ချန်းယောလ်က မျက်နှာကပြုံးမြမြဖြင့်.
“ဒါနဲ့ ကိုကို..ကျွန်တော် တကယ်ပဲမရီး ရတော့မယ်ဆို. မရီးလောင်းကိုပေးတွေ့ပါလား။ကိုကို ချစ်ရသူကို ကျွန်တော် လည်းတွေ့ချင်လို့လေ.”
“အင်း ..နောက် နေ့ကျ တွေ့ပေးမယ်.ဟန်ဘီက မင်းကို တစ်ခါကလပ်မှာဖြတ်ခနဲတော့မြင်ဖူးလိုက်ပေမယ့် မှတ်မိမှာမဟုတ်ဘူး။”
ဟန်ဘီက ဒီနေ့ ချန်းယောလ်ကို အများကြီး မျက်နှာသာပေးခဲ့သည်။ဂန်ထယ်ဟိုနှင့် တမင်ပဲလား အမှတ်မထင်လား မသိပေမယ့် ချန်းယောလ်တို့ စားသောက်ဆိုင်မှာ ဆုံသည်။ ဂန်ထယ်ဟို မျက်နှာကသုန်မှုန်နေသလို ဟန်ဘီက လည်း အရေး မစိုက်.။ချန်းယောလ်နှင့်လာတာမို့ နောက်တစ်ခါမှတွေ့ကြတာပေါ့ ဆိုကာ ချန်းယောလ်ဘက်သိသိသာသာပင် လိုက်လျောပြီး ချန်းယောလ်နှင့်လိုက်ခဲ့သည်မို့။
“သြော်--မင်းသားလေး က နေကောင်းနေပြီပဲ ။”
ဒေါ်လေးဟယ်ရီက အပြင်ကပြန်လာပြီး လက်ဆွဲအိတ်ကို စားပွဲပေါ်တင်လျက် လက်အရင်သွားဆေးသည်။ ချန်းယောလ်တို့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ကာ
“အဒေါ်ကြီး..ကျွန်မကို လီမွန်အေးအေးလေးတစ်ခွက်လောက်..ဒါနဲ့ ချန်းယောလ်လီ. ဒေါ်လေး ဒီဇိုင်းကိစ္စက အဆင်ပြေသွားပြီ သိလား။ကျေးဇူးပဲနော်.”
“အထွေအထူးမဟုတ်ပါဘူး။ အဆင်ပြေရင်ပြီးတာပါပဲ.”
“ဘာပဲဖြစ်ဖြစ် ကျေးဇူးပါပဲ.။ဒါနဲ့ ဒီကောင်လေး ဘယ်လိုလုပ်ကြမလဲ။ချန်းယောလ်လီ ရဲ့ညီလေးတကယ်မှမဟုတ်တာ.။ဒီတိုင်းရှေ့ဆက်မလို့လား။”
ဆန်ပြုတ်သောက်နေသည့် ဘတ်ဟျွန်း လက်တွေတုန့်သွားသည်။ထို့နောက်မျက်မှောင်ကြုံ့ကာ ဒေါ်လေး ဟယ်ရီ ကိုကြည့်လာသည်။
“အဒေါ်ကြီးဟယ်ရီက ဘယ်လိုလုပ်ချင်လို့လဲ။ကျွန်တော်သိရသလောက် ဒီအိမ်မှာ အဒေါ်ကြီးက အဲ့လောက်ထိဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိဘူးမလား။ကျွန်တော်က မေမေ ခေါ်လာတာမို့ မေမေ နှင်ထုတ်မှာ ထွက်သွားမှာပါ။”
“ဘာ! ဒီကောင်လေး-”
ဒေါ်လေးဟယ်ရီ မျက်နှာပျက်သွားသလောက် ဘတ်ဟျွန်း မျက်နှာလေးကခပ်တည်တည်။ ချန်းယောလ် ပြောရင်သာ ဝမ်းနည်းပြီး ငြိမ်ကျသွားတတ်သည့် ဘတ်ဟျွန်းက စ်ိတ်မကောင်းဖြစ်ကာ မျက်ရည်ဝိုင်းလာမည်ထင်တာ။ခုတော့ အဆိုးလေးက ခပ်စွာစွာပါပဲလား။ နှုတ်ခမ်းနားတွင် လက်ခုံထောက်ထားလျက် ချန်းယောလ် ဘာမှဝင်မပြောဘဲ ပြုံးစိစိဖြစ်နေတာကို မနည်းဖုံးကွယ်ထားရသည်။ချန်းယောလ်တောင် ဒေါ်လေးဟယ်ရီ လုပ်ပုံတွေက တစ်ခါတစ်ခါမဟုတ်ပေမယ့် ဒီလိုမျိူး မပြောဖူး။ မပြောရဲတာထက် စိတ်ရှု့ပ်ခံပြီး ပြောမနေချင်တာ။ဒီလိုအပြောခံရတော့ မည်းခနဲဖြစ်သွားသည့် ဒေါ်လေးဟယ်ရီ ကိုကြည့်ရတာ တစ်မျိူးတော့လည်းကောင်းသား။
“ချန်းယောလ်လီ..ဒီတိုင်းပဲကြည့်နေတော့မှာလား။ချန်းယောလ်လီတို့တောင် ဒေါ်လေးကို ဒီလိုတစ်ခါမှပြောဖူးတာမဟုတ်ဘူး။ သွေးမတော်သားမစပ်နဲ့ ဒီကလေးက အိမ်လာပြီးစော်ကားနေတာ။”
“ဘတ်ဟျွန်း.ဒါမျိူးမပြောရဘူးလေ.”
ဒီလိုဆိုတော့ သိပါပြီ လို့ ခပ်တိုးတိုးဆိုသည်။
“နေပါဦး ဘာမှမတော်စပ်မှန်းသိလျက်နဲ့ ချန်းယောလ်လီကို ကိုကိုချန်းယောလ် လို့ခေါ်ပြီး လိုက်တွယ်ကပ်နေတာရော ဘာသဘောလဲ ဘတ်ဟျွန်း”
“ဘာသဘောရှိရမှာလဲ အဒေါ်ကြီးဟယ်ရီရဲ့.။ဘာမှမတော်စပ်လည်း ကိုကို့ကို ကျွန်တော်ကချစ်တယ်လေ.။ဒယ်ဂုံမှာ အကိုတော်ရှိသလို ဒီမှာလည်းကိုကိုချန်းယောလ်ရှိတာမို့ သဘောကျတယ်။ ချစ်တယ်. ဘာဖြစ်လို့လဲ.”
“ချစ်တယ်?”
“ဟုတ်တယ်လေ. ဘာဖြစ်လို့လဲ”
ဒေါ်လေးဟယ်ရီက မျက်နှာကိုရုပ်ဆိုးအောင်မဲ့လျက် ချန်းယောလ် ကိုကြည့်ကာ-
“ချစ်တယ်တဲ့နော် ချန်းယောလ်လီ..ခုခေတ်မှာ က ဘာမဆိုဖြစ်နိုင်နေတာ။ကိုကို--ကိုကိုနဲ့--တစ်ခါတည်းညားသွားဦးမယ်.”
-ဖွီး--
ချန်းယောလ် သောက်နေသည့် ကော်ဖီတွေ ဖူးခနဲပြန်ထွက်လာသည်။ဒေါ်လေးဟယ်ရီကတော့ ဆတ်ကော့ကော့ဖြင့် ထမင်းစားခန်းထဲက ထွက်သွားပြီဖြစ်သည်။ထမင်းချက်အဒေါ်ကြီးက ပါးစပ်ကိုလက်ဖြင့်အုပ်လျက် ခပ်တိုးတိုးရယ်မောနေတာ ချန်းယောလ်ကြည့်လိုက်တော့မှ အရှိ်န်သတ်လျက် ဟိုဟာ ဒီဟာ ရှာလုပ်နေသည်။
“အဆင်ပြေရဲ့လား ကိုကိုချန်းယောလ်.”
“စကားကိုဆင်ခြင်ပြောမှပေါ့ ဘတ်ဟျွန်းရဲ့”
“ဘာလို့လဲ. အမှန်အတိုင်းပြောတာပဲကို။ အဲ့ဒီအဒေါ်ကြီးလျှောက်ပြောတိုင်း နားထောင်စရာလား။ ကျွန်တော်တို့ကသွေးသားမတော်စပ်လည်း ညီအကိုပဲကို ညားစရာလားနော့”
အမှန်ပင်အရိုးခံပြောလာသူကို ချန်းယောလ် ဘာပြန်ပြောရမှန်းမသိ။ချန်းယောလ် အဆင်ပြေမှန်းသိတော့ ဆန်ပြုတ်ကို နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ဆက်စားနေပြန်သည်။
“ကိုကိုချန်းယောလ်. ဆန်ပြုတ်ထပ်ယူရဦးမလား။”
“ဟင် မဝသေးရင် ယူလေ.”
“ဟင့်အင်း ကိုကို ထပ်သောက်ခိုင်းရင်တော့ သောက်မလို့ပါ.။ဆေးသောက်ဖို့ဆို ဒီလောက်စားထားရင် ရပြီမလား.။ကိုကိုချန်းယောလ် ရော.. ထမင်းတစ်ခါတည်းစားလိုက်ပါလား။”
“တိတ်စမ်း။ အေးအေးဆေးဆေးစား..မစားရင် အပေါ်တက်တော့.”
အော်လိုက်တော့ ချန်းယောလ်ကို ဒင်းကလေးက မကျေမနပ်ကြည့်လာသေးသည်။ဒီကိုကိုချင်း ထပ်ခေါ်နေတာ. ဒေါ်လေးဟယ်ရီပြောသွားတာ နားကမထွက်..
ညားသွားရင် ဘယ်လိုလုပ်ကြပါ့.
********
#With Heart
Just A Dreamer
Zawgyi
Episode-9
“ဟိုေကာင္ေလး ေရာ”
“ေန့လည္က စြပ္ျပဳတ္နဲ႔ေဆးေသာက္ၿပီးကတည္း အေပၚတက္သြားတာပဲ။ အေဒၚႀကီး တက္သြားၾကၫ့္ေသးတုန္းက ေတာ့ အိပ္ေပ်ာ္ေနတယ္။ဟိုေလ. အကိုေလး ေျပာခိုင္းတဲ့စကားကိုေျပာတုန္းက ကေလးက ငိုတယ္။မ်က္ရည္ေတြက်ၿပီး စြပ္ျပဳတ္ေလးကုန္ေအာင္ေသာက္သြားရွာပါတယ္။”
အေဒၚႀကီးကစိတ္မေကာင္းသလိုေျပာေတာ့ ခ်န္းေယာလ္ မ်က္ေမွာင္တြန႔္ကုတ္သြားရသည္။မဟုတ္ရင္ မေသာက္မွာစိုးလို႔ ဒီတိုင္းေျပာခဲ့တာ။အ္ိမ္မွာ ဘယ္သူမွလည္းမရိွသၫ့္အခ်ိန္ ဘတ္ဟြၽန္း က စိတ္ထင္တိုင္းေနမွာစိုးလို႔ေလ။ ဘာပဲျဖစ္ျဖစ္ ခ်န္းေယာလ္တို႔အိမ္မွာရိွေနတုန္းေတာ့ ေအးေအးခ်မ္းခ်မ္းပဲျဖစ္ေစခ်င္သည္မလား။
“ကြၽန္ေတာ္ တက္သြားလိုက္ဦးမယ္.”
ခ်န္းေယာလ္ အေပၚထပ္အခန္းထိ တက္လာေတာ့ ဘတ္ဟြၽန္းကို သူ႔အခန္းထဲမွာမေတြ့။ေရခ်ိူးခန္းထဲ ဝင္ရွာေတာ့လည္းမရိွ သည္မို႔ ခ်န္းေယာလ္ အိပ္ခန္းဘက္ ျပန္လာခဲ့လိုက္သည္။ထင္သၫ့္အတိုင္း သခင္ေလး ဘတ္ဟြၽန္းက ခ်န္းေယာလ္ ကုတင္ေပၚ တြင္ ပံု႔ပံုကေလး။ေစာင္လည္းမၿခံဳဘဲ အခတ္းတံခါးဘက္ကိုေက်ာေပးကာ ေကြးေကြးေလးအိပ္ေနျခင္းျဖစ္သည္။
“ဘတ္ဟြၽန္း--”
လန႔္သြားမည္စိုးကာ ခပ္တိုးတိုးအသံျပဳရင္းခ်ဉ္းကပ္လာခဲ့သည္။တစ္ဖက္ေန မ်က္ႏွာေလးကိုသြားၾကၫ့္အထိ ဘတ္ဟြၽန္းက မ်က္လံုးေတြ ပြင့္မလာ။
“ဘတ္ဟြၽန္း..ညေနေစာင္းေတာ့မယ္။ပိုဖ်ားလိမ့္မယ္..ထေတာ့..။”
ပါးျပင္ကို အနည္းငယ္လႈပ္ႏိုးေတာ့မွ မ်က္လံုးေတြပြင့္လာသည္။ကိုယ္ပူလည္းက်သြားၿပီမို႔ေတာ့စိတ္ေအးရ၏။သူ႔ကိုျမင္ေတာ့ လက္ခနဲျဖစ္သြားသၫ့္မ်က္လံုးေလးေတြက ခ်က္ခ်င္းျပန္လည္ မိႈင္းၫွို႔ကာ ခ်န္းေယာလ္ကိုမျမင္ရေအာင္ တစ္ဖက္ျခမ္းကို လွၫ့္သည္။
ဒါက စိတ္ေကာက္တာလား။ သူ႔ကိုထားခဲ့လို႔.။
“ဘတ္ဟြၽန္း.ဘာျဖစ္တာလဲ.ထေတာ့လို႔ ေျပာေနတယ္ေလ.”
“ဘာလဲ..ထဖို႔ အိပ္ဖို႔ေတာင္ ကိုယ့္သေဘာနဲ႔ကိုယ္မျဖစ္ဘူးလား။ႏွင္ခ်ဖို႔ေျပာဦးမွာပဲလား။”
လွဲအိပ္ေနရာက ခ်က္ခ်င္းထထိုင္လ်က္ ရန္ေတြ့လာသၫ့္ ဘတ္ဟြၽန္း မ်က္လံုးေတြက မ်က္ရည္ေတြဝိုင္းခနဲ။ဒီၾကားထဲ ၿပိဳလဲက်ေနသၫ့္ ဆံႏြယ္ရွည္တို႔ေၾကာင့္စိတ္ဆိုးေနသၫ့္ မင္းသမီးေလး ႏွင့္ပိုတူေနကာ ခ်န္းေယာလ္ ရယ္ခ်င္မိသြားသလို ရယ္သံလည္း ထြက္သြားရသည္။
“ခုကြၽန္ေတာ့္ကိုေလွာင္ေနၿပီေပါ့..”
ရိႈက္သံထြက္လာသလို ေစာေစာက ၿပိဳလုဆဲဆဲမ်က္ရည္ေတြက ပါးျပင္ေပၚ ေျပးဆင္းလာၾကေတာ့သည္။နဂိုကမၾကည္သၫ့္ ဓါတ္ခံေတြက ေလာေလာဆယ္ ဘယ္ေရာက္ကုန္သည္မသိ.။ခ်န္းေယာလ္ရယ္ေမာေနရင္းကေန ကုတင္ေပၚ ထိုင္လိုက္ၿပီး ဘတ္ဟြၽန္း ကို သိမ္းေပြ့ထားလိုက္သည္။အဘယ္ေၾကာင့္ရယ္မသိ.ခုေတာ့ မ်က္စိေရ႔ွက အသည္းယားစရာေကာင္းေနသၫ့္ မင္းသားေလးကို ခ်န္းေယာလ္ ဖက္ထားခ်င္မိသည္။
အင္း ကေလးေတြကိုအသည္းယားသလိုမ်ိူးေပါ့.
“ေျပာေတာ့ ႏိုးတဲ့ထိေစာင့္ေပးမယ္ဆိုၿပီး။ ကိုကိုခ်န္းေယာလ္ က ကတိမတည္ဘူး။”
ဘတ္ဟြၽန္းသည္ ခ်န္းေယာလ္ကို တြန္းထုတ္မလာသၫ့္အျပင္ ခါးကိုပါ က်စ္က်စ္ပါေအာင္ ဖက္လာေသးသည္။
“တိတ္ေတာ့..ငါက ေကာင္မေလးနဲ႔သြားေတြ့ရတာမို႔ပါ။ သူ႔ကို ငါနဲ႔အၿပိဳင္လိုက္ေနတဲ့ေကာင္ ရိွေတာ့ ေနာက္က်က်န္ေနခဲ့လို႔မျဖစ္လို႔ေလ.။ခု ငါ့ကိုအခြင့္အေရးေပးတုန္း ငါက ယူထားရမွာမလား”
“ဟင္-ဒါဆို ကြၽန္ေတာ္က မရီး ရေတာ့မွာလား။ကြၽန္ေတာ့္အကိုေတာ္ရဲ့လက္ထပ္ ပြဲက်င္းပမွာေတာင္ ကြၽန္ေတာ္က မတက္လိုက္ရဘူး။ကိုကိုခ်န္းေယာလ္ လက္ထပ္ပြဲေတာ့ ကြၽန္ေတာ္ တက္မွာေနာ္.”
“အဟြန္း--ေျပာတဲ့အတိုင္းျဖစ္ပါေစဗ်ာ.လာ--ေအာက္မွာ တစ္ခုခုစားမလား။ ထမင္းေတာ့မျဖစ္တာမို႔ စြပ္ျပဳတ္ပဲျဖစ္ျဖစ္..ဆန္ျပဳတ္ေလးပဲျဖစ္ျဖစ္.”
ခ်န္းေယာလ္ ကုတင္ေပၚမွဆင္းကာ ဘတ္ဟြၽန္းကို လက္ကမ္းေပးေတာ့ လက္သြယ္သြယ္ေလးက ခ်န္းေယာလ္ လက္ဖဝါးထဲ ေရာက္ရိွလာသည္။ ကုတင္ေပၚမွလည္းဆင္းကာ ခ်န္းေယာလ္ လက္ဆြဲသၫ့္ေနာက္လိုက္လာ၏။
“ခဏေန.. ကြၽန္ေတာ့္ဆံပင္.”
“အာ.. အဲ့ဒါေၾကာင့္ ျဖတ္ပစ္လိုက္လို႔ေျပာတာ.။ဒီလိုဆံပင္အရွည္ႀကီးနဲ႔ ရႈပ္တယ္ေလ.”
“ဟင့္အင္း-”
ဒါေတာ့ အသည္းအသန္ျငင္းသည္မို႔ ဘတ္ဟြၽန္းထက္ ေခါင္းတစ္လံုးနီးပါးပိုျမင့္သၫ့္ ခ်န္းေယာလ္ကပဲ အေနာက္ကေန ဘတ္ဟြၽန္း ဆံႏြယ္တို႔ကိုသိမ္းယူလ်က္ ဖဲႀကိဳးေလးျဖင့္ ဖြဖြေလးခ်ည္ေပးလိုက္သည္။
“ေက်းဇူးတင္ပါတယ္..ကိုကိုခ်န္းေယာလ္.”
ဒီေန့ ခ်န္းေယာလ္က စိတ္ၾကည္ေနပံုရသည္။ ေန့လည္က ဘတ္ဟြၽန္းကို ထားခဲ့ေပမယ့္ ခုေတာ့ ေတာ္ေတာ္ေလး စိတ္ေပ်ာ္ေန ပံုရကာ ဘတ္ဟြၽန္းကိုေတာင္ ဂရုတစိုက္ျဖင့္ ထမင္းစားခန္းထဲ ထိ ဦးေဆာင္ေခၚသြားေသးသည္။ အေဒၚႀကီးက ဒီတစ္ခါ ဆန္ျပဳတ္ေလးလုပ္ေပးသည္ကို ဘတ္ဟြၽန္း မစားခ်င္ေပမယ့္ ခ်န္းေယာလ္ စိတ္ၾကည္ေနတာမို႔ ဘတ္ဟြၽန္း မျငင္းခ်င္။ ကိုယ္တိုင္ ဇြန္း တပ္ေပးေနသၫ့္ ခ်န္းေယာလ္က မ်က္ႏွာကၿပံဳးျမျမျဖင့္.
“ဒါနဲ႔ ကိုကို..ကြၽန္ေတာ္ တကယ္ပဲမရီး ရေတာ့မယ္ဆို. မရီးေလာင္းကိုေပးေတြ့ပါလား။ကိုကို ခ်စ္ရသူကို ကြၽန္ေတာ္ လည္းေတြ့ခ်င္လို႔ေလ.”
“အင္း ..ေနာက္ ေန့က် ေတြ့ေပးမယ္.ဟန္ဘီက မင္းကို တစ္ခါကလပ္မွာျဖတ္ခနဲေတာ့ျမင္ဖူးလိုက္ေပမယ့္ မွတ္မိမွာမဟုတ္ဘူး။”
ဟန္ဘီက ဒီေန့ ခ်န္းေယာလ္ကို အမ်ားႀကီး မ်က္ႏွာသာေပးခဲ့သည္။ဂန္ထယ္ဟိုႏွင့္ တမင္ပဲလား အမွတ္မထင္လား မသိေပမယ့္ ခ်န္းေယာလ္တို႔ စားေသာက္ဆိုင္မွာ ဆံုသည္။ ဂန္ထယ္ဟို မ်က္ႏွာကသုန္မႈန္ေနသလို ဟန္ဘီက လည္း အေရး မစိုက္.။ခ်န္းေယာလ္ႏွင့္လာတာမို႔ ေနာက္တစ္ခါမွေတြ့ၾကတာေပါ့ ဆိုကာ ခ်န္းေယာလ္ဘက္သိသိသာသာပင္ လိုက္ေလ်ာၿပီး ခ်န္းေယာလ္ႏွင့္လိုက္ခဲ့သည္မို႔။
“ေၾသာ္--မင္းသားေလး က ေနေကာင္းေနၿပီပဲ ။”
ေဒၚေလးဟယ္ရီက အျပင္ကျပန္လာၿပီး လက္ဆြဲအိတ္ကို စားပြဲေပၚတင္လ်က္ လက္အရင္သြားေဆးသည္။ ခ်န္းေယာလ္တို႔မ်က္ႏွာခ်င္းဆိုင္မွာဝင္ထိုင္လိုက္ကာ
“အေဒၚႀကီး..ကြၽန္မကို လီမြန္ေအးေအးေလးတစ္ခြက္ေလာက္..ဒါနဲ႔ ခ်န္းေယာလ္လီ. ေဒၚေလး ဒီဇိုင္းကိစၥက အဆင္ေျပသြားၿပီ သိလား။ေက်းဇူးပဲေနာ္.”
“အေထြအထူးမဟုတ္ပါဘူး။ အဆင္ေျပရင္ၿပီးတာပါပဲ.”
“ဘာပဲျဖစ္ျဖစ္ ေက်းဇူးပါပဲ.။ဒါနဲ႔ ဒီေကာင္ေလး ဘယ္လိုလုပ္ၾကမလဲ။ခ်န္းေယာလ္လီ ရဲ့ညီေလးတကယ္မွမဟုတ္တာ.။ဒီတိုင္းေရ႔ွဆက္မလို႔လား။”
ဆန္ျပဳတ္ေသာက္ေနသၫ့္ ဘတ္ဟြၽန္း လက္ေတြတုန႔္သြားသည္။ထို႔ေနာက္မ်က္ေမွာင္ႀကံဳ႔ကာ ေဒၚေလး ဟယ္ရီ ကိုၾကၫ့္လာသည္။
“အေဒၚႀကီးဟယ္ရီက ဘယ္လိုလုပ္ခ်င္လို႔လဲ။ကြၽန္ေတာ္သိရသေလာက္ ဒီအိမ္မွာ အေဒၚႀကီးက အဲ့ေလာက္ထိဝင္ေရာက္စြက္ဖက္ပိုင္ခြင့္မရိွဘူးမလား။ကြၽန္ေတာ္က ေမေမ ေခၚလာတာမို႔ ေမေမ ႏွင္ထုတ္မွာ ထြက္သြားမွာပါ။”
“ဘာ! ဒီေကာင္ေလး-”
ေဒၚေလးဟယ္ရီ မ်က္ႏွာပ်က္သြားသေလာက္ ဘတ္ဟြၽန္း မ်က္ႏွာေလးကခပ္တည္တည္။ ခ်န္းေယာလ္ ေျပာရင္သာ ဝမ္းနည္းၿပီး ၿငိမ္က်သြားတတ္သၫ့္ ဘတ္ဟြၽန္းက စ္ိတ္မေကာင္းျဖစ္ကာ မ်က္ရည္ဝိုင္းလာမည္ထင္တာ။ခုေတာ့ အဆိုးေလးက ခပ္စြာစြာပါပဲလား။ ႏႈတ္ခမ္းနားတြင္ လက္ခံုေထာက္ထားလ်က္ ခ်န္းေယာလ္ ဘာမွဝင္မေျပာဘဲ ၿပံဳးစိစိျဖစ္ေနတာကို မနည္းဖံုးကြယ္ထားရသည္။ခ်န္းေယာလ္ေတာင္ ေဒၚေလးဟယ္ရီ လုပ္ပံုေတြက တစ္ခါတစ္ခါမဟုတ္ေပမယ့္ ဒီလိုမ်ိူး မေျပာဖူး။ မေျပာရဲတာထက္ စိတ္ရႈ႔ပ္ခံၿပီး ေျပာမေနခ်င္တာ။ဒီလိုအေျပာခံရေတာ့ မည္းခနဲျဖစ္သြားသၫ့္ ေဒၚေလးဟယ္ရီ ကိုၾကၫ့္ရတာ တစ္မ်ိူးေတာ့လည္းေကာင္းသား။
“ခ်န္းေယာလ္လီ..ဒီတိုင္းပဲၾကၫ့္ေနေတာ့မွာလား။ခ်န္းေယာလ္လီတို႔ေတာင္ ေဒၚေလးကို ဒီလိုတစ္ခါမွေျပာဖူးတာမဟုတ္ဘူး။ ေသြးမေတာ္သားမစပ္နဲ႔ ဒီကေလးက အိမ္လာၿပီးေစာ္ကားေနတာ။”
“ဘတ္ဟြၽန္း.ဒါမ်ိူးမေျပာရဘူးေလ.”
ဒီလိုဆိုေတာ့ သိပါၿပီ လို႔ ခပ္တိုးတိုးဆိုသည္။
“ေနပါဦး ဘာမွမေတာ္စပ္မွန္းသိလ်က္နဲ႔ ခ်န္းေယာလ္လီကို ကိုကိုခ်န္းေယာလ္ လို႔ေခၚၿပီး လိုက္တြယ္ကပ္ေနတာေရာ ဘာသေဘာလဲ ဘတ္ဟြၽန္း”
“ဘာသေဘာရိွရမွာလဲ အေဒၚႀကီးဟယ္ရီရဲ့.။ဘာမွမေတာ္စပ္လည္း ကိုကို႔ကို ကြၽန္ေတာ္ကခ်စ္တယ္ေလ.။ဒယ္ဂံုမွာ အကိုေတာ္ရိွသလို ဒီမွာလည္းကိုကိုခ်န္းေယာလ္ရိွတာမို႔ သေဘာက်တယ္။ ခ်စ္တယ္. ဘာျဖစ္လို႔လဲ.”
“ခ်စ္တယ္?”
“ဟုတ္တယ္ေလ. ဘာျဖစ္လို႔လဲ”
ေဒၚေလးဟယ္ရီက မ်က္ႏွာကိုရုပ္ဆိုးေအာင္မဲ့လ်က္ ခ်န္းေယာလ္ ကိုၾကၫ့္ကာ-
“ခ်စ္တယ္တဲ့ေနာ္ ခ်န္းေယာလ္လီ..ခုေခတ္မွာ က ဘာမဆိုျဖစ္ႏိုင္ေနတာ။ကိုကို--ကိုကိုနဲ႔--တစ္ခါတည္းညားသြားဦးမယ္.”
-ဖြီး--
ခ်န္းေယာလ္ ေသာက္ေနသၫ့္ ေကာ္ဖီေတြ ဖူးခနဲျပန္ထြက္လာသည္။ေဒၚေလးဟယ္ရီကေတာ့ ဆတ္ေကာ့ေကာ့ျဖင့္ ထမင္းစားခန္းထဲက ထြက္သြားၿပီျဖစ္သည္။ထမင္းခ်က္အေဒၚႀကီးက ပါးစပ္ကိုလက္ျဖင့္အုပ္လ်က္ ခပ္တိုးတိုးရယ္ေမာေနတာ ခ်န္းေယာလ္ၾကၫ့္လိုက္ေတာ့မွ အရိွ္န္သတ္လ်က္ ဟိုဟာ ဒီဟာ ရွာလုပ္ေနသည္။
“အဆင္ေျပရဲ့လား ကိုကိုခ်န္းေယာလ္.”
“စကားကိုဆင္ျခင္ေျပာမွေပါ့ ဘတ္ဟြၽန္းရဲ့”
“ဘာလို႔လဲ. အမွန္အတိုင္းေျပာတာပဲကို။ အဲ့ဒီအေဒၚႀကီးေလ်ွာက္ေျပာတိုင္း နားေထာင္စရာလား။ ကြၽန္ေတာ္တို႔ကေသြးသားမေတာ္စပ္လည္း ညီအကိုပဲကို ညားစရာလားေနာ့”
အမွန္ပင္အရိုးခံေျပာလာသူကို ခ်န္းေယာလ္ ဘာျပန္ေျပာရမွန္းမသိ။ခ်န္းေယာလ္ အဆင္ေျပမွန္းသိေတာ့ ဆန္ျပဳတ္ကို ႏႈတ္ခမ္းတလႈပ္လႈပ္ျဖင့္ ဆက္စားေနျပန္သည္။
“ကိုကိုခ်န္းေယာလ္. ဆန္ျပဳတ္ထပ္ယူရဦးမလား။”
“ဟင္ မဝေသးရင္ ယူေလ.”
“ဟင့္အင္း ကိုကို ထပ္ေသာက္ခိုင္းရင္ေတာ့ ေသာက္မလို႔ပါ.။ေဆးေသာက္ဖို႔ဆို ဒီေလာက္စားထားရင္ ရၿပီမလား.။ကိုကိုခ်န္းေယာလ္ ေရာ.. ထမင္းတစ္ခါတည္းစားလိုက္ပါလား။”
“တိတ္စမ္း။ ေအးေအးေဆးေဆးစား..မစားရင္ အေပၚတက္ေတာ့.”
ေအာ္လိုက္ေတာ့ ခ်န္းေယာလ္ကို ဒင္းကေလးက မေက်မနပ္ၾကၫ့္လာေသးသည္။ဒီကိုကိုခ်င္း ထပ္ေခၚေနတာ. ေဒၚေလးဟယ္ရီေျပာသြားတာ နားကမထြက္..
ညားသြားရင္ ဘယ္လိုလုပ္ၾကပါ့.
********
#With Heart
Just A Dreamer