FOD_ Arc_ 10.2 Joshua
ဆယ္ေက်ာ္သက္ေကာင္ေလးက အလင္းနတ္ဘုရားရဲ့႐ုပ္တုေရွ႕မွာ ဒူးေထာက္ၿပီး အာ႐ံုစိုက္ဆုေတာင္းေနတာ နာရီအေတာ္ၾကာေနၿပီ။ အလင္းနတ္ဘုရားကလည္း ေရလႊာေၾကးမံုကေန ေကာင္ေလးကို ေတာက္ေလွ်ာက္စိုက္ၾကည့္ၿပီး ဆုေတာင္းစကားကို နားစိုက္ေထာင္ေနရင္း သူ႔လက္ထဲဆုပ္ကိုင္ထားတဲ့ ၀ိုင္ခြက္ကို အမွတ္တမဲ့ လႈပ္လိုက္တယ္။ ေရႊေရာင္၀ိုင္ေတြက လႈပ္ခါသြားၿပီး သင္းပ်ံ႕တဲ့ရနံ႔ေတြ ထြက္လာေပမယ့္ ခါတိုင္းလို အလင္းနတ္ဘုရားကို မဆြဲေဆာင္ႏိုင္ဘူးျဖစ္ေနတယ္။
ေကာင္ေလးရဲ့ ပန္းႏုေရာင္ႏႈတ္ခမ္းဖ်ားက ထြက္က်လာတဲ့ ဆုေတာင္းစကားေတြက ၀ိုင္ထက္ပိုခ်ိဳလို႔ လက္တစ္ဖက္ကို ပါးျပင္မွာေထာက္ၿပီး မ်က္လံုးကိုေမွးစင္းလို႔ လူငယ္ေလးရဲ့ဆုေတာင္းစကားသံေအာက္ သတိလက္လြတ္ နစ္ေမ်ာလို႔ေနတယ္။ ေနာက္ဆံုး လူငယ္ေလးက ဆုေတာင္းမႈၿပီးေတာ့ ဒူးေထာက္ရာကေန ႐ုပ္တုေရွ႕ကိုေလွ်ာက္လာၿပီး ႐ုပ္တုရဲ့ေျခစံုမွာ ၀ပ္ဆင္းလို႔ ေျခေထာက္ေတြကို ျမတ္ႏိုးျခင္းအျပည့္နဲ႔ နမ္း႐ိႈက္လိုက္တယ္။ သူက ထရပ္ၿပီး ခမည္းေတာ္အလင္းနတ္ဘုရားကို ခြဲရမွာ မခဲြႏိုင္ေအာင္ခံစားေနရၿပီး မ်က္၀န္းေထာင့္ကေန မ်က္ရည္ေတြစိမ့္က်လို႔လာတယ္။ မ်က္ေတာင္ဖ်ားမွာ မ်က္ရည္စေတြ တြဲခိုေနပံုေလးက သနားစရာေကာင္းလွၿပီး ခ်စ္စရာပံုကို ပိုေပၚလြင္ေစတယ္။
အလင္းနတ္ဘုရားက လက္ထဲကဖန္ခြက္ကို ခ်လိုက္ၿပီး ေကာင္ေလးကို စူးစိုက္ၾကည့္ၿပီးေနာက္ ေကာင္ေလးရဲ့မ်က္ခံုးႏွစ္ခုၾကားေနရာကို လက္နဲ႔ ညင္သာစြာေထာက္လိုက္တယ္။ ေတာက္ပတဲ့ေရႊေရာင္အလင္းေတြက နတ္ဘုရားရဲ့လက္ညိႈးက ထြက္လာၿပီး ေၾကးမံုျပင္ကိုျဖတ္လို႔ ေကာင္ေလးရဲ့မ်က္ခံုးထဲကို တိုး၀င္သြားတယ္။
က်ိဳးယြင္ရွန္႔က ခမည္းေတာ္ရဲ့ေျခအစံုကို မလႊတ္ခ်င္လႊတ္ခ်င္နဲ႔ လႊတ္လိုက္ၿပီး ထရပ္လိုက္ခ်ိန္ ႐ုတ္တရက္ စြမ္းအင္တစ္ခုက နဖူးကေန၀င္ေရာက္ၿပီး တစ္ကိုယ္လံုးကိုပ်ံ႕ႏွံ႔လို႔ ႏွစ္သိမ့္ၾကည္ႏူးဖြယ္ သက္ေတာင့္သက္သာရွိျခင္း၊ ေႏြးေထြးျခင္းကို ခံစားမိလိုက္တယ္။
ဒါက ခမည္းေတာ္ဆီက ေပးလာတဲ့ လက္ေဆာင္ပဲလား..။
က်ိဳးယြင္ရွန္႔က ထထြက္သြားဖို႔ ေမ့ေလ်ာ့သြားၿပီး ခ်က္ခ်င္း ခမည္းေတာ္ရဲ့ေျခအစံုကို ေပြ႕ဖက္လို႔ ၾကည္လင္တဲ့မ်က္ရည္ႏွစ္စက္က ခမည္းေတာ္႐ုပ္တုရဲ့ေျခဖမိုးေပၚ က်ဆင္းသြားတယ္။ ေနာက္ထပ္မ်က္ရည္ေတြက ပါးျပင္ကိုျဖတ္စီးလို႔ ေမးေစ့မွာ တြဲခိုေနပံုေလးက အရမ္းကို သနားဖို႔ေကာင္းလွတယ္။
"ခမည္းေတာ္ သားေတာ္ရဲ့ဆုေတာင္းစကားကို ခမည္းေတာ္ၾကားရသလားဟင္.. သားေတာ္ ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ခမည္းေတာ္ သိသလား.. သားေတာ္ရဲ့ ကိုယ္နဲ႔၀ိညာဥ္အကုန္လံုး ခမည္းေတာ္ကို ေပးအပ္ပါတယ္.. ခမည္းေတာ္ ယူေဆာင္ေတာ္မူပါ.."
က်ိဳးယြင္ရွန္႔က ခမည္းေတာ္ကို တစ္မိနစ္ေလးေတာင္ မခြဲႏိုင္ဘူး။
တံခါး၀မွာေစာင့္ၾကပ္ေနတဲ့ အေစခံႏွစ္ေယာက္က က်ိဳးယြင္ရွန္႔ထြက္မလာလို႔ ခန္းမထဲ၀င္လာၿပီး တီးတိုးေျပာလိုက္တယ္။
"အရွင္.. ပုပ္ရဟန္းမင္းႀကီးက ဒုတိယမင္းသားရဲ့ ႏွစ္ျခင္းမဂၤလာကိစၥနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးဖို႔ အစည္းအေဝးခန္းမမွာ ေစာင့္ေနပါတယ္.."
က်ိဳးယြင္ရွန္႔က ဘာမွမၾကားသလို ခမည္းေတာ္ရဲ့ေျခက်င္း၀တ္ကိုပဲ တင္းတင္းဖက္တြယ္ထားတယ္။ သိုးငယ္ေလးက မိဘလုပ္သူနဲ႔ ေျခတစ္လွမ္းေတာင္မခြဲႏိုင္သလို သူလည္း ခမည္းေတာ္ကို ထားမသြားရက္ဘူး။
အလင္းနတ္ဘုရားက သူ႔ကိုတြယ္တာလြန္းတဲ့ ေကာင္ေလးကိုၾကည့္ရင္း အမွတ္တမဲ့နဲ႔ သလြန္ေပၚ တင္ပ်ဥ္ေခြထိုင္ေနရာကေန ေျခေထာက္ကိုခ်လိုက္ၿပီး ေၾကးမံုထဲကေကာင္ေလးကုိ စိုက္ၾကည့္လိုက္တယ္။ သူ႔ရင္ထဲက ၾကင္နာျခင္းေတြကို ဖိႏွိပ္ဖို႔ႀကိဳးစားေပမယ့္ မေအာင့္ႏိုင္ေတာ့ဘဲ ဒုတိယအႀကိမ္ ေၾကးမံုထဲလက္ညႊန္ၿပီး ေကာင္ေလးရဲ့နဖူးထဲကို အလင္းစြမ္းအင္ ထပ္ထည့္ေပးလိုက္မိေတာ့တယ္။
ဒီတစ္ခါထည့္ေပးလိုက္တဲ့ အလင္းစြမ္းအင္က ပိုမိုသန္႔စင္ၿပီး ပိုအားေကာင္းတယ္။ ဒီစြမ္းအင္က က်ိဳးယြင္ရွန္႔ရဲ့စိတ္ဝိညာဥ္ကို ပိုမိုအားျဖည့္ၿပီး ေကာင္းကင္ေပၚပ်ံတက္လုမတတ္ ခံစားသြားရေစတယ္။ သူ႔ကိုယ္ထဲ စြမ္းအင္ေတြျပည့္သြားမွ ညင္သာစြာရပ္သြားတယ္။ ဒီတစ္ခါ က်ိဳးယြင္ရွန္႔က ခမည္းေတာ္ဆီက သိသိသာသာရလိုက္တဲ့ အလင္းစြမ္းအင္ေၾကာင့္ ခမည္းေတာ္ရဲ့ခ်စ္ျခင္းကိုေတြးမိၿပီး ရင္အစံု တဆတ္ဆတ္ခုန္လာခဲ့ၿပီး သူ႔ပါးျပင္ႏွစ္ဖက္က စိတ္လႈပ္ရွားမႈေၾကာင့္ ခ်က္ခ်င္း နီျမန္းလို႔လာတယ္။ ခမည္းေတာ္ရဲ့ ခ်စ္ခင္အလိုလိုက္ျခင္းကိုခံရလို႔ က်ိဳးယြင္ရွန္႔ရဲ့ႏႈတ္ဖ်ားက မပီမသညည္းသံေလးထြက္လာၿပီး ပါးျပင္နီေျပေျပေလးရဲ့ အလွတရားက နတ္ဘုရားေတြကိုေတာင္ ႐ူးသြပ္ေအာင္ ဆြဲေဆာင္ႏိုင္ေပတယ္။
ဒီျမင္ကြင္းေၾကာင့္ ေၾကးမံုကိုထိထားတဲ့ အလင္းနတ္ဘုရားရဲ့ လက္ေခ်ာင္းထိပ္က ေအးခဲသြားသလို ခံစားလိုက္ရၿပီး လက္ကို အသာလွမ္း႐ုပ္လိုက္မိတယ္။ အလင္းနတ္ဘုရားက လက္ေခ်ာင္းကို စိတ္မွတ္မဲ့ပြတ္သပ္ေနၿပီး လက္ထိပ္ကေန မီးေလာင္သလို ခံစားလာရတယ္။ အလင္းနတ္ဘုရားက ထူးျခားတဲ့အထိအေတြ႕ေၾကာင့္ လက္ကိုေျမႇာက္ၿပီး ေသခ်ာၾကည့္ရင္း ေရႊေရာင္မ်က္၀န္းတစ္စံုက အနက္ေရာင္ရင့္ရင့္ကို ေျပာင္းလဲလာေတာ့တယ္။
အေစခံက လူငယ္ေလးကို အႀကိမ္ႀကိမ္ေျပာေပမယ့္ ဘာမွျပန္မေျဖလို႔ အစည္းအေဝးခန္းမထဲကို သတင္းသြားပို႔လိုက္တယ္။ ဒါေၾကာင့္ ပုပ္ရဟန္းမင္းနဲ႔ လက္ေထာက္ရဟန္းက ေကာင္ေလးကိုေခၚဖို႔ ဆုေတာင္းခန္းမထဲကို ကိုယ္တိုင္လိုက္လာၾကတယ္။
အလင္းနတ္ဘုရားက လက္ကိုခ်ၿပီး ေၾကးမံုကိုလွမ္းၾကည့္လိုက္ေတာ့ ခ်စ္စရာ ပိန္ပါးတဲ့ေကာင္ေလးရဲ့ပံုရိပ္က ေပ်ာက္ကြယ္သြားလို႔ သက္ေတာင့္သက္သာရွိေနတဲ့ သူ႔ပံုစံက ခ်က္ခ်င္း မ်က္ေမွာင္ကုတ္ၿပီး အလိုမက်တဲ့ပံု ေပၚလာေတာ့တယ္။
"အရွင္.. အေစခံေကာင္ေလးတစ္ေယာက္ ထြက္ေျပးသြားပါတယ္.. ကၽြန္ေတာ္မ်ိဳးကို မိန္႔ၾကားေတာ္မူပါ.. ကၽြန္ေတာ္မ်ိဳး လိုက္ဖမ္းဖို႔ အသင့္ရွိေၾကာင္းပါ.."
အျဖဴေရာင္၀တ္႐ံုကို ဝတ္ဆင္ထားတဲ့ နတ္ဘုရားတစ္ပါးက ခ်က္ခ်င္းဒူးေထာက္ၿပီး ေၾကာက္ရြံ႕စြာနဲ႔ ေျပာလိုက္တယ္။
သနားၾကင္နာတတ္တဲ့ အလင္းနတ္ဘုရားက ေပ်ာက္ကြယ္သြားၿပီး ခန္႔မွန္းရခက္တဲ့ စိတ္ထားရွိတဲ့ အလင္းနတ္ဘုရားအျဖစ္ ေျပာင္းလဲသြားတာကို ဘယ္သူမွမသိၾကဘူး။ ဒီတိုက္ႀကီးကလူေတြက သူတို႔ကိုးကြယ္တဲ့ နတ္ဘုရားေတြ စြန္႔ခြာသြားၾကတယ္လို႔ထင္ၾကေပမယ့္ တကယ္ေတာ့ နတ္ဘုရားအားလံုးက လွပျခင္းနဲ႔ ၿငိမ္းခ်မ္းျခင္းကို ကိုယ္စားျပဳတဲ့ အလင္းနတ္ဘုရားလက္ေအာက္ကို ခိုလံႈက်ဆင္းသြားၾကတာပဲျဖစ္တယ္။
န၀မေျမာက္ေကာင္းကင္ဘံုမွာ ေနထိုင္တဲ့ အလင္းနတ္ဘုရားက လူသားေတြေနတဲ့ေလာကကို ဖ်က္ဆီးပစ္ဖို႔လုပ္ၿပီးမွ စိတ္ေျပာင္းသြားၿပီး ထားရစ္ခဲ့တယ္။ ဒီဟာက ကေလးတစ္ေယာက္က အ႐ုပ္နဲ႔ကစားရတာ ၿငီးေငြ႕သြားၿပီး လႊင့္ပစ္လိုက္တဲ့သေဘာထားနဲ႔ အတူတူပဲ။ အလင္းနတ္ဘုရားက ႏွစ္ေပါင္းသန္းခ်ီ အသက္ရွင္ေနတာျဖစ္လို႔ ဘယ္အရာကိုမွ စိတ္မ၀င္စားေတာ့ဘဲ ၿငီးေငြ႕လို႔ေနတယ္။ ေနာက္ပိုင္း သူ႔၀ါသနာက ထူးဆန္းလာၿပီး ဒီလူသားေလာကထဲက လွပတဲ့ေကာင္ေလးေတြကို စတင္စုေဆာင္းေတာ့တယ္။ အျဖဴေရာင္ဆံပင္ မ်က္သားျပာနဲ႔ေကာင္ေလးေတြ၊ အနက္ေရာင္ဆံပင္ မ်က္၀န္းနက္နက္နဲ႔ ေကာင္ေလးေတြကို စုေဆာင္းၿပီး သူ႔နားမွာ အလုပ္အေကၽြးျပဳေစတယ္။
ဒါေပမယ့္ သူစုေဆာင္းထားတဲ့ေကာင္ေလးေတြကို အလွၾကည့္႐ံုသက္သက္ပဲ ထားရွိၿပီး ဘာမွမလုပ္ေပမယ့္ အေစခံေကာင္ေလးေတြကေတာ့ အလင္းနတ္ဘုရားရဲ့ အာ႐ံုစိုက္မႈရေအာင္ ၿပိဳင္ဆိုင္တိုက္ခိုက္ၾကတယ္။ သူတို႔ဘယ္လိုႀကိဳးစားေပမယ့္ အလင္းနတ္ဘုရားက ေအးစက္စက္နဲ႔ပဲ ၾကည့္ေနတတ္တယ္။ တကယ္လုိ႔ သူ႔ရဲ့စြမ္းအင္နဲ႔ နတ္ဘုရားဆန္တဲ့ပံုရိပ္သာမရွိရင္ အလင္းနတ္ဘုရားေနရာမွာ ဘယ္ကမေကာင္းဆိုးဝါး ေရာက္ေနတာလဲလို႔ ထင္ရေလာက္တယ္။
အလင္းနတ္ဘုရားက သူ႔လက္ေအာက္ခံနတ္ဘုရားက သတင္းပို႔လာေပမယ့္ စိတ္၀င္စားျခင္းမရွိ လက္ယမ္းၿပီးေျပာလိုက္တယ္။
"အဲ့ဒီဟာကို ထြက္သြားပါေစ.."
အလင္းနတ္ဘုရားက 'သူ' လို႔ေတာင္မသံုးဘဲ အရာဝတၳဳတစ္ခုလို 'အဲ့ဒီဟာ' လို႔ သံုးႏႈန္းလိုက္တာျဖစ္လို႔ ဒီအေစခံေကာင္ေလးကို လူသားရယ္လို႔ စိတ္ထဲမွာမရွိတာကို ေဖာ္ျပေနတယ္။
"သူက အရွင့္လက္စြပ္ကို ခိုးသြားပါတယ္.."
လက္ေအာက္ခံနတ္ဘုရားက သတိေပးလိုက္တယ္။
အလင္းနတ္ဘုရားက လံုးလံုးစိတ္မ၀င္စားဘူး။ ေသမ်ိဳးက သူလိုနတ္ဘုရားရဲ့ပစၥည္းကို ဘယ္လိုေတာင္ခိုးယူၿပီး သံုးဖို႔ႀကံရဲတာလဲ။ ဒီလို ေသမ်ိဳးထိထားတဲ့ပစၥည္းကို အလင္းနတ္ဘုရားက ျပန္သံုးစရာလား။ ဟာသပဲ။
အလင္းနတ္ဘုရားရဲ့ ေပ်ာ့ေျပာင္းတဲ့စိတ္သေဘာထားက လက္ေအာက္ခံနတ္ဘုရားကို ထိတ္လန္႔သြားေစတယ္။ ႏွစ္ေထာင္ခ်ီအတြင္း လူသားေကာင္ေလးရဲ့ ဆုေတာင္းစကားေၾကာင့္ ေအးခဲေနတဲ့ အလင္းနတ္ဘုရား အရည္ေပ်ာ္လာတာပဲ ျဖစ္ရမယ္။ ဒါက ႀကံဳေတာင့္ႀကံဳခဲ ျဖစ္ရပ္ေပပဲ။ ဘယ္လိုေကာင္ေလးမ်ိဳးက ရက္စက္ေသြးေအးတဲ့ အလင္းနတ္ဘုရားကို ေသမ်ိဳးေတြရဲ့ဒုကၡကို သတိျပဳမိလာေအာင္ လုပ္လိုက္ႏိုင္တယ္ဆိုတာ သူ တကယ္ပဲ သိခ်င္မိတယ္။
••••••••••••••••••••••••••••••
က်ိဳးယြင္ရွန္႔က အစည္းအေ၀းခန္းမကေန ျပန္ေရာက္လာေတာ့ ဒုတိယမင္းသားက က်ိဳးယြင္ရွန္႔ရဲ့လက္ထဲကို ေဆးခတ္ဖို႔ တိတ္တဆိတ္ ထည့္ေပးလိုက္ေသးတယ္။ ဒါေပမယ့္ အလင္းနတ္ဘုရားကို ႐ူးသြပ္စြာခ်စ္ျမတ္ႏိုးေနတဲ့ က်ိဳးယြင္ရွန္႔က ဒုတိယမင္းသားရဲ့လုပ္ရပ္ေၾကာင့္ ဘယ္လိုမွမေနတဲ့အျပင္ ခမည္းေတာ္ကိုလွည့္စားတဲ့လုပ္ရပ္ထဲ ပါ၀င္မိေလျခင္းဆိုတဲ့ ေနာင္တတရားေၾကာင့္ အေဆာင္ကိုျပန္ေရာက္ေတာ့ ထမင္းေတာင္မစားႏိုင္ေသးဘဲ ျပတင္းေပါက္နားမွာ စိတ္ပ်က္လက္ပ်က္ထိုင္ၿပီး ေန၀င္ခ်ိန္႐ႈခင္းကို ေငးၾကည့္ေနမိတယ္။
တစ္နာရီ၊ ႏွစ္နာရီၾကာေအာင္ ထိုင္ေနၿပီး သူ႔မ်က္၀န္းေတြ ႐ုတ္တရက္ ၾကည္လင္လာတယ္။ သူ စိတ္ညိႈ႕ထားတဲ့အခ်ိန္ ေစ့သြားၿပီျဖစ္လို႔ က်ိဳးယြင္ရွန္႔က အ၀တ္ေတာင္မခၽြတ္ႏိုင္ဘဲ ေရပူစမ္းထဲကို တစ္ခါတည္းခုန္ခ်ၿပီး ေရေအာက္ကိုေခါင္းႏွစ္လို႔ စိတ္ရွိလက္ရွိကို ေအာ္ဟစ္ေပါက္ကြဲလိုက္ေတာ့တယ္။ ေရပူေၾကာင့္ သူ႔မ်က္ႏွာေတြ ပူသြားတာေတာင္ ဂ႐ုမစိုက္ဘူး။
"အား... ငါေသေတာ့မွာပဲ.. တစ္ေနကုန္႐ုပ္တုကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာ ေျပာေနခဲ့ရတယ္.. ႐ုပ္တုနဲ႔ခြဲရမွာစိုးလို႔ မ်က္ရည္ေတာင္က်ခဲ့တယ္ ဟုတ္လား.. ႐ုပ္တုေျခေထာက္ကိုဖက္ၿပီး နမ္းေတာင္နမ္းလိုက္ေသးတယ္.. ငါ ေတာ္ေတာ္ ဦးေႏွာက္မရွိတာပဲ.."
က်ိဳးယြင္ရွန္႔က ဒီအေၾကာင္းကိုေတြးမိေတာ့ ကိုယ့္မ်က္ႏွာကိုယ္သာ ျပန္ပိတ္႐ိုက္လိုက္ခ်င္ေတာ့တယ္။ သူက ေရေအာက္ကေန ေပါက္ကြဲေအာ္ဟစ္ၿပီး ထိုး႐ိုက္ေနလို႔ ေရပူစမ္းတစ္ခုလံုး ပူေပါင္းေတြထလို႔ ဝုန္းဒိုင္းက်ဲေနေတာ့တယ္။
ေရပူစမ္းထဲမွာ ေက်နပ္ေအာင္ ေအာ္ဟစ္ေပါက္ကြဲၿပီးေတာ့မွ က်ိဳးယြင္ရွန္႔ နဂိုႏူးညံ့တဲ့ဟန္ပန္ေလးနဲ႔ ထြက္လာခဲ့တယ္။ ဘာေျပာေျပာ ဒီကေန႔ သူအ႐ူးထရတာ တန္ပါတယ္။ အလင္းစြမ္းအင္အေတာ္မ်ားမ်ား ဆုလာဘ္အေနနဲ႔ရခဲ့လို႔ ေတာ္ေသးတယ္။ က်ိဳးယြင္ရွန္႔က ေက်နပ္ေပမယ့္ ဒီအေၾကာင္းကိုေတြးမိရင္ အန္ခ်င္စိတ္ေပၚေနေသးတယ္။ သူက အေတြးစကိုသိမ္းၿပီး ေရပူစမ္းထဲကထြက္ၿပီး အ၀တ္အစားလဲလုိ႔ ေခါင္းေရစိုလ်က္နဲ႔ အိပ္ယာထဲ ဝင္အိပ္လိုက္ေတာ့တယ္။
ေနာက္ႏွစ္ပတ္ၾကာေတာ့ ဒုတိယမင္းသား အယ္ဂ်ာရဲ့ ၁၈ ႏွစ္ျပည့္ေမြးေန႔ ေရာက္လာတယ္။ သူက ခရီးလွည့္လည္ၿပီး ျပန္မလာခင္ တာဝန္အမ်ားႀကီးၿပီးေအာင္ ေဆာင္ရြက္ရမွာျဖစ္တယ္။ အခုခ်ိန္မွာ ဒီတိုက္ႀကီးက မၿငိမ္းခ်မ္းတဲ့အျပင္ မ်ိဳးႏြယ္စုေတြက သူတလူငါတမင္း အင္အားႀကီးထြားလို႔ေနတယ္။ ဒါေၾကာင့္ ဒုတိယမင္းသားက ခရီးလွည့္လည္ရင္း သူတို႔ေတြကို လိုက္စည္း႐ံုးရမွာျဖစ္ေပမယ့္ အခ်ိန္မေရြး အင္အားႀကီးတစ္ေယာက္ရဲ႕ လက္ခ်က္ေၾကာင့္ သူေသဆံုးသြားႏိုင္တယ္။
အလင္းစြမ္းအင္က နတ္ဆိုးျမဴကို ကာကြယ္ႏိုင္တဲ့အျပင္ ေရာဂါကိုကုသႏိုင္စြမ္းလည္း ရွိတယ္။ အလင္းစြမ္းအင္ပိုင္ဆိုင္တဲ့သူက ႏွစ္ဖက္ဓားသြားနဲ႔တူတယ္။ ရန္သူကိုထိုးခုတ္ႏိုင္သလို ကိုယ္လည္း ထိခိုက္ႏိုင္တယ္။ အလင္းစြမ္းအင္က မေကာင္းဆိုးဝါးေတြကို ဆြဲေဆာင္ႏိုင္တယ္။ သတိတစ္ခ်က္လြတ္တာနဲ႔ မေကာင္းဆုိးဝါးစြမ္းအင္က စိတ္ထဲခိုဝင္ၿပီး ကိုယ့္ဝိညာဥ္ကို ဝါးၿမိဳသြားႏိုင္တယ္။ ဒီလိုဆိုရင္ ကိုယ္က မေကာင္းဆိုးဝါးအျဖစ္ ေျပာင္းသြားၿပီး ကိုယ့္လူကိုယ္ ျပန္သတ္ျဖတ္မိေတာ့တယ္။
အစြမ္းပိုထက္ေလ မေကာင္းဆိုးဝါးကို ပိုဆြဲေဆာင္ႏိုင္ေလျဖစ္ၿပီး နတ္ဆိုးေတြက စြမ္းအားႀကီးသူေဘးမွာ မျပတ္ေစာင့္ၿပီး အလစ္ေခ်ာင္းေနတတ္ၾကတယ္။ ဒါေၾကာင့္ ခရီးလွည့္လည္သြားတဲ့အုပ္စုမွာ အလင္းစြမ္းအင္ရွိတဲ့ ဘုန္းႀကီးတစ္ေယာက္စီကို ထည့္ေပးရေလ့ရွိတယ္။ လူသားေတြက နတ္ဆိုးေတြကိုတိုက္ခိုက္ခ်ိန္ အလင္းဘုန္းႀကီးက မေကာင္းဆိုးဝါး ဝင္မပူးႏိုင္ေအာင္ စည္းခ်ေပးၿပီး အလင္းစြမ္းအင္နဲ႔ ကာကြယ္ေပးရတယ္။ အလင္းစြမ္းအင္က လူ႔ကိုယ္ထဲဝင္ေရာက္လာတဲ့ ကပ္ပါးမေကာင္းဆိုးဝါးကို ေခ်မႈန္းေပးႏိုင္လို႔ အလင္းဘုန္းႀကီးေတြက အေရးပါတယ္။
ဆာဂါျပည္မွာ အလင္းဘုန္းႀကီး သံုးပါးပဲရွိတယ္။ ပုပ္ရဟန္းမင္းႀကီးက အသက္ႀကီးၿပီ။ ေနာက္တစ္ပါး က်ိဳးယြင္ရွန္႔က အရြယ္မေရာက္ေသးဘူး။ ဒါေၾကာင့္ လက္ေထာက္ဘုန္းႀကီးကပဲ ဒုတိယမင္းသားနဲ႔ ခရီးလွည့္လည္ရာမွာ လိုက္ပါရဖို႔ပဲ က်န္ရွိေတာ့တယ္။
ပုပ္ရဟန္းမင္းႀကီးက ႏွစ္ျခင္းမဂၤလာပြဲၿပီးတာနဲ႔ မင္းႀကီးကို စကားတစ္ခြန္းမွမေျပာဘဲ လွည့္ျပန္လာခဲ့တယ္။ အလင္းနတ္ဘုရားရဲ႕ မိန႔္ၾကားခ်က္ကို ေသခ်ာေပါက္ၾကားရမယ္လို႔ ေမွ်ာ္လင့္ထားတဲ့ ဒုတိယမင္းသားက အံ့အားသင့္သြားၿပီး ဒီကိစၥကို ေသခ်ာေမးျမန္းဖို႔ ဂ်ိဳရႈဝါကို အကြယ္တစ္ေနရာကို ေခၚသြားတယ္။
"ဂ်ိဳရႈဝါ.. မင္းကတိကိုေမ့သြားၿပီလား.. တကယ္လို႔ ငါသာ ဒီဆာဂါျပည္မွာ ဘုရင္မျဖစ္ဘူးဆိုရင္ ငါ့ေနာင္ေတာ္က နတ္ဆိုးေတြတိုက္ထုတ္ဖို႔ ငါ့ကို နယ္စပ္ပို႔လိုက္လိမ့္မယ္.. ဒါဆိုရင္ ငါ မင္းနဲ႔ ဘယ္ေတာ့မွ ထပ္မေတြ႕ႏိုင္ေတာ့ဘူး.."
ကိုယ့္ကိုယ္ကိုယ္ စိတ္ညႇိဳ႕ထားလို႔ က်ိဳးယြင္ရွန႔္ရဲ႕ဦးေႏွာက္ေတြက ရႈပ္ေထြးေနေပမယ့္ ဒုတိယမင္းသားက ဂ်ိဳရႈဝါကိုအသုံးခ်ေနတဲ့ကိစၥကို သူေမ့မသြားဘူး။ သူ႔အကူအညီမပါဘဲ ဒုတိယမင္းသားက ဆာဂါျပည္ရဲ႕ထီးနန္းကို ဘယ္လိုရေအာင္ယူမယ္ဆိုတာ သူသိခ်င္ေသးတယ္။
အခု ဒုတိယမင္းသားကို သူ ဆက္ကူညီမွာမဟုတ္ေပမယ့္ သူ႔စိတ္ထဲ ရန္ၿငိဳးဖြဲ႕တဲ့အထိ သူက ဘာမွေစာ္ကားမွာမဟုတ္ဘူး။ ဒုတိယမင္းသားရဲ႕ အနာဂတ္ၾကင္ဖက္က ႀကီးမားတဲ့ေနာက္ခံအင္အားရွိတဲ့ ဘိုးလ္ျဖစ္ၿပီး သူက အလင္းနတ္ဘုရားဆီက ထြက္လာသူျဖစ္လို႔ အလင္းစြမ္းအင္က သူ႔ထက္ပိုမ်ားတယ္။ ဒါ့အျပင္ ဘိုးလ္ကိုခ်စ္ေနတဲ့ အလင္းနတ္ဘုရား၊ အေမွာင္နတ္ဆိုး၊ နတ္သူငယ္ဘုရင္၊ သားရဲဘုရင္နဲ႔ ပုပ္ရဟန္းမင္းတို႔ ေျခာက္ေယာက္အုပ္စုက သူဘယ္လိုမွ ဆန႔္က်င္တိုက္ခိုက္လို႔မရတဲ့ ဒီကမာၻရဲ႕ အင္အားႀကီးအုပ္စုေတြျဖစ္တယ္။ ဒါေၾကာင့္ သူက ဒုတိယမင္းသားကို မ်က္ရည္ခံထိုးၿပီး လွည့္စားဖို႔ဆုံးျဖတ္လိုက္တယ္။
က်ိဳးယြင္ရွန႔္ရဲ႕မ်က္လုံးထဲ ပုလဲေရာင္မ်က္ရည္တို႔ ခိုတြဲလာၿပီး တုန္ယင္ဆို႔နင့္စြာ ေျပာလိုက္တယ္။
"အယ္လ္ဂ်ာ.. မင္း ဘယ္လိုလုပ္ၿပီး ငါခ်စ္တဲ့ခမည္းေတာ္ကို သစၥာေဖာက္ဖို႔ တိုက္တြန္းရက္တာလဲ.. ခမည္းေတာ္က ဘာကိုမွဖုံးကြယ္လို႔မရတဲ့ တန္ခိုးရွင္ျဖစ္ေနလို႔ ဒီလိုလုပ္ဖို႔ေတြးတာနဲ႔တင္ အျပစ္ေျမာက္ေနၿပီ.. ဒီျပစ္မႈေၾကာင့္ ငါ့ကိုယ္က ငရဲမီးမွာ ေလာင္ကြၽမ္းခံရေတာ့မယ္.. တကယ္လို႔ ငရဲမွာ အျပစ္မခံရရင္ေတာင္ ငါက ခမည္းေတာ္ရဲ႕ယုံၾကည္မႈ၊ ခ်စ္ခင္မႈကိုဆုံးရႈံးၿပီး ရွက္စရာ သစၥာေဖာက္ေကာင္ဘဝနဲ႔ ရွင္သန္သြားရလိမ့္မယ္.. ၿပီးေတာ့ တိုင္းသူျပည္သားေတြက ငါ့ကို အျပစ္တင္ႏွိမ္ခ်ေစာ္ကားၿပီး ေက်ာက္ခဲေတြနဲ႔ ေသတဲ့အထိ ထုသတ္ၾကလိမ့္မယ္.. မင္း ငါ့အနာဂတ္ကို တကယ္ပဲ ဒီလိုျဖစ္ေစခ်င္တာလား.. မင္းက ငါ့ကို ေမွ်ာ္လင့္ခ်က္ကင္းမဲ့တဲ့ နတ္ဆိုးေခ်ာက္ထဲကို တြန္းခ်ခ်င္ေနတာလား.. အယ္လ္ဂ်ာ.. မင္း ငါ့အေပၚထားတဲ့ ေမတၱာတရားကို ငါ သံသယဝင္ခ်င္လာၿပီ.."
ဒုတိယမင္းသားက မေမွ်ာ္လင့္ထားတဲ့ က်ိဳးယြင္ရွန႔္ရဲ႕တုံ႔ျပန္မႈေအာက္မွာ ဆြံ႕အသြားခဲ့တယ္။ ဒီရက္ပိုင္းအတြင္း ဂ်ိဳရႈဝါက ဒီဟာေတြကို ဘယ္လိုမ်ား ေတြးတတ္လာတာလဲ။ တကယ္ပဲ သူေျပာသလိုလုပ္ရင္ ဂ်ိဳရႈဝါ ဒီအျပစ္ေတြခံရမွာျဖစ္တယ္။
ဒုတိယပုပ္ရဟန္းမင္းႀကီးက တရားမဝင္ကေလးရွိတာေပၚသြားလို႔ ပုပ္ရဟန္းမင္းဆက္ခံခြင့္ကို ပယ္ဖ်က္ခံလိုက္ရၿပီး ေနာင္တက္မယ့္ပုပ္ရဟန္းမင္းက ဂ်ိဳရႈဝါလက္ထဲကိုေရာက္ဖို႔က ေသခ်ာေနၿပီ။ ဒီဆာဂါျပည္မွာ ပုပ္ရဟန္းမင္းဆိုတာ ဘုရင္နဲ႔ အဆင့္အတန္းခ်င္းညီမွ်လို႔ သူက ဂ်ိဳရႈဝါကို ပစ္ပစ္ခါခါေတာ့ ေျပာလိုက္လို႔မရဘူး။ ဒါေၾကာင့္ သူက ဂ်ိဳရႈဝါနဲ႔အတူရွိခ်င္လို႔ ဒီလို လုပ္မိလုပ္ရာ ႀကံစည္ရတာပါလို႔ ေခြၽးသိပ္ေျပာဆိုလိုက္တယ္။ သူက ဒီျပစ္မႈေတြကို ေမ့သြားလို႔ပါ၊ အခု ဒီမတရားမႈေတြကို ဂ်ိဳရႈဝါကို မလုပ္ခိုင္းေတာ့ပါဘူးလို႔ အယ္လ္ဂ်ာက က်ိန္တြယ္ေျပာဆိုလိုက္ေတာ့တယ္။ သူ႔အမွားကို ခြင့္လႊတ္ေပးဖို႔လည္း ေတာင္းပန္လိုက္တယ္။
က်ိဳးယြင္ရွန႔္က ေခါင္းညိတ္လိုက္ၿပီး ထြက္မသြားခင္ အယ္လ္ဂ်ာရဲ႕မ်က္ဝန္းထဲကို ေလးေလးနက္နက္ စိုက္ၾကည့္လိုက္တယ္။ ဒီအၾကည့္ထဲမွာ အတိတ္ကာလက ခ်စ္ခင္ျခင္းေတြ တစ္စက္ကေလးမွ ပါမလာလို႔ ဒုတိယမင္းသားအယ္လ္ဂ်ာက ရင္ထဲတုန္လႈပ္သြားၿပီး ထြက္မသြားခင္ တြန႔္ဆုတ္ေတြေဝလို႔ေနတယ္။
နဝမေျမာက္ေကာင္းကင္ဘုံမွာ အလင္းနတ္ဘုရားက ဒီျမင္ကြင္းကို ေသခ်ာေစာင့္ၾကည့္ေနတယ္။ ဆြဲေဆာင္မႈရွိတဲ့ ေတာင့္တင္းတဲ့ကိုယ္ခႏၶာကို သလြန္ေပၚမွာ သက္ေတာင့္သက္သာ မွီထိုင္ေနၿပီး ေခ်ာေမာလွတဲ့ အေစခံေကာင္ေလးတစ္ေယာက္က ဝိုင္ကိုငွဲ႔ေပးၿပီး က်န္လူငယ္ေတြက ေတးသီခ်င္း သီက်ဴးေဖ်ာ္ေျဖေနေပမယ့္ ခမည္းေတာ္က သူတို႔မျမင္ႏိုင္တဲ့တစ္ေနရာက တစ္ေယာက္ေယာက္ကို အာ႐ုံစိုက္ၾကည့္ေနတယ္ဆိုတာ သူတို႔သိတယ္။ တခ်ိဳ႕ေကာင္ေလးေတြက အၿပဳံးေလးေတြနဲ႔ ေျခေထာက္ေတြကို ႏွိပ္နယ္ေပးေနေပမယ့္ ဘယ္သူမွ ခမည္းေတာ္ရဲ႕အာ႐ုံကို မေႏွာင့္ယွက္ရဲၾကဘူး။ ခမည္းေတာ္ရဲ႕စိတ္အာ႐ုံကို ဘယ္သူက ဖမ္းစားထားတယ္ဆိုတာကို သူတို႔ မသိႏိုင္ၾကဘူး။
ခပ္လွမ္းလွမ္းကၾကည့္ေနတဲ့ နတ္ဘုရားတစ္ပါးကပဲ ခမည္းေတာ္ရဲ႕စိတ္ခံစားခ်က္ ေျပာင္းလဲလာတာကို သတိျပဳမိလိုက္တယ္။ ခမည္းေတာ္ရဲ႕မ်က္ဝန္းေတြက ေ႐ႊေရာင္ကေန အနက္ေရာင္အျဖစ္ ေျပာင္းလဲသြားေတာ့ ခမည္းေတာ္က တစ္ခုခုကို စိတ္အလိုမက်ျဖစ္ၿပီး လြတ္ထြက္ခ်င္ေနၿပီဆိုတာ သတိထားမိလိုက္တယ္။ ခမည္းေတာ္ရဲ႕ထိန္းခ်ဳပ္မႈက လုံးလုံးလြတ္သြားရင္ ျပင္းထန္တဲ့စြမ္းအားေတြေၾကာင့္ လူ႔ျပည္မွာရွိတဲ့ အလင္းဘုရားေက်ာင္းေတြအားလုံး ေပါက္ကြဲပ်က္စီးသြားလိမ့္မယ္။ တစ္ႀကိမ္တုန္းက ခမည္းေတာ္စိတ္ဆိုးၿပီး ဒီလိုေဖာက္ခြဲပစ္ခဲ့ၿပီးၿပီ။ အခုလည္း ေနာက္တစ္ခါ ထပ္ျဖစ္ျပန္ဦးမွာလားလို႔ စိုးရိမ္သြားတယ္။
ခမည္းေတာ္ကို စိတ္ဆိုးေအာင္လုပ္တဲ့လူကို သူ က်ိတ္ၿပီး က်ိန္ဆဲလိုက္မိတယ္။ အရင္တစ္ခါ ခမည္းေတာ္စိတ္ဆိုးၿပီး တန္ခိုးေတြ အထိန္းအခ်ဳပ္မဲ့သြားတုန္းက ျပင္းထန္တဲ့ တန္ခိုးေတြရဲ႕ဒဏ္ေၾကာင့္ သူ႔ေရွ႕က တာဝန္ထမ္းေဆာင္တဲ့နတ္ဘုရားက ေပါက္ကြဲၿပီး အစအနေတာင္ ရွာမရတဲ့ဘဝကို ေရာက္သြားခဲ့တယ္။ အခုလည္း သူ ဒီလိုႀကဳံေတြ႕ရေတာ့မလားဆိုၿပီး တုန္လႈပ္ေနမိတယ္။
က်ိဳးယြင္ရွန႔္က ဆုေတာင္းခန္းမထဲကိုဝင္လာၿပီး ခမည္းေတာ္ရဲ႕ေျခရင္းမွာ ပ်ပ္ဝပ္ရွိခိုးလိုက္တယ္။ သူ႔မ်က္ဝန္းထဲမွာ ခမည္းေတာ္ကိုပဲျမင္တယ္။ သူ႔ႏွလုံးသားက ခမည္းေတာ္ကို ခ်စ္တဲ့အခ်စ္ေတြနဲ႔ပဲ ျပည့္ေနတယ္။ အရင္မွတ္ဉာဏ္အရ ဒုတိယမင္းသားက သူ႔ကိုမခ်စ္ဘူးဆိုတာ သိေပမယ့္ သူ႔ႏွလုံးသားအစုံက ဒီအခ်က္ေၾကာင့္ ေလးလံလို႔ေနတယ္။
သူ႔ခမည္းေတာ္ကို သစၥာေဖာက္မိခဲ့ၿပီဆိုတဲ့ ခံစားခ်က္ေၾကာင့္ ျပစ္မႈႀကီးက်ဴးလြန္ေနရသလို ခံစားရၿပီး ကြဲေၾကတဲ့ႏွလုံးသားနဲ႔ ခမည္းေတာ္ရဲ႕ေျခဖမိုးမွာ ပါးအပ္ၿပီး မ်က္ဝန္းထဲကေန မ်က္ရည္ေပါက္ႀကီးေတြ တာတမံက်ိဳးသလိုစီးက်လာၿပီး ေနာင္တစိတ္နဲ႔ ရႈိက္ငင္ငိုေႂကြးေတာ့တယ္။
သူ႔မ်က္ဝန္းေတြက ပိတ္ထားၿပီး ပါးျပင္က မ်က္ရည္ေတြနဲ႔ စိုလူးေနတယ္။ သူက ႏႈတ္ခမ္းကို သြားနဲ႔ဖိကိုက္ထားလို႔ ခဏေနရင္ ေသြးထြက္လာေတာ့မလို ထင္ရေပမယ့္ နာက်င္မႈကို က်ိဳးယြင္ရွန႔္ နည္းနည္းမွမခံစားရဘူး။ သူ႔ႏွလုံးသားထဲမွာ ခမည္းေတာ္ကို သစၥာေဖာက္မိေလျခင္းဆိုတဲ့ အေတြးေတြနဲ႔ပိၿပီး ယူက်ဳံးမရတဲ့ ေနာင္တ,တရားေတြကိုပဲ ခံစားေနရတယ္။
"ခမည္းေတာ္ဘုရား.. သားေတာ္ ခမည္းေတာ္ကို ဘယ္လိုဖြင့္ေျပာရမလဲဟင္.. သားေတာ္က လူလိမ္တစ္ေယာက္ညာတာကို ခံလိုက္ရၿပီး ခမည္းေတာ္ရဲ႕ခ်စ္ျခင္းတရားကို ေမ့ခဲ့မိတယ္.. ခမည္းေတာ္.. သားေတာ္က မယိမ္းယိုင္တဲ့စိတ္နဲ႔ ခမည္းေတာ္ကို ယုံၾကည္ကိုးကြယ္ရမွာကို ပ်က္ကြက္ခဲ့မိတယ္.. သားေတာ္ရဲ႕ပ်က္ကြက္မႈကို ျပန္ျပင္ႏိုင္မယ္ဆိုရင္ ငရဲမီးမွာေလာင္ကြၽမ္းရပါေစ၊ သားေတာ္ ျပန္ျပင္ပါရေစ.. ခမည္းေတာ္.. သားေတာ္ရဲ႕အျပစ္အားလုံးကို ခမည္းေတာ္ဆီမွာ ဝန္ခ်ေတာင္းပန္ပါတယ္.. သနားေသာအားျဖင့္ သားေတာ္ကို ခြင့္လႊတ္ေတာ္မူပါ.. သားေတာ္ အခု ေနာင္တ တရားေတြေၾကာင့္ ႏွလုံးသားနာက်င္လို႔ ေသလုေမ်ာပါး ခံစားေနရပါၿပီ ခမည္းေတာ္.. သားေတာ္ကို ဆက္လက္ခ်စ္ေပးေတာ္မူပါ.."
က်ိဳးယြင္ရွန႔္က ေအးစက္တဲ့႐ုပ္တုကို တင္းတင္းဖက္ၿပီး တတြတ္တြတ္ ေတာင္းပန္ေနမိတယ္။ သူ႔မ်က္ႏွာက ေဖ်ာ့ေတာ့ေနၿပီး သူ႔ႏွာေခါင္းထိပ္နဲ႔ မ်က္ဝန္းေတြက နီရဲလို႔ေနတယ္။ သူ႔ပုံစံေလးက သနားစရာ၊ ခ်စ္စရာသြင္ျပင္ေလး ျဖစ္ေနတယ္။
အလင္းနတ္ဘုရားရဲ႕မ်က္ဝန္းထဲက အနက္ေရာင္ေတြက ခ်က္ခ်င္း ေပ်ာက္ကြယ္သြားေတာ့တယ္။ သူက ေၾကးမုံျပင္ကိုထိေတြ႕ၿပီး ေကာင္ေလးရဲ႕ပါးျပင္ေပၚက မ်က္ရည္ေတြကို သုတ္သင္ဖယ္ရွားေပးေနတယ္။ ဒီေကာင္ေလးက ခုမွ ၁၆ ႏွစ္ပဲရွိေသးတာ ဘယ္ရင့္က်က္ဦးမွာလဲ..။ လူေတြရဲ႕ဖုံးကြယ္ထားတဲ့ မေကာင္းတဲ့စိတ္ကို သူ႔ခမ်ာ ဘယ္လို ေဖာက္ထြင္းျမင္ႏိုင္မွာတဲ့လဲ။ မေကာင္းတဲ့ေကာင္ေတြက သူေလးကိုလွည့္စားၿပီး အသုံးခ်တာခံလိုက္ရတာ သူေလးရဲ႕အျပစ္မွမဟုတ္တာ။
အလင္းနတ္ဘုရားရဲ႕မ်က္ဝန္းထဲက ေဒါသေတြ တျဖည္းျဖည္းေပ်ာက္ကြယ္သြားၿပီး ေနာင္တေတြနဲ႔ငိုေႂကြးေနတဲ့ ေကာင္ေလးကို ေၾကးမုံျပင္တစ္ဖက္ကေန လွမ္းေခၚယူၿပီး ေပါင္ေပၚေပြ႕တင္ဖက္ထားလို႔ မ်က္ရည္ေတြကို သုတ္ေပးခ်င္စိတ္ေပၚလာတယ္။
သူ႔ရဲ႕ယုံၾကည္သူေလး..၊ သူ႔ရဲ႕ကေလးေလးကို ဒီေလာက္စိတ္ဆင္းရဲေအာင္လုပ္ရဖို႔ ဘယ္သူကမွ မထိုက္တန္ဘူး။ သူေလးက လမ္းေပ်ာက္မလိုျဖစ္ခဲ့ေပမယ့္ သူ႔အေပၚထားတဲ့ ေလးနက္တဲ့ခ်စ္ျခင္းေၾကာင့္ သူ႔ေျခရင္းကို ျပန္ေရာက္လာခဲ့တယ္။
ဒီကေလးရဲ႕ႏွလုံးသားထဲကေန ေနာင္တရမႈနဲ႔ ပူေဆြးမႈေတြကို ခံစားလိုက္ရလို႔ အလင္းနတ္ဘုရားက လက္ညႇိဳးကေနတစ္ဆင့္ ေကာင္ေလးဆီကို အလင္းစြမ္းအင္ေတြ ပို႔လႊတ္ေပးလိုက္တယ္။ ေႏြးေထြးၿပီးသန႔္စင္တဲ့ အလင္းစြမ္းအားေတြ စီးဝင္လာတဲ့အတြက္ ေကာင္ေလးက ျပင္းျပင္းထန္ထန္ ငိုေႂကြးေနရာကေန တိတ္သြားခဲ့တယ္။ မယုံၾကည္ႏိုင္စြာနဲ႔ သူ႔နဖူးေလးကို လက္နဲ႔စမ္းလိုက္ၿပီး မ်က္ဝန္းေလးေတြ ေတာက္ပလို႔လာတယ္။
"သားေတာ္ကို ခြင့္လႊတ္လိုက္ၿပီလား ခမည္းေတာ္ဘုရား.. သားေတာ္သိတယ္.. ဂ႐ုဏာႀကီးမားတဲ့ ခမည္းေတာ္က သားေတာ္ရဲ႕အျပစ္ကို ခြင့္လႊတ္ေပးလိုက္တယ္ဆိုတာ သားေတာ္သိပါတယ္.. အခုခ်ိန္ကစၿပီး သားေတာ္ဂ်ိဳရႈဝါက ခမည္းေတာ္ကလြဲၿပီး ဘယ္သူ႔ကိုမွ ေမာ္လို႔ေတာင္ မၾကည့္ေတာ့ပါဘူး.. ဒီေလာကမွာ ခမည္းေတာ္နဲ႔ယွဥ္ႏိုင္ေလာက္တဲ့လူ တစ္ေယာက္မွမရွိဘူး.. သားေတာ္ အယ္လ္ဂ်ာကို ေမ့ပစ္လိုက္ၿပီး တစ္ဘဝလုံး ခမည္းေတာ္အတြက္ပဲ အသက္ရွင္ပါေတာ့မယ္.."
က်ိဳးယြင္ရွန႔္က သူ႔ရဲ႕ျဖဴေဖြးတဲ့မ်က္ႏွာေလးနဲ႔ ႐ုပ္ထုကို ညင္သာစြာပြတ္သပ္ရင္း ကတိေပးလိုက္တယ္။ မ်က္ဝန္းထဲမွာမ်က္ရည္စေတြ ရစ္သိုင္းေနေပမယ့္ သူ႔မ်က္ႏွာထက္မွာ ခ်ိဳသာတဲ့အၿပဳံးေလးကို ေတြ႕လိုက္ရတယ္။
အလင္းနတ္ဘုရားရဲ႕ ေ႐ႊေရာင္မ်က္ဝန္းေတြက ေ႐ႊအိုေရာင္ရင့္ရင့္သန္းလာၿပီး ေကာင္ေလးရဲ႕လႈပ္ရွားမႈကို တစ္ခုမွမလြတ္တမ္း စိုက္ၾကည့္ေနေတာ့တယ္။ သူ႔ကိုယုံၾကည္သူေလးနာမည္က ဂ်ိဳရႈဝါတဲ့လား..။ ဘယ္ေလာက္ခ်စ္စရာေကာင္းတဲ့ နာမည္ေလးလဲ..။ ခမည္းေတာ္နဲ႔ တစ္ဘဝလုံး အတူေနသြားမယ္တဲ့လား..။ ခ်စ္စရာေကာင္းလိုက္တဲ့ ဆႏၵေလး..။
အလင္းနတ္ဘုရားက သူ႔ေျခရင္းကို လွမ္းစိုက္ၾကည့္ရင္း ေကာင္ေလးက တကယ္ သူ႔ေဘးကိုေရာက္လာတယ္လို႔ စိတ္ကူးယဥ္လိုက္တယ္။ ေကာင္ေလးက သူ႔ေျခရင္းမွာဝပ္ဆင္းၿပီး ေျခအစုံကို လက္ေမာင္းေလးေတြနဲ႔သိုင္းဖက္လို႔ ေျခဖမိုးကို သူ႔ပါးျပင္ႏုႏုေလးနဲ႔ ပြတ္တိုက္ေနရင္ ဘယ္လိုခံစားရမွာပါလိမ့္။ ဒီလိုေတြးလိုက္မိ႐ုံနဲ႔ အလင္းနတ္ဘုရားရဲ႕စိတ္ထဲ ဝမ္းေျမာက္ေပ်ာ္႐ႊင္ျခင္းတို႔ ျပည့္လွ်ံသြားေတာ့တယ္။
အလင္းနတ္ဘုရားရဲ႕ လက္ေအာက္ခံနတ္ဘုရားက အလင္းေၾကးမုံကို စိုက္ၾကည့္ေနေပမယ့္ သခင္ကခြင့္မျပဳေတာ့ ဘာကိုမွမျမင္ရဘူး။ ဒီေၾကးမုံျပင္တစ္ဖက္မွာ ဆုေတာင္းသူတစ္ေယာက္ရွိေနတာကိုေတာ့ နတ္ဘုရားကရိပ္မိတယ္။ ေၾကးမုံတစ္ဖက္က တစ္စုံတစ္ေယာက္ေၾကာင့္ ခမည္းေတာ္ရဲ႕ေဒါသက အခ်ိန္တိုအတြင္း ေပ်ာက္ကြယ္သြားခဲ့တာပဲ။ ဒီျဖစ္ရပ္က ႏွစ္ေပါင္းသန္းခ်ီကာလအတြင္း သူတစ္ခါမွမျမင္ဖူးတဲ့ ျဖစ္ရပ္တစ္ခုျဖစ္တယ္။
နတ္ဘုရင္ႀကီးရဲ႕စိတ္ဝင္စားမႈကို ဘယ္လိုလူကမ်ား ဒီေလာက္ထိ သိမ္းပိုက္ထားႏိုင္ရတာလဲ။ ဘယ္ဘုရားေက်ာင္းက ယုံၾကည္သူျဖစ္မလဲ။
နတ္ဘုရင္ႀကီးရဲ႕စိတ္အာ႐ုံက တစ္ေနရာကိုေျပာင္းလဲၿပီး စူးစိုက္ေနလို႔ သူက ဘာမွမေမးရဲဘဲ အနားမွာရွိတဲ့ အေစခံေကာင္ေလးအုပ္စုကို လက္ေဝွ႔ယမ္းၿပီး ထြက္သြားခိုင္းလိုက္တယ္။ ေၾကာက္လန႔္ေနတဲ့ေကာင္ေလးတစ္စုက ခ်က္ခ်င္းပဲ တိတ္တိတ္ဆိတ္ဆိတ္ ထြက္သြားၾကေတာ့တယ္။
က်ိဳးယြင္ရွန္႔က တစ္ေနကုန္ ေနာင္တ,တရားနဲ႔ ေတာင္းပန္ေနၿပီး ေနဝင္မွ အိပ္ေဆာင္ကိုျပန္လာခဲ့တယ္။ သူက ေရပူစမ္းရွိရာကို ေျပးသြားၿပီး အထဲကိုခုန္ခ်ငုပ္လွ်ိဳးလိုက္ၿပီး ေအာ္ဟစ္ေပါက္ကြဲလို႔ ေရကိုလက္သီးနဲ႔ထိုးၿပီး စိတ္ရွိတိုင္း လုပ္ေနေတာ့တယ္။
"ေသာက္ေခြးပဲ.. ငါက ေခြးေလးတစ္ေကာင္လို တအီအီငိုေၾကြးေနခဲ့တာလား.. ရွက္ဖို႔ေကာင္းလိုက္တာ.. ရွက္လြန္းလို႔ ေသဖို႔ေတာင္ေကာင္းေနၿပီ.. ဦးေႏွာက္မရွိလိုက္တာကြာ.. အသိဥာဏ္မဲ့တဲ့လူေတြက သူတို႔ကိုယ္ကို ကိုးကြယ္တဲ့နတ္ဘုရားကို ေပးအပ္ခ်င္စိတ္ရွိတာ ဘာမွမထူးဆန္းေတာ့ဘူး.. အခုေတာ့ သူတုိ႔ခံစားခ်က္ကို ငါ သေဘာေပါက္သြားၿပီ.."
အလင္းနတ္ဘုရားကို ႐ူးသြပ္ကိုးကြယ္တဲ့သူေပ်ာက္ၿပီး က်ိဳးေၾကာင္းဆင္ျခင္တတ္တဲ့သူ ျပန္ေရာက္လာေတာ့ သူလုပ္ခဲ့မိတာကို သတိရၿပီး ေဒါသတႀကီးနဲ႔ ေအာ္ဟစ္ေပါက္ကြဲလို႔ ေရကိုထိုးကန္႐ိုက္ႏွက္ၿပီး ေဒါသကိုေျဖေဖ်ာက္ေနပံုေလးက ရယ္စရာေလးျဖစ္ေနတယ္။
ကိုးကြယ္ယံုၾကည္သူေလးရဲ့ ခ်စ္စရာေကာင္းတဲ့အခ်က္ကို သိၿပီးကတည္းက အလင္းနတ္ဘုရားက ေၾကးမံုကိုဆင့္ေခၚၿပီး ေကာင္ေလးရဲ့ဆုေတာင္းစကားကို ခဏခဏနားေထာင္ေနေတာ့တယ္။ ဒီစကားေတြက အရမ္းကိုခ်ိဳၿမိန္ၿပီး သူ႔ကို ေပ်ာ္ရႊင္ေစတယ္။ ၾကာၾကာေစာင့္ၾကည့္မိေလ ဒီေကာင္ေလးကို ပိုခ်စ္ခင္ႏွစ္လိုေလ ျဖစ္လာၿပီး အခ်ိန္တိုင္းနီးပါး ေကာင္ေလးရဲ့လႈပ္ရွားမႈကို တိတ္တဆိတ္ ေခ်ာင္းေျမာင္းၾကည့္ေနမိေတာ့တယ္။
သူက ေၾကးမံုကေနတစ္ဆင့္ ေကာင္ေလးရဲ့ ကိုးကြယ္ဆည္းကပ္မႈနဲ႔ ခ်စ္ျခင္းတရားကို ေဖာ္ျပတာကို ေန႔စဥ္ေစာင့္ၾကည့္ေလ.. ေကာင္ေလးကို ပိုခ်စ္ခင္လာေလ ျဖစ္ေနတယ္။ ဒီေကာင္ေလးရဲ့ခ်စ္ျခင္းက သူ႔ကို ေပ်ာ္ရႊင္လာေစတယ္။ သူက ဒီအဓိကကုန္းေျမႀကီးက တစ္ဆူတည္းေသာနတ္ဘုရားျဖစ္လို႔ လူေပါင္းမ်ားစြာ ကိုးကြယ္ဆည္းကပ္ေပမယ့္ ဘယ္သူ႔ဆုေတာင္းစကားမွ သူ႔ရင္ကိုမထိမိေစဘူး။ စြမ္းအင္အရွိဆံုး ပုပ္ရဟန္းမင္းေတာင္ သူပ်င္းတဲ့အခါ ကစားတဲ့ အ႐ုပ္သာသာပဲရွိတယ္။
ပုပ္ရဟန္းမင္းရဲ့ရည္မွန္းခ်က္က သူ႔ကိုသေဘာက်ေစလို႔ပဲျဖစ္တယ္။ ပုပ္ရဟန္းမင္းက အလင္းဘုန္းႀကီးျဖစ္ေပမယ့္ သူ႔ရင္ထဲကဆႏၵေတြက ေတာက္ေလာင္ေနၿပီး နတ္ဆိုးေတြထက္ကို ဆိုးဝါးလွတယ္။ ဒီအခ်က္က အလင္းနတ္ဘုရားကို သေဘာက်ေစတာျဖစ္ၿပီး ဒီစိတ္ထားရွိတာကို သူခြင့္ျပဳေပးခဲ့တယ္။ ပုပ္ရဟန္းမင္းႀကီးက ဒီတိုက္ႀကီးအတြက္ ေကာင္းတာ ဘာယူေဆာင္ေပးႏိုင္မလဲ၊ ဒါမွမဟုတ္ ဒီတိုက္ႀကီးကို ဖ်က္ဆီးပစ္မလားဆိုတာကို သူသိခ်င္လို႔ ရွင္သန္ခြင့္ေပးထားတာျဖစ္တယ္။
ဒီတိုက္ႀကီးကို သူ ဘာဆက္လုပ္ရမလဲဆိုတာ မသိလို႔ ဒီအတိုင္း ထားရစ္တာပဲျဖစ္တယ္။ ဘာမွစိတ္ဝင္စားစရာမရွိလို႔ ဖ်က္ဆီးပစ္ဖို႔စဥ္းစားမိေပမယ့္ တကယ္ဖ်က္ဆီးခါနီးမွာ သူ႔ကိုယ္ကို ျပန္ထိန္းထားလိုက္မိတာျဖစ္တယ္။ ဒီတိုက္ႀကီးမွာ ဒီလို တန္ဖိုးမျဖတ္ႏိုင္တဲ့ ရတနာေလး တိမ္ျမဳပ္ေနတာ သူဘယ္တုန္းကမွ မသိခဲ့ဘူးပဲ။ ဒီတန္ဖိုးရွိတဲ့ရတနာေလးကို ပိုင္ဆိုင္ဖို႔ ဒီတိုက္ႀကီးမွာ အလင္းဘုန္းႀကီးေတြ ဆက္ရွိဖို႔လိုေနတယ္။
ႏွစ္ေပါင္းမ်ားစြာအတြင္း အလင္းနတ္ဘုရားက တစ္ကိုယ္ေကာင္းဆန္တဲ့ လူသားေတြရဲ့စ႐ိုက္ကိုပဲ ေတြ႕လာရလို႔ သူ႔ႏွလံုးသားက စိတ္ဝင္စားမႈကင္းၿပီး ေအးခဲလာေတာ့တယ္။ နတ္ဘုရားလို႔ေခၚေနတဲ့သူေတြေတာင္ ကိုယ္က်ိဳးအတြက္ တစ္ေယာက္ကိုတစ္ေယာက္ တိုက္ခိုက္ေနၾကတယ္။ တကယ္ျဖဴစင္သန္႔ရွင္းတဲ့ စိတ္ဝိညာဥ္ကို ပိုင္ဆိုင္တဲ့ လူသားဆိုတာ တစ္ေယာက္မွေတာင္ မရွိေတာ့ဘူးလားလို႔ ထင္ျမင္မိတယ္။
အခုေတာ့ အလင္းနတ္ဘုရားက သူရွာေတြ႕ထားတဲ့ ယံုၾကည္သူကေလးေလးရဲ့ စိတ္ဝိညာဥ္ကို ၾကည့္လိုက္ေတာ့ ျဖဴေဖြးေတာက္ပေနၿပီး အလင္းနတ္ဘုရားေတြသာပိုင္ဆိုင္တဲ့ ေရႊေရာင္အလင္းတခ်ိဳ႕ေတာင္ ေရာပါေနတာေတြ႕လိုက္ရတယ္။ အရမ္းလွၿပီး အရမ္းကိုခ်စ္စရာေကာင္းလြန္းလွတယ္။ ဒီေကာင္ေလးကို ေစာင့္ၾကည့္ရလို႔ သူဘယ္ေတာ့မွ မၿငီးေငြ႕ဘူး။
ဒီေကာင္ေလးက ဆုေတာင္းခန္းမထဲမွာရွိခ်ိန္ ၿငိမ္သက္ေအးေဆးၿပီး ဘာသာတရားကိုင္း႐ိႈင္းသူေလး ျဖစ္ေပမယ့္ သူ႔အိပ္ခန္းကိုေရာက္ရင္ တစ္မ်ိဳးေလးေျပာင္းသြားတယ္။ အိပ္ခန္းထဲေရာက္ခ်ိန္ ေကာင္ေလးရဲ့အေတြးကို ဖတ္မရေတာ့ေပမယ့္ ေကာင္ေလးရဲ့အမူအယာေတြ၊ လႈပ္ရွားမႈေတြကို သူေတြ႕ျမင္ႏိုင္ဆဲျဖစ္တယ္။ ေကာင္ေလးရဲ့ တိတ္ဆိတ္ႏူးညံ့မႈနဲ႔ ပံုစံမတူတာေလးကို ေတြ႕လိုက္ရတယ္။ ေကာင္ေလးက သြားေတြတင္းတင္းေစ့ၿပီး ေရျပင္ကို လက္သီးေလးနဲ႔ ထိုးႀကိတ္ထု႐ိုက္ၿပီး ေရထဲမွာ ေအာ္ဟစ္လို႔ေနတယ္။ သူ႔ပံုစံေလးက ကေလးတစ္ေယာက္ လိုတာမရလို႔ ေဒါသထြက္ေနသလိုေလးပဲ။ သူက ခုမွ ၁၆ ႏွစ္ပဲရွိေသးတာ။ နတ္ဘုရားေတြအေနနဲ႔ဆိုရင္ သူက ခုမွ ႏို႔စို႔ကေလးသာသာပဲ ရွိေသးတယ္။ သူ႔ရဲ့သင္ၾကားျပသမႈေတြက ကေလးတစ္ေယာက္အတြက္ တစ္ခါတစ္ေလ ေထာင္ေခ်ာက္ထဲပိတ္မိသလို ခံစားရေစမွာပဲေလ။ သူက ေကာင္ေလးရဲ့ႏႈတ္ခမ္းေတြကို ေၾကးမံုျပင္ကေနတစ္ဆင့္ စိုက္ၾကည့္ေနမိတယ္။
အလင္းနတ္ဘုရားက ရယ္ေမာၾကည္ရႊင္ၿပီး ေကာင္ေလး ေရကန္ထဲကထြက္လာၿပီး အိပ္ယာထဲ ေရစိုဆံပင္နဲ႔အိပ္သြားတာကို ေစာင့္ၾကည့္ေနမိတယ္။
ထံုးစံအတိုင္း သူက အလင္းစြမ္းအင္ကိုပို႔လႊတ္ၿပီး ေရစိုဆံပင္ကိုေျခာက္ေသြ႕ေအာင္ လုပ္ေပးလိုက္တယ္။ အလင္းနတ္ဘုရားက ေၾကးမံုကို မ်က္စိမလႊဲတမ္းနဲ႔ ေကာင္ေလးအိပ္ေပ်ာ္သြားတဲ့အထိ ေစာင့္ၾကည့္ေနမိတယ္။ ေကာင္ေလးအိပ္သြားေတာ့မွ လက္ထဲကဝိုင္ခြက္ကို တရွိန္ထိုးေမာ့ခ်လိုက္တယ္။ ကေန႔ေသာက္ရတဲ့ဝိုင္က ခါတိုင္းထက္ပိုခ်ိဳေနသလို ခံစားလိုက္ရတယ္။
က်ိဳးယြင္ရွန္႔ႏိုးလာေတာ့ မွန္ေရွ႕မွာအိပ္ေမြ႕ခ်လိုက္ၿပီး ခ်စ္ျခင္းအျပည့္နဲ႔ ဆုေတာင္းခန္းမဆီကို လာခဲ့တယ္။ အေစခံတစ္ေယာက္က ဆုေတာင္းခန္းမေရွ႕က စားပြဲေပၚမွာ ခမည္းေတာ္ကိုဆက္ကပ္ဖို႔ ဝိုင္၊ သစ္သီး၊ မုန္႔နဲ႔ ဟင္းလ်ာေတြ ျပင္ဆင္ထားတယ္။ ဒီဘုရားေက်ာင္းထဲမွာ ဆက္ကပ္တဲ့အရာေတြက မပုပ္မသိုးေအာင္စီမံထားလို႔ ႏွစ္ပတ္မွတစ္ခါပဲ လဲလွယ္ဖို႔လိုအပ္တယ္။ သူတို႔က ခမည္းေတာ္ဆီက မ်က္ႏွာသာေပးတာခံခ်င္လို႔ မၾကာမၾကာ စားစရာကိုလဲလွယ္ၿပီး အသစ္ဆက္ကပ္ၾကတယ္။
ဟိုးအရင္ကေတာ့ ဒီအလုပ္ကို အလင္းဘုန္းႀကီးေတြပဲ ေဆာင္ရြက္ၾကေပမယ့္ ေနာက္ပိုင္းမွာ မင္းမ်ိဳးမင္းႏြယ္ေတြက အလင္းဘုန္းႀကီးေတြထဲဝင္ေရာက္လာၿပီး သူတုိ႔က ၿငီးေငြ႕ဖြယ္နိမ့္က်တဲ့အလုပ္ကို မလုပ္ခ်င္ၾကေတာ့ဘူး။ ဒါေၾကာင့္ ဒီအလုပ္ကို အေစခံေတြကိုလႊဲအပ္ၿပီး တာဝန္ေပးခဲ့ၾကတယ္။
အရင္ကေတာ့ က်ိဳးယြင္ရွန္႔က ဒီအခ်က္ကို သတိမထားမိေပမယ့္ အခု အလင္းနတ္ဘုရားကို ႐ူးသြပ္ယံုၾကည္သူျဖစ္လာေတာ့ ဒါကိုသိလိုက္ၿပီး ခ်က္ခ်င္း အေစခံကိုတားလိုက္ၿပီး ခမည္းေတာ္ေရွ႕မွာဒူးေထာက္လို႔ အျပစ္ကခြင့္လႊတ္ေပးဖို႔ ေတာင္းပန္လိုက္တယ္။
"ခမည္းေတာ္ကို လုပ္ေကၽြးျပဳစုရမယ့္အလုပ္ကို ငါဘယ္လိုမ်ား ေမ့ထားမိတာပါလိမ့္.. ခမည္းေတာ္ကို ဆက္ကပ္သမွ်အားလံုး ငါပဲလုပ္သင့္တယ္.. ငါ့ခႏၵာနဲ႔ဝိညာဥ္ကိုေတာင္ ခမည္းေတာ္ေပ်ာ္ရႊင္ဖို႔ ေပးအပ္သင့္တယ္.. မင္းတို႔အားလံုး ထြက္သြားၾကေတာ့.. ေနာင္က်ရင္ ဒီအလုပ္ကို ငါကိုယ္တိုင္ပဲလုပ္မယ္.. မင္းတို႔ တာဝန္ယူစရာမလိုေတာ့ဘူး.."
သူက အေစခံေတြကိုေျပာလိုက္ၿပီး ဆက္ကပ္စရာပစၥည္းေတြ ထည့္ထားတဲ့ ျခင္းႀကီးကို လွမ္းယူလိုက္တယ္။
သူက 007 ကိုသံုးၿပီး သူ႔ကိုယ္ထဲကအလင္းစြမ္းအားကို ျမႇင့္ထားတဲ့အတြက္ သူ႔ကိုယ္က အားအင္ေတြေလ်ာ့နည္းေနတယ္။ ဒါေၾကာင့္ ျခင္းေတာင္းအေလးႀကီးကို လက္တစ္ဖက္တည္းနဲ႔ လႊဲယူလိုက္ခ်ိန္ အေလးဒဏ္ေၾကာင့္ ဟန္ခ်က္ပ်က္ၿပီး လဲက်သြားတယ္။ သူကလဲက်ၿပီး နဖူးနဲ႔ေျမျပင္ကို ႐ိုက္မိေပမယ့္ နာက်င္မႈကို မခံစားလိုက္ရဘူး။
အလင္းနတ္ဘုရားက ေကာင္ေလးေျပာလိုက္တဲ့ ကိုယ္ခႏၶာနဲ႔စိတ္ဝိညာဥ္ကိုေတာင္ သူေပ်ာ္ရႊင္ဖို႔ေပးအပ္ခ်င္တယ္ ဆိုတဲ့စကားၾကားလို႔ ႏိုးလာခဲ့ခ်ိန္ ေကာင္ေလး ႐ုတ္တရက္လဲက်သြားတာကို ေတြ႕လိုက္ရတယ္။ သူ႔မ်က္ဝန္းက အနက္ေရာင္ေျပာင္းသြားၿပီး ႐ုတ္တရက္ အလင္းစြမ္းအင္ထုတ္လႊတ္လို႔ နဖူးကို ကာထားေပးလိုက္တယ္။
က်ယ္ေလာင္တဲ့ထိခိုက္သံေၾကာင့္ အိမ္ေဖာ္ေတြက အလန္႔တၾကားလွည့္ၾကည့္လိုက္ခ်ိန္ တံခါးေဘာင္နားမွာ ဖုန္ထသြားတာေတြ႕လိုက္ရၿပီး အလင္းဘုန္းႀကီးေလးေတာ့ ဒဏ္ရာေတာ္ေတာ္ျပင္းၿပီလို႔ တြက္လိုက္ၾကတယ္။ ဒီအသံက်ယ္ႀကီးထြက္လာတဲ့အထိ ထိခိုက္မိမွေတာ့ ေသခ်ာေပါက္ ဒဏ္ရာရေတာ့မွာပဲ။
က်ိဳးယြင္ရွန္႔က ထရပ္လာၿပီး ထူးဆန္းတဲ့အမူအယာနဲ႔ သူ႔နဖူးကို ထိကိုင္ၾကည့္မိလိုက္တယ္။ သူက လံုးဝဒဏ္ရာမရလိုက္ဘဲ တစ္စံုတစ္ေယာက္က ကာေပးထားသလို ေႏြးေထြးမႈနဲ႔ႏူးညံ့မႈကို ခံစားလိုက္ရလို႔ သူ လံုးလံုး မနာက်င္ရတာဆိုတာ သိလိုက္တယ္။ က်ိဳးယြင္ရွန္႔က သူ႔ကိုကူဖို႔ျပင္ေနတဲ့ အေစခံကိုျပန္လႊတ္လိုက္ၿပီး သူ႔နဖူးကိုထိလို႔ ခုနကခံစားခ်က္ကို ျပန္စဥ္းစားေနမိတယ္။ တစ္စံုတစ္ေယာက္ရဲ့ လက္ေႏြးေႏြးရဲ့ အထိအေတြ႕က သူ႔ရင္မွာ ထင္က်န္ရစ္ေနခဲ့တယ္။
👑♨🌞🌷👑♨🌞🌷👑♨🌞🌷
FOD_ Arc_ 10.2 Joshua
ဆယ်ကျော်သက်ကောင်လေးက အလင်းနတ်ဘုရားရဲ့ရုပ်တုရှေ့မှာ ဒူးထောက်ပြီး အာရုံစိုက်ဆုတောင်းနေတာ နာရီအတော်ကြာနေပြီ။ အလင်းနတ်ဘုရားကလည်း ရေလွှာကြေးမုံကနေ ကောင်လေးကို တောက်လျှောက်စိုက်ကြည့်ပြီး ဆုတောင်းစကားကို နားစိုက်ထောင်နေရင်း သူ့လက်ထဲဆုပ်ကိုင်ထားတဲ့ ဝိုင်ခွက်ကို အမှတ်တမဲ့ လှုပ်လိုက်တယ်။ ရွှေရောင်ဝိုင်တွေက လှုပ်ခါသွားပြီး သင်းပျံ့တဲ့ရနံ့တွေ ထွက်လာပေမယ့် ခါတိုင်းလို အလင်းနတ်ဘုရားကို မဆွဲဆောင်နိုင်ဘူးဖြစ်နေတယ်။
ကောင်လေးရဲ့ ပန်းနုရောင်နှုတ်ခမ်းဖျားက ထွက်ကျလာတဲ့ ဆုတောင်းစကားတွေက ဝိုင်ထက်ပိုချိုလို့ လက်တစ်ဖက်ကို ပါးပြင်မှာထောက်ပြီး မျက်လုံးကိုမှေးစင်းလို့ လူငယ်လေးရဲ့ဆုတောင်းစကားသံအောက် သတိလက်လွတ် နစ်မျောလို့နေတယ်။ နောက်ဆုံး လူငယ်လေးက ဆုတောင်းမှုပြီးတော့ ဒူးထောက်ရာကနေ ရုပ်တုရှေ့ကိုလျှောက်လာပြီး ရုပ်တုရဲ့ခြေစုံမှာ ဝပ်ဆင်းလို့ ခြေထောက်တွေကို မြတ်နိုးခြင်းအပြည့်နဲ့ နမ်းရှိုက်လိုက်တယ်။ သူက ထရပ်ပြီး ခမည်းတော်အလင်းနတ်ဘုရားကို ခွဲရမှာ မခွဲနိုင်အောင်ခံစားနေရပြီး မျက်ဝန်းထောင့်ကနေ မျက်ရည်တွေစိမ့်ကျလို့လာတယ်။ မျက်တောင်ဖျားမှာ မျက်ရည်စတွေ တွဲခိုနေပုံလေးက သနားစရာကောင်းလှပြီး ချစ်စရာပုံကို ပိုပေါ်လွင်စေတယ်။
အလင်းနတ်ဘုရားက လက်ထဲကဖန်ခွက်ကို ချလိုက်ပြီး ကောင်လေးကို စူးစိုက်ကြည့်ပြီးနောက် ကောင်လေးရဲ့မျက်ခုံးနှစ်ခုကြားနေရာကို လက်နဲ့ ညင်သာစွာထောက်လိုက်တယ်။ တောက်ပတဲ့ရွှေရောင်အလင်းတွေက နတ်ဘုရားရဲ့လက်ညှိုးက ထွက်လာပြီး ကြေးမုံပြင်ကိုဖြတ်လို့ ကောင်လေးရဲ့မျက်ခုံးထဲကို တိုးဝင်သွားတယ်။
ကျိုးယွင်ရှန့်က ခမည်းတော်ရဲ့ခြေအစုံကို မလွှတ်ချင်လွှတ်ချင်နဲ့ လွှတ်လိုက်ပြီး ထရပ်လိုက်ချိန် ရုတ်တရက် စွမ်းအင်တစ်ခုက နဖူးကနေဝင်ရောက်ပြီး တစ်ကိုယ်လုံးကိုပျံ့နှံ့လို့ နှစ်သိမ့်ကြည်နူးဖွယ် သက်တောင့်သက်သာရှိခြင်း၊ နွေးထွေးခြင်းကို ခံစားမိလိုက်တယ်။
ဒါက ခမည်းတော်ဆီက ပေးလာတဲ့ လက်ဆောင်ပဲလား..။
ကျိုးယွင်ရှန့်က ထထွက်သွားဖို့ မေ့လျော့သွားပြီး ချက်ချင်း ခမည်းတော်ရဲ့ခြေအစုံကို ပွေ့ဖက်လို့ ကြည်လင်တဲ့မျက်ရည်နှစ်စက်က ခမည်းတော်ရုပ်တုရဲ့ခြေဖမိုးပေါ် ကျဆင်းသွားတယ်။ နောက်ထပ်မျက်ရည်တွေက ပါးပြင်ကိုဖြတ်စီးလို့ မေးစေ့မှာ တွဲခိုနေပုံလေးက အရမ်းကို သနားဖို့ကောင်းလှတယ်။
"ခမည်းတော် သားတော်ရဲ့ဆုတောင်းစကားကို ခမည်းတော်ကြားရသလားဟင်.. သားတော် ဘယ်လောက်ချစ်တယ်ဆိုတာ ခမည်းတော် သိသလား.. သားတော်ရဲ့ ကိုယ်နဲ့ဝိညာဉ်အကုန်လုံး ခမည်းတော်ကို ပေးအပ်ပါတယ်.. ခမည်းတော် ယူဆောင်တော်မူပါ.."
ကျိုးယွင်ရှန့်က ခမည်းတော်ကို တစ်မိနစ်လေးတောင် မခွဲနိုင်ဘူး။
တံခါးဝမှာစောင့်ကြပ်နေတဲ့ အစေခံနှစ်ယောက်က ကျိုးယွင်ရှန့်ထွက်မလာလို့ ခန်းမထဲဝင်လာပြီး တီးတိုးပြောလိုက်တယ်။
"အရှင်.. ပုပ်ရဟန်းမင်းကြီးက ဒုတိယမင်းသားရဲ့ နှစ်ခြင်းမင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အစည်းအဝေးခန်းမမှာ စောင့်နေပါတယ်.."
ကျိုးယွင်ရှန့်က ဘာမှမကြားသလို ခမည်းတော်ရဲ့ခြေကျင်းဝတ်ကိုပဲ တင်းတင်းဖက်တွယ်ထားတယ်။ သိုးငယ်လေးက မိဘလုပ်သူနဲ့ ခြေတစ်လှမ်းတောင်မခွဲနိုင်သလို သူလည်း ခမည်းတော်ကို ထားမသွားရက်ဘူး။
အလင်းနတ်ဘုရားက သူ့ကိုတွယ်တာလွန်းတဲ့ ကောင်လေးကိုကြည့်ရင်း အမှတ်တမဲ့နဲ့ သလွန်ပေါ် တင်ပျဉ်ခွေထိုင်နေရာကနေ ခြေထောက်ကိုချလိုက်ပြီး ကြေးမုံထဲကကောင်လေးကို စိုက်ကြည့်လိုက်တယ်။ သူ့ရင်ထဲက ကြင်နာခြင်းတွေကို ဖိနှိပ်ဖို့ကြိုးစားပေမယ့် မအောင့်နိုင်တော့ဘဲ ဒုတိယအကြိမ် ကြေးမုံထဲလက်ညွှန်ပြီး ကောင်လေးရဲ့နဖူးထဲကို အလင်းစွမ်းအင် ထပ်ထည့်ပေးလိုက်မိတော့တယ်။
ဒီတစ်ခါထည့်ပေးလိုက်တဲ့ အလင်းစွမ်းအင်က ပိုမိုသန့်စင်ပြီး ပိုအားကောင်းတယ်။ ဒီစွမ်းအင်က ကျိုးယွင်ရှန့်ရဲ့စိတ်ဝိညာဉ်ကို ပိုမိုအားဖြည့်ပြီး ကောင်းကင်ပေါ်ပျံတက်လုမတတ် ခံစားသွားရစေတယ်။ သူ့ကိုယ်ထဲ စွမ်းအင်တွေပြည့်သွားမှ ညင်သာစွာရပ်သွားတယ်။ ဒီတစ်ခါ ကျိုးယွင်ရှန့်က ခမည်းတော်ဆီက သိသိသာသာရလိုက်တဲ့ အလင်းစွမ်းအင်ကြောင့် ခမည်းတော်ရဲ့ချစ်ခြင်းကိုတွေးမိပြီး ရင်အစုံ တဆတ်ဆတ်ခုန်လာခဲ့ပြီး သူ့ပါးပြင်နှစ်ဖက်က စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်း နီမြန်းလို့လာတယ်။ ခမည်းတော်ရဲ့ ချစ်ခင်အလိုလိုက်ခြင်းကိုခံရလို့ ကျိုးယွင်ရှန့်ရဲ့နှုတ်ဖျားက မပီမသညည်းသံလေးထွက်လာပြီး ပါးပြင်နီပြေပြေလေးရဲ့ အလှတရားက နတ်ဘုရားတွေကိုတောင် ရူးသွပ်အောင် ဆွဲဆောင်နိုင်ပေတယ်။
ဒီမြင်ကွင်းကြောင့် ကြေးမုံကိုထိထားတဲ့ အလင်းနတ်ဘုရားရဲ့ လက်ချောင်းထိပ်က အေးခဲသွားသလို ခံစားလိုက်ရပြီး လက်ကို အသာလှမ်းရုပ်လိုက်မိတယ်။ အလင်းနတ်ဘုရားက လက်ချောင်းကို စိတ်မှတ်မဲ့ပွတ်သပ်နေပြီး လက်ထိပ်ကနေ မီးလောင်သလို ခံစားလာရတယ်။ အလင်းနတ်ဘုရားက ထူးခြားတဲ့အထိအတွေ့ကြောင့် လက်ကိုမြှောက်ပြီး သေချာကြည့်ရင်း ရွှေရောင်မျက်ဝန်းတစ်စုံက အနက်ရောင်ရင့်ရင့်ကို ပြောင်းလဲလာတော့တယ်။
အစေခံက လူငယ်လေးကို အကြိမ်ကြိမ်ပြောပေမယ့် ဘာမှပြန်မဖြေလို့ အစည်းအဝေးခန်းမထဲကို သတင်းသွားပို့လိုက်တယ်။ ဒါကြောင့် ပုပ်ရဟန်းမင်းနဲ့ လက်ထောက်ရဟန်းက ကောင်လေးကိုခေါ်ဖို့ ဆုတောင်းခန်းမထဲကို ကိုယ်တိုင်လိုက်လာကြတယ်။
အလင်းနတ်ဘုရားက လက်ကိုချပြီး ကြေးမုံကိုလှမ်းကြည့်လိုက်တော့ ချစ်စရာ ပိန်ပါးတဲ့ကောင်လေးရဲ့ပုံရိပ်က ပျောက်ကွယ်သွားလို့ သက်တောင့်သက်သာရှိနေတဲ့ သူ့ပုံစံက ချက်ချင်း မျက်မှောင်ကုတ်ပြီး အလိုမကျတဲ့ပုံ ပေါ်လာတော့တယ်။
"အရှင်.. အစေခံကောင်လေးတစ်ယောက် ထွက်ပြေးသွားပါတယ်.. ကျွန်တော်မျိုးကို မိန့်ကြားတော်မူပါ.. ကျွန်တော်မျိုး လိုက်ဖမ်းဖို့ အသင့်ရှိကြောင်းပါ.."
အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ နတ်ဘုရားတစ်ပါးက ချက်ချင်းဒူးထောက်ပြီး ကြောက်ရွံ့စွာနဲ့ ပြောလိုက်တယ်။
သနားကြင်နာတတ်တဲ့ အလင်းနတ်ဘုရားက ပျောက်ကွယ်သွားပြီး ခန့်မှန်းရခက်တဲ့ စိတ်ထားရှိတဲ့ အလင်းနတ်ဘုရားအဖြစ် ပြောင်းလဲသွားတာကို ဘယ်သူမှမသိကြဘူး။ ဒီတိုက်ကြီးကလူတွေက သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေ စွန့်ခွာသွားကြတယ်လို့ထင်ကြပေမယ့် တကယ်တော့ နတ်ဘုရားအားလုံးက လှပခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ကိုယ်စားပြုတဲ့ အလင်းနတ်ဘုရားလက်အောက်ကို ခိုလှုံကျဆင်းသွားကြတာပဲဖြစ်တယ်။
နဝမမြောက်ကောင်းကင်ဘုံမှာ နေထိုင်တဲ့ အလင်းနတ်ဘုရားက လူသားတွေနေတဲ့လောကကို ဖျက်ဆီးပစ်ဖို့လုပ်ပြီးမှ စိတ်ပြောင်းသွားပြီး ထားရစ်ခဲ့တယ်။ ဒီဟာက ကလေးတစ်ယောက်က အရုပ်နဲ့ကစားရတာ ငြီးငွေ့သွားပြီး လွှင့်ပစ်လိုက်တဲ့သဘောထားနဲ့ အတူတူပဲ။ အလင်းနတ်ဘုရားက နှစ်ပေါင်းသန်းချီ အသက်ရှင်နေတာဖြစ်လို့ ဘယ်အရာကိုမှ စိတ်မဝင်စားတော့ဘဲ ငြီးငွေ့လို့နေတယ်။ နောက်ပိုင်း သူ့ဝါသနာက ထူးဆန်းလာပြီး ဒီလူသားလောကထဲက လှပတဲ့ကောင်လေးတွေကို စတင်စုဆောင်းတော့တယ်။ အဖြူရောင်ဆံပင် မျက်သားပြာနဲ့ကောင်လေးတွေ၊ အနက်ရောင်ဆံပင် မျက်ဝန်းနက်နက်နဲ့ ကောင်လေးတွေကို စုဆောင်းပြီး သူ့နားမှာ အလုပ်အကျွေးပြုစေတယ်။
ဒါပေမယ့် သူစုဆောင်းထားတဲ့ကောင်လေးတွေကို အလှကြည့်ရုံသက်သက်ပဲ ထားရှိပြီး ဘာမှမလုပ်ပေမယ့် အစေခံကောင်လေးတွေကတော့ အလင်းနတ်ဘုရားရဲ့ အာရုံစိုက်မှုရအောင် ပြိုင်ဆိုင်တိုက်ခိုက်ကြတယ်။ သူတို့ဘယ်လိုကြိုးစားပေမယ့် အလင်းနတ်ဘုရားက အေးစက်စက်နဲ့ပဲ ကြည့်နေတတ်တယ်။ တကယ်လို့ သူ့ရဲ့စွမ်းအင်နဲ့ နတ်ဘုရားဆန်တဲ့ပုံရိပ်သာမရှိရင် အလင်းနတ်ဘုရားနေရာမှာ ဘယ်ကမကောင်းဆိုးဝါး ရောက်နေတာလဲလို့ ထင်ရလောက်တယ်။
အလင်းနတ်ဘုရားက သူ့လက်အောက်ခံနတ်ဘုရားက သတင်းပို့လာပေမယ့် စိတ်ဝင်စားခြင်းမရှိ လက်ယမ်းပြီးပြောလိုက်တယ်။
"အဲ့ဒီဟာကို ထွက်သွားပါစေ.."
အလင်းနတ်ဘုရားက 'သူ' လို့တောင်မသုံးဘဲ အရာဝတ္ထုတစ်ခုလို 'အဲ့ဒီဟာ' လို့ သုံးနှုန်းလိုက်တာဖြစ်လို့ ဒီအစေခံကောင်လေးကို လူသားရယ်လို့ စိတ်ထဲမှာမရှိတာကို ဖော်ပြနေတယ်။
"သူက အရှင့်လက်စွပ်ကို ခိုးသွားပါတယ်.."
လက်အောက်ခံနတ်ဘုရားက သတိပေးလိုက်တယ်။
အလင်းနတ်ဘုရားက လုံးလုံးစိတ်မဝင်စားဘူး။ သေမျိုးက သူလိုနတ်ဘုရားရဲ့ပစ္စည်းကို ဘယ်လိုတောင်ခိုးယူပြီး သုံးဖို့ကြံရဲတာလဲ။ ဒီလို သေမျိုးထိထားတဲ့ပစ္စည်းကို အလင်းနတ်ဘုရားက ပြန်သုံးစရာလား။ ဟာသပဲ။
အလင်းနတ်ဘုရားရဲ့ ပျော့ပြောင်းတဲ့စိတ်သဘောထားက လက်အောက်ခံနတ်ဘုရားကို ထိတ်လန့်သွားစေတယ်။ နှစ်ထောင်ချီအတွင်း လူသားကောင်လေးရဲ့ ဆုတောင်းစကားကြောင့် အေးခဲနေတဲ့ အလင်းနတ်ဘုရား အရည်ပျော်လာတာပဲ ဖြစ်ရမယ်။ ဒါက ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပေပဲ။ ဘယ်လိုကောင်လေးမျိုးက ရက်စက်သွေးအေးတဲ့ အလင်းနတ်ဘုရားကို သေမျိုးတွေရဲ့ဒုက္ခကို သတိပြုမိလာအောင် လုပ်လိုက်နိုင်တယ်ဆိုတာ သူ တကယ်ပဲ သိချင်မိတယ်။
••••••••••••••••••••••••••••••
ကျိုးယွင်ရှန့်က အစည်းအဝေးခန်းမကနေ ပြန်ရောက်လာတော့ ဒုတိယမင်းသားက ကျိုးယွင်ရှန့်ရဲ့လက်ထဲကို ဆေးခတ်ဖို့ တိတ်တဆိတ် ထည့်ပေးလိုက်သေးတယ်။ ဒါပေမယ့် အလင်းနတ်ဘုရားကို ရူးသွပ်စွာချစ်မြတ်နိုးနေတဲ့ ကျိုးယွင်ရှန့်က ဒုတိယမင်းသားရဲ့လုပ်ရပ်ကြောင့် ဘယ်လိုမှမနေတဲ့အပြင် ခမည်းတော်ကိုလှည့်စားတဲ့လုပ်ရပ်ထဲ ပါဝင်မိလေခြင်းဆိုတဲ့ နောင်တတရားကြောင့် အဆောင်ကိုပြန်ရောက်တော့ ထမင်းတောင်မစားနိုင်သေးဘဲ ပြတင်းပေါက်နားမှာ စိတ်ပျက်လက်ပျက်ထိုင်ပြီး နေဝင်ချိန်ရှုခင်းကို ငေးကြည့်နေမိတယ်။
တစ်နာရီ၊ နှစ်နာရီကြာအောင် ထိုင်နေပြီး သူ့မျက်ဝန်းတွေ ရုတ်တရက် ကြည်လင်လာတယ်။ သူ စိတ်ညှို့ထားတဲ့အချိန် စေ့သွားပြီဖြစ်လို့ ကျိုးယွင်ရှန့်က အဝတ်တောင်မချွတ်နိုင်ဘဲ ရေပူစမ်းထဲကို တစ်ခါတည်းခုန်ချပြီး ရေအောက်ကိုခေါင်းနှစ်လို့ စိတ်ရှိလက်ရှိကို အော်ဟစ်ပေါက်ကွဲလိုက်တော့တယ်။ ရေပူကြောင့် သူ့မျက်နှာတွေ ပူသွားတာတောင် ဂရုမစိုက်ဘူး။
"အား... ငါသေတော့မှာပဲ.. တစ်နေကုန်ရုပ်တုကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောနေခဲ့ရတယ်.. ရုပ်တုနဲ့ခွဲရမှာစိုးလို့ မျက်ရည်တောင်ကျခဲ့တယ် ဟုတ်လား.. ရုပ်တုခြေထောက်ကိုဖက်ပြီး နမ်းတောင်နမ်းလိုက်သေးတယ်.. ငါ တော်တော် ဦးနှောက်မရှိတာပဲ.."
ကျိုးယွင်ရှန့်က ဒီအကြောင်းကိုတွေးမိတော့ ကိုယ့်မျက်နှာကိုယ်သာ ပြန်ပိတ်ရိုက်လိုက်ချင်တော့တယ်။ သူက ရေအောက်ကနေ ပေါက်ကွဲအော်ဟစ်ပြီး ထိုးရိုက်နေလို့ ရေပူစမ်းတစ်ခုလုံး ပူပေါင်းတွေထလို့ ဝုန်းဒိုင်းကျဲနေတော့တယ်။
ရေပူစမ်းထဲမှာ ကျေနပ်အောင် အော်ဟစ်ပေါက်ကွဲပြီးတော့မှ ကျိုးယွင်ရှန့် နဂိုနူးညံ့တဲ့ဟန်ပန်လေးနဲ့ ထွက်လာခဲ့တယ်။ ဘာပြောပြော ဒီကနေ့ သူအရူးထရတာ တန်ပါတယ်။ အလင်းစွမ်းအင်အတော်များများ ဆုလာဘ်အနေနဲ့ရခဲ့လို့ တော်သေးတယ်။ ကျိုးယွင်ရှန့်က ကျေနပ်ပေမယ့် ဒီအကြောင်းကိုတွေးမိရင် အန်ချင်စိတ်ပေါ်နေသေးတယ်။ သူက အတွေးစကိုသိမ်းပြီး ရေပူစမ်းထဲကထွက်ပြီး အဝတ်အစားလဲလို့ ခေါင်းရေစိုလျက်နဲ့ အိပ်ယာထဲ ဝင်အိပ်လိုက်တော့တယ်။
နောက်နှစ်ပတ်ကြာတော့ ဒုတိယမင်းသား အယ်ဂျာရဲ့ ၁၈ နှစ်ပြည့်မွေးနေ့ ရောက်လာတယ်။ သူက ခရီးလှည့်လည်ပြီး ပြန်မလာခင် တာဝန်အများကြီးပြီးအောင် ဆောင်ရွက်ရမှာဖြစ်တယ်။ အခုချိန်မှာ ဒီတိုက်ကြီးက မငြိမ်းချမ်းတဲ့အပြင် မျိုးနွယ်စုတွေက သူတလူငါတမင်း အင်အားကြီးထွားလို့နေတယ်။ ဒါကြောင့် ဒုတိယမင်းသားက ခရီးလှည့်လည်ရင်း သူတို့တွေကို လိုက်စည်းရုံးရမှာဖြစ်ပေမယ့် အချိန်မရွေး အင်အားကြီးတစ်ယောက်ရဲ့ လက်ချက်ကြောင့် သူသေဆုံးသွားနိုင်တယ်။
အလင်းစွမ်းအင်က နတ်ဆိုးမြူကို ကာကွယ်နိုင်တဲ့အပြင် ရောဂါကိုကုသနိုင်စွမ်းလည်း ရှိတယ်။ အလင်းစွမ်းအင်ပိုင်ဆိုင်တဲ့သူက နှစ်ဖက်ဓားသွားနဲ့တူတယ်။ ရန်သူကိုထိုးခုတ်နိုင်သလို ကိုယ်လည်း ထိခိုက်နိုင်တယ်။ အလင်းစွမ်းအင်က မကောင်းဆိုးဝါးတွေကို ဆွဲဆောင်နိုင်တယ်။ သတိတစ်ချက်လွတ်တာနဲ့ မကောင်းဆိုးဝါးစွမ်းအင်က စိတ်ထဲခိုဝင်ပြီး ကိုယ့်ဝိညာဉ်ကို ဝါးမြိုသွားနိုင်တယ်။ ဒီလိုဆိုရင် ကိုယ်က မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားပြီး ကိုယ့်လူကိုယ် ပြန်သတ်ဖြတ်မိတော့တယ်။
အစွမ်းပိုထက်လေ မကောင်းဆိုးဝါးကို ပိုဆွဲဆောင်နိုင်လေဖြစ်ပြီး နတ်ဆိုးတွေက စွမ်းအားကြီးသူဘေးမှာ မပြတ်စောင့်ပြီး အလစ်ချောင်းနေတတ်ကြတယ်။ ဒါကြောင့် ခရီးလှည့်လည်သွားတဲ့အုပ်စုမှာ အလင်းစွမ်းအင်ရှိတဲ့ ဘုန်းကြီးတစ်ယောက်စီကို ထည့်ပေးရလေ့ရှိတယ်။ လူသားတွေက နတ်ဆိုးတွေကိုတိုက်ခိုက်ချိန် အလင်းဘုန်းကြီးက မကောင်းဆိုးဝါး ဝင်မပူးနိုင်အောင် စည်းချပေးပြီး အလင်းစွမ်းအင်နဲ့ ကာကွယ်ပေးရတယ်။ အလင်းစွမ်းအင်က လူ့ကိုယ်ထဲဝင်ရောက်လာတဲ့ ကပ်ပါးမကောင်းဆိုးဝါးကို ချေမှုန်းပေးနိုင်လို့ အလင်းဘုန်းကြီးတွေက အရေးပါတယ်။
ဆာဂါပြည်မှာ အလင်းဘုန်းကြီး သုံးပါးပဲရှိတယ်။ ပုပ်ရဟန်းမင်းကြီးက အသက်ကြီးပြီ။ နောက်တစ်ပါး ကျိုးယွင်ရှန့်က အရွယ်မရောက်သေးဘူး။ ဒါကြောင့် လက်ထောက်ဘုန်းကြီးကပဲ ဒုတိယမင်းသားနဲ့ ခရီးလှည့်လည်ရာမှာ လိုက်ပါရဖို့ပဲ ကျန်ရှိတော့တယ်။
ပုပ်ရဟန်းမင်းကြီးက နှစ်ခြင်းမင်္ဂလာပွဲပြီးတာနဲ့ မင်းကြီးကို စကားတစ်ခွန်းမှမပြောဘဲ လှည့်ပြန်လာခဲ့တယ်။ အလင်းနတ်ဘုရားရဲ့ မိန့်ကြားချက်ကို သေချာပေါက်ကြားရမယ်လို့ မျှော်လင့်ထားတဲ့ ဒုတိယမင်းသားက အံ့အားသင့်သွားပြီး ဒီကိစ္စကို သေချာမေးမြန်းဖို့ ဂျိုရှုဝါကို အကွယ်တစ်နေရာကို ခေါ်သွားတယ်။
"ဂျိုရှုဝါ.. မင်းကတိကိုမေ့သွားပြီလား.. တကယ်လို့ ငါသာ ဒီဆာဂါပြည်မှာ ဘုရင်မဖြစ်ဘူးဆိုရင် ငါ့နောင်တော်က နတ်ဆိုးတွေတိုက်ထုတ်ဖို့ ငါ့ကို နယ်စပ်ပို့လိုက်လိမ့်မယ်.. ဒါဆိုရင် ငါ မင်းနဲ့ ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူး.."
ကိုယ့်ကိုယ်ကိုယ် စိတ်ညှို့ထားလို့ ကျိုးယွင်ရှန့်ရဲ့ဦးနှောက်တွေက ရှုပ်ထွေးနေပေမယ့် ဒုတိယမင်းသားက ဂျိုရှုဝါကိုအသုံးချနေတဲ့ကိစ္စကို သူမေ့မသွားဘူး။ သူ့အကူအညီမပါဘဲ ဒုတိယမင်းသားက ဆာဂါပြည်ရဲ့ထီးနန်းကို ဘယ်လိုရအောင်ယူမယ်ဆိုတာ သူသိချင်သေးတယ်။
အခု ဒုတိယမင်းသားကို သူ ဆက်ကူညီမှာမဟုတ်ပေမယ့် သူ့စိတ်ထဲ ရန်ငြိုးဖွဲ့တဲ့အထိ သူက ဘာမှစော်ကားမှာမဟုတ်ဘူး။ ဒုတိယမင်းသားရဲ့ အနာဂတ်ကြင်ဖက်က ကြီးမားတဲ့နောက်ခံအင်အားရှိတဲ့ ဘိုးလ်ဖြစ်ပြီး သူက အလင်းနတ်ဘုရားဆီက ထွက်လာသူဖြစ်လို့ အလင်းစွမ်းအင်က သူ့ထက်ပိုများတယ်။ ဒါ့အပြင် ဘိုးလ်ကိုချစ်နေတဲ့ အလင်းနတ်ဘုရား၊ အမှောင်နတ်ဆိုး၊ နတ်သူငယ်ဘုရင်၊ သားရဲဘုရင်နဲ့ ပုပ်ရဟန်းမင်းတို့ ခြောက်ယောက်အုပ်စုက သူဘယ်လိုမှ ဆန့်ကျင်တိုက်ခိုက်လို့မရတဲ့ ဒီကမ္ဘာရဲ့ အင်အားကြီးအုပ်စုတွေဖြစ်တယ်။ ဒါကြောင့် သူက ဒုတိယမင်းသားကို မျက်ရည်ခံထိုးပြီး လှည့်စားဖို့ဆုံးဖြတ်လိုက်တယ်။
ကျိုးယွင်ရှန့်ရဲ့မျက်လုံးထဲ ပုလဲရောင်မျက်ရည်တို့ ခိုတွဲလာပြီး တုန်ယင်ဆို့နင့်စွာ ပြောလိုက်တယ်။
"အယ်လ်ဂျာ.. မင်း ဘယ်လိုလုပ်ပြီး ငါချစ်တဲ့ခမည်းတော်ကို သစ္စာဖောက်ဖို့ တိုက်တွန်းရက်တာလဲ.. ခမည်းတော်က ဘာကိုမှဖုံးကွယ်လို့မရတဲ့ တန်ခိုးရှင်ဖြစ်နေလို့ ဒီလိုလုပ်ဖို့တွေးတာနဲ့တင် အပြစ်မြောက်နေပြီ.. ဒီပြစ်မှုကြောင့် ငါ့ကိုယ်က ငရဲမီးမှာ လောင်ကျွမ်းခံရတော့မယ်.. တကယ်လို့ ငရဲမှာ အပြစ်မခံရရင်တောင် ငါက ခမည်းတော်ရဲ့ယုံကြည်မှု၊ ချစ်ခင်မှုကိုဆုံးရှုံးပြီး ရှက်စရာ သစ္စာဖောက်ကောင်ဘဝနဲ့ ရှင်သန်သွားရလိမ့်မယ်.. ပြီးတော့ တိုင်းသူပြည်သားတွေက ငါ့ကို အပြစ်တင်နှိမ်ချစော်ကားပြီး ကျောက်ခဲတွေနဲ့ သေတဲ့အထိ ထုသတ်ကြလိမ့်မယ်.. မင်း ငါ့အနာဂတ်ကို တကယ်ပဲ ဒီလိုဖြစ်စေချင်တာလား.. မင်းက ငါ့ကို မျှော်လင့်ချက်ကင်းမဲ့တဲ့ နတ်ဆိုးချောက်ထဲကို တွန်းချချင်နေတာလား.. အယ်လ်ဂျာ.. မင်း ငါ့အပေါ်ထားတဲ့ မေတ္တာတရားကို ငါ သံသယဝင်ချင်လာပြီ.."
ဒုတိယမင်းသားက မမျှော်လင့်ထားတဲ့ ကျိုးယွင်ရှန့်ရဲ့တုံ့ပြန်မှုအောက်မှာ ဆွံ့အသွားခဲ့တယ်။ ဒီရက်ပိုင်းအတွင်း ဂျိုရှုဝါက ဒီဟာတွေကို ဘယ်လိုများ တွေးတတ်လာတာလဲ။ တကယ်ပဲ သူပြောသလိုလုပ်ရင် ဂျိုရှုဝါ ဒီအပြစ်တွေခံရမှာဖြစ်တယ်။
ဒုတိယပုပ်ရဟန်းမင်းကြီးက တရားမဝင်ကလေးရှိတာပေါ်သွားလို့ ပုပ်ရဟန်းမင်းဆက်ခံခွင့်ကို ပယ်ဖျက်ခံလိုက်ရပြီး နောင်တက်မယ့်ပုပ်ရဟန်းမင်းက ဂျိုရှုဝါလက်ထဲကိုရောက်ဖို့က သေချာနေပြီ။ ဒီဆာဂါပြည်မှာ ပုပ်ရဟန်းမင်းဆိုတာ ဘုရင်နဲ့ အဆင့်အတန်းချင်းညီမျှလို့ သူက ဂျိုရှုဝါကို ပစ်ပစ်ခါခါတော့ ပြောလိုက်လို့မရဘူး။ ဒါကြောင့် သူက ဂျိုရှုဝါနဲ့အတူရှိချင်လို့ ဒီလို လုပ်မိလုပ်ရာ ကြံစည်ရတာပါလို့ ချွေးသိပ်ပြောဆိုလိုက်တယ်။ သူက ဒီပြစ်မှုတွေကို မေ့သွားလို့ပါ၊ အခု ဒီမတရားမှုတွေကို ဂျိုရှုဝါကို မလုပ်ခိုင်းတော့ပါဘူးလို့ အယ်လ်ဂျာက ကျိန်တွယ်ပြောဆိုလိုက်တော့တယ်။ သူ့အမှားကို ခွင့်လွှတ်ပေးဖို့လည်း တောင်းပန်လိုက်တယ်။
ကျိုးယွင်ရှန့်က ခေါင်းညိတ်လိုက်ပြီး ထွက်မသွားခင် အယ်လ်ဂျာရဲ့မျက်ဝန်းထဲကို လေးလေးနက်နက် စိုက်ကြည့်လိုက်တယ်။ ဒီအကြည့်ထဲမှာ အတိတ်ကာလက ချစ်ခင်ခြင်းတွေ တစ်စက်ကလေးမှ ပါမလာလို့ ဒုတိယမင်းသားအယ်လ်ဂျာက ရင်ထဲတုန်လှုပ်သွားပြီး ထွက်မသွားခင် တွန့်ဆုတ်တွေဝေလို့နေတယ်။
နဝမမြောက်ကောင်းကင်ဘုံမှာ အလင်းနတ်ဘုရားက ဒီမြင်ကွင်းကို သေချာစောင့်ကြည့်နေတယ်။ ဆွဲဆောင်မှုရှိတဲ့ တောင့်တင်းတဲ့ကိုယ်ခန္ဓာကို သလွန်ပေါ်မှာ သက်တောင့်သက်သာ မှီထိုင်နေပြီး ချောမောလှတဲ့ အစေခံကောင်လေးတစ်ယောက်က ဝိုင်ကိုငှဲ့ပေးပြီး ကျန်လူငယ်တွေက တေးသီချင်း သီကျူးဖျော်ဖြေနေပေမယ့် ခမည်းတော်က သူတို့မမြင်နိုင်တဲ့တစ်နေရာက တစ်ယောက်ယောက်ကို အာရုံစိုက်ကြည့်နေတယ်ဆိုတာ သူတို့သိတယ်။ တချို့ကောင်လေးတွေက အပြုံးလေးတွေနဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးနေပေမယ့် ဘယ်သူမှ ခမည်းတော်ရဲ့အာရုံကို မနှောင့်ယှက်ရဲကြဘူး။ ခမည်းတော်ရဲ့စိတ်အာရုံကို ဘယ်သူက ဖမ်းစားထားတယ်ဆိုတာကို သူတို့ မသိနိုင်ကြဘူး။
ခပ်လှမ်းလှမ်းကကြည့်နေတဲ့ နတ်ဘုရားတစ်ပါးကပဲ ခမည်းတော်ရဲ့စိတ်ခံစားချက် ပြောင်းလဲလာတာကို သတိပြုမိလိုက်တယ်။ ခမည်းတော်ရဲ့မျက်ဝန်းတွေက ရွှေရောင်ကနေ အနက်ရောင်အဖြစ် ပြောင်းလဲသွားတော့ ခမည်းတော်က တစ်ခုခုကို စိတ်အလိုမကျဖြစ်ပြီး လွတ်ထွက်ချင်နေပြီဆိုတာ သတိထားမိလိုက်တယ်။ ခမည်းတော်ရဲ့ထိန်းချုပ်မှုက လုံးလုံးလွတ်သွားရင် ပြင်းထန်တဲ့စွမ်းအားတွေကြောင့် လူ့ပြည်မှာရှိတဲ့ အလင်းဘုရားကျောင်းတွေအားလုံး ပေါက်ကွဲပျက်စီးသွားလိမ့်မယ်။ တစ်ကြိမ်တုန်းက ခမည်းတော်စိတ်ဆိုးပြီး ဒီလိုဖောက်ခွဲပစ်ခဲ့ပြီးပြီ။ အခုလည်း နောက်တစ်ခါ ထပ်ဖြစ်ပြန်ဦးမှာလားလို့ စိုးရိမ်သွားတယ်။
ခမည်းတော်ကို စိတ်ဆိုးအောင်လုပ်တဲ့လူကို သူ ကျိတ်ပြီး ကျိန်ဆဲလိုက်မိတယ်။ အရင်တစ်ခါ ခမည်းတော်စိတ်ဆိုးပြီး တန်ခိုးတွေ အထိန်းအချုပ်မဲ့သွားတုန်းက ပြင်းထန်တဲ့ တန်ခိုးတွေရဲ့ဒဏ်ကြောင့် သူ့ရှေ့က တာဝန်ထမ်းဆောင်တဲ့နတ်ဘုရားက ပေါက်ကွဲပြီး အစအနတောင် ရှာမရတဲ့ဘဝကို ရောက်သွားခဲ့တယ်။ အခုလည်း သူ ဒီလိုကြုံတွေ့ရတော့မလားဆိုပြီး တုန်လှုပ်နေမိတယ်။
ကျိုးယွင်ရှန့်က ဆုတောင်းခန်းမထဲကိုဝင်လာပြီး ခမည်းတော်ရဲ့ခြေရင်းမှာ ပျပ်ဝပ်ရှိခိုးလိုက်တယ်။ သူ့မျက်ဝန်းထဲမှာ ခမည်းတော်ကိုပဲမြင်တယ်။ သူ့နှလုံးသားက ခမည်းတော်ကို ချစ်တဲ့အချစ်တွေနဲ့ပဲ ပြည့်နေတယ်။ အရင်မှတ်ဉာဏ်အရ ဒုတိယမင်းသားက သူ့ကိုမချစ်ဘူးဆိုတာ သိပေမယ့် သူ့နှလုံးသားအစုံက ဒီအချက်ကြောင့် လေးလံလို့နေတယ်။
သူ့ခမည်းတော်ကို သစ္စာဖောက်မိခဲ့ပြီဆိုတဲ့ ခံစားချက်ကြောင့် ပြစ်မှုကြီးကျူးလွန်နေရသလို ခံစားရပြီး ကွဲကြေတဲ့နှလုံးသားနဲ့ ခမည်းတော်ရဲ့ခြေဖမိုးမှာ ပါးအပ်ပြီး မျက်ဝန်းထဲကနေ မျက်ရည်ပေါက်ကြီးတွေ တာတမံကျိုးသလိုစီးကျလာပြီး နောင်တစိတ်နဲ့ ရှိုက်ငင်ငိုကြွေးတော့တယ်။
သူ့မျက်ဝန်းတွေက ပိတ်ထားပြီး ပါးပြင်က မျက်ရည်တွေနဲ့ စိုလူးနေတယ်။ သူက နှုတ်ခမ်းကို သွားနဲ့ဖိကိုက်ထားလို့ ခဏနေရင် သွေးထွက်လာတော့မလို ထင်ရပေမယ့် နာကျင်မှုကို ကျိုးယွင်ရှန့် နည်းနည်းမှမခံစားရဘူး။ သူ့နှလုံးသားထဲမှာ ခမည်းတော်ကို သစ္စာဖောက်မိလေခြင်းဆိုတဲ့ အတွေးတွေနဲ့ပိပြီး ယူကျုံးမရတဲ့ နောင်တ,တရားတွေကိုပဲ ခံစားနေရတယ်။
"ခမည်းတော်ဘုရား.. သားတော် ခမည်းတော်ကို ဘယ်လိုဖွင့်ပြောရမလဲဟင်.. သားတော်က လူလိမ်တစ်ယောက်ညာတာကို ခံလိုက်ရပြီး ခမည်းတော်ရဲ့ချစ်ခြင်းတရားကို မေ့ခဲ့မိတယ်.. ခမည်းတော်.. သားတော်က မယိမ်းယိုင်တဲ့စိတ်နဲ့ ခမည်းတော်ကို ယုံကြည်ကိုးကွယ်ရမှာကို ပျက်ကွက်ခဲ့မိတယ်.. သားတော်ရဲ့ပျက်ကွက်မှုကို ပြန်ပြင်နိုင်မယ်ဆိုရင် ငရဲမီးမှာလောင်ကျွမ်းရပါစေ၊ သားတော် ပြန်ပြင်ပါရစေ.. ခမည်းတော်.. သားတော်ရဲ့အပြစ်အားလုံးကို ခမည်းတော်ဆီမှာ ဝန်ချတောင်းပန်ပါတယ်.. သနားသောအားဖြင့် သားတော်ကို ခွင့်လွှတ်တော်မူပါ.. သားတော် အခု နောင်တ တရားတွေကြောင့် နှလုံးသားနာကျင်လို့ သေလုမျောပါး ခံစားနေရပါပြီ ခမည်းတော်.. သားတော်ကို ဆက်လက်ချစ်ပေးတော်မူပါ.."
ကျိုးယွင်ရှန့်က အေးစက်တဲ့ရုပ်တုကို တင်းတင်းဖက်ပြီး တတွတ်တွတ် တောင်းပန်နေမိတယ်။ သူ့မျက်နှာက ဖျော့တော့နေပြီး သူ့နှာခေါင်းထိပ်နဲ့ မျက်ဝန်းတွေက နီရဲလို့နေတယ်။ သူ့ပုံစံလေးက သနားစရာ၊ ချစ်စရာသွင်ပြင်လေး ဖြစ်နေတယ်။
အလင်းနတ်ဘုရားရဲ့မျက်ဝန်းထဲက အနက်ရောင်တွေက ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။ သူက ကြေးမုံပြင်ကိုထိတွေ့ပြီး ကောင်လေးရဲ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်သင်ဖယ်ရှားပေးနေတယ်။ ဒီကောင်လေးက ခုမှ ၁၆ နှစ်ပဲရှိသေးတာ ဘယ်ရင့်ကျက်ဦးမှာလဲ..။ လူတွေရဲ့ဖုံးကွယ်ထားတဲ့ မကောင်းတဲ့စိတ်ကို သူ့ခမျာ ဘယ်လို ဖောက်ထွင်းမြင်နိုင်မှာတဲ့လဲ။ မကောင်းတဲ့ကောင်တွေက သူလေးကိုလှည့်စားပြီး အသုံးချတာခံလိုက်ရတာ သူလေးရဲ့အပြစ်မှမဟုတ်တာ။
အလင်းနတ်ဘုရားရဲ့မျက်ဝန်းထဲက ဒေါသတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နောင်တတွေနဲ့ငိုကြွေးနေတဲ့ ကောင်လေးကို ကြေးမုံပြင်တစ်ဖက်ကနေ လှမ်းခေါ်ယူပြီး ပေါင်ပေါ်ပွေ့တင်ဖက်ထားလို့ မျက်ရည်တွေကို သုတ်ပေးချင်စိတ်ပေါ်လာတယ်။
သူ့ရဲ့ယုံကြည်သူလေး..၊ သူ့ရဲ့ကလေးလေးကို ဒီလောက်စိတ်ဆင်းရဲအောင်လုပ်ရဖို့ ဘယ်သူကမှ မထိုက်တန်ဘူး။ သူလေးက လမ်းပျောက်မလိုဖြစ်ခဲ့ပေမယ့် သူ့အပေါ်ထားတဲ့ လေးနက်တဲ့ချစ်ခြင်းကြောင့် သူ့ခြေရင်းကို ပြန်ရောက်လာခဲ့တယ်။
ဒီကလေးရဲ့နှလုံးသားထဲကနေ နောင်တရမှုနဲ့ ပူဆွေးမှုတွေကို ခံစားလိုက်ရလို့ အလင်းနတ်ဘုရားက လက်ညှိုးကနေတစ်ဆင့် ကောင်လေးဆီကို အလင်းစွမ်းအင်တွေ ပို့လွှတ်ပေးလိုက်တယ်။ နွေးထွေးပြီးသန့်စင်တဲ့ အလင်းစွမ်းအားတွေ စီးဝင်လာတဲ့အတွက် ကောင်လေးက ပြင်းပြင်းထန်ထန် ငိုကြွေးနေရာကနေ တိတ်သွားခဲ့တယ်။ မယုံကြည်နိုင်စွာနဲ့ သူ့နဖူးလေးကို လက်နဲ့စမ်းလိုက်ပြီး မျက်ဝန်းလေးတွေ တောက်ပလို့လာတယ်။
"သားတော်ကို ခွင့်လွှတ်လိုက်ပြီလား ခမည်းတော်ဘုရား.. သားတော်သိတယ်.. ဂရုဏာကြီးမားတဲ့ ခမည်းတော်က သားတော်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးလိုက်တယ်ဆိုတာ သားတော်သိပါတယ်.. အခုချိန်ကစပြီး သားတော်ဂျိုရှုဝါက ခမည်းတော်ကလွဲပြီး ဘယ်သူ့ကိုမှ မော်လို့တောင် မကြည့်တော့ပါဘူး.. ဒီလောကမှာ ခမည်းတော်နဲ့ယှဉ်နိုင်လောက်တဲ့လူ တစ်ယောက်မှမရှိဘူး.. သားတော် အယ်လ်ဂျာကို မေ့ပစ်လိုက်ပြီး တစ်ဘဝလုံး ခမည်းတော်အတွက်ပဲ အသက်ရှင်ပါတော့မယ်.."
ကျိုးယွင်ရှန့်က သူ့ရဲ့ဖြူဖွေးတဲ့မျက်နှာလေးနဲ့ ရုပ်ထုကို ညင်သာစွာပွတ်သပ်ရင်း ကတိပေးလိုက်တယ်။ မျက်ဝန်းထဲမှာမျက်ရည်စတွေ ရစ်သိုင်းနေပေမယ့် သူ့မျက်နှာထက်မှာ ချိုသာတဲ့အပြုံးလေးကို တွေ့လိုက်ရတယ်။
အလင်းနတ်ဘုရားရဲ့ ရွှေရောင်မျက်ဝန်းတွေက ရွှေအိုရောင်ရင့်ရင့်သန်းလာပြီး ကောင်လေးရဲ့လှုပ်ရှားမှုကို တစ်ခုမှမလွတ်တမ်း စိုက်ကြည့်နေတော့တယ်။ သူ့ကိုယုံကြည်သူလေးနာမည်က ဂျိုရှုဝါတဲ့လား..။ ဘယ်လောက်ချစ်စရာကောင်းတဲ့ နာမည်လေးလဲ..။ ခမည်းတော်နဲ့ တစ်ဘဝလုံး အတူနေသွားမယ်တဲ့လား..။ ချစ်စရာကောင်းလိုက်တဲ့ ဆန္ဒလေး..။
အလင်းနတ်ဘုရားက သူ့ခြေရင်းကို လှမ်းစိုက်ကြည့်ရင်း ကောင်လေးက တကယ် သူ့ဘေးကိုရောက်လာတယ်လို့ စိတ်ကူးယဉ်လိုက်တယ်။ ကောင်လေးက သူ့ခြေရင်းမှာဝပ်ဆင်းပြီး ခြေအစုံကို လက်မောင်းလေးတွေနဲ့သိုင်းဖက်လို့ ခြေဖမိုးကို သူ့ပါးပြင်နုနုလေးနဲ့ ပွတ်တိုက်နေရင် ဘယ်လိုခံစားရမှာပါလိမ့်။ ဒီလိုတွေးလိုက်မိရုံနဲ့ အလင်းနတ်ဘုရားရဲ့စိတ်ထဲ ဝမ်းမြောက်ပျော်ရွှင်ခြင်းတို့ ပြည့်လျှံသွားတော့တယ်။
အလင်းနတ်ဘုရားရဲ့ လက်အောက်ခံနတ်ဘုရားက အလင်းကြေးမုံကို စိုက်ကြည့်နေပေမယ့် သခင်ကခွင့်မပြုတော့ ဘာကိုမှမမြင်ရဘူး။ ဒီကြေးမုံပြင်တစ်ဖက်မှာ ဆုတောင်းသူတစ်ယောက်ရှိနေတာကိုတော့ နတ်ဘုရားကရိပ်မိတယ်။ ကြေးမုံတစ်ဖက်က တစ်စုံတစ်ယောက်ကြောင့် ခမည်းတော်ရဲ့ဒေါသက အချိန်တိုအတွင်း ပျောက်ကွယ်သွားခဲ့တာပဲ။ ဒီဖြစ်ရပ်က နှစ်ပေါင်းသန်းချီကာလအတွင်း သူတစ်ခါမှမမြင်ဖူးတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်။
နတ်ဘုရင်ကြီးရဲ့စိတ်ဝင်စားမှုကို ဘယ်လိုလူကများ ဒီလောက်ထိ သိမ်းပိုက်ထားနိုင်ရတာလဲ။ ဘယ်ဘုရားကျောင်းက ယုံကြည်သူဖြစ်မလဲ။
နတ်ဘုရင်ကြီးရဲ့စိတ်အာရုံက တစ်နေရာကိုပြောင်းလဲပြီး စူးစိုက်နေလို့ သူက ဘာမှမမေးရဲဘဲ အနားမှာရှိတဲ့ အစေခံကောင်လေးအုပ်စုကို လက်ဝှေ့ယမ်းပြီး ထွက်သွားခိုင်းလိုက်တယ်။ ကြောက်လန့်နေတဲ့ကောင်လေးတစ်စုက ချက်ချင်းပဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားကြတော့တယ်။
ကျိုးယွင်ရှန့်က တစ်နေကုန် နောင်တ,တရားနဲ့ တောင်းပန်နေပြီး နေဝင်မှ အိပ်ဆောင်ကိုပြန်လာခဲ့တယ်။ သူက ရေပူစမ်းရှိရာကို ပြေးသွားပြီး အထဲကိုခုန်ချငုပ်လျှိုးလိုက်ပြီး အော်ဟစ်ပေါက်ကွဲလို့ ရေကိုလက်သီးနဲ့ထိုးပြီး စိတ်ရှိတိုင်း လုပ်နေတော့တယ်။
"သောက်ခွေးပဲ.. ငါက ခွေးလေးတစ်ကောင်လို တအီအီငိုကြွေးနေခဲ့တာလား.. ရှက်ဖို့ကောင်းလိုက်တာ.. ရှက်လွန်းလို့ သေဖို့တောင်ကောင်းနေပြီ.. ဦးနှောက်မရှိလိုက်တာကွာ.. အသိဉာဏ်မဲ့တဲ့လူတွေက သူတို့ကိုယ်ကို ကိုးကွယ်တဲ့နတ်ဘုရားကို ပေးအပ်ချင်စိတ်ရှိတာ ဘာမှမထူးဆန်းတော့ဘူး.. အခုတော့ သူတို့ခံစားချက်ကို ငါ သဘောပေါက်သွားပြီ.."
အလင်းနတ်ဘုရားကို ရူးသွပ်ကိုးကွယ်တဲ့သူပျောက်ပြီး ကျိုးကြောင်းဆင်ခြင်တတ်တဲ့သူ ပြန်ရောက်လာတော့ သူလုပ်ခဲ့မိတာကို သတိရပြီး ဒေါသတကြီးနဲ့ အော်ဟစ်ပေါက်ကွဲလို့ ရေကိုထိုးကန်ရိုက်နှက်ပြီး ဒေါသကိုဖြေဖျောက်နေပုံလေးက ရယ်စရာလေးဖြစ်နေတယ်။
ကိုးကွယ်ယုံကြည်သူလေးရဲ့ ချစ်စရာကောင်းတဲ့အချက်ကို သိပြီးကတည်းက အလင်းနတ်ဘုရားက ကြေးမုံကိုဆင့်ခေါ်ပြီး ကောင်လေးရဲ့ဆုတောင်းစကားကို ခဏခဏနားထောင်နေတော့တယ်။ ဒီစကားတွေက အရမ်းကိုချိုမြိန်ပြီး သူ့ကို ပျော်ရွှင်စေတယ်။ ကြာကြာစောင့်ကြည့်မိလေ ဒီကောင်လေးကို ပိုချစ်ခင်နှစ်လိုလေ ဖြစ်လာပြီး အချိန်တိုင်းနီးပါး ကောင်လေးရဲ့လှုပ်ရှားမှုကို တိတ်တဆိတ် ချောင်းမြောင်းကြည့်နေမိတော့တယ်။
သူက ကြေးမုံကနေတစ်ဆင့် ကောင်လေးရဲ့ ကိုးကွယ်ဆည်းကပ်မှုနဲ့ ချစ်ခြင်းတရားကို ဖော်ပြတာကို နေ့စဉ်စောင့်ကြည့်လေ.. ကောင်လေးကို ပိုချစ်ခင်လာလေ ဖြစ်နေတယ်။ ဒီကောင်လေးရဲ့ချစ်ခြင်းက သူ့ကို ပျော်ရွှင်လာစေတယ်။ သူက ဒီအဓိကကုန်းမြေကြီးက တစ်ဆူတည်းသောနတ်ဘုရားဖြစ်လို့ လူပေါင်းများစွာ ကိုးကွယ်ဆည်းကပ်ပေမယ့် ဘယ်သူ့ဆုတောင်းစကားမှ သူ့ရင်ကိုမထိမိစေဘူး။ စွမ်းအင်အရှိဆုံး ပုပ်ရဟန်းမင်းတောင် သူပျင်းတဲ့အခါ ကစားတဲ့ အရုပ်သာသာပဲရှိတယ်။
ပုပ်ရဟန်းမင်းရဲ့ရည်မှန်းချက်က သူ့ကိုသဘောကျစေလို့ပဲဖြစ်တယ်။ ပုပ်ရဟန်းမင်းက အလင်းဘုန်းကြီးဖြစ်ပေမယ့် သူ့ရင်ထဲကဆန္ဒတွေက တောက်လောင်နေပြီး နတ်ဆိုးတွေထက်ကို ဆိုးဝါးလှတယ်။ ဒီအချက်က အလင်းနတ်ဘုရားကို သဘောကျစေတာဖြစ်ပြီး ဒီစိတ်ထားရှိတာကို သူခွင့်ပြုပေးခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးက ဒီတိုက်ကြီးအတွက် ကောင်းတာ ဘာယူဆောင်ပေးနိုင်မလဲ၊ ဒါမှမဟုတ် ဒီတိုက်ကြီးကို ဖျက်ဆီးပစ်မလားဆိုတာကို သူသိချင်လို့ ရှင်သန်ခွင့်ပေးထားတာဖြစ်တယ်။
ဒီတိုက်ကြီးကို သူ ဘာဆက်လုပ်ရမလဲဆိုတာ မသိလို့ ဒီအတိုင်း ထားရစ်တာပဲဖြစ်တယ်။ ဘာမှစိတ်ဝင်စားစရာမရှိလို့ ဖျက်ဆီးပစ်ဖို့စဉ်းစားမိပေမယ့် တကယ်ဖျက်ဆီးခါနီးမှာ သူ့ကိုယ်ကို ပြန်ထိန်းထားလိုက်မိတာဖြစ်တယ်။ ဒီတိုက်ကြီးမှာ ဒီလို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေး တိမ်မြုပ်နေတာ သူဘယ်တုန်းကမှ မသိခဲ့ဘူးပဲ။ ဒီတန်ဖိုးရှိတဲ့ရတနာလေးကို ပိုင်ဆိုင်ဖို့ ဒီတိုက်ကြီးမှာ အလင်းဘုန်းကြီးတွေ ဆက်ရှိဖို့လိုနေတယ်။
နှစ်ပေါင်းများစွာအတွင်း အလင်းနတ်ဘုရားက တစ်ကိုယ်ကောင်းဆန်တဲ့ လူသားတွေရဲ့စရိုက်ကိုပဲ တွေ့လာရလို့ သူ့နှလုံးသားက စိတ်ဝင်စားမှုကင်းပြီး အေးခဲလာတော့တယ်။ နတ်ဘုရားလို့ခေါ်နေတဲ့သူတွေတောင် ကိုယ်ကျိုးအတွက် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြတယ်။ တကယ်ဖြူစင်သန့်ရှင်းတဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်တဲ့ လူသားဆိုတာ တစ်ယောက်မှတောင် မရှိတော့ဘူးလားလို့ ထင်မြင်မိတယ်။
အခုတော့ အလင်းနတ်ဘုရားက သူရှာတွေ့ထားတဲ့ ယုံကြည်သူကလေးလေးရဲ့ စိတ်ဝိညာဉ်ကို ကြည့်လိုက်တော့ ဖြူဖွေးတောက်ပနေပြီး အလင်းနတ်ဘုရားတွေသာပိုင်ဆိုင်တဲ့ ရွှေရောင်အလင်းတချို့တောင် ရောပါနေတာတွေ့လိုက်ရတယ်။ အရမ်းလှပြီး အရမ်းကိုချစ်စရာကောင်းလွန်းလှတယ်။ ဒီကောင်လေးကို စောင့်ကြည့်ရလို့ သူဘယ်တော့မှ မငြီးငွေ့ဘူး။
ဒီကောင်လေးက ဆုတောင်းခန်းမထဲမှာရှိချိန် ငြိမ်သက်အေးဆေးပြီး ဘာသာတရားကိုင်းရှိုင်းသူလေး ဖြစ်ပေမယ့် သူ့အိပ်ခန်းကိုရောက်ရင် တစ်မျိုးလေးပြောင်းသွားတယ်။ အိပ်ခန်းထဲရောက်ချိန် ကောင်လေးရဲ့အတွေးကို ဖတ်မရတော့ပေမယ့် ကောင်လေးရဲ့အမူအယာတွေ၊ လှုပ်ရှားမှုတွေကို သူတွေ့မြင်နိုင်ဆဲဖြစ်တယ်။ ကောင်လေးရဲ့ တိတ်ဆိတ်နူးညံ့မှုနဲ့ ပုံစံမတူတာလေးကို တွေ့လိုက်ရတယ်။ ကောင်လေးက သွားတွေတင်းတင်းစေ့ပြီး ရေပြင်ကို လက်သီးလေးနဲ့ ထိုးကြိတ်ထုရိုက်ပြီး ရေထဲမှာ အော်ဟစ်လို့နေတယ်။ သူ့ပုံစံလေးက ကလေးတစ်ယောက် လိုတာမရလို့ ဒေါသထွက်နေသလိုလေးပဲ။ သူက ခုမှ ၁၆ နှစ်ပဲရှိသေးတာ။ နတ်ဘုရားတွေအနေနဲ့ဆိုရင် သူက ခုမှ နို့စို့ကလေးသာသာပဲ ရှိသေးတယ်။ သူ့ရဲ့သင်ကြားပြသမှုတွေက ကလေးတစ်ယောက်အတွက် တစ်ခါတစ်လေ ထောင်ချောက်ထဲပိတ်မိသလို ခံစားရစေမှာပဲလေ။ သူက ကောင်လေးရဲ့နှုတ်ခမ်းတွေကို ကြေးမုံပြင်ကနေတစ်ဆင့် စိုက်ကြည့်နေမိတယ်။
အလင်းနတ်ဘုရားက ရယ်မောကြည်ရွှင်ပြီး ကောင်လေး ရေကန်ထဲကထွက်လာပြီး အိပ်ယာထဲ ရေစိုဆံပင်နဲ့အိပ်သွားတာကို စောင့်ကြည့်နေမိတယ်။
ထုံးစံအတိုင်း သူက အလင်းစွမ်းအင်ကိုပို့လွှတ်ပြီး ရေစိုဆံပင်ကိုခြောက်သွေ့အောင် လုပ်ပေးလိုက်တယ်။ အလင်းနတ်ဘုရားက ကြေးမုံကို မျက်စိမလွှဲတမ်းနဲ့ ကောင်လေးအိပ်ပျော်သွားတဲ့အထိ စောင့်ကြည့်နေမိတယ်။ ကောင်လေးအိပ်သွားတော့မှ လက်ထဲကဝိုင်ခွက်ကို တရှိန်ထိုးမော့ချလိုက်တယ်။ ကနေ့သောက်ရတဲ့ဝိုင်က ခါတိုင်းထက်ပိုချိုနေသလို ခံစားလိုက်ရတယ်။
ကျိုးယွင်ရှန့်နိုးလာတော့ မှန်ရှေ့မှာအိပ်မွေ့ချလိုက်ပြီး ချစ်ခြင်းအပြည့်နဲ့ ဆုတောင်းခန်းမဆီကို လာခဲ့တယ်။ အစေခံတစ်ယောက်က ဆုတောင်းခန်းမရှေ့က စားပွဲပေါ်မှာ ခမည်းတော်ကိုဆက်ကပ်ဖို့ ဝိုင်၊ သစ်သီး၊ မုန့်နဲ့ ဟင်းလျာတွေ ပြင်ဆင်ထားတယ်။ ဒီဘုရားကျောင်းထဲမှာ ဆက်ကပ်တဲ့အရာတွေက မပုပ်မသိုးအောင်စီမံထားလို့ နှစ်ပတ်မှတစ်ခါပဲ လဲလှယ်ဖို့လိုအပ်တယ်။ သူတို့က ခမည်းတော်ဆီက မျက်နှာသာပေးတာခံချင်လို့ မကြာမကြာ စားစရာကိုလဲလှယ်ပြီး အသစ်ဆက်ကပ်ကြတယ်။
ဟိုးအရင်ကတော့ ဒီအလုပ်ကို အလင်းဘုန်းကြီးတွေပဲ ဆောင်ရွက်ကြပေမယ့် နောက်ပိုင်းမှာ မင်းမျိုးမင်းနွယ်တွေက အလင်းဘုန်းကြီးတွေထဲဝင်ရောက်လာပြီး သူတို့က ငြီးငွေ့ဖွယ်နိမ့်ကျတဲ့အလုပ်ကို မလုပ်ချင်ကြတော့ဘူး။ ဒါကြောင့် ဒီအလုပ်ကို အစေခံတွေကိုလွှဲအပ်ပြီး တာဝန်ပေးခဲ့ကြတယ်။
အရင်ကတော့ ကျိုးယွင်ရှန့်က ဒီအချက်ကို သတိမထားမိပေမယ့် အခု အလင်းနတ်ဘုရားကို ရူးသွပ်ယုံကြည်သူဖြစ်လာတော့ ဒါကိုသိလိုက်ပြီး ချက်ချင်း အစေခံကိုတားလိုက်ပြီး ခမည်းတော်ရှေ့မှာဒူးထောက်လို့ အပြစ်ကခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်တယ်။
"ခမည်းတော်ကို လုပ်ကျွေးပြုစုရမယ့်အလုပ်ကို ငါဘယ်လိုများ မေ့ထားမိတာပါလိမ့်.. ခမည်းတော်ကို ဆက်ကပ်သမျှအားလုံး ငါပဲလုပ်သင့်တယ်.. ငါ့ခန္ဒာနဲ့ဝိညာဉ်ကိုတောင် ခမည်းတော်ပျော်ရွှင်ဖို့ ပေးအပ်သင့်တယ်.. မင်းတို့အားလုံး ထွက်သွားကြတော့.. နောင်ကျရင် ဒီအလုပ်ကို ငါကိုယ်တိုင်ပဲလုပ်မယ်.. မင်းတို့ တာဝန်ယူစရာမလိုတော့ဘူး.."
သူက အစေခံတွေကိုပြောလိုက်ပြီး ဆက်ကပ်စရာပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းကြီးကို လှမ်းယူလိုက်တယ်။
သူက 007 ကိုသုံးပြီး သူ့ကိုယ်ထဲကအလင်းစွမ်းအားကို မြှင့်ထားတဲ့အတွက် သူ့ကိုယ်က အားအင်တွေလျော့နည်းနေတယ်။ ဒါကြောင့် ခြင်းတောင်းအလေးကြီးကို လက်တစ်ဖက်တည်းနဲ့ လွှဲယူလိုက်ချိန် အလေးဒဏ်ကြောင့် ဟန်ချက်ပျက်ပြီး လဲကျသွားတယ်။ သူကလဲကျပြီး နဖူးနဲ့မြေပြင်ကို ရိုက်မိပေမယ့် နာကျင်မှုကို မခံစားလိုက်ရဘူး။
အလင်းနတ်ဘုရားက ကောင်လေးပြောလိုက်တဲ့ ကိုယ်ခန္ဓာနဲ့စိတ်ဝိညာဉ်ကိုတောင် သူပျော်ရွှင်ဖို့ပေးအပ်ချင်တယ် ဆိုတဲ့စကားကြားလို့ နိုးလာခဲ့ချိန် ကောင်လေး ရုတ်တရက်လဲကျသွားတာကို တွေ့လိုက်ရတယ်။ သူ့မျက်ဝန်းက အနက်ရောင်ပြောင်းသွားပြီး ရုတ်တရက် အလင်းစွမ်းအင်ထုတ်လွှတ်လို့ နဖူးကို ကာထားပေးလိုက်တယ်။
ကျယ်လောင်တဲ့ထိခိုက်သံကြောင့် အိမ်ဖော်တွေက အလန့်တကြားလှည့်ကြည့်လိုက်ချိန် တံခါးဘောင်နားမှာ ဖုန်ထသွားတာတွေ့လိုက်ရပြီး အလင်းဘုန်းကြီးလေးတော့ ဒဏ်ရာတော်တော်ပြင်းပြီလို့ တွက်လိုက်ကြတယ်။ ဒီအသံကျယ်ကြီးထွက်လာတဲ့အထိ ထိခိုက်မိမှတော့ သေချာပေါက် ဒဏ်ရာရတော့မှာပဲ။
ကျိုးယွင်ရှန့်က ထရပ်လာပြီး ထူးဆန်းတဲ့အမူအယာနဲ့ သူ့နဖူးကို ထိကိုင်ကြည့်မိလိုက်တယ်။ သူက လုံးဝဒဏ်ရာမရလိုက်ဘဲ တစ်စုံတစ်ယောက်က ကာပေးထားသလို နွေးထွေးမှုနဲ့နူးညံ့မှုကို ခံစားလိုက်ရလို့ သူ လုံးလုံး မနာကျင်ရတာဆိုတာ သိလိုက်တယ်။ ကျိုးယွင်ရှန့်က သူ့ကိုကူဖို့ပြင်နေတဲ့ အစေခံကိုပြန်လွှတ်လိုက်ပြီး သူ့နဖူးကိုထိလို့ ခုနကခံစားချက်ကို ပြန်စဉ်းစားနေမိတယ်။ တစ်စုံတစ်ယောက်ရဲ့ လက်နွေးနွေးရဲ့ အထိအတွေ့က သူ့ရင်မှာ ထင်ကျန်ရစ်နေခဲ့တယ်။
👑♨🌞🌷👑♨🌞🌷👑♨🌞🌷