ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

780K 70.1K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Arc_ 10.3 _ Joshua

5.9K 767 1
By MayKingMK119

FOD_ Arc_ 10.3 _ Joshua

အလင္းနတ္ဘုရားအတြက္ ပူေဇာ္တဲ့ အရာေတြက အေကာင္းဆုံးျဖစ္ေနဖို႔လိုအပ္တယ္။

အလင္းဘုရားေက်ာင္းရဲ႕အေနာက္ဘက္မွာ ႀကီးမားတဲ့ သစ္သီးဥယ်ာဥ္ၿကီး ရွိၿပီး ဒီ ကုန္းေျမမႀကီးေပၚမွာ ရွိတဲ့ အသီး၊အရြက္ အကုန္ စိုက္ပ်ိဳးထားတယ္။ ကြ်မ္းက်င္သန္စြမ္းတဲ့ ဥယ်ာဥ္မႈေတြက ဒီအပင္ေတြကို အေကာင္းဆံုး ဂရုတစိုက္ စိုက္ပ်ိဳးထားႀကတယ္။ နွစ္ပတ္တစ္ႀကီမ္ အေကာင္းဆုံးႏွင့္ အခ်ိဳဆုံးအသီးေတြကို ခူးယူၿပီး ေရခဲေပၚတင္ေပးထားႀကတယ္။ အေစခံေတြက ဒီအသီးနွံေတြကို ယူျပီး အလင္းနတ္ဘုရားအတြက္ ပူေဇာ္ဖို႕ ျပင္ဆင္ေပးရတယ္။ က်ိဳးယြင္ရွန္႕က ခမည္းေတာ္အတြက္ ကိုယ္တုိင္ျပင္ဆင္ေပးဖို႕ အသီးနွံေရြးခ်ယ္ဖို႕ ဥယ်ာဥ္ထဲ ကို္ယ္တုိ္္င္ဆင္းလာခဲ့တယ္။
အလင္းဘုန္းႀကီးေလးကိုယ္တုိင္ေရာက္လာလို႕ ဥယ်ာဥ္မႈးေတြက အံ့အားသင့္သြားႀကတယ္။

" ငါ အလတ္ဆတ္ဆုံးအသီးေတြ လိုခ်င္တယ္။ ျဖစ္ႏိုင္ရင္ ခုေလးတင္ ခူးယူထားတဲ့အသီးေတြ လိုခ်င္တယ္။ "

ဒီလူငယ္ေလးက မာနႀကီးျပီး ခမည္းေတာ္ကလြဲရင္ ဘယ္သူ႕ကိုမွ အဖက္မလုပ္ပဲ တသီးတသန္႕ေနတတ္တယ္။ အလင္းဘုန္းႀကီးတုိင္းက ဒီလိုပံုျဖစ္လုိ႕ ဥယ်ာဥ္မႈးေတြက သံသယ မဝင္ႀကပဲ အေကာင္းဆံုး အသီးေတြကို ခ်က္ခ်င္းခူးျပီး ျခင္းေတာင္းထဲထည့္လို႕ အလင္းဘုန္းႀကီးေလးေရွ႕ကို ခ်ေပးလိုက္ႀကတယ္။

က်ိဳးယြင္ရွန္႕က သစ္သီးေတြကို ျမည္းစမ္းႀကည့္ျပီးမွ တကယ္ခ်ဳိတယ္ဆိုေတာ့မွ ျခင္းေတာင္းကို ယူျပီး ဘုရားေက်ာင္းကို ျပန္လာခဲ့တယ္။ ျပီးေတာ့ ျမင့္ျမတ္တဲ့ေရစင္နဲ႕ ဒီအသီးေတြကို ေဆးေႀကာျပီး မုန္႕ဖုတ္ဖို႕ ဂ်ံုမုန္႕ေတြကို ခြက္တစ္ခြက္ထဲ ထည့္ျပီး လိုက္တယ္။

" အရွင္ ... ဂ်ံဳမႈန႔္နဲ႔ ေရကို ေျမခြက္ထဲ ထည့္ၿပီး မုန႔္ညက္ရေအာင္ နယ္လိုက္ပါ။  ျပီးေတာ့မွ အဖဲ့ေသးေသးေလးေတြ ဖဲ့ျပီး ဝိုင္းဝိုင္းေလးျဖစ္ေအာင္ ဖိျပားလိုက္ပါ။ "
အေစခံသည္ သူ မလုပ္တတ္မွာ စိုးရိမ္လို႕ မုန္႕နွစ္တခ်ိဳ႕ကို ေရနဲ႕နယ္ျပျပီး လက္ေတြ႕လုပ္ျပလိုက္တယ္။ က်ိဳးယြင္ရွန္႕က မယံုႀကည္နုိင္စြာ စိုက္ႀကည့္လိုက္တယ္။ ခမည္းေတာ္ကို ပူေဇာ္ျပသတဲ့ အဆာသြပ္မုန္႕ကို ဒီလိုေရနဲ႕ပဲ နယ္ျပီး ဖုတ္လိုက္တယ္တဲ့လား။ အေမႊးႀကိဳင္မပါ၊ အေရာင္ဆင္းျဖဴဖတ္ျဖဴေရာ္နဲ႕ ဖုတ္ထားတဲ့မုန္႕က ေအးသြားရင္ ေက်ာက္တံုးလို မာေက်ာသြားမာေသခ်ာတယ္။ ဒီလို ညံ့ဖ်င္းတဲ့အစားစာကို ဘယ္လိုစိတ္နဲ႕မ်ား ခမည္းေတာ္ကို ပသရဲႀကတာလဲ။ ဘာေႀကာင့္ ဒီလို မေလးမစား လုပ္နုိင္ရတာလဲ။

ခမည္းေတာ္အေပၚကို အရူးမူးခ်စ္ျမတ္နုိ္းေနတဲ့ က်ိဳးယြင္ရွန္႕က ေဒါသျပင္းစြာထြက္ျပီး အေစခံကို တြန္းပစ္လိုက္ျပီး စိတ္ထဲကေန ဟင္းခ်က္နည္းကို ျပန္စဥ္းစားလိုက္တယ္။ ျပီးေတာ့ မုန္႕နွစ္နဲ႕ ေရကို အခ်ိဳးစားအတိုင္း ထည့္လို္က္ျပီး လက္ဖဝါးထဲမွာ အလင္းစြမ္းအင္းကို ထုတ္လိုက္ျပီး နူးညံ့တဲ့ မုန္႕ဒိုးသားရတဲ့အထိ နယ္လိုက္တယ္။ လက္ထဲက မုန္႕နွစ္က နူးညံ့ျပီး လက္နဲ႕ဆြဲစန္႕လို႕ရတဲ့အထိ အလင္းစြမ္းအင္နဲ႕ နယ္ေနလိုက္တယ္။

" အရွင္ ... ဘာလို႔ အရွင့္ရဲ႕အလင္းစြမ္းအင္ေတြကို ျဖဳန္းတီးေနရတာလဲ "

အေစခံက အလင္းဘုန္းႀကီးေလးရဲ႕ လက္က ေရႊေရာင္အလင္းကို ေတြ႕ေတာ့ ထိတ္လန္႕လြန္းလို႕ ေခါင္းခဲသြားေတာ့တယ္။ အလင္းစြမ္းအင္က အရမ္းကို ရွားပါးလြန္းလို႕ ဒီလိုအ လင္းစြမ္းအင္ရွိတဲ့ ဘုန္းႀကီးေတြကို တိုင္းျပည္တျပည္လံုးက ရွိသမွ် ပံုေအာျပီး ပ်ိဳးေထာင္ယူရတယ္။ အလင္းစြမ္းအင္က တခါသံုးလိုက္ျပီးရင္ ကုန္ဆံုးသြားတတ္ျပီး တခါတေလ ဂါထာေလး တပုဒ္ရြတ္လိုက္ရံုနဲ႕တင္ ဆယ္နွစ္ေလာက္ ဆုေတာင္းလို႕ရထားတဲ့ အလင္းစြမ္းအင္ေတြ ကုန္ဆံုးသြားတတ္ႀကတယ္။ ဒါေႀကာင့္ ေသေရးရွင္ေရးမဟုတ္ရင္ ဒိလို အလင္းစြမ္းအားေတြကို ထုတ္မသံုးႀကဘူး။
ဂ်ိဳရႈဝါက မုန္႕ညက္နယ္တဲ့ေနရာ အလင္းစြမ္းအားကို သံုးတယ္ဆိုေတာ့ ေခါင္းကိုထိသြားလို႕ စိတ္မမွန္လို႕ပဲျဖစ္မယ္လို႕ အေစခံက ေတြးလိုက္မိတယ္။


က်ဴးယြင္ရွန႔္ရဲ႕စိတ္က အမွန္တကယ္ကို ပံုမွန္ မဟုတ္ေတာ့ဘူး ေန႕တုိင္း သူ႕ကိုယ္ကိုယ္ အိပ္ေမြ႕ခ်ျပီး ခမည္းေတာ္ကို ခ်စ္ျမတ္နိုးစြာ ဆုေတာင္းေနလို႕ ခမည္းေတာ္ကို အရူးမူးစြဲလန္းခ်စ္ခင္ေနျပီး ခမည္းေတာ္နဲ႕ပတ္သတ္လာရင္ အေကာင္းဆံုးေပးဖုိ႕ကလြဲျပီး ဘာကိုမွ မေတြးနုိင္ေတာ့ဘူး။
ေခြးေကြ်းလို႕ ဝက္ေတာင္ မစားတဲ့ အစာႀကမ္းကို သူတို႕က ျမင့္ျမတ္တဲ့ ခမည္းေတာ္ကို ပူေဇာ္ဆပ္ကပ္တဲ့ေနရာ သံုးေနတာကို ျမင္ရေတာ့ က်ိဳးူယြင္ရွန္႕ရဲ႕ ရင္ထဲက ေန ဘယ္လိုမွ သည္းမခံနုိင္ေတာ့ဘူး။



ကမာၻေပၚမွာ အရသာအရွိဆုံး အေကာင္းဆုံး မုန႔္ လုပ္ၿပီး ခမည္းေတာ္ကို ပူေဇာ္ပသရမယ္ ဟု သူ႔စိတ္ထဲကေန ဆံုးျဖတ္လိုက္ျပီး အေစခံကို ေအးစက္စက္ ျပန္ေျပာလိုက္တယ္။

" အလင္းစြမ္းအင္ကို ျဖဳန္းတီးေနတယ္ ဟုတ္လား? ငါ့စြမ္းအင္အားလုံးက ခမည္းေတာ္ ေပးထားတဲ့လက္ေဆာင္ေတြ မဟုတ္ဘူးလား။ အဲေတာ့  လႈိက္လႈိက္လွဲလွဲနဲ႔  ခမည္းေတ္ာအတြက္ ဒီေလာက္ေတာ့ ျပန္လုပ္ေပးသင့္တာေပါ့ ။ ေနာက္ပိုင္း ခမည္းေတာ္အတြက္ ဆပ္ကပ္စရာ ပစၥည္းေတြကို မင္း ျပင္ေပးစရာမလိုေတာ့ဘူး။ ဒါ ေတြကို ငါကိုယ္တုိင္ပဲ လုပ္မယ္ "

အေစခံက သူ႕ရဲ႕ေအးစက္စက္ အႀကည့္ကို ေတြ႕ေတာ့ သူ စိတ္ဆိုးသြားတာ သိျပီး ေႀကာက္လန္႕ျပီး ေဘးကို ဆုတ္သြားောတာ့တယ္။

က်ဴးယြင္ရွန႔္က ဘဝေပါင္းမ်ားစြာ ကူးေျပာင္းလာျပီး အေတြ႕အႀကဳံမ်ားစြာရွိခဲ့တာေၾကာင့္ ဒီလို ဟင္းခ်က္တာေလာက္က စာမဖြဲ႕ေလာက္ဘူး။ သူက အစားေကာင္းႀကိဳက္တတ္ျပီး အင္မတန္ ဂ်ီးမ်ားတတ္လို႕ သူ႕အခ်က္ျပုတ္စြမ္းရည္က တဖက္ကမ္းခတ္ ပိုင္နုိင္တဲ့ အရာျဖစ္တယ္။

မုန္႕နွစ္ကို နူးညံ့လာေအာင္ အလင္းစြမ္းအင္နဲ႕အပူေပးေနတုန္း လက္တဖက္က အသီးတခ်ိဳ႕ကိုယူျပီး ဆံုထဲထည့္လို႕ တဒံုးဒံုးနဲ႕ ထုေထာင္းျပီးအရည္ရေအာင္ယူလိုက္တယ္။ ဒီမုန္႕နွစ္က အျဖဴေရာင္သီးသန္႕ျဖစ္ျပီး ျငီးေငြ႕စရာ ျဖဴဖတ္ျဖဴေရာ္ျဖစ္ေနတယ္။ ဒါေႀကာင့္ သစ္သီးရည္တခ်ိဳ႕ကိုသံုးျပီး သဘာဝအေရာင္ေတြနဲ႕ ေရာင္စံုျခယ္သျပီး စားခ်င္စရာ မ်က္စိပသာဒျဖစ္ေအာင္ လုပ္ခ်င္တယ္။ ခမည္းေတာ္အတြက္ အရသာရွိရံုမက အေရာင္လည္းလွတဲ့ မုန္႕ေတြကို ဖုတ္ေပးခ်င္တယ္။

ဒါေႀကာင့္ သစ္သီးအရည္တစ္ခ်ိဳ႕ကို သုံးၿပီး အဝါ၊ အနီ၊ ခရမ္းႏုႏွင့္ တျခားအေရာင္ေတြရေအာင္ အေရာင္ဆိုးလိုက္တယ္။ ဒီလိုအလုပ္ေတြကို နွစ္ေပါင္းမ်ားစြာလုပ္လာသလို ကြ်မ္းက်င္စြာ လုပ္ေနလုိ႕ အေစခံနွစ္ေယာက္က မ်က္လံုးျပဴးသြားႀကတယ္။

မုန႔္ကိုအပူေပးၿပီးတာနဲ႔  အထဲမွာ အဆာသြပ္ျပီး ပန္းပြင့္ပုံ၊ ငွက္ပုံ၊ ငါးပုံ  ပုံစံအမ်ိဳးမ်ိဳး၊အေကာင္ပုံစံအမ်ိဳးမ်ိဳးရေအာင္ ညႇပ္ၿပီးေနာက္ တစ္ခုခ်င္းစီကို သပ္သပ္ရပ္ရပ္ လင္ဗန္းေပၚတြင္ ထပ္တင္ထားတာက ျမင္တာနဲ႕တင္ ခ်စ္စရာပင္ေကာင္းလွတယ္။

သူက မုန႔္နွစ္ကို အျဖဴေရာင္အပိုင္းေလးတစ္ပိုင္းပဲ က်န္တဲ့အထိ ညႇပ္လိုက္တယ္။ ဂ်ဳိရႈဝါက  မုန႔္ႏွစ္ကို ခဏၾကည့္ျပီး ရုတ္တရက္ ေခါင္းထဲမွာ အေတြးတခိ်ဳ႕ေပၚလာျပီး ရွက္ေသြးျဖာသြားတယ္။ ဂ်ဳိရႈဝါက မုန္ႏွစ္ေလးကို ဂရုတစိုက္ပံုေဖာ္ျပီးလက္ထဲ ဆုပ္ကိုင္လို႕ ဒူးေထာက္ဆုေတာင္းျပီးမွ လင္ဗန္းထဲ ထည့္ထားလို္က္တယ္။

အေစခံႏွစ္ဦးရဲ႕ အမူအရာက အံ့ၾသ ေနရာကေန  ေလးစားအားက်မႈအျဖစ္ ေျပာင္းလဲသြားၿပီး စကားမေျပာႏိုင္ေအာင္ ဆြံ႕အသြားၾကသည္။ ဘုန္းႀကီးေလးရဲ႕  ခမည္းေတာ္အေပၚထားရွိသည့္ သံေယာဇဥ္က ထင္ထားတာထက္ေက်ာ္လြန္ေနတာကို သူတို႔ေတြ႕ျမင္လိုက္ရတယ္။


နဝမေျမာက္ ေကာင္းကင္ဘုံမွာ အလင္းနတ္ဘုရားက အလုပ္ရႈပ္ေနတဲ့ ေကာင္ေလးကို စိုက္ၾကည့္ေနၿပီး သူ႔ႏႈတ္ခမ္းပါးထက္မွာ  သိမ္ေမြ႕နူးညံ့တဲ့ အၿပဳံးတပြင့္ ျဖစ္ေပၚေနသည္။ ေကာင္ေလး သူ႔အတြက္လႉဖြယ္ပစၥည္းမ်ား ကိုယ္တိုင္ကိုယ္က်ျပင္ဆင္ေနတာကို ၾကည့္ရင္း ေအးစက္ေနသည့္သူ႔ႏွလုံးသားက  ႏူးညံ့လာၿပီး ခ်ိဳၿမိန္ျခင္းေတြ တစ္စိမ့္စိမ့္ ထြြက္ေပၚလာေတာ့တယ္။

က်ဴးယြင္ရွန႔္က လက္ေတြကို ေဆးေၾကာၿပီး လင္ဗန္းကို မုန္႕ဖုတ္တဲ့ ေနရာမွာသြားထားလိုက္သည္။ မုန္႕ဖုတ္ေနတုန္း ခမည္းေတာ္အတြက္  ပန္းခူးေပးဖို႕ ဥယ်ာဥ္ထဲကို လာခဲ့တယ္။ အျဖဴေရာင္နွင္းဆီက ခမည္းေတာ္ရဲ႕ အႀကိဳက္ဆံုးပန္းျဖစ္ျပီး ေလးစားျခင္း၊ျမင့္ျမတ္ျခင္း၊ သန္႕ရွင္းစင္ႀကယ္ျခင္းဆိုတဲ့  အဓိပၸါယ္ သက္ေရာက္တာေၾကာင့္ အမွန္တကယ့္ကို ခမည္းေတာ္နဲ႕ လို္က္ဖက္လွတယ္။ က်ဴးယြင္ရွန႔္ ျပံဳးရယ္လိုက္ျပီးအလွဆံးုပန္းကို ခူးဖုိ႕ျပင္လိုက္တယ္။

" အရွင္... ႏွင္းဆီေတြမွာ ဆူးေတြရွိတယ္။ ဒါေႀကာင့္ ကတ္ေၾကးကို သံုးျပီး ခူးသင့္ပါတယ္"

ကံဆိုးျပီး အေစခံသတိေပးတာ ေနာက္က်သြားတယ္။ နွင္းဆီဆူးက က်ိဳးယြက္ရွန္႕ရဲ႕လက္ကို စူးသြားျပီး ခ်က္ခ်င္း ေသြးစို႕ထြက္လာတယ္။ ျဖဴေဖြးနဲ႕ လက္ေခ်ာင္းေလးမွာ နီရဲတဲ့ေသြးစက္ထြက္လာပံုက အင္မတန္ကို လွပလြန္းလွတယ္။ အေစခံနွစ္ေယာက္က ေဆးထည့္ေပးဖို႕ အနားကို လာခဲ့ေပမယ့္ က်ိဳးယြင္ရွန္႕က ျငင္းလို္က္တယ္။


" ဒါ ဒဏ္ရာေသးေသးေလးပါ... ဘာမွမျဖစ္ပါဘူး။ "

က်ိဳးယြင္ရွန္႕က ေခါင္းခါလိုက္ျပီး ေသြးစို႕သြားတဲ့ လက္ေခ်ာင္းထိပ္ကို ပါးစပ္ထဲ ထည့္ျပီး စုပ္လိုက္ေတာ့ ေသြးစက္ေပ်ာက္သြားတယ္။ အေစခံေတြက ေႀကာက္လန္႕တႀကားနဲ႕ကက္ေႀကးယူျပီး အလင္းဘုူန္းႀကီးေလး လိုခ်င္တဲ့ပန္းကို ညွပ္ေပးလိုက္ႀကတယ္။ အလင္းဘုန္းႀကီးက တုိင္းျပည္အတြက္ အဖိုးမျဖတ္နုိင္တဲ့ရတနာျဖစ္လို႕ ဒဏ္ရာေသးေသးေလး ရတာ ပုပ္ရဟန္းမင္းႀကီးသိသြားမွာကို ေႀကာက္ေနႀကတယ္။

နဝမေျမာက္ေကာင္းကင္ဘံုမွာရွိေနတဲ့ အလင္းနတ္ဘုရားရဲ႕ အျပံဳးက ခ်က္ခ်င္းတင္းမာသြားျပီး လူငယ္ေလးက ပန္းပြင့္ယူျပီး ပန္းျခံက ထြက္သြားတာနဲ႕ ခ်က္ခ်င္းပဲ လက္ေခ်ာင္းကို ေျမွာက္လိုက္ျပီး အနက္ေရာင္အလင္းတန္းကို ေမွာ္ေႀကးမံုထဲ ျဖတ္သန္းဝင္ေရာက္သြားေစျပီး လွပတဲ့ပန္းဥယ်ာဥ္ထဲက ျဖဴနီဝါနွင္းဆီပန္းေတြေပၚကို က်ဆင္းေစတယ္။

မ်က္စိတမွိတ္အတြင္း အေရာင္ေသြးစံုလင္လွပေမႊးပ်ံ႕တဲ့ နွင္းဆီဥယ်ာဥ္ႀကီးက ခ်က္ခ်င္းျပာက်သြားေတာ့တယ္။ အေျခြရံကေတြက ဒီသတင္းကိုႀကားေတာ့ ခ်က္ခ်င္း ပုပ္ရဟန္းမင္းဆီကို ေျပးျပီး သတင္းပို႕ႀကတယ္။

ဒီအနားကေန ျဖတ္သြားတဲ့ အေစခံေတြက ႏွင္းဆီခင္း ျပာက်သြားတာကို ျမင္လိုက္တာနဲ႔ ေၾကာက္လန႔္သြားၾကၿပီး ခ်က္ခ်င္း ဂိုဏ္းခ်ဳပ္ဆီေျပးၿပီး သတင္းပို႔ၾကတယ္။
အဲ့ဒီအခ်ိန္မွာ က်ိဳးယြင္ရွန႔္က ေသခ်ာျပင္ထားတဲ့ မုန႔္နဲ႔အသီးႏွံေတြကို တခုခ်င္း စားပြဲေပၚ တန္းစီခ်လိုက္ၿပီး လူပံုစံဖုတ္ထားတဲ့ မုနး္ေလးကို ကိုင္ရင္း မ်က္နွာနီရဲသြားျပန္တယ္။ ျပီးေတာ့ လူရုပ္ပံုေလးကို မုန္႕ေတြရဲ႕အေရွ႕ဆံုးမွာ ခ်လိုက္တယ္။

" ခမည္းေတာ္... ေက်းဇူးျပဳၿပီး ဒီအစားစာနဲ႕မုန္႕ေတြကို အထင္မေသးလိုက္ပါနဲ႔။ သားေတာ္မွာရွိသမွ်အားလုံး ခမည္းေတာ္ဆီကို ေပးအပ္ခ်င္ေပမယ့္ သားေတာ္ရဲ႕ခႏၶာကိုယ္က ခြန္အားနည္းလြန္းၿပီး ခမည္းေတာ္အတြက္ နိမ့္က်လြန္းပါတယ္။ ခမည္းေတာ္ရဲ႕ မ်က္နွာသာေပးမႈကို သားေတာ္ ရေအာင္ ဘယ္လိုလုပ္ရပါ့မလဲ။ ခမည္းေတာ္ရဲ႕ မ်က္နွာကို ဖ်တ္ခနဲျမင္လိုက္ရရံုနဲ႕တင္ သားေတာ္ ေက်နပ္ပါျပီ... "

က်ိဳးယြင္ရွန္႕က ရုပ္ထုေရွ႕မွာ ဒူးေထာက္လိုက္ျပီး ဒီစကားကို ေရရြတ္လိုက္တယ္။ ရင္ထဲမွာ ရွက္ရြံ႕မႈအျပင္ ခါးသိီးမႈကိုပါ ခံစားလုိုက္ရတယ္။ သူ႕လို ေသမ်ိဳး နိမ့္က်တဲ့ လူသားတစ္ေယာက္ရဲ႕ ခ်စ္ျခင္းနဲ႕ပသမႈက ခမည္းေတာ္အတြက္ သဲမႈန္ေလးသာသာေလာက္ပဲျဖစ္လိမ့္မယ္။
ကမာၻေပၚက ေဘးအႏၲရာယ္ ကို ကယ္တင္ဖို႕လိုအပ္ေနတဲ့ သက္ရွိသတၱဝါ အမ်ားႀကီးထဲက ခမည္းေတာ္က သူ႔ကို ဘယ္လိုလုပ္သတိျပဳမိမွာလဲ။ သူ႔ခ်စ္ျခင္းတရားကို ဖခင္ ျပန္တုန႔္ျပန႔္ဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ ဆႏၵပဲ။

ဒီအေႀကာင္းကို ေတြးမိလိုက္တာနဲ႕ က်ိဳးယြင္ရွန္႕ငိုခ်င္လာျပီး ခမည္းေတာ္ရဲ႕ ရုပ္ထုေျခေတာ္ရင္းမွာ ဝပ္တြားလို႕ ေျခအစံကို ဖက္တြယ္ထားလိုက္တယ္။ ဒီပံုစံေလးက သူ ဘယ္ေလာက္ စိတ္ပ်က္လက္ပ်က္ျဖစ္ေနတယ္ဆိုတာ ျမင္ရံုနဲ႕သိသာနုိင္တယ္။
အလင္းနတ္ဘုရားက မ်က္ခံုးကိုပြတ္သပ္လိုက္ျပီး ဒီေကာင္ေလးရဲ႕ ဆုေတာင္းစကားကို သူယံုႀကည္ပါတယ္ဆိုတာ ဘယ္လို သက္ေသျပရမွန္းမသိျဖစ္ေနတယ္။ ဒီလူငယ္ေလးက ဆြဲေဆာင္မႈရွိျပီး သေဘ ာက်စရာေကာင္းသလို ခံစားလြယ္ျပီးနူးညံ့သိမ္ေမြ႕လြန္းတယ္။ သူ႕ကိုယ္သူ နိမ့္က်တယ္ထင္ျပီး ဝမ္းနည္းေနပံုေလးက ျပံဳးခ်င္စရာျဖစ္သလို တဖက္ကလည္း ဒီေကာင္ေလးနာက်င္ခံစားေနရတာ ေတြ႕ျပီး ေဒါသထြက္လာတယ္။ သူ႕ကိုကိုးကြယ္ဆည္းကပ္ျပီး ဆုေတာင္းတဲ့ အလင္းဘုန္းႀကီးတုိင္း ဒီကေလးေလးလိုမ်ား သူ႕ဆီက အလင္းစြမ္းအင္ စြန္႕က်ဲေပးသနားတာမ်ား ဘယ္သူႀကံဳဖူးလို႕လဲ။ ဒီကေလးေလးကသာ ျခြင္းခ်က္ျဖစ္တယ္ဆိုတာ သူေလး မသိေလေရာ့သလား။

အလင္းဘုန္းႀကီးေပါင္းမ်ားစြာနဲ႕ ဘုရားေက်ာင္းမ်ားစြာကို အုပ္ခ်ဳပ္ရတဲ့ ပုပ္ရဟန္းမင္းႀကီးေတာ္င နွစ္ေပါင္းသံုးဆယ္တိတိ ဆုေတာင္းမွ သူ႕ဆီက မႈန္ဝါးဝါးအလင္းစြမ္းအင္ ေပးသနားျခင္းခံရတယ္။ ဒီ ကေလးေလးရဲ႕ ကိုယ္က သူေပးတဲ့ အင္အားျပင္းထန္လြန္းတဲ့ အလင္းစြမ္းအင္ကို သာ ဘာမွ မျဖစ္ပဲ လက္ခံနုိင္မယ္ဆိုရင္ အလင္းနတ္ဘုရားတစ္ပါးျဖစ္တဲ့ သူရဲ႕ အခ်စ္နဲ႕စြမ္းအားအကုန္ကို အားသြန္ခြန္စိုက္နဲ႕ တရစပ္ ေပးလိုက္မွာေသခ်ာတယ္။ ဒါေတာင္ သူ႕ရဲ႕ခ်စ္ျခင္းကို မရရွိပါဘူးရယ္လို႕ ဒီကေလးေလးက ဝမ္းနည္းပမ္းနည္းျဖစ္ေနရတယ္လို႕...။ ခမည္းေတာ္က သူ႕ကို မခ်စ္ဘူးရယ္လို႕ ဘာေႀကာင့္ ထင္နုိင္ရတာလဲကြာ။

အလင္းနတ္ဘုရားက ဝမ္းနည္းစိတ္မေကာင္းျဖစ္သြားၿပီး သူ႔လက္ေခ်ာင္းကို ဒီေကာင္ေလးရဲ႕ မ်က္ခုံးၾကားေနရာဆီ  ၫႊန္လိုုက္ၿပီး ေ႐ႊေရာင္အလင္းတန္းကို ေမွာ္ေႀကးမံုကတဆင့္ ေပးပို႕လိုက္တယ္။ က်ဳိးယြင္ရွန႔္သည္ ရုတ္တရက္ သူ႕ကိုယ္ထဲ စီဝင္လာတဲ့ အလင္းစြမ္းအင္ေႀကာင့္ နူတ္ဖ်ားကေန ျငင္သာစြာ ညည္းတြားလိုက္ျပီး ဝမ္းနည္းမႈေႀကာင့္ ညိဳႈးငယ္ေနတဲ့ မ်က္နွာေလး ေျပေလ်ာ့သြားေတာ့တယ္။
ေဖ်ာ့ေတာ့ေနတဲ့ ပါးေလးနွစ္ဘက္ကပန္းေရာင္ သန္းလာလာျပီး ေပ်ာ္႐ႊင္ ေအးခ်မ္းသည့္အၿပဳံးေလးျဖင့္ ခခည္းေတာ္ရဲဲ႕ေျခဖမိုးကို နမ္းရႈိက္လိုက္သည္။ ရင္းထဲက လိႈက္လွဲတဲ့ ခ်စ္ျခင္းတရားေတြနဲ႕ ယံုႀကည္မႈရွိစြာနဲ႕ မတ္တပ္ထလာတဲ့အခ်ိန္ စားပြဲေပၚတင္ထားတဲ့ စားစရာေတြအကုန္ေပ်ာက္ဆံုးကုန္တာကို ေတြ႕လိုက္ရတယ္။

သူ အရမ္းတုန္လႈပ္သြားျပီး ခ်က္ခ်င္း အျပင္ေျပးထြက္သြားလို႕ စားပြဲေပၚကပစၥည္းေတြ ဘယ္ေရာက္သြားလဲဆိုတာ အေစခံႏွစ္ဦးကို ေမးျမန္းလိုက္တယ္။ နဝမေျမာက္ ေကာင္းကင္ဘံုမွာ အလင္းနတ္ဘုရားက
ဟိုေျပးဒီေျပးနဲ႕ စားစရာေပ်ာက္လို႕ ရွာေနတဲ့ လူသားေလးကို ခ်စ္ခင္ျမတ္နုိးတဲ့ အျပံဳးနဲ႕ေစာင့္ႀကည့္ျပီး လူပံုစံ မုန္႕ေလးကို ကိုင္ျပီး ေစ့ေစ့စပ္စပ္ေလ့လာလိုက္တယ္။ မုန္႕ေလးက ပူပူေႏြးေႏြးနဲ႕ ေလထဲမွာ အေငြ႕ျဖဴျဖဴေလး ေဝ့ဝဲေနျပီး သင္းပ်ံ႕တဲ့ ဂ်ံဳနံ႕ေလးက ဖုတ္ျပီကာစ စားခ်င္စရာ ေမႊးပ်ံ႕လို႕ေနတယ္။ အရသာမျမည္းစမ္းၾကည့္ရင္ေတာင္မွ ဒီမုန႔္ ဘယ္ေလာက္ေတာင္ ခ်ိဳၿမိန္လိုက္မလဲဆိုတာ အလင္းနတ္ဘုရား ခန႔္မွန္းမိႏိုင္တယ္

လူပုံစံမုန္႕ေလးက သိသာထင္ရွားစြာ ႂကြႂကြ႐ြ႐ြျဖစ္ေနၿပီး အပူေၾကာင့္ အနည္းငယ္ျပန႔္ကားေနေပမယ့္ ေကာင္ေလးရဲ႕ပုံစံအတုိင္း လုံးလုံးဝိုင္းဝိုင္းႏွင့္ ခ်စ္စရာကာင္းေနေသးတယ္။ အလင္းနတ္ဘုရားသည္ အ႐ုပ္ေလးကို အခ်ိန္အတန္ၾကာ စိုက္ေငးၾကည့္ၿပီး ညင္သာစြာ လွည့္လိုက္ခ်ိန္ လွ်စ္စီးေၾကာင္းတစ္ခု သူ႔ႏွလုံးသားထဲ ျဖတ္သန္းသြားသလို ႏူးညံ့ၿပီး မ႐ိုးမ႐ြခံစားခ်က္ကို ခံစားလိုက္ရတယ္။

ဆယ္မိနစ္ေက်ာ္ေအာင္ ဂ႐ုတစိုက္ၾကည့္ျပီးေနာက္ ေသးငယ္သည့္မ်က္ႏွာေလးကို သူ႔ႏႈတ္ခမ္းနားကပ္လို႕ ဂ႐ုတစိုက္နဲ႕ညင္ညင္သာသာ နမ္းရႈိက္လိုက္ၿပီး အနားမွာရပ္ေနတဲ့ နတ္ဘုရားကို ၾကည့္ျပီး ေမးလိုက္တယ္။

" သူက ခ်စ္စရာမေကာင္းဘူးလား "

" အဲ့ဒါ " အစား " သူ " လို႔ သုံးလိုက္တာေၾကာင့္ လူပုံစံ မုန႔္ေလးက ဖခင္ ခဏခဏ ေခ်ာင္းၾကည့္ေန တဲ့ ေသမ်ိဳးေကာင္းေလးရဲ႕ပုံရိပ္ဆိုတာ နတ္ဘုရား ခ်က္ခ်င္း သေဘာေပါက္လိုက္တယ္။ ၿပီးေတာ့ အလင္းနတ္ဘုရားသံုးနႈန္းလိုက္တဲ့ ေလသံက နိမ့္က်တဲ့လူသားေတြ သူတို႕ပိုင္ဆိုင္တဲ့ရတနာအတြက္ အခ်င္းခ်င္းႀကြားဝါတဲ့ေလသံထြက္ေနတာကို အံ့အားသင့္ဖြယ္သိလိုက္ရတယ္။ ဒါက သာမန္စိတ္ဝင္စားမႈမဟုတ္ပဲ သံေယာဇဥ္ေႏွာင္ဖြဲ႕မႈပဲဆိုတာ သိလိုက္ရေတာ့ လက္ေအာက္ခံ နတ္ဘုရားက ခ်က္ခ်င္းျပံဳးလိုက္ျပီး ေျပာလိုက္တယ္။

" အရမ္းခ်စ္စရာေကာင္းတယ္။ ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးကို ကြၽန္ေတာ္မ်ိဳး တစ္ခါမွမျမင္ဖူးေသးဘူး။ ဘုရားေက်ာင္းထဲရွိတဲ့ ဘယ္အေစခံမွ သူနဲ႔ႏႈိင္းယွဥ္လို႔မရႏိုင္ပါဘူး။ "

အလင္းနတ္ဘုရားရဲ႕ျပံဳးေနတဲ့ နူတ္ခမ္းေတြက ေၾကာက္စရာေကာင္းေလာက္ေအာင္ တေျဖာင့္တည္းျဖစ္သြားျပီး မ်က္လုံးထဲတြင္ အေမွာင္ရိပ္ေတြ ျပည့္ႏွက္လာတယ္။ နတ္ဘုရားက ခ်က္ခ်င္းဒူးေထာက္ေတာင္းပန္လိုက္ျပီး သူေျပာလိုက္တဲ့စကားထဲ ဘာအမွားပါသြားသလဲဆိုတာ ျပန္စဥ္းစားေနမိတယ္။


" အဲ့ဒီ ဘာမဟုတ္တဲ့ အေစခံေတြက ငါ ခ်စ္ျမတ္ႏိုးရတဲ့ကေလးနဲ႔ ဘယ္လိုႏႈိင္းယွဥ္လို႔ရမလဲ... "
သူသည္ လူပုံ အဆာသြတ္မုန႔္ကို   ယူျပီးထြက္သြားရင္း အက်ၤ ီလက္ကို ေဝ့ယမ္းလို႕ နတ္ဘုရား ကို စကားေျပာလို႕မရေအာင္ တန္ခိုးနဲ႕တားျမစ္ျပီး အျပစ္ေပးလိုက္တယ္။  အျပစ္ေပးခံရတဲ့ နတ္ဘုရားက ခါးသီးမႈအစား စိတ္သက္သာရာ ရလိုက္တယ္။ အရင္တုန္းက အျခား လက္ေအာက္ခံနတ္ဘုရားေတြဆိုရင္ အလင္းနတ္ဘုရားကို စိတ္အေနွာက္ယွက္ျဖစ္ေအာင္ လုပ္မိလိုက္တာနဲ႕ ခ်က္ခ်င္း မီးေလာင္ျပာက်သြားတာမ်ိဳးကို ႀကံဳရတတ္တယ္။ အခုေတာ့ သူက ဒီေလာက္ နူတ္ပိတ္ထားခံရရံုေလးဆိုေတာ့ လူသားေကာင္ေလးေပၚကို ခမည္းေတာ္ အလင္းနတ္ဘုရားရဲ႕ ခ်စ္ျခင္းက ထင္ထားတာထက္ ေလးနက္ပံုရတယ္။ ခမည္းေတာ္ရဲ႕စိတ္က အခ်စ္ေႀကာင့္ နူးညံ့ေနလို႕သာ သူ႕အသက္ေလး ဆက္လက္တည္ျမဲေနတာျဖစ္တယ္။

ဒီလူသားေလးက ဘယ္ေလာက္ေတာင္ ေခ်ာေမာလွပသလဲဆိုတာ အျပစ္ပေးခံရတဲ့ နတ္ဘုရားက သိခ်င္လာတယ္။ တကယ္လို႕ ဒီခ်စ္ျခင္းက ဆက္တိုးလာမယ္ဆိုရင္ အျခားနတ္ဘုရားေတြဆီက အလင္းနတ္ဘုရား သိမ္းယူထားတဲ့ နတ္က်က္သေရကို ဒီလူသားေကာင္ေလးဆီ လႊဲေပးလိုက္မွာကို စိုးရိမ္လာမိတယ္။ ဒီနတ္က်က္သေရက နတ္ဘုရားတိုင္းအတြက္ အဖိုးမျဖတ္နိုင္တဲ့ ရတနာျဖစ္ျပီး အလင္းနတ္ဘုရားရဲ႕ လက္ေအာက္ခံ နတ္ဘုရားေတြေတာင္ ရဖို႕ စိတ္ကူးယဥ္လို႕ မရနုိ္င္တဲ့အရာျဖစ္တယ္။
============

က်ဴးယြင္ရွန႔္က အခ်ိန္ၾကာေအာင္ ရွာေဖြေပမယ့္ လႉဖြယ္ပစၥည္းမ်ားကို မေတြ႕တာေၾကာင့္ ေဒါသထြက္ေနတဲ့အခ်ိန္ စစ္သည္အေတြၿခံရံျပီး ဆုေတာင္းခန္းမဆီ အေျပးအလႊားလာေနတဲ့  ဂိုဏ္းခ်ဳပ္ႏွင့္ လက္ေထာင္ဂိုဏ္းခ်ဳပ္ကို ျမင္လိုက္ရတယ္။

အႀကီးအကဲႏွစ္ဦးကို သူ ခ်က္ခ်င္း အ႐ိုအေသေပးလိုက္တယ္။ ဂိုဏ္းခ်ဳပ္ က သူ႕ကို ထရပ္ဖို႕ မေျပာပဲ သတိထားတဲ့ မ်က္လံုးနဲ႕စိုက္ႀကည့္ေနတယ္။ လက္ေထာက္ဂိုဏ္းခ်ဳပ္က စိတ္မထိန္းနိုင္ေတာ့ပဲ မ်က္နွာကို ေမာ္ခ်ီေနျပီး ေမာက္မာသည့္အၾကည့္ နဲ႕ ခက္ထန္စြာေျပာလိုက္တယ္။

" မင္း ႏွင္းဆီပန္းခူးယူၿပီးေနာက္ မေကာင္းဆိုးျမဴေပၚလာၿပီး အပင္ေတြကို ပ်က္စီးသြားေစတယ္လို႔ အေစခံတစ္ေယာက္ သတင္းပို႔လာတယ္။  မေကာင္းဆိုးဝါးျမဴ ရွိတဲ့ေနရာမွာ မေကာင္းဆိုးဝါး ရွိရမယ္။ အလင္းဘုန္းႀကီးအပါအဝင္ လူတိုင္းရဲ႕ခႏၶာကိုယ္မွာ ခုိဝင္ျပီး သူတို႔က အသက္ရွင္ႏိုင္တယ္။ မင္းရဲ႕အျပစ္ကင္းစင္မႈ မင္းမွာ မေကာင္းဆိုးဝါးပူးကပ္ထားျခင္း မရွိပါဘူးဆုိတာကို သက္ေသျပဖို႕ ငါတို႔ ဒီကို လာခဲ့တာပဲ "

သူက ဒုတိယမင္းသားနဲ႔အတူ ခရီးအတူတူထြက္ရမွာျဖစ္လို႔ အခုခ်ိန္မွာ ဂ်ိဳရႈဝါကို ပထုတ္ရမယ္။ မဟုတ္ရင္ ေနာက္ႏွစ္ႏွစ္ႀကာရင္ ဂ်ိဳရႈဝါက အ႐ြယ္ေရာက္လာျပီး ဂိုဏ္းခ်ဳပ္ရဲ႕ရာထူးကို ဆက္ခံရရွိသြားလိမ့္မယ္။ ဒီအခ်က္ေႀကာင့္ လက္ေထာက္ဂိုဏ္းခ်ဳပ္ အရမ္းကို စိတ္ညစ္ေနတုန္း ဒီနွင္းဆီခင္းျပာက်သြားတဲ့အေႀကာင္း အေစခံလာေျပာေတာ့ ရက္စက္တဲ့ အႀကံကို ခ်က္ခ်င္း ႀကံစညလိုက္ရတာပဲျဖစ္တယ္။ တခ်က္ခုတ္ နွစ္ခ်က္ျပတ္ သူ႕ေနရာကို ျခိမ္းေျခာက္ေနတဲ့ ေကာင္ေလးကို ဖယ္ရွားပစ္ရမယ္။
 

က်ဴးယြင္ရွန႔္ရဲ႕ ဦးေႏွာက္က ခမည္းေတာ္နဲ႔ပတ္သက္တဲ့ ကိစၥမ်ားတြင္သာ စဥ္းစားဆင္ျခင္ႏိုင္စြမ္း အားနည္းေပမယ့္ တစ္ျခားကိစၥမ်ားကိုေတာ့ အလြယ္တကူ ကိုင္တြယ္ေျဖရွင္းႏိုင္တာေၾကာင့္ ေအးေဆးတည္ၿငိမ္စြာ ျပန္ေျပာလိုက္တယ္။

" ဒါဆို ကြၽန္ေတာ္ရဲ႕အျပစ္ကင္းစင္မႈကို သက္ေသမျပခင္ ဂိုဏ္းခ်ဳပ္နဲ႔လက္ေထာက္ဂိုဏ္းခ်ဳပ္ေကာ ကိုယ့္ကိုယ္ကို အျပစ္ကင္းစင္ေၾကာင္း သက္ေသျပရဲလား။ မေကာင္းဆိုးဝါးေတြက အင္မတန္ ဉာဏ္နီဉာဏ္နက္မ်ားတယ္။ လူမ်ိဳးစုဝင္ အခ်င္းခ်င္းကို ေသြးကြဲေအာင္လုပ္ျပီး ႔အခ်င္းခ်င္းျပန္လည္တိုက္ခိုက္ေစတာ သူတို႔အႀကိဳက္ဆုံးအလုပ္ပဲ။ "

" ငါတို႔ႏွစ္ေယာက္လုံး ေရစင္ ေသာက္ထားၿပီးၿပီ "

ဂိုဏ္းခ်ဳပ္က သန႔္ရွင္းျဖဴစင္သည့္ေႂကြပုလင္းကို လွမ္းေပးၿပီး သိမ္ေမြ႕ႏူးညံ့စြာ ေျပာလိုက္တယ္
" ငါသား... ဒါကို ေသာက္လိုက္ပါ "

တကယ္လို႕ လူတစ္ေယာက္က မေကာင္းဆိုးဝါးပူးကပ္ခံထားရတယ္ဆိုရင္ ေရစင္ေသာက္ျပီးတာနဲ႕ နာက်င္စြာခံစားလိုက္ရျပီး မေကာင္းဆိုးဝါးကလည္း ကိုယ္ထဲကေန တခါတည္း ထြက္သြားတယ္။ ဒါေပမယ့္ ဒီလိုေရစင္ကိုရဖို႕ အလင္းစြမ္းအင္နဲ႕ ဆယ္စုနွစ္တစ္နွစ္ေလာက္ ထားရွိမွ ေရႊေရာင္အလင္းသဲ့သဲ့ထြက္တဲ့ ေရစင္ကို ရလာမွာျဖစ္တယ္။ အခုခ်ိန္မွာ ဒီတိုက္မႀကီးက အလင္းဘုန္းႀကီးရွားပါးလာလို႕ ေရစင္ကို ဖန္တီးရတာလည္း ခက္ခဲလာတယ္။ ဒါေႀကာင့္ အလင္းဘုရားေက်ာင္းေတြမွာ ေသေရးရွင္ေရးမဟုတ္ရင္ ေရစင္ကို ထုတ္မသံုးပဲ ရတနာလိုပဲ ေသခ်ာသိမ္းဆည္းထားႀကတယ္။ အခုခ်ိန္က ပုပ္ရဟန္းမင္းကို ဆက္ခံရမယ့္ အလင္းဘုန္းႀကီးမွာ မေကာင္းဆိုးဝါးပူးကပ္ျခင္းရွိမရွိ စစ္ေဆးရမယ့္ အခ်က္ျဖစ္လို႕ ေရစင္ကို ထုတ္သံုးရတာပဲျဖစ္တယ္။



ဂိုဏ္းခ်ဳပ္က သူ႔သက္တမ္းတစ္ေလွ်ာက္လံုး ေရစင္ သုံးပုလင္းသာ ဖန္တီးႏိုင္ခဲ့တယ္။ အစက ေတာ္ဝင္မိသားစုဆီကို ေပးရန္ရည္႐ြယ္ထားေပမယ့္ အခုေတာ့ ဒါေတြကို သူ အသုံးျပဳရေတာ့မယ္။ အလင္းဘုန္းႀကီးေတြက ကုန္းေျမကို အေမွာင္စစ္ပြဲေအာက္ မက်ေရာက္ေစရန္ ေသခ်ာေပါက္ ျပဳလုပ္ေပးႏိုင္သည့္ အေရးအႀကီးဆုံးအရာျဖစ္လို႔ တစ္ေယာက္ေလးေတာင္ သူတို႔ အဆုံးရႈံးမခံႏိုင္ဘူး။ အထူးသျဖင့္ အလင္းဘုန္းႀကီးသုံးဦးသာ ရွိတဲ့ ဆာရာႏိုင္ငံလိုမ်ိဳး တန္ဖိုးရွိတဲ့ အလင္းဘုန္းႀကီးကို အဆံုးရံႈးမခံနုိင္ဘူး။

က်ဴးယြင္ရွန႔္က ႏႈတ္ခမ္းကိုက္လိုက္ျပီး ေႂကြပုလင္းကို ယူဖို႕ လက္လွမ္းလိုက္စဥ္ ဂိုဏ္းခ်ဳပ္ရဲ႕အေႁခြအရံက ႐ုတ္တရတ္ လဲက်လာျပီး သူ႔လက္ေမာင္းက  လႈပ္ယမ္းသြားတာေၾကာင့္ ေႂကြပုလင္းကက ေေက်ာက္သားႀကမ္းျပင္ေပၚ ျပဳတ္က်ျပီးကြဲသြားတယ္။ ေရႊေရာင္အလင္းေတြက ေက်ာက္ျပားႀကား စိမ့္ဝင္ေပ်ာက္ကြယ္သြားေတာ့တယ္။ အေစခံက ခ်က္ခ်င္း ဒူးေထာက္ျပီးေတာင္းပန္ေပမယ့္ ဘယ္သူမွ စကားတခြန္းေတာင္ ျပန္မေျဖနုိင္ေတာ့ဘူး။

ဒါက လက္ေထာက္ဂိုဏ္းခ်ဳပ္ႀကိဳတင္ႀကံစည္ထားတယ္ဆိုတာ ေတြးမိလို႕ က်ိဳးယြင္ရွန္႕က အဲ့လူကို စူးစိုက္ႀကည့္လိုက္တယ္။ ဂုိဏ္းခ်ဳပ္ႀကီးလည္း ခ်က္ခ်င္း သေဘာေပါက္လိုက္ေပမယ့္ ဒီေရစင္က ေနာက္ဆံုးက်န္တဲ့ေရစင္ျဖစ္တယ္ဆိုတာ သတိရလိုက္ျပီး မ်က္နွာျဖဴေဖ်ာ့သြားေတာ့တယ္။

" ဒါက ေနာက္ဆုံးက်န္တဲ့ ေရစင္ပုလင္းပဲ။ တြယ္ကပ္ေနတဲ့မေကာင္းဆိုးဝါးက အလင္းအစြမ္းကို ခံႏိုင္ရည္ရွိၿပီး အလင္းဘုန္းႀကီးရဲ႕ခႏၶာကိုယ္ထဲ က်ဴးေက်ာ္ဝင္ေရာက္လာတာ ဆိုေတာ့ သူ႔အဆင့္က ေတာ္ေတာ္ျမင့္ေလာက္တယ္။ ငါနဲ႔ ဂိုဏ္းခ်ဳပ္ ႏွစ္ဦးလုံးရဲ႕အလင္းအစြမ္းကို ေပါင္းလိုက္ရင္ေတာင္ ျမင္သာေအာင္မျပႏိုင္ေလာက္ဘူး။ မင္းရဲ႕အျပစ္ကင္းမႈကို သက္ေသျပဖို႔ အဓိကခန္းမထဲက စမ္းသပ္ကန္ကို အသုံးျပဳေပးပါ "

လက္ေထာက္ဂိုဏ္းခ်ဳပ္သည္ လိမၼာပါးနပ္စြာ ေျပာလိုက္တယ္။

" မျဖစ္ဘူး "
 ဂိုဏ္းခ်ဳပ္သည္ စိတ္ထိခုိက္စြာနဲ႕ ေအာ္ဟစ္ျငင္းပယ္လိုက္တယ္။

လြန္ခဲ့ေသာႏွစ္တစ္ေထာင္ေလာက္က စမ္းသပ္ေရကန္ဆိုတာက အလင္းဘုနး္ႀကီးေတြ အလင္းစြမ္းအင္တက္လာေအာင္ ေလ့က်င့္တဲ့ေနရာအျဖစ္ တည္ရွိခဲ့တယ္။ အလင္းဘုန္းႀကီးေတြရဲ႕ စြမ္းအင္က အင္မတန္ကို သန္႕စင္ျပီးအားေကာင္းတဲ့အတြက္ ဒီေရကန္ထဲ ဝင္ေရာက္ေလ့က်င့္လိုက္တာနဲ႕ သူတို႕ အလင္းစြမ္းအင္ေတႊ တဟုန္ထိုး တိုးတက္လာခဲ့ႀကတယ္။ အဲ့ဒီအခ်ိန္ေလာက္က အလင္းဘုန္းႀကီးေတြဆိုတာ အလင္းနတ္ဘုရားေပၚ ယံုႀကည္မႈျမင့္မားျပီး အင္မတန္ကို စိတ္ထားျဖဴစင္ႀကတဲ့အခ်ိန္ျဖစ္တယ္။ ဒါေႀကာင့္ သူတို႕ပို္င္ဆိုင္တဲ့ အလင္းစြမ္းအင္ဆိုတာလည္း အင္မတန္ကို စြမ္းအားထက္ျမက္ျပီး ခုလိုမ်ိဳး စစ္သည္ေတာ္နဲ႕ေမွာ္ဆရာေတြရဲ႕အကာကြယ္ကို ယူဖို႕မလိုအပ္ခဲ့ႀကဘူး။
ဒါေပမယ့္ နွစ္ေပါင္းမ်ားစြာႀကာလာေတာ့ အလင္းဘုန္းႀကီးေတြရဲ႕ စိတ္ထားျဖဴစင္မႈနဲ႕ အလင္းနတ္ဘုရားေပၚ သက္ဝင္ယံုႀကည္မႈေတြလည္း ေလ်ာ့ပါးလာခဲ့တယ္။ ဒါေႀကာင့္ အလင္းဘုန္းႀကီးတစ္ပါးက ေရကန္ထဲ ဝင္တဲ့အခါ စိတ္ထားညစ္ႏြမ္းမႈ နည္းနည္းေလး ရွိတာနဲ႕ ဒီစမ္းသပ္ကန္ထဲက ေရေတြက ေက်ာက္ေရပူေတြလိုမ်ိဳးဆူပြက္လာျပီး အရိုးအသား ရွာမရေအာင္ တခါတည္းကို ေလာင္ကြ်မ္းသြားေစေတာ့တယ္။

ဖံုးကြယ္ထားတဲ့ စိတ္ထားမရွိျခင္းနဲ႕ အႀကြင္းမဲ့ျဖဴစင္တဲ့စိတ္ထားဆိုတာ လူတုိင္းမပိုင္ဆုိင္တဲ့အရာျဖစ္လို႕ လူတိုင္း လူတိုင္း လွ်ိဳ႕ဝွက္ခ်က္နဲ႕ မေကာင္းတဲ့စိတ္၊ ေတြေဝတဲ့စိတ္ဆိုတာ ရွိႀကတယ္။ ဒါေႀကာင့္ ဒီစမ္းသပ္ကန္ထဲ ဝင္မိတဲ့သူတိုင္း ေသေႀကပ်က္စီးကုန္ႀကတယ္။ ခမည္းေတာ္က ဘာေႀကာင့္ ရုတ္တရက္ ရက္စက္လာတယ္ဆိုတာ အလင္းဘုန္းႀကီးေတြ နားမလည္ႀကဘူး။ ဒါေႀကာင့္ အလင္းဘုန္းႀကီးေတြက သူတုိ႕ အလင္းစြမ္းအင္ ပိုတိုးပြားလာေအာင္၊ စိတ္ဝိဥာဥ္ပိုႀကံ႕ခုိင္လာေအာင္ ေရကန္ထဲမွာ ေလ့က်င့္မယ့္ အခြင့္ေရးကို လက္လႊတ္လိုက္ရျပီး ဝတ္ျပဳဆုေတာင္းျခင္းနဲ႕ပဲ အစားထိုးလိုက္ရေတာ့တယ္။


ဝတ္ျပဳျခင္းက ရရွိႏိုင္တဲ့ အလင္းစြမ္းအင္ပမာဏက အရမ္းအားနည္းၿပီး  ေသးငယ္တဲ့ စြမ္းအင္အမွ်င္တန္းေလး ရႏိုင္ဖို႕ ဆယ္စုႏွစ္တစ္စုစာ ၾကာျမင့္ႏိုင္တယ္။အဲ့ဒါေၾကာင့္ အလင္းဘုန္းႀကီးေတြရဲ႕ ခြန္အားေတြတျဖည္းျဖည္း အားနည္းလာရတာပဲျဖစ္တယ္။


လက္ေထာက္ဂိုဏ္းခ်ဳပ္က ဘာကိုပဲ လုပ္ရလုပ္ရ သူတကယ္ရည္ရြယ္ထားတာက ဂ်ဳိရႈဝါကို ဖယ္ရွားပစ္ဖုိ႕ပဲ။ ဂိုဏ္းခ်ဳပ္ႀကီးက ဒီအခ်က္ကို သိေပမယ့္ သူ႕တပည့္ကို ကာကြယ္ဖို႕ ဘာမွ မတတ္နုိ္င္ ေတာ့ဘူး။ သူက မေကာင္းဆိုးဝါးျမဴက်ပါတယ္ဆိုတဲ့ သတင္းပို႕တာကို လ်စ္လ်ဴရႈျပီး လူေတြလက္ခံလာေအာင္ လုပ္နုိင္ေပမယ့္ တာဝန္သိတဲ့သူ႕စိတ္ထားက ခြင့္မျပဳနုိင္ဘူး။ ဒါေႀကာင့္ ဂ်ိဳရႈဝါမွာ မေကာ္ငးဆိုးဝါးတြယ္ျငိျခင္းမရွိပါဘူးဆိုတာ သက္ေသျပဖို႕ စမ္းသပ္ကန္ထဲပဲ ဆင္းခိုင္းရံုပဲရွိေတာ့တယ္။


သူ ေျပာလိုက္တဲ့ " မျဖစ္ဘူး " ဆိုတဲ့စကားကို ျပန္႐ုပ္သိမ္းဖို႕ လက္ကို ေဝ့ယမ္းလိုက္တယ္။ အႀကာႀကီးတိတ္ဆိတ္ေနၿပီးမွ ခက္ခက္ခဲခဲ ဖြင့္ဟေျပာလိုက္တယ္။

" ဂ်ိဳရႈဝါ သားေလး ဒါက ဆာဂါ ႏိုင္ငံရဲ႕ဂိုဏ္းခ်ဳပ္အေနနဲ႔ လုပ္ေဆာင္ရမယ့္အလုပ္ဆိုတာ သိတယ္မလား။ ဘုရင္ရဲ႕ခႏၶာကိုယ္ထဲ ကိန္းေအာင္းေနမယ္ဆိုရင္ေတာင္ ဘယ္မေကာင္းဆိုးဝါးကိုမွ ထြက္သြားခြင့္မေပးႏိုင္ဘူး။ "

" ကြၽန္ေတာ္ နားလည္ပါတယ္... ဂုိဏ္းခ်ဳပ္ဆႏၵအတုိင္းပဲ စမ္းသပ္ကန္ထဲ ဝင္ျပီး သက္ေသျပပါ့မယ္ "

က်ဴးယြင္ရွန႔္က ဦးၫႊတ္အ႐ိုအေသေပးၿပီး ခန္းမ ရဲ႕ အတြင္းပိုင္း ေနရာဆီ ေအးေဆးတည္ၿငိမ္စြာ ေလွ်ာက္သြားလိုက္တယ္။ တကယ္လို႕ သူ႕စိတ္ဝိဥာဥ္ကို လိုခ်င္တဲ့အေနထားရေအာင္ ထိန္းခ်ဳပ္ထားနုိ္င္ဖို႕
 B အဆင့္ကမာၻက စြမ္းအင္ကို မရထားဘူးဆိုရင္ သူ စိုးရိမ္ေကာင္းစိုးရိမ္ႏိုင္ေပမယ့္ အခုေတာ့ စမ္းသပ္ကန္ဆိုတာ သူ႔မ်က္လုံးထဲ ဘာမွမဟုတ္ေတာ့ဘူး။ သူ႔ဝိညာဥ္က အရမ္းသန႔္ရွင္းျဖဴစင္လို႔ စမ္းသပ္ေရကန္ထဲက ေရရဲ႕ဒဏ္ကို ခံႏိုင္ရည္ရွိတယ္ဆိုတာ သူ သိတယ္။ ၿပီးေတာ့ သူ႔ကိုယ္သူ အျပင္းအထန္ အိပ္ေမြ႕ခ်ထားျခင္းေၾကာင့္ သူ႔စိတ္ထဲ နတ္ဘုရားအတြက္ ခ်စ္ျခင္းေမတၱာကလြဲၿပီး တစ္ျခားစိတ္  တစ္စြန္းတစ္စေတာင္မရွိႏိုင္ဘူး။ အလင္းနတ္ဘုရားအေပၚ ထားရွိသည့္ သူ႔အခ်စ္အေၾကာင္းေျပာရရင္ေတာ့ သူ႔ဖာသာေတာင္ ထိတ္လန႔္ေစေလာက္တယ္။

သူသည္ ဖိနပ္ႏွင့္ဝတ္႐ုံကို ခြၽတ္လိုက္ၿပီး ပါးလႊာသည့္အတြင္းဝတ္အက်ၤ ီတစ္ထည္တည္း ဝတ္ၿပီး ကန္ထဲျဖည္းျဖည္းခ်င္း ဆင္းသြားလိုက္တယ္။ ကန္ထဲကေရ နက္ေမွာင္ေနျပီး ေအးစက္လို႕ေနတယ္။ တကယ္လို႕ မသန္႕ရွင္းတဲ့ စိတ္ဝိဥာဥ္နဲ႕ ေတြ႕ရင္ ခ်က္ခ်င္း ေရက ေသြးနီေရာင္ကို ေျပာင္းလဲသြားျပီး ေက်ာက္ရည္ပူလို ဆူပြက္လာတယ္။ ဘယ္လူသားကိုမဆိုး အရိုးထိ အရည္ေပ်ာ္ႀကသြားေစတယ္။ လူသားမေျပာနဲ႕ နတ္ဘုရားေတြောင္ ဒီအပူဒဏ္ကို မခံနိုင္ဘူး။

လက္ေထာက္ဂိုဏ္းခ်ဳပ္က သူ႔ဝတ္႐ုံေအာက္ လက္သီးဆုပ္ထားတဲ့ သူ႔လက္မ်ားကို ဖုံးကြယ္ထားၿပီး စိတ္လႈပ္ရွားမႈျဖင့္ တုန္ရီေန တယ္။ ဂ်ိဳရႈဝါ ေသသြားရင္ ေနရာဆက္ခံမယ့္သူမရွိလို႔ ဂိုဏ္းခ်ဳပ္ရာထူးကို သူ ရႏိုင္သလို ဆာဂါတနိုင္ငံလံုး သူရဲ႕အာဏာစက္ေအာက္ေရာက္ရွိေတာ့မယ္။ သူရဲ႕တရားမဝင္ကေလးအေၾကာင္း ေပၚေပါက္သြားကတည္းက ဂ်ိဳရႈဝါ ကို သတ္ဖို႔ အၿမဲတမ္းစဥ္းစားေနခဲ့တာ  ေနာက္ဆုံးေတာ့ သူ႔ဆႏၵ ျပည့္ဝသြားၿပီ။ သူ႕အနာဂါတ္လမး္ေႀကာင္းက အေႏွာင့္အယွက္မရွိ ေျဖာင့္တန္းေနျပီျဖစ္တယ္။

နဝမေျမာက္ေကာင္းကင္ဘုံက အလင္းနတ္ဘုရားက ဆုေတာင္းခန္းမထဲက ေသမ်ိဳးေတြရဲ႕လုပ္ရပ္ကို ေတြ႕ၿပီး သူ႔မ်က္ဝန္းက ေ႐ႊေရာင္ရင့္ရင့္သန္းသြားၿပီး ခ်က္ခ်င္း အနက္ေရာင္ျဖစ္သြာတယ္။ သူ႔အလင္းစြမ္းအင္နဲ႔ ေရကန္ထဲက သူခ်စ္တဲ့ကေလးကို မကာကြယ္ႏိုင္ဘူးဆိုရင္ သူေဒါသထြက္လြန္းလို႔ အရာအားလုံးကို ဖ်က္ဆီးႏိုင္တဲ့စြမ္းအားေတြ ျဖစ္လာႏိုင္တယ္။ အခုလည္း ခဏစိတ္လြတ္သြားတာေၾကာင့္ သူထိုင္ေနတဲ့ သလြန္က ခ်က္ခ်င္းက်ိဳးပဲ့သြားေတာ့တယ္။

စမ္းသပ္ကန္ထဲက ေရေတြက တကယ္ေတာ့ မေကာင္းဆိုးဝါးျမဴကို အရည္ျဖစ္ေအာင္ ျပဳလုပ္ထားတာျဖစ္တယ္။ ဒီေရက လူ႔ကိုယ္ထဲ သိုဝွက္ထားတဲ့ မေကာင္းတဲ့ စိတ္ဆိုး စိတ္ယုတ္ကို ခံစားလိုက္ရတာနဲ႔ခ်က္ခ်င္း လူ႔ကိုယ္ထဲ စိမ့္ဝင္သြားၿပီး ကိုယ္ထဲ မေကာင္းဆိုးဝါးပူးကပ္သြားေအာင္ မေကာင္းဆိုးဝါး မ်ိဳးေစ့ကို ခ်ေပးလိုက္တယ္။ တကယ္ေတာ့ လူေတြထင္သလို မေကာင္းဆိုးဝါးဆိုတာ ဟိုး ေမွာင္မိုက္တဲ့ မဟူရာေခ်ာက္နက္ႀကီးထဲက ထြက္လာတာ မဟုတ္ပဲ လူ႔ကိုယ္ထဲမွာပဲရွိေနတာျဖစ္တယ္။ လူရဲ႕စိတ္ႏွလုံးကပဲ ေမြးဖြားလာတာျဖစ္တယ္။

ဒါေပမယ့္ အစေကေတာ့ အေမွာင္ဆိုတာ အလင္းကို ပိုအားေကာင္းလာေအာင္ ေထာက္ပံ့ေပးဖို႔လုပ္ထားတာ ျဖစ္တယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္းတစ္ေထာင္ေလာက္ အလင္းနတ္ဘုရား ဆိုးသြမ္းရက္စက္ျခင္း မရွိေသးခင္အခ်ိန္တုန္းက ဒီစမ္းသပ္ကန္ထဲက ေရေတြက အလင္းဘုန္းႀကီးေတြကို စြမ္းအင္တက္ေအာင္ ကူညီေပးဖို႔ပဲရည္႐ြယ္ထားၿပီး ထိခိုက္ေအာင္ မလုပ္ေစဖို႔ တမင္တားျဖစ္ထားတာပဲျဖစ္တယ္။  ဒါေပမယ့္ အလင္းနတ္ဘုရားက ႐ုတ္တရတ္ ကမာၻႀကီးအေပၚ အရမ္း စိတ္ကုန္လာတာေၾကာင့္ တားျမစ္ခ်က္ေတြကို ဖယ္ရွားလိုက္ၿပီး တျခားနတ္ဘုရားအားလုံးကို သတ္လိုက္တယ္။ ႏွစ္ေထာင္ခ်ီ ေနထိုင္လာတဲ့ အခ်ိန္အတြင္းစစ္မွန္တဲ့ ျဖဴစင္တဲ့ ႏွလုံးသားကို အလင္းနတ္ဘုရား ရွာမေတြ႕ခဲ့ဘူး။ တခါက ေႏြဦးနတ္သမီးေလးရဲ႕ ႏွလုံးသားကို ယူၿပီးစမ္းသပ္ကန္ထဲ စိမ္လိုက္တာနဲ႔ နီရဲတဲ့ႏွလုံးသားေလးက ခ်က္ခ်င္း မည္းနက္ၿပီး ေႂကြက်သြားေတာ့တယ္။ ဒါေၾကာင့္ စိတ္ထားမသန႔္စင္တဲ့ ေသမ်ိဳးေတြ ဒီေရကန္ထဲ အရည္ေပ်ာ္တာကို အလင္းနတ္ဘုရား ေက်ေက်နပ္နပ္ၿပီး ေစာင့္ၾကည့္ေနခဲ့ေပမယ့္ အခုေတာ့ ဒီေရကန္အားလုံးကို ဖ်က္စီးခ်င္စိတ္ပဲ ျပင္းထန္ေနေတာ့တယ္။ အရင္ကတည္းက အလင္းဘုရားေက်ာင္းတိုင္းက ေရကန္ကို သူသာ ဖ်က္စီးပစ္ခဲ့ရင္ အခုလို သူခ်စ္ရတဲ့သူေလးကို နာက်င္ထိခိုက္ေစမွာမဟုတ္ေတာ့ဘူး။ ဒီေရကန္ကို ခ်န္ရစ္ခဲ့မိတာကို  သူ႔ဖာသာ ေဒါသထြက္ေနမိတယ္။
သူ႔ကိုယုံၾကည္တဲ့ကေလးေလးရဲ႕စိတ္က အရမ္းကိုျဖဴစင္သန႔္ရွင္းတာေၾကာင့္ အစပိုင္းမွာ ေရကန္ထဲက ေရရဲ႕ဒဏ္ကို ခံႏိုင္ရည္ရွိေပမယ့္ ၾကာလာလို႔ သူ႔စိတ္ထဲ ေနာက္က်ိသြားတာ၊ တခုခုေၾကာက္႐ြံ႕သြားတာမ်ားရွိခဲ့ရင္ ဒီေရေတြက သူ႔ကေလးေလးကို အရည္ေပ်ာ္သြားေအာင္ တိုက္စားသြားလိမ့္မယ္။
အလင္းနတ္ဘုရားက လက္ေခ်ာင္းထိပ္မွာ အလင္းစြမ္းအင္ကို စုစည္းလို႔ ေၾကးမုံကတဆင့္ ေရကန္ထဲ ဆင္းသြားတဲ့ သူ႔ကေလးေးလကိုယ္ကို ရစ္ပတ္ကာကြယ္ေပးဖို႔ လုပ္လိုက္တဲ့အခ်ိန္မွာပဲ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ သူ ခ်က္ခ်င္းကို အံ့အားသင့္သြားခဲ့တယ္။


သူ႔ကိုကိုးကြယ္ယုံၾကည္တဲ့ ကေလးေလးကိုယ္က ျဖဴေဖြးေတာက္ပတဲ့ အလင္းေရာင္ေတြ ထြက္ေပၚလာၿပီး အနက္ေရာင္ေရေတြကို ေဘးကို တြန္းထုတ္ေနတယ္။ ဒါက အႂကြင္းမဲ့ယုံၾကည္ျခင္းနဲ႔ ျဖဴစင္တဲ့စိတ္ႏွလုံးရွိသူေတြမွ ျဖစ္လာႏိုင္တဲ့ အားေကာင္းတဲ့ အလင္းတန္းေတြမဟုတ္လား။ ဘယ္လိုအခ်က္ေတြက ဒီကေလးေလးကို အားေကာင္းတဲ့ ယုံၾကည္မႈနဲ႔ ျဖဴစင္မႈကို ျဖစ္ေပၚေစတာလဲ။ သူ႔အေပၚကို အေလးထားၿပီးယုံၾကည္ကိုးကြယ္မႈေၾကာင့္ ဒီလို အားေကာင္းတဲ့ ယုံၾကည္မႈစြမ္းအားေတြ ေပၚလာတာပဲလား။
အလင္းနတ္ဘုရားက ယုံၾကည္သူကေလးေလးရဲ႕ စိတ္ထဲက အေတြးကို ဖတ္ဖို႔ႀကိဳးစားလိုက္တယ္။ ဒီလို စိတ္ကို ဖတ္တာက သူ႔အတြက္ လုပ္ေနၾက မခက္ခဲတဲ့ အလုပ္ျဖစ္ေပမယ့္ ဒီကေလးေလးရဲ႕စိတ္ကို သူလုံးဝဖတ္လို႔မရတဲ့အတြက္ ထူးဆန္းတယ္လို႔ ေတြးမိေပမယ့္ သံသယဝင္တာမ်ိဳးမျဖစ္ခဲ့ဘူး။ ဒီကေလးေလးက ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းလာတယ္လို႔ ခံစားမိလာတယ္။ ႏွစ္သန္းေပါင္းမ်ားစြာ ထူးမျခားနား အေျခေနေတြေၾကာင့္ ၿငီးေငြ႕ေနတဲ့ သူ႔စိတ္ႏွလုံးက တစ္စုံတစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ကို မွန္းဆၾကည့္ရတာ ေပ်ာ္စရာေကာင္းတယ္လို႔ ခံစားလာရၿပီး စိတ္လႈပ္ရွားၿပီး ႏွလုံးသားက ေပ်ာ္လြန္းလို႔ မရပ္မနား ခုန္ေပါက္ေနေတာ့တယ္။ ဒီကေလးေလးရဲ႕ အရည္ခ်င္းက သူ႔ကို အရမ္းကို ေက်နပ္ႏွစ္သက္ေစတယ္။

အလင္းနတ္ဘုရားက ၿပဳံးၾကည့္ေနၿပီး ပါးျပင္မွာလက္ေထာက္လို႔ အနက္ေရာင္ေရကန္ထဲက ေကာင္ေလးကို စိုက္ၾကည့္ေနတယ္။ ေကာင္ေလးရဲ႕ ႏူတ္ခမ္းက လႈပ္ရွားေနတာကိုၾကည့္ၿပီးသူေလး ဆုေတာင္းေနတာကိုသိလိုက္ရတယ္။ အျပင္လူေတြရွိေနလို႔ သူ႔ရင္ထဲက စကားေတြကို ခါတိုင္းလို ဖြင့္ဟၿပီး မေျပာႏိုင္လို႔ ခ်ိဳၿမိန္တဲ့ ဆုေတာင္းစကားေတြကို  သူ မၾကားရတာ တကယ္ပဲ ႏွေမ်ာဖို႔ေကာင္းလွတယ္။  အနက္ေရာင္ေရေတြက ခပ္ၾကမ္းၾကမ္းေရလႈိင္းေတြျဖစ္ေနၿပီး သူ႔ကေလးေလးရဲ႕နားမွာ ပတ္လည္ဝိုင္းေနေပမယ့္ ဘာမွ ထိခိုက္ေအာင္ မလုပ္ႏိုင္ၾကဘူး။ ဦးေခါင္းနဲ႔ လက္ခ်င္းယွက္ထားတဲ့ လက္ေတြရယ္ပဲ ေရေပၚကို ေပၚေနၿပီး ေသးသြယ္က်စ္လ်စ္တဲ့ ကိုယ္လုံးေလးက ေရထဲနစ္ေနတာက ျမင္ရသူကို သနားစရာ ခ်စ္စရာ ခံစားခ်က္ကို ျဖစ္ေပၚေစတယ္။ အလင္းနတ္ဘုရားက ေရကန္ထဲကို ဆင္းလိုက္ၿပီး သူ႔ရဲ႕ အတုမရွိတဲ့ စြမ္းအင္ေတြနဲ႔ ကေလးေလးကို ေထြးပိုက္ၿပီး ကာကြယ္ေပးခ်င္စိတ္ ေပၚလာမိတယ္။

ဒီအေတြးေပၚလာတာနဲ႔ တၿပိဳင္နက္ သူ႔ကိုယ္ထဲက အလင္းစြမ္းအင္ တမွ်င္ကို ဆြဲထုတ္လိုက္ၿပီး ေမွာ္ေၾကးမုံထဲကို ထည့္လႊတ္လိုက္တယ္။
ခန္းမထဲမွာ အရပ္ျမင့္ျမင့္နဲ႔ ခန႔္ညားတဲ့ ပုံသဏၭာန္တခု ေရကန္ထဲမွာ ေပၚလာၿပီး လူတိုင္း ေၾကာက္႐ြံ႕စြာနဲ႔ေငးစိုက္ၾကည့္ေနခ်ိန္မွာ ဒီလူက လူငယ္ေလးရဲ႕ပါးျပင္ကို အသာယာထိကပ္ပြတ္သပ္လိုက္တယ္။ ဒီကေလးေလးက မ်က္လုံးကိုမွိတ္ၿပီး ဝတ္ျပဳဆုေတာင္းေနတာေၾကာင့္ မ်က္လုံးဖြင့္ၿပီးသူ႔ကို မၾကည့္ႏိုင္တာ ဘယ္ေလာက္ေတာင္ ဝမ္းနည္းစရာေကာင္းလိုက္သလဲ။ အလင္းနတ္ဘုရားက ေကာင္ေလးရဲ႕ေငြေရာင္ဆံႏြယ္ေတြကို လက္နဲ႔အသာယာ ကိုင္တြယ္ၿပီး နမ္းရႈိက္လိုက္ခ်င္ေပမယ့္ ဝတ္ျပဳမႈမွာ အေႏွာက္ယွက္ျဖစ္ၿပီး အနက္ေရာင္ေရေတြက လူငယ္ေလးကို တိုက္စားသြားမွာစိုးလို႔ မထိေတာ့ပဲ စိတ္ကို ခ်ဳပ္တည္းထားလိုက္တယ္။

တားျဖစ္ခ်က္ကို ဖယ္ၿပိး စမ္းသပ္ကန္ထဲ ဆင္းၿပီး စိမ္ရင္းေလ့က်င့္ႏိုင္ဖို႔ ကိုယ္ထဲမွာ အလင္းစြမ္းအင္ ခိုင္မာၿပီး နက္ရႈိင္းဖို႔လိုအပ္တယ္။ ဒီလိုအပ္တဲ့အလင္းစြမ္းအင္က လူေတြ ထင္ထားတာထက္ ပိုခက္ခဲတယ္။ ပိုမ်ားတယ္။ အေရးႀကီးဆုံးအခ်က္က သူတို႔ရဲ႕ ခံႏိုင္ရည္ရွိစြာနဲ႔စိတ္ကို တေနရာတည္းမွာပဲ စုစည္းႏိုင္ေလ အလင္းစြမ္းအားကို စုပ္ယူႏိုင္ေလျဖစ္တယ္။ ဒီလိုစုပ္ယူအားပိုေကာင္းေလ အလင္းစြမ္းအင္မ်ားမ်ားကို ပိုလက္ခံႏိုင္ေလျဖစ္တယ္။ သေဘာက ဒီစမ္းသပ္ေရကန္  က အလင္းဘုန္းႀကီးေတြရဲ႕ကိုယ္ထဲက စြမ္အင္းသိုေလွာင္ကန္ သိုေလွာင္ရာေနရာကိုကို တိုးခ်ဲ႕ေပးတဲ့သေဘာျဖစ္တယ္။ အလင္းဘုန္းႀကီး၏ခႏၶာကိုယ္က ထည့္စရာပုလင္းတစ္ခုႏွင့္ဆင္တူၿပီး သူတို႔၏စြမ္းရည္က ပုလင္းထဲ ဝင္ဆန႔္ႏိုင္သည့္ အလင္းပမာဏပဲျဖစ္တယ္။

ဒီကေလးေလးရဲ႕ စြမ္းရည္က ထိပ္တန္းျဖစ္ေပမယ့္  ေရထဲတြင္ လိုအင္ဆႏၵကို ဖိႏွိပ္ထိန္းခ်ဳပ္ႏိုင္ရင္ ဆက္လက္ၿပီး ပိုမိုတိုးတက္လာလိမ့္မယ္။ ဒါမွ ေနာင္အနာဂတ္မွာ သူေလးကို ထိခိုက္မွာကို စိုးရိမ္စရာမလိုေတာ့ဘဲ ကေလးေလးရဲ႕ခႏၶာကိုယ္ထဲ စြမ္းအင္အမ်ားအျပားကို သူ စိတ္တိုင္းက်ထည့္ႏိုင္သြားႏိုင္မွာျဖစ္တယ္။ အဲဒါက အလင္းနတ္ဘုရားရဲ႕ရည္႐ြယ္ခ်က္ျဖစ္လို႔ ကေလးေလးကို ေပြ႕ဖက္ဖို႔ ဘယ္ေလာက္ေတာင္ စိတ္အားထက္သန္ေနရင္ေတာင္ ေလ့က်င့္မႈကို ဘယ္ေတာ့မွ ေႏွာင့္ယွက္မွာမဟုတ္ဘူး။

ဒီလူက ဘယ္သူလဲ...? မဟူရာေခ်ာက္နက္ထဲက အေမွာင္နတ္ဘုရားလား...?

ဂိုဏ္းခ်ဳပ္ႏွင့္ လက္ေထာက္ဂိုဏ္းခ်ဳပ္က ေၾကာက္လန႔္တၾကားနဲ႔ ေမးခြန္းထုတ္ရင္း တၿပိဳင္နက္တည္း မေကာင္းဆိုးဝါးကို တိုက္ခိုက္တဲ့ အလင္းျမားဂါထာကို  သံၿပိဳင္႐ြတ္ဆိုတယ္။ မေကာင္းဆိုးဝါးက အဆင့္ ျမင့္ေလေလ သူ႔ရဲ႕႐ုပ္ရည္က ပိုေခ်ာေမာေလေလျဖစ္တယ္။ အခု ဆုေတာင္းခန္းမထဲ ႐ုတ္တရတ္ေပၚလာတဲ့ ဒီလူရဲ႕႐ုပ္ရည္ ႐ုပ္သြင္ျပင္က လူသားတစ္ေယာက္ထက္ သာလြန္ေခ်ာေမာလြန္းလွတယ္။ တကယ္လို႔ ဒီလူက မေကာင္းဆိုးဝါးျဖစ္ရင္ သူ႔အဆင့္က  " သူေတာ္စင္ " အဆင့္ရဲ႕အထက္မွာ ရွိရမယ္။

အလင္းနတ္ဘုရားက လက္ေခ်ာင္းကိုေျမႇာက္လို႔ ႏႈတ္ခမ္းနားကပ္ၿပီး တိတ္တိတ္ေနရန္ အမူအယာျပလိုက္တယ္။ ဂိုဏ္းခ်ဳပ္ႏွင့္ လက္ေထာက္ဂိုဏ္းခ်ဳပ္က ႐ုတ္တရတ္  စကားေျပာႏိုင္စြမ္း ေပ်ာက္ဆုံးသြားၿပီး မေကာင္းဆိုးဝါးကို တိုက္ခိုက္ဖို႔ ဂါထာကို ဆက္မ႐ြတ္ႏိုင္ျဖစ္သြားတယ္။ ႏွစ္ေယာက္သား ထြက္ေျပးၿပီး အကူအညီေတာင္းခ်င္ေပမယ့္ သူတို႔ခႏၶာကိုယ္ကို လႈပ္ရွားလို႔မရမွတာကို ေတြ႕လိုက္ရတယ္။ အဆင့္ျမင့္အလင္းဘုန္းႀကီးႏွစ္ဦးကို ခ်က္ခ်င္း မလႈပ္ရွားႏိုင္ေအာင္ လုပ္ႏိုင္တဲ့ သူ႔အစြမ္းက ဘယ္ေလာက္ထိေတာင္ ေၾကာက္မက္ဖြယ္ေကာင္းလိုက္သလဲ? ႏွစ္ေယာက္စလုံး  မ်က္လုံးျပဳးသြားၾကတယ္။ ဒါေပမယ့္ မၾကာခင္ သူတို႔ မယုံႏိုင္တဲ့ မ်က္ဝန္းေတြနဲ႔ ဒီလူရဲ႕လုပ္ရပ္ကို ေငးၾကည့္ေနမိေတာ့တယ္။

ျဖဴေဖြးေသာအသားအရည္၊ ေ႐ႊေရာင္ဆံပင္နဲ႔ဒီလူက ဂ်ိဳရႈဝါကို ႏူးညံ့တဲ့ မ်က္ဝန္းေတြနဲ႔ စိုက္ၾကည့္ၿပီးအနားကို တိုးကပ္သြားခဲ့တယ္။ သူက ဂ်ိဳရႈဝါနဲ႔ မ်က္ခုံးႏွစ္ခုၾကားကိ ုညင္ညင္သာသာနမ္းလိုက္ၿပီး မ်က္ဝန္းထဲက ၾကင္နာရိပ္နဲ႔ မထိရက္မကိုင္ရက္ပုံက ဘယ္ေလာက္ေတာင္ ဒီေကာင္ေလးကို ျမတ္ႏိုးတယ္ဆိုတာ ေပၚလြင္ထင္ရွားလို႔ေနတယ္။ ဒါက သူ႔ခ်စ္သူေလးလို သေဘာထားတယ္ဆိုတာ ထင္ရွားတယ္။ သူက ေကာင္းေလးကိုေငးၾကည့္ေနရင္း ေပ်ာ္႐ႊင္လာၿပီး ထပ္ခါထပ္ခါ နမ္းရႈိက္ရင္း သူ႔ကိုယ္က ေတာက္ပတဲ့ ေ႐ႊေရာင္အလင္းေတြ စတင္ထုတ္လႊတ္ လာေတာ့တယ္။ ဒီအလင္းက စြမ္းအားျပင္းတဲ့နတ္ဘုရား အရိပ္ေငြ႕ ေတြပါေနၿပီး အလင္းနဲ႔ထိမိတဲ့ ဂိုဏ္းခ်ဳပ္နဲ႔လက္ေထာက္ဂိုဏ္းခ်ဳပ္ရဲ႕အေရျပးေတြစတင္ ေလာင္ကြၽမ္းလာခဲ့ေပမယ့္ ဂ်ိဳရႈဝါကို နည္းနညးေလးေတာင္ မေလာင္ကြၽမ္းႏိုင္ပဲ သူေလးရဲ႕အေရးျပားထဲကို ေ႐ႊေရာင္အလင္းေတြ ျဖည္းျဖည္းခ်င္း စိမ့္ဝင္သြားေတာ့တယ္။


ေႏြးေထြးတဲ့ အလင္းစြမ္းအင္ေတြ ကိုယ္ထဲကို ဝင္လာလို႔ သက္ေတာင့္သက္သာျဖစ္သြားလို႔ ဂ်ိဳရႈဝါရဲ႕ ႏူတ္ခမ္းေလးက နည္းနည္းပြင့္ဟသြားတယ္။ ဒီအမူယာေၾကာင့္ ေ႐ႊေရာင္ဆံႏြယ္နဲ႔လူက သေဘာက်စြာ ရယ္ေမာလိုက္တယ္။ သူ႔ရဲ႕ ၾကည္လင္သာယာၿပီး   sexy က်သည့္ သူ႔အသံက လူတိုင္းရဲ႕ နားထဲ ပဲ့တင္ထပ္သြားတယ္။ ဒီလူက လူငယ္ေလးရဲ႕ ေငြေရာင္ဆံႏြယ္ေတြကို လက္ေခ်ာင္းနဲ႔ရစ္ပတ္ကစားၿပိး ယုယုယယပြတ္သပ္ေပးလိုက္တယ္။ ဂ်ိဳရႈဝါက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဒီအထိေတြ႕ကို သတိထားမိလိုက္ေၾကာင္း ျပသလာတဲ့အတြက္ သူ႔အျပဳမႈေတြ တုန႔္ဆိုင္းသြားခဲ့တယ္။ သူက ခ်စ္တဲ့ကေလးေလး က အေရးႀကီးဆုံး အေျခေနမွာ ေလ့က်င့္ေနတာေတာင္မွ သူက သတိလက္လႊတ္ နမ္းလိုက္ ထိလိုက္လုပ္ေနတာ သတိရသြားၿပီး မေမွ်ာ္လင့္ဘဲ မဝံ့မရဲ တြန႔္ဆုတ္တြန႔္ဆုတ္ ျဖစ္သြားတယ္။ သူက ဂ်ိဳရႈဝါထင္မွတ္ထားသလို စိတ္ထားေကာင္းတဲ့သူမဟုတ္တာ သတိျပဳမိလိုက္တာနဲ႔ ကေလးေလးေဘးကေနထြက္သြားလိုက္တယ္။


သူ က ဂ်ိဳရႈဝါရဲ႕ဆံႏြယ္ေတြကို လႊတ္ေပးလိုက္ၿပီး ဘုရားေက်ာင္းထဲ ဟိုဟိုဒီဒီေလွ်ာက္သြားရင္း ငါးမီတာျမင့္သည့္႐ုပ္ထုေဘး ကေန ျဖတ္ေလွ်ာက္လာတယ္။ သူ ထို႐ုပ္ထုကို လွမ္းၾကည့္လိုက္စဥ္ အလင္းနတ္ဘုရား႐ုပ္တုက  သာမာန္႐ုပ္ရည္ႏွင့္ လူလတ္ပိုင္း ဦးေလးႀကီးတေယာက္ပုံကို ျမင္ေတြ႕လိုက္ေတာ့ တုန႔္လႈပ္ေျခာက္ျခားသြားၿပီး ေတာင့္တင္းသြားတယ္။ ဒီ႐ုပ္တုကို ခ်က္ခ်င္း မိုးႀကိဳးလက္နက္နဲ႔ျပစ္ခ်ၿပီး ဖ်က္စီးခ်င္စိတ္ေပါက္လာမိတယ္။ ဒီလို ပုံပန္းနဲ႔႐ုပ္တုကို သူခ်စ္တဲ့ကေလးေလးက သူ႔အမွတ္နဲ႔ ဖက္တြယ္ စိုက္ၾကည့္ၿပီးေနရတယ္တဲ့လား။

ဒါ ငါ့ပုံ လုံးဝမဟုတ္ဘူး။ ငါနဲ႔ ဘယ္ေနရာကမွ မတူဘူး။

ဒီ႐ုပ္ထုမွာ ေန႔တိုင္း သူ႔နာမည္ကို ေခၚရင္း သူ႔အတြက္အခ်စ္ေတြ ဂ်ိဳရႈဝါ ရင္ဖြင့္ေနတာကို ေတြးမိတာနဲ႔တၿပိဳင္နက္ ဆာဂါ ႏိုင္ငံရဲ႕ အလင္းဘုရားေက်ာင္းအားလုံးမွာ ရွိသမွ် အလင္းနတ္ဘုရား႐ုပ္ထုတိုင္းကို ဖ်က္ဆီးခ်င္ေတာ့တယ္။ ဒါေပမယ့္ ဒီဘုရားေက်ာင္းထဲ သူ႔ရဲ႕ကေလးေလး ရွိေနသမွ်ကာလပတ္လုံး ထိခိုက္နာက်င္ေအာင္ မလုပ္ရက္တာေၾကာင့္ သူ႔ေဒါသကို ထိန္းခ်ဳပ္ၿပီး အက်ႌလက္ကိုေဝ့ယမ္းလိုက္တယ္။ ခ်က္ခ်င္းပဲ ႐ုပ္ထုကို တန္ဆာဆင္ထားတဲ့ သလြန္ေပၚထိုင္ေနသည့္ ေခ်ာေမာလွပေသာ သူ႔ပုံတူအျဖစ္ ေျပာင္းလဲလိုက္တယ္။ ဒီလို စိတ္တိုင္းက်လုပ္ၿပီးေတာ့မွ ေရကန္ရွိရာဆီျပန္လာၿပီး လက္ေထာက္ဂိုဏ္းခ်ဳပ္ဆီ လက္ညႇိဳးၫႊန္လိုက္ၿပီး သူစုေဆာင္းထားတဲ့ အလင္းစြမ္းအင္ကို ႐ုပ္သိမ္းလိုက္တယ္။ ၿပီးေတာ့ အလင္းနတ္ဘုရားက ကိုယ္ကို ၫြတ္ကိုင္းလိုက္ၿပီး ကေလးေလးရဲ႕ မ်က္ခုံးၾကားကို တခါထပ္နမ္းလိုက္တယ္။ ဒီတစ္ခါ ပိုသန႔္စင္တဲ့ နတ္ဘုရားစြမ္းအင္ေတြကို ျဖည့္ေပးရင္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားသည္။

========================

FOD_ Arc_ 10.3 _ Joshua

အလင်းနတ်ဘုရားအတွက် ပူဇော်တဲ့ အရာတွေက အကောင်းဆုံးဖြစ်နေဖို့လိုအပ်တယ်။

အလင်းဘုရားကျောင်းရဲ့အနောက်ဘက်မှာ ကြီးမားတဲ့ သစ်သီးဥယျာဉ်ကြီး ရှိပြီး ဒီ ကုန်းမြေမကြီးပေါ်မှာ ရှိတဲ့ အသီး၊အရွက် အကုန် စိုက်ပျိုးထားတယ်။ ကျွမ်းကျင်သန်စွမ်းတဲ့ ဥယျာဉ်မှုတွေက ဒီအပင်တွေကို အကောင်းဆုံး ဂရုတစိုက် စိုက်ပျိုးထားကြတယ်။ နှစ်ပတ်တစ်ကြီမ် အကောင်းဆုံးနှင့် အချိုဆုံးအသီးတွေကို ခူးယူပြီး ရေခဲပေါ်တင်ပေးထားကြတယ်။ အစေခံတွေက ဒီအသီးနှံတွေကို ယူပြီး အလင်းနတ်ဘုရားအတွက် ပူဇော်ဖို့ ပြင်ဆင်ပေးရတယ်။ ကျိုးယွင်ရှန့်က ခမည်းတော်အတွက် ကိုယ်တိုင်ပြင်ဆင်ပေးဖို့ အသီးနှံရွေးချယ်ဖို့ ဥယျာဉ်ထဲ ကိုယ်တို်င်ဆင်းလာခဲ့တယ်။
အလင်းဘုန်းကြီးလေးကိုယ်တိုင်ရောက်လာလို့ ဥယျာဉ်မှုးတွေက အံ့အားသင့်သွားကြတယ်။

" ငါ အလတ်ဆတ်ဆုံးအသီးတွေ လိုချင်တယ်။ ဖြစ်နိုင်ရင် ခုလေးတင် ခူးယူထားတဲ့အသီးတွေ လိုချင်တယ်။ "

ဒီလူငယ်လေးက မာနကြီးပြီး ခမည်းတော်ကလွဲရင် ဘယ်သူ့ကိုမှ အဖက်မလုပ်ပဲ တသီးတသန့်နေတတ်တယ်။ အလင်းဘုန်းကြီးတိုင်းက ဒီလိုပုံဖြစ်လို့ ဥယျာဉ်မှုးတွေက သံသယ မဝင်ကြပဲ အကောင်းဆုံး အသီးတွေကို ချက်ချင်းခူးပြီး ခြင်းတောင်းထဲထည့်လို့ အလင်းဘုန်းကြီးလေးရှေ့ကို ချပေးလိုက်ကြတယ်။

ကျိုးယွင်ရှန့်က သစ်သီးတွေကို မြည်းစမ်းကြည့်ပြီးမှ တကယ်ချိုတယ်ဆိုတော့မှ ခြင်းတောင်းကို ယူပြီး ဘုရားကျောင်းကို ပြန်လာခဲ့တယ်။ ပြီးတော့ မြင့်မြတ်တဲ့ရေစင်နဲ့ ဒီအသီးတွေကို ဆေးကြောပြီး မုန့်ဖုတ်ဖို့ ဂျုံမုန့်တွေကို ခွက်တစ်ခွက်ထဲ ထည့်ပြီး လိုက်တယ်။

" အရှင် ... ဂျုံမှုန့်နဲ့ ရေကို မြေခွက်ထဲ ထည့်ပြီး မုန့်ညက်ရအောင် နယ်လိုက်ပါ။  ပြီးတော့မှ အဖဲ့သေးသေးလေးတွေ ဖဲ့ပြီး ဝိုင်းဝိုင်းလေးဖြစ်အောင် ဖိပြားလိုက်ပါ။ "
အစေခံသည် သူ မလုပ်တတ်မှာ စိုးရိမ်လို့ မုန့်နှစ်တချို့ကို ရေနဲ့နယ်ပြပြီး လက်တွေ့လုပ်ပြလိုက်တယ်။ ကျိုးယွင်ရှန့်က မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်တယ်။ ခမည်းတော်ကို ပူဇော်ပြသတဲ့ အဆာသွပ်မုန့်ကို ဒီလိုရေနဲ့ပဲ နယ်ပြီး ဖုတ်လိုက်တယ်တဲ့လား။ အမွှေးကြိုင်မပါ၊ အရောင်ဆင်းဖြူဖတ်ဖြူရော်နဲ့ ဖုတ်ထားတဲ့မုန့်က အေးသွားရင် ကျောက်တုံးလို မာကျောသွားမာသေချာတယ်။ ဒီလို ညံ့ဖျင်းတဲ့အစားစာကို ဘယ်လိုစိတ်နဲ့များ ခမည်းတော်ကို ပသရဲကြတာလဲ။ ဘာကြောင့် ဒီလို မလေးမစား လုပ်နိုင်ရတာလဲ။

ခမည်းတော်အပေါ်ကို အရူးမူးချစ်မြတ်နိုးနေတဲ့ ကျိုးယွင်ရှန့်က ဒေါသပြင်းစွာထွက်ပြီး အစေခံကို တွန်းပစ်လိုက်ပြီး စိတ်ထဲကနေ ဟင်းချက်နည်းကို ပြန်စဉ်းစားလိုက်တယ်။ ပြီးတော့ မုန့်နှစ်နဲ့ ရေကို အချိုးစားအတိုင်း ထည့်လိုက်ပြီး လက်ဖဝါးထဲမှာ အလင်းစွမ်းအင်းကို ထုတ်လိုက်ပြီး နူးညံ့တဲ့ မုန့်ဒိုးသားရတဲ့အထိ နယ်လိုက်တယ်။ လက်ထဲက မုန့်နှစ်က နူးညံ့ပြီး လက်နဲ့ဆွဲစန့်လို့ရတဲ့အထိ အလင်းစွမ်းအင်နဲ့ နယ်နေလိုက်တယ်။

" အရှင် ... ဘာလို့ အရှင့်ရဲ့အလင်းစွမ်းအင်တွေကို ဖြုန်းတီးနေရတာလဲ "

အစေခံက အလင်းဘုန်းကြီးလေးရဲ့ လက်က ရွှေရောင်အလင်းကို တွေ့တော့ ထိတ်လန့်လွန်းလို့ ခေါင်းခဲသွားတော့တယ်။ အလင်းစွမ်းအင်က အရမ်းကို ရှားပါးလွန်းလို့ ဒီလိုအ လင်းစွမ်းအင်ရှိတဲ့ ဘုန်းကြီးတွေကို တိုင်းပြည်တပြည်လုံးက ရှိသမျှ ပုံအောပြီး ပျိုးထောင်ယူရတယ်။ အလင်းစွမ်းအင်က တခါသုံးလိုက်ပြီးရင် ကုန်ဆုံးသွားတတ်ပြီး တခါတလေ ဂါထာလေး တပုဒ်ရွတ်လိုက်ရုံနဲ့တင် ဆယ်နှစ်လောက် ဆုတောင်းလို့ရထားတဲ့ အလင်းစွမ်းအင်တွေ ကုန်ဆုံးသွားတတ်ကြတယ်။ ဒါကြောင့် သေရေးရှင်ရေးမဟုတ်ရင် ဒိလို အလင်းစွမ်းအားတွေကို ထုတ်မသုံးကြဘူး။
ဂျိုရှုဝါက မုန့်ညက်နယ်တဲ့နေရာ အလင်းစွမ်းအားကို သုံးတယ်ဆိုတော့ ခေါင်းကိုထိသွားလို့ စိတ်မမှန်လို့ပဲဖြစ်မယ်လို့ အစေခံက တွေးလိုက်မိတယ်။


ကျူးယွင်ရှန့်ရဲ့စိတ်က အမှန်တကယ်ကို ပုံမှန် မဟုတ်တော့ဘူး နေ့တိုင်း သူ့ကိုယ်ကိုယ် အိပ်မွေ့ချပြီး ခမည်းတော်ကို ချစ်မြတ်နိုးစွာ ဆုတောင်းနေလို့ ခမည်းတော်ကို အရူးမူးစွဲလန်းချစ်ခင်နေပြီး ခမည်းတော်နဲ့ပတ်သတ်လာရင် အကောင်းဆုံးပေးဖို့ကလွဲပြီး ဘာကိုမှ မတွေးနိုင်တော့ဘူး။
ခွေးကျွေးလို့ ဝက်တောင် မစားတဲ့ အစာကြမ်းကို သူတို့က မြင့်မြတ်တဲ့ ခမည်းတော်ကို ပူဇော်ဆပ်ကပ်တဲ့နေရာ သုံးနေတာကို မြင်ရတော့ ကျိုးူယွင်ရှန့်ရဲ့ ရင်ထဲက နေ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။



ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အကောင်းဆုံး မုန့် လုပ်ပြီး ခမည်းတော်ကို ပူဇော်ပသရမယ် ဟု သူ့စိတ်ထဲကနေ ဆုံးဖြတ်လိုက်ပြီး အစေခံကို အေးစက်စက် ပြန်ပြောလိုက်တယ်။

" အလင်းစွမ်းအင်ကို ဖြုန်းတီးနေတယ် ဟုတ်လား? ငါ့စွမ်းအင်အားလုံးက ခမည်းတော် ပေးထားတဲ့လက်ဆောင်တွေ မဟုတ်ဘူးလား။ အဲတော့  လှိုက်လှိုက်လှဲလှဲနဲ့  ခမည်းတေ်ာအတွက် ဒီလောက်တော့ ပြန်လုပ်ပေးသင့်တာပေါ့ ။ နောက်ပိုင်း ခမည်းတော်အတွက် ဆပ်ကပ်စရာ ပစ္စည်းတွေကို မင်း ပြင်ပေးစရာမလိုတော့ဘူး။ ဒါ တွေကို ငါကိုယ်တိုင်ပဲ လုပ်မယ် "

အစေခံက သူ့ရဲ့အေးစက်စက် အကြည့်ကို တွေ့တော့ သူ စိတ်ဆိုးသွားတာ သိပြီး ကြောက်လန့်ပြီး ဘေးကို ဆုတ်သွားောတာ့တယ်။

ကျူးယွင်ရှန့်က ဘဝပေါင်းများစွာ ကူးပြောင်းလာပြီး အတွေ့အကြုံများစွာရှိခဲ့တာကြောင့် ဒီလို ဟင်းချက်တာလောက်က စာမဖွဲ့လောက်ဘူး။ သူက အစားကောင်းကြိုက်တတ်ပြီး အင်မတန် ဂျီးများတတ်လို့ သူ့အချက်ပြုတ်စွမ်းရည်က တဖက်ကမ်းခတ် ပိုင်နိုင်တဲ့ အရာဖြစ်တယ်။

မုန့်နှစ်ကို နူးညံ့လာအောင် အလင်းစွမ်းအင်နဲ့အပူပေးနေတုန်း လက်တဖက်က အသီးတချို့ကိုယူပြီး ဆုံထဲထည့်လို့ တဒုံးဒုံးနဲ့ ထုထောင်းပြီးအရည်ရအောင်ယူလိုက်တယ်။ ဒီမုန့်နှစ်က အဖြူရောင်သီးသန့်ဖြစ်ပြီး ငြီးငွေ့စရာ ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ ဒါကြောင့် သစ်သီးရည်တချို့ကိုသုံးပြီး သဘာဝအရောင်တွေနဲ့ ရောင်စုံခြယ်သပြီး စားချင်စရာ မျက်စိပသာဒဖြစ်အောင် လုပ်ချင်တယ်။ ခမည်းတော်အတွက် အရသာရှိရုံမက အရောင်လည်းလှတဲ့ မုန့်တွေကို ဖုတ်ပေးချင်တယ်။

ဒါကြောင့် သစ်သီးအရည်တစ်ချို့ကို သုံးပြီး အဝါ၊ အနီ၊ ခရမ်းနုနှင့် တခြားအရောင်တွေရအောင် အရောင်ဆိုးလိုက်တယ်။ ဒီလိုအလုပ်တွေကို နှစ်ပေါင်းများစွာလုပ်လာသလို ကျွမ်းကျင်စွာ လုပ်နေလို့ အစေခံနှစ်ယောက်က မျက်လုံးပြူးသွားကြတယ်။

မုန့်ကိုအပူပေးပြီးတာနဲ့  အထဲမှာ အဆာသွပ်ပြီး ပန်းပွင့်ပုံ၊ ငှက်ပုံ၊ ငါးပုံ  ပုံစံအမျိုးမျိုး၊အကောင်ပုံစံအမျိုးမျိုးရအောင် ညှပ်ပြီးနောက် တစ်ခုချင်းစီကို သပ်သပ်ရပ်ရပ် လင်ဗန်းပေါ်တွင် ထပ်တင်ထားတာက မြင်တာနဲ့တင် ချစ်စရာပင်ကောင်းလှတယ်။

သူက မုန့်နှစ်ကို အဖြူရောင်အပိုင်းလေးတစ်ပိုင်းပဲ ကျန်တဲ့အထိ ညှပ်လိုက်တယ်။ ဂျိုရှုဝါက  မုန့်နှစ်ကို ခဏကြည့်ပြီး ရုတ်တရက် ခေါင်းထဲမှာ အတွေးတချို့ပေါ်လာပြီး ရှက်သွေးဖြာသွားတယ်။ ဂျိုရှုဝါက မုန်နှစ်လေးကို ဂရုတစိုက်ပုံဖော်ပြီးလက်ထဲ ဆုပ်ကိုင်လို့ ဒူးထောက်ဆုတောင်းပြီးမှ လင်ဗန်းထဲ ထည့်ထားလိုက်တယ်။

အစေခံနှစ်ဦးရဲ့ အမူအရာက အံ့သြ နေရာကနေ  လေးစားအားကျမှုအဖြစ် ပြောင်းလဲသွားပြီး စကားမပြောနိုင်အောင် ဆွံ့အသွားကြသည်။ ဘုန်းကြီးလေးရဲ့  ခမည်းတော်အပေါ်ထားရှိသည့် သံယောဇဉ်က ထင်ထားတာထက်ကျော်လွန်နေတာကို သူတို့တွေ့မြင်လိုက်ရတယ်။


နဝမမြောက် ကောင်းကင်ဘုံမှာ အလင်းနတ်ဘုရားက အလုပ်ရှုပ်နေတဲ့ ကောင်လေးကို စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းပါးထက်မှာ  သိမ်မွေ့နူးညံ့တဲ့ အပြုံးတပွင့် ဖြစ်ပေါ်နေသည်။ ကောင်လေး သူ့အတွက်လှူဖွယ်ပစ္စည်းများ ကိုယ်တိုင်ကိုယ်ကျပြင်ဆင်နေတာကို ကြည့်ရင်း အေးစက်နေသည့်သူ့နှလုံးသားက  နူးညံ့လာပြီး ချိုမြိန်ခြင်းတွေ တစ်စိမ့်စိမ့် ထွက်ပေါ်လာတော့တယ်။

ကျူးယွင်ရှန့်က လက်တွေကို ဆေးကြောပြီး လင်ဗန်းကို မုန့်ဖုတ်တဲ့ နေရာမှာသွားထားလိုက်သည်။ မုန့်ဖုတ်နေတုန်း ခမည်းတော်အတွက်  ပန်းခူးပေးဖို့ ဥယျာဉ်ထဲကို လာခဲ့တယ်။ အဖြူရောင်နှင်းဆီက ခမည်းတော်ရဲ့ အကြိုက်ဆုံးပန်းဖြစ်ပြီး လေးစားခြင်း၊မြင့်မြတ်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်းဆိုတဲ့  အဓိပ္ပါယ် သက်ရောက်တာကြောင့် အမှန်တကယ့်ကို ခမည်းတော်နဲ့ လိုက်ဖက်လှတယ်။ ကျူးယွင်ရှန့် ပြုံးရယ်လိုက်ပြီးအလှဆံးုပန်းကို ခူးဖို့ပြင်လိုက်တယ်။

" အရှင်... နှင်းဆီတွေမှာ ဆူးတွေရှိတယ်။ ဒါကြောင့် ကတ်ကြေးကို သုံးပြီး ခူးသင့်ပါတယ်"

ကံဆိုးပြီး အစေခံသတိပေးတာ နောက်ကျသွားတယ်။ နှင်းဆီဆူးက ကျိုးယွက်ရှန့်ရဲ့လက်ကို စူးသွားပြီး ချက်ချင်း သွေးစို့ထွက်လာတယ်။ ဖြူဖွေးနဲ့ လက်ချောင်းလေးမှာ နီရဲတဲ့သွေးစက်ထွက်လာပုံက အင်မတန်ကို လှပလွန်းလှတယ်။ အစေခံနှစ်ယောက်က ဆေးထည့်ပေးဖို့ အနားကို လာခဲ့ပေမယ့် ကျိုးယွင်ရှန့်က ငြင်းလိုက်တယ်။


" ဒါ ဒဏ်ရာသေးသေးလေးပါ... ဘာမှမဖြစ်ပါဘူး။ "

ကျိုးယွင်ရှန့်က ခေါင်းခါလိုက်ပြီး သွေးစို့သွားတဲ့ လက်ချောင်းထိပ်ကို ပါးစပ်ထဲ ထည့်ပြီး စုပ်လိုက်တော့ သွေးစက်ပျောက်သွားတယ်။ အစေခံတွေက ကြောက်လန့်တကြားနဲ့ကက်ကြေးယူပြီး အလင်းဘုူန်းကြီးလေး လိုချင်တဲ့ပန်းကို ညှပ်ပေးလိုက်ကြတယ်။ အလင်းဘုန်းကြီးက တိုင်းပြည်အတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာဖြစ်လို့ ဒဏ်ရာသေးသေးလေး ရတာ ပုပ်ရဟန်းမင်းကြီးသိသွားမှာကို ကြောက်နေကြတယ်။

နဝမမြောက်ကောင်းကင်ဘုံမှာရှိနေတဲ့ အလင်းနတ်ဘုရားရဲ့ အပြုံးက ချက်ချင်းတင်းမာသွားပြီး လူငယ်လေးက ပန်းပွင့်ယူပြီး ပန်းခြံက ထွက်သွားတာနဲ့ ချက်ချင်းပဲ လက်ချောင်းကို မြှောက်လိုက်ပြီး အနက်ရောင်အလင်းတန်းကို မှော်ကြေးမုံထဲ ဖြတ်သန်းဝင်ရောက်သွားစေပြီး လှပတဲ့ပန်းဥယျာဉ်ထဲက ဖြူနီဝါနှင်းဆီပန်းတွေပေါ်ကို ကျဆင်းစေတယ်။

မျက်စိတမှိတ်အတွင်း အရောင်သွေးစုံလင်လှပမွှေးပျံ့တဲ့ နှင်းဆီဥယျာဉ်ကြီးက ချက်ချင်းပြာကျသွားတော့တယ်။ အခြွေရံကတွေက ဒီသတင်းကိုကြားတော့ ချက်ချင်း ပုပ်ရဟန်းမင်းဆီကို ပြေးပြီး သတင်းပို့ကြတယ်။

ဒီအနားကနေ ဖြတ်သွားတဲ့ အစေခံတွေက နှင်းဆီခင်း ပြာကျသွားတာကို မြင်လိုက်တာနဲ့ ကြောက်လန့်သွားကြပြီး ချက်ချင်း ဂိုဏ်းချုပ်ဆီပြေးပြီး သတင်းပို့ကြတယ်။
အဲ့ဒီအချိန်မှာ ကျိုးယွင်ရှန့်က သေချာပြင်ထားတဲ့ မုန့်နဲ့အသီးနှံတွေကို တခုချင်း စားပွဲပေါ် တန်းစီချလိုက်ပြီး လူပုံစံဖုတ်ထားတဲ့ မုန်းလေးကို ကိုင်ရင်း မျက်နှာနီရဲသွားပြန်တယ်။ ပြီးတော့ လူရုပ်ပုံလေးကို မုန့်တွေရဲ့အရှေ့ဆုံးမှာ ချလိုက်တယ်။

" ခမည်းတော်... ကျေးဇူးပြုပြီး ဒီအစားစာနဲ့မုန့်တွေကို အထင်မသေးလိုက်ပါနဲ့။ သားတော်မှာရှိသမျှအားလုံး ခမည်းတော်ဆီကို ပေးအပ်ချင်ပေမယ့် သားတော်ရဲ့ခန္ဓာကိုယ်က ခွန်အားနည်းလွန်းပြီး ခမည်းတော်အတွက် နိမ့်ကျလွန်းပါတယ်။ ခမည်းတော်ရဲ့ မျက်နှာသာပေးမှုကို သားတော် ရအောင် ဘယ်လိုလုပ်ရပါ့မလဲ။ ခမည်းတော်ရဲ့ မျက်နှာကို ဖျတ်ခနဲမြင်လိုက်ရရုံနဲ့တင် သားတော် ကျေနပ်ပါပြီ... "

ကျိုးယွင်ရှန့်က ရုပ်ထုရှေ့မှာ ဒူးထောက်လိုက်ပြီး ဒီစကားကို ရေရွတ်လိုက်တယ်။ ရင်ထဲမှာ ရှက်ရွံ့မှုအပြင် ခါးသီးမှုကိုပါ ခံစားလိုက်ရတယ်။ သူ့လို သေမျိုး နိမ့်ကျတဲ့ လူသားတစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ပသမှုက ခမည်းတော်အတွက် သဲမှုန်လေးသာသာလောက်ပဲဖြစ်လိမ့်မယ်။
ကမ္ဘာပေါ်က ဘေးအန္တရာယ် ကို ကယ်တင်ဖို့လိုအပ်နေတဲ့ သက်ရှိသတ္တဝါ အများကြီးထဲက ခမည်းတော်က သူ့ကို ဘယ်လိုလုပ်သတိပြုမိမှာလဲ။ သူ့ချစ်ခြင်းတရားကို ဖခင် ပြန်တုန့်ပြန့်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ဆန္ဒပဲ။

ဒီအကြောင်းကို တွေးမိလိုက်တာနဲ့ ကျိုးယွင်ရှန့်ငိုချင်လာပြီး ခမည်းတော်ရဲ့ ရုပ်ထုခြေတော်ရင်းမှာ ဝပ်တွားလို့ ခြေအစံကို ဖက်တွယ်ထားလိုက်တယ်။ ဒီပုံစံလေးက သူ ဘယ်လောက် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်ဆိုတာ မြင်ရုံနဲ့သိသာနိုင်တယ်။
အလင်းနတ်ဘုရားက မျက်ခုံးကိုပွတ်သပ်လိုက်ပြီး ဒီကောင်လေးရဲ့ ဆုတောင်းစကားကို သူယုံကြည်ပါတယ်ဆိုတာ ဘယ်လို သက်သေပြရမှန်းမသိဖြစ်နေတယ်။ ဒီလူငယ်လေးက ဆွဲဆောင်မှုရှိပြီး သဘေ ာကျစရာကောင်းသလို ခံစားလွယ်ပြီးနူးညံ့သိမ်မွေ့လွန်းတယ်။ သူ့ကိုယ်သူ နိမ့်ကျတယ်ထင်ပြီး ဝမ်းနည်းနေပုံလေးက ပြုံးချင်စရာဖြစ်သလို တဖက်ကလည်း ဒီကောင်လေးနာကျင်ခံစားနေရတာ တွေ့ပြီး ဒေါသထွက်လာတယ်။ သူ့ကိုကိုးကွယ်ဆည်းကပ်ပြီး ဆုတောင်းတဲ့ အလင်းဘုန်းကြီးတိုင်း ဒီကလေးလေးလိုများ သူ့ဆီက အလင်းစွမ်းအင် စွန့်ကျဲပေးသနားတာများ ဘယ်သူကြုံဖူးလို့လဲ။ ဒီကလေးလေးကသာ ခြွင်းချက်ဖြစ်တယ်ဆိုတာ သူလေး မသိလေရော့သလား။

အလင်းဘုန်းကြီးပေါင်းများစွာနဲ့ ဘုရားကျောင်းများစွာကို အုပ်ချုပ်ရတဲ့ ပုပ်ရဟန်းမင်းကြီးတော်င နှစ်ပေါင်းသုံးဆယ်တိတိ ဆုတောင်းမှ သူ့ဆီက မှုန်ဝါးဝါးအလင်းစွမ်းအင် ပေးသနားခြင်းခံရတယ်။ ဒီ ကလေးလေးရဲ့ ကိုယ်က သူပေးတဲ့ အင်အားပြင်းထန်လွန်းတဲ့ အလင်းစွမ်းအင်ကို သာ ဘာမှ မဖြစ်ပဲ လက်ခံနိုင်မယ်ဆိုရင် အလင်းနတ်ဘုရားတစ်ပါးဖြစ်တဲ့ သူရဲ့ အချစ်နဲ့စွမ်းအားအကုန်ကို အားသွန်ခွန်စိုက်နဲ့ တရစပ် ပေးလိုက်မှာသေချာတယ်။ ဒါတောင် သူ့ရဲ့ချစ်ခြင်းကို မရရှိပါဘူးရယ်လို့ ဒီကလေးလေးက ဝမ်းနည်းပမ်းနည်းဖြစ်နေရတယ်လို့...။ ခမည်းတော်က သူ့ကို မချစ်ဘူးရယ်လို့ ဘာကြောင့် ထင်နိုင်ရတာလဲကွာ။

အလင်းနတ်ဘုရားက ဝမ်းနည်းစိတ်မကောင်းဖြစ်သွားပြီး သူ့လက်ချောင်းကို ဒီကောင်လေးရဲ့ မျက်ခုံးကြားနေရာဆီ  ညွှန်လိုက်ပြီး ရွှေရောင်အလင်းတန်းကို မှော်ကြေးမုံကတဆင့် ပေးပို့လိုက်တယ်။ ကျိုးယွင်ရှန့်သည် ရုတ်တရက် သူ့ကိုယ်ထဲ စီဝင်လာတဲ့ အလင်းစွမ်းအင်ကြောင့် နူတ်ဖျားကနေ ငြင်သာစွာ ညည်းတွားလိုက်ပြီး ဝမ်းနည်းမှုကြောင့် ညိုှုးငယ်နေတဲ့ မျက်နှာလေး ပြေလျော့သွားတော့တယ်။
ဖျော့တော့နေတဲ့ ပါးလေးနှစ်ဘက်ကပန်းရောင် သန်းလာလာပြီး ပျော်ရွှင် အေးချမ်းသည့်အပြုံးလေးဖြင့် ခခည်းတော်ရဲ့ခြေဖမိုးကို နမ်းရှိုက်လိုက်သည်။ ရင်းထဲက လှိုက်လှဲတဲ့ ချစ်ခြင်းတရားတွေနဲ့ ယုံကြည်မှုရှိစွာနဲ့ မတ်တပ်ထလာတဲ့အချိန် စားပွဲပေါ်တင်ထားတဲ့ စားစရာတွေအကုန်ပျောက်ဆုံးကုန်တာကို တွေ့လိုက်ရတယ်။

သူ အရမ်းတုန်လှုပ်သွားပြီး ချက်ချင်း အပြင်ပြေးထွက်သွားလို့ စားပွဲပေါ်ကပစ္စည်းတွေ ဘယ်ရောက်သွားလဲဆိုတာ အစေခံနှစ်ဦးကို မေးမြန်းလိုက်တယ်။ နဝမမြောက် ကောင်းကင်ဘုံမှာ အလင်းနတ်ဘုရားက
ဟိုပြေးဒီပြေးနဲ့ စားစရာပျောက်လို့ ရှာနေတဲ့ လူသားလေးကို ချစ်ခင်မြတ်နိုးတဲ့ အပြုံးနဲ့စောင့်ကြည့်ပြီး လူပုံစံ မုန့်လေးကို ကိုင်ပြီး စေ့စေ့စပ်စပ်လေ့လာလိုက်တယ်။ မုန့်လေးက ပူပူနွေးနွေးနဲ့ လေထဲမှာ အငွေ့ဖြူဖြူလေး ဝေ့ဝဲနေပြီး သင်းပျံ့တဲ့ ဂျုံနံ့လေးက ဖုတ်ပြီကာစ စားချင်စရာ မွှေးပျံ့လို့နေတယ်။ အရသာမမြည်းစမ်းကြည့်ရင်တောင်မှ ဒီမုန့် ဘယ်လောက်တောင် ချိုမြိန်လိုက်မလဲဆိုတာ အလင်းနတ်ဘုရား ခန့်မှန်းမိနိုင်တယ်

လူပုံစံမုန့်လေးက သိသာထင်ရှားစွာ ကြွကြွရွရွဖြစ်နေပြီး အပူကြောင့် အနည်းငယ်ပြန့်ကားနေပေမယ့် ကောင်လေးရဲ့ပုံစံအတိုင်း လုံးလုံးဝိုင်းဝိုင်းနှင့် ချစ်စရာကာင်းနေသေးတယ်။ အလင်းနတ်ဘုရားသည် အရုပ်လေးကို အချိန်အတန်ကြာ စိုက်ငေးကြည့်ပြီး ညင်သာစွာ လှည့်လိုက်ချိန် လျှစ်စီးကြောင်းတစ်ခု သူ့နှလုံးသားထဲ ဖြတ်သန်းသွားသလို နူးညံ့ပြီး မရိုးမရွခံစားချက်ကို ခံစားလိုက်ရတယ်။

ဆယ်မိနစ်ကျော်အောင် ဂရုတစိုက်ကြည့်ပြီးနောက် သေးငယ်သည့်မျက်နှာလေးကို သူ့နှုတ်ခမ်းနားကပ်လို့ ဂရုတစိုက်နဲ့ညင်ညင်သာသာ နမ်းရှိုက်လိုက်ပြီး အနားမှာရပ်နေတဲ့ နတ်ဘုရားကို ကြည့်ပြီး မေးလိုက်တယ်။

" သူက ချစ်စရာမကောင်းဘူးလား "

" အဲ့ဒါ " အစား " သူ " လို့ သုံးလိုက်တာကြောင့် လူပုံစံ မုန့်လေးက ဖခင် ခဏခဏ ချောင်းကြည့်နေ တဲ့ သေမျိုးကောင်းလေးရဲ့ပုံရိပ်ဆိုတာ နတ်ဘုရား ချက်ချင်း သဘောပေါက်လိုက်တယ်။ ပြီးတော့ အလင်းနတ်ဘုရားသုံးနှုန်းလိုက်တဲ့ လေသံက နိမ့်ကျတဲ့လူသားတွေ သူတို့ပိုင်ဆိုင်တဲ့ရတနာအတွက် အချင်းချင်းကြွားဝါတဲ့လေသံထွက်နေတာကို အံ့အားသင့်ဖွယ်သိလိုက်ရတယ်။ ဒါက သာမန်စိတ်ဝင်စားမှုမဟုတ်ပဲ သံယောဇဉ်နှောင်ဖွဲ့မှုပဲဆိုတာ သိလိုက်ရတော့ လက်အောက်ခံ နတ်ဘုရားက ချက်ချင်းပြုံးလိုက်ပြီး ပြောလိုက်တယ်။

" အရမ်းချစ်စရာကောင်းတယ်။ ဒီလောက်ချစ်စရာကောင်းတဲ့ ကောင်လေးကို ကျွန်တော်မျိုး တစ်ခါမှမမြင်ဖူးသေးဘူး။ ဘုရားကျောင်းထဲရှိတဲ့ ဘယ်အစေခံမှ သူနဲ့နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ "

အလင်းနတ်ဘုရားရဲ့ပြုံးနေတဲ့ နူတ်ခမ်းတွေက ကြောက်စရာကောင်းလောက်အောင် တဖြောင့်တည်းဖြစ်သွားပြီး မျက်လုံးထဲတွင် အမှောင်ရိပ်တွေ ပြည့်နှက်လာတယ်။ နတ်ဘုရားက ချက်ချင်းဒူးထောက်တောင်းပန်လိုက်ပြီး သူပြောလိုက်တဲ့စကားထဲ ဘာအမှားပါသွားသလဲဆိုတာ ပြန်စဉ်းစားနေမိတယ်။


" အဲ့ဒီ ဘာမဟုတ်တဲ့ အစေခံတွေက ငါ ချစ်မြတ်နိုးရတဲ့ကလေးနဲ့ ဘယ်လိုနှိုင်းယှဉ်လို့ရမလဲ... "
သူသည် လူပုံ အဆာသွတ်မုန့်ကို   ယူပြီးထွက်သွားရင်း အင်္ကျ ီလက်ကို ဝေ့ယမ်းလို့ နတ်ဘုရား ကို စကားပြောလို့မရအောင် တန်ခိုးနဲ့တားမြစ်ပြီး အပြစ်ပေးလိုက်တယ်။  အပြစ်ပေးခံရတဲ့ နတ်ဘုရားက ခါးသီးမှုအစား စိတ်သက်သာရာ ရလိုက်တယ်။ အရင်တုန်းက အခြား လက်အောက်ခံနတ်ဘုရားတွေဆိုရင် အလင်းနတ်ဘုရားကို စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်မိလိုက်တာနဲ့ ချက်ချင်း မီးလောင်ပြာကျသွားတာမျိုးကို ကြုံရတတ်တယ်။ အခုတော့ သူက ဒီလောက် နူတ်ပိတ်ထားခံရရုံလေးဆိုတော့ လူသားကောင်လေးပေါ်ကို ခမည်းတော် အလင်းနတ်ဘုရားရဲ့ ချစ်ခြင်းက ထင်ထားတာထက် လေးနက်ပုံရတယ်။ ခမည်းတော်ရဲ့စိတ်က အချစ်ကြောင့် နူးညံ့နေလို့သာ သူ့အသက်လေး ဆက်လက်တည်မြဲနေတာဖြစ်တယ်။

ဒီလူသားလေးက ဘယ်လောက်တောင် ချောမောလှပသလဲဆိုတာ အပြစ်ပေးခံရတဲ့ နတ်ဘုရားက သိချင်လာတယ်။ တကယ်လို့ ဒီချစ်ခြင်းက ဆက်တိုးလာမယ်ဆိုရင် အခြားနတ်ဘုရားတွေဆီက အလင်းနတ်ဘုရား သိမ်းယူထားတဲ့ နတ်ကျက်သရေကို ဒီလူသားကောင်လေးဆီ လွှဲပေးလိုက်မှာကို စိုးရိမ်လာမိတယ်။ ဒီနတ်ကျက်သရေက နတ်ဘုရားတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်ပြီး အလင်းနတ်ဘုရားရဲ့ လက်အောက်ခံ နတ်ဘုရားတွေတောင် ရဖို့ စိတ်ကူးယဉ်လို့ မရနိုင်တဲ့အရာဖြစ်တယ်။
============

ကျူးယွင်ရှန့်က အချိန်ကြာအောင် ရှာဖွေပေမယ့် လှူဖွယ်ပစ္စည်းများကို မတွေ့တာကြောင့် ဒေါသထွက်နေတဲ့အချိန် စစ်သည်အတွေခြံရံပြီး ဆုတောင်းခန်းမဆီ အပြေးအလွှားလာနေတဲ့  ဂိုဏ်းချုပ်နှင့် လက်ထောင်ဂိုဏ်းချုပ်ကို မြင်လိုက်ရတယ်။

အကြီးအကဲနှစ်ဦးကို သူ ချက်ချင်း အရိုအသေပေးလိုက်တယ်။ ဂိုဏ်းချုပ် က သူ့ကို ထရပ်ဖို့ မပြောပဲ သတိထားတဲ့ မျက်လုံးနဲ့စိုက်ကြည့်နေတယ်။ လက်ထောက်ဂိုဏ်းချုပ်က စိတ်မထိန်းနိုင်တော့ပဲ မျက်နှာကို မော်ချီနေပြီး မောက်မာသည့်အကြည့် နဲ့ ခက်ထန်စွာပြောလိုက်တယ်။

" မင်း နှင်းဆီပန်းခူးယူပြီးနောက် မကောင်းဆိုးမြူပေါ်လာပြီး အပင်တွေကို ပျက်စီးသွားစေတယ်လို့ အစေခံတစ်ယောက် သတင်းပို့လာတယ်။  မကောင်းဆိုးဝါးမြူ ရှိတဲ့နေရာမှာ မကောင်းဆိုးဝါး ရှိရမယ်။ အလင်းဘုန်းကြီးအပါအဝင် လူတိုင်းရဲ့ခန္ဓာကိုယ်မှာ ခိုဝင်ပြီး သူတို့က အသက်ရှင်နိုင်တယ်။ မင်းရဲ့အပြစ်ကင်းစင်မှု မင်းမှာ မကောင်းဆိုးဝါးပူးကပ်ထားခြင်း မရှိပါဘူးဆိုတာကို သက်သေပြဖို့ ငါတို့ ဒီကို လာခဲ့တာပဲ "

သူက ဒုတိယမင်းသားနဲ့အတူ ခရီးအတူတူထွက်ရမှာဖြစ်လို့ အခုချိန်မှာ ဂျိုရှုဝါကို ပထုတ်ရမယ်။ မဟုတ်ရင် နောက်နှစ်နှစ်ကြာရင် ဂျိုရှုဝါက အရွယ်ရောက်လာပြီး ဂိုဏ်းချုပ်ရဲ့ရာထူးကို ဆက်ခံရရှိသွားလိမ့်မယ်။ ဒီအချက်ကြောင့် လက်ထောက်ဂိုဏ်းချုပ် အရမ်းကို စိတ်ညစ်နေတုန်း ဒီနှင်းဆီခင်းပြာကျသွားတဲ့အကြောင်း အစေခံလာပြောတော့ ရက်စက်တဲ့ အကြံကို ချက်ချင်း ကြံစညလိုက်ရတာပဲဖြစ်တယ်။ တချက်ခုတ် နှစ်ချက်ပြတ် သူ့နေရာကို ခြိမ်းခြောက်နေတဲ့ ကောင်လေးကို ဖယ်ရှားပစ်ရမယ်။
 

ကျူးယွင်ရှန့်ရဲ့ ဦးနှောက်က ခမည်းတော်နဲ့ပတ်သက်တဲ့ ကိစ္စများတွင်သာ စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းပေမယ့် တစ်ခြားကိစ္စများကိုတော့ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်တာကြောင့် အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။

" ဒါဆို ကျွန်တော်ရဲ့အပြစ်ကင်းစင်မှုကို သက်သေမပြခင် ဂိုဏ်းချုပ်နဲ့လက်ထောက်ဂိုဏ်းချုပ်ကော ကိုယ့်ကိုယ်ကို အပြစ်ကင်းစင်ကြောင်း သက်သေပြရဲလား။ မကောင်းဆိုးဝါးတွေက အင်မတန် ဉာဏ်နီဉာဏ်နက်များတယ်။ လူမျိုးစုဝင် အချင်းချင်းကို သွေးကွဲအောင်လုပ်ပြီး့အချင်းချင်းပြန်လည်တိုက်ခိုက်စေတာ သူတို့အကြိုက်ဆုံးအလုပ်ပဲ။ "

" ငါတို့နှစ်ယောက်လုံး ရေစင် သောက်ထားပြီးပြီ "

ဂိုဏ်းချုပ်က သန့်ရှင်းဖြူစင်သည့်ကြွေပုလင်းကို လှမ်းပေးပြီး သိမ်မွေ့နူးညံ့စွာ ပြောလိုက်တယ်
" ငါသား... ဒါကို သောက်လိုက်ပါ "

တကယ်လို့ လူတစ်ယောက်က မကောင်းဆိုးဝါးပူးကပ်ခံထားရတယ်ဆိုရင် ရေစင်သောက်ပြီးတာနဲ့ နာကျင်စွာခံစားလိုက်ရပြီး မကောင်းဆိုးဝါးကလည်း ကိုယ်ထဲကနေ တခါတည်း ထွက်သွားတယ်။ ဒါပေမယ့် ဒီလိုရေစင်ကိုရဖို့ အလင်းစွမ်းအင်နဲ့ ဆယ်စုနှစ်တစ်နှစ်လောက် ထားရှိမှ ရွှေရောင်အလင်းသဲ့သဲ့ထွက်တဲ့ ရေစင်ကို ရလာမှာဖြစ်တယ်။ အခုချိန်မှာ ဒီတိုက်မကြီးက အလင်းဘုန်းကြီးရှားပါးလာလို့ ရေစင်ကို ဖန်တီးရတာလည်း ခက်ခဲလာတယ်။ ဒါကြောင့် အလင်းဘုရားကျောင်းတွေမှာ သေရေးရှင်ရေးမဟုတ်ရင် ရေစင်ကို ထုတ်မသုံးပဲ ရတနာလိုပဲ သေချာသိမ်းဆည်းထားကြတယ်။ အခုချိန်က ပုပ်ရဟန်းမင်းကို ဆက်ခံရမယ့် အလင်းဘုန်းကြီးမှာ မကောင်းဆိုးဝါးပူးကပ်ခြင်းရှိမရှိ စစ်ဆေးရမယ့် အချက်ဖြစ်လို့ ရေစင်ကို ထုတ်သုံးရတာပဲဖြစ်တယ်။



ဂိုဏ်းချုပ်က သူ့သက်တမ်းတစ်လျှောက်လုံး ရေစင် သုံးပုလင်းသာ ဖန်တီးနိုင်ခဲ့တယ်။ အစက တော်ဝင်မိသားစုဆီကို ပေးရန်ရည်ရွယ်ထားပေမယ့် အခုတော့ ဒါတွေကို သူ အသုံးပြုရတော့မယ်။ အလင်းဘုန်းကြီးတွေက ကုန်းမြေကို အမှောင်စစ်ပွဲအောက် မကျရောက်စေရန် သေချာပေါက် ပြုလုပ်ပေးနိုင်သည့် အရေးအကြီးဆုံးအရာဖြစ်လို့ တစ်ယောက်လေးတောင် သူတို့ အဆုံးရှုံးမခံနိုင်ဘူး။ အထူးသဖြင့် အလင်းဘုန်းကြီးသုံးဦးသာ ရှိတဲ့ ဆာရာနိုင်ငံလိုမျိုး တန်ဖိုးရှိတဲ့ အလင်းဘုန်းကြီးကို အဆုံးရှုံးမခံနိုင်ဘူး။

ကျူးယွင်ရှန့်က နှုတ်ခမ်းကိုက်လိုက်ပြီး ကြွေပုလင်းကို ယူဖို့ လက်လှမ်းလိုက်စဉ် ဂိုဏ်းချုပ်ရဲ့အခြွေအရံက ရုတ်တရတ် လဲကျလာပြီး သူ့လက်မောင်းက  လှုပ်ယမ်းသွားတာကြောင့် ကြွေပုလင်းကက ေကျောက်သားကြမ်းပြင်ပေါ် ပြုတ်ကျပြီးကွဲသွားတယ်။ ရွှေရောင်အလင်းတွေက ကျောက်ပြားကြား စိမ့်ဝင်ပျောက်ကွယ်သွားတော့တယ်။ အစေခံက ချက်ချင်း ဒူးထောက်ပြီးတောင်းပန်ပေမယ့် ဘယ်သူမှ စကားတခွန်းတောင် ပြန်မဖြေနိုင်တော့ဘူး။

ဒါက လက်ထောက်ဂိုဏ်းချုပ်ကြိုတင်ကြံစည်ထားတယ်ဆိုတာ တွေးမိလို့ ကျိုးယွင်ရှန့်က အဲ့လူကို စူးစိုက်ကြည့်လိုက်တယ်။ ဂိုဏ်းချုပ်ကြီးလည်း ချက်ချင်း သဘောပေါက်လိုက်ပေမယ့် ဒီရေစင်က နောက်ဆုံးကျန်တဲ့ရေစင်ဖြစ်တယ်ဆိုတာ သတိရလိုက်ပြီး မျက်နှာဖြူဖျော့သွားတော့တယ်။

" ဒါက နောက်ဆုံးကျန်တဲ့ ရေစင်ပုလင်းပဲ။ တွယ်ကပ်နေတဲ့မကောင်းဆိုးဝါးက အလင်းအစွမ်းကို ခံနိုင်ရည်ရှိပြီး အလင်းဘုန်းကြီးရဲ့ခန္ဓာကိုယ်ထဲ ကျူးကျော်ဝင်ရောက်လာတာ ဆိုတော့ သူ့အဆင့်က တော်တော်မြင့်လောက်တယ်။ ငါနဲ့ ဂိုဏ်းချုပ် နှစ်ဦးလုံးရဲ့အလင်းအစွမ်းကို ပေါင်းလိုက်ရင်တောင် မြင်သာအောင်မပြနိုင်လောက်ဘူး။ မင်းရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့ အဓိကခန်းမထဲက စမ်းသပ်ကန်ကို အသုံးပြုပေးပါ "

လက်ထောက်ဂိုဏ်းချုပ်သည် လိမ္မာပါးနပ်စွာ ပြောလိုက်တယ်။

" မဖြစ်ဘူး "
 ဂိုဏ်းချုပ်သည် စိတ်ထိခိုက်စွာနဲ့ အော်ဟစ်ငြင်းပယ်လိုက်တယ်။

လွန်ခဲ့သောနှစ်တစ်ထောင်လောက်က စမ်းသပ်ရေကန်ဆိုတာက အလင်းဘုန်းကြီးတွေ အလင်းစွမ်းအင်တက်လာအောင် လေ့ကျင့်တဲ့နေရာအဖြစ် တည်ရှိခဲ့တယ်။ အလင်းဘုန်းကြီးတွေရဲ့ စွမ်းအင်က အင်မတန်ကို သန့်စင်ပြီးအားကောင်းတဲ့အတွက် ဒီရေကန်ထဲ ဝင်ရောက်လေ့ကျင့်လိုက်တာနဲ့ သူတို့ အလင်းစွမ်းအင်တွှေ တဟုန်ထိုး တိုးတက်လာခဲ့ကြတယ်။ အဲ့ဒီအချိန်လောက်က အလင်းဘုန်းကြီးတွေဆိုတာ အလင်းနတ်ဘုရားပေါ် ယုံကြည်မှုမြင့်မားပြီး အင်မတန်ကို စိတ်ထားဖြူစင်ကြတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် သူတို့ပိုင်ဆိုင်တဲ့ အလင်းစွမ်းအင်ဆိုတာလည်း အင်မတန်ကို စွမ်းအားထက်မြက်ပြီး ခုလိုမျိုး စစ်သည်တော်နဲ့မှော်ဆရာတွေရဲ့အကာကွယ်ကို ယူဖို့မလိုအပ်ခဲ့ကြဘူး။
ဒါပေမယ့် နှစ်ပေါင်းများစွာကြာလာတော့ အလင်းဘုန်းကြီးတွေရဲ့ စိတ်ထားဖြူစင်မှုနဲ့ အလင်းနတ်ဘုရားပေါ် သက်ဝင်ယုံကြည်မှုတွေလည်း လျော့ပါးလာခဲ့တယ်။ ဒါကြောင့် အလင်းဘုန်းကြီးတစ်ပါးက ရေကန်ထဲ ဝင်တဲ့အခါ စိတ်ထားညစ်နွမ်းမှု နည်းနည်းလေး ရှိတာနဲ့ ဒီစမ်းသပ်ကန်ထဲက ရေတွေက ကျောက်ရေပူတွေလိုမျိုးဆူပွက်လာပြီး အရိုးအသား ရှာမရအောင် တခါတည်းကို လောင်ကျွမ်းသွားစေတော့တယ်။

ဖုံးကွယ်ထားတဲ့ စိတ်ထားမရှိခြင်းနဲ့ အကြွင်းမဲ့ဖြူစင်တဲ့စိတ်ထားဆိုတာ လူတိုင်းမပိုင်ဆိုင်တဲ့အရာဖြစ်လို့ လူတိုင်း လူတိုင်း လျှို့ဝှက်ချက်နဲ့ မကောင်းတဲ့စိတ်၊ တွေဝေတဲ့စိတ်ဆိုတာ ရှိကြတယ်။ ဒါကြောင့် ဒီစမ်းသပ်ကန်ထဲ ဝင်မိတဲ့သူတိုင်း သေကြေပျက်စီးကုန်ကြတယ်။ ခမည်းတော်က ဘာကြောင့် ရုတ်တရက် ရက်စက်လာတယ်ဆိုတာ အလင်းဘုန်းကြီးတွေ နားမလည်ကြဘူး။ ဒါကြောင့် အလင်းဘုန်းကြီးတွေက သူတို့ အလင်းစွမ်းအင် ပိုတိုးပွားလာအောင်၊ စိတ်ဝိဉာဉ်ပိုကြံ့ခိုင်လာအောင် ရေကန်ထဲမှာ လေ့ကျင့်မယ့် အခွင့်ရေးကို လက်လွှတ်လိုက်ရပြီး ဝတ်ပြုဆုတောင်းခြင်းနဲ့ပဲ အစားထိုးလိုက်ရတော့တယ်။


ဝတ်ပြုခြင်းက ရရှိနိုင်တဲ့ အလင်းစွမ်းအင်ပမာဏက အရမ်းအားနည်းပြီး  သေးငယ်တဲ့ စွမ်းအင်အမျှင်တန်းလေး ရနိုင်ဖို့ ဆယ်စုနှစ်တစ်စုစာ ကြာမြင့်နိုင်တယ်။အဲ့ဒါကြောင့် အလင်းဘုန်းကြီးတွေရဲ့ ခွန်အားတွေတဖြည်းဖြည်း အားနည်းလာရတာပဲဖြစ်တယ်။


လက်ထောက်ဂိုဏ်းချုပ်က ဘာကိုပဲ လုပ်ရလုပ်ရ သူတကယ်ရည်ရွယ်ထားတာက ဂျိုရှုဝါကို ဖယ်ရှားပစ်ဖို့ပဲ။ ဂိုဏ်းချုပ်ကြီးက ဒီအချက်ကို သိပေမယ့် သူ့တပည့်ကို ကာကွယ်ဖို့ ဘာမှ မတတ်နိုင် တော့ဘူး။ သူက မကောင်းဆိုးဝါးမြူကျပါတယ်ဆိုတဲ့ သတင်းပို့တာကို လျစ်လျူရှုပြီး လူတွေလက်ခံလာအောင် လုပ်နိုင်ပေမယ့် တာဝန်သိတဲ့သူ့စိတ်ထားက ခွင့်မပြုနိုင်ဘူး။ ဒါကြောင့် ဂျိုရှုဝါမှာ မကော်ငးဆိုးဝါးတွယ်ငြိခြင်းမရှိပါဘူးဆိုတာ သက်သေပြဖို့ စမ်းသပ်ကန်ထဲပဲ ဆင်းခိုင်းရုံပဲရှိတော့တယ်။


သူ ပြောလိုက်တဲ့ " မဖြစ်ဘူး " ဆိုတဲ့စကားကို ပြန်ရုပ်သိမ်းဖို့ လက်ကို ဝေ့ယမ်းလိုက်တယ်။ အကြာကြီးတိတ်ဆိတ်နေပြီးမှ ခက်ခက်ခဲခဲ ဖွင့်ဟပြောလိုက်တယ်။

" ဂျိုရှုဝါ သားလေး ဒါက ဆာဂါ နိုင်ငံရဲ့ဂိုဏ်းချုပ်အနေနဲ့ လုပ်ဆောင်ရမယ့်အလုပ်ဆိုတာ သိတယ်မလား။ ဘုရင်ရဲ့ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေမယ်ဆိုရင်တောင် ဘယ်မကောင်းဆိုးဝါးကိုမှ ထွက်သွားခွင့်မပေးနိုင်ဘူး။ "

" ကျွန်တော် နားလည်ပါတယ်... ဂိုဏ်းချုပ်ဆန္ဒအတိုင်းပဲ စမ်းသပ်ကန်ထဲ ဝင်ပြီး သက်သေပြပါ့မယ် "

ကျူးယွင်ရှန့်က ဦးညွှတ်အရိုအသေပေးပြီး ခန်းမ ရဲ့ အတွင်းပိုင်း နေရာဆီ အေးဆေးတည်ငြိမ်စွာ လျှောက်သွားလိုက်တယ်။ တကယ်လို့ သူ့စိတ်ဝိဉာဉ်ကို လိုချင်တဲ့အနေထားရအောင် ထိန်းချုပ်ထားနိုင်ဖို့
 B အဆင့်ကမ္ဘာက စွမ်းအင်ကို မရထားဘူးဆိုရင် သူ စိုးရိမ်ကောင်းစိုးရိမ်နိုင်ပေမယ့် အခုတော့ စမ်းသပ်ကန်ဆိုတာ သူ့မျက်လုံးထဲ ဘာမှမဟုတ်တော့ဘူး။ သူ့ဝိညာဉ်က အရမ်းသန့်ရှင်းဖြူစင်လို့ စမ်းသပ်ရေကန်ထဲက ရေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိတယ်ဆိုတာ သူ သိတယ်။ ပြီးတော့ သူ့ကိုယ်သူ အပြင်းအထန် အိပ်မွေ့ချထားခြင်းကြောင့် သူ့စိတ်ထဲ နတ်ဘုရားအတွက် ချစ်ခြင်းမေတ္တာကလွဲပြီး တစ်ခြားစိတ်  တစ်စွန်းတစ်စတောင်မရှိနိုင်ဘူး။ အလင်းနတ်ဘုရားအပေါ် ထားရှိသည့် သူ့အချစ်အကြောင်းပြောရရင်တော့ သူ့ဖာသာတောင် ထိတ်လန့်စေလောက်တယ်။

သူသည် ဖိနပ်နှင့်ဝတ်ရုံကို ချွတ်လိုက်ပြီး ပါးလွှာသည့်အတွင်းဝတ်အင်္ကျ ီတစ်ထည်တည်း ဝတ်ပြီး ကန်ထဲဖြည်းဖြည်းချင်း ဆင်းသွားလိုက်တယ်။ ကန်ထဲကရေ နက်မှောင်နေပြီး အေးစက်လို့နေတယ်။ တကယ်လို့ မသန့်ရှင်းတဲ့ စိတ်ဝိဉာဉ်နဲ့ တွေ့ရင် ချက်ချင်း ရေက သွေးနီရောင်ကို ပြောင်းလဲသွားပြီး ကျောက်ရည်ပူလို ဆူပွက်လာတယ်။ ဘယ်လူသားကိုမဆိုး အရိုးထိ အရည်ပျော်ကြသွားစေတယ်။ လူသားမပြောနဲ့ နတ်ဘုရားတွေောင် ဒီအပူဒဏ်ကို မခံနိုင်ဘူး။

လက်ထောက်ဂိုဏ်းချုပ်က သူ့ဝတ်ရုံအောက် လက်သီးဆုပ်ထားတဲ့ သူ့လက်များကို ဖုံးကွယ်ထားပြီး စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေ တယ်။ ဂျိုရှုဝါ သေသွားရင် နေရာဆက်ခံမယ့်သူမရှိလို့ ဂိုဏ်းချုပ်ရာထူးကို သူ ရနိုင်သလို ဆာဂါတနိုင်ငံလုံး သူရဲ့အာဏာစက်အောက်ရောက်ရှိတော့မယ်။ သူရဲ့တရားမဝင်ကလေးအကြောင်း ပေါ်ပေါက်သွားကတည်းက ဂျိုရှုဝါ ကို သတ်ဖို့ အမြဲတမ်းစဉ်းစားနေခဲ့တာ  နောက်ဆုံးတော့ သူ့ဆန္ဒ ပြည့်ဝသွားပြီ။ သူ့အနာဂါတ်လမ်းကြောင်းက အနှောင့်အယှက်မရှိ ဖြောင့်တန်းနေပြီဖြစ်တယ်။

နဝမမြောက်ကောင်းကင်ဘုံက အလင်းနတ်ဘုရားက ဆုတောင်းခန်းမထဲက သေမျိုးတွေရဲ့လုပ်ရပ်ကို တွေ့ပြီး သူ့မျက်ဝန်းက ရွှေရောင်ရင့်ရင့်သန်းသွားပြီး ချက်ချင်း အနက်ရောင်ဖြစ်သွာတယ်။ သူ့အလင်းစွမ်းအင်နဲ့ ရေကန်ထဲက သူချစ်တဲ့ကလေးကို မကာကွယ်နိုင်ဘူးဆိုရင် သူဒေါသထွက်လွန်းလို့ အရာအားလုံးကို ဖျက်ဆီးနိုင်တဲ့စွမ်းအားတွေ ဖြစ်လာနိုင်တယ်။ အခုလည်း ခဏစိတ်လွတ်သွားတာကြောင့် သူထိုင်နေတဲ့ သလွန်က ချက်ချင်းကျိုးပဲ့သွားတော့တယ်။

စမ်းသပ်ကန်ထဲက ရေတွေက တကယ်တော့ မကောင်းဆိုးဝါးမြူကို အရည်ဖြစ်အောင် ပြုလုပ်ထားတာဖြစ်တယ်။ ဒီရေက လူ့ကိုယ်ထဲ သိုဝှက်ထားတဲ့ မကောင်းတဲ့ စိတ်ဆိုး စိတ်ယုတ်ကို ခံစားလိုက်ရတာနဲ့ချက်ချင်း လူ့ကိုယ်ထဲ စိမ့်ဝင်သွားပြီး ကိုယ်ထဲ မကောင်းဆိုးဝါးပူးကပ်သွားအောင် မကောင်းဆိုးဝါး မျိုးစေ့ကို ချပေးလိုက်တယ်။ တကယ်တော့ လူတွေထင်သလို မကောင်းဆိုးဝါးဆိုတာ ဟိုး မှောင်မိုက်တဲ့ မဟူရာချောက်နက်ကြီးထဲက ထွက်လာတာ မဟုတ်ပဲ လူ့ကိုယ်ထဲမှာပဲရှိနေတာဖြစ်တယ်။ လူရဲ့စိတ်နှလုံးကပဲ မွေးဖွားလာတာဖြစ်တယ်။

ဒါပေမယ့် အစကေတော့ အမှောင်ဆိုတာ အလင်းကို ပိုအားကောင်းလာအောင် ထောက်ပံ့ပေးဖို့လုပ်ထားတာ ဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက် အလင်းနတ်ဘုရား ဆိုးသွမ်းရက်စက်ခြင်း မရှိသေးခင်အချိန်တုန်းက ဒီစမ်းသပ်ကန်ထဲက ရေတွေက အလင်းဘုန်းကြီးတွေကို စွမ်းအင်တက်အောင် ကူညီပေးဖို့ပဲရည်ရွယ်ထားပြီး ထိခိုက်အောင် မလုပ်စေဖို့ တမင်တားဖြစ်ထားတာပဲဖြစ်တယ်။  ဒါပေမယ့် အလင်းနတ်ဘုရားက ရုတ်တရတ် ကမ္ဘာကြီးအပေါ် အရမ်း စိတ်ကုန်လာတာကြောင့် တားမြစ်ချက်တွေကို ဖယ်ရှားလိုက်ပြီး တခြားနတ်ဘုရားအားလုံးကို သတ်လိုက်တယ်။ နှစ်ထောင်ချီ နေထိုင်လာတဲ့ အချိန်အတွင်းစစ်မှန်တဲ့ ဖြူစင်တဲ့ နှလုံးသားကို အလင်းနတ်ဘုရား ရှာမတွေ့ခဲ့ဘူး။ တခါက နွေဦးနတ်သမီးလေးရဲ့ နှလုံးသားကို ယူပြီးစမ်းသပ်ကန်ထဲ စိမ်လိုက်တာနဲ့ နီရဲတဲ့နှလုံးသားလေးက ချက်ချင်း မည်းနက်ပြီး ကြွေကျသွားတော့တယ်။ ဒါကြောင့် စိတ်ထားမသန့်စင်တဲ့ သေမျိုးတွေ ဒီရေကန်ထဲ အရည်ပျော်တာကို အလင်းနတ်ဘုရား ကျေကျေနပ်နပ်ပြီး စောင့်ကြည့်နေခဲ့ပေမယ့် အခုတော့ ဒီရေကန်အားလုံးကို ဖျက်စီးချင်စိတ်ပဲ ပြင်းထန်နေတော့တယ်။ အရင်ကတည်းက အလင်းဘုရားကျောင်းတိုင်းက ရေကန်ကို သူသာ ဖျက်စီးပစ်ခဲ့ရင် အခုလို သူချစ်ရတဲ့သူလေးကို နာကျင်ထိခိုက်စေမှာမဟုတ်တော့ဘူး။ ဒီရေကန်ကို ချန်ရစ်ခဲ့မိတာကို  သူ့ဖာသာ ဒေါသထွက်နေမိတယ်။
သူ့ကိုယုံကြည်တဲ့ကလေးလေးရဲ့စိတ်က အရမ်းကိုဖြူစင်သန့်ရှင်းတာကြောင့် အစပိုင်းမှာ ရေကန်ထဲက ရေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိပေမယ့် ကြာလာလို့ သူ့စိတ်ထဲ နောက်ကျိသွားတာ၊ တခုခုကြောက်ရွံ့သွားတာများရှိခဲ့ရင် ဒီရေတွေက သူ့ကလေးလေးကို အရည်ပျော်သွားအောင် တိုက်စားသွားလိမ့်မယ်။
အလင်းနတ်ဘုရားက လက်ချောင်းထိပ်မှာ အလင်းစွမ်းအင်ကို စုစည်းလို့ ကြေးမုံကတဆင့် ရေကန်ထဲ ဆင်းသွားတဲ့ သူ့ကလေးေးလကိုယ်ကို ရစ်ပတ်ကာကွယ်ပေးဖို့ လုပ်လိုက်တဲ့အချိန်မှာပဲ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ချက်ချင်းကို အံ့အားသင့်သွားခဲ့တယ်။


သူ့ကိုကိုးကွယ်ယုံကြည်တဲ့ ကလေးလေးကိုယ်က ဖြူဖွေးတောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပြီး အနက်ရောင်ရေတွေကို ဘေးကို တွန်းထုတ်နေတယ်။ ဒါက အကြွင်းမဲ့ယုံကြည်ခြင်းနဲ့ ဖြူစင်တဲ့စိတ်နှလုံးရှိသူတွေမှ ဖြစ်လာနိုင်တဲ့ အားကောင်းတဲ့ အလင်းတန်းတွေမဟုတ်လား။ ဘယ်လိုအချက်တွေက ဒီကလေးလေးကို အားကောင်းတဲ့ ယုံကြည်မှုနဲ့ ဖြူစင်မှုကို ဖြစ်ပေါ်စေတာလဲ။ သူ့အပေါ်ကို အလေးထားပြီးယုံကြည်ကိုးကွယ်မှုကြောင့် ဒီလို အားကောင်းတဲ့ ယုံကြည်မှုစွမ်းအားတွေ ပေါ်လာတာပဲလား။
အလင်းနတ်ဘုရားက ယုံကြည်သူကလေးလေးရဲ့ စိတ်ထဲက အတွေးကို ဖတ်ဖို့ကြိုးစားလိုက်တယ်။ ဒီလို စိတ်ကို ဖတ်တာက သူ့အတွက် လုပ်နေကြ မခက်ခဲတဲ့ အလုပ်ဖြစ်ပေမယ့် ဒီကလေးလေးရဲ့စိတ်ကို သူလုံးဝဖတ်လို့မရတဲ့အတွက် ထူးဆန်းတယ်လို့ တွေးမိပေမယ့် သံသယဝင်တာမျိုးမဖြစ်ခဲ့ဘူး။ ဒီကလေးလေးက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ ခံစားမိလာတယ်။ နှစ်သန်းပေါင်းများစွာ ထူးမခြားနား အခြေနေတွေကြောင့် ငြီးငွေ့နေတဲ့ သူ့စိတ်နှလုံးက တစ်စုံတစ်ယောက်ရဲ့ စိတ်ခံစားချက်ကို မှန်းဆကြည့်ရတာ ပျော်စရာကောင်းတယ်လို့ ခံစားလာရပြီး စိတ်လှုပ်ရှားပြီး နှလုံးသားက ပျော်လွန်းလို့ မရပ်မနား ခုန်ပေါက်နေတော့တယ်။ ဒီကလေးလေးရဲ့ အရည်ချင်းက သူ့ကို အရမ်းကို ကျေနပ်နှစ်သက်စေတယ်။

အလင်းနတ်ဘုရားက ပြုံးကြည့်နေပြီး ပါးပြင်မှာလက်ထောက်လို့ အနက်ရောင်ရေကန်ထဲက ကောင်လေးကို စိုက်ကြည့်နေတယ်။ ကောင်လေးရဲ့ နူတ်ခမ်းက လှုပ်ရှားနေတာကိုကြည့်ပြီးသူလေး ဆုတောင်းနေတာကိုသိလိုက်ရတယ်။ အပြင်လူတွေရှိနေလို့ သူ့ရင်ထဲက စကားတွေကို ခါတိုင်းလို ဖွင့်ဟပြီး မပြောနိုင်လို့ ချိုမြိန်တဲ့ ဆုတောင်းစကားတွေကို  သူ မကြားရတာ တကယ်ပဲ နှမျောဖို့ကောင်းလှတယ်။  အနက်ရောင်ရေတွေက ခပ်ကြမ်းကြမ်းရေလှိုင်းတွေဖြစ်နေပြီး သူ့ကလေးလေးရဲ့နားမှာ ပတ်လည်ဝိုင်းနေပေမယ့် ဘာမှ ထိခိုက်အောင် မလုပ်နိုင်ကြဘူး။ ဦးခေါင်းနဲ့ လက်ချင်းယှက်ထားတဲ့ လက်တွေရယ်ပဲ ရေပေါ်ကို ပေါ်နေပြီး သေးသွယ်ကျစ်လျစ်တဲ့ ကိုယ်လုံးလေးက ရေထဲနစ်နေတာက မြင်ရသူကို သနားစရာ ချစ်စရာ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။ အလင်းနတ်ဘုရားက ရေကန်ထဲကို ဆင်းလိုက်ပြီး သူ့ရဲ့ အတုမရှိတဲ့ စွမ်းအင်တွေနဲ့ ကလေးလေးကို ထွေးပိုက်ပြီး ကာကွယ်ပေးချင်စိတ် ပေါ်လာမိတယ်။

ဒီအတွေးပေါ်လာတာနဲ့ တပြိုင်နက် သူ့ကိုယ်ထဲက အလင်းစွမ်းအင် တမျှင်ကို ဆွဲထုတ်လိုက်ပြီး မှော်ကြေးမုံထဲကို ထည့်လွှတ်လိုက်တယ်။
ခန်းမထဲမှာ အရပ်မြင့်မြင့်နဲ့ ခန့်ညားတဲ့ ပုံသဏ္ဌာန်တခု ရေကန်ထဲမှာ ပေါ်လာပြီး လူတိုင်း ကြောက်ရွံ့စွာနဲ့ငေးစိုက်ကြည့်နေချိန်မှာ ဒီလူက လူငယ်လေးရဲ့ပါးပြင်ကို အသာယာထိကပ်ပွတ်သပ်လိုက်တယ်။ ဒီကလေးလေးက မျက်လုံးကိုမှိတ်ပြီး ဝတ်ပြုဆုတောင်းနေတာကြောင့် မျက်လုံးဖွင့်ပြီးသူ့ကို မကြည့်နိုင်တာ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်သလဲ။ အလင်းနတ်ဘုရားက ကောင်လေးရဲ့ငွေရောင်ဆံနွယ်တွေကို လက်နဲ့အသာယာ ကိုင်တွယ်ပြီး နမ်းရှိုက်လိုက်ချင်ပေမယ့် ဝတ်ပြုမှုမှာ အနှောက်ယှက်ဖြစ်ပြီး အနက်ရောင်ရေတွေက လူငယ်လေးကို တိုက်စားသွားမှာစိုးလို့ မထိတော့ပဲ စိတ်ကို ချုပ်တည်းထားလိုက်တယ်။

တားဖြစ်ချက်ကို ဖယ်ပြိး စမ်းသပ်ကန်ထဲ ဆင်းပြီး စိမ်ရင်းလေ့ကျင့်နိုင်ဖို့ ကိုယ်ထဲမှာ အလင်းစွမ်းအင် ခိုင်မာပြီး နက်ရှိုင်းဖို့လိုအပ်တယ်။ ဒီလိုအပ်တဲ့အလင်းစွမ်းအင်က လူတွေ ထင်ထားတာထက် ပိုခက်ခဲတယ်။ ပိုများတယ်။ အရေးကြီးဆုံးအချက်က သူတို့ရဲ့ ခံနိုင်ရည်ရှိစွာနဲ့စိတ်ကို တနေရာတည်းမှာပဲ စုစည်းနိုင်လေ အလင်းစွမ်းအားကို စုပ်ယူနိုင်လေဖြစ်တယ်။ ဒီလိုစုပ်ယူအားပိုကောင်းလေ အလင်းစွမ်းအင်များများကို ပိုလက်ခံနိုင်လေဖြစ်တယ်။ သဘောက ဒီစမ်းသပ်ရေကန်  က အလင်းဘုန်းကြီးတွေရဲ့ကိုယ်ထဲက စွမ်အင်းသိုလှောင်ကန် သိုလှောင်ရာနေရာကိုကို တိုးချဲ့ပေးတဲ့သဘောဖြစ်တယ်။ အလင်းဘုန်းကြီး၏ခန္ဓာကိုယ်က ထည့်စရာပုလင်းတစ်ခုနှင့်ဆင်တူပြီး သူတို့၏စွမ်းရည်က ပုလင်းထဲ ဝင်ဆန့်နိုင်သည့် အလင်းပမာဏပဲဖြစ်တယ်။

ဒီကလေးလေးရဲ့ စွမ်းရည်က ထိပ်တန်းဖြစ်ပေမယ့်  ရေထဲတွင် လိုအင်ဆန္ဒကို ဖိနှိပ်ထိန်းချုပ်နိုင်ရင် ဆက်လက်ပြီး ပိုမိုတိုးတက်လာလိမ့်မယ်။ ဒါမှ နောင်အနာဂတ်မှာ သူလေးကို ထိခိုက်မှာကို စိုးရိမ်စရာမလိုတော့ဘဲ ကလေးလေးရဲ့ခန္ဓာကိုယ်ထဲ စွမ်းအင်အများအပြားကို သူ စိတ်တိုင်းကျထည့်နိုင်သွားနိုင်မှာဖြစ်တယ်။ အဲဒါက အလင်းနတ်ဘုရားရဲ့ရည်ရွယ်ချက်ဖြစ်လို့ ကလေးလေးကို ပွေ့ဖက်ဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေရင်တောင် လေ့ကျင့်မှုကို ဘယ်တော့မှ နှောင့်ယှက်မှာမဟုတ်ဘူး။

ဒီလူက ဘယ်သူလဲ...? မဟူရာချောက်နက်ထဲက အမှောင်နတ်ဘုရားလား...?

ဂိုဏ်းချုပ်နှင့် လက်ထောက်ဂိုဏ်းချုပ်က ကြောက်လန့်တကြားနဲ့ မေးခွန်းထုတ်ရင်း တပြိုင်နက်တည်း မကောင်းဆိုးဝါးကို တိုက်ခိုက်တဲ့ အလင်းမြားဂါထာကို  သံပြိုင်ရွတ်ဆိုတယ်။ မကောင်းဆိုးဝါးက အဆင့် မြင့်လေလေ သူ့ရဲ့ရုပ်ရည်က ပိုချောမောလေလေဖြစ်တယ်။ အခု ဆုတောင်းခန်းမထဲ ရုတ်တရတ်ပေါ်လာတဲ့ ဒီလူရဲ့ရုပ်ရည် ရုပ်သွင်ပြင်က လူသားတစ်ယောက်ထက် သာလွန်ချောမောလွန်းလှတယ်။ တကယ်လို့ ဒီလူက မကောင်းဆိုးဝါးဖြစ်ရင် သူ့အဆင့်က  " သူတော်စင် " အဆင့်ရဲ့အထက်မှာ ရှိရမယ်။

အလင်းနတ်ဘုရားက လက်ချောင်းကိုမြှောက်လို့ နှုတ်ခမ်းနားကပ်ပြီး တိတ်တိတ်နေရန် အမူအယာပြလိုက်တယ်။ ဂိုဏ်းချုပ်နှင့် လက်ထောက်ဂိုဏ်းချုပ်က ရုတ်တရတ်  စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားပြီး မကောင်းဆိုးဝါးကို တိုက်ခိုက်ဖို့ ဂါထာကို ဆက်မရွတ်နိုင်ဖြစ်သွားတယ်။ နှစ်ယောက်သား ထွက်ပြေးပြီး အကူအညီတောင်းချင်ပေမယ့် သူတို့ခန္ဓာကိုယ်ကို လှုပ်ရှားလို့မရမှတာကို တွေ့လိုက်ရတယ်။ အဆင့်မြင့်အလင်းဘုန်းကြီးနှစ်ဦးကို ချက်ချင်း မလှုပ်ရှားနိုင်အောင် လုပ်နိုင်တဲ့ သူ့အစွမ်းက ဘယ်လောက်ထိတောင် ကြောက်မက်ဖွယ်ကောင်းလိုက်သလဲ? နှစ်ယောက်စလုံး  မျက်လုံးပြုးသွားကြတယ်။ ဒါပေမယ့် မကြာခင် သူတို့ မယုံနိုင်တဲ့ မျက်ဝန်းတွေနဲ့ ဒီလူရဲ့လုပ်ရပ်ကို ငေးကြည့်နေမိတော့တယ်။

ဖြူဖွေးသောအသားအရည်၊ ရွှေရောင်ဆံပင်နဲ့ဒီလူက ဂျိုရှုဝါကို နူးညံ့တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီးအနားကို တိုးကပ်သွားခဲ့တယ်။ သူက ဂျိုရှုဝါနဲ့ မျက်ခုံးနှစ်ခုကြားကိ ုညင်ညင်သာသာနမ်းလိုက်ပြီး မျက်ဝန်းထဲက ကြင်နာရိပ်နဲ့ မထိရက်မကိုင်ရက်ပုံက ဘယ်လောက်တောင် ဒီကောင်လေးကို မြတ်နိုးတယ်ဆိုတာ ပေါ်လွင်ထင်ရှားလို့နေတယ်။ ဒါက သူ့ချစ်သူလေးလို သဘောထားတယ်ဆိုတာ ထင်ရှားတယ်။ သူက ကောင်းလေးကိုငေးကြည့်နေရင်း ပျော်ရွှင်လာပြီး ထပ်ခါထပ်ခါ နမ်းရှိုက်ရင်း သူ့ကိုယ်က တောက်ပတဲ့ ရွှေရောင်အလင်းတွေ စတင်ထုတ်လွှတ် လာတော့တယ်။ ဒီအလင်းက စွမ်းအားပြင်းတဲ့နတ်ဘုရား အရိပ်ငွေ့ တွေပါနေပြီး အလင်းနဲ့ထိမိတဲ့ ဂိုဏ်းချုပ်နဲ့လက်ထောက်ဂိုဏ်းချုပ်ရဲ့အရေပြးတွေစတင် လောင်ကျွမ်းလာခဲ့ပေမယ့် ဂျိုရှုဝါကို နည်းနညးလေးတောင် မလောင်ကျွမ်းနိုင်ပဲ သူလေးရဲ့အရေးပြားထဲကို ရွှေရောင်အလင်းတွေ ဖြည်းဖြည်းချင်း စိမ့်ဝင်သွားတော့တယ်။


နွေးထွေးတဲ့ အလင်းစွမ်းအင်တွေ ကိုယ်ထဲကို ဝင်လာလို့ သက်တောင့်သက်သာဖြစ်သွားလို့ ဂျိုရှုဝါရဲ့ နူတ်ခမ်းလေးက နည်းနည်းပွင့်ဟသွားတယ်။ ဒီအမူယာကြောင့် ရွှေရောင်ဆံနွယ်နဲ့လူက သဘောကျစွာ ရယ်မောလိုက်တယ်။ သူ့ရဲ့ ကြည်လင်သာယာပြီး   sexy ကျသည့် သူ့အသံက လူတိုင်းရဲ့ နားထဲ ပဲ့တင်ထပ်သွားတယ်။ ဒီလူက လူငယ်လေးရဲ့ ငွေရောင်ဆံနွယ်တွေကို လက်ချောင်းနဲ့ရစ်ပတ်ကစားပြိး ယုယုယယပွတ်သပ်ပေးလိုက်တယ်။ ဂျိုရှုဝါက မျက်မှောင်ကြုတ်လိုက်ပြီး ဒီအထိတွေ့ကို သတိထားမိလိုက်ကြောင်း ပြသလာတဲ့အတွက် သူ့အပြုမှုတွေ တုန့်ဆိုင်းသွားခဲ့တယ်။ သူက ချစ်တဲ့ကလေးလေး က အရေးကြီးဆုံး အခြေနေမှာ လေ့ကျင့်နေတာတောင်မှ သူက သတိလက်လွှတ် နမ်းလိုက် ထိလိုက်လုပ်နေတာ သတိရသွားပြီး မမျှော်လင့်ဘဲ မဝံ့မရဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားတယ်။ သူက ဂျိုရှုဝါထင်မှတ်ထားသလို စိတ်ထားကောင်းတဲ့သူမဟုတ်တာ သတိပြုမိလိုက်တာနဲ့ ကလေးလေးဘေးကနေထွက်သွားလိုက်တယ်။


သူ က ဂျိုရှုဝါရဲ့ဆံနွယ်တွေကို လွှတ်ပေးလိုက်ပြီး ဘုရားကျောင်းထဲ ဟိုဟိုဒီဒီလျှောက်သွားရင်း ငါးမီတာမြင့်သည့်ရုပ်ထုဘေး ကနေ ဖြတ်လျှောက်လာတယ်။ သူ ထိုရုပ်ထုကို လှမ်းကြည့်လိုက်စဉ် အလင်းနတ်ဘုရားရုပ်တုက  သာမာန်ရုပ်ရည်နှင့် လူလတ်ပိုင်း ဦးလေးကြီးတယောက်ပုံကို မြင်တွေ့လိုက်တော့ တုန့်လှုပ်ခြောက်ခြားသွားပြီး တောင့်တင်းသွားတယ်။ ဒီရုပ်တုကို ချက်ချင်း မိုးကြိုးလက်နက်နဲ့ပြစ်ချပြီး ဖျက်စီးချင်စိတ်ပေါက်လာမိတယ်။ ဒီလို ပုံပန်းနဲ့ရုပ်တုကို သူချစ်တဲ့ကလေးလေးက သူ့အမှတ်နဲ့ ဖက်တွယ် စိုက်ကြည့်ပြီးနေရတယ်တဲ့လား။

ဒါ ငါ့ပုံ လုံးဝမဟုတ်ဘူး။ ငါနဲ့ ဘယ်နေရာကမှ မတူဘူး။

ဒီရုပ်ထုမှာ နေ့တိုင်း သူ့နာမည်ကို ခေါ်ရင်း သူ့အတွက်အချစ်တွေ ဂျိုရှုဝါ ရင်ဖွင့်နေတာကို တွေးမိတာနဲ့တပြိုင်နက် ဆာဂါ နိုင်ငံရဲ့ အလင်းဘုရားကျောင်းအားလုံးမှာ ရှိသမျှ အလင်းနတ်ဘုရားရုပ်ထုတိုင်းကို ဖျက်ဆီးချင်တော့တယ်။ ဒါပေမယ့် ဒီဘုရားကျောင်းထဲ သူ့ရဲ့ကလေးလေး ရှိနေသမျှကာလပတ်လုံး ထိခိုက်နာကျင်အောင် မလုပ်ရက်တာကြောင့် သူ့ဒေါသကို ထိန်းချုပ်ပြီး အင်္ကျီလက်ကိုဝေ့ယမ်းလိုက်တယ်။ ချက်ချင်းပဲ ရုပ်ထုကို တန်ဆာဆင်ထားတဲ့ သလွန်ပေါ်ထိုင်နေသည့် ချောမောလှပသော သူ့ပုံတူအဖြစ် ပြောင်းလဲလိုက်တယ်။ ဒီလို စိတ်တိုင်းကျလုပ်ပြီးတော့မှ ရေကန်ရှိရာဆီပြန်လာပြီး လက်ထောက်ဂိုဏ်းချုပ်ဆီ လက်ညှိုးညွှန်လိုက်ပြီး သူစုဆောင်းထားတဲ့ အလင်းစွမ်းအင်ကို ရုပ်သိမ်းလိုက်တယ်။ ပြီးတော့ အလင်းနတ်ဘုရားက ကိုယ်ကို ညွတ်ကိုင်းလိုက်ပြီး ကလေးလေးရဲ့ မျက်ခုံးကြားကို တခါထပ်နမ်းလိုက်တယ်။ ဒီတစ်ခါ ပိုသန့်စင်တဲ့ နတ်ဘုရားစွမ်းအင်တွေကို ဖြည့်ပေးရင်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

========================

Continue Reading

You'll Also Like

1.4K 79 5
Sometimes, we met and we must be apart. People come and go but I'll be the one who is st'll beside you. MELANCHOLIC : Short Stories Collection You...
1.4M 184K 166
လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတ...
426K 63.3K 47
အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟက္ကာတစ္ေယာက္ကိုဘဝမ်ားစြာျပန္လည္ေမြးဖြားဖုိ႕ Lod God System ကေ႐ြးခ်ယ္ခဲ့သည္။ ကမာၻႀကီးအဆုံးသတ္သြားေတာ့ အရာအားလံုးက ပ်က္စီးသြားျပ...