[Zawgyi]
<ငါးမီးေသြးကင္>
ရွန္ဖူ သူ႔ကိုေျပာတဲ့ေနရာကို လင္ရႈယီတစ္ခါမွ မေရာက္ဖူးေပ။ အမွန္ေတာ့ ဒီေနရာမွမဟုတ္ပါဘူး...ရွီခ်င္စားေသာက္ဆိုင္ကလဲြၿပီး ေခ်ာင္ယန္လမ္းထဲကိုေတာင္ လင္ရႈယီတစ္ေယာက္တည္းသြားတာ ရွားလြန္းတယ္။ ရွီခ်င္စားေသာက္ဆိုင္နဲ႔ သိပ္မေဝးတဲ့ေနရာမွာ ဘတ္(စ္)ကားမွတ္တိုင္တစ္ခုရွိသည္။ ေခ်ာင္ယန္လမ္းနားမွာ ေစ်းဝယ္စင္တာတစ္ခုရွိလာကတည္းက ရံုးဆင္းခ်ိန္မဟုတ္ေပမယ့္လည္း ဘတ္(စ္)ကားမွတ္တိုင္မွာ လူေတြျပည့္ၾကပ္ေနတတ္သည္။ လင္ရႈယီနဲ႔ ရွန္ဖူရဲ႕ အရပ္ရွည္ၿပီးေခ်ာေမာတဲ့ပံုစံေတြက လူေတြရဲ႕အာရံုကို ဆဲြေဆာင္ေနေတာ့သည္။
သူတို႔ေနာက္က ေကာင္မေလးနွစ္ေယာက္ တီးတိုးေျပာေနတာကို သူတို႔ၾကားေပမယ့္လည္း လင္ရႈယီက စိတ္မရွိေပ။ ဒါေပါ့...ရွန္ဖူကလည္း ဘယ္ဂရုစိုက္ပါ့မလဲ။
ရွန္ဖူက အေရးႀကီးတဲ့တစ္စံုတစ္ခုကို သတိရသြားၿပီး ေခါင္းငံု႔ကာ လင္ရႈယီကိုေမးလိုက္သည္။
"ဟုတ္သားပဲ။ မင္း ပိုက္ဆံယူခဲ့တယ္မလား?"
လင္ရႈယီ ေခါင္းၿငိမ့္လိုက္သည္။
"ဘာျဖစ္လို႔လဲ?"
ရွန္ဖူက သူ႔ရဲ႕နွင္းလိုျဖဴ ေဖြးတဲ့သြားေတြေပၚေအာင္ ၿပံဳးလိုက္သည္။
"ဘာမွမျဖစ္ပါဘူး။ ကိုယ့္မွာ ပိုက္ဆံတစ္ျပားမွမရွိဘူးလို႔ မင္းကိုျပာခ်င္လို႔။"
လင္ရႈယီ နႈတ္ခမ္းေတြတြန္႔သြားၿပီး ရွန္ဖူ႔ဆီ ရက္စက္တဲ့အၾကည့္တစ္ခ်က္ပစ္လႊတ္လိုက္ေတာ့သည္။ သူ႔ေနာက္က ေကာင္မေလးေတြရဲ႕ တီးတိုးေျပာသံေတြက ပိုက်ယ္ေလာင္လာတာကိုနားေထာင္ေနရင္း ရွန္ဖူက မ်က္လံုးေတြေမွးစင္းလိုက္ကာ နတ္ဆိုးတစ္ေကာင္လို ေလွာင္ၿပံဳး ၿပံဳးလိုက္ေလ၏။ သူက သူ႔ဘက္ေတြကို လင္ရႈယီေျခေထာက္ေပၚတင္လိုက္ၿပီး သူ႔ေနာက္က မိန္းကေလးေတြရဲ႕ ေက်နပ္စြာသက္ျပင္းခ်သံကို နားေထာင္လိုက္သည္။
သူ႔ရည္႐ြယ္ခ်က္ကို လင္ရႈယီမသိေပမယ့္ ရွန္ဖူေကာင္းတာလုပ္ေနတာမဟုတ္ဘူးဆိုတာကိုေတာ့ အလိုလိုသိေနသည္။ လင္ရႈယီ တစ္ဖက္လူကို ၾကည့္လိုက္သည္။
"ခင္ဗ်ား ဘာလုပ္ေနတာလဲ?"
"အေႂကြေစ့ေကာက္ေနတာေလ။ ဘယ္ေလာက္ဆို ကိုယ္တို႔ ဘတ္(စ္)ကားစီးလို႔ရလဲ?"
ရွန္ဖူက သြားေဖြးေဖြးေတြေပၚတဲ့အထိ ရယ္ျပလိုက္ေသာ္လည္း လင္ရႈယီက မတုန္႔ျပန္ဘဲ ေရွ႕ဆက္မသြားခင္အထိ ရွန္ဖူကို အေႂကြေစ့ေတြ ေကာက္ခြင့္ေပးထားလိုက္သည္။
ဒီေကာင္ေလး လင္ရႈယီဟာ မိန္းကေလးနွစ္ေယာက္ေဆြးေႏြးေနတာေတြကို ရွင္းရွင္းလင္းလင္းၾကားေနတာေတာင္မွ မတုန္႔ျပန္ေပ။ ဘယ္သူက ကုန္(Gong=Top/Seme)လဲ? ဘယ္သူကရႈိ(Shou=Bottom/Uke)လဲ? ဒါေပမယ့္ စဥ္းစားၾကည့္မယ္ဆိုရင္ သူစေနာက္ေနတုန္းကေတာင္ သူက နည္းနည္းေလးေတာင္တြန္႔သြားတာမ်ိဳးမရွိဘူး။ ပ်င္းစရာေကာင္းလိုက္တဲ့ေကာင္ေလး။
အမွန္က သူတို႔ေျပာေနတာေတြကို လင္ရႈယီ နားမလည္တာျဖစ္၏။
ဘတ္(စ္)ကားေရာက္လာတဲ့အခါ သူတို႔တက္လိုက္ၾကၿပီး လင္ရႈယီက အလယ္မွာရွိတဲ့ တစ္ေယာက္ထိုင္,ထိုင္ခံုဆီ ဦးတည္သြားလိုက္ေပမယ့္ ရွန္ဖူက သူ႔ကိုျပန္ဆဲြထားေလသည္။
ရွန္ဖူက ေခါင္းေမာ့လိုက္သည္။
"အဲ့ခံုက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအတြက္ အထူးဝန္ေဆာင္မႈေပးထားတဲ့ခံုပဲ။ ေနာက္မွာပဲ ထိုင္ရေအာင္။"
အဝါေရာင္ခံုေပၚမွာ "သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားနွင့္ မသန္စြမ္းမ်ားအတြက္ ထိုင္ခံု"ဆိုတဲ့ စာ႐ြက္ကိုျမင္လိုက္ရေလသည္။ သို႔ေသာ္လည္း သူလွည့္ပတ္ၿပီး ေနာက္ထပ္ထိုင္ခံုမရွာခင္မွာပဲ ရွန္ဖူက သူ႔ကိုေနာက္နားဆီဆဲြေခၚသြားကာ သူတို႔ၾကားမွာ ေနရာလြတ္ေလးေတာင္မရွိေစဘဲ သူ႔အနားမွာထိုင္လိုက္ေလသည္။
ေနာက္ကတက္လာတဲ့ မိန္းကေလးနွစ္ေယာက္ဟာ သူတို႔ကိုျမင္တာနဲ႔ မ်က္လံုးေတြအေရာင္ေတာက္သြားေလ၏။ သူတို႔က သူတို႔ရဲ႕ ရိုးစင္းစြာပင္ သူတို႔ရဲ႕ဖုန္းေတြကိုထုတ္ၿပီး သူတ္ို႔(ရွန္ဖူ၊ လင္ရႈယီ)နွစ္ေယာက္ရဲ႕ပံုေတြကို ရိုက္ခ်င္ေနၾကသည္။ သူတို႔ရဲ႕ fujoshiေအာ္ရာက ေနရာတစ္ခုလံုးကို ဖံုးလႊမ္းေနေတာ့သည္။
လင္ရႈယီက အလုပ္လုပ္ျခင္းနွင့္ အိပ္စက္သည့္အခ်ိန္တို႔တြင္ အင္မတန္တိက်သည္။ "တိက်တယ္"ဆိုတဲ့စကားလံုးထက္ ပိုေကာင္းတဲ့စကားလံုးကို ရွန္ဖူမစဥ္းစားနိုင္ေပ။ တစ္ဖက္မွာေတာ့ "တင္းက်ပ္တယ္"ဆိုတဲ့စကားလံုးက "တိက်တယ္"ဆိုတဲ့ စကားလံုးထက္ ပိုေကာင္းတယ္လို႔ သူခံစားေနရသည္။ ဒီေခတ္ႀကီးထဲမွာ လူဘယ္ေလာက္ကမ်ား ရွစ္နာရီမွာအိပ္ၿပီး မနက္ငါးရီထၾကမွာလဲ? တကယ္ကိုငယ္႐ြယ္ၿပီး ျပည့္ေဖာင္းတဲ့မ်က္နွာႏုႏုေလးေၾကညင့္သာမဟုတ္ရင္ ဒီလူသားအေရခံြေအာက္မွာရွိေနတာက အသက္ရွစ္ဆယ္ရွိၿပီျဖစ္တဲ့ အဖိုးႀကီးလို႔ ရွန္ဖူခန္႔မွန္းမိမွာျဖစ္၏။
သူ႔ရဲ႕ တိက်လြန္းတဲ့ အလုပ္လုပ္ခ်ိန္နဲ႔ အိပ္ခ်ိန္ေတြအျပင္ ဘတ္(စ္)ကားရဲ႕တုန္ခါမႈေတြပါေပါင္းလိုက္တဲ့အခါ လင္ရႈယီအိပ္ငိုက္လာေတာ့သည္။ သူ႔ခႏၶာကိုယ္က ေျဖာင့္မတ္ေနေပမယ့္ သူ႔မ်က္လံုးေတြက မွိတ္က်လာ၏။ ေနာက္ဆံုးမွာေတာ့ သူ႔ေခါင္းက ရွန္ဖူ႔ပခံုးေပၚကို ေစာင္းက်သြားေလသည္။
ရွန္ဖူ လန္႔သြားၿပီး ငံု႔ၾကည့္လိုက္သည္။ ျပတင္းအျပင္ဘက္ကို ၾကည့္ေနတဲ့ေပါက္စေလးက အိပ္ေပ်ာ္ေနပံုရသည္။ ရွန္ဖူတစ္ေယက္ အကူအညီမဲ့စြာၿပံဳးလိုက္ၿပီး သူ သူ႔ပခံုးကိုမွီတဲ့အခါ ပိုၿပီးသက္ေတာင့္သက္သာျဖစ္ေအာင္ ေဘးကိုနည္းနည္းေရႊ႕လိုက္သည္။
ရွန္ဖူက မေဝးဘူးလို႔ေျပာေပမယ့္ အမွန္ေတာ့ ဘတ္(စ္)နဲ႔သြားရင္ အေတာ္ေလးေဝးတဲ့ခရီးျဖစ္သည္။ အဲ့ဆိုင္ကိုေရာက္တဲ့အထိ တစ္နာရီတိတိၾကာျမင့္ေလ၏။ သူတို႔သြားရမယ့္ေနရာေရာက္မွသာ ရွန္ဖူက လင္ရႈယီကို နႈိးလိုက္သည္။
လင္ရႈယီက အိပ္ခ်င္မူးတူးျဖစ္ေနၿပီး မူးေနာက္ေနာက္ျဖင့္ ေခါင္းေမာ့ကာေျပာလာသည္။
"စုန္ယန္...ငါ ဖူရုန္ဟင္းခ်ိဳေသာက္ခ်င္တယ္။"
စုန္ယန္က ဘယ္သူလဲ? ရွန္ဖူ စိတ္တိုသြားကာ လင္ရႈယီမ်က္နွာေရွ႕မွာ လက္ယမ္းလိုက္၏။
"ေဟး..ထေတာ့။ မင္း ခုထိအိပ္မက္မက္ေနေသးတယ္။"
လင္ရႈယီ ရုတ္တရက္နိုးလာသည္။
ဘတ္(စ္)ကားေပၚက ဆင္းၿပီးေနာက္ ရွန္ဖူက အရသာရွိတဲ့ငါးမီးေသြးကင္ေတြရွိတဲ့ဆိုင္ကိုေရာက္တဲ့အထိ လင္ရႈယီကို ဘယ္ေကြ႕၊ညာေကြ႕ျဖင့္ ေခၚသြားေလ၏။ သူက "တံငါသည္စံအိမ္"ဆိုတဲ့ ဆိုင္းဘုတ္ကိုေတြ႕တဲ့အခါ ရပ္လိုက္ၿပီး လင္ရႈယီဘက္ကိုလွည့္ကာ အၿပံဳးတစ္ခုျဖင့္ေျပာလိုက္သည္။
"ေရာက္ၿပီ။"
လင္ရႈယီ ေခါင္းေမာ့ကာ ဆိုင္ကိုၾကည့္လိုက္သည္။ ေစာေစာက ပ်ားပန္းခတ္လႈပ္ရွားေနတဲ့လူေတြရွိတဲ့ျမင္ကြင္းနဲ႔ ယခု႔မင္ကြင္းက ျခားနားေနသည္။ ဒါက လူေနရပ္ကြက္ဆိုတာ ထင္ရွားေနေပမယ့္ တစ္ေယာက္ေယာက္ကေတာ့ ဒီေနရာမွာ စားေသာက္ဆိုင္လာဖြင့္ထားသည္။ တည္ေနရာက သာမန္ပဲျဖစ္ကာ မထူးျခားေသာ္လည္း အံ့ၾသဖို႔ေကာင္းတာက အထဲမွာ ခံုအလြတ္မရွိတာပဲ။
"ႀကိဳဆိုပါတယ္ လူႀကီးမင္း။ အခ်ိန္ကိုက္ေရာက္လာတာပဲ! စားပဲြနံပါတ္ဆယ့္ကိုးက ဧည့္သည္ခုေလးတင္ထြက္သြားတာ။ မဟုတ္ရင္ လူႀကီးမင္းတို႔ အေတာ္ေလးၾကာေင္ ေစာင့္ရဦးမွာ။"
ေခ်ာေမာခန္႔ျငားတဲ့ လူနွစ္ဦးဝင္လာတာကို ျမင္တဲ့အခါ ဝန္ထမ္းေလးရဲ႕မ်က္နွာက ခ်က္ခ်င္းေတာက္ပသြားသည္။ သူက ပံုမွန္ထက္စကားနည္းနည္းေလာက္ပိုမေျပာဘဲ မေနနိုင္ေတာ့ေပ။
"ကြၽန္ေတာ္ လူႀကီးမင္းရဲ႕မ်က္နွာကို မမွတ္မိဘူး။ ဒီကိုလာတာ ပထမဆံုးအႀကိမ္လား? ဒါဆိုရင္ေတာ့ လူႀကီးမင္း ေနရာမွန္ကိုေရာက္လာတာပဲ။ ကြၽန္ေတာ္တို႔ တံငါသည္စံအိမ္က အရာသာရွိတဲ့အစားအေသာက္ေတြကို ေရာင္းခ်ရံုတင္မကဘဲ ငါးေတြကလည္း ေလာေလာလတ္လတ္ဖမ္းထားတာေတြပါ။ ငါးတိုင္းက လတ္ဆတ္တယ္ဆိုတာကို အာမခံပါတယ္။ လူႀကီးမင္း ပိုစားခ်င္မယ္ဆိုတာ ကြၽန္ေတာ္ေသခ်ာေျပာရဲတယ္။"
လင္ရႈယီရဲ႕စိတ္ထဲမွာ ငါးေတြနဲ႔ပဲျပည့္ေနၿပီး သူက ဝန္ထမ္းေလးေျပာတဲ့ တစ္ျခားစကားေတြကို မၾကားေပ။ ဒါက ရယ္ခ်င္စရာေကာင္းတယ္လို႔ရွန္ဖူခံစားလိုက္ရၿပီး ေခါင္းၿငိမ့္လိုက္သည္။
"ကိုယ္တို႔ကို Menuေပး။"
Menuမွာေတာ့ ရယ္ခ်င္စရာေကာင္းတာမရွိဘဲ ငါးအမ်ိဳးအစားေတြသာပါေလ၏။ တီလားပီးယား၊ ငါးပူတင္း၊ အဝါေရာင္ငါးပုတ္သင္၊ ခရူရွန္ငါးၾကင္း၊ ျမက္ငါးၾကင္းစသည္ျဖင့္ ေပါမ်ားတဲ့ငါးေတြကအစ ရွားပါးတဲ့ငါးအဆံုးပင္။ ေစ်းကိုလည္း ေ႐ြးခ်ယ္နိုင္တဲ့ အရံဟင္းလ်ာေတြနဲ႔ပါတဲြဖက္ၿပီး ေရးေပးထားသည္။ Menuမွာ အားလံုးပါရွိၿပီး ဘယ္ဟာကိုစားမယ္ဆိုတာကို ေ႐ြးခ်ယ္ရန္သာလိုအပ္ေလသည္။
ရွန္ဖူက Menuကိုယူလိုက္ၿပီး လင္ရႈယီကိုကမ္းေပးလိုက္သည္။
"မင္းႀကိဳက္တာမွာ။"
လင္ရႈယီက menuကို လႈပ္ရွားမႈမရွိဘဲ ေန႔တစ္ဝက္နီးပါးၾကာေအာင္ ၾကည့္ေနခဲ့ေလ၏။ ရွန္ဖူက ထူးဆန္းေနတာကိုသိသြားၿပီး စားပဲြကိုေခါက္လိုက္သည္။
"ဘာျဖစ္လို႔လဲ?"
လင္ရႈယီက ေမာ့ၾကည့္လာသည္။
"ဘယ္ဟာက အေကာင္းဆံုးလဲ?"
ရွန္ဖူတစ္ေယာက္ ဆံြ႕အသြားေလ၏။
အဆံုးမွာေတာ့ orderမွာတာကိုလုပ္တဲ့သူက ရွန္ဖူသာျဖစ္ေလ၏။ တစ္ခုေလာက္ေ႐ြးခ်ယ္ဖို႔ ခက္ခဲေနတဲ့လင္ရႈယီကေတာ့ သူျမင္သမ်ွကို စားခ်င္ေနေလသည္။
orderမွာၿပီးေတာ့မွ ရွန္ဖူက တစ္ခုခုကိုရုတ္တရက္ သတိရသြားကာ လင္ရႈယီကိုေမးလိုက္သည္။
"မင္း အစပ္စားနိုင္လား?"
လင္ရႈယီေခါင္းယမ္းလိုက္သည္။ ရွန္ဖူစိတ္ထဲမွာ မူးေနာက္သြားသလို ခံစားလိုက္ရသည္။
"နည္းနည္းေလးေတာင္ မစားနိုင္ဘူးလား?"
လင္ရႈယီ စဥ္းစားလိုက္ၿပီး ေခါင္းၿငိမ့္၏။
ရွန္ဖူက သူ႔ေပါင္ကိုရိုက္လိုက္သည္။
"မင္းဘာလို႔ ေစာေစာကမေျပာတာလဲ?"
အစပ္ေလးနည္းနည္းေတာင္မပါဘဲ ဘယ္သူကမ်ား ငါးကင္စားလို႔လဲ!
ရွန္ဖူက ေခတၱမ်ွစဥ္းစားၿပီးမွ မတ္တပ္ရပ္လိုက္သည္။ သူက ဝန္ထမ္းေလးကို ယဥ္ေက်းစြာေျပာလိုက္သည္။
"မစပ္တာေလးမ်ားရွိမလား? သူကအစပ္မစားနိုင္ဘူး။"
ဝန္ထမ္းေလးက ေခါင္းယမ္းသည္။
"ကြၽန္ေတာ္တို႔ အစပ္မပါဘဲလုပ္လို႔ရေပမယ့္ အစပ္မပါတဲ့ငါးကင္က အရသာသိပ္မရွိဘူး။"
ရွန္ဖူ ရွင္းျပေတာ့မယ့္အခ်ိန္မွာပဲ လင္ရႈယီနႈတ္ခမ္းသပ္လိုက္တာကို သူျမင္လိုက္္သည္။
"အစပ္က ပိုအရသာရွိတာလား?"
ရွန္ဖူတစ္ေယာက္ ထပ္မံဆံြ႕အသြားျပန္သည္။
Foodieတစ္ေယာက္ရဲ႕စိတ္ကို ဘယ္အရာကမွ အနိုင္မယူနိုင္ဘူးဆိုတာ အခ်က္ေတြက သက္ေသျပေန၏။ လင္ရႈယီလံုးဝအစပ္မစားနိုင္တာကို ရွန္ဖူသိသည္။ ၿပီးေတာ့ တစ္ကိုက္ေလးစားတာကေတာင္ လင္ရႈယီအတြက္ စပ္လြန္းလို႔ လ်ွာထုတ္မိေစေပမယ့္လည္း သူကေနာက္ဆံုးတစ္ကိုက္အထိစားသြားေလ၏။ သူ႔ပါးစပ္က နီရဲေနသည္။ သူက အဆက္မျပတ္နႈတ္ခမ္းသပ္ေနၿပီး ေက်နပ္စြာျဖင့္ မ်က္လံုးေတြေမွးစင္းထားသည္။
"အရသာရွိတယ္။"
ရွန္ဖူ ေဘးနားက ငါးဟင္းခ်ိဳကို ကမ္းေပးလိုက္သည္။ ရယ္ရမလား ငိုရမလားေတာင္ သူမသိေတာ့ေပ။
"အစားအေသာက္နဲ႔ပတ္သက္ရင္ မင္းက တကယ္ကိုေခါင္းမာတာပဲ။ အစပ္မစားနိုင္ဘူးလို႔ မင္းပဲေျပာခဲ့တယ္မလား?"
လင္ရႈယီ ေခါင္းၿငိမ့္လိုက္သည္။
"အမ္..အရသာမရွိရင္ ကြၽန္ေတာ္ဘာမွမစားဘူး။"
ေနာက္တစ္ႀကိမ္ထပ္ၿပီးေတာ့ ရွန္ဖူ စကားတစ္လံုးေတာင္မေျပာနိုင္ေတာ့ေခ်။
.....
ငါးမီးေသြးကင္
......
[Unicode]
<ငါးမီးသွေးကင်>
ရှန်ဖူ သူ့ကိုပြောတဲ့နေရာကို လင်ရှုယီတစ်ခါမှ မရောက်ဖူးပေ။ အမှန်တော့ ဒီနေရာမှမဟုတ်ပါဘူး...ရှီချင်စားသောက်ဆိုင်ကလွဲပြီး ချောင်ယန်လမ်းထဲကိုတောင် လင်ရှုယီတစ်ယောက်တည်းသွားတာ ရှားလွန်းတယ်။ ရှီချင်စားသောက်ဆိုင်နဲ့ သိပ်မဝေးတဲ့နေရာမှာ ဘတ်(စ်)ကားမှတ်တိုင်တစ်ခုရှိသည်။ ချောင်ယန်လမ်းနားမှာ ဈေးဝယ်စင်တာတစ်ခုရှိလာကတည်းက ရုံးဆင်းချိန်မဟုတ်ပေမယ့်လည်း ဘတ်(စ်)ကားမှတ်တိုင်မှာ လူတွေပြည့်ကြပ်နေတတ်သည်။ လင်ရှုယီနဲ့ ရှန်ဖူရဲ့ အရပ်ရှည်ပြီးချောမောတဲ့ပုံစံတွေက လူတွေရဲ့အာရုံကို ဆွဲဆောင်နေတော့သည်။
သူတို့နောက်က ကောင်မလေးနှစ်ယောက် တီးတိုးပြောနေတာကို သူတို့ကြားပေမယ့်လည်း လင်ရှုယီက စိတ်မရှိပေ။ ဒါပေါ့...ရှန်ဖူကလည်း ဘယ်ဂရုစိုက်ပါ့မလဲ။
ရှန်ဖူက အရေးကြီးတဲ့တစ်စုံတစ်ခုကို သတိရသွားပြီး ခေါင်းငုံ့ကာ လင်ရှုယီကိုမေးလိုက်သည်။
"ဟုတ်သားပဲ။ မင်း ပိုက်ဆံယူခဲ့တယ်မလား?"
လင်ရှုယီ ခေါင်းငြိမ့်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
ရှန်ဖူက သူ့ရဲ့နှင်းလိုဖြူ ဖွေးတဲ့သွားတွေပေါ်အောင် ပြုံးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ကိုယ့်မှာ ပိုက်ဆံတစ်ပြားမှမရှိဘူးလို့ မင်းကိုပြာချင်လို့။"
လင်ရှုယီ နှုတ်ခမ်းတွေတွန့်သွားပြီး ရှန်ဖူ့ဆီ ရက်စက်တဲ့အကြည့်တစ်ချက်ပစ်လွှတ်လိုက်တော့သည်။ သူ့နောက်က ကောင်မလေးတွေရဲ့ တီးတိုးပြောသံတွေက ပိုကျယ်လောင်လာတာကိုနားထောင်နေရင်း ရှန်ဖူက မျက်လုံးတွေမှေးစင်းလိုက်ကာ နတ်ဆိုးတစ်ကောင်လို လှောင်ပြုံး ပြုံးလိုက်လေ၏။ သူက သူ့ဘက်တွေကို လင်ရှုယီခြေထောက်ပေါ်တင်လိုက်ပြီး သူ့နောက်က မိန်းကလေးတွေရဲ့ ကျေနပ်စွာသက်ပြင်းချသံကို နားထောင်လိုက်သည်။
သူ့ရည်ရွယ်ချက်ကို လင်ရှုယီမသိပေမယ့် ရှန်ဖူကောင်းတာလုပ်နေတာမဟုတ်ဘူးဆိုတာကိုတော့ အလိုလိုသိနေသည်။ လင်ရှုယီ တစ်ဖက်လူကို ကြည့်လိုက်သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ?"
"အကြွေစေ့ကောက်နေတာလေ။ ဘယ်လောက်ဆို ကိုယ်တို့ ဘတ်(စ်)ကားစီးလို့ရလဲ?"
ရှန်ဖူက သွားဖွေးဖွေးတွေပေါ်တဲ့အထိ ရယ်ပြလိုက်သော်လည်း လင်ရှုယီက မတုန့်ပြန်ဘဲ ရှေ့ဆက်မသွားခင်အထိ ရှန်ဖူကို အကြွေစေ့တွေ ကောက်ခွင့်ပေးထားလိုက်သည်။
ဒီကောင်လေး လင်ရှုယီဟာ မိန်းကလေးနှစ်ယောက်ဆွေးနွေးနေတာတွေကို ရှင်းရှင်းလင်းလင်းကြားနေတာတောင်မှ မတုန့်ပြန်ပေ။ ဘယ်သူက ကုန်(Gong=Top/Seme)လဲ? ဘယ်သူကရှို(Shou=Bottom/Uke)လဲ? ဒါပေမယ့် စဉ်းစားကြည့်မယ်ဆိုရင် သူစနောက်နေတုန်းကတောင် သူက နည်းနည်းလေးတောင်တွန့်သွားတာမျိုးမရှိဘူး။ ပျင်းစရာကောင်းလိုက်တဲ့ကောင်လေး။
အမှန်က သူတို့ပြောနေတာတွေကို လင်ရှုယီ နားမလည်တာဖြစ်၏။
ဘတ်(စ်)ကားရောက်လာတဲ့အခါ သူတို့တက်လိုက်ကြပြီး လင်ရှုယီက အလယ်မှာရှိတဲ့ တစ်ယောက်ထိုင်,ထိုင်ခုံဆီ ဦးတည်သွားလိုက်ပေမယ့် ရှန်ဖူက သူ့ကိုပြန်ဆွဲထားလေသည်။
ရှန်ဖူက ခေါင်းမော့လိုက်သည်။
"အဲ့ခုံက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အထူးဝန်ဆောင်မှုပေးထားတဲ့ခုံပဲ။ နောက်မှာပဲ ထိုင်ရအောင်။"
အဝါရောင်ခုံပေါ်မှာ "သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် မသန်စွမ်းများအတွက် ထိုင်ခုံ"ဆိုတဲ့ စာရွက်ကိုမြင်လိုက်ရလေသည်။ သို့သော်လည်း သူလှည့်ပတ်ပြီး နောက်ထပ်ထိုင်ခုံမရှာခင်မှာပဲ ရှန်ဖူက သူ့ကိုနောက်နားဆီဆွဲခေါ်သွားကာ သူတို့ကြားမှာ နေရာလွတ်လေးတောင်မရှိစေဘဲ သူ့အနားမှာထိုင်လိုက်လေသည်။
နောက်ကတက်လာတဲ့ မိန်းကလေးနှစ်ယောက်ဟာ သူတို့ကိုမြင်တာနဲ့ မျက်လုံးတွေအရောင်တောက်သွားလေ၏။ သူတို့က သူတို့ရဲ့ ရိုးစင်းစွာပင် သူတို့ရဲ့ဖုန်းတွေကိုထုတ်ပြီး သူတ်ို့(ရှန်ဖူ၊ လင်ရှုယီ)နှစ်ယောက်ရဲ့ပုံတွေကို ရိုက်ချင်နေကြသည်။ သူတို့ရဲ့ fujoshiအော်ရာက နေရာတစ်ခုလုံးကို ဖုံးလွှမ်းနေတော့သည်။
လင်ရှုယီက အလုပ်လုပ်ခြင်းနှင့် အိပ်စက်သည့်အချိန်တို့တွင် အင်မတန်တိကျသည်။ "တိကျတယ်"ဆိုတဲ့စကားလုံးထက် ပိုကောင်းတဲ့စကားလုံးကို ရှန်ဖူမစဉ်းစားနိုင်ပေ။ တစ်ဖက်မှာတော့ "တင်းကျပ်တယ်"ဆိုတဲ့စကားလုံးက "တိကျတယ်"ဆိုတဲ့ စကားလုံးထက် ပိုကောင်းတယ်လို့ သူခံစားနေရသည်။ ဒီခေတ်ကြီးထဲမှာ လူဘယ်လောက်ကများ ရှစ်နာရီမှာအိပ်ပြီး မနက်ငါးရီထကြမှာလဲ? တကယ်ကိုငယ်ရွယ်ပြီး ပြည့်ဖောင်းတဲ့မျက်နှာနုနုလေးကြေညင့်သာမဟုတ်ရင် ဒီလူသားအရေခွံအောက်မှာရှိနေတာက အသက်ရှစ်ဆယ်ရှိပြီဖြစ်တဲ့ အဖိုးကြီးလို့ ရှန်ဖူခန့်မှန်းမိမှာဖြစ်၏။
သူ့ရဲ့ တိကျလွန်းတဲ့ အလုပ်လုပ်ချိန်နဲ့ အိပ်ချိန်တွေအပြင် ဘတ်(စ်)ကားရဲ့တုန်ခါမှုတွေပါပေါင်းလိုက်တဲ့အခါ လင်ရှုယီအိပ်ငိုက်လာတော့သည်။ သူ့ခန္ဓာကိုယ်က ဖြောင့်မတ်နေပေမယ့် သူ့မျက်လုံးတွေက မှိတ်ကျလာ၏။ နောက်ဆုံးမှာတော့ သူ့ခေါင်းက ရှန်ဖူ့ပခုံးပေါ်ကို စောင်းကျသွားလေသည်။
ရှန်ဖူ လန့်သွားပြီး ငုံ့ကြည့်လိုက်သည်။ ပြတင်းအပြင်ဘက်ကို ကြည့်နေတဲ့ပေါက်စလေးက အိပ်ပျော်နေပုံရသည်။ ရှန်ဖူတစ်ယေက် အကူအညီမဲ့စွာပြုံးလိုက်ပြီး သူ သူ့ပခုံးကိုမှီတဲ့အခါ ပိုပြီးသက်တောင့်သက်သာဖြစ်အောင် ဘေးကိုနည်းနည်းရွှေ့လိုက်သည်။
ရှန်ဖူက မဝေးဘူးလို့ပြောပေမယ့် အမှန်တော့ ဘတ်(စ်)နဲ့သွားရင် အတော်လေးဝေးတဲ့ခရီးဖြစ်သည်။ အဲ့ဆိုင်ကိုရောက်တဲ့အထိ တစ်နာရီတိတိကြာမြင့်လေ၏။ သူတို့သွားရမယ့်နေရာရောက်မှသာ ရှန်ဖူက လင်ရှုယီကို နှိုးလိုက်သည်။
လင်ရှုယီက အိပ်ချင်မူးတူးဖြစ်နေပြီး မူးနောက်နောက်ဖြင့် ခေါင်းမော့ကာပြောလာသည်။
"စုန်ယန်...ငါ ဖူရုန်ဟင်းချိုသောက်ချင်တယ်။"
စုန်ယန်က ဘယ်သူလဲ? ရှန်ဖူ စိတ်တိုသွားကာ လင်ရှုယီမျက်နှာရှေ့မှာ လက်ယမ်းလိုက်၏။
"ဟေး..ထတော့။ မင်း ခုထိအိပ်မက်မက်နေသေးတယ်။"
လင်ရှုယီ ရုတ်တရက်နိုးလာသည်။
ဘတ်(စ်)ကားပေါ်က ဆင်းပြီးနောက် ရှန်ဖူက အရသာရှိတဲ့ငါးမီးသွေးကင်တွေရှိတဲ့ဆိုင်ကိုရောက်တဲ့အထိ လင်ရှုယီကို ဘယ်ကွေ့၊ညာကွေ့ဖြင့် ခေါ်သွားလေ၏။ သူက "တံငါသည်စံအိမ်"ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တဲ့အခါ ရပ်လိုက်ပြီး လင်ရှုယီဘက်ကိုလှည့်ကာ အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
"ရောက်ပြီ။"
လင်ရှုယီ ခေါင်းမော့ကာ ဆိုင်ကိုကြည့်လိုက်သည်။ စောစောက ပျားပန်းခတ်လှုပ်ရှားနေတဲ့လူတွေရှိတဲ့မြင်ကွင်းနဲ့ ယခု့မင်ကွင်းက ခြားနားနေသည်။ ဒါက လူနေရပ်ကွက်ဆိုတာ ထင်ရှားနေပေမယ့် တစ်ယောက်ယောက်ကတော့ ဒီနေရာမှာ စားသောက်ဆိုင်လာဖွင့်ထားသည်။ တည်နေရာက သာမန်ပဲဖြစ်ကာ မထူးခြားသော်လည်း အံ့သြဖို့ကောင်းတာက အထဲမှာ ခုံအလွတ်မရှိတာပဲ။
"ကြိုဆိုပါတယ် လူကြီးမင်း။ အချိန်ကိုက်ရောက်လာတာပဲ! စားပွဲနံပါတ်ဆယ့်ကိုးက ဧည့်သည်ခုလေးတင်ထွက်သွားတာ။ မဟုတ်ရင် လူကြီးမင်းတို့ အတော်လေးကြာငေ် စောင့်ရဦးမှာ။"
ချောမောခန့်ငြားတဲ့ လူနှစ်ဦးဝင်လာတာကို မြင်တဲ့အခါ ဝန်ထမ်းလေးရဲ့မျက်နှာက ချက်ချင်းတောက်ပသွားသည်။ သူက ပုံမှန်ထက်စကားနည်းနည်းလောက်ပိုမပြောဘဲ မနေနိုင်တော့ပေ။
"ကျွန်တော် လူကြီးမင်းရဲ့မျက်နှာကို မမှတ်မိဘူး။ ဒီကိုလာတာ ပထမဆုံးအကြိမ်လား? ဒါဆိုရင်တော့ လူကြီးမင်း နေရာမှန်ကိုရောက်လာတာပဲ။ ကျွန်တော်တို့ တံငါသည်စံအိမ်က အရာသာရှိတဲ့အစားအသောက်တွေကို ရောင်းချရုံတင်မကဘဲ ငါးတွေကလည်း လောလောလတ်လတ်ဖမ်းထားတာတွေပါ။ ငါးတိုင်းက လတ်ဆတ်တယ်ဆိုတာကို အာမခံပါတယ်။ လူကြီးမင်း ပိုစားချင်မယ်ဆိုတာ ကျွန်တော်သေချာပြောရဲတယ်။"
လင်ရှုယီရဲ့စိတ်ထဲမှာ ငါးတွေနဲ့ပဲပြည့်နေပြီး သူက ဝန်ထမ်းလေးပြောတဲ့ တစ်ခြားစကားတွေကို မကြားပေ။ ဒါက ရယ်ချင်စရာကောင်းတယ်လို့ရှန်ဖူခံစားလိုက်ရပြီး ခေါင်းငြိမ့်လိုက်သည်။
"ကိုယ်တို့ကို Menuပေး။"
Menuမှာတော့ ရယ်ချင်စရာကောင်းတာမရှိဘဲ ငါးအမျိုးအစားတွေသာပါလေ၏။ တီလားပီးယား၊ ငါးပူတင်း၊ အဝါရောင်ငါးပုတ်သင်၊ ခရူရှန်ငါးကြင်း၊ မြက်ငါးကြင်းစသည်ဖြင့် ပေါများတဲ့ငါးတွေကအစ ရှားပါးတဲ့ငါးအဆုံးပင်။ ဈေးကိုလည်း ရွေးချယ်နိုင်တဲ့ အရံဟင်းလျာတွေနဲ့ပါတွဲဖက်ပြီး ရေးပေးထားသည်။ Menuမှာ အားလုံးပါရှိပြီး ဘယ်ဟာကိုစားမယ်ဆိုတာကို ရွေးချယ်ရန်သာလိုအပ်လေသည်။
ရှန်ဖူက Menuကိုယူလိုက်ပြီး လင်ရှုယီကိုကမ်းပေးလိုက်သည်။
"မင်းကြိုက်တာမှာ။"
လင်ရှုယီက menuကို လှုပ်ရှားမှုမရှိဘဲ နေ့တစ်ဝက်နီးပါးကြာအောင် ကြည့်နေခဲ့လေ၏။ ရှန်ဖူက ထူးဆန်းနေတာကိုသိသွားပြီး စားပွဲကိုခေါက်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
လင်ရှုယီက မော့ကြည့်လာသည်။
"ဘယ်ဟာက အကောင်းဆုံးလဲ?"
ရှန်ဖူတစ်ယောက် ဆွံ့အသွားလေ၏။
အဆုံးမှာတော့ orderမှာတာကိုလုပ်တဲ့သူက ရှန်ဖူသာဖြစ်လေ၏။ တစ်ခုလောက်ရွေးချယ်ဖို့ ခက်ခဲနေတဲ့လင်ရှုယီကတော့ သူမြင်သမျှကို စားချင်နေလေသည်။
orderမှာပြီးတော့မှ ရှန်ဖူက တစ်ခုခုကိုရုတ်တရက် သတိရသွားကာ လင်ရှုယီကိုမေးလိုက်သည်။
"မင်း အစပ်စားနိုင်လား?"
လင်ရှုယီခေါင်းယမ်းလိုက်သည်။ ရှန်ဖူစိတ်ထဲမှာ မူးနောက်သွားသလို ခံစားလိုက်ရသည်။
"နည်းနည်းလေးတောင် မစားနိုင်ဘူးလား?"
လင်ရှုယီ စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်၏။
ရှန်ဖူက သူ့ပေါင်ကိုရိုက်လိုက်သည်။
"မင်းဘာလို့ စောစောကမပြောတာလဲ?"
အစပ်လေးနည်းနည်းတောင်မပါဘဲ ဘယ်သူကများ ငါးကင်စားလို့လဲ!
ရှန်ဖူက ခေတ္တမျှစဉ်းစားပြီးမှ မတ်တပ်ရပ်လိုက်သည်။ သူက ဝန်ထမ်းလေးကို ယဉ်ကျေးစွာပြောလိုက်သည်။
"မစပ်တာလေးများရှိမလား? သူကအစပ်မစားနိုင်ဘူး။"
ဝန်ထမ်းလေးက ခေါင်းယမ်းသည်။
"ကျွန်တော်တို့ အစပ်မပါဘဲလုပ်လို့ရပေမယ့် အစပ်မပါတဲ့ငါးကင်က အရသာသိပ်မရှိဘူး။"
ရှန်ဖူ ရှင်းပြတော့မယ့်အချိန်မှာပဲ လင်ရှုယီနှုတ်ခမ်းသပ်လိုက်တာကို သူမြင်လိုက်သည်။
"အစပ်က ပိုအရသာရှိတာလား?"
ရှန်ဖူတစ်ယောက် ထပ်မံဆွံ့အသွားပြန်သည်။
Foodieတစ်ယောက်ရဲ့စိတ်ကို ဘယ်အရာကမှ အနိုင်မယူနိုင်ဘူးဆိုတာ အချက်တွေက သက်သေပြနေ၏။ လင်ရှုယီလုံးဝအစပ်မစားနိုင်တာကို ရှန်ဖူသိသည်။ ပြီးတော့ တစ်ကိုက်လေးစားတာကတောင် လင်ရှုယီအတွက် စပ်လွန်းလို့ လျှာထုတ်မိစေပေမယ့်လည်း သူကနောက်ဆုံးတစ်ကိုက်အထိစားသွားလေ၏။ သူ့ပါးစပ်က နီရဲနေသည်။ သူက အဆက်မပြတ်နှုတ်ခမ်းသပ်နေပြီး ကျေနပ်စွာဖြင့် မျက်လုံးတွေမှေးစင်းထားသည်။
"အရသာရှိတယ်။"
ရှန်ဖူ ဘေးနားက ငါးဟင်းချိုကို ကမ်းပေးလိုက်သည်။ ရယ်ရမလား ငိုရမလားတောင် သူမသိတော့ပေ။
"အစားအသောက်နဲ့ပတ်သက်ရင် မင်းက တကယ်ကိုခေါင်းမာတာပဲ။ အစပ်မစားနိုင်ဘူးလို့ မင်းပဲပြောခဲ့တယ်မလား?"
လင်ရှုယီ ခေါင်းငြိမ့်လိုက်သည်။
"အမ်..အရသာမရှိရင် ကျွန်တော်ဘာမှမစားဘူး။"
နောက်တစ်ကြိမ်ထပ်ပြီးတော့ ရှန်ဖူ စကားတစ်လုံးတောင်မပြောနိုင်တော့ချေ။
.....

ငါးမီးသွေးကင်
.......