ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

780K 70.1K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Arc_ 8.21 Romeo

8K 1K 4
By MayKingMK119

Chapter (21) – မ်က္လုံးမလႊဲႏိုင္ေအာင္ ခ်စ္တယ္


ေနာက္ဆုံးအခ်ိန္ထိ အေကာင္းဆုံးကိုထိန္းထားႏိုင္ဖို႔ Bonnie က က်ိဳးယြင္ရွန႔္နဲ႔ Ivana ကို ေနာက္ဆုံးမွ ဓာတ္ပုံ႐ိုက္ကူးေစခဲ့သည္။ သူ႔ေၾကာင္ေပါက္ေလးကို ဓာတ္ပုံ႐ိုက္ၿပီးတာနဲ႔ သူမရဲ႕သူေဌးက အျခားၿပိဳင္ပြဲဝင္ေတြကို ဓာတ္ပုံ႐ိုက္ေပးဖို႔ စိတ္မရွည္လက္မရွည္ျဖစ္တာကို တားဆီးႏိုင္ဖို႔ ဒီလိုလုပ္ရတာျဖစ္သည္။ ဒီလိုမွမဟုတ္ရင္ သူမတို႔သူေဌးက ေၾကာင္ေပါက္ေလးနားက မခြာခ်င္တာေၾကာင့္ အျခားလူေတြကို ဓာတ္ပုံ႐ိုက္ခ်င္မွာမဟုတ္ေပ။

ၿပိဳင္ပြဲဝင္ ေယာက္်ားေလး၊ မိန္းကေလးေတြ အကုန္နီးပါးရဲ႕ သ႐ုပ္ျပမႈက အေတာင္ကိုဆိုးဝါးၾကေပမယ့္ ဒီစုံတြဲေတြမွာ တစ္ဦးက ေယာက္်ားဆန္ဆန္၊ တစ္ဦးက မိန္းကေလးဆန္ဆန္ ကိုယ္ဟန္အမူအယာကိုသုံးၿပီး သ႐ုပ္ေဖာ္ဖို႔ႀကိဳးစားၾကတဲ့အတြက္ ရယ္စရာျဖစ္လို႔ေနသည္။ Bonnie နဲ႔ Jeffery တို႔က ဒိုင္ျဖစ္ၿပီး ဒီၿပိဳင္ပြဲဝင္ေတြကို လမ္းၫႊန္ေပးသင့္ေပမယ့္ သူတို႔ႏွစ္ဦးလုံးက ဗိုက္ကိုႏွိပ္ၿပီး ရယ္ေမာလို႔ အလုပ္မ်ားေနၾကသည္။

Emily အလွည့္ကိုေရာက္ေတာ့ သူမက ႐ုန္းကန္ႀကိဳးစားမႈမရွိဘူးဆိုရင္ မၾကာခင္ သူမဖယ္ရွားခံရေတာ့မယ္ဆိုတာ ေသခ်ာသိေနသည္။ သူမရဲ႕စုစုေပါင္းရမွတ္က တက္လာတယ္ဆိုေပမယ့္ Romeo နဲ႔ယွဥ္ရင္ အနိမ့္ဆုံးအဆင့္မွာ ရွိေနဆဲျဖစ္သည္။ သူမက သူမရဲ႕ သူရဲေကာင္းဆန္ဆန္ပုံစံေၾကာင့္ လူႀကိဳက္မ်ားသည္။ သူမက မ်က္လုံးတစ္ဖက္ကိုအုပ္ထားၿပီး ႏႈတ္ခမ္းေမႊးစစနဲ႔ ပင္လယ္ဓားျပပုံစံကို ျပင္ဆင္ထားေသာေၾကာင့္ အေတာ္ေလးကို ၾကည့္ေကာင္းလို႔ေနသည္။

Emily က ေခြးေျခခုံတစ္ခုေပၚတြင္ ေျခတစ္ဖက္တင္ထားၿပီး ေယာက္်ားေလးၿပိဳင္ပြဲဝင္က သူမေျခရင္းမွာ ဒူးေထာက္ၿပီး လက္ခ်င္းယွက္လို႔ ေခါင္းေမာ့ဆုေတာင္းေနဟန္ ျပဳလုပ္ထားသည္။ သူတို႔ကိုယ္ဟန္ျပထားတာက မျပည့္စုံလို႔ တစ္ခ်က္ၾကည့္႐ုံနဲ႔ ဘယ္သူကမိန္းကေလး၊ ဘယ္သူကေယာက္်ားေလးဆိုတာ သိႏိုင္ေပမယ့္ အရမ္းကို ရယ္စရာေကာင္းေနတယ္။ ဒီပုံကိုၾကည့္မိရင္ ဘယ္သူမဆို ရယ္ေမာမိမွာေသခ်ာတယ္။

Gustav က ဒီပုံစံကို တစ္ခ်က္ၾကည့္ေပမယ့္ ဘယ္လိုမွအကဲျဖတ္ျခင္းမျပဳေပ။ ဒါေပမယ့္ Bonnie နဲ႔ Jeffery က ခ်ီးက်ဴးေနၾကသည္။ ဒီစုံတြဲက ဒီအုပ္စုထဲမွာ သဘာဝအက်ဆုံးျဖစ္ေနသည္။

ေနာက္ဆုံးမွာ သူတို႔ေစာင့္ဆိုင္းေနသည့္ စုံတြဲအလွည့္ ေရာက္လာေလၿပီ။ ဓာတ္ပုံ႐ိုက္ၿပီးသည့္ ၿပိဳင္ပြဲဝင္အားလုံး ဒီႏွစ္ေယာက္ကို အားေပးဖို႔ စုေဝးလာၾကသည္။ အခုခ်ိန္မွာ Ivana က မိန္းကေလးၿပိဳင္ပြဲဝင္ေတြမ်က္လုံးထဲ နတ္ဘုရားတစ္ပါးလို႔ ထင္ေနၿပီး Romeo က ေယာက္်ားေလးၿပိဳင္ပြဲဝင္ေတြအတြက္ နတ္ဘုရားမလို႔ ျမင္ေနၾကသည္။

Emily က Romeo ၏ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာေလးကို စိတ္ပ်က္လက္ပ်က္ၾကည့္ၿပီး အေဝးကိုထြက္သြားေတာ့သည္။ Romeo က ၿပိဳင္ပြဲဝင္အားလုံးထဲမွာ ပုံစံက အရမ္းထူးျခားတယ္ဆိုတာ သိေပမယ့္ ခုလို အဝတ္အစားလဲလွယ္ဝတ္ဆင္ၿပီး ဓာတ္ပုံ႐ိုက္ခ်ိန္မွာေတာင္ ဒီလိုထိပ္ဆုံးအဆင့္မွာ ေရာက္ေနလိမ့္မယ္လု႔ိ လုံးဝမေမွ်ာ္လင့္ထားခဲ့ေပ။ သူဝတ္ထားရတဲ့ အဝတ္အစားက ဘယ္ေလာက္ပဲ ထူးဆန္းပါေစ Romeo က အေျခအေနကို ခ်က္ခ်င္းထိန္းခ်ဳပ္လိုက္ႏိုင္ၿပီး ဘာမွမျဖစ္သလိုပဲ သက္ေတာင့္သက္သာ ရွိေနခဲ့သည္။ model ေလာကထဲမွာ ဒီလိုပါရမီမ်ိဳးက အလိုအပ္ဆုံးျဖစ္သည္။

ပရိသတ္ေတြက Romeo ရဲ႕ပုံစံေလးကိုေတြ႕ရင္ သူတို႔ ဘယ္လိုတုံ႔ျပန္ၾကမွာပါလိမ့္။

ဘာျဖစ္ျဖစ္ သူမ ဆက္မေတြးၾကည့္ေတာ့ေပ။

"ေဘဘီ.. အလယ္နားမွာ သြားရပ္ေပးပါဦး.."

Gustav က ၿပဳံးၿပီး တရင္းတႏွီးေျပာလိုက္သည္။

Ivana က Romeo ကို အလယ္ကိုတြန္းလႊတ္လိုက္သည္။ Gustav ရဲ႕မ်က္လုံးတစ္စုံက Romeo ဆီမွာ ေကာ္ကပ္ထားသလို စိုက္ၾကည့္ေနလို႔ အခုေခၚလိုက္တဲ့ 'ေဘဘီ' ဆိုတာ သူမကိုမရည္ၫႊန္းဘူးဆိုတာ သိလိုက္သည္။

ေကာင္ေလးရဲ႕ ေႂကြသားလိုျဖဴေဖြးတဲ့ အသားအေရေပၚ မီးထိုးလိုက္ခ်ိန္မွာ သူက ရတနာေလးတစ္ပါးလို ထင္ျမင္ရသည္။ Gustav က ဓာတ္ပုံကို စတင္မ႐ိုက္ကူးခင္ ေၾကာင္ေပါက္ေလးရဲ႕ကိုယ္ေပၚ မီးအလင္းအေမွာင္ အေနအထား၊ ကိုယ္ဟန္တို႔ကို ေသခ်ာခ်ိန္ညႇိလိုက္သည္။ Ivana ေပၚကို မီးအလင္းအေမွာင္ ေသခ်ာက်ရဲ႕လားဆိုတာ နည္းနည္းေလးမွ ထည့္မစဥ္းစားမိလိုက္ေပ။ သူ႔စိတ္အာ႐ုံတစ္ခုလုံးက တစ္ဦးတည္းေသာ ေကာင္ေလးဆီသာ က်ေရာက္လို႔ေနသည္။

"လာ.. ထိုင္လိုက္.. ကိုယ္တစ္ခ်က္ၾကည့္ဦးမယ္.. No.. No.. Ivana.. မင္း ေၾကာင္ေပါက္ကိုမဖက္နဲ႔.. ဒီအတိုင္းပဲေန.. ဒီဟာက ခန႔္ညားတဲ့ပုံစံေပါက္ေနၿပီ.. ဒီပုံစံေလးကိုပဲ ကိုယ္သေဘာက်တယ္.."

Gustav က ဓာတ္ပုံ႐ိုက္ရင္း ၫႊန္ၾကားေနသည္။

Bonnie က သူမႏႈတ္ခမ္းကိုမဲ့လိုက္ကာ စိတ္ထဲကေတာ့ ေျပာဆိုေနမိသည္။

"Boss.. သိပ္မတြန႔္တိုျပနဲ႔ေလ.. ရွင္က Ivana ကို ေၾကာင္ေပါက္ေလးနဲ႔ တရင္းတႏွီး ပူးပူးကပ္ကပ္ပုံစံ မျမင္ခ်င္တာမဟုတ္လား.. ဒါက ဓာတ္ပုံ႐ိုက္ဖို႔ ကိုယ္ဟန္ျပ႐ုံေလးပဲကို.."

"ေကာင္းတယ္.. ဒီအတိုင္းေန.. ေဘဘီ.. ကိုယ့္ကို တစ္ခ်က္ၾကည့္ပါဦး.. မင္းအႏွစ္သက္ဆုံးလူကို ၾကည့္သလို ႏူးႏူးညံ့ညံ့နဲ႔ နက္နက္ရႈိင္းရႈိင္းေလး ၾကည့္လိုက္.."

သူ႔လမ္းၫႊန္ခ်က္တိုင္းက ႏူးညံ့ေနသလို ခ်စ္ျခင္းတို႔ျဖင့္ ထုံမႊမ္းလို႔ေနသည္။ လူတိုင္းကေတာ့ ဒီလိုေျပာဆိုတာက အာ႐ုံဝင္စားေနတဲ့ ဓာတ္ပုံဆရာ ေျပာ႐ိုးေျပာစဥ္အတိုင္းပဲလို႔ ထင္လိုက္ၾကသည္။ ဒါေပမယ့္ တကယ္ေတာ့ ဒီဟာေတြက Gustav ရဲ႕ တကယ့္ခံစားခ်က္ အစစ္အမွန္မ်ားျဖစ္သည္။ ဆယ္ေက်ာ္သက္ေလးက သူ႔ကို ခ်စ္ရည္႐ႊန္းလဲ့တဲ့ မ်က္လုံးေလးေတြနဲ႔ ၾကည့္လိုက္ေတာ့ သူ႔စိတ္ဝိညာဥ္တစ္ခုလုံး ဗရမ္းဗတာျဖစ္သြားသလို ခံစားလိုက္ရသည္။

"ေဘဘီ.. ကိုယ့္ကိုၿပဳံးျပပါ.."

သူ႔ေလသံက ေရငတ္ေနသူလို အက္ကြဲလို႔ေနသည္။ သူ႔အာေခါင္တစ္ခုလုံး ေျခာက္လာတဲ့အထိ ဆြဲေဆာင္ခံေနရေပမယ့္ သူလုံးဝ မရပ္တန႔္ခ်င္ခဲ့ေပ။ ဒါက သူ႔အတြက္ ခ်ိဳၿမိန္လြန္းသည့္ ညႇင္းဆဲမႈေလးျဖစ္ေတာ့သည္။
က်ိဳးယြင္ရွန႔္က ၿပဳံးလိုက္သည္။ သူ႔နားထဲတြင္ ျပင္းထန္သည့္အသက္ရႉသံကို ၾကားလိုက္ရသည္။

"ေကာင္းတယ္.. ဟုတ္ၿပီ.. မိုက္တယ္.. ေဘဘီ.. မင္းက နတ္သားေလးလိုပဲ.. ေဘဘီ.. မင္းက အေကာင္းဆုံးပဲ.."

သူက သူ႔ခ်စ္သူေလးကို ေတာက္ေလွ်ာက္ခ်ီးမြန္းေနလိုက္တာ Bonnie ရဲ႕ ပုံစံတစ္ခုလုံး ကူးခ်ထားသလိုပဲ။
Acheson ဓာတ္ပုံစတင္႐ိုက္ကူးစဥ္ကတည္းက Bonnie က သူ႔ကိုသိလာခဲ့သည္။ Acheson က ေအးေဆးၿငိမ္သက္လြန္းေသာေၾကာင့္ သူက အျခားၿဂိဳလ္ကလာတဲ့ ၿဂိဳလ္သားလို လူေတြနဲ႔ ခပ္ကင္းကင္းေနေလ့ရွိခဲ့သည္။ ဒါေၾကာင့္ Gustav က ေသြးေအးလြန္းသူလို႔ Bonnie ထင္ထားခဲ့ေပမယ့္ ခုလိုမ်ိဳး ႐ူးသြပ္လုနီးပါး ေသြးဆူလာမည္ဟု လုံးဝမထင္ထားမိေပ။

သူမက ဒီျမင္ကြင္းကို မွတ္တမ္းတင္သိမ္းထားသင့္တယ္ထင္ၿပီး သူမဖုန္းကိုဖြင့္ၿပီး ႐ိုက္ကူးထားလိုက္သည္။ ခဏၾကာေတာ့ သူမရဲ႕သူေဌးကို သတိေပးလိုက္သည္။

"Mr. Acheson.. ရွင္ သူတို႔ကို႐ိုက္ဖို႔ တစ္ပုံပဲက်န္ေတာ့တယ္.. သူတို႔ကို အေကာင္းဆုံးအေနအထားနဲ႔ ကိုယ္ဟန္ျပခိုင္းၿပီး ရပ္သင့္ၿပီ.."

"တစ္ပုံပဲက်န္ေတာ့တယ္.. ဟုတ္လား.."

Gustav က ကင္မရာကိုငုံ႔ၾကည့္လိုက္ေတာ့ သူက 29 ပုံ႐ိုက္ၿပီးသြားေလၿပီ။ အခ်ိန္ကုန္တာ ျမန္လွခ်ည္လား။ 29 ပုံက ဘာေၾကာင့္မ်ားရမွာတုန္း။ 2.9 ဘီလီယံ႐ိုက္တာေတာင္ မလုံေလာက္ေသးဘူး။ Gustav က ဆံပင္ကိုပင့္တင္လိုက္သည္။ သူ႔အမူအယာက မသိသာေပမယ့္ သူ႔ႏွလုံးသားက ေဒါသထြက္လို႔ေနေလၿပီ။

ေၾကာင္ေပါက္ေလးနားကို ကပ္ရဖို႔အခြင့္အေရးက လြယ္တာမဟုတ္ဘူး။ အခုေတာ့ အလဟႆျဖစ္သြားရၿပီ.. ေသလိုက္စမ္း..။

Daddy ေပါင္ေပၚ လာထိုင္


Ivana နဲ႔ Romeo တို႔ ဘယ္လိုအေနအထားနဲ႔ သ႐ုပ္ျပသင့္သလဲဆိုတာ တိုင္ပင္ေနတဲ့ျမင္ကြင္းကိုၾကည့္ရင္း သူက ထိုင္ခံုမွာထိုင္လိုက္ၿပီး လွမ္းေခၚလိုက္သည္။

"မင္းတို႔ ဒီလိုမ်ိဳး လုပ္လို႔ရတယ္ေလ.. ေဘဘီ ဒီကိုလာ.. ကိုယ့္ေပါင္ေပၚမွာ လာထိုင္လိုက္.."

ဓာတ္ပံုဆရာ ဒါမွမဟုတ္ ဒိုင္တစ္ေယာက္က ၿပိဳင္ပြဲဝင္ကုိ ဘယ္လိုအေနအထားမ်ိဳး ကိုယ္ဟန္ျပသင့္ေၾကာင္း ဒီလိုလမ္းညႊန္ေပးေလ့ မရွိၾကေပ။ Mr. Acheson က အခုလိုျပဳလုပ္တာ ပထမဆံုးအႀကိမ္ျဖစ္သည္။ ၿပိဳင္ပြဲဝင္ေတြက အံ့အားသင့္သြားၾကေပမယ့္ သူတို႔က သူ႔ရဲ့ခံစားခ်က္ကို နားလည္သြားၾကသည္။ Romeo က အရမ္းကိုလွလြန္းသည္။ ကာတြန္းကားထဲက ဇာတ္ေကာင္ေလးလို လွလြန္းသည္။

Gustav က ဓာတ္ပံုဆရာျဖစ္ၿပီး ဓာတ္ပံုဆရာတိုင္းက လွပေသာအရာဝတၳဳမ်ားကို ရွာေဖြေလ့ရွိသည္ကို လူတိုင္းသိထားၾကသည္။ ၿပီးျပည့္စံုေသာ ဓာတ္ပံုတစ္ပံုထြက္လာဖို႔ ဓာတ္ပံုဆရာမ်ားက နာရီေပါင္းမ်ားစြာ ဆင္းရဲဒုကၡခံၿပီး ေစာင့္ဆိုင္းခဲ့ၾကသည္။ မိန္းကေလးအသြင္ႏွင့္ Romeo အေပၚ သူဒီေလာက္ စိတ္အားထက္သန္စြာ လမ္းညႊန္ျပသေပးတာ အံ့ၾသစရာေတာ့မဟုတ္ေပ။ သူလည္းပဲ လူသားတစ္ေယာက္ မဟုတ္လား။

ေယာက္်ားေးလၿပိဳင္ပြဲဝင္ Romeo ကို က်န္ၿပိဳင္ပြဲဝင္မ်ားက ရန္လိုမႈမရွိၾကေတာ့ေပ။ ဘာေၾကာင့္လဲဆိုေတာ့ Romeo ရဲ့ နတ္သမီးကဲ့သို႔ က်က္သေရရွိစြာ လွပေနမႈေလးကို သူတို႔ရင္ထဲ စြဲေနေသာေၾကာင့္ျဖစ္သည္။
က်ိဳးယြင္ရွန္႔က ခဏတြန္႔ဆုတ္ေနၿပီး Gustav ရဲ့ ရွည္လ်ားသည့္ေျခတံမ်ားေပၚ ထိုင္လိုက္သည္။ Gustav က ေရေမႊးတခ်ိဳ႕ ဆြတ္ထားပံုရၿပီး သူ႔ဆီကရတဲ့ရနံ႔က က်ိဳးယြင္ရွန္႔ကို အရမ္းသက္ေတာင့္သက္သာ ျဖစ္သြားသလို ခံစားရေစသည္။

"ကၽြန္ေတာ္ သေဘာေပါက္ၿပီ.. ေက်းဇူးတင္ပါတယ္ Mr. Acheson.."

"ကိုယ့္ကို ေက်းဇူးမတင္ပါနဲ႔.. ဒီဟာက ေနာက္ဆံုးပံုပဲ.. ဒါက လံုးဝ perfect ျဖစ္ေနရမယ္ေလ.."

Gustav က တြန္႔ဆုတ္စြာ ေၾကာင္ေပါက္ေလးကိုလႊတ္လိုက္ၿပီး ဓာတ္ပံုဆရာေနရာကို ျပန္သြားလိုက္ရသည္။ သူက ပါးနပ္စြာျဖင့္ ေၾကာင္ေပါက္ေလးရဲ့ဆံပင္ကို အသာအယာ ပြတ္သပ္လိုက္ေတာ့ ဆံပင္ေလးေတြက ပိုးႀကိဳးမွ်င္ေလးေတြလို ႏူးညံ့လွတာကို ခံစားလိုက္ရသည္။ ေၾကာင္ေပါက္က ဘာေခါင္းေလွ်ာ္ရည္ သံုးတာပါလိမ့္။ ဒီအနံ႔ေလးက လန္းဆန္းေနၿပီး သူ႔ဆံပင္ေလးေတြကို ႏူးညံ့ေပ်ာ့ေျပာင္းေနေစသည္။ သူက ေၾကာင္ေပါက္ေလး၏ႏွာေခါင္းကို ခ်စ္စႏိုးညႇစ္ကာ ေမးလိုက္ခ်င္စိတ္ကို မနည္းထိန္းထားလိုက္ရသည္။

က်ိဳးယြင္ရွန္႔က ဆံပင္တုစြပ္မထားေပ။ သူ႔ရဲ့ Stylist က သဘာဝမက်တဲ့ ဆံပင္တုကို တပ္ေပးတာက သူ႔ဦးေခါင္းပံုစံေလးကို ဖံုးကြယ္ရာေရာက္တယ္ဆိုၿပီး ဆံပင္ရွည္တခ်ိဳ႕ကို ဆက္ေပးခဲ့သည္။ ဓာတ္ပံု႐ိုက္ၿပီးရင္ ဒီဆံပင္တုေတြကို အလြယ္တကူ ျဖဳတ္ပစ္လိုက္လုိ႔ရသည္။

ဒါေၾကာင့္ Gustav က Romeo ရဲ့ဦးေရျပားေလးနဲ႔ လွပတဲ့ဦးေခါင္းပံုစံေလးကို ျမင္ေနရၿပီး ဒီပံုစံေလးက သူ႔ကို ပိုမိုဆြဲေဆာင္ေနသလို ခံစားလိုက္ရသည္။ ဒီအတိုင္း ေကာင္ေလးကို ပုန္းလွ်ိဳးကြယ္လွ်ိဳးလိုက္ေနရတာ ေကာင္း မေကာင္း သူလည္းမေသခ်ာေတာ့ေပ။

သူ႔ရဲ့စိုးရိမ္ပူပန္မႈကို အေနာက္ခဏပို႔ထားၿပီး သူ႔အလုပ္ကို ဆက္လုိက္ရသည္။ Ivana က သူ႔ေနရာမွာ အစားဝင္ၿပီး ထိုင္ခံုမွာထိုင္ခ်လိုက္သည္။ သူတို႔က ဓာတ္ပံု႐ိုက္ဖို႔ပံုစံကို အျမန္ဆံုးျပင္ဆင္လိုက္သည္။

"ေဘဘီ.. ေနာက္နည္းနည္းဆုတ္.. ကင္မရာကိုၾကည့္.. မွန္တယ္.. ေကာင္းတယ္.. ေဘဘီ.. မင္းရဲ့မ်က္ဝန္းျပာေလးေတြက မ်က္ရည္ေလးေတြနည္းနည္း ေဝ့ဝဲေနပါေစ.. ကိုယ့္ကိုၾကည့္.. ဟုတ္ၿပီ.. ဒီအတိုင္းပဲ.. ႐ိုက္ၿပီ.."

Gustav က ကင္မရာခလုတ္ကိုမႏွိပ္ခင္ မွန္ဘီလူးကို တစ္ခ်က္ညွိလိုက္သည္။ ဓာတ္ပံု႐ိုက္ၿပီးေတာ့ သူက ဆယ္ေက်ာ္သက္ခ်ာတိတ္ေလးဆီ ေလွ်ာက္သြားၿပီး ဖက္လိုက္သည္။

"ေဘဘီ.. မင္းအေနအထား အရမ္းေကာင္းတယ္.. ကိုယ္ မင္းကိုခ်စ္တယ္.."

သူ႔အသံက လိႈက္ေမာေနၿပီး ဒီေလသံထဲ သူ႔ခံစားခ်က္အားလံုး လွစ္ဟလို႔ေနသည္။

က်ိဳးယြင္ရွန္႔က ဒီလိုစကားမ်ိဳးမွာ မေပ်ာ္ဝင္ခဲ့ေပ။ သူက ၿပိဳင္ပြဲမၿပီးခင္ ျပႆနာမတက္ခ်င္ေသာေၾကာင့္ ပံုမွန္ကဲ့သို႔ ေက်းဇူးတင္စကားသာ ေျပာလိုက္သည္။
အေနာက္တိုင္းသားမ်ားက 'I Love You' ဆိုသည့္စကားကို ပါးစပ္ဖ်ားေလးနဲ႔ ေဖာေဖာသီသီ ေျပာဆိုသံုးႏႈန္းေလ့ရွိၾကသည္။

Gustav က ေကာင္ေလးရဲ့တံု႔ျပန္မႈေၾကာင့္ စိတ္ပ်က္သြားေပမယ့္ ၿပိဳင္ပြဲကိစၥကို ဆက္လုပ္ရမွာရွိေသးလို႔ ေကာင္ေလးကို တစ္ခ်က္ထပ္ဖက္လိုက္ၿပီး Bonnie နဲ႔ Jeffery တို႔ေဘး သြားရပ္ရင္း ကေန႔႐ိုက္ခဲ့တဲ့ပံုေတြကို ျပန္စစ္ေဆးေနလိုက္သည္။

ၿပိဳင္ပြဲဝင္အားလံုး အဝတ္လဲခန္းဆီေျပးလာၿပီး ဝတ္ဆင္ထားသမွ်ကို ခၽြတ္လဲလိုက္ၾကသည္။ တစ္ေန႔တာဒုကၡခံရတာ ၿပီးဆံုးခ်ိန္ေရာက္ေလၿပီ။

Ivana က Mr. Acheson ကို တစ္ခ်က္လွမ္းၾကည့္ၿပီး သူ႔ခ်စ္သူမိန္းကေလးေနရာမွာရွိတဲ့ က်ိဳးယြင္ရွန္႔နားေျပးသြားလိုက္ၿပီး လက္မေထာင္ျပလိုက္သည္။ က်ိဳးယြင္ရွန္႔လည္း လက္မေထာင္ၿပီး လက္မႏွစ္ေခ်ာင္းထိပ္ခ်င္း ထိကပ္ကာ ခ်စ္စရာအျပဳအမူေလး လုပ္လိုက္သည္။ John က သူတို႔ေနာက္မွာ ကင္မရာတစ္လံုးနဲ႔ လိုက္႐ိုက္ေနလို႔ သီးသန္႔စကားေတာ့ ေျပာခြင့္မရလိုက္ေပ။ က်ိဳးယြင္ရွန္႔က တံု႔ဆိုင္းစြာ လက္ယမ္းျပလိုက္သည္။

Ivana ကေတာ့ မယံုေပ။ Mr. Acheson ကိုၾကည့္လိုက္တာနဲ႔ သူက Romeo ကို ဘယ္ေလာက္ေတာင္ႏူးညံ့ၿပီး ခ်စ္ခင္ၾကင္နာတယ္ဆိုတာ ထင္ရွားေနသည္။ တကယ္လို႔ သူသာ Romeo ကိုမခ်စ္ဘူးဆိုရင္ ဘာေၾကာင့္တစ္ခ်ိန္လံုး Romeo ကိုပဲ အာ႐ံုစိုက္ လိုက္ၾကည့္ေနမွာတဲ့လဲ။ ဓာတ္ပံု႐ိုက္တဲ့တစ္ခ်ိန္လံုး သူမဘယ္ေလာက္ သည္းခံေနရတယ္ဆိုတာ သူမဘာသာ အသိဆံုးပဲျဖစ္သည္။ Mr. Acheson က သူမဘာလုပ္ေနသလဲဆိုတာ လံုးဝမသိတဲ့အျပင္ ဘယ္လိုလုပ္သင့္တယ္ဆိုတာ တစ္ခ်က္ေလးေတာင္ လမ္းမညႊန္ေပးခဲ့ေပ။ သူက Romeo ရဲ့အလွဆံုးအေနအထားကိုပဲ တစ္ခ်ိန္လံုး ႐ိုက္ကူးေနခဲ့တာျဖစ္သည္။

သူက Baby လို႔ေခၚေနေပမယ့္ ဒီစကားလံုးေတြက ေပါ့တီးေပါ့ဆ ဒီအတိုင္းေခၚလိုက္တာမဟုတ္သလို စိတ္တင္းက်ပ္တဲ့အေျခအေနကို ေလ်ာ့ေအာင္ေခၚေနတာလည္း မဟုတ္ေပ။ သူက Romeo ကို သူ႔ရဲ့တန္ဖိုးႀကီးရတနာေလးလို သေဘာထားမွန္း ေလသံထဲမွာ သိသာေနသည္။

Ivana က ဒီကိစၥအတြက္ လံုးဝမနာလိုမျဖစ္ဘဲ သူမရဲ့ထိုးထြင္းျမင္ႏိုင္စြမ္းကိုပဲ ဂုဏ္ယူလို႔ေနသည္။ Mr. Acheson က Romeo ကို လံုးဝခ်စ္ေနတယ္ဆိုတာ သူမပိုင္ဆိုင္သမွ်အားလံုး ခ်ေလာင္းရဲသည္။
==================

Chapter (21) – မျက်လုံးမလွှဲနိုင်အောင် ချစ်တယ်


နောက်ဆုံးအချိန်ထိ အကောင်းဆုံးကိုထိန်းထားနိုင်ဖို့ Bonnie က ကျိုးယွင်ရှန့်နဲ့ Ivana ကို နောက်ဆုံးမှ ဓာတ်ပုံရိုက်ကူးစေခဲ့သည်။ သူ့ကြောင်ပေါက်လေးကို ဓာတ်ပုံရိုက်ပြီးတာနဲ့ သူမရဲ့သူဌေးက အခြားပြိုင်ပွဲဝင်တွေကို ဓာတ်ပုံရိုက်ပေးဖို့ စိတ်မရှည်လက်မရှည်ဖြစ်တာကို တားဆီးနိုင်ဖို့ ဒီလိုလုပ်ရတာဖြစ်သည်။ ဒီလိုမှမဟုတ်ရင် သူမတို့သူဌေးက ကြောင်ပေါက်လေးနားက မခွာချင်တာကြောင့် အခြားလူတွေကို ဓာတ်ပုံရိုက်ချင်မှာမဟုတ်ပေ။

ပြိုင်ပွဲဝင် ယောက်ျားလေး၊ မိန်းကလေးတွေ အကုန်နီးပါးရဲ့ သရုပ်ပြမှုက အတောင်ကိုဆိုးဝါးကြပေမယ့် ဒီစုံတွဲတွေမှာ တစ်ဦးက ယောက်ျားဆန်ဆန်၊ တစ်ဦးက မိန်းကလေးဆန်ဆန် ကိုယ်ဟန်အမူအယာကိုသုံးပြီး သရုပ်ဖော်ဖို့ကြိုးစားကြတဲ့အတွက် ရယ်စရာဖြစ်လို့နေသည်။ Bonnie နဲ့ Jeffery တို့က ဒိုင်ဖြစ်ပြီး ဒီပြိုင်ပွဲဝင်တွေကို လမ်းညွှန်ပေးသင့်ပေမယ့် သူတို့နှစ်ဦးလုံးက ဗိုက်ကိုနှိပ်ပြီး ရယ်မောလို့ အလုပ်များနေကြသည်။

Emily အလှည့်ကိုရောက်တော့ သူမက ရုန်းကန်ကြိုးစားမှုမရှိဘူးဆိုရင် မကြာခင် သူမဖယ်ရှားခံရတော့မယ်ဆိုတာ သေချာသိနေသည်။ သူမရဲ့စုစုပေါင်းရမှတ်က တက်လာတယ်ဆိုပေမယ့် Romeo နဲ့ယှဉ်ရင် အနိမ့်ဆုံးအဆင့်မှာ ရှိနေဆဲဖြစ်သည်။ သူမက သူမရဲ့ သူရဲကောင်းဆန်ဆန်ပုံစံကြောင့် လူကြိုက်များသည်။ သူမက မျက်လုံးတစ်ဖက်ကိုအုပ်ထားပြီး နှုတ်ခမ်းမွှေးစစနဲ့ ပင်လယ်ဓားပြပုံစံကို ပြင်ဆင်ထားသောကြောင့် အတော်လေးကို ကြည့်ကောင်းလို့နေသည်။

Emily က ခွေးခြေခုံတစ်ခုပေါ်တွင် ခြေတစ်ဖက်တင်ထားပြီး ယောက်ျားလေးပြိုင်ပွဲဝင်က သူမခြေရင်းမှာ ဒူးထောက်ပြီး လက်ချင်းယှက်လို့ ခေါင်းမော့ဆုတောင်းနေဟန် ပြုလုပ်ထားသည်။ သူတို့ကိုယ်ဟန်ပြထားတာက မပြည့်စုံလို့ တစ်ချက်ကြည့်ရုံနဲ့ ဘယ်သူကမိန်းကလေး၊ ဘယ်သူကယောက်ျားလေးဆိုတာ သိနိုင်ပေမယ့် အရမ်းကို ရယ်စရာကောင်းနေတယ်။ ဒီပုံကိုကြည့်မိရင် ဘယ်သူမဆို ရယ်မောမိမှာသေချာတယ်။

Gustav က ဒီပုံစံကို တစ်ချက်ကြည့်ပေမယ့် ဘယ်လိုမှအကဲဖြတ်ခြင်းမပြုပေ။ ဒါပေမယ့် Bonnie နဲ့ Jeffery က ချီးကျူးနေကြသည်။ ဒီစုံတွဲက ဒီအုပ်စုထဲမှာ သဘာဝအကျဆုံးဖြစ်နေသည်။

နောက်ဆုံးမှာ သူတို့စောင့်ဆိုင်းနေသည့် စုံတွဲအလှည့် ရောက်လာလေပြီ။ ဓာတ်ပုံရိုက်ပြီးသည့် ပြိုင်ပွဲဝင်အားလုံး ဒီနှစ်ယောက်ကို အားပေးဖို့ စုဝေးလာကြသည်။ အခုချိန်မှာ Ivana က မိန်းကလေးပြိုင်ပွဲဝင်တွေမျက်လုံးထဲ နတ်ဘုရားတစ်ပါးလို့ ထင်နေပြီး Romeo က ယောက်ျားလေးပြိုင်ပွဲဝင်တွေအတွက် နတ်ဘုရားမလို့ မြင်နေကြသည်။

Emily က Romeo ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို စိတ်ပျက်လက်ပျက်ကြည့်ပြီး အဝေးကိုထွက်သွားတော့သည်။ Romeo က ပြိုင်ပွဲဝင်အားလုံးထဲမှာ ပုံစံက အရမ်းထူးခြားတယ်ဆိုတာ သိပေမယ့် ခုလို အဝတ်အစားလဲလှယ်ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ချိန်မှာတောင် ဒီလိုထိပ်ဆုံးအဆင့်မှာ ရောက်နေလိမ့်မယ်လု့ိ လုံးဝမမျှော်လင့်ထားခဲ့ပေ။ သူဝတ်ထားရတဲ့ အဝတ်အစားက ဘယ်လောက်ပဲ ထူးဆန်းပါစေ Romeo က အခြေအနေကို ချက်ချင်းထိန်းချုပ်လိုက်နိုင်ပြီး ဘာမှမဖြစ်သလိုပဲ သက်တောင့်သက်သာ ရှိနေခဲ့သည်။ model လောကထဲမှာ ဒီလိုပါရမီမျိုးက အလိုအပ်ဆုံးဖြစ်သည်။

ပရိသတ်တွေက Romeo ရဲ့ပုံစံလေးကိုတွေ့ရင် သူတို့ ဘယ်လိုတုံ့ပြန်ကြမှာပါလိမ့်။

ဘာဖြစ်ဖြစ် သူမ ဆက်မတွေးကြည့်တော့ပေ။

"ဘေဘီ.. အလယ်နားမှာ သွားရပ်ပေးပါဦး.."

Gustav က ပြုံးပြီး တရင်းတနှီးပြောလိုက်သည်။

Ivana က Romeo ကို အလယ်ကိုတွန်းလွှတ်လိုက်သည်။ Gustav ရဲ့မျက်လုံးတစ်စုံက Romeo ဆီမှာ ကော်ကပ်ထားသလို စိုက်ကြည့်နေလို့ အခုခေါ်လိုက်တဲ့ 'ဘေဘီ' ဆိုတာ သူမကိုမရည်ညွှန်းဘူးဆိုတာ သိလိုက်သည်။

ကောင်လေးရဲ့ ကြွေသားလိုဖြူဖွေးတဲ့ အသားအရေပေါ် မီးထိုးလိုက်ချိန်မှာ သူက ရတနာလေးတစ်ပါးလို ထင်မြင်ရသည်။ Gustav က ဓာတ်ပုံကို စတင်မရိုက်ကူးခင် ကြောင်ပေါက်လေးရဲ့ကိုယ်ပေါ် မီးအလင်းအမှောင် အနေအထား၊ ကိုယ်ဟန်တို့ကို သေချာချိန်ညှိလိုက်သည်။ Ivana ပေါ်ကို မီးအလင်းအမှောင် သေချာကျရဲ့လားဆိုတာ နည်းနည်းလေးမှ ထည့်မစဉ်းစားမိလိုက်ပေ။ သူ့စိတ်အာရုံတစ်ခုလုံးက တစ်ဦးတည်းသော ကောင်လေးဆီသာ ကျရောက်လို့နေသည်။

"လာ.. ထိုင်လိုက်.. ကိုယ်တစ်ချက်ကြည့်ဦးမယ်.. No.. No.. Ivana.. မင်း ကြောင်ပေါက်ကိုမဖက်နဲ့.. ဒီအတိုင်းပဲနေ.. ဒီဟာက ခန့်ညားတဲ့ပုံစံပေါက်နေပြီ.. ဒီပုံစံလေးကိုပဲ ကိုယ်သဘောကျတယ်.."

Gustav က ဓာတ်ပုံရိုက်ရင်း ညွှန်ကြားနေသည်။

Bonnie က သူမနှုတ်ခမ်းကိုမဲ့လိုက်ကာ စိတ်ထဲကတော့ ပြောဆိုနေမိသည်။

"Boss.. သိပ်မတွန့်တိုပြနဲ့လေ.. ရှင်က Ivana ကို ကြောင်ပေါက်လေးနဲ့ တရင်းတနှီး ပူးပူးကပ်ကပ်ပုံစံ မမြင်ချင်တာမဟုတ်လား.. ဒါက ဓာတ်ပုံရိုက်ဖို့ ကိုယ်ဟန်ပြရုံလေးပဲကို.."

"ကောင်းတယ်.. ဒီအတိုင်းနေ.. ဘေဘီ.. ကိုယ့်ကို တစ်ချက်ကြည့်ပါဦး.. မင်းအနှစ်သက်ဆုံးလူကို ကြည့်သလို နူးနူးညံ့ညံ့နဲ့ နက်နက်ရှိုင်းရှိုင်းလေး ကြည့်လိုက်.."

သူ့လမ်းညွှန်ချက်တိုင်းက နူးညံ့နေသလို ချစ်ခြင်းတို့ဖြင့် ထုံမွှမ်းလို့နေသည်။ လူတိုင်းကတော့ ဒီလိုပြောဆိုတာက အာရုံဝင်စားနေတဲ့ ဓာတ်ပုံဆရာ ပြောရိုးပြောစဉ်အတိုင်းပဲလို့ ထင်လိုက်ကြသည်။ ဒါပေမယ့် တကယ်တော့ ဒီဟာတွေက Gustav ရဲ့ တကယ့်ခံစားချက် အစစ်အမှန်များဖြစ်သည်။ ဆယ်ကျော်သက်လေးက သူ့ကို ချစ်ရည်ရွှန်းလဲ့တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်တော့ သူ့စိတ်ဝိညာဉ်တစ်ခုလုံး ဗရမ်းဗတာဖြစ်သွားသလို ခံစားလိုက်ရသည်။

"ဘေဘီ.. ကိုယ့်ကိုပြုံးပြပါ.."

သူ့လေသံက ရေငတ်နေသူလို အက်ကွဲလို့နေသည်။ သူ့အာခေါင်တစ်ခုလုံး ခြောက်လာတဲ့အထိ ဆွဲဆောင်ခံနေရပေမယ့် သူလုံးဝ မရပ်တန့်ချင်ခဲ့ပေ။ ဒါက သူ့အတွက် ချိုမြိန်လွန်းသည့် ညှင်းဆဲမှုလေးဖြစ်တော့သည်။
ကျိုးယွင်ရှန့်က ပြုံးလိုက်သည်။ သူ့နားထဲတွင် ပြင်းထန်သည့်အသက်ရှူသံကို ကြားလိုက်ရသည်။

"ကောင်းတယ်.. ဟုတ်ပြီ.. မိုက်တယ်.. ဘေဘီ.. မင်းက နတ်သားလေးလိုပဲ.. ဘေဘီ.. မင်းက အကောင်းဆုံးပဲ.."

သူက သူ့ချစ်သူလေးကို တောက်လျှောက်ချီးမွန်းနေလိုက်တာ Bonnie ရဲ့ ပုံစံတစ်ခုလုံး ကူးချထားသလိုပဲ။
Acheson ဓာတ်ပုံစတင်ရိုက်ကူးစဉ်ကတည်းက Bonnie က သူ့ကိုသိလာခဲ့သည်။ Acheson က အေးဆေးငြိမ်သက်လွန်းသောကြောင့် သူက အခြားဂြိုလ်ကလာတဲ့ ဂြိုလ်သားလို လူတွေနဲ့ ခပ်ကင်းကင်းနေလေ့ရှိခဲ့သည်။ ဒါကြောင့် Gustav က သွေးအေးလွန်းသူလို့ Bonnie ထင်ထားခဲ့ပေမယ့် ခုလိုမျိုး ရူးသွပ်လုနီးပါး သွေးဆူလာမည်ဟု လုံးဝမထင်ထားမိပေ။

သူမက ဒီမြင်ကွင်းကို မှတ်တမ်းတင်သိမ်းထားသင့်တယ်ထင်ပြီး သူမဖုန်းကိုဖွင့်ပြီး ရိုက်ကူးထားလိုက်သည်။ ခဏကြာတော့ သူမရဲ့သူဌေးကို သတိပေးလိုက်သည်။

"Mr. Acheson.. ရှင် သူတို့ကိုရိုက်ဖို့ တစ်ပုံပဲကျန်တော့တယ်.. သူတို့ကို အကောင်းဆုံးအနေအထားနဲ့ ကိုယ်ဟန်ပြခိုင်းပြီး ရပ်သင့်ပြီ.."

"တစ်ပုံပဲကျန်တော့တယ်.. ဟုတ်လား.."

Gustav က ကင်မရာကိုငုံ့ကြည့်လိုက်တော့ သူက 29 ပုံရိုက်ပြီးသွားလေပြီ။ အချိန်ကုန်တာ မြန်လှချည်လား။ 29 ပုံက ဘာကြောင့်များရမှာတုန်း။ 2.9 ဘီလီယံရိုက်တာတောင် မလုံလောက်သေးဘူး။ Gustav က ဆံပင်ကိုပင့်တင်လိုက်သည်။ သူ့အမူအယာက မသိသာပေမယ့် သူ့နှလုံးသားက ဒေါသထွက်လို့နေလေပြီ။

ကြောင်ပေါက်လေးနားကို ကပ်ရဖို့အခွင့်အရေးက လွယ်တာမဟုတ်ဘူး။ အခုတော့ အလဟဿဖြစ်သွားရပြီ.. သေလိုက်စမ်း..။

Daddy ပေါင်ပေါ် လာထိုင်


Ivana နဲ့ Romeo တို့ ဘယ်လိုအနေအထားနဲ့ သရုပ်ပြသင့်သလဲဆိုတာ တိုင်ပင်နေတဲ့မြင်ကွင်းကိုကြည့်ရင်း သူက ထိုင်ခုံမှာထိုင်လိုက်ပြီး လှမ်းခေါ်လိုက်သည်။

"မင်းတို့ ဒီလိုမျိုး လုပ်လို့ရတယ်လေ.. ဘေဘီ ဒီကိုလာ.. ကိုယ့်ပေါင်ပေါ်မှာ လာထိုင်လိုက်.."

ဓာတ်ပုံဆရာ ဒါမှမဟုတ် ဒိုင်တစ်ယောက်က ပြိုင်ပွဲဝင်ကို ဘယ်လိုအနေအထားမျိုး ကိုယ်ဟန်ပြသင့်ကြောင်း ဒီလိုလမ်းညွှန်ပေးလေ့ မရှိကြပေ။ Mr. Acheson က အခုလိုပြုလုပ်တာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပြိုင်ပွဲဝင်တွေက အံ့အားသင့်သွားကြပေမယ့် သူတို့က သူ့ရဲ့ခံစားချက်ကို နားလည်သွားကြသည်။ Romeo က အရမ်းကိုလှလွန်းသည်။ ကာတွန်းကားထဲက ဇာတ်ကောင်လေးလို လှလွန်းသည်။

Gustav က ဓာတ်ပုံဆရာဖြစ်ပြီး ဓာတ်ပုံဆရာတိုင်းက လှပသောအရာဝတ္ထုများကို ရှာဖွေလေ့ရှိသည်ကို လူတိုင်းသိထားကြသည်။ ပြီးပြည့်စုံသော ဓာတ်ပုံတစ်ပုံထွက်လာဖို့ ဓာတ်ပုံဆရာများက နာရီပေါင်းများစွာ ဆင်းရဲဒုက္ခခံပြီး စောင့်ဆိုင်းခဲ့ကြသည်။ မိန်းကလေးအသွင်နှင့် Romeo အပေါ် သူဒီလောက် စိတ်အားထက်သန်စွာ လမ်းညွှန်ပြသပေးတာ အံ့သြစရာတော့မဟုတ်ပေ။ သူလည်းပဲ လူသားတစ်ယောက် မဟုတ်လား။

ယောက်ျားေးလပြိုင်ပွဲဝင် Romeo ကို ကျန်ပြိုင်ပွဲဝင်များက ရန်လိုမှုမရှိကြတော့ပေ။ ဘာကြောင့်လဲဆိုတော့ Romeo ရဲ့ နတ်သမီးကဲ့သို့ ကျက်သရေရှိစွာ လှပနေမှုလေးကို သူတို့ရင်ထဲ စွဲနေသောကြောင့်ဖြစ်သည်။
ကျိုးယွင်ရှန့်က ခဏတွန့်ဆုတ်နေပြီး Gustav ရဲ့ ရှည်လျားသည့်ခြေတံများပေါ် ထိုင်လိုက်သည်။ Gustav က ရေမွှေးတချို့ ဆွတ်ထားပုံရပြီး သူ့ဆီကရတဲ့ရနံ့က ကျိုးယွင်ရှန့်ကို အရမ်းသက်တောင့်သက်သာ ဖြစ်သွားသလို ခံစားရစေသည်။

"ကျွန်တော် သဘောပေါက်ပြီ.. ကျေးဇူးတင်ပါတယ် Mr. Acheson.."

"ကိုယ့်ကို ကျေးဇူးမတင်ပါနဲ့.. ဒီဟာက နောက်ဆုံးပုံပဲ.. ဒါက လုံးဝ perfect ဖြစ်နေရမယ်လေ.."

Gustav က တွန့်ဆုတ်စွာ ကြောင်ပေါက်လေးကိုလွှတ်လိုက်ပြီး ဓာတ်ပုံဆရာနေရာကို ပြန်သွားလိုက်ရသည်။ သူက ပါးနပ်စွာဖြင့် ကြောင်ပေါက်လေးရဲ့ဆံပင်ကို အသာအယာ ပွတ်သပ်လိုက်တော့ ဆံပင်လေးတွေက ပိုးကြိုးမျှင်လေးတွေလို နူးညံ့လှတာကို ခံစားလိုက်ရသည်။ ကြောင်ပေါက်က ဘာခေါင်းလျှော်ရည် သုံးတာပါလိမ့်။ ဒီအနံ့လေးက လန်းဆန်းနေပြီး သူ့ဆံပင်လေးတွေကို နူးညံ့ပျော့ပြောင်းနေစေသည်။ သူက ကြောင်ပေါက်လေး၏နှာခေါင်းကို ချစ်စနိုးညှစ်ကာ မေးလိုက်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်။

ကျိုးယွင်ရှန့်က ဆံပင်တုစွပ်မထားပေ။ သူ့ရဲ့ Stylist က သဘာဝမကျတဲ့ ဆံပင်တုကို တပ်ပေးတာက သူ့ဦးခေါင်းပုံစံလေးကို ဖုံးကွယ်ရာရောက်တယ်ဆိုပြီး ဆံပင်ရှည်တချို့ကို ဆက်ပေးခဲ့သည်။ ဓာတ်ပုံရိုက်ပြီးရင် ဒီဆံပင်တုတွေကို အလွယ်တကူ ဖြုတ်ပစ်လိုက်လို့ရသည်။

ဒါကြောင့် Gustav က Romeo ရဲ့ဦးရေပြားလေးနဲ့ လှပတဲ့ဦးခေါင်းပုံစံလေးကို မြင်နေရပြီး ဒီပုံစံလေးက သူ့ကို ပိုမိုဆွဲဆောင်နေသလို ခံစားလိုက်ရသည်။ ဒီအတိုင်း ကောင်လေးကို ပုန်းလျှိုးကွယ်လျှိုးလိုက်နေရတာ ကောင်း မကောင်း သူလည်းမသေချာတော့ပေ။

သူ့ရဲ့စိုးရိမ်ပူပန်မှုကို အနောက်ခဏပို့ထားပြီး သူ့အလုပ်ကို ဆက်လိုက်ရသည်။ Ivana က သူ့နေရာမှာ အစားဝင်ပြီး ထိုင်ခုံမှာထိုင်ချလိုက်သည်။ သူတို့က ဓာတ်ပုံရိုက်ဖို့ပုံစံကို အမြန်ဆုံးပြင်ဆင်လိုက်သည်။

"ဘေဘီ.. နောက်နည်းနည်းဆုတ်.. ကင်မရာကိုကြည့်.. မှန်တယ်.. ကောင်းတယ်.. ဘေဘီ.. မင်းရဲ့မျက်ဝန်းပြာလေးတွေက မျက်ရည်လေးတွေနည်းနည်း ဝေ့ဝဲနေပါစေ.. ကိုယ့်ကိုကြည့်.. ဟုတ်ပြီ.. ဒီအတိုင်းပဲ.. ရိုက်ပြီ.."

Gustav က ကင်မရာခလုတ်ကိုမနှိပ်ခင် မှန်ဘီလူးကို တစ်ချက်ညှိလိုက်သည်။ ဓာတ်ပုံရိုက်ပြီးတော့ သူက ဆယ်ကျော်သက်ချာတိတ်လေးဆီ လျှောက်သွားပြီး ဖက်လိုက်သည်။

"ဘေဘီ.. မင်းအနေအထား အရမ်းကောင်းတယ်.. ကိုယ် မင်းကိုချစ်တယ်.."

သူ့အသံက လှိုက်မောနေပြီး ဒီလေသံထဲ သူ့ခံစားချက်အားလုံး လှစ်ဟလို့နေသည်။

ကျိုးယွင်ရှန့်က ဒီလိုစကားမျိုးမှာ မပျော်ဝင်ခဲ့ပေ။ သူက ပြိုင်ပွဲမပြီးခင် ပြဿနာမတက်ချင်သောကြောင့် ပုံမှန်ကဲ့သို့ ကျေးဇူးတင်စကားသာ ပြောလိုက်သည်။
အနောက်တိုင်းသားများက 'I Love You' ဆိုသည့်စကားကို ပါးစပ်ဖျားလေးနဲ့ ဖောဖောသီသီ ပြောဆိုသုံးနှုန်းလေ့ရှိကြသည်။

Gustav က ကောင်လေးရဲ့တုံ့ပြန်မှုကြောင့် စိတ်ပျက်သွားပေမယ့် ပြိုင်ပွဲကိစ္စကို ဆက်လုပ်ရမှာရှိသေးလို့ ကောင်လေးကို တစ်ချက်ထပ်ဖက်လိုက်ပြီး Bonnie နဲ့ Jeffery တို့ဘေး သွားရပ်ရင်း ကနေ့ရိုက်ခဲ့တဲ့ပုံတွေကို ပြန်စစ်ဆေးနေလိုက်သည်။

ပြိုင်ပွဲဝင်အားလုံး အဝတ်လဲခန်းဆီပြေးလာပြီး ဝတ်ဆင်ထားသမျှကို ချွတ်လဲလိုက်ကြသည်။ တစ်နေ့တာဒုက္ခခံရတာ ပြီးဆုံးချိန်ရောက်လေပြီ။

Ivana က Mr. Acheson ကို တစ်ချက်လှမ်းကြည့်ပြီး သူ့ချစ်သူမိန်းကလေးနေရာမှာရှိတဲ့ ကျိုးယွင်ရှန့်နားပြေးသွားလိုက်ပြီး လက်မထောင်ပြလိုက်သည်။ ကျိုးယွင်ရှန့်လည်း လက်မထောင်ပြီး လက်မနှစ်ချောင်းထိပ်ချင်း ထိကပ်ကာ ချစ်စရာအပြုအမူလေး လုပ်လိုက်သည်။ John က သူတို့နောက်မှာ ကင်မရာတစ်လုံးနဲ့ လိုက်ရိုက်နေလို့ သီးသန့်စကားတော့ ပြောခွင့်မရလိုက်ပေ။ ကျိုးယွင်ရှန့်က တုံ့ဆိုင်းစွာ လက်ယမ်းပြလိုက်သည်။

Ivana ကတော့ မယုံပေ။ Mr. Acheson ကိုကြည့်လိုက်တာနဲ့ သူက Romeo ကို ဘယ်လောက်တောင်နူးညံ့ပြီး ချစ်ခင်ကြင်နာတယ်ဆိုတာ ထင်ရှားနေသည်။ တကယ်လို့ သူသာ Romeo ကိုမချစ်ဘူးဆိုရင် ဘာကြောင့်တစ်ချိန်လုံး Romeo ကိုပဲ အာရုံစိုက် လိုက်ကြည့်နေမှာတဲ့လဲ။ ဓာတ်ပုံရိုက်တဲ့တစ်ချိန်လုံး သူမဘယ်လောက် သည်းခံနေရတယ်ဆိုတာ သူမဘာသာ အသိဆုံးပဲဖြစ်သည်။ Mr. Acheson က သူမဘာလုပ်နေသလဲဆိုတာ လုံးဝမသိတဲ့အပြင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ တစ်ချက်လေးတောင် လမ်းမညွှန်ပေးခဲ့ပေ။ သူက Romeo ရဲ့အလှဆုံးအနေအထားကိုပဲ တစ်ချိန်လုံး ရိုက်ကူးနေခဲ့တာဖြစ်သည်။

သူက Baby လို့ခေါ်နေပေမယ့် ဒီစကားလုံးတွေက ပေါ့တီးပေါ့ဆ ဒီအတိုင်းခေါ်လိုက်တာမဟုတ်သလို စိတ်တင်းကျပ်တဲ့အခြေအနေကို လျော့အောင်ခေါ်နေတာလည်း မဟုတ်ပေ။ သူက Romeo ကို သူ့ရဲ့တန်ဖိုးကြီးရတနာလေးလို သဘောထားမှန်း လေသံထဲမှာ သိသာနေသည်။

Ivana က ဒီကိစ္စအတွက် လုံးဝမနာလိုမဖြစ်ဘဲ သူမရဲ့ထိုးထွင်းမြင်နိုင်စွမ်းကိုပဲ ဂုဏ်ယူလို့နေသည်။ Mr. Acheson က Romeo ကို လုံးဝချစ်နေတယ်ဆိုတာ သူမပိုင်ဆိုင်သမျှအားလုံး ချလောင်းရဲသည်။
==================

Continue Reading

You'll Also Like

1.4M 185K 166
လက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတ...
201K 7.6K 36
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
102K 10.8K 52
Author - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all A...