Arc_ 10.12 _Joshua
သူ႔အဖြဲ႕သားေတြအကုန္လုံးထုပ္ပိုးၿပီးသြားခ်ိန္မွာ ဂ်ိဳရႈဝါက သူ႕ရဲ႕ရထားလံုးေပၚမွာထိုင္ၿပီး ဘိုဝင္တုိ႕ အဖြဲ႕ကို လွည့္ေတာင္ မႀကည့္ပဲ ေျပာလိုက္တယ္။
" အႏၲရာယ္ကင္းျပီးျဖစ္လို႕ ခင္ဗ်ားတုိ႕လည္း လိုရာကို သြားလို႕ရပါျပီ။ ၿပီ"
နတ္သူငယ္ေတြနဲ႕ သားရဲလူသားေတြက ဂ်ိဳရႈဝါရဲ႕ေဘးကို ေျပးသြားျပီး မ်က္ရည္ျပည့္ေနတဲ့ မ်က္ဝန္းေတြနဲ႕ ႀကည့္ျပီး ေတာင္းပန္ႀကတယ္။
" ေက်းဇူးျပဳျပီး ကြၽႏ္ုပ္တို႔ကို သနားပါ"
" ခင္ဗ်ားတုိ႕ ထြက္သြားႀကေတာ့ "
ဂ်ိဳရႈဝါက သူ႕အဖြဲ႕သားေတြကို စတင္ထြက္ခြာဖို႕ အခ်က္ျပလိုက္တယ္။ နတ္သူငယ္တခ်ိဳ႕က ေျပးလိုက္ျပီးေတာင္းပန္ဖို႕ ျပင္ေပမယ့္ ဘုိဝင္က တားလိုက္တယ္။
" ခဏေစာင့္ႀကဦး။ အလင္းဘုန္းႀကီး ဂ်ိဳရႈဝါ ဝတ္ျပဳခ်ိန္ကို ေစာင့္ႀကစို႕ သူတို႔နဲ႔အတူ ေနာက္ကေန လွ်ိဳ႕ဝွက္လိုက္သြားႀကရေအာင္။"
" မိတ္ေဆြပုပ္ရဟန္းမင္းႀကီး ခင္ဗ်ားဖာသာပဲ ဗဟုိဘုရားေက်ာငး္ကို ျပနလိုက္ပါေတာ့။ ကြ်န္ေတာ္တို႕ လိုက္ပို႕ေပးနုိင္ေတာ့မွာ မဟုတ္ဘူး " ထို႔ေနာက္သူသည္ပုပ္ရဟန္းမင္းႀကီးထံလွည့ ္ေျပာလိုက္တယ္။
"ဘာလို႔လဲ။ မင္း ငါ့ရဲ႕လက္ရွိအေျခအေနကို သိတယ္မဟုတ္လား။ ငါ့မွာ နတ္သူငယ္ေတာအုပ္ကေန စိတ္ခ်လက္ခ် ထြက္သြားႏိုင္တဲ့ လူအင္အားလည္း မရွိဘူး။ "
ပုပ္ရဟန္းမင္းႀကီးေအာ္ေျပာလိုက္တယ္။ သူ႕မွာ အလင္းဘုန္းႀကီးတစ္ ဦး ႏွင့္ ရဲမတ္နွစ္ ဦး သာရွိသည္။ သူတိုက အျပင္းထန္ ဒဏ္ရာရရွိခဲ့ေသးတယ္။ သူကိုယ္တုိင္မွာ ကိုယ္တုိင္ကာကြယ္နုိင္ဖို႕ အလင္းစြမ္းအင္လည္း မရွိသလို သူမ်ားကိုလည္း မကာကြယ္ေပးနုိင္ဘူး။
" ငါတို႔မွာ အေရးတႀကီးလိုအပ္တဲ့အရာတစ္ခုရွိတယ္။ မိတ္ေဆြႀကီး မင္းရဲ႕ေ႐ြးခ်ယ္မႈအတြက္ ျပန္ေပးဆပ္ရေတာ့မယ္။ ခမည္းေတာ္က ငါတို႔ကို ေကာင္းကင္ကေန ငုံ႔ၾကည့္ေနတယ္၊ "
ဒီစကားအဆံုး ဘိုဝင္က သူ႕လူမ်ားႏွင့္အတူေတာတြင္းထဲ ကို လ်င္ျမန္စြာ ဝင္ေရာက္ေပ်ာက္ကြယ္သြားၿပီးေဒါသထြက္ေနတဲ့ ပုပ္ရဟန္းမင္းကို ခ်န္ထားရစ္ေတာ့တယ္။
ပုပ္ရဟန္းမင္းႀကီးက မတ္တပ္ရပ္ၿပီး အခ်ိန္အေတာ္ၾကာ ေႀကြးေၾကာ္ခဲ့ေပမယ့္ ဘုိဝင္နဲ႕ အျခားသူေတြ ျပန္လွည့္မလာခဲ့လို႕ ေနာက္ဆံုး သူအရႈံးေပးလိုက္တယ္။ သူက ဘာမွမေျပာေပမယ့္ သူ႕မ်က္ဝန္းေတြက မေကာင္းတဲ့အရိပ္ေတြနဲ႕ျပည့္လို႕ေနတယ္။ သူ႕ရဲ႕
သစၥာရွိတပည့္ သုံး ဦးက ျပင္းထန္စြာဒဏ္ရာရရွိၿပီးေျမျပင္ေပၚမွာ အနားယူေနတယ္။ သူက သားေကာင္ကို ေခ်ာင္းေနတဲ့ ေျမြလို သူ႕တပည့္ေတြကို စိုက္ႀကည့္ေနတယ္။ သူတုိ႕က မေကာင္းတဲ့ နိမိတ္လကၡဏာကိုသတိျပဳမိလုတဲ့အခါ ပုပ္ရဟန္းမင္းက လ်င္ျမန္စြာ ခ်ည္းကပ္သြားၿပီး သူတို႔လည္ပင္းကို ထက္တဲ့ ဓားေျမွာင္နဲ႕ လွီးလိုက္တယ္။
ေျမတျပင္လုံး တာက္ပတဲ့ ေသြးနီနီေတြနဲ႕ ပက္ျဖန္းလိုက္ျပီး မၾကာမီနတ္ဆိုးသားရဲမ်ားႏွင့္နတ္ဆိုးသစ္ပင္ေတြက ေသြးနံ႕ကို ခံျပီး သူရွိရာကို ခ်ည္းကပ္လာတယ္။ ဒါေပမယ့္သူက စိတ္မပူခဲ့ဘူး၊ ေသြးေတြနဲ႔ေျမျပင္ေပၚမွာ ေမွာ္နက္ စက္ဝိုင္းတစ္ခုကို ေရးဆြဲလိုက္တယ္။ မႀကာခင္ ဒီစက္ဝိုင္းထဲမွာ အနက္ေရာင္ အခုိးေငြ႕ေတြထြက္လာျပီး လူရိပ္တစ္ခုေပၚလာတယ္။ ဒီမီးခိုးက လူပံုစံျဖစ္လာျပီး ေခ်ာေမာလွပတဲ့ ေယာက်္ားတစ္ေယာက္ပံုေပၚလာတယ္။ ဒီလူက ဘိုးလ္ကို ကယ္တင္ျပီး နတ္သူငယ္ေဒသကို လိုက္လာတဲ့ နယ္စားမင္း ဟူးဘတ္ပဲျဖစ္တယ္။
" အံ့ၾသစရာေကာင္းတာက ဗဟိုဘုရားရွိခိုးေက်ာင္းရဲ႕ ပုပ္ရဟန္းမင္းႀကီးကိုယ္တိုင္က ငါ့ကို ဆင့္ေခၚတဲ့သူျဖစ္မယ္လို႔ ဘယ္တုနး္ကမွ မထင္ခဲ့ဘူး!"
ပုပ္ရဟန္းမင္းႀကီးဟာ ဒီလို အႀကည့္ခံရေပမယ့္ ဒါက ရွက္စရာေကာင္းတယ္လို႔မခံစားရဘူး၊ သူ႔စြမ္းအားျပန္ရဖို႔အတြက္ သူဟာဘယ္ေလာက္ေပးဆပ္ရမယ္ဆိုတာကို မသိခဲ့ဘူး။ သူက ဒီလူကို ဦး ၫႊတ္ျပီးတာင္းပန္ခဲ့တယ္။
" အေမွာင္ဘုရင္ကို နူတ္ဆက္ပါတယ္။ ကြ်န္ုပ္ရဲ႕ ဆုေတာင္းစကားကို နားဆင္ေတာ္မူျပီး ျဖည့္ဆည္းေပးေတာ္မူပါ. "
" အမ္....မင္းရဲ႕ ဆုေတာင္းစကားကို သေဘာက်လို႕ ျဖည့္ဆည္းေပးမယ္ဆိုရင္ မင္းက ငါ့ကို ဘာျပန္ေပးမွာလဲ... "
နတ္ဆိုးဘုရင္က စိတ္ဝင္စားစြာစိုက္ႀကည့္ျပီးေမးလိုက္တယ္။
" ကြ်န္ုပ္က အရွင့္ရဲ႕ အေစခံအျဖစ္ ထမ္းေဆာင္ပါ့မယ္။ ကြ်န္ုပ္ရဲ႕ စိတ္ဝိဥာဥ္ကို ေပးအပ္ျပီး အေမွာင္စစ္ပြဲကို အနုိင္ရေအာင္ တိုက္ခုိက္ေပးပါ့မယ္... "
" အုိး...မင္းရဲ႕ကမ္းလွမ္းခ်က္က အေတာ့္ကို ေသြးေဆာင္နုိင္တာပဲ။ ဒါေပမယ့္ နတ္ဘုရားနွစ္ပါးႀကားက ျဖစ္တဲ့ အေမွာင္စစ္ပြဲကို အနုိင္ရေအာင္ လုပ္ေပးနိုင္ဖို႕ စြမ္းရည္ မင္းမွာရွီတယ္လို႕မ်ား ယံုႀကည္ေနတာလား။ "
ဒီလူက ခပ္တုိးတိုးရယ္ေမာလိုက္တယ္။ တကယ္ေတာ့ ရွည္လ်ားတဲ့ သက္တမ္းကို ပ်င္းရိလြန္းလို႕ သူတို႕က အပ်င္းေျပ တုိက္ခိုက္ေနႀကတဲ့ ေနရာမွာ နတ္ဘုရားနွစ္ပါးက ကစားရံုသက္သက္ တိုက္ေနတယ္ဆိုတာ သူတို႕ ဘယ္လိုလုပ္ သိနုိင္ပါ့မလဲ။
ပုပ္ရဟန္းမင္းႀကီးက ဒီအစီစဥ္ အလုပ္မျဖစ္ေတာ့ သူ႕ရဲ႕သီးသန္႕အစီစဥ္ကို တင္ျပလိုက္တယ္။ ဒီအစီစဥ္ကို ႀကားေတာ့ နတ္ဆိုးဘုရင္ႀကီးေတာင္ ပုပ္ရဟန္းမင္းႀကီးကို အထင္တႀကီး ႀကည့္လိုက္မိတယ္။ သူကနတ္ဆိုးဘုရင္ဆီက ေလးစားမႈကို ခံလိုက္ရတယ္လို႕ ခံစားလိုက္ရတယ္။
သူ႕အစီစဥ္ကေတာ့ သူက ဂိ်ဳရႈဝါရဲ႕ကိုယ္ထဲ ဝိဥာဥ္လွဲလွယ္လိုက္မယ္။ ျပီးေတာ့ ဒီတုိက္ႀကီးမွာ အင္အားအႀကီးဆံု းပုပ္ရဟန္းမင္းႀကီးရာထူးကို ဆက္ခံမယ္။ ျပီးေတာ့ အလင္းနတ္ဘုရားက သူ႕ကို ေကာင္းကင္ဘံုကို ေခၚသြားတဲ့အခါ အသာေလး လိုက္သြားျပီး သူ႕ဖာသာ လြတ္လပ္စြာ သြားလာခြင့္ရခ်ိန္မွာ အလင္းနတ္ဘုရားကို လုပ္ႀကံသတ္ျဖတ္လိုက္မယ္။
နတ္ဆိုးဘုရင္ႀကီးက လက္ခုတ္လက္ဝါးတီးျပီး ေက်နပ္စြာ ခ်ီးက်ဴးေျပာဆိုလိုက္တယ္။
" အုိး...ခင္ဗ်ားက တကယ့္ကို ဥာဏ္ႀကီးရွင္ပဲ။ အလင္းနတ္ဘုရားက အရင္တုန္းက ခင္ဗ်ားကို တန္ဖိုးထားဆက္ဆံခဲ့တာ အလကား မဟုတ္ဘူးပဲ။ ခင္ဗ်ားက နတ္ဆိုးေက်ာင္းေတာ္မွာ နတ္ဆိုးဘုန္းႀကီး မျဖစ္တာ နွေမ်ာစရာပဲ... "
" ကြ်န္ေတာ္ တကယ္ကို နတ္ဆိုးဘုနး္ႀကီးျဖစ္ခ်င္ပါတယ္... "
" မင္းရဲ႕ဝိဥာဥ္ ငါ့ကို ေပးပါ။ မင္းကို ဂ်ိဳရႈဝါရဲ႕ကိုယ္ထဲ ထည့္ေပးလိုက္မယ္။ "
နတ္ဆိုးဘုရင္ႀကီးက လက္ဆန္႕တန္းျပီး ေျပာလိုက္တယ္။ ပုပ္ရဟန္းမင္းႀကီးက ဒူးေထာက္လိုက္ျပီး သူ႕ေခါင္းကို ကာကြယ္ျခင္းမရွိပဲ ထိကို္င္ခြင့္ေပးလိုက္တယ္။ ပုပ္ရဟန္းမင္းရဲ႕စိတ္ဝိဥာဥ္က အနက္ေရာင္ျဖစ္ၿပီး ညစ္ညမ္းတဲ့ မေကာင္းတဲ့ အႀကံအစည္ေတြနဲ႕ျပည့္ေနျပီး ရည္မွန္းခ်က္ႀကီးေသာဆႏၵမ်ားက အျပည့္ေနရာယူထားတယ္။ သူ႕ရဲ႕ကိုယ္က်င့္တရား ပ်က္ျပားမႈနဲ႕ အက်င့္ပ်က္ျခစားျခင္းက နတ္ဆိုးဘုရင္နဲ႕ေတာင္ နိႈင္းယွဥ္လို႕ရေလာက္တယ္။ နတ္ဆိုးဘုရင္က ဒီအရာကို အံ့ႀသတႀကီးႀကည့္ျပီး ပုတီးေစ့အျဖစ္ကို ေျပာင္းလိုက္တယ္။ နတ္ဆိုးဘုရင္က သူ႕ဝိဥာဥ္ကို စုပ္ယူျပီး ဝိဥာဥ္ပုတီးေစ့ထဲ ထည့္လုိက္တယ္။
ပုပ္ရဟန္းမင္းထင္တာက သူက ဒီပုတီးေစ့ထဲ ခဏပဲေနရျပီး မႀကာခင္ သန္မာတဲ့ ဂ်ိဳရႈဝါရဲ႕ကို္ယ္ထဲေရာက္မယ္ေပါ့။ တကယ္ေတာ့ ဒီပုတီးေစ့ထဲေရာက္တာနဲ႕ သူ႕ဝိဥာဥ္က ျပင္းထန္တဲ့ ငရဲမီးနဲ႕ေလာင္ကြ်မး္ခံရေတာ့တယ္။ သူက ေသပါရေစလို႕ေအာ္ဟစ္ငိုေႀကြးရတဲ့ အထိေဝဒနာခံစားေနရတယ္။
"ကြ်န္ုပ္ကို ထြက္ခြင့္ျပဳပါ။ အေမွာင္နတ္ဘုရား ခင္ဗ်ားက ကိုယ္ေျပာတဲ့စကားကို သစၥာေဖာက္ခဲ့တယ္။ ကြ်န္ုပ္ကိုကူညီတာဟာ ခင္ဗ်ားကို ကူညီတာနဲ႕အတူတူပဲ။ ဒါေတာင္ ဒီလိုလုပ္တာ ခင္ဗ်ားရဲ႕ ဦး ေႏွာက္ပ်က္သြားၿပီလား?"
"စိတ္မေကာင္းပါဘူး, နတ္ဆိုးေတြက သမာဓိကဲ့သို႔ေသာအရာ မရွိပါဘူး "
ထိုလူက သူ႕ရဲ႕ ဦး ေခါင္းကိုကုတ္လိုက္ၿပီး အကူအညီကင္းမဲ့စြာ ဖြင့္ေျပာလိုက္သည္။
"ငါ မင္းကိုေျပာျပဖို႕ ေမ့သြားမိတယ္။ ငါကအေမွာင္နတ္ဘုရားျဖစ္ေပမယ့္လည္း ငါ့ရဲ႕အထက္မွာ ဖ်က္ဆီးျခင္းနတ္ဘုရားရွိတယ္။ ငါ့ သခင္ကို ငါျပန္ေျပာရအံုးမယ္။ သူက ငါ့ထက္ အင္အားႀကီးတယ္၊ ငါသူ႕ကို ေက်ာ္လြန္လို႕မရဘူး "
ထိုလူက အနက္ေရာင္အခိုးအေငြ႕အျဖစ္ ေပ်ာက္ကြယ္သြားၿပီး အေလာင္း ၄ ေလာင္းကိုသာ ေတာအုပ္ထဲမွာ ခ်န္ထားခဲ့တယ္။
ဘိုဝင္က ဂ်ိဳရႈဝါရဲ႕ ယာဥ္တန္းေနာက္ကို ေတာက္ေလွ်ာက္လိုက္သြားၿပီး၊ ယာဥ္တန္းက နတ္ဆိုးသားရဲ သို႔မဟုတ္ နတ္ဆိုးအပင္ႏွင့္ေတြ႕တဲ့အခါ သူတို႔က ခ်က္ခ်င္း ေရွ႕ထြက္လာၿပီး ကူညီၾတတယ္။ ဆာဂါစစ္သည္ေတာ္ေတြက ဂ်ိဳရႈဝါရဲ႕ လုံၿခဳံေရးကိုပဲ လုံ႔လဝီရိယရွိစြာ ေစာင့္ေရွာက္ဖို႔ လုပ္ေပးၾကတယ္။ ဒီလို တိုက္ခိုက္ေနစဥ္အတြင္း ဂ်ိဳရႈဝါရဲ႕ မ်က္ဝန္းေတြက သူတို႔ဘက္ကို မၾကာမၾကာၾကည့္ခဲ့ေပမယ့္ ဘာမွ ခံစားခ်က္မပါပဲ အရာဝတၳဳေတြကိုၾကည့္ေနသလိုခံစားခဲ့ရတယ္။ ဘိုဝင္က သူ႔ကိုၾကည့္တိုင္း စိုးရိမ္စိတ္ကို ပိုလာေစတယ္။ ဒါေပမယ့္ သူ႔ဖာသာ ျပန္ၿပီးႏွစ္သိမ့္ေနတယ္။ ေနာက္ဆုံးေတာ့ ဂ်ိဳရႈဝါက ခမည္းေတာ္ရဲ႕႐ုပ္ထုေတာ္ကို ထုတ္ၿပီး လက္မွာဆုပ္ကိုင္လို႔ ဆုေတာင္းျခင္းကို ျပဳလုပ္ေတာ့တယ္။
ဘိုဝင္က သစ္ပင္ထိပ္ဖ်ားမွာရပ္ၿပီး ဂ်ိဳရႈဝါ ဝတ္ျပဳမည့္အခ်ိန္ကို ေစာင့္ေနတယ္။ ေနာက္ဆုံးမွာ ဂ်ိဳရႈဝါရဲ႕ မ်က္လုံးေတြကို ပိတ္ထားၿပီး သူ႔မ်က္ႏွာက ခ်က္ခ်င္း ေအးေဆးၿငိမ္သက္ၿပီး ေအးစက္ေသာ စိတ္ထားေနရာ မွာႏူးညံ့သိမ္ေမြ႕ ေသာစိတ္ျဖင့္အစားထိုးလိုက္တယ္။ ဘိုဝင္က ခ်က္ခ်င္း သစ္ပင္ေပၚကေန ခုန္ဆင္းၿပီး ရထားေဘးမွာ ရပ္စာင့္ေနခဲ့တယ္။ အေစာင့္ေတြက ဂ်ိဳရႈဝါရဲ႕ဆုေတာင္းမႈကို ေႏွာက္ယွက္မွာစိုးလို႔ ဘိုဝင္ကို မ်က္ေျခမျပတ္ စိုက္ၾကည့္ေနေပမယ့္ သူ႔ကိုေတာ့ တားဆီးတာ မလုပ္ၾကဘူး။
က်ိဳးယြင္ရွန႔္က ဆုေတာင္းမႈၿပီးလို႔ သူ႔မ်က္လုံးကို ဖြင့္ၾကည့္လိုက္ခ်ိန္မွာ သူ႔ေရွ႕မွာ ရပ္ေစာင့္ေနတဲ့ ဘိုဝင္ကို ေတြ႕လိုက္ရတယ္။ သူ႔မ်က္ႏွာက ႏူးညံ့ေနၿပီး အၾကင္နာတရားနဲ႔ျပည့္ေနတယ္။ ဂ်ိဳရႈဝါက ၿပဳံးလိုက္ၿပီး ႏူတ္ဆက္လိုက္တယ္။
"အိုး။ မင္း ျပန္လာၿပီလား?"
ႏူးညံ့သိမ္ေမြ႕စြာေဖာ္ျပမႈႏွင့္ ႏူးညံ့တဲ့ ေလသံက ဘိုဝင္ကို စိတ္သက္သာရာ ရသြားေစတယ္။ သူက ဂ်ိဳရႈဝါကို ေတာင္းပန္လိုက္တယ္။
"မင္းကို နတ္သူငယ္နဲ႔သားရဲလူသား ႐ြာကို ဧည့္သည္အျဖစ္ ငါဖိတ္ေခၚခ်င္တယ္။ ဘိုးလ္ကို ကယ္တင္လာခဲ့တဲ့ နယ္စားဟူးဘတ္ကို ကူညီၿပီး အကဲခတ္ေပးေစခ်င္လို႔ပါ။ သူက လူသားမဟုတ္ဘူးလို႔ ငါတို႔ထင္တယ္။ "
" ဘိုးလ္က မင္းတို႔ မ်ိဳးႏြယ္စုပိုင္နက္ထဲမွာ ရွိေနတာလား။ ကြၽန္ေတာ္က ခမည္းေတာ္ ျငင္းပယ္ထားတဲ့ လူေတြနဲ႔ မပတ္သတ္ခ်င္ဘူး။ ၿပီးေတာ့ ခင္ဗ်ားလည္း သူေတာ္စင္အဆင့္ရွိတဲ့ အလင္းဘုန္းႀကီးတစ္ပါးပဲ။ ဘယ္လိုလုပ္ၿပီး နတ္ဆိုးတစ္ေကာင္ကိုေတာင္ မခြဲျခားႏိုင္ရတာလဲ။ ဒီဟာကို ခြဲဖို႔ အလင္းစြမ္းအင္ နည္းနည္းပဲ လိုတဲ့ဟာ..."
" တကယ္လို႔ အဲ့ဒီလူက နတ္ဆိုးဘုရင္ အဆင့္ ဒါမွမဟုတ္ ဒီထက္ျမင့္တဲ့ အဆင့္ျဖစ္ရင္ သူေတာ္စင္အဆင့္ အလင္းဘုန္းႀကီးဆယ္ပါး ရွိရင္ေတာင္ မေျဖရွင္းႏိုင္ေတာ့ဘူး။ မင္းက ငါတို႔နဲ႔မတူဘူး။ မင္းက ဘယ္အလင္းစြမ္းအင္နဲ႔ အေမွာင္စြမ္းအင္ကို မဆို အာ႐ုံခံႏိုင္ ျမင္ႏိုင္တယ္။ ဘယ္အဆင့္ရွိတဲ့ နတ္ဆိုးမဆို မင္းရဲ႕ အျမင္အာ႐ုံကေန မလြတ္ေျမာက္ႏိုင္ဘူး။ "
ဘိုဝင္က အသည္းအသန္ၿပဳံးရင္း ေျပာလိုက္တယ္။ သူတို႔နတ္သူငယ္ေတာရဲ႕ အေတာ္မ်ားမ်ားကို နတ္ဆိုးျမဴဖုံးေနၿပီ။ မၾကာခင္ ေတာျပဳန္းသြားႏိုင္တယ္။ ဒါေၾကာင့္ သူတို႔နယ္ေျမထဲေရာက္ ေနတဲ့သူက ဘာေကာင္လဲဆိုတာ သိဖို႔လိုတယ္။ ဒီေကာင္က ပုံမွန္နတ္ဆိုးဘုရင္ေတာင္ ဟုတ္ခ်င္မွဟုတ္မယ္။
မာန္နတ္နဲ႔ အဆင့္တူတဲ့ နတ္ဆိုးဘုရင္လား။ ဒါမွမဟုတ္ ဒီထက္ ပိုအဆင့္ျမင့္တဲ့ နတ္ဆိုးနတ္ဘုရားလား။ ဘိုးလ္ရဲ႕ ခ်စ္သူေတြထဲက တစ္ေယာက္က နတ္ဆိုးနတ္ဘုရားျဖစ္တယ္။ အခု ဘိုးလ္ကို ကယ္လာတာ အျခားတိုင္းျပည္က နယ္စားဆိုပဲ။ ဒါက အေယာင္ေဆာင္ထားတယ္ဆိုတာ ထင္ရွားေနတာပဲ။
" မင္း သြားလို႔မျဖစ္ဘူး။ ဘိုးလ္နဲ႔သူ႔ခ်စ္သူေတြကေန ေဝးေဝးေနမွျဖစ္မယ္။ "
က်ိဳးယြင္ရွန႔္က အသည္းသန္ အခ်စ္ရႈးရွန႔္ကို တားလိုက္တယ္။ အခ်စ္ရႈးရွန႔္ကလည္း လက္ခံတယ္။ သူ မလိုက္ႏိုင္ဘူးလို႔ ျငင္းေတာ့မယ္ ဆဲဆဲ ဘိုဝင္ကေျပာလိုက္တယ္။
" ငါတို႔ နတ္သူငယ္ေတာအုပ္ထဲမွာ အလင္းဘုရားေက်ာင္းတစ္ေဆာင္ကို ေဆာက္ထားတာ မၾကာေသးဘူး။ မင္း ငါတို႔ ဘုရားေက်ာင္းကို လိုက္ၿပီး ခမည္းေတာ္ကို ဝတ္ျပဳဆုေတာင္းပါလား။ အလင္းဘုန္းႀကီး ဂ်ိဳရႈဝါက ဘုရားေက်ာင္းမွာ ဝတ္မျပဳရတာ ၾကာၿပီမဟုတ္လား။ "
ဆုေတာင္းတာ ဘယ္မွာမဆို ေတာင္းလို႔ရေပမယ့္ အခု ဂ်ိဳရႈဝါ က ခရီးထြက္တဲ့တေလွ်ာက္ ရထားလုံးထဲကေနပဲ ဆုေတာင္းေနရတယ္။ သူက ဘုရားေက်ာင္းေတာ္ထဲက ခမည္းေတာ္ရဲ႕႐ုပ္ထုေတာ္ကို ၾကည့္ၿပီး ဆုေတာင္းလိုက္ရင္ ခမည္းေတာ္က သူ႔စကားကို ပိုၾကားရမွာပဲလို႔ ေတြးလိုက္မိၿပီး ခ်က္ခ်င္းပဲ လက္ခံလိုက္ေတာ့တယ္။
ခမည္းေတာ္က ဘုရားေက်ာင္းထဲမွာ ရွိေနတယ္လို႔ေတြ႕လိုက္မိတာနဲ႔ သူက ဘာေတြပဲ တားဆီးေနပါေစ မီးေတာင္ကို ေက်ာ္ၿပီး ဓါးပင္လယ္ကို ျဖတ္ရလည္း သြားမွာပဲ
က်ိဳးယြင္ရွန႔္တားဆီးတဲ့ၾကားက ဂ်ိဳရႈဝါက ဒီခရီးကို လက္ခံလိုက္တယ္။ နတ္သူငယ္အုပ္စုက ခ်က္ခ်င္းလာပူးေပါင္းၿပီး သူတို႔႐ြာဆီကို အျမန္လမ္းျပေခၚသြားေတာ့တယ္။
အဆိုပါ နတ္သူငယ္နဲ႔ သားရဲလူသားမ်ိဳးႏြယ္စုေတြရဲ႕႐ြာကို ထူထပ္တဲ့ အလင္းစက္ဝိုင္းက ဖုံးလႊမ္းထားတယ္။ တစ္ခ်ိန္က လွပတဲ့အိပ္မက္နဲ႔ တူတဲ့ ရႈခင္းေနရာမွာ ိုစိတ္ဓာတ္က်ျခင္းျဖင့္ အစားထိုးခဲ့ၿပီး အပင္ေတြလည္း အာဟာရအလုံအေလာက္မရႏိုင္လိူ႔ ညႇိဳးႏြမ္းသြားတယ္။ သူတို႔ရဲ႕အ႐ြက္ေတြက က်န္းမာေရးနဲ႔မညီၫြတ္တဲ့ အဝါေရာင္ျဖစ္ၿပီး သူတို႔က သီးလာတဲ့ အသီးေတြက မခ်ိဳေတာ့ဘူး။ ဒါက သက္သတ္လြတ္ စားတဲ့ နတ္သူငယ္ေတြအတြက္ အလြန္ဒုကၡေရာက္တဲ့ အေျခအေနျဖစ္ေစခဲ့တယ္။
နတ္ဆိုးျမဴမကူးစက္ႏိုင္တဲ့ တာ႐ိုင္းတိရိစာၦန္ေတြလည္း ပိုမိုရွားပါးလာလို႔ အသားစားသားရဲလူသားေတြလည္း အစာရွားပါးမႈျပသနာမ်ားႏွင့္ ရင္ဆိုင္ေနရတယ္။ သူတို႔က အသက္အႏၲရာယ္မရွိေပမယ့္ သူတို႔ရဲ႕စိတ္ေတြက ညႇိဳးၿခဳံးၿပီး စိတ္ဓါတ္က်ေနၾကတယ္။
" အလင္းဘုန္းႀကီး ျပန္လာၿပီ။ သူက ဘယ္သူလဲ...."
ေလးကို ကိုင္ေဆာင္ထားတဲ့ နတ္သူငယ္ မိန္းကေလးက လာႀကိဳရင္း ေမးလိုက္တယ္။
"သူက အလင္းဘုန္းႀကီး ဂ်ိဳရႈဝါပါ... "
ဘိုဝင္က ေလးစားစြာနဲ႔ ေျပာျပလိုက္တယ္။ နတ္သူငယ္မိန္းကေလးက ခ်က္ခ်င္း မ်က္ဝန္းေတြ ခက္ထန္လာၿပီး ေလးနဲ႔ ခ်ိန္ၿပီး ေျပာလိုက္တယ္။
" ဆာဂါျပည္က ဂ်ိဳရႈဝါလား။ သူက နတ္သူငယ္နဲ႔ သားရဲလူသားမ်ိဳးႏြယ္ေတြရဲ႕ ရန္သူ မဟုတ္လား။ ရွင္က ဘာေၾကာင့္ သူ႔ကို ေခၚလာတာလဲ... "
ဘိုဝင္အပါအဝင္ နတ္သူငယ္ေတြနဲ႔ သားရဲလူသားေတြက ဂ်ိဳရႈဝါရဲ႕ကိုယ္ကို မထိခိုက္ေအာင္ ဝိုင္းပတ္ကာကြယ္ထားၾကၿပီး ေကာင္မေလးကို ေအာ္ဟစ္လိုက္တယ္။ ဘိုဝင္က အလင္းအကာကြယ္ဖန္တီးၿပီး ေကာင္မေလးကို စိတ္ရွည္လက္ရွည္ အျဖဴမည္းသည္းကြဲေအာင္ ရွင္းျပလိုက္တယ္။ သူတို႔နတ္သူငယ္ေတြက အခ်င္းခ်င္း ဘယ္ေတာ့မွ လွ်ိဳ႕ဝွက္ခ်က္ထားေလ့မရွိဘူး။ အခုခ်ိန္ သူက ဂ်ိဳရႈဝါရဲ႕ မူလဇစ္ျမစ္ကို မေဖာ္ျပခ်င္ေပမယ့္ ႏူတ္က လႊတ္ခနဲထြက္ေျပာလိုက္မိတာျဖစ္တယ္။ သူ႔စိတ္ထဲမွာ ဂ်ိဳရႈဝါကို ဒီမ်ိဳးႏြယ္စု ႏွစ္ခုက ရန္သူအျဖစ္သတ္မွတ္ထားတာကို ေမ့သြားတယ္။
နတ္သူငယ္ေတြအတြက္ မိခင္သစ္ပင္ကို ကယ္တင္ေပးတဲ့ ဘိုးလ္ရဲ႕ေက်းဇူးက အရမ္းကို ႀကီးမားတယ္။ ဒါေၾကာင့္ ဘိုးလ္အတြက္ ကလဲ့စားေခ်တာျဖစ္ျဖစ္ တက္ႂကြစြာလုပ္ေပးခ်င္ၾကတယ္။
က်ိဳးယြင္ရွန႔္က ဒီကိုယ္ကို ျပန္လည္ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္တယ္။ ဒီကိုလာတဲ့ လမ္းမွာ သူစဥ္းစားေနမိတယ္။ တကယ္လို႕ အလင္းဘုရားေက်ာင္းမွာ အလင္းနတ္ဘုရားနဲ႕ေတြ႕ရမယ္ဆိုရင္ သူ ထပ္ေပ်ာက္သြားဖုိ႕စဥ္းစားေနတယ္။
" အရွင္ ဂ်ိဳရႈဝါ အေနာက္မွာ ေနေပးပါ..."
ဘုိဝင္က အလင္းစက္ဝိုင္းအကာကို ဖန္တီးျပီး တိုက္ခိုက္ဖို႕ျပင္ေနတဲ့ နတ္သူငယ္နဲ႕ သားရဲလူသားေတြရန္ကေန ကာကြယ္ဖို႕ျပင္ဆင္ေနတယ္။
ပလက္တီနမ္ေရာင္ဆံပင္ မ်က္ဝန္းျပာျပာနဲ႕ ဆာဂါျပည္က ဂ်ိဳရႈဝါဆိုတာ ေသခ်ာေရာ သားရဲမင္းသား တစ္ေယာက္က ဂ်ိဳရႈဝါကို မုနး္တီးတဲ့ မ်က္ဝန္းနဲ႕စိုက္ႀကည့္ျပီး ဟိနး္ေဟာက္ျပီး ခုန္အုပ္လိုက္တယ္။
သူက ေတာင္ပံပါတဲ့ က်ားႀကီးအျဖစ္ကို ေျပာင္းသြားျပီး ပါးစပ္နီနီကိုျဖဲလို႕ ကိုက္ျဖဲဖို႕ ခုန္အုပ္လိုက္တယ္။ သူက သားရဲမင္းသားျဖစ္ျပီး ဘိုးလ္ရဲ႕ကယ္တင္ျခငး္ကို ခံခဲ့ရတဲ့အျပင္ ဘိုးလ္ရဲ႕ခ်စ္သူလည္း ျဖစ္တယ္။ သူက ဘိုးလ္ကို ေက်းဇူးဆပ္ဖို႕ ဂ်ိဳရႈဝါကို သတ္ဖို႕မေျပာနဲ႕ သူ႕အသက္ကိုေတာင္ ေပးအပ္ထားတာျဖစ္တယ္။
ဆာဂါျပည္နဲ႕ ဒိုရဒိုးစ္ျပည္က စစ္သည္ေတာ္ေတြက လက္နက္ေတြ ကို္င္ဆြဲျပီး ျပန္တိုက္ဖို႕ လုပ္လိုက္ႀကတယ္။ ေသြးထြက္ သံယုိမႈျဖစ္လာေတာ့မယ့္ အခ်ိန္မွာ ႀကီးမားတဲ့ အလငး္ပိုက္ကြန္ႀကီးက ေကာင္းကင္ေပၚကေန ျဖာက်လာျပီး စစ္ပြဲေခၚသံကို ဖံုးလႊမး္သြားေတာ့တယ္။
က်ိဳးယြင္ရွန္႕က ဂ်ိဳရႈဝါနဲ႕မတူဘူး။ သူ႕စိတ္ကို လူတုိင္းထက္ ပိုေအးစက္ျပီး ခက္ထန္တယ္။ သူက လက္ညွိဳးကို ယမး္လိုက္ေတာ့ ပိုက္ကြန္မွာ ဆူးခြ်န္ေတြထြက္လာျပီး နတ္သူငယ္ေတြနဲ႕ သားရဲလူသားေတြကို ရစ္ပတ္လို႕ အသားထဲ ဆူးခြ်န္ေတြ ေဖာက္ဝင္သြားႀကတယ္။ ဒီဆူးဒဏ္ကို ခံနုိင္ရည္ျမင့္တဲ့ သားရဲစစ္သည္ေတာ္ေတြေတာင္ ေတာင့္မခံနုိ္င္ပဲ အျပာေရာင္ အနက္ေရာင္ေသြးေတြ စီးက်ျပီး ျမင္ကြင္းက စိတ္ဆင္းရဲစရာေကာင္းေနေတာ့တယ္။
က်ိဳးယြင္ရွန္႕က မေက်နပ္ေသးပဲ လက္ညိဳးကို ယမး္လိုက္ေတာ့ ပိုက္ကြန္ေပၚမွာမီးေတာက္ထြက္ေပၚလာတယ္။
" မလုပ္ပါနဲ႕ ေက်းဇူးျပဳျပီး သူတို႕ကို မသတ္ပါနဲ႕ "
ဘိုဝင္က အေလာတႀကီး ေတာင္းပန္လိုက္တယ္။ ဒီမီးေတြက ဘုရားသခင္ရဲ႕မီးေတြျဖစ္ျပီး ဘယ္အရာကိုမဆို ျပာျဖစ္ေအာင္ ေလာင္ကြ်မ္းနို္င္တယ္ဆိုတာ သိတယ္။
"ဘယ္သူက ငါတို႕နယ္ေျမကိုလာျပီး သတ္ျဖတ္ေနတာလဲ.... "
ပုံမွန္မဟုတ္တဲ့ေခ်ာေမာတဲ့လူတစ္ေယာက္ေျပးထြက္လာခဲ့တယ္။ သူက အျပာေရာင္ေဖ်ာ့အက်ႌတစ္ထည္၊ ပန္းပြင့္မ်ားျဖင့္ျပဳလုပ္ထားတဲ့ ပန္းသရဖူကို ဝတ္ဆင္ထားျပီး ဂုဏ္သိကၡာျပည့္ဝေသာ စိမ္းလန္းေသာ မ်က္လုံးတစ္စုံကို ပို္င္ဆိုင္ထားတယ္။ သူက တခ်က္ေဝ့ႀကည့္လိုက္ျပီး အင္အားႀကီးတဲ့ မီးလံုးကို လက္နဲ႕ဖမး္ဆီးလိုက္တယ္။ ဒါေပမယ့္ သူ႕လက္က နာက်င္သြားျပီး လက္ကို ခ်က္ခ်င္း ရုပ္လို္က္တယ္။
ေ႐ႊမီးလွ်ံေဘာလုံးက သူ႕လက္ဖဝါးကို ထိုးေဖာက္ျပီး အလင္းတန္းေတြက ပိုက္ကြန္ထဲက နတ္သူငယ္နဲ႕ သားရဲလူသားေတြကိုယ္ေပၚ က်ဆင္းသြားတယ္။ နတ္သူငယ္ဘုရင္ရဲ႕ ငိုေႀကြး ေအာ္ဟစ္သံေႀကာင့္ သစ္ပင္ေတြေပၚက ဌက္ေတြေတာင္ လန္႕ျပီး ထေျပးကုန္တယ္။ ပိုက္ကြန္ထဲ မိထားတဲ့ သူေတြအားလံုး မီးေလာင္တိုက္သြင္းခံရျပီး သနားစရာျဖစ္ေနႀကတယ္။
"ဒါ ... ... ဘုရားသခင္ရဲ႕မီးပဲ!"
နတ္သူငယ္ဘုရင္က မီးလံုးေဖာက္သြားတဲ့ အတြက္ နာက်င္မႈကို အံႀကိတ္ခံလိုက္ျပီး ႀကည့္ေနတယ္။ ခမည္းေတာ္က သူပိုင္ဆုိင္တဲ့ တန္ခိုးစြမ္း႔ရည္ကို ဘာေႀကာင့္ ဂ်ိဳရႈဝါကိုေပး႕ရတာလဲ။ ဂ်ိဳရႈဝါနဲ႕ ခမည္းေတာ္ရဲ႕ ဆက္ဆံေရးက ဘယ္လိုမ်ိဳးလဲ။
သို႔ေသာ္ သူနက္နက္ရႈိင္းရႈိင္းစဥ္း စားလို႕ မရခင္ ေ႐ႊမီးလွ်ံေၾကာင့္ မီးေလာင္ေနတဲ့ နတ္သူငယ္ေတြနဲ႕ သားရဲလူသာေတြက ေျမျပင္ေပၚမွာ မလႈပ္ရွားဘဲ အသက္ရႉမႈႏွင့္ႏွလုံးခုန္မႈရပ္တန႔္သြားႀကတယ္။
"မင္းမွာ ဘုရားသခင္မီး ရွိရင္ေတာင္ ငါ့လူေတြကို သတ္တဲ့အတြက္ ျပန္ေပးဆပ္ရလိမ့္မယ္"
နတ္သူငယ္ ဘုရင္က သူ႕ရာဇလွံတံကိုေျမႇာက္လိုက္တယ္။ သူက ဂါထာကို ရြတ္လိုက္ျပီး အစြမ္းအထက္ဆံုး ေလစြမ္းအင္ကို ဆင့္ေခၚလိုက္တယ္။ ေလေပြေတြ တုိက္ခတ္လာျပီး သူ႕ကိုဖံုးသြားလုိ႕ အလယ္က ရပ္ေနတဲ့ သူ႕ကို ဘယ္သူမွမျမင္နုိင္ေတာ့ဘူး။ နတ္သူငယ္ဘုရင္က သူနဲ႕ရင္ဆိုင္ရတဲ့သူက အသက္ 18 နွစ္ပဲ ရွိေသးေပမယ့္ ေပါ့ေပါ့တန္တန္သေဘာမထားရဲပဲ သူ႕ရဲ႕အစြမ္းအထက္ဆံုး ဂါထာနဲ႕တိုက္ဖို႕လုပ္လိုက္တာျဖစ္တယ္။
က်ိဳးယြင္ရွန္႕ရဲ႕ ပလက္တီနမ္ဆံပင္ေတြ ေလထဲ ယိမး္ႏြဲ႕ေနျပီး မႀကာခင္ ေလဝဲစုပ္ယူတာ ခံရေတာ့မယ္ ထင္ေနရေပမယ့္ သူက နည္းနညး္ေလးမွ စိတ္မပူဘူး။သူက လက္ညွိဳးကို ညြန္ျပျပီး ေျပာလိုက္တယ္။
" ေသခ်ာႀကည့္စမ္းပါဦး။ အဲ့ဒါ မင္းရဲ႕လူေတြလား... "
ပိုက္ကြန္ထဲ မီးေလာင္ေသဆံုးေနသူေတြက နတ္သူငယ္ေတြမဟုတ္ပဲ အဆိပ္ရွိတဲ့ လွ်ာေတြ တစ္လစ္ထြက္ျပီး ေသေနတဲ့ နတ္ဆိုးေတြျဖစ္တယ္။ ဒါကိုျမင္ေတာ့အနီးဆံုးမွာရွိတဲ့ သားရဲေတြက လန္႕ျဖန္႕ျပီး ေအာ္လိုက္ႀကတယ္။ နတ္ဆိုးအေလာင္းေတြက ေတာင္ပံေတြရွိျပီး လက္သညး္ေတြက ခြ်န္ျမေနတယ္။ ေနာက္ေက်ာဘက္မွာ အျမီးလည္းရွိတယ္။
" အိုဘရိုင္ယန္က ဘယ္လိုလုပ္ျပီးနတ္ဆိုးျဖစ္နုိင္မွာလဲ။ မင္းက သူ႕ကို နတ္ဆိုးဂါထာေတြသံုးျပီး ခုလို ျဖစ္ေအာင္ လုပ္လိုက္တာ မဟုတ္လား "
နတ္သူငယ္ေတြက ေအာ္ဟစ္လို္က္တယ္ အဲ့အခ်ိန္မွာ နတ္ဆိုးအေလာင္းက ပ်က္စီးသြားျပီး ခ်က္ခ်င္းနတ္ဆိုးျမဴေတြ ထြက္လာျပီး ေျမႀကီးထဲ တိုးဝင္သြားတယ္။ ေျမကလည္း ခ်က္ခ်င္း မည္းနက္ျပီး နတ္ဆိုးျမဴေႀကာင့္ ပ်က္စီးသြားတယ္။ အေလာင္းကို အတုလုပ္လို႕ရေပမယ့္ နတ္ဆုိးျမဳကို အတုလုပ္လို႕မရဘူး။
နတ္သူငယ္ေတြက အလန္႕တႀကားနဲ႕ ဒီအနက္ေရာင္ေျပာင္းသြားတဲ့ ေျမႀကီးနဲ႕ေဝးရာကို ထြက္ေျပးဖို႕ ႀကိဳးစားလို္က္ႀကတယ္။ သူတို႕နဲ႕အတူေနေနတာ နတ္ဆိုးဆိုတာ ဘယ္သူမွ မရိပ္မိႀကဘူး။
နတ္သူငယ္ဘုရင္က အျဖစ္မွန္ကိုသိသြားတဲ့အတြက္ သူ႔ရဲ့ေမွာ္ဂါထာကို ျပန္လည္႐ုပ္သိမ္းလိုက္တယ္။ ဒါေပမယ့္ စြမ္းအင္မတည္ၿငိမ္မႈေၾကာင့္ သူ႔ရင္ထဲမွာနာက်င္လာၿပီး ေသြးတစ္လုတ္ အန္ထုတ္လိုက္မိတယ္။ တပ္သားေတြစုေဆာင္းေနတဲ့ သားရဲဘုရင္က ဒီအေျခအေနကို အေျပးအလႊားလာၾကည့္ၿပီး သူ႔ရင္ထဲမွာျဖစ္ေပၚလာတဲ့ အံ့အားသင့္မႈနဲ႔ ေၾကာက္ရြံ႕မႈကို စာလံုးနဲ႔ေတာင္ မေဖာ္ျပႏိုင္ေတာ့ဘူး။
က်ိဳးယြင္ရွန္႔က ေအးစက္စြာ ေလွာင္ေျပာင္လိုက္တယ္။
"ႏွလံုးသားထဲက ဖံုးကြယ္ထားတဲ့မေကာင္းမႈေတြက မေကာင္းဆိုးဝါးရဲ့အစာျဖစ္တယ္.. ၿပီးေတာ့မွ မေကာင္းဆိုးဝါးေတြက ျပန္႔ပြားလာတယ္.. ႏွလံုးသားက ညစ္ႏြမ္းေလ မေကာင္းဆိုးဝါးလႊမ္းမိုးမႈကို ခံရေလပဲျဖစ္တယ္.. ဒါေၾကာင့္ လူသားေတြက မေကာင္းဆိုးဝါးေတြအႀကိဳက္ဆံုး အစာပဲျဖစ္တယ္.. နတ္သူငယ္ေတာအုပ္မွာ မေကာင္းဆိုးဝါးျမဴ၊ မေကာင္းဆိုးဝါးပူးကပ္ေနတဲ့ သားရဲနဲ႔ သစ္ပင္ေတြပဲရွိတယ္လို႔ ထင္ခဲ့တာ.. နတ္သူငယ္ေတြရဲ့ ႏွလံုးသားေတြကေတာင္ ျဖဴစင္ျခင္းမရွိ ညစ္ႏြမ္းလို႔ေနၿပီ.. စိတ္ပ်က္စရာပဲ.."
က်ိဳးယြင္ရွန္႔က နတ္သူငယ္ေတြနဲ႔ သားရဲလူသားေတြကို ေလွာင္ေျပာင္သေရာ္ၿပီးေနာက္ စိတ္နည္းနည္းပိုေပ်ာ္လာတယ္။ ဒါေၾကာင့္ သူ႔လက္ညိႈးထိပ္ကေန ပိုၿပီးေတာက္ပတဲ့ အလင္းစြမ္းအင္ေတြ ျဖာထြက္လာေတာ့တယ္။ ဒီအလင္းေရာင္က နတ္ဆိုးပူးကပ္ေနတဲ့သူေတြကို ခြဲျခားႏိုင္တဲ့အရာျဖစ္ၿပီး ပံုမွန္ဆိုရင္ တစ္ေယာက္စီကိုပဲ ခြဲျခားႏိုင္တယ္။ ဒါေပမယ့္ ဒီအလင္းေရာင္က ႀကီးမားက်ယ္ျပန္႔တဲ့ နယ္ပယ္တစ္ခုလံုးကို ေနဝန္းငယ္တစ္ခုလို ျဖန္႔က်က္လင္းထိန္လို႔ေနတယ္။ ဒီအလင္းေရာင္က ဒီေနရာတဝိုက္က နတ္ဆိုးပူးကပ္ႏိုင္သူကို ခြဲျခားေပးႏိုင္တယ္။ ဒီလိုအင္အားႀကီးမားတဲ့ စြမ္းအားက အလင္းနတ္ဘုရားသာလွ်င္ ပိုင္ဆိုင္ႏိုင္တဲ့ စြမ္းအားေတြပဲမဟုတ္လား။
ဒါေပမယ့္ ဒီေကာင္ေလးက အလြယ္တကူ ဒီအလင္းကိုဖန္ဆင္းလိုက္ႏိုင္တယ္။ သူ႔လက္ကိုေျမႇာက္လိုက္ၿပီး အလင္းလံုးက ေကာင္းကင္ေပၚ တျဖည္းျဖည္းတက္သြားၿပီး ေနလံုးေလးလို အားလံုးအေပၚ ျဖာက်လို႔ေနတယ္။ ဒီအလင္းေရာင္ေအာက္မွာ ကိုယ္ခႏၶာထဲၿငိတြယ္ေနတဲ့ ဘယ္လိုမေကာင္းဆိုးဝါးမ်ိဳးမွ ကြယ္ဝွက္ေနလို႔မရဘူး။ ေကာင္ေလးက ဒီလူစုရဲ့ေရွ႕မွာ အလင္းစြမ္းအင္နဲ႔ ေမွာ္မွန္တစ္ခုကို ဖန္ဆင္းလိုက္တယ္။ ဒီမွန္ထဲမွာ သူတို႔က အျခားလူကိုၾကည့္လို႔မရေပမယ့္ သူတို႔ကိုယ္ထဲ တိတ္တဆိတ္တြယ္ၿငိေနတဲ့ နတ္ဆိုးျမဴကို ထင္ထင္ရွားရွား ျမင္ႏိုင္ၾကတယ္။
ဒီအုပ္စုထဲမွာ နတ္ဆိုးဝါးၿမိဳခံရတာ ေနာက္ထပ္ႏွစ္ဦးကိုေတြ႕လိုက္ရၿပီး ဒီနတ္ဆိုးပူးခံရသူေတြက သူတို႔ေပၚသြားၿပီဆိုတာသိလို႔ ထြက္ေျပးဖို႔ႀကိဳးစားေပမယ့္ ေကာင္းကင္ေပၚကအလင္းလံုးက သူတို႔ႏွစ္ဦးေပၚ ျဖာက်လာခဲ့တယ္။ နတ္သူငယ္နဲ႔ သားရဲလူသားအေတာ္မ်ားမ်ားက သူတို႔မ်က္ခံုးႏွစ္ခုၾကားမွာ နတ္ဆိုးအေငြ႕အရိပ္ကို ေတြ႕လိုက္ရၿပီး သူတို႔စိတ္ထဲမွာ မေကာင္းဆိုးဝါးျမဴေတြ တိတ္တဆိတ္ခိုေအာင္းေနတယ္ဆိုတာ သိလုိက္ရတယ္။ ဒီမေကာင္းဆိုးဝါးျမဴေတြက သူတို႔စိတ္ဝိညာဥ္ကိုတိုက္စားလို႔ လံုေလာက္သြားရင္ သူတို႔ကိုယ္ကို အပိုင္စီးလိုက္ၾကေတာ့မွာ ေသခ်ာတယ္။
နတ္သူငယ္ဘုရင္နဲ႔ သားရဲဘုရင္ႏွစ္ပါးရဲ့ မ်က္ခံုးၾကားထဲ နတ္ဆိုးျမဴရိပ္ကိုေတြ႕လိုက္ရခ်ိန္မွာ ဘိုဝင္က အရမ္းကို တုန္လႈပ္ေျခာက္ျခားသြားတယ္။ ဒါ သူ႔ဘဝမွာ အထိတ္လန္႔ရဆံုး အခိုက္အတန္႔ပဲ။ သူတို႔ႏွစ္ေယာက္ရဲ့စိတ္က မခိုင္မာဘဲ တစ္ခ်က္ယိမ္းယိုင္သြားမိတာနဲ႔ ဒီဟာက ခ်က္ခ်င္းပဲ နတ္ဆိုးျမဴရဲ့ဝါးၿမိဳျခင္းခံရၿပီး နတ္ဆိုးျဖစ္သြားေတာ့မယ္။ ဒါဆိုရင္ သူတို႔နတ္သူငယ္မ်ိဳးႏြယ္နဲ႔ သားရဲလူသားမ်ိဳးႏြယ္က မႀကံဳစဖူးတဲ့အႏၱရာယ္ကို ရင္ဆိုင္ရေတာ့မွာေသခ်ာတယ္။ ဘယ္ေလာက္ေတာင္ ေၾကာက္စရာေကာင္းလိုက္သလဲ။
နတ္ဆိုးျမဴစြဲကပ္ခံရသူတိုင္းက ဘိုးလ္နဲ႔ တရင္းတႏွီးရွိသူေတြျဖစ္လို႔ ဘိုးလ္က နတ္ဆိုးပူးကပ္သူ ဒါမွမဟုတ္ သူ႔ကိုကယ္တင္လာခဲ့တဲ့ နယ္စားဟူးဘတ္က နတ္ဆိုးဘုရင္ ဒါမွမဟုတ္ အေမွာင္နတ္ဘုရားကိုယ္တိုင္ ျဖစ္ႏိုင္ေလာက္တယ္။ ဘိုးလ္က မိခင္သစ္ပင္ကို ကယ္တင္ေပးတဲ့ေက်းဇူးရွိေပမယ့္ သူတို႔မ်ိဳးႏြယ္စုႏွစ္ခုကို ကပ္ေဘးေတြသယ္ေဆာင္လာသူျဖစ္လို႔ အရင္ေက်းဇူးတရားနဲ႔ေတာင္ ဖာေထးေပးလို႔မရႏိုင္ဘူး။ ဒါေၾကာင့္ သူတို႔က ဟူးဘတ္နဲ႔ဘိုးလ္ကိုရွာၿပီး သတ္ပစ္သင့္တယ္။ ဘိုဝင္က ဒီလိုေတြးၿပီး အံကို တင္းတင္းႀကိတ္လိုက္မိတယ္။
က်ိဳးယြင္ရွန္႔က ဒီအုပ္စုက အမွန္တရားကိုသိၿပီးသြားၿပီဆိုေတာ့ ေကာင္းကင္ေပၚက အလင္းလံုးနဲ႔ေမွာ္မွန္ကို ႐ုပ္သိမ္းလိုက္ၿပီး သူ႔အေစာင့္ေတြကိုေခၚလို႔ ဒီေနရာကထြက္ခြာဖို႔ အမိန္႔ေပးလိုက္တယ္။ သူက ဒီမ်ိဳးႏြယ္စုအေရးကိစၥကို စိတ္မဝင္စားသလို ဝင္ပါဖို႔လည္း စိတ္မကူးထားဘူး။
"မဟုတ္ေသးဘူး.. ငါ ခမည္းေတာ္နဲ႔ေတြ႕ဖို႔ အလင္းဘုရားေက်ာင္းကို သြားဦးမယ္.."
အခ်စ္႐ူးရွန္႔က ခမည္းေတာ္ရဲ့ေခၚသံကို နားထဲမွာၾကားလိုက္ရေတာ့ က်ိဳးယြင္ရွန္႔ရဲ့စိတ္ကို တြန္းထုတ္လိုက္ၿပီး ခႏၶာကိုယ္ကို ထိန္းခ်ဳပ္လိုက္တယ္။ သူ႔ရဲ့ေအးစက္စက္အမူအယာေနရာမွာ အၾကင္နာတရားႀကီးမားတဲ့ ႏူးညံ့တဲ့ပံု ျပန္ေျပာင္းသြားၿပီး သူ႔ရဲ့သိုေလွာင္လက္စြပ္ထဲက ရာဇႏွင္တံကိုထုတ္ယူၿပီး မြန္ျမတ္သန္႔စင္တဲ့ဂါထာတစ္ခုကို မန္းမႈတ္လိုက္တယ္။ ေတာက္ပတဲ့ေရႊေရာင္အလင္းတစ္ခုက နတ္သူငယ္ေဒသေပၚ လႊမ္းၿခံဳက်ဆင္းလာၿပီး နတ္သူငယ္၊ သားရဲလူသား၊ သစ္ပင္နဲ႔ ေရေျမတို႔မွာ စြဲကပ္ေနတဲ့ နတ္ဆိုးျမဴအားလံုးကို တိုက္ဖ်က္ၿပီး ပကတိ သန္႔ရွင္းတဲ့ေဒသတစ္ခု ျဖစ္လာေစတယ္။
ဒီေရႊေရာင္အလင္း ေပ်ာက္ကြယ္သြားေတာ့ နတ္သူငယ္နဲ႔ သားရဲလူသားေတြရဲ့ေခါင္းထဲ ခိုဝင္ေနတဲ့ နတ္ဆိုးျမဴအားလံုး ရွင္းလင္းသြားသလို ဒီေျမက ခ်က္ခ်င္း ျမက္ခင္းစိမ္းေတြ ျပန္ျဖစ္လာၿပီး ညိႈးေရာ္ေနတဲ့အပင္ဝါဝါေတြက ျပန္လည္စိမ္းလန္းလာတယ္။ ပန္းေတြပြင့္ဖူးၿပီး ေလထုကလည္း လတ္ဆတ္ေမႊးပ်ံ႕လို႔လာတယ္။ သက္ရွိေတြကို ျပန္လည္ရွင္သန္ေစတဲ့စြမ္းအင္က ေသခ်ာေပါက္ နတ္ဘုရားေတြရဲ့ စြမ္းအင္ပဲျဖစ္တယ္။
"အလင္းနတ္ဘုရားခမည္းေတာ္ရဲ့ လက္ေဆာင္အတြက္ ေက်းဇူးတင္ပါတယ္.. သင့္ရဲ့အၾကင္နာတရားအတြက္ ေက်းဇူးတင္ပါတယ္ အရွင္ဂ်ိဳ႐ႈဝါ.."
စိတ္လႈပ္ရွားမႈမ်ားစြာနဲ႔ ဘိုဝင္က ငိုေၾကြးရင္းေျပာလိုက္တယ္။ အေစာပိုင္းက လူငယ္ေလးကို သတ္ျဖတ္မယ္ေျပာတဲ့လူစုက ရွက္သြားၾကၿပီး ဝိုင္းဝန္းေတာင္းပန္ခဲ့ၾကတယ္။
ဒီလူငယ္ေလးရဲ့စြမ္းအင္က သာမန္အလင္းဘုန္းႀကီးတစ္ပါးထက္ အစြမ္းထက္လြန္းလွတယ္။ သူသာလိုခ်င္ရင္ တိုင္းျပည္တစ္ခုရဲ့ ဂိုဏ္းခ်ဳပ္ရာထူးသာမက ကုန္းမႀကီးတစ္ခုလံုးရဲ့ အႀကီးဆံုးပုပ္ရဟန္းမင္းရာထူးကို လိုခ်င္ရင္ေတာင္ ရရွိဖို႔ တကယ္ထိုက္တန္ပါေပတယ္။ သူက ဒီရာထူးေလးအတြက္ မတရားတိုက္ခိုက္မႈေတာင္ လုပ္ဖို႔မလိုအပ္ဘူး။ သူက ၾကင္နာၿပီး ေမတၱာတရားႀကီးမားတယ္။ ဘိုးလ္ေျပာတာနဲ႔ လံုးဝကို မတူကြဲျပားတယ္။ နတ္သူငယ္နဲ႔ သားရဲလူသားေတြက ျပင္ပကမာၻနဲ႔ အဆက္ျပတ္ေနတယ္ဆိုေပမယ့္ သူတို႔က ငတံုးငအ ေတြမွ မဟုတ္ဘဲ။ သူတို႔ေတြးမိတဲ့သဲလြန္စကို စုစည္းၿပီး လူအုပ္ႀကီးထဲမွာ ဘိုးလ္နဲ႔ဟူးဘတ္ကို လိုက္ရွာၾကတယ္။
"သူတို႔က ဘယ္လီနဲ႔ မနက္ကတည္းက အမဲလိုက္ထြက္သြားၾကတာ ျပန္မလာေသးဘူး.."
ဒါက ဘာကိုဆိုလိုသလဲဆိုေတာ့ သူတို႔ႏွလံုးသားထဲမွာ ေဖာ္ျပလို႔မရေလာက္တဲ့ မေကာင္းတဲ့၊ ညစ္ပတ္တဲ့အေတြးေတြနဲ႔ ျပည့္ေနလို႔ပဲျဖစ္တယ္။ ဒီမေကာင္းမႈရဲ့အရင္းခံက ဘယ္သူလဲ။ ဘယ္သူ႔ဆီက ျမစ္ဖ်ားခံလာသလဲဆိုတာ သူတို႔ကိုယ္တိုင္ အသိဆံုးပဲျဖစ္တယ္။
"ဘိုးလ္ဘရစ္တာ.. မင္းက အလင္းနတ္ဘုရားရဲ့ တမန္ေတာ္မဟုတ္ဘူး.. အေမွာင္ေခ်ာက္ထဲက မေကာင္းဆိုးဝါး.. အေမွာင္နတ္ဆိုးရဲ့ ကိုယ္စားလွယ္ပဲ.. မင္းက ငါတို႔ႏွစ္ေယာက္ကို ဖ်က္ဆီးခဲ့တယ္.." လို႔ ဘုရင္ႏွစ္ပါးက ခါးသီးစြာေတြးလိုက္မိတယ္။
ဘိုဝင္က လူငယ္ေလးကို ဘုရားေက်ာင္းတံခါးဝကို လိုက္ပို႔ေပးတယ္။ ဒါေပမယ့္ ေလွကားထစ္ထိပ္ဆံုးမွာ ေရႊေရာင္အလင္းေတြ ပိတ္ဆုိ႔ျဖာဆင္းေနလို႔ ဘယ္သူကမွ ဒီထဲမွာဘာရွိတယ္ဆိုတာ မျမင္ရေအာင္ ပိတ္ဆို႔ခံလိုက္ရတယ္။ ဘိုဝင္က ျမင္ေအာင္ႀကိဳးစားၾကည့္လိုက္ေပမယ့္ သူ႔ႏွလံုးသားကို ေတာင္ႀကီးတစ္လံုးဖိလာသလို ေလးလံတဲ့ဖိအားေတြ သက္ေရာက္လာၿပီး ႏွလံုးခုန္ရပ္ေတာ့မလို ခံစားလိုက္ရတယ္။ ဘယ္သူက ဒီအလင္းကို ဖန္ဆင္းထားတာလဲ။ ဘာေတြျဖစ္ေနသလဲဆိုၿပီး သူ အရမ္းအံ့အားသင့္ေနမိတယ္။
ဘိုဝင္က လက္ဝါးထဲ စြမ္းအင္စုစည္းၿပီး ဒီတားဆီးေနတဲ့အလင္းကို ဖယ္ရွားဖို႔ႀကိဳးစားေနခ်ိန္ ဂ်ိဳ႐ႈဝါက အတားအဆီးမရွိ ဘုရားေက်ာင္းထဲဝင္သြားတာ ေတြ႕လိုက္ရတယ္။ သူက ဘုရားေက်ာင္းတံခါးဝမွာ အၾကာႀကီး ခ်ီတံုခ်တံုစဥ္းစားေနေပမယ့္ ေနာက္ဆံုး ဒီကေနလွည့္ထြက္လာခဲ့တယ္။
🌷🌷🌷🌷🌷🌷🌷
Arc_ 10.12 _Joshua
သူ့အဖွဲ့သားတွေအကုန်လုံးထုပ်ပိုးပြီးသွားချိန်မှာ ဂျိုရှုဝါက သူ့ရဲ့ရထားလုံးပေါ်မှာထိုင်ပြီး ဘိုဝင်တို့ အဖွဲ့ကို လှည့်တောင် မကြည့်ပဲ ပြောလိုက်တယ်။
" အန္တရာယ်ကင်းပြီးဖြစ်လို့ ခင်ဗျားတို့လည်း လိုရာကို သွားလို့ရပါပြီ။ ပြီ"
နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက ဂျိုရှုဝါရဲ့ဘေးကို ပြေးသွားပြီး မျက်ရည်ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ပြီး တောင်းပန်ကြတယ်။
" ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို သနားပါ"
" ခင်ဗျားတို့ ထွက်သွားကြတော့ "
ဂျိုရှုဝါက သူ့အဖွဲ့သားတွေကို စတင်ထွက်ခွာဖို့ အချက်ပြလိုက်တယ်။ နတ်သူငယ်တချို့က ပြေးလိုက်ပြီးတောင်းပန်ဖို့ ပြင်ပေမယ့် ဘိုဝင်က တားလိုက်တယ်။
" ခဏစောင့်ကြဦး။ အလင်းဘုန်းကြီး ဂျိုရှုဝါ ဝတ်ပြုချိန်ကို စောင့်ကြစို့ သူတို့နဲ့အတူ နောက်ကနေ လျှို့ဝှက်လိုက်သွားကြရအောင်။"
" မိတ်ဆွေပုပ်ရဟန်းမင်းကြီး ခင်ဗျားဖာသာပဲ ဗဟိုဘုရားကျောင်းကို ပြနလိုက်ပါတော့။ ကျွန်တော်တို့ လိုက်ပို့ပေးနိုင်တော့မှာ မဟုတ်ဘူး " ထို့နောက်သူသည်ပုပ်ရဟန်းမင်းကြီးထံလှည့ ်ပြောလိုက်တယ်။
"ဘာလို့လဲ။ မင်း ငါ့ရဲ့လက်ရှိအခြေအနေကို သိတယ်မဟုတ်လား။ ငါ့မှာ နတ်သူငယ်တောအုပ်ကနေ စိတ်ချလက်ချ ထွက်သွားနိုင်တဲ့ လူအင်အားလည်း မရှိဘူး။ "
ပုပ်ရဟန်းမင်းကြီးအော်ပြောလိုက်တယ်။ သူ့မှာ အလင်းဘုန်းကြီးတစ် ဦး နှင့် ရဲမတ်နှစ် ဦး သာရှိသည်။ သူတိုက အပြင်းထန် ဒဏ်ရာရရှိခဲ့သေးတယ်။ သူကိုယ်တိုင်မှာ ကိုယ်တိုင်ကာကွယ်နိုင်ဖို့ အလင်းစွမ်းအင်လည်း မရှိသလို သူများကိုလည်း မကာကွယ်ပေးနိုင်ဘူး။
" ငါတို့မှာ အရေးတကြီးလိုအပ်တဲ့အရာတစ်ခုရှိတယ်။ မိတ်ဆွေကြီး မင်းရဲ့ရွေးချယ်မှုအတွက် ပြန်ပေးဆပ်ရတော့မယ်။ ခမည်းတော်က ငါတို့ကို ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်၊ "
ဒီစကားအဆုံး ဘိုဝင်က သူ့လူများနှင့်အတူတောတွင်းထဲ ကို လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားပြီးဒေါသထွက်နေတဲ့ ပုပ်ရဟန်းမင်းကို ချန်ထားရစ်တော့တယ်။
ပုပ်ရဟန်းမင်းကြီးက မတ်တပ်ရပ်ပြီး အချိန်အတော်ကြာ ကြွေးကြော်ခဲ့ပေမယ့် ဘိုဝင်နဲ့ အခြားသူတွေ ပြန်လှည့်မလာခဲ့လို့ နောက်ဆုံး သူအရှုံးပေးလိုက်တယ်။ သူက ဘာမှမပြောပေမယ့် သူ့မျက်ဝန်းတွေက မကောင်းတဲ့အရိပ်တွေနဲ့ပြည့်လို့နေတယ်။ သူ့ရဲ့
သစ္စာရှိတပည့် သုံး ဦးက ပြင်းထန်စွာဒဏ်ရာရရှိပြီးမြေပြင်ပေါ်မှာ အနားယူနေတယ်။ သူက သားကောင်ကို ချောင်းနေတဲ့ မြွေလို သူ့တပည့်တွေကို စိုက်ကြည့်နေတယ်။ သူတို့က မကောင်းတဲ့ နိမိတ်လက္ခဏာကိုသတိပြုမိလုတဲ့အခါ ပုပ်ရဟန်းမင်းက လျင်မြန်စွာ ချည်းကပ်သွားပြီး သူတို့လည်ပင်းကို ထက်တဲ့ ဓားမြှောင်နဲ့ လှီးလိုက်တယ်။
မြေတပြင်လုံး တာက်ပတဲ့ သွေးနီနီတွေနဲ့ ပက်ဖြန်းလိုက်ပြီး မကြာမီနတ်ဆိုးသားရဲများနှင့်နတ်ဆိုးသစ်ပင်တွေက သွေးနံ့ကို ခံပြီး သူရှိရာကို ချည်းကပ်လာတယ်။ ဒါပေမယ့်သူက စိတ်မပူခဲ့ဘူး၊ သွေးတွေနဲ့မြေပြင်ပေါ်မှာ မှော်နက် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်တယ်။ မကြာခင် ဒီစက်ဝိုင်းထဲမှာ အနက်ရောင် အခိုးငွေ့တွေထွက်လာပြီး လူရိပ်တစ်ခုပေါ်လာတယ်။ ဒီမီးခိုးက လူပုံစံဖြစ်လာပြီး ချောမောလှပတဲ့ ယောကျ်ားတစ်ယောက်ပုံပေါ်လာတယ်။ ဒီလူက ဘိုးလ်ကို ကယ်တင်ပြီး နတ်သူငယ်ဒေသကို လိုက်လာတဲ့ နယ်စားမင်း ဟူးဘတ်ပဲဖြစ်တယ်။
" အံ့သြစရာကောင်းတာက ဗဟိုဘုရားရှိခိုးကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးကိုယ်တိုင်က ငါ့ကို ဆင့်ခေါ်တဲ့သူဖြစ်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး!"
ပုပ်ရဟန်းမင်းကြီးဟာ ဒီလို အကြည့်ခံရပေမယ့် ဒါက ရှက်စရာကောင်းတယ်လို့မခံစားရဘူး၊ သူ့စွမ်းအားပြန်ရဖို့အတွက် သူဟာဘယ်လောက်ပေးဆပ်ရမယ်ဆိုတာကို မသိခဲ့ဘူး။ သူက ဒီလူကို ဦး ညွှတ်ပြီးတာင်းပန်ခဲ့တယ်။
" အမှောင်ဘုရင်ကို နူတ်ဆက်ပါတယ်။ ကျွန်ုပ်ရဲ့ ဆုတောင်းစကားကို နားဆင်တော်မူပြီး ဖြည့်ဆည်းပေးတော်မူပါ. "
" အမ်....မင်းရဲ့ ဆုတောင်းစကားကို သဘောကျလို့ ဖြည့်ဆည်းပေးမယ်ဆိုရင် မင်းက ငါ့ကို ဘာပြန်ပေးမှာလဲ... "
နတ်ဆိုးဘုရင်က စိတ်ဝင်စားစွာစိုက်ကြည့်ပြီးမေးလိုက်တယ်။
" ကျွန်ုပ်က အရှင့်ရဲ့ အစေခံအဖြစ် ထမ်းဆောင်ပါ့မယ်။ ကျွန်ုပ်ရဲ့ စိတ်ဝိဉာဉ်ကို ပေးအပ်ပြီး အမှောင်စစ်ပွဲကို အနိုင်ရအောင် တိုက်ခိုက်ပေးပါ့မယ်... "
" အိုး...မင်းရဲ့ကမ်းလှမ်းချက်က အတော့်ကို သွေးဆောင်နိုင်တာပဲ။ ဒါပေမယ့် နတ်ဘုရားနှစ်ပါးကြားက ဖြစ်တဲ့ အမှောင်စစ်ပွဲကို အနိုင်ရအောင် လုပ်ပေးနိုင်ဖို့ စွမ်းရည် မင်းမှာရှီတယ်လို့များ ယုံကြည်နေတာလား။ "
ဒီလူက ခပ်တိုးတိုးရယ်မောလိုက်တယ်။ တကယ်တော့ ရှည်လျားတဲ့ သက်တမ်းကို ပျင်းရိလွန်းလို့ သူတို့က အပျင်းပြေ တိုက်ခိုက်နေကြတဲ့ နေရာမှာ နတ်ဘုရားနှစ်ပါးက ကစားရုံသက်သက် တိုက်နေတယ်ဆိုတာ သူတို့ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။
ပုပ်ရဟန်းမင်းကြီးက ဒီအစီစဉ် အလုပ်မဖြစ်တော့ သူ့ရဲ့သီးသန့်အစီစဉ်ကို တင်ပြလိုက်တယ်။ ဒီအစီစဉ်ကို ကြားတော့ နတ်ဆိုးဘုရင်ကြီးတောင် ပုပ်ရဟန်းမင်းကြီးကို အထင်တကြီး ကြည့်လိုက်မိတယ်။ သူကနတ်ဆိုးဘုရင်ဆီက လေးစားမှုကို ခံလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။
သူ့အစီစဉ်ကတော့ သူက ဂျိုရှုဝါရဲ့ကိုယ်ထဲ ဝိဉာဉ်လှဲလှယ်လိုက်မယ်။ ပြီးတော့ ဒီတိုက်ကြီးမှာ အင်အားအကြီးဆုံ းပုပ်ရဟန်းမင်းကြီးရာထူးကို ဆက်ခံမယ်။ ပြီးတော့ အလင်းနတ်ဘုရားက သူ့ကို ကောင်းကင်ဘုံကို ခေါ်သွားတဲ့အခါ အသာလေး လိုက်သွားပြီး သူ့ဖာသာ လွတ်လပ်စွာ သွားလာခွင့်ရချိန်မှာ အလင်းနတ်ဘုရားကို လုပ်ကြံသတ်ဖြတ်လိုက်မယ်။
နတ်ဆိုးဘုရင်ကြီးက လက်ခုတ်လက်ဝါးတီးပြီး ကျေနပ်စွာ ချီးကျူးပြောဆိုလိုက်တယ်။
" အိုး...ခင်ဗျားက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ အလင်းနတ်ဘုရားက အရင်တုန်းက ခင်ဗျားကို တန်ဖိုးထားဆက်ဆံခဲ့တာ အလကား မဟုတ်ဘူးပဲ။ ခင်ဗျားက နတ်ဆိုးကျောင်းတော်မှာ နတ်ဆိုးဘုန်းကြီး မဖြစ်တာ နှမျောစရာပဲ... "
" ကျွန်တော် တကယ်ကို နတ်ဆိုးဘုန်းကြီးဖြစ်ချင်ပါတယ်... "
" မင်းရဲ့ဝိဉာဉ် ငါ့ကို ပေးပါ။ မင်းကို ဂျိုရှုဝါရဲ့ကိုယ်ထဲ ထည့်ပေးလိုက်မယ်။ "
နတ်ဆိုးဘုရင်ကြီးက လက်ဆန့်တန်းပြီး ပြောလိုက်တယ်။ ပုပ်ရဟန်းမင်းကြီးက ဒူးထောက်လိုက်ပြီး သူ့ခေါင်းကို ကာကွယ်ခြင်းမရှိပဲ ထိကိုင်ခွင့်ပေးလိုက်တယ်။ ပုပ်ရဟန်းမင်းရဲ့စိတ်ဝိဉာဉ်က အနက်ရောင်ဖြစ်ပြီး ညစ်ညမ်းတဲ့ မကောင်းတဲ့ အကြံအစည်တွေနဲ့ပြည့်နေပြီး ရည်မှန်းချက်ကြီးသောဆန္ဒများက အပြည့်နေရာယူထားတယ်။ သူ့ရဲ့ကိုယ်ကျင့်တရား ပျက်ပြားမှုနဲ့ အကျင့်ပျက်ခြစားခြင်းက နတ်ဆိုးဘုရင်နဲ့တောင် နှိုင်းယှဉ်လို့ရလောက်တယ်။ နတ်ဆိုးဘုရင်က ဒီအရာကို အံ့သြတကြီးကြည့်ပြီး ပုတီးစေ့အဖြစ်ကို ပြောင်းလိုက်တယ်။ နတ်ဆိုးဘုရင်က သူ့ဝိဉာဉ်ကို စုပ်ယူပြီး ဝိဉာဉ်ပုတီးစေ့ထဲ ထည့်လိုက်တယ်။
ပုပ်ရဟန်းမင်းထင်တာက သူက ဒီပုတီးစေ့ထဲ ခဏပဲနေရပြီး မကြာခင် သန်မာတဲ့ ဂျိုရှုဝါရဲ့ကိုယ်ထဲရောက်မယ်ပေါ့။ တကယ်တော့ ဒီပုတီးစေ့ထဲရောက်တာနဲ့ သူ့ဝိဉာဉ်က ပြင်းထန်တဲ့ ငရဲမီးနဲ့လောင်ကျွမ်းခံရတော့တယ်။ သူက သေပါရစေလို့အော်ဟစ်ငိုကြွေးရတဲ့ အထိဝေဒနာခံစားနေရတယ်။
"ကျွန်ုပ်ကို ထွက်ခွင့်ပြုပါ။ အမှောင်နတ်ဘုရား ခင်ဗျားက ကိုယ်ပြောတဲ့စကားကို သစ္စာဖောက်ခဲ့တယ်။ ကျွန်ုပ်ကိုကူညီတာဟာ ခင်ဗျားကို ကူညီတာနဲ့အတူတူပဲ။ ဒါတောင် ဒီလိုလုပ်တာ ခင်ဗျားရဲ့ ဦး နှောက်ပျက်သွားပြီလား?"
"စိတ်မကောင်းပါဘူး, နတ်ဆိုးတွေက သမာဓိကဲ့သို့သောအရာ မရှိပါဘူး "
ထိုလူက သူ့ရဲ့ ဦး ခေါင်းကိုကုတ်လိုက်ပြီး အကူအညီကင်းမဲ့စွာ ဖွင့်ပြောလိုက်သည်။
"ငါ မင်းကိုပြောပြဖို့ မေ့သွားမိတယ်။ ငါကအမှောင်နတ်ဘုရားဖြစ်ပေမယ့်လည်း ငါ့ရဲ့အထက်မှာ ဖျက်ဆီးခြင်းနတ်ဘုရားရှိတယ်။ ငါ့ သခင်ကို ငါပြန်ပြောရအုံးမယ်။ သူက ငါ့ထက် အင်အားကြီးတယ်၊ ငါသူ့ကို ကျော်လွန်လို့မရဘူး "
ထိုလူက အနက်ရောင်အခိုးအငွေ့အဖြစ် ပျောက်ကွယ်သွားပြီး အလောင်း ၄ လောင်းကိုသာ တောအုပ်ထဲမှာ ချန်ထားခဲ့တယ်။
ဘိုဝင်က ဂျိုရှုဝါရဲ့ ယာဉ်တန်းနောက်ကို တောက်လျှောက်လိုက်သွားပြီး၊ ယာဉ်တန်းက နတ်ဆိုးသားရဲ သို့မဟုတ် နတ်ဆိုးအပင်နှင့်တွေ့တဲ့အခါ သူတို့က ချက်ချင်း ရှေ့ထွက်လာပြီး ကူညီတြတယ်။ ဆာဂါစစ်သည်တော်တွေက ဂျိုရှုဝါရဲ့ လုံခြုံရေးကိုပဲ လုံ့လဝီရိယရှိစွာ စောင့်ရှောက်ဖို့ လုပ်ပေးကြတယ်။ ဒီလို တိုက်ခိုက်နေစဉ်အတွင်း ဂျိုရှုဝါရဲ့ မျက်ဝန်းတွေက သူတို့ဘက်ကို မကြာမကြာကြည့်ခဲ့ပေမယ့် ဘာမှ ခံစားချက်မပါပဲ အရာဝတ္ထုတွေကိုကြည့်နေသလိုခံစားခဲ့ရတယ်။ ဘိုဝင်က သူ့ကိုကြည့်တိုင်း စိုးရိမ်စိတ်ကို ပိုလာစေတယ်။ ဒါပေမယ့် သူ့ဖာသာ ပြန်ပြီးနှစ်သိမ့်နေတယ်။ နောက်ဆုံးတော့ ဂျိုရှုဝါက ခမည်းတော်ရဲ့ရုပ်ထုတော်ကို ထုတ်ပြီး လက်မှာဆုပ်ကိုင်လို့ ဆုတောင်းခြင်းကို ပြုလုပ်တော့တယ်။
ဘိုဝင်က သစ်ပင်ထိပ်ဖျားမှာရပ်ပြီး ဂျိုရှုဝါ ဝတ်ပြုမည့်အချိန်ကို စောင့်နေတယ်။ နောက်ဆုံးမှာ ဂျိုရှုဝါရဲ့ မျက်လုံးတွေကို ပိတ်ထားပြီး သူ့မျက်နှာက ချက်ချင်း အေးဆေးငြိမ်သက်ပြီး အေးစက်သော စိတ်ထားနေရာ မှာနူးညံ့သိမ်မွေ့ သောစိတ်ဖြင့်အစားထိုးလိုက်တယ်။ ဘိုဝင်က ချက်ချင်း သစ်ပင်ပေါ်ကနေ ခုန်ဆင်းပြီး ရထားဘေးမှာ ရပ်စာင့်နေခဲ့တယ်။ အစောင့်တွေက ဂျိုရှုဝါရဲ့ဆုတောင်းမှုကို နှောက်ယှက်မှာစိုးလို့ ဘိုဝင်ကို မျက်ခြေမပြတ် စိုက်ကြည့်နေပေမယ့် သူ့ကိုတော့ တားဆီးတာ မလုပ်ကြဘူး။
ကျိုးယွင်ရှန့်က ဆုတောင်းမှုပြီးလို့ သူ့မျက်လုံးကို ဖွင့်ကြည့်လိုက်ချိန်မှာ သူ့ရှေ့မှာ ရပ်စောင့်နေတဲ့ ဘိုဝင်ကို တွေ့လိုက်ရတယ်။ သူ့မျက်နှာက နူးညံ့နေပြီး အကြင်နာတရားနဲ့ပြည့်နေတယ်။ ဂျိုရှုဝါက ပြုံးလိုက်ပြီး နူတ်ဆက်လိုက်တယ်။
"အိုး။ မင်း ပြန်လာပြီလား?"
နူးညံ့သိမ်မွေ့စွာဖော်ပြမှုနှင့် နူးညံ့တဲ့ လေသံက ဘိုဝင်ကို စိတ်သက်သာရာ ရသွားစေတယ်။ သူက ဂျိုရှုဝါကို တောင်းပန်လိုက်တယ်။
"မင်းကို နတ်သူငယ်နဲ့သားရဲလူသား ရွာကို ဧည့်သည်အဖြစ် ငါဖိတ်ခေါ်ချင်တယ်။ ဘိုးလ်ကို ကယ်တင်လာခဲ့တဲ့ နယ်စားဟူးဘတ်ကို ကူညီပြီး အကဲခတ်ပေးစေချင်လို့ပါ။ သူက လူသားမဟုတ်ဘူးလို့ ငါတို့ထင်တယ်။ "
" ဘိုးလ်က မင်းတို့ မျိုးနွယ်စုပိုင်နက်ထဲမှာ ရှိနေတာလား။ ကျွန်တော်က ခမည်းတော် ငြင်းပယ်ထားတဲ့ လူတွေနဲ့ မပတ်သတ်ချင်ဘူး။ ပြီးတော့ ခင်ဗျားလည်း သူတော်စင်အဆင့်ရှိတဲ့ အလင်းဘုန်းကြီးတစ်ပါးပဲ။ ဘယ်လိုလုပ်ပြီး နတ်ဆိုးတစ်ကောင်ကိုတောင် မခွဲခြားနိုင်ရတာလဲ။ ဒီဟာကို ခွဲဖို့ အလင်းစွမ်းအင် နည်းနည်းပဲ လိုတဲ့ဟာ..."
" တကယ်လို့ အဲ့ဒီလူက နတ်ဆိုးဘုရင် အဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အဆင့်ဖြစ်ရင် သူတော်စင်အဆင့် အလင်းဘုန်းကြီးဆယ်ပါး ရှိရင်တောင် မဖြေရှင်းနိုင်တော့ဘူး။ မင်းက ငါတို့နဲ့မတူဘူး။ မင်းက ဘယ်အလင်းစွမ်းအင်နဲ့ အမှောင်စွမ်းအင်ကို မဆို အာရုံခံနိုင် မြင်နိုင်တယ်။ ဘယ်အဆင့်ရှိတဲ့ နတ်ဆိုးမဆို မင်းရဲ့ အမြင်အာရုံကနေ မလွတ်မြောက်နိုင်ဘူး။ "
ဘိုဝင်က အသည်းအသန်ပြုံးရင်း ပြောလိုက်တယ်။ သူတို့နတ်သူငယ်တောရဲ့ အတော်များများကို နတ်ဆိုးမြူဖုံးနေပြီ။ မကြာခင် တောပြုန်းသွားနိုင်တယ်။ ဒါကြောင့် သူတို့နယ်မြေထဲရောက် နေတဲ့သူက ဘာကောင်လဲဆိုတာ သိဖို့လိုတယ်။ ဒီကောင်က ပုံမှန်နတ်ဆိုးဘုရင်တောင် ဟုတ်ချင်မှဟုတ်မယ်။
မာန်နတ်နဲ့ အဆင့်တူတဲ့ နတ်ဆိုးဘုရင်လား။ ဒါမှမဟုတ် ဒီထက် ပိုအဆင့်မြင့်တဲ့ နတ်ဆိုးနတ်ဘုရားလား။ ဘိုးလ်ရဲ့ ချစ်သူတွေထဲက တစ်ယောက်က နတ်ဆိုးနတ်ဘုရားဖြစ်တယ်။ အခု ဘိုးလ်ကို ကယ်လာတာ အခြားတိုင်းပြည်က နယ်စားဆိုပဲ။ ဒါက အယောင်ဆောင်ထားတယ်ဆိုတာ ထင်ရှားနေတာပဲ။
" မင်း သွားလို့မဖြစ်ဘူး။ ဘိုးလ်နဲ့သူ့ချစ်သူတွေကနေ ဝေးဝေးနေမှဖြစ်မယ်။ "
ကျိုးယွင်ရှန့်က အသည်းသန် အချစ်ရှုးရှန့်ကို တားလိုက်တယ်။ အချစ်ရှုးရှန့်ကလည်း လက်ခံတယ်။ သူ မလိုက်နိုင်ဘူးလို့ ငြင်းတော့မယ် ဆဲဆဲ ဘိုဝင်ကပြောလိုက်တယ်။
" ငါတို့ နတ်သူငယ်တောအုပ်ထဲမှာ အလင်းဘုရားကျောင်းတစ်ဆောင်ကို ဆောက်ထားတာ မကြာသေးဘူး။ မင်း ငါတို့ ဘုရားကျောင်းကို လိုက်ပြီး ခမည်းတော်ကို ဝတ်ပြုဆုတောင်းပါလား။ အလင်းဘုန်းကြီး ဂျိုရှုဝါက ဘုရားကျောင်းမှာ ဝတ်မပြုရတာ ကြာပြီမဟုတ်လား။ "
ဆုတောင်းတာ ဘယ်မှာမဆို တောင်းလို့ရပေမယ့် အခု ဂျိုရှုဝါ က ခရီးထွက်တဲ့တလျှောက် ရထားလုံးထဲကနေပဲ ဆုတောင်းနေရတယ်။ သူက ဘုရားကျောင်းတော်ထဲက ခမည်းတော်ရဲ့ရုပ်ထုတော်ကို ကြည့်ပြီး ဆုတောင်းလိုက်ရင် ခမည်းတော်က သူ့စကားကို ပိုကြားရမှာပဲလို့ တွေးလိုက်မိပြီး ချက်ချင်းပဲ လက်ခံလိုက်တော့တယ်။
ခမည်းတော်က ဘုရားကျောင်းထဲမှာ ရှိနေတယ်လို့တွေ့လိုက်မိတာနဲ့ သူက ဘာတွေပဲ တားဆီးနေပါစေ မီးတောင်ကို ကျော်ပြီး ဓါးပင်လယ်ကို ဖြတ်ရလည်း သွားမှာပဲ
ကျိုးယွင်ရှန့်တားဆီးတဲ့ကြားက ဂျိုရှုဝါက ဒီခရီးကို လက်ခံလိုက်တယ်။ နတ်သူငယ်အုပ်စုက ချက်ချင်းလာပူးပေါင်းပြီး သူတို့ရွာဆီကို အမြန်လမ်းပြခေါ်သွားတော့တယ်။
အဆိုပါ နတ်သူငယ်နဲ့ သားရဲလူသားမျိုးနွယ်စုတွေရဲ့ရွာကို ထူထပ်တဲ့ အလင်းစက်ဝိုင်းက ဖုံးလွှမ်းထားတယ်။ တစ်ချိန်က လှပတဲ့အိပ်မက်နဲ့ တူတဲ့ ရှုခင်းနေရာမှာ ိုစိတ်ဓာတ်ကျခြင်းဖြင့် အစားထိုးခဲ့ပြီး အပင်တွေလည်း အာဟာရအလုံအလောက်မရနိုင်လိူ့ ညှိုးနွမ်းသွားတယ်။ သူတို့ရဲ့အရွက်တွေက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဝါရောင်ဖြစ်ပြီး သူတို့က သီးလာတဲ့ အသီးတွေက မချိုတော့ဘူး။ ဒါက သက်သတ်လွတ် စားတဲ့ နတ်သူငယ်တွေအတွက် အလွန်ဒုက္ခရောက်တဲ့ အခြေအနေဖြစ်စေခဲ့တယ်။
နတ်ဆိုးမြူမကူးစက်နိုင်တဲ့ တာရိုင်းတိရိစ္ဆာန်တွေလည်း ပိုမိုရှားပါးလာလို့ အသားစားသားရဲလူသားတွေလည်း အစာရှားပါးမှုပြသနာများနှင့် ရင်ဆိုင်နေရတယ်။ သူတို့က အသက်အန္တရာယ်မရှိပေမယ့် သူတို့ရဲ့စိတ်တွေက ညှိုးခြုံးပြီး စိတ်ဓါတ်ကျနေကြတယ်။
" အလင်းဘုန်းကြီး ပြန်လာပြီ။ သူက ဘယ်သူလဲ...."
လေးကို ကိုင်ဆောင်ထားတဲ့ နတ်သူငယ် မိန်းကလေးက လာကြိုရင်း မေးလိုက်တယ်။
"သူက အလင်းဘုန်းကြီး ဂျိုရှုဝါပါ... "
ဘိုဝင်က လေးစားစွာနဲ့ ပြောပြလိုက်တယ်။ နတ်သူငယ်မိန်းကလေးက ချက်ချင်း မျက်ဝန်းတွေ ခက်ထန်လာပြီး လေးနဲ့ ချိန်ပြီး ပြောလိုက်တယ်။
" ဆာဂါပြည်က ဂျိုရှုဝါလား။ သူက နတ်သူငယ်နဲ့ သားရဲလူသားမျိုးနွယ်တွေရဲ့ ရန်သူ မဟုတ်လား။ ရှင်က ဘာကြောင့် သူ့ကို ခေါ်လာတာလဲ... "
ဘိုဝင်အပါအဝင် နတ်သူငယ်တွေနဲ့ သားရဲလူသားတွေက ဂျိုရှုဝါရဲ့ကိုယ်ကို မထိခိုက်အောင် ဝိုင်းပတ်ကာကွယ်ထားကြပြီး ကောင်မလေးကို အော်ဟစ်လိုက်တယ်။ ဘိုဝင်က အလင်းအကာကွယ်ဖန်တီးပြီး ကောင်မလေးကို စိတ်ရှည်လက်ရှည် အဖြူမည်းသည်းကွဲအောင် ရှင်းပြလိုက်တယ်။ သူတို့နတ်သူငယ်တွေက အချင်းချင်း ဘယ်တော့မှ လျှို့ဝှက်ချက်ထားလေ့မရှိဘူး။ အခုချိန် သူက ဂျိုရှုဝါရဲ့ မူလဇစ်မြစ်ကို မဖော်ပြချင်ပေမယ့် နူတ်က လွှတ်ခနဲထွက်ပြောလိုက်မိတာဖြစ်တယ်။ သူ့စိတ်ထဲမှာ ဂျိုရှုဝါကို ဒီမျိုးနွယ်စု နှစ်ခုက ရန်သူအဖြစ်သတ်မှတ်ထားတာကို မေ့သွားတယ်။
နတ်သူငယ်တွေအတွက် မိခင်သစ်ပင်ကို ကယ်တင်ပေးတဲ့ ဘိုးလ်ရဲ့ကျေးဇူးက အရမ်းကို ကြီးမားတယ်။ ဒါကြောင့် ဘိုးလ်အတွက် ကလဲ့စားချေတာဖြစ်ဖြစ် တက်ကြွစွာလုပ်ပေးချင်ကြတယ်။
ကျိုးယွင်ရှန့်က ဒီကိုယ်ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်။ ဒီကိုလာတဲ့ လမ်းမှာ သူစဉ်းစားနေမိတယ်။ တကယ်လို့ အလင်းဘုရားကျောင်းမှာ အလင်းနတ်ဘုရားနဲ့တွေ့ရမယ်ဆိုရင် သူ ထပ်ပျောက်သွားဖို့စဉ်းစားနေတယ်။
" အရှင် ဂျိုရှုဝါ အနောက်မှာ နေပေးပါ..."
ဘိုဝင်က အလင်းစက်ဝိုင်းအကာကို ဖန်တီးပြီး တိုက်ခိုက်ဖို့ပြင်နေတဲ့ နတ်သူငယ်နဲ့ သားရဲလူသားတွေရန်ကနေ ကာကွယ်ဖို့ပြင်ဆင်နေတယ်။
ပလက်တီနမ်ရောင်ဆံပင် မျက်ဝန်းပြာပြာနဲ့ ဆာဂါပြည်က ဂျိုရှုဝါဆိုတာ သေချာရော သားရဲမင်းသား တစ်ယောက်က ဂျိုရှုဝါကို မုန်းတီးတဲ့ မျက်ဝန်းနဲ့စိုက်ကြည့်ပြီး ဟိန်းဟောက်ပြီး ခုန်အုပ်လိုက်တယ်။
သူက တောင်ပံပါတဲ့ ကျားကြီးအဖြစ်ကို ပြောင်းသွားပြီး ပါးစပ်နီနီကိုဖြဲလို့ ကိုက်ဖြဲဖို့ ခုန်အုပ်လိုက်တယ်။ သူက သားရဲမင်းသားဖြစ်ပြီး ဘိုးလ်ရဲ့ကယ်တင်ခြင်းကို ခံခဲ့ရတဲ့အပြင် ဘိုးလ်ရဲ့ချစ်သူလည်း ဖြစ်တယ်။ သူက ဘိုးလ်ကို ကျေးဇူးဆပ်ဖို့ ဂျိုရှုဝါကို သတ်ဖို့မပြောနဲ့ သူ့အသက်ကိုတောင် ပေးအပ်ထားတာဖြစ်တယ်။
ဆာဂါပြည်နဲ့ ဒိုရဒိုးစ်ပြည်က စစ်သည်တော်တွေက လက်နက်တွေ ကိုင်ဆွဲပြီး ပြန်တိုက်ဖို့ လုပ်လိုက်ကြတယ်။ သွေးထွက် သံယိုမှုဖြစ်လာတော့မယ့် အချိန်မှာ ကြီးမားတဲ့ အလင်းပိုက်ကွန်ကြီးက ကောင်းကင်ပေါ်ကနေ ဖြာကျလာပြီး စစ်ပွဲခေါ်သံကို ဖုံးလွှမ်းသွားတော့တယ်။
ကျိုးယွင်ရှန့်က ဂျိုရှုဝါနဲ့မတူဘူး။ သူ့စိတ်ကို လူတိုင်းထက် ပိုအေးစက်ပြီး ခက်ထန်တယ်။ သူက လက်ညှိုးကို ယမ်းလိုက်တော့ ပိုက်ကွန်မှာ ဆူးချွန်တွေထွက်လာပြီး နတ်သူငယ်တွေနဲ့ သားရဲလူသားတွေကို ရစ်ပတ်လို့ အသားထဲ ဆူးချွန်တွေ ဖောက်ဝင်သွားကြတယ်။ ဒီဆူးဒဏ်ကို ခံနိုင်ရည်မြင့်တဲ့ သားရဲစစ်သည်တော်တွေတောင် တောင့်မခံနိုင်ပဲ အပြာရောင် အနက်ရောင်သွေးတွေ စီးကျပြီး မြင်ကွင်းက စိတ်ဆင်းရဲစရာကောင်းနေတော့တယ်။
ကျိုးယွင်ရှန့်က မကျေနပ်သေးပဲ လက်ညိုးကို ယမ်းလိုက်တော့ ပိုက်ကွန်ပေါ်မှာမီးတောက်ထွက်ပေါ်လာတယ်။
" မလုပ်ပါနဲ့ ကျေးဇူးပြုပြီး သူတို့ကို မသတ်ပါနဲ့ "
ဘိုဝင်က အလောတကြီး တောင်းပန်လိုက်တယ်။ ဒီမီးတွေက ဘုရားသခင်ရဲ့မီးတွေဖြစ်ပြီး ဘယ်အရာကိုမဆို ပြာဖြစ်အောင် လောင်ကျွမ်းနိုင်တယ်ဆိုတာ သိတယ်။
"ဘယ်သူက ငါတို့နယ်မြေကိုလာပြီး သတ်ဖြတ်နေတာလဲ.... "
ပုံမှန်မဟုတ်တဲ့ချောမောတဲ့လူတစ်ယောက်ပြေးထွက်လာခဲ့တယ်။ သူက အပြာရောင်ဖျော့အင်္ကျီတစ်ထည်၊ ပန်းပွင့်များဖြင့်ပြုလုပ်ထားတဲ့ ပန်းသရဖူကို ဝတ်ဆင်ထားပြီး ဂုဏ်သိက္ခာပြည့်ဝသော စိမ်းလန်းသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားတယ်။ သူက တချက်ဝေ့ကြည့်လိုက်ပြီး အင်အားကြီးတဲ့ မီးလုံးကို လက်နဲ့ဖမ်းဆီးလိုက်တယ်။ ဒါပေမယ့် သူ့လက်က နာကျင်သွားပြီး လက်ကို ချက်ချင်း ရုပ်လိုက်တယ်။
ရွှေမီးလျှံဘောလုံးက သူ့လက်ဖဝါးကို ထိုးဖောက်ပြီး အလင်းတန်းတွေက ပိုက်ကွန်ထဲက နတ်သူငယ်နဲ့ သားရဲလူသားတွေကိုယ်ပေါ် ကျဆင်းသွားတယ်။ နတ်သူငယ်ဘုရင်ရဲ့ ငိုကြွေး အော်ဟစ်သံကြောင့် သစ်ပင်တွေပေါ်က ဌက်တွေတောင် လန့်ပြီး ထပြေးကုန်တယ်။ ပိုက်ကွန်ထဲ မိထားတဲ့ သူတွေအားလုံး မီးလောင်တိုက်သွင်းခံရပြီး သနားစရာဖြစ်နေကြတယ်။
"ဒါ ... ... ဘုရားသခင်ရဲ့မီးပဲ!"
နတ်သူငယ်ဘုရင်က မီးလုံးဖောက်သွားတဲ့ အတွက် နာကျင်မှုကို အံကြိတ်ခံလိုက်ပြီး ကြည့်နေတယ်။ ခမည်းတော်က သူပိုင်ဆိုင်တဲ့ တန်ခိုးစွမ်း့ရည်ကို ဘာကြောင့် ဂျိုရှုဝါကိုပေး့ရတာလဲ။ ဂျိုရှုဝါနဲ့ ခမည်းတော်ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။
သို့သော် သူနက်နက်ရှိုင်းရှိုင်းစဉ်း စားလို့ မရခင် ရွှေမီးလျှံကြောင့် မီးလောင်နေတဲ့ နတ်သူငယ်တွေနဲ့ သားရဲလူသာတွေက မြေပြင်ပေါ်မှာ မလှုပ်ရှားဘဲ အသက်ရှူမှုနှင့်နှလုံးခုန်မှုရပ်တန့်သွားကြတယ်။
"မင်းမှာ ဘုရားသခင်မီး ရှိရင်တောင် ငါ့လူတွေကို သတ်တဲ့အတွက် ပြန်ပေးဆပ်ရလိမ့်မယ်"
နတ်သူငယ် ဘုရင်က သူ့ရာဇလှံတံကိုမြှောက်လိုက်တယ်။ သူက ဂါထာကို ရွတ်လိုက်ပြီး အစွမ်းအထက်ဆုံး လေစွမ်းအင်ကို ဆင့်ခေါ်လိုက်တယ်။ လေပွေတွေ တိုက်ခတ်လာပြီး သူ့ကိုဖုံးသွားလို့ အလယ်က ရပ်နေတဲ့ သူ့ကို ဘယ်သူမှမမြင်နိုင်တော့ဘူး။ နတ်သူငယ်ဘုရင်က သူနဲ့ရင်ဆိုင်ရတဲ့သူက အသက် 18 နှစ်ပဲ ရှိသေးပေမယ့် ပေါ့ပေါ့တန်တန်သဘောမထားရဲပဲ သူ့ရဲ့အစွမ်းအထက်ဆုံး ဂါထာနဲ့တိုက်ဖို့လုပ်လိုက်တာဖြစ်တယ်။
ကျိုးယွင်ရှန့်ရဲ့ ပလက်တီနမ်ဆံပင်တွေ လေထဲ ယိမ်းနွဲ့နေပြီး မကြာခင် လေဝဲစုပ်ယူတာ ခံရတော့မယ် ထင်နေရပေမယ့် သူက နည်းနည်းလေးမှ စိတ်မပူဘူး။သူက လက်ညှိုးကို ညွန်ပြပြီး ပြောလိုက်တယ်။
" သေချာကြည့်စမ်းပါဦး။ အဲ့ဒါ မင်းရဲ့လူတွေလား... "
ပိုက်ကွန်ထဲ မီးလောင်သေဆုံးနေသူတွေက နတ်သူငယ်တွေမဟုတ်ပဲ အဆိပ်ရှိတဲ့ လျှာတွေ တစ်လစ်ထွက်ပြီး သေနေတဲ့ နတ်ဆိုးတွေဖြစ်တယ်။ ဒါကိုမြင်တော့အနီးဆုံးမှာရှိတဲ့ သားရဲတွေက လန့်ဖြန့်ပြီး အော်လိုက်ကြတယ်။ နတ်ဆိုးအလောင်းတွေက တောင်ပံတွေရှိပြီး လက်သည်းတွေက ချွန်မြနေတယ်။ နောက်ကျောဘက်မှာ အမြီးလည်းရှိတယ်။
" အိုဘရိုင်ယန်က ဘယ်လိုလုပ်ပြီးနတ်ဆိုးဖြစ်နိုင်မှာလဲ။ မင်းက သူ့ကို နတ်ဆိုးဂါထာတွေသုံးပြီး ခုလို ဖြစ်အောင် လုပ်လိုက်တာ မဟုတ်လား "
နတ်သူငယ်တွေက အော်ဟစ်လိုက်တယ် အဲ့အချိန်မှာ နတ်ဆိုးအလောင်းက ပျက်စီးသွားပြီး ချက်ချင်းနတ်ဆိုးမြူတွေ ထွက်လာပြီး မြေကြီးထဲ တိုးဝင်သွားတယ်။ မြေကလည်း ချက်ချင်း မည်းနက်ပြီး နတ်ဆိုးမြူကြောင့် ပျက်စီးသွားတယ်။ အလောင်းကို အတုလုပ်လို့ရပေမယ့် နတ်ဆိုးမြုကို အတုလုပ်လို့မရဘူး။
နတ်သူငယ်တွေက အလန့်တကြားနဲ့ ဒီအနက်ရောင်ပြောင်းသွားတဲ့ မြေကြီးနဲ့ဝေးရာကို ထွက်ပြေးဖို့ ကြိုးစားလိုက်ကြတယ်။ သူတို့နဲ့အတူနေနေတာ နတ်ဆိုးဆိုတာ ဘယ်သူမှ မရိပ်မိကြဘူး။
နတ်သူငယ်ဘုရင်က အဖြစ်မှန်ကိုသိသွားတဲ့အတွက် သူ့ရဲ့မှော်ဂါထာကို ပြန်လည်ရုပ်သိမ်းလိုက်တယ်။ ဒါပေမယ့် စွမ်းအင်မတည်ငြိမ်မှုကြောင့် သူ့ရင်ထဲမှာနာကျင်လာပြီး သွေးတစ်လုတ် အန်ထုတ်လိုက်မိတယ်။ တပ်သားတွေစုဆောင်းနေတဲ့ သားရဲဘုရင်က ဒီအခြေအနေကို အပြေးအလွှားလာကြည့်ပြီး သူ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ အံ့အားသင့်မှုနဲ့ ကြောက်ရွံ့မှုကို စာလုံးနဲ့တောင် မဖော်ပြနိုင်တော့ဘူး။
ကျိုးယွင်ရှန့်က အေးစက်စွာ လှောင်ပြောင်လိုက်တယ်။
"နှလုံးသားထဲက ဖုံးကွယ်ထားတဲ့မကောင်းမှုတွေက မကောင်းဆိုးဝါးရဲ့အစာဖြစ်တယ်.. ပြီးတော့မှ မကောင်းဆိုးဝါးတွေက ပြန့်ပွားလာတယ်.. နှလုံးသားက ညစ်နွမ်းလေ မကောင်းဆိုးဝါးလွှမ်းမိုးမှုကို ခံရလေပဲဖြစ်တယ်.. ဒါကြောင့် လူသားတွေက မကောင်းဆိုးဝါးတွေအကြိုက်ဆုံး အစာပဲဖြစ်တယ်.. နတ်သူငယ်တောအုပ်မှာ မကောင်းဆိုးဝါးမြူ၊ မကောင်းဆိုးဝါးပူးကပ်နေတဲ့ သားရဲနဲ့ သစ်ပင်တွေပဲရှိတယ်လို့ ထင်ခဲ့တာ.. နတ်သူငယ်တွေရဲ့ နှလုံးသားတွေကတောင် ဖြူစင်ခြင်းမရှိ ညစ်နွမ်းလို့နေပြီ.. စိတ်ပျက်စရာပဲ.."
ကျိုးယွင်ရှန့်က နတ်သူငယ်တွေနဲ့ သားရဲလူသားတွေကို လှောင်ပြောင်သရော်ပြီးနောက် စိတ်နည်းနည်းပိုပျော်လာတယ်။ ဒါကြောင့် သူ့လက်ညှိုးထိပ်ကနေ ပိုပြီးတောက်ပတဲ့ အလင်းစွမ်းအင်တွေ ဖြာထွက်လာတော့တယ်။ ဒီအလင်းရောင်က နတ်ဆိုးပူးကပ်နေတဲ့သူတွေကို ခွဲခြားနိုင်တဲ့အရာဖြစ်ပြီး ပုံမှန်ဆိုရင် တစ်ယောက်စီကိုပဲ ခွဲခြားနိုင်တယ်။ ဒါပေမယ့် ဒီအလင်းရောင်က ကြီးမားကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုလုံးကို နေဝန်းငယ်တစ်ခုလို ဖြန့်ကျက်လင်းထိန်လို့နေတယ်။ ဒီအလင်းရောင်က ဒီနေရာတဝိုက်က နတ်ဆိုးပူးကပ်နိုင်သူကို ခွဲခြားပေးနိုင်တယ်။ ဒီလိုအင်အားကြီးမားတဲ့ စွမ်းအားက အလင်းနတ်ဘုရားသာလျှင် ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားတွေပဲမဟုတ်လား။
ဒါပေမယ့် ဒီကောင်လေးက အလွယ်တကူ ဒီအလင်းကိုဖန်ဆင်းလိုက်နိုင်တယ်။ သူ့လက်ကိုမြှောက်လိုက်ပြီး အလင်းလုံးက ကောင်းကင်ပေါ် တဖြည်းဖြည်းတက်သွားပြီး နေလုံးလေးလို အားလုံးအပေါ် ဖြာကျလို့နေတယ်။ ဒီအလင်းရောင်အောက်မှာ ကိုယ်ခန္ဓာထဲငြိတွယ်နေတဲ့ ဘယ်လိုမကောင်းဆိုးဝါးမျိုးမှ ကွယ်ဝှက်နေလို့မရဘူး။ ကောင်လေးက ဒီလူစုရဲ့ရှေ့မှာ အလင်းစွမ်းအင်နဲ့ မှော်မှန်တစ်ခုကို ဖန်ဆင်းလိုက်တယ်။ ဒီမှန်ထဲမှာ သူတို့က အခြားလူကိုကြည့်လို့မရပေမယ့် သူတို့ကိုယ်ထဲ တိတ်တဆိတ်တွယ်ငြိနေတဲ့ နတ်ဆိုးမြူကို ထင်ထင်ရှားရှား မြင်နိုင်ကြတယ်။
ဒီအုပ်စုထဲမှာ နတ်ဆိုးဝါးမြိုခံရတာ နောက်ထပ်နှစ်ဦးကိုတွေ့လိုက်ရပြီး ဒီနတ်ဆိုးပူးခံရသူတွေက သူတို့ပေါ်သွားပြီဆိုတာသိလို့ ထွက်ပြေးဖို့ကြိုးစားပေမယ့် ကောင်းကင်ပေါ်ကအလင်းလုံးက သူတို့နှစ်ဦးပေါ် ဖြာကျလာခဲ့တယ်။ နတ်သူငယ်နဲ့ သားရဲလူသားအတော်များများက သူတို့မျက်ခုံးနှစ်ခုကြားမှာ နတ်ဆိုးအငွေ့အရိပ်ကို တွေ့လိုက်ရပြီး သူတို့စိတ်ထဲမှာ မကောင်းဆိုးဝါးမြူတွေ တိတ်တဆိတ်ခိုအောင်းနေတယ်ဆိုတာ သိလိုက်ရတယ်။ ဒီမကောင်းဆိုးဝါးမြူတွေက သူတို့စိတ်ဝိညာဉ်ကိုတိုက်စားလို့ လုံလောက်သွားရင် သူတို့ကိုယ်ကို အပိုင်စီးလိုက်ကြတော့မှာ သေချာတယ်။
နတ်သူငယ်ဘုရင်နဲ့ သားရဲဘုရင်နှစ်ပါးရဲ့ မျက်ခုံးကြားထဲ နတ်ဆိုးမြူရိပ်ကိုတွေ့လိုက်ရချိန်မှာ ဘိုဝင်က အရမ်းကို တုန်လှုပ်ခြောက်ခြားသွားတယ်။ ဒါ သူ့ဘဝမှာ အထိတ်လန့်ရဆုံး အခိုက်အတန့်ပဲ။ သူတို့နှစ်ယောက်ရဲ့စိတ်က မခိုင်မာဘဲ တစ်ချက်ယိမ်းယိုင်သွားမိတာနဲ့ ဒီဟာက ချက်ချင်းပဲ နတ်ဆိုးမြူရဲ့ဝါးမြိုခြင်းခံရပြီး နတ်ဆိုးဖြစ်သွားတော့မယ်။ ဒါဆိုရင် သူတို့နတ်သူငယ်မျိုးနွယ်နဲ့ သားရဲလူသားမျိုးနွယ်က မကြုံစဖူးတဲ့အန္တရာယ်ကို ရင်ဆိုင်ရတော့မှာသေချာတယ်။ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
နတ်ဆိုးမြူစွဲကပ်ခံရသူတိုင်းက ဘိုးလ်နဲ့ တရင်းတနှီးရှိသူတွေဖြစ်လို့ ဘိုးလ်က နတ်ဆိုးပူးကပ်သူ ဒါမှမဟုတ် သူ့ကိုကယ်တင်လာခဲ့တဲ့ နယ်စားဟူးဘတ်က နတ်ဆိုးဘုရင် ဒါမှမဟုတ် အမှောင်နတ်ဘုရားကိုယ်တိုင် ဖြစ်နိုင်လောက်တယ်။ ဘိုးလ်က မိခင်သစ်ပင်ကို ကယ်တင်ပေးတဲ့ကျေးဇူးရှိပေမယ့် သူတို့မျိုးနွယ်စုနှစ်ခုကို ကပ်ဘေးတွေသယ်ဆောင်လာသူဖြစ်လို့ အရင်ကျေးဇူးတရားနဲ့တောင် ဖာထေးပေးလို့မရနိုင်ဘူး။ ဒါကြောင့် သူတို့က ဟူးဘတ်နဲ့ဘိုးလ်ကိုရှာပြီး သတ်ပစ်သင့်တယ်။ ဘိုဝင်က ဒီလိုတွေးပြီး အံကို တင်းတင်းကြိတ်လိုက်မိတယ်။
ကျိုးယွင်ရှန့်က ဒီအုပ်စုက အမှန်တရားကိုသိပြီးသွားပြီဆိုတော့ ကောင်းကင်ပေါ်က အလင်းလုံးနဲ့မှော်မှန်ကို ရုပ်သိမ်းလိုက်ပြီး သူ့အစောင့်တွေကိုခေါ်လို့ ဒီနေရာကထွက်ခွာဖို့ အမိန့်ပေးလိုက်တယ်။ သူက ဒီမျိုးနွယ်စုအရေးကိစ္စကို စိတ်မဝင်စားသလို ဝင်ပါဖို့လည်း စိတ်မကူးထားဘူး။
"မဟုတ်သေးဘူး.. ငါ ခမည်းတော်နဲ့တွေ့ဖို့ အလင်းဘုရားကျောင်းကို သွားဦးမယ်.."
အချစ်ရူးရှန့်က ခမည်းတော်ရဲ့ခေါ်သံကို နားထဲမှာကြားလိုက်ရတော့ ကျိုးယွင်ရှန့်ရဲ့စိတ်ကို တွန်းထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်တယ်။ သူ့ရဲ့အေးစက်စက်အမူအယာနေရာမှာ အကြင်နာတရားကြီးမားတဲ့ နူးညံ့တဲ့ပုံ ပြန်ပြောင်းသွားပြီး သူ့ရဲ့သိုလှောင်လက်စွပ်ထဲက ရာဇနှင်တံကိုထုတ်ယူပြီး မွန်မြတ်သန့်စင်တဲ့ဂါထာတစ်ခုကို မန်းမှုတ်လိုက်တယ်။ တောက်ပတဲ့ရွှေရောင်အလင်းတစ်ခုက နတ်သူငယ်ဒေသပေါ် လွှမ်းခြုံကျဆင်းလာပြီး နတ်သူငယ်၊ သားရဲလူသား၊ သစ်ပင်နဲ့ ရေမြေတို့မှာ စွဲကပ်နေတဲ့ နတ်ဆိုးမြူအားလုံးကို တိုက်ဖျက်ပြီး ပကတိ သန့်ရှင်းတဲ့ဒေသတစ်ခု ဖြစ်လာစေတယ်။
ဒီရွှေရောင်အလင်း ပျောက်ကွယ်သွားတော့ နတ်သူငယ်နဲ့ သားရဲလူသားတွေရဲ့ခေါင်းထဲ ခိုဝင်နေတဲ့ နတ်ဆိုးမြူအားလုံး ရှင်းလင်းသွားသလို ဒီမြေက ချက်ချင်း မြက်ခင်းစိမ်းတွေ ပြန်ဖြစ်လာပြီး ညှိုးရော်နေတဲ့အပင်ဝါဝါတွေက ပြန်လည်စိမ်းလန်းလာတယ်။ ပန်းတွေပွင့်ဖူးပြီး လေထုကလည်း လတ်ဆတ်မွှေးပျံ့လို့လာတယ်။ သက်ရှိတွေကို ပြန်လည်ရှင်သန်စေတဲ့စွမ်းအင်က သေချာပေါက် နတ်ဘုရားတွေရဲ့ စွမ်းအင်ပဲဖြစ်တယ်။
"အလင်းနတ်ဘုရားခမည်းတော်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်.. သင့်ရဲ့အကြင်နာတရားအတွက် ကျေးဇူးတင်ပါတယ် အရှင်ဂျိုရှုဝါ.."
စိတ်လှုပ်ရှားမှုများစွာနဲ့ ဘိုဝင်က ငိုကြွေးရင်းပြောလိုက်တယ်။ အစောပိုင်းက လူငယ်လေးကို သတ်ဖြတ်မယ်ပြောတဲ့လူစုက ရှက်သွားကြပြီး ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။
ဒီလူငယ်လေးရဲ့စွမ်းအင်က သာမန်အလင်းဘုန်းကြီးတစ်ပါးထက် အစွမ်းထက်လွန်းလှတယ်။ သူသာလိုချင်ရင် တိုင်းပြည်တစ်ခုရဲ့ ဂိုဏ်းချုပ်ရာထူးသာမက ကုန်းမကြီးတစ်ခုလုံးရဲ့ အကြီးဆုံးပုပ်ရဟန်းမင်းရာထူးကို လိုချင်ရင်တောင် ရရှိဖို့ တကယ်ထိုက်တန်ပါပေတယ်။ သူက ဒီရာထူးလေးအတွက် မတရားတိုက်ခိုက်မှုတောင် လုပ်ဖို့မလိုအပ်ဘူး။ သူက ကြင်နာပြီး မေတ္တာတရားကြီးမားတယ်။ ဘိုးလ်ပြောတာနဲ့ လုံးဝကို မတူကွဲပြားတယ်။ နတ်သူငယ်နဲ့ သားရဲလူသားတွေက ပြင်ပကမ္ဘာနဲ့ အဆက်ပြတ်နေတယ်ဆိုပေမယ့် သူတို့က ငတုံးငအ တွေမှ မဟုတ်ဘဲ။ သူတို့တွေးမိတဲ့သဲလွန်စကို စုစည်းပြီး လူအုပ်ကြီးထဲမှာ ဘိုးလ်နဲ့ဟူးဘတ်ကို လိုက်ရှာကြတယ်။
"သူတို့က ဘယ်လီနဲ့ မနက်ကတည်းက အမဲလိုက်ထွက်သွားကြတာ ပြန်မလာသေးဘူး.."
ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သူတို့နှလုံးသားထဲမှာ ဖော်ပြလို့မရလောက်တဲ့ မကောင်းတဲ့၊ ညစ်ပတ်တဲ့အတွေးတွေနဲ့ ပြည့်နေလို့ပဲဖြစ်တယ်။ ဒီမကောင်းမှုရဲ့အရင်းခံက ဘယ်သူလဲ။ ဘယ်သူ့ဆီက မြစ်ဖျားခံလာသလဲဆိုတာ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်တယ်။
"ဘိုးလ်ဘရစ်တာ.. မင်းက အလင်းနတ်ဘုရားရဲ့ တမန်တော်မဟုတ်ဘူး.. အမှောင်ချောက်ထဲက မကောင်းဆိုးဝါး.. အမှောင်နတ်ဆိုးရဲ့ ကိုယ်စားလှယ်ပဲ.. မင်းက ငါတို့နှစ်ယောက်ကို ဖျက်ဆီးခဲ့တယ်.." လို့ ဘုရင်နှစ်ပါးက ခါးသီးစွာတွေးလိုက်မိတယ်။
ဘိုဝင်က လူငယ်လေးကို ဘုရားကျောင်းတံခါးဝကို လိုက်ပို့ပေးတယ်။ ဒါပေမယ့် လှေကားထစ်ထိပ်ဆုံးမှာ ရွှေရောင်အလင်းတွေ ပိတ်ဆို့ဖြာဆင်းနေလို့ ဘယ်သူကမှ ဒီထဲမှာဘာရှိတယ်ဆိုတာ မမြင်ရအောင် ပိတ်ဆို့ခံလိုက်ရတယ်။ ဘိုဝင်က မြင်အောင်ကြိုးစားကြည့်လိုက်ပေမယ့် သူ့နှလုံးသားကို တောင်ကြီးတစ်လုံးဖိလာသလို လေးလံတဲ့ဖိအားတွေ သက်ရောက်လာပြီး နှလုံးခုန်ရပ်တော့မလို ခံစားလိုက်ရတယ်။ ဘယ်သူက ဒီအလင်းကို ဖန်ဆင်းထားတာလဲ။ ဘာတွေဖြစ်နေသလဲဆိုပြီး သူ အရမ်းအံ့အားသင့်နေမိတယ်။
ဘိုဝင်က လက်ဝါးထဲ စွမ်းအင်စုစည်းပြီး ဒီတားဆီးနေတဲ့အလင်းကို ဖယ်ရှားဖို့ကြိုးစားနေချိန် ဂျိုရှုဝါက အတားအဆီးမရှိ ဘုရားကျောင်းထဲဝင်သွားတာ တွေ့လိုက်ရတယ်။ သူက ဘုရားကျောင်းတံခါးဝမှာ အကြာကြီး ချီတုံချတုံစဉ်းစားနေပေမယ့် နောက်ဆုံး ဒီကနေလှည့်ထွက်လာခဲ့တယ်။
🌷🌷🌷🌷🌷🌷🌷