ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

788K 70.6K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အကျဉ်းချုပ် - ထိပ်တန်းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရွှယ်ဇီရွမ် _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအချစ်
(Z) Extra 1 _ Chapter (13) - လူသတ်မှု
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရွှယ်ဇီရွမ်
Extra 1_ Chapter (14) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Arc_8.15 Romeo

8.4K 983 5
By MayKingMK119

Chapter (15) -သခင်လေးနှင့် အစေခံ၏ အားပြိုင်မှုများ(zawgyi+Unicode)





Eureka : "10 မှတ်.."




"Come on ဘေဘီ.."








"၆ မှတ်.."


























Bonnie က အမှတ်စုစုပေါင်းကို မကြေငြာခင် မေးခဲ့သည်။

"ဒီပုံကို ပရိသတ်တွေ ဘယ်လိုမြင်သလဲ မင်းသိချင်လား.."

ကျိုးယွင်ရှန့်က သူမကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

Bonnie ရဲ့လက်လှုပ်တာနဲ့ ဆံပင်ရောင်စုံနှင့် အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်က ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့သည်။ သူမက သွေးယိုနေတဲ့နှာခေါင်ကို တစ်သျှူးနဲ့ဆို့ထားပြီး ကင်မရာဘက်ကိုကြည့်ကာ ပြောလိုက်သည်။

"ကျွန်မက တရားဝင် website မှာ ရေကူးဝတ်စုံကိုယ်စီနဲ့ ပြိုင်ပွဲဝင်တွေရဲ့ လိင်ဆွဲဆောင်မှုကို ပြသနေတာကိုတွေ့ခဲ့ရတယ်.. Mr.Acheson နဲ့ Bonnie တို့က သူတို့ပုံကိုတွေ့တော့ တွန့်မသွားတာကို ကျွန်မ တကယ်လေးစားမိတယ်.. ဒါပေမယ့် ဒီပြိုင်ပွဲဝင်တွေက အတွေးမှားနေကြတယ်.. တကယ်စစ်မှန်တဲ့ ဆွဲဆောင်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဖော်ပြအသားပေးရတာမဟုတ်ဘူး.. တကယ့်လိင်စိတ်ဆွဲဆောင်မှုဆိုတာ ကိုယ့်စရိုက်နဲ့ ပင်ကိုယ်အတွင်းစိတ်ကပဲ ဖြစ်ပေါ်လာနိုင်တယ်.. တချို့လူတွေက အဝတ်အစားလုံလုံခြုံခြုံနဲ့ ကြယ်သီးတွေ သပ်သပ်ရပ်ရပ်တပ်ထားပြီး လည်စည်းပုဝါနဲ့ ဖုံးကွယ်ထားပေမယ့် သူတို့အရိုးထဲက လွင့်ပျံထွက်လာတဲ့ လိင်စိတ်ဆွဲဆောင်မှုကို မဖုံးကွယ်ထားနိုင်ဘူး.. ကျွန်မ Mr.Acheson က Romeo ကို ဘာကြောင့် အဝတ်အစားလဲခန်းက ထောင့်လေးမှာ ချောင်ပိတ်ထားရတယ်ဆိုတာကို နားလည်တယ်.."

သူက sexy ကျတဲ့သူ့သခင်လေးကို သဘောကျနေလို့ပဲ.. သူတို့ကိုယ်ခန္ဓာအနေအထား၊ မျက်ဝန်းထဲက စိတ်အားထက်သန်မှုနဲ့ နားမလည်နိုင်ခြင်းတို့ ထိပ်တိုက်တွေ့ကုန်ကြတယ်.. ဒီအခိုက်အတန့်လေးမှာပဲ ဒီဓာတ်ပုံက ဆီဆေးပန်းချီကားတစ်ချပ်မှာရှိရမယ့် အလှအပ၊ စတိုင် အဆင့်ထိကို မြင့်တက်သွားစေတာဖြစ်တယ်.. ဒါကြောင့် ကျွန်မ Romeo ကို 10 မှတ်ပေးတယ်.. နောက်ဆုံးအနေနဲ့ Mr. Acheson ကို တစ်ခုပြောလိုက်ပါရစေ.. Mr. Acheson.. Romeo လေးဆီ သွားကြစို့.. သူ့ကို ကျွန်မဆီ ခေါ်ဆောင်လာပေးပါ..

ကျိုးယွင်ရှန့်က ဖန်သားပြင်ပေါ်က သူ့ပရိသတ်ကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။
Bonnie က အွန်လိုင်းပေါ်က အမှတ်စုစုပေါင်းကို မကြေငြာခင် ကျေနပ်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
Romeo ရဲ့ Voting ရမှတ်က ပြိုင်ပွဲဝင်အားလုံးကို နောက်ရောက်အောင် ချန်ထားရစ်နိုင်ခဲ့သည်။ တကယ်လို့ Romeo ရဲ့ဓာတ်ပုံက ချို့ယွင်းချက်ရှိပြီး အမှန်ပြည့်မရခဲ့ရင်တောင်မှ အွန်လိုင်းပေါ်က ပရိသတ်တွေပေးတဲ့ အမှတ်က နည်းနည်းလေးမှ လျော့သွားမှာမဟုတ်ဘူး။

ပြိုင်ပွဲဝင်တွေက အရင်က Romeo ကိုမုန်းတီးနေတဲ့ အွန်လိုင်းပရိသတ်သန်းချီက ဘယ်ရောက်သွားသလဲဆိုပြီး အံ့အားသင့်နေမိသည်။ Romeo က ငြိမ်သက်သွားတာနဲ့ လူပေါင်းများစွာကို ဆွဲဆောင်လိုက်နိုင်တာလား။

ဒါပေမယ့် Romeo ရဲ့ ရယ်မောနေတဲ့မျက်နှာ၊ သမုဒ္ဒရာရေပြင်လို ပြာလဲ့နေတဲ့မျက်ဝန်းနဲ့၊ သန့်စင်တဲ့သူ့ရုပ်သွင်က တောက်ပတဲ့အကြည့်လေးတွေကို တွေ့ပြီးနောက် ပြိုင်ပွဲဝင်အားလုံး ပရိသတ်ကြီးရဲ့အတွေးတွေကို နားလည်သွားခဲ့သည်။
Hayden က Bonnie ရဲ့ရှေ့မှောက်မှာ ဖယ်ရှားခံရနီးပါး ပြိုင်ပွဲဝင်နှစ်ဦးထဲက တစ်ဦးအဖြစ် ရပ်နေခဲ့ပြီး အမှတ်နည်းနည်းနဲ့ ကပ်ပြီးအောင်ခဲ့သည့်သူက သူ့ကိုပွေ့ဖက်ဖို့လာတဲ့ အခြားပြိုင်ပွဲဝင်တွေကို တွန်းပစ်လိုက်ပြီး ထွက်သွားသည်။ သူ့ရဲ့အပြုအမူက ဒိုင်နှင့် အခြားပြိုင်ပွဲဝင်များ၏ အထင်မြင်သေးခြင်းကို ခံလိုက်ရသည်။

အဆောင်ကိုပြန်ရောက်တော့ Hayden က မူးအောင်သောက်တော့သည်။ နောက်ဆုံးမျှော်လင့်ချက်ကြောင့် ဒီအစီအစဉ်တင်ဆက်သူများက သူ့ရဲ့စိတ်ဖိစီးမှုကို လျှော့ချဖို့ စိတ်ရောဂါကုထုံးပညာရှင်များ စေလွှတ်လာခဲ့ပေမယ့် ဒီဟာကြောင့် Hayden က ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူက Romeo ရဲ့ပုံကို သူ့ဒေါသတွေ မဖောက်ခွဲရဲတော့ စကားလုံးတွေနဲ့ စော်ကားတိုက်ခိုက်တော့သည်။

ကျိုးယွင်ရှန့်က သူပြောသမျှကို တိတ်ဆိတ်စွာနားထောင်ရင်း ရင်ထဲကနေ ပြောလိုက်သည်။

"စော်ကားလိုက်စမ်းပါ.. မင်း ပိုစော်ကားတိုက်ခိုက်လေ.. မင်းပြုတ်သွားဖို့ ပိုမြန်လေပဲ.."

ကျိုးယွင်ရှန့်က ကျေနပ်စွာနဲ့ အိပ်ပျော်သွားတော့သည်။

အမှတ်တွေက ထပ်ထပ်မြင့်တက်လာပြီး Romeo ရဲ့ fan တွေက တစ်နေ့ကို သိန်းချီမြင့်တက်လာခဲ့သည်။ ABC ကတင်ဆက်တဲ့အစီအစဉ်ကို လူတွေ ပိုအာရုံစိုက်လာပြီး Romeo ရဲ့အခန်းတွေကို မဖယ်ရှားဖို့ ထုတ်လုပ်ရေးအဖွဲ့ကို ထပ်တလဲလဲ တောင်းဆိုခြင်းခံရတော့သည်။

"တကယ်လို့ သူ့ရဲ့နောက်ရိုက်တဲ့ပုံတွေက သုံးစားမရရင်တောင်မှ တစ်ပုံမှမကျန် သိမ်းထားရမယ်.."

ဒါကတော့ သူတို့ CEO ဆီက တိကျတဲ့ အမိန့်စကားပဲဖြစ်တယ်။

Romeo အပေါ် ပရိသတ်တွေရဲ့စွဲလန်းမှုက မယုံကြည်နိုင်စရာ မြင့်တက်လာပြီး တကယ်လို့ Romeo သာ ထိပ်ဆုံးသုံးနေရာမှာသာ မရခဲ့ရင် ဒီအစီအစဉ်ရဲ့ တရားဝင် website က ဒေါသထွက်နေတဲ့ပရိသတ်တွေကြောင့် ဝရုန်းသုန်းကားဖြစ်သွားနိုင်သည်။ ပရိသတ်ကြီးရဲ့ Romeo အပေါ်ထားတဲ့ အချစ်တွေက ဒီရေလို ပိုပိုတိုးလာတော့သည်။

သူတို့က Romeo ရဲ့ပုံစံ၊ ရေချိုးခန်းထဲကထွက်လာတဲ့ ရေချိုးပြီးစ အလှ၊ Hayden ကို ဝမ်းနည်းစွာငေးကြည့်နေတဲ့ပုံ၊ Ivana နဲ့ ပျော်ရွှင်စွာ လှုပ်ရှားသွားလာပုံ၊ နောက်ဆုံး Romeo ဘာလုပ်လုပ် တကယ့်ကို သဘောကျချစ်မြတ်နိုးနေကြတော့သည်။ Romeo က အချက်အပြုတ်တော်ရုံတင်မကဘူး ပါရမီရှိတဲ့ အနုပညာရှင်လည်းဖြစ်တယ်။ သူက တကယ့်ဓာတ်ပုံထဲကထက်ကို အခြားအသွင်အပြင်ကို လျှင်မြန်စွာပြောင်းလဲနိုင်သည်။ ပရိသတ်ထဲက ပညာရှင်တွေက ဒီကောင်လေးရဲ့အရည်အချင်းတွေကို မြင်ရတော့ ချီးကျူးလိုက်ကြပြီး သူ့မှာ အထူးကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြတယ်။ ဘယ်သူမှ သူ့လောက်ငယ်ငယ်လေးနဲ့ ဘက်စုံကျွမ်းကျင်မှုကို မပိုင်ဆိုင်နိုင်ကြပေ။

ဒါကြောင့် Romeo ရဲ့ fan တွေထဲမှာ ကြောင်ချစ်သူ၊ အလှအပချစ်သူ၊ မိခင်လိုအမျိုးသမီးတွေ၊ BL ချစ်သူနဲ့ နောက်ဆုံး အနုပညာချစ်သူအထိ အစုံပါဝင်ကြသည်။

Romeo ရဲ့ ပြိုင်ဖက်ကင်း ချစ်စရာကောင်းမှုက လူ့အဖွဲ့အစည်းက အလွှာပေါင်းစုံကို ပျံ့သွားခဲ့သည်။ သူက Acheson နဲ့တွဲပြီး မော်ဒယ်အဖြစ် သရုပ်ပြဓာတ်ပုံ ရိုက်ကူးပြီးကတည်းက သူ့ရဲ့ Rating တွေက ထင်မှတ်မထားအောင် မြင့်တက်သွားတော့သည်။ ရင့်ကျက်တည်ငြိမ်သောလူကြီးနှင့် အပြစ်ကင်းသည့် ဆယ်ကျော်သက်ကောင်လေး၊ နှိမ်ချတတ်သည့် အစေခံနှင့် မာနကြီးသည့်သခင်လေး... စသဖြင့် မရိုးနိုင်အောင် Romeo ရဲ့ဂုဏ်သတင်းက ပိုတိုးလာတော့သည်။

Acheson က ကောင်လေးကို ဝိုင်မပေးဘဲ နွားနို့ကိုပဲ ခွက်ထဲလောင်းထည့်ပေးတဲ့ပုံကို ကြည့်ပြီး ပရိသတ်ကြီးက အူမြူးပြီး ဆိုဖာပေါ်မှာ လူးလှိမ့်ကုန်ကြသည်။

သူတို့နှစ်ဦး အဝတ်လဲခန်းထောင့်မှာ ချောင်ပိတ်မိပြီး နှစ်ဦးသား၏နှုတ်ခမ်းက သိပ်မကွာတော့သည့်မြင်ကွင်းကိုတွေ့တော့ ပရိသတ်တွေက မျက်နှာကိုလက်ဝါးနှင့်အုပ်ပြီး ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။

သူတို့နှစ်ယောက် ပူးပေါင်းသရုပ်ဆောင်မှုအပြီး လမ်းခွဲပြီးထွက်ခွာသွားသည့် အခန်းကိုကြည့်ပြီး ပရိသတ်များက လေးစားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူတို့နှစ်ဦး ခံစားချက်များကိုထိန်းချုပ်ပြီး ရုန်းထွက်လာနိုင်တာကို သဘောကျသည်။

ဒါပေမယ့် BL ချစ်သူများက ဒီအခန်းကိုကြည့်ပြီး သူတို့အမြင်ကို အွန်လိုင်းပေါ် ရေးတင်လိုက်ကြသည်။

"Mr. Acheson က Romeo နဲ့ပတ်သက်လာရင် အထူးတလည် နူးညံ့သွားတယ်လို့ မင်းခံစားရလား.."























==========================




Chapter (15) (zawgyi+Unicode)

နောက်တစ်နေ့မှာ ပြိုင်ပွဲဝင်တွေက studio မှာစုဝေးပြီး ပြိုင်ပွဲရလဒ်ကို စောင့်နေကြသည်။ Bonnie က ချန်ပီယံဆုများကို တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။

ပညာရှင်တို့ရဲ့ လမ်းညွှန်မှုမပါရှိတဲ့အတွက် ပြီးခဲ့တဲ့ဓာတ်ပုံရိုက်ကူးခြင်းမှာ Theme ရွေးချယ်ခြင်း၊ ကိုယ်ဟန်ပြခြင်း၊ အဝတ်အစားဝတ်ခြင်းနှင့် တခြားအချက်များစွာမှာ ပြဿနာအများကြီးရှိတယ်ဆိုတာ ရှင်းပြလိုက်သည်။ အထူးသဖြင့် အမျိုးသမီးပြိုင်ပွဲဝင်များ Emily နှင့် Ivana ကလွဲပြီး ကျန်မိန်းကလေးအားလုံး Mr. Acheson ကိုဆွဲဆောင်ဖို့ ရေကူးဝတ်စုံကို ရွေးချယ်ကြပြီး သူတို့သရုပ်ပြပုံက အရမ်းကိုဆိုးဝါးခဲ့ကြသည်။

Bonnie က မိန်းကလေးများကို ၆ မှတ်၊ ၅ မှတ်၊ ၄ မှတ် အသီးသီးပေးလိုက်ပြီး Ivana အလှည့်ရောက်တော့ ပထမဆုံးပြုံးပြကာ ပြောလိုက်သည်။

"10 မှတ်.. မင်းရဲ့ရွေးချယ်လုပ်ဆောင်မှုက အကောင်းဆုံးပဲ.."

Eureka : "10 မှတ်.."

"ဘယ်သူက အခန့်ညားဆုံးလဲဟေ့.. ကိုယ်က သူနဲ့ ရင်ခုန်စရာတစ်ညတာလေး ကုန်ဆုံးချင်တယ်.. တကယ်လို့ ကိုယ် သူ့ကို 10 မှတ်ပေးရင် ကိုယ့်ကို အခွင့်အရေးတစ်ခုပေးမလား.."

Miss Jeffery က ဟာသပြောလိုက်သည်။

Ivana က သူ့လက်မောင်းများကို ဆန့်တန်းကာ ဖော်ရွေစွာပြောလိုက်သည်။

"Come on ဘေဘီ.."

ဒိုင်သုံးဦးနှင့် ကင်မရာသမားများက သူမ၏သွက်လက်ပြီး လိုက်လျောညီထွေတုံ့ပြန်မှုကြောင့် ရယ်မောလိုက်ကြပြီး တင်းမာနေသည့်အခြေအနေက ပြေလျော့သွားတော့သည်။

ပြီးနောက် Emily ကို စင်ပေါ်ခေါ်လိုက်သည်။ သူမက နောက်ကျောကို မတ်မတ်ထားပြီး မျက်နှာကို ခပ်မော့မော့ဖြင့် ယုံကြည်မှုအပြည့်ဖြင့် စင်ပေါ်ရပ်နေသည်။ အထူးသဖြင့် သူနှင့် Mr.Acheson ရဲ့ နှစ်ယောက်တွဲ တန်ဂိုကနေတဲ့ပုံက Screen ပေါ်မှာ ပေါ်လာတော့ သူက မျက်ခုံးများပင် ပင့်မသွားမိသည်။

ဒါပေမယ့် ဒိုင်များ၏အမြင်က သူမစိတ်ကူးယဉ်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

"ဟန်နီ.. မင်း ဒီလိုဖောက်ထွင်းမြင်ရတဲ့ ပါးလွှာတဲ့အကဝတ်စုံကို ဝတ်မယ့်အစား ရေကူးဝတ်စံဘီကီနီကို ဝတ်တာ ပိုလိုက်ဖက်တယ်.. မင်းမှာ အရမ်းမိုက်တဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိပြီး အဲ့ဒီလိုဝတ်ရင် မင်းရဲ့အလှကို ပိုဖော်ပြနိုင်မှာဖြစ်တယ်.. အခုလိုဝတ်စားထားပုံနဲ့ဆိုရင် မင်းရဲ့ကောက်ကြောင်းနဲ့ အလှကို သိပ်မပေါ်စေလို့ ထိပ်ဆုံးထိရောက်နိုင်မှာမဟုတ်ဘူး.."

"တကယ့် အဆင့်မြင့်ဖက်ရှင်ပွဲကြီးတွေမှာဆိုရင် အဝတ်အစားနဲ့ ကိုယ်ခန္ဓာ ကွက်တိကျစေဖို့ တစ်ခါတစ်လေ မော်ဒယ်တွေကို အတွင်းကအဝတ်တွေတောင် ဝတ်ခွင့်မပြုကြဘူး.. မင်းရဲ့ခုန်နေတဲ့ပုံစံက ပရိသတ်ကိုဆွဲဆောင်ဖမ်းစားထားပြီး အဆင့်မြင့်ဖက်ရှင်ပွဲပုံရိပ်ကနေ ညစ်ညမ်းတဲ့အတွေးကို ပေါ်စေတယ်.. အထူးသဖြင့် ဒီပုံမှာ မင်းရဲ့ကိုယ်ဟန်အနေအထားက လိုတာထက် ပိုသရုပ်ပြထားပုံပေါက်နေတယ်.. ဟေး.. မတရားပြောခံရတဲ့ပုံ မလုပ်နဲ့လေ.. ဒီမှာ Mr.Archeson ရဲ့အမူအယာကို ကြည့်လိုက်.. သူ့အမူအယာက အရမ်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်.. သူက မင်းရဲ့ခါးကိုဖက်ထားပေမယ့် ကိုယ့်စိတ်ထဲမှာ သူက မင်းကို ခပ်ဝေးဝေးကို တွန်းထုတ်ချင်နေတယ်လို့ ခံစားနေရတယ်..."

Jeffery က Acheson ရဲ့ ခန့်ညားတဲ့မျက်နှာပုံကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

Eureka က ထူးထူးခြားခြား မှတ်ချက်မပေးပေမယ့် ၆ မှတ်ပဲပေးလိုက်တယ်။

"၆ မှတ်.."

Bonnie နဲ့ Jeffery က မတိုင်ပင်ဘဲ တစ်ပြိုင်တည်းပြောလိုက်မိကြတယ်။

Emily က သူမစော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်ရသည်။ ဒီဒိုင်တွေက သူမက Mr.Acheson ရဲ့နောက်ကွယ်မှာ သူမကို ယဉ်ယဉ်ကျေးကျေးနဲ့ မြှူဆွယ်တဲ့ခွေးမလို့ ပြောလိုက်သလိုပဲ။ ကံကောင်းထောက်မပြီး အင်တာနက်ပရိသတ်တွေက သူမရဲ့လိင်စိတ်နှိုးဆွပေးတဲ့ ကိုယ်ဟန်အနေအထားကို သဘောကျပြီး အမှတ်တွေပေးကြလို့ သူမကို စိတ်သက်ရာရသွားစေသည်။

Hayden ရဲ့ပုံလည်း မှတ်ချက်ဆိုးတွေပေးခံရပြီး Bonnie နဲ့ Eureka က သူ့ကို ၅ မှတ်ပေးပြီး Jeffery က သူ့ရဲ့လှပတဲ့ကြွက်သားတွေကြောင့် အမှတ်ပိုပေးခဲ့တယ်။ ဒါပေမယ့် သူ့စုစုပေါင်းရမှတ်က ဟိုးအောက်ခြေမှာရောက်နေဆဲဖြစ်တယ်။ သူ့ရဲ့ များပြားတဲ့ပရိသတ်ကြီးက ဘယ်ရောက်သွားသလဲဆိုပြီး Hayden အံ့အားသင့်နေသည်။ တစ်ညတည်းနဲ့ အငွေ့ပျံသွားပြီလား။

နောက်ဆုံးခေါ်ခံရသူက Romeo ဖြစ်တယ်။

Bonnie က သူမထိုင်ခုံကိုမှီထိုင်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"Romeo.. ကိုယ့်အချစ်လေး Romeo ရေ.. မင်းက ကိုယ့်ကို အမြဲ အံ့အားသင့်အောင် လုပ်ပြခဲ့တယ်.. ကဲ.. မင်းဓာတ်ပုံကို ကြည့်ရအောင်.."

သူမလက်ချောင်းတွေကို လှုပ်ရှားလိုက်သည်နှင့် Romeo နှင့် Acheson တို့နှစ်ဦး အဝတ်အစားလဲခန်းတွင် ထိပ်တိုက်တွေ့ကြသည့် ပူးကပ်နေပြီး သိပ်သည်းသည့်အရိပ်အငွေ့တို့ လွှမ်းခြုံနေသည့်ပုံက Screen ပေါ်မှာ ပေါ်လာခဲ့သည်။

Acheson ရဲ့ မြင့်မားပြီး တောင့်တင်းသည့်ကိုယ်ခန္ဓာက Romeo ကိုလွှမ်းခြုံနေပြီး Romeo ရဲ့ပါးပြင်နှစ်ဖက်ဘေးမှ တောင့်တင်းသောလက်မောင်းများဖြင့် နံရံကိုထောက်ကာ ပိတ်ဆို့ထားသည်။ Romeo က Acheson ဆီက ပြင်းထန်စွာဖိနှိပ်လာသည့် ခြိမ်းခြောက်မှုကို နည်းနည်းမှဂရုမစိုက်ဘဲ Acheson ရဲ့နက်ခ်တိုင်ကို ဆုပ်ကိုင်ပြီး မြင့်မားသည့် Acheson ကို ရင်ဆိုင်ကြည့်ကာ သူ့ရဲ့မာန်နှင့် ဂုဏ်သိက္ခာကိုပြသဖို့ မေးလေးကိုပင့်မထားခဲ့သည်။

အဝတ်လဲခန်းထဲတွင် အလင်းရောင်သိပ်မရှိသောကြောင့် အရာအားလုံးက အရိပ်ကျပြီး လူနှစ်ဦးက အဖြူအမည်း ဒါမှမဟုတ် ခဲရောင်ကို ဝတ်ဆင်ထားတဲ့အတွက် ဒီပုံက ခံစားချက်ပြင်းပြတဲ့ တစ်စုံတစ်ရာကို ထင်ဟပ်ပြနေသည်။ ကောင်လေးက သူ့မျက်လုံးကို မှေးစင်းထားပြီး သူ့ပုံရိပ်က တည်ငြိမ်နေပြီး သူ့မျက်ဝန်းပြာလေးက တစ်လက်လက် တောက်ပလို့နေသည်။

ဒိုင်လူကြီးတွေက ဒီပုံကိုကြည့်လေကြည့်လေ ဘာချို့ယွင်းချက်ကိုမှ ရှာမရလေဖြစ်လို့နေသည်။ အခြားပြိုင်ပွဲဝင်များကလည်း အံ့အားသင့်ပြီး မေးရိုးတွေ အောက်ကိုပြုတ်ကျပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

သူတို့ ရေကူးဝတ်စုံတွေနဲ့ရော၊ ဂန္တဝင်မြောက်စွာဝတ်ပြီး ရိုက်ထားတာရော၊ ချစ်ကြည်နူးစရာ ရိုမန့်ဆန်တဲ့ပုံများစွာကို တွေ့ခဲ့ရပေမယ့် အခုပုံက ကောင်းကင်ယံထက်က တောက်ပတဲ့ကြယ်လို မျက်စိမလွှဲနိုင်အောင် ခံစားနေရသည်။

ဒီပုံက အဝတ်အစား ရွေးချယ်ဝတ်ထားတဲ့နေရာမှာရော၊ မော်ဒယ်နှစ်ဦး ပူးပေါင်းဆောင်ရွက်မှုမှာပါ ပြောစရာမရှိအောင် ပြီးပြည့်စုံလွန်းလှသည်။ Romeo ဆီမှာ သူတို့တွေးထားတာထက် ကျော်လွန်တဲ့ ပါရမီတွေ ရှိနေပုံရသည်။

ဒိုင်လူကြီးတွေက မှတ်ချက်မပေးခင် သူတို့အာရုံကို မနည်းပြန်ဆွဲယူလိုက်ရသည်။

"အချစ်လေး.. ကိုယ် ပထမဆုံးမြင်လိုက်တော့ မင်းက Mr.Acheson ကို နမ်းနေတာလို့ ထင်လိုက်မိတယ်.."

Jeffery က သူ့ရင်ဘတ်ကိုဖိပြီး လှိုက်ဖိုစွာပြောလိုက်သည်။

ကျိုးယွင်ရှန့်က ဒီဝါကျကို ဘယ်လိုတုံ့ပြန်ပြောရမှန်းမသိဘဲ မျက်နှာတစ်ခုလုံး သွေးရောင်ရဲသွားတော့သည်။

Bonnie နဲ့ Eureka ကပြုံးနေပြီး သူတို့လည်း ဒီလိုခံစားလိုက်ရသည်။

Jeffery က ကောင်လေးကို ပြုံးရွှင်စွာစိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ဒီပုံကိုသေချာကြည့်လိုက်တော့ ဒီဟာက လူနှစ်ယောက် ထိပ်တိုက်ရင်ဆိုင်တွေ့နေပုံကို သရုပ်ဖော်ထားတာဖြစ်တယ်.. သစ္စာရှိတဲ့ကျေးကျွန်က မာနတက်ပြီး သူရှိသင့်လုပ်သင့်တာထက် ကျော်လွန်လာချိန်မှာ သူ့သခင်လေးက ဒီအနေအထားနဲ့ ရပ်တန့်လိုက်တာဖြစ်တယ်.. ကိုယ် ဒီပုံလေးကနေ ဝမ်းနည်းကြေကွဲစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို တွေ့လိုက်တယ်.. ဒီဟာက ပျော်စရာဇာတ်သိမ်း ဖြစ်လောက်တယ်.. ကိုယ် မင်းကို 10 မှတ်ပေးတယ်.."

"ကိုယ်လည်း မင်းကို 10 မှတ်ပေးတယ်.. မင်းရဲ့ သစ္စာရှိကျေးကျွန်ကို ကောင်းကောင်းဆက်ဆံမယ်လို့ ကိုယ်မျှော်လင့်တယ် အချစ်လေး.."

Bonnie က အမှတ်ပေးရင်း ဟာသပြောလိုက်သည်။

"ကိုယ်ရှေ့ကပြောခဲ့တာအားလုံး ပြန်ရုပ်သိမ်းလိုက်ပြီ.. ဒီပုံက ကိုယ်မြင်ဖူးသမျှ ဓာတ်ပုံထဲမှာ အထူးခြားဆုံး၊ အဆန်းကျယ်ဆုံးပဲ.. မင်းရဲ့လုပ်ဆောင်ချက်တိုင်းက ကိုယ့်စံချိန်ကို ရိုက်ချိုးပစ်လိုက်ပြီ အချစ်လေး.. ကိုယ် ဒီပုံကို သဘောကျတယ်.. ဒါကြောင့် အနာဂတ်မှာလည်း မင်းက ကိုယ့်ကို အံ့အားသင့်မှုတွေ ထပ်ယူဆောင်လာနိုင်သေးတယ်.. ကိုယ် မင်းကို အမှတ်ပြည့်ပေးတယ်.."

Eureka က သူမရဲ့ဘောလ်ပင်နဲ့ လေထဲ 10 ကိုရေးချပြီး အမှတ်ပြည့်ပေးလိုက်သည်။

ကျိုးယွင်ရှန့်က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ဒိုင်လူကြီးများကို ကျေးဇူးတင်စကားပြောလိုက်သည်။

Bonnie က အမှတ်စုစုပေါင်းကို မကြေငြာခင် မေးခဲ့သည်။

"ဒီပုံကို ပရိသတ်တွေ ဘယ်လိုမြင်သလဲ မင်းသိချင်လား.."

ကျိုးယွင်ရှန့်က သူမကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။

Bonnie ရဲ့လက်လှုပ်တာနဲ့ ဆံပင်ရောင်စုံနှင့် အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်က ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့သည်။ သူမက သွေးယိုနေတဲ့နှာခေါင်ကို တစ်သျှူးနဲ့ဆို့ထားပြီး ကင်မရာဘက်ကိုကြည့်ကာ ပြောလိုက်သည်။

"ကျွန်မက တရားဝင် website မှာ ရေကူးဝတ်စုံကိုယ်စီနဲ့ ပြိုင်ပွဲဝင်တွေရဲ့ လိင်ဆွဲဆောင်မှုကို ပြသနေတာကိုတွေ့ခဲ့ရတယ်.. Mr.Acheson နဲ့ Bonnie တို့က သူတို့ပုံကိုတွေ့တော့ တွန့်မသွားတာကို ကျွန်မ တကယ်လေးစားမိတယ်.. ဒါပေမယ့် ဒီပြိုင်ပွဲဝင်တွေက အတွေးမှားနေကြတယ်.. တကယ်စစ်မှန်တဲ့ ဆွဲဆောင်မှုဆိုတာ ရုပ်ပိုင်းဆိုင်ရာကို ဖော်ပြအသားပေးရတာမဟုတ်ဘူး.. တကယ့်လိင်စိတ်ဆွဲဆောင်မှုဆိုတာ ကိုယ့်စရိုက်နဲ့ ပင်ကိုယ်အတွင်းစိတ်ကပဲ ဖြစ်ပေါ်လာနိုင်တယ်.. တချို့လူတွေက အဝတ်အစားလုံလုံခြုံခြုံနဲ့ ကြယ်သီးတွေ သပ်သပ်ရပ်ရပ်တပ်ထားပြီး လည်စည်းပုဝါနဲ့ ဖုံးကွယ်ထားပေမယ့် သူတို့အရိုးထဲက လွင့်ပျံထွက်လာတဲ့ လိင်စိတ်ဆွဲဆောင်မှုကို မဖုံးကွယ်ထားနိုင်ဘူး.. ကျွန်မ Mr.Acheson က Romeo ကို ဘာကြောင့် အဝတ်အစားလဲခန်းက ထောင့်လေးမှာ ချောင်ပိတ်ထားရတယ်ဆိုတာကို နားလည်တယ်.."

သူက sexy ကျတဲ့သူ့သခင်လေးကို သဘောကျနေလို့ပဲ.. သူတို့ကိုယ်ခန္ဓာအနေအထား၊ မျက်ဝန်းထဲက စိတ်အားထက်သန်မှုနဲ့ နားမလည်နိုင်ခြင်းတို့ ထိပ်တိုက်တွေ့ကုန်ကြတယ်.. ဒီအခိုက်အတန့်လေးမှာပဲ ဒီဓာတ်ပုံက ဆီဆေးပန်းချီကားတစ်ချပ်မှာရှိရမယ့် အလှအပ၊ စတိုင် အဆင့်ထိကို မြင့်တက်သွားစေတာဖြစ်တယ်.. ဒါကြောင့် ကျွန်မ Romeo ကို 10 မှတ်ပေးတယ်.. နောက်ဆုံးအနေနဲ့ Mr. Acheson ကို တစ်ခုပြောလိုက်ပါရစေ.. Mr. Acheson.. Romeo လေးဆီ သွားကြစို့.. သူ့ကို ကျွန်မဆီ ခေါ်ဆောင်လာပေးပါ..

ကျိုးယွင်ရှန့်က ဖန်သားပြင်ပေါ်က သူ့ပရိသတ်ကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။
Bonnie က အွန်လိုင်းပေါ်က အမှတ်စုစုပေါင်းကို မကြေငြာခင် ကျေနပ်ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
Romeo ရဲ့ Voting ရမှတ်က ပြိုင်ပွဲဝင်အားလုံးကို နောက်ရောက်အောင် ချန်ထားရစ်နိုင်ခဲ့သည်။ တကယ်လို့ Romeo ရဲ့ဓာတ်ပုံက ချို့ယွင်းချက်ရှိပြီး အမှန်ပြည့်မရခဲ့ရင်တောင်မှ အွန်လိုင်းပေါ်က ပရိသတ်တွေပေးတဲ့ အမှတ်က နည်းနည်းလေးမှ လျော့သွားမှာမဟုတ်ဘူး။

ပြိုင်ပွဲဝင်တွေက အရင်က Romeo ကိုမုန်းတီးနေတဲ့ အွန်လိုင်းပရိသတ်သန်းချီက ဘယ်ရောက်သွားသလဲဆိုပြီး အံ့အားသင့်နေမိသည်။ Romeo က ငြိမ်သက်သွားတာနဲ့ လူပေါင်းများစွာကို ဆွဲဆောင်လိုက်နိုင်တာလား။

ဒါပေမယ့် Romeo ရဲ့ ရယ်မောနေတဲ့မျက်နှာ၊ သမုဒ္ဒရာရေပြင်လို ပြာလဲ့နေတဲ့မျက်ဝန်းနဲ့၊ သန့်စင်တဲ့သူ့ရုပ်သွင်က တောက်ပတဲ့အကြည့်လေးတွေကို တွေ့ပြီးနောက် ပြိုင်ပွဲဝင်အားလုံး ပရိသတ်ကြီးရဲ့အတွေးတွေကို နားလည်သွားခဲ့သည်။
Hayden က Bonnie ရဲ့ရှေ့မှောက်မှာ ဖယ်ရှားခံရနီးပါး ပြိုင်ပွဲဝင်နှစ်ဦးထဲက တစ်ဦးအဖြစ် ရပ်နေခဲ့ပြီး အမှတ်နည်းနည်းနဲ့ ကပ်ပြီးအောင်ခဲ့သည့်သူက သူ့ကိုပွေ့ဖက်ဖို့လာတဲ့ အခြားပြိုင်ပွဲဝင်တွေကို တွန်းပစ်လိုက်ပြီး ထွက်သွားသည်။ သူ့ရဲ့အပြုအမူက ဒိုင်နှင့် အခြားပြိုင်ပွဲဝင်များ၏ အထင်မြင်သေးခြင်းကို ခံလိုက်ရသည်။

အဆောင်ကိုပြန်ရောက်တော့ Hayden က မူးအောင်သောက်တော့သည်။ နောက်ဆုံးမျှော်လင့်ချက်ကြောင့် ဒီအစီအစဉ်တင်ဆက်သူများက သူ့ရဲ့စိတ်ဖိစီးမှုကို လျှော့ချဖို့ စိတ်ရောဂါကုထုံးပညာရှင်များ စေလွှတ်လာခဲ့ပေမယ့် ဒီဟာကြောင့် Hayden က ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူက Romeo ရဲ့ပုံကို သူ့ဒေါသတွေ မဖောက်ခွဲရဲတော့ စကားလုံးတွေနဲ့ စော်ကားတိုက်ခိုက်တော့သည်။

ကျိုးယွင်ရှန့်က သူပြောသမျှကို တိတ်ဆိတ်စွာနားထောင်ရင်း ရင်ထဲကနေ ပြောလိုက်သည်။

"စော်ကားလိုက်စမ်းပါ.. မင်း ပိုစော်ကားတိုက်ခိုက်လေ.. မင်းပြုတ်သွားဖို့ ပိုမြန်လေပဲ.."

ကျိုးယွင်ရှန့်က ကျေနပ်စွာနဲ့ အိပ်ပျော်သွားတော့သည်။

အမှတ်တွေက ထပ်ထပ်မြင့်တက်လာပြီး Romeo ရဲ့ fan တွေက တစ်နေ့ကို သိန်းချီမြင့်တက်လာခဲ့သည်။ ABC ကတင်ဆက်တဲ့အစီအစဉ်ကို လူတွေ ပိုအာရုံစိုက်လာပြီး Romeo ရဲ့အခန်းတွေကို မဖယ်ရှားဖို့ ထုတ်လုပ်ရေးအဖွဲ့ကို ထပ်တလဲလဲ တောင်းဆိုခြင်းခံရတော့သည်။

"တကယ်လို့ သူ့ရဲ့နောက်ရိုက်တဲ့ပုံတွေက သုံးစားမရရင်တောင်မှ တစ်ပုံမှမကျန် သိမ်းထားရမယ်.."

ဒါကတော့ သူတို့ CEO ဆီက တိကျတဲ့ အမိန့်စကားပဲဖြစ်တယ်။

Romeo အပေါ် ပရိသတ်တွေရဲ့စွဲလန်းမှုက မယုံကြည်နိုင်စရာ မြင့်တက်လာပြီး တကယ်လို့ Romeo သာ ထိပ်ဆုံးသုံးနေရာမှာသာ မရခဲ့ရင် ဒီအစီအစဉ်ရဲ့ တရားဝင် website က ဒေါသထွက်နေတဲ့ပရိသတ်တွေကြောင့် ဝရုန်းသုန်းကားဖြစ်သွားနိုင်သည်။ ပရိသတ်ကြီးရဲ့ Romeo အပေါ်ထားတဲ့ အချစ်တွေက ဒီရေလို ပိုပိုတိုးလာတော့သည်။

သူတို့က Romeo ရဲ့ပုံစံ၊ ရေချိုးခန်းထဲကထွက်လာတဲ့ ရေချိုးပြီးစ အလှ၊ Hayden ကို ဝမ်းနည်းစွာငေးကြည့်နေတဲ့ပုံ၊ Ivana နဲ့ ပျော်ရွှင်စွာ လှုပ်ရှားသွားလာပုံ၊ နောက်ဆုံး Romeo ဘာလုပ်လုပ် တကယ့်ကို သဘောကျချစ်မြတ်နိုးနေကြတော့သည်။ Romeo က အချက်အပြုတ်တော်ရုံတင်မကဘူး ပါရမီရှိတဲ့ အနုပညာရှင်လည်းဖြစ်တယ်။ သူက တကယ့်ဓာတ်ပုံထဲကထက်ကို အခြားအသွင်အပြင်ကို လျှင်မြန်စွာပြောင်းလဲနိုင်သည်။ ပရိသတ်ထဲက ပညာရှင်တွေက ဒီကောင်လေးရဲ့အရည်အချင်းတွေကို မြင်ရတော့ ချီးကျူးလိုက်ကြပြီး သူ့မှာ အထူးကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြတယ်။ ဘယ်သူမှ သူ့လောက်ငယ်ငယ်လေးနဲ့ ဘက်စုံကျွမ်းကျင်မှုကို မပိုင်ဆိုင်နိုင်ကြပေ။

ဒါကြောင့် Romeo ရဲ့ fan တွေထဲမှာ ကြောင်ချစ်သူ၊ အလှအပချစ်သူ၊ မိခင်လိုအမျိုးသမီးတွေ၊ BL ချစ်သူနဲ့ နောက်ဆုံး အနုပညာချစ်သူအထိ အစုံပါဝင်ကြသည်။

Romeo ရဲ့ ပြိုင်ဖက်ကင်း ချစ်စရာကောင်းမှုက လူ့အဖွဲ့အစည်းက အလွှာပေါင်းစုံကို ပျံ့သွားခဲ့သည်။ သူက Acheson နဲ့တွဲပြီး မော်ဒယ်အဖြစ် သရုပ်ပြဓာတ်ပုံ ရိုက်ကူးပြီးကတည်းက သူ့ရဲ့ Rating တွေက ထင်မှတ်မထားအောင် မြင့်တက်သွားတော့သည်။ ရင့်ကျက်တည်ငြိမ်သောလူကြီးနှင့် အပြစ်ကင်းသည့် ဆယ်ကျော်သက်ကောင်လေး၊ နှိမ်ချတတ်သည့် အစေခံနှင့် မာနကြီးသည့်သခင်လေး... စသဖြင့် မရိုးနိုင်အောင် Romeo ရဲ့ဂုဏ်သတင်းက ပိုတိုးလာတော့သည်။

Acheson က ကောင်လေးကို ဝိုင်မပေးဘဲ နွားနို့ကိုပဲ ခွက်ထဲလောင်းထည့်ပေးတဲ့ပုံကို ကြည့်ပြီး ပရိသတ်ကြီးက အူမြူးပြီး ဆိုဖာပေါ်မှာ လူးလှိမ့်ကုန်ကြသည်။

သူတို့နှစ်ဦး အဝတ်လဲခန်းထောင့်မှာ ချောင်ပိတ်မိပြီး နှစ်ဦးသား၏နှုတ်ခမ်းက သိပ်မကွာတော့သည့်မြင်ကွင်းကိုတွေ့တော့ ပရိသတ်တွေက မျက်နှာကိုလက်ဝါးနှင့်အုပ်ပြီး ဝမ်းသာစွာ အော်ဟစ်လိုက်ကြသည်။

သူတို့နှစ်ယောက် ပူးပေါင်းသရုပ်ဆောင်မှုအပြီး လမ်းခွဲပြီးထွက်ခွာသွားသည့် အခန်းကိုကြည့်ပြီး ပရိသတ်များက လေးစားစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူတို့နှစ်ဦး ခံစားချက်များကိုထိန်းချုပ်ပြီး ရုန်းထွက်လာနိုင်တာကို သဘောကျသည်။

ဒါပေမယ့် BL ချစ်သူများက ဒီအခန်းကိုကြည့်ပြီး သူတို့အမြင်ကို အွန်လိုင်းပေါ် ရေးတင်လိုက်ကြသည်။

"Mr. Acheson က Romeo နဲ့ပတ်သက်လာရင် အထူးတလည် နူးညံ့သွားတယ်လို့ မင်းခံစားရလား.."

"Mr.Acheson က Romeo နဲ့ပဲ ဓာတ်ပုံရိုက်ချင်တာပါ။ သူက Romeo ကိုပဲ အာရုံစိုက်နေတယ်လို့ ငါခံစားနေရတယ်။ သူက အခြားပြိုင်ပွဲဝင်တွေကို စိတ်ထဲတောင်မထည့်ဘူး.."

သက်သေအနေနဲ့ Mr.Acheson ရဲ့ တောက်ပစွာ စူးစိုက်ကြည့်နေတဲ့ မျက်ဝန်းအကြည့်တစ်စုံပါတဲ့ပုံကို တွဲတင်ပြီး ရေးသားထားသည်။

"ယေး.. ငါတစ်ယောက်တည်း မြင်နေတာ မဟုတ်ဘူးကွ.. Acheson က Romeo ကို အမြဲတမ်းခိုးပြီး ငေးကြည့်နေတတ်တာကွ.. ဒီဟာ တကယ်ပဲ.. မင်းတို့တွေ မျက်လုံးဖွင့်ပြီး အသေအချာကြည့်ကြစမ်းပါ.."

BL Lover တွေက ကောင်လေးကို တိတ်တခိုးကြည့်နေတဲ့ Acheson ရဲ့ပုံကိုပါ တွဲတင်လိုက်ကြတယ်။

"Mr.Acheson က Romeo နား ကပ်ရပ်တဲ့ပုံစံလည်း ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရတယ်.. Mr.Acheson က သူတို့ယှဉ်ရပ်မိတိုင်း အချစ်စိတ်တွေတက်နေသလိုပဲ.. Mr.Acheson က သူ့ရှေ့က Romeo ကို ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်တော့မလို ရှေ့ကိုအားစိုက်ထားသလိုပဲ.. သူတို့ကြားကပုံစံလေးက ငါ့ရဲ့စိတ်ကူးသစ်တွေကို နှိုးဆွနေသလိုပဲ.. ငါ့ရဲ့ နောက်ထပ်ရေးမယ့် fanfic က သူတို့နှစ်ယောက်အကြောင်းပဲ.. သစ္စာရှိတဲ့ကျေးကျွန်က သူ့ရဲ့သခင်လေးအပေါ် မချစ်သင့်တဲ့အချစ်နဲ့ ချစ်မိတယ်.. ဒီဇာတ်လမ်းထဲမှာ အကျဉ်းချထားပြီး ကစားတာတွေ၊ ရေထဲမှာ ချစ်တင်းနှောတာ၊ BDSM၊ ဖယောင်းစက်ချတာတွေ၊ နှင်တံနဲ့ရိုက်တာတွေ... အားလုံးပါအောင်ထည့်ပြီး သူတို့နှစ်ယောက်အကြောင်း အမှောင်လောကဇာတ်လမ်းကြီး ရေးမယ်.."

အင်တာနက်သုံးစွဲသူများက Acheson နဲ့ Romeo အကြောင်း သူတို့ရဲ့ပင်ကိုယ်ရေး fanfic တွေကို စတင်ကြေငြာလာကြပြီး တချို့လူတွေက စိတ်ဝင်တစားနဲ့ ဝယ်ယူဖတ်ရှုလာကြတယ်။ သီးသန့် message ကနေ အပေးအယူလုပ်လာကြတယ်။

Acheson က comment တွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုပြောဆိုဖို့ ငြင်းဆန်ခဲ့ပေမယ့် လူအများစုက ဒီဟာကို ဟာသလိုပဲ သဘောထားကြသည် Romeo က ယောက်ျားလေးတွေကို သဘောကျပေမယ့် Mr.Acheson က straight စစ်စစ်ကြီးဖြစ်ပြီး သူနဲ့ ကောလာဟလ နာမည်ထွက်တဲ့ နာမည်ကြီးသရုပ်ဆောင်မင်းသမီး များစွာရှိခဲ့သည်။

Acheson ရဲ့ fan တွေက သူတို့ Idol ကို ပိုင်စိုးခြင်းကြောင့် လူသိများပြီး သူတို့ Idol ကို ထိခိုက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို တိုက်ခိုက်ဖို့ဝန်မလေးကြပေ။ ဟိုးအရင်က Acheson နဲ့ ကောလာဟလ သတင်းထွက်သည့် အမျိုးသမီးအနုပညာရှင်တိုင်း Acheson ရဲ့ fan တွေရဲ့ ဒေါသနဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ရပြီး အရှက်တကွဲဖြစ်ခဲ့ရသည်။ တချို့က မခံနိုင်တော့လို့ Media ကတစ်ဆင့် ပရိသတ်ကို တောင်းပန်ခဲ့ရသည်။

ဒါပေမယ့် Romeo နဲ့ Acheson ကို ship ကြသည့်ကိစ္စက Acheson fan တွေရဲ့ဒေါသကို သွားမဆွမိကြပေ။ တချို့ပရိသတ်က ကန့်ကွက်ကြပေမယ့် fan အများစုက တိတ်ဆိတ်နေကြသည်။ သူတို့က ဖြူစင်ရိုးသားသည့် ဆယ်ကျော်သက်ကောင်လေးကို တကယ်သဘောကျခဲ့ကြသည်။ ကောင်လေးက Acheson ကို ကောင်းကင်ထက်က နေလုံးကြီး၊ သူက မြေပြင်ပေါ်ကဖုန်မှုန့်လေးလို့ ပြောဆိုသွားတာက Romeo ရဲ့နှိမ်ချတတ်တဲ့စိတ်ထားလေးကို ပေါ်လွင်စေပြီး Acheson ပရိသတ်တွေရဲ့ နှစ်သက်သဘောကျမှုကို ရရှိသွားစေသည်။ ဒါကြောင့် Acheson ရဲ့ fan တွေက Romeo ကို စတင်ထောက်ခံပေးလာကြသည်။

Romeo က သူတို့ Idol ကိုလေးစားသည်။ သူတို့ Idol နှင့်အတူတွဲပြီး အလုပ်လုပ်ရလို့ အသည်းနှလုံးတွေ ပေါက်ထွက်မလို စိတ်လှုပ်ရှားရပါသည်၊ သူသဘောကျနေတဲ့ Hayden ကိုတောင် သူတို့ Idol Acheson နဲ့ နည်းနည်းလေး တူစေချင်သည်ဟု ပြောဆိုခဲ့သည်။ Romeo လေးက ဒီလောက်တောင် ချစ်စရာကောင်းတာ Mr.Acheson က သူ့အပေါ်ကောင်းတာ ဘာထူးဆန်းလို့လဲဟု Acheson ၏ fan များက တွေးတောနေကြသည်။ ဒါကြောင့် Acheson ၏ fan များက Romeo ကို အသိအမှတ်ပြုလာပြီး သူ့ကို ထောက်ခံလာကြသည်။

ဒီလိုပြောင်းလဲမှုအသစ်ကို တွေ့ရမှ Acheson က စိတ်သက်သာရာရသွားတော့သည်။ သူသာ Romeo လို သူ့လိင်စိတ်ခံယူချက်ကို ဖွင့်ချဖို့ သတ္တိရှိခဲ့ရင် ခုလို သူ့အချစ်ကို ဖုံးကွယ်ထားရသည့်အဖြစ်မျိုး ကြုံရမည်မဟုတ်ပေ။

လူတိုင်းက Gustav Acheson ဆိုတာ မိန်းမတွေကိုသာကြိုက်သည့် ယောက်ျားစစ်စစ်ဟု ထင်နေမှတော့ သူ့ကြောင်ပေါက်လေးရဲ့အချစ်ကို ဘယ်လိုရနိုင်ပါတော့မည်နည်း။ ဒီပြဿနာကြောင့် Gustav မှာ အိပ်ပျက်ညများ များခဲ့လေပြီ။

Ivana ၏ ရဲရင့်သောစရိုက်များကြောင့် ပရိသတ်၏ချစ်ခင်မှုကို ရရှိခဲ့ပြီး သူမရဲ့ fan အရေအတွက်တွေ တိုးလာသောကြောင့် Emily ကိုကျော်တက်ပြီး No.2 နေရာကို ရရှိလာခဲ့သည်။

Emily သည် မနက်စာစားနေတုန်း အွန်လိုင်းပေါ်က ပရိသတ်တွေရဲ့ စော်ကားမှုကိုကြည့်ကာ စိတ်ပျက်သွားခဲ့သည်။ အမျိုးသမီးပြိုင်ပွဲဝင်အားလုံး Mr.Acheson ကို ဝိုင်းကြိုက်ပြီး ကပ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံး Acheson ရဲ့ပရိသတ်ကြီးက သူမကိုပဲ ဦးတည်တိုက်ခိုက်လာကြသည်။ Ivana ကလွဲပြီး ကျန်အမျိုးသမီးပြိုင်ပွဲဝင်များ၏ အွန်လိုင်းမဲအရေအတွက်များ ကျဆင်းလာခဲ့သည်။

Hayden က ပရိသတ်ရဲ့ပုံရိပ်ထဲမှာ ကြံ့ခိုင်တဲ့ကောင်လေးဘဝကနေ မောက်မာပြီး စိတ်အနှောင့်အယှက်ပေးတတ်သည့် လူငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ သူက Bonnie ကို သူ့ရဲ့ကြွက်သားတွေ ပြသလိုက်တဲ့အကွက်က ပရိသတ်အားလုံးကို ဟာသလို့မြင်သွားစေသည်။ Hayden က Bonnie က သူ့ကြွက်သားတွေကို ကြွေသွားပြီး သူ့ရဲ့သစ္စာရှိ fan ဖြစ်လာပြီလို့ ကြွားဝါခဲ့သည်။

လက်တွေ့မှာ Bonnie က ဓာတ်ပုံရိုက်အပြီး ကင်မရာဘက်ကို သူမမျက်လုံးတွေ ချာလပတ်လည်သလိုလုပ်ပြပြီး သူက အရူးတစ်ကောင်လိုပဲဆိုတာ အမူအယာနဲ့ လုပ်ပြခဲ့သည်။

ဒီအခန်းတွေကို တည်းဖြတ်ပြီး ထုတ်လွှတ်ပြသလိုက်တော့ Hayden ထင်ထားတာနဲ့ ဆန့်ကျင်ဘက် ပရိသတ်ကို ဟာသပြကွက်လိုမြင်စေပြီး ဆန့်ကျင်ဘက်ရလဒ်တွေ ဖြစ်လာစေသည်။

"Hayden က ဒီပြိုင်ပွဲကထွက်ပြီး ဟာသရုပ်သံစီးရီးထဲ ပါသင့်နေပြီလို့ ထင်တယ်.. သူက တကယ့်ဟာသအကွက်တွေ လုပ်နိုင်လိမ့်မယ်.."

"ငါက ဒီတစ်ပတ် TV channel တွေတိုင်းမှာ Hayden ရဲ့ပြကွက်တွေချည်း လိုက်ရှာကြည့်နေတာ.. သူက ငါ့ကို ဘယ်တော့မှ စိတ်ပျက်အောင်မလုပ်ခဲ့ဘူး.. သူ့ပြကွက်တိုင်းက ငါ့ကို တကယ်ရယ်ရအောင် လုပ်ပေးခဲ့တယ်.."

"Hayden baby က တကယ့်ကို ပျော်စရာကောင်းတယ်.. သူက ငါ့ကို ပျော်အောင်လုပ်ပေးတယ်.. ရိုးရိုးသားသားပြောရရင် ဒီလိုအဆင့်မြင့် game က သူနဲ့မကိုက်ဘူး.. သူက ဆပ်ကပ်ထဲမှာ လူရွှင်တော်လုပ်သင့်တယ်.. ဒါဆို ငါ့မိသားစုတစ်စုလုံးခေါ်ပြီး သူ့ပြကွက်တွေကို သွားကြည့်လိုက်မှာပဲ.."

ဒီလိုချီးကျူးစရာတွေ၊ ကဲ့ရဲ့စရာတွေများစွာ စုံလင်လှသည်။ တကယ်လို့ သူက ပရိသတ်တွေဆီက message တွေကိုသာ တွေ့သွားရင် သူ့ဘာသာတွင်းတူးပြီး ပုန်းလိုက်ချင်မှာသေချာသည်။ Hayden က သူ့ရဲ့ယုံကြည်မှုပြည့်တဲ့ လုပ်ဆောင်ချက်က ပရိသတ်တွေရဲ့အားပေးမှုကို ဆွဲဆောင်နိုင်မယ်ထင်ထားပေမယ့် စွမ်းအားပြည့်ဝခြင်းနဲ့ ရူးသွပ်ခြင်းဆိုတဲ့ကြားက ခြားနားချက်ကို သူတွက်တာမှားသွားခဲ့တယ်။

အခုမှ ပဉ္စမပြိုင်ပွဲအစီအစဉ်သာ ရှိသေးပေမယ့် Hayden ရဲ့ပရိသတ်အားပေးမှုက တရှိန်ထိုးကျဆင်းပြီး ၂ထောင်ခန့်သာ ကျန်ရစ်တော့သည်။ ထိုပရိသတ်က Hayden ရဲ့ အမာခံပရိသတ်တွေဖြစ်ပြီး ဒီ show မှာ သူပြန်ပြီး ကောင်းအောင်လုပ်နိုင်မယ်လို့ မျှော်လင့်နေသူများဖြစ်သည်။

======================



=======================




Continue Reading

You'll Also Like

629K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
124K 16.9K 11
Don't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရ...
944K 139K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...
61K 8.2K 8
အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိဟဖြစ်စေတဲ့ လက္ခဏာတွေပြနေတယ်။ သူ ငါ့ကိုဂေးသွားအောင်ကြိုးစားနေတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...