ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

780K 70.1K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Arc_8.11 Romeo

8.5K 925 9
By MayKingMK119

Chapter (11) - နွလံုးသားကို ကုတ္ျခစ္ေနသည့္ လက္သည္းေလးမ်ား (zawgyi+Unicode)

အစီအစဥ္ဦးေဆာင္သူမ်ားသည္ ၿပိဳင္ပြဲဝင္မ်ား၏ ပြဲစဥ္မ်ားကို ေသခ်ာစြာရိုက္ကူးျပသဖို႕ စီစဥ္ထားသည္။  အခ်ိန္တစ္ခု အနားေပးျပီးေနာက္  ငါးႀကိမ္ေျမာက္ ယွဥ္ၿပိဳင္ပြဲ စတင္ခဲ့ေလၿပီ။ ၿပိဳင္ရမည့္ အေၾကာင္းအရာကေတာ့ ေရေပၚတြင္ ေပၚေနသည့္   ပူေဖာင္းထဲဝင္ကာ ေရကူးကန္ရဲ႕ တစ္ဖက္မွ အျခားတစ္ဖက္သို႔ ဟန္ခ်ီညီေအာင္ ထိန္းကာ လွလွပပ လမ္းေလၽွာက္ဲျပရမည္ျဖစ္သည္။

Eurekaရဲ႕ ရွင္းျပျပီးခ်ိန္မွာ ၿပိဳင္ပြဲဝင္ေတြ  စိတ္ညစ္စြာ ေအာ္ဟစ္ၾကသည္။ ထိုပူေဖာင္းမ်ားက ေရထဲေရာက္သည္နွင့္ ဟိုဘက္သည္ဘက္ လူးလွိမ့္မည္ျဖစ္ျပီး မည္သူမွ ဟန္ခ်က္ညီေအာင္ထိန္းနုိင္မည္ မဟုတ္ေပ။  

" အခု  ေရကူးဝတ္စံု  ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေလးေလး သြားလဲၾကပါ။  မင္းတို႕ကို  ေဒါက္ဖိနပ္နဲ႔ လမ္းမေလၽွာက္ခိုင္းေအာင္ ကိုယ္ ႀကင္ၾကင္နာနာကူညီခဲ့တာေနာ္   "

Eureka၏ မ်က္ႏွာထားက ေလးနက္ေနေပမယ့္ စိတ္ထဲမွာေတာ့ အေတာ္ေလးကို ျမဴးထူးလို႕ေနသည္။ တဇြတ္ထိုးလုပ္တတ္သည့္ သူမ အက်င့္က    Jefferyထက္  ပိုဆိုးေနသည္။ 

ေရကူးဝတ္စံု ဟုတ္လား။ ငါ့ ေၾကာင္ေပါက္ေလးက ေရကူးဝတ္စံု ဝတ္မယ္ ဟုတ္လား။  God! Gustav က နွာေခါင္းက ယားက်ိက်ိျဖစ္လာျပီး နွာေခါင္းေသြး လၽွံလာတာကို သိလိုက္လို႕ အျမန္ ေခါင္းေမာ့ျပီး တစ္သွ်ဴးနွင့္ နွာေခါင္းကို ပိတ္ထားေပမယ့္ သူ႕အေမြးပြေႀကာင္ေလး   ေရကူးဝတ္စံုဝတ္ထားမယ့္ ပံုစံေတြ ျမင္ေယာင္လာတယ္။ သူက ထိုေကာင္ေလးရဲ႕ အဓိကေနရာေတြရဲ႕ အရြယ္အစားနဲ႔ အေရာင္ကိုပါ စိတ္ကူးယဥ္ၾကည့္ေနမိေတာ့သည္။ 

ပန္းေရာင္, အဲ့ဒီဟာေလးက ခ်စ္စရာေကာင္းတဲ့ ပန္းေရာင္ေလး ျဖစ္ရမည္ဟု ေတြးလိုက္မိခ်ိန္မွာ သူ႕ ႏွလံုးေတြ ခပ္ႀကမ္းႀကမ္းခုန္လာျပီး နွာေခါင္းေသြးေတြ စီးက်လာေတာ့သည္။

" ဘုရားေရ .. Mr.Acheson ရွင္ ႏွာေခါင္းေသြးေတြ လၽွံေနတယ္။ "

 Eurekaက   အသံကို ႏွိမ့္ကာ သတိေပးလိုက္သည္။  Gustav က Camera နွင့္လြတ္သည့္ေနရာကို သြားကာ နွာေခါင္းေသြးကို သုတ္ရင္း  လက္ကို ယမ္းျပလိုက္သည္။

 " ခုတေလာ ၿပိဳင္ပြဲအစီအစဥ္ထဲမွာ ျပႆနာေတြ ေတာ္ေတာ္ တင္ၿပီး တုိင္ စာေတြလည္း  ေရာက္ေနတယ္။ ဒါေၾကာင့္ အခုရက္ပိုင္း ဖိအားေတြ မ်ားသြားတာ ထင္တယ္။ "

သူက Eurekaကို ေပါ့ေပါ့ပါးပါးနွင့္ ခါတိုင္းလို အလုပ္ဖိိအားျဖစ္သလို မ်ိဳးျပန္ေျပာလိုက္သည္။ 

Acheson က တည္ၾကည္ၿပီး ဘယ္သူနဲ႕မွ စံုတြဲခုတ္တဲ့ Dating သတင္းေတြ တစ္ခါမွ ေပၚ လာျခင္း မရွိေသာေ႔ေၾကာင့္ Eureka က Acheson ရဲ႕ ေခါင္းထဲ ဘာေတြေတြးေနတယ္ဆိုတာ လံုးဝ  သံသယမဝင္ပဲ နွာေခါင္းေသြးယုိလို႕ သနားသြားသည္။ ႏွာေခါင္းေသြးယိုတာက ခဏနဲ႕ တိတ္သြားေပမယ့္ သူတို႔ႏွစ္ေယာက္က အခ်ိန္အေတာ္ၾကာေအာင္ စကားေျပာေနခဲ့ၾကသည္။  ထို႔ဆံုး ၿပိဳင္ပြဲဝင္ေတြ အဝတ္စားလဲျပီး  တန္းစီ ဝင္လာခဲ့ၾကေတာ့သည္။ 

Gustavက  အျမန္  Romeoကို လိုက္ရွာလိုက္ျပီး ေတြ႕သြားခ်ိန္မွာ သူ႔ ႏွလံုးခုန္ေတြက  ေပါက္ကြဲထြက္ေတာ့မလို အျပင္းအထန္ ခုန္ေနေတာ့သည္။    ဒီေလာက္ ပိန္သြယ္ေနတဲ့ သူ႔ရဲ႕ေၾကာင္ေပါက္ေလးက  လူတကာ ေငးခ်င္စရာ ခႏၶာကိုယ္မ်ိဳး ပိုင္ဆိုင္လိမ့္မယ္လို႔ တစ္ခါမွ မေတြးခဲ့ဖူးေပ။ ခႏၶာကိုယ္ ေကာက္ေၾကာင္း၊ ဝမ္းဗိုက္  ႂကြက္သြား  ရင္အုပ္ ႂကြက္သြားေတြ နဲ႕သူ႔မွာ အမ်ိုးသား Modelတစ္ေယာက္ ရွိသင့္သည့္ ခႏၶာကိုယ္မ်ိဳး ပိုင္ဆိုင္ထားသည္။ သူ႔ရဲ႕ အသားအရည္ေတြက  ႏြားႏုိ႔လို ျဖဴၿပီး ေခ်ာေမြ႕ေနသည္။  ဆံပင္ေတြက  မိန္းကေလး ၿပိဳင္ပြဲဝင္ေတြထက္ ပိုၿပီး ႏူးညံ့ေနေသာပံုစံေတြေၾကာင့္ Romeo က ေနေရာင္ေအာက္မွာ အျပစ္ဆုိဖြယ္မရွိသည့္ ေက်ာက္စိမ္းေလးလို   လင္းလက္လုိ႕ေနသည္။ 

သူက ေစ်းအႀကီးဆံုး ဗူးကို ဝယ္ျပီး  ဒီေက်ာက္စိမ္းရုပ္တုေလးကို သိမ္းထားခ်င္စိတ္ေပၚလာေပမယ့္  သူ႔ကိုယ္သူ ထိန္းခ်ဳပ္ထားလိုက္သည္။

Ivana က ေကာင္ေလးရဲ႕ ေဘးကို ေလွ်ာက္သြားျပီး သူ႔ရဲ႕ ဝမ္းဗိုက္ႀကြက္သားကို အားက်စြာႀကည့္ကာ လက္သီးျဖင့္ ခပ္ဖြဖြ ထိုးလိုက္သည္။  Zhou Yun Sheng လည္း သူမရဲ႕  ဝမ္းဗိုက္မွ ႀကြက္သားေလးကို ျပန္ထိုးသလို လုပ္လိုက္သည္။  ေယာက်္ားေလး တစ္ေယာက္ရဲ႕ Abs ( ဝမ္းဗိုက္ႀကြက္သား) နဲ႔ မိန္းကေလးတစ္ေယာက္ရဲ႕ Abs (ဝမ္းဗိုက္ႀကြက္သား) ဘယ္ဟာက  ပိုၿပီး ဆြဲေဆာင္နုိင္မႈ ျပင္းမလဲ။

သူတို႔ႏွစ္ေယာက္ အခ်င္းခ်င္းစေနာက္ကာ ေပ်ာ္ရႊင္ေနၾကျပီး ကင္မရာသမားေတြက ေဘးကေန   အရမ္းကို တက္ႂကြစြာနွင့္ ရိုက္ကူးေနႀကသည္။    Gustavရဲ႕ မ်က္ႏွာကေတာ့ မည္းတူးေနျပီး တကယ္လို႕   Ivana သာ  မိန္းကေလးခ်င္း ႀကိဳက္တဲ့သူ  lesbian ဆိုတာ သူ မသိခဲ့ဘူးဆိုရင္ ေသခ်ာေပါက္ သူတို႔ႏွစ္ေယာက္ကို လူခ်င္းခြဲပစ္မွာ ေသခ်ာသည္။

" Game စေတာ့ "

သူက ဒီႏွစ္ေယာက္ က်ီစယ္ေနသည္ကို ဆက္မႀကည့္နုိင္ေတာ့သျဖင့္ Eurekaကို အစီအစဥ္စရန္ လက္ဟန္ေျခဟန္ျဖင့္ ေျပာလိုက္ေတာ့သည္။

Eurekaက စည္းကမ္းအခ်ိဳ႕ကို ေျပာၿပီးေနာက္ ၿပိဳင္ပြဲဝင္တစ္ေယာက္ၿပီး တစ္ေယာက္ ေလပူေဖာင္းထဲ ဝင္ခုိင္းလိုက္သည္။ သူ႔ရဲ႕ ဂုဏ္သိကၡာကို ျပန္္အဖတ္ဆည္နိုင္ဖို႔ Hayden က အရင္ဆံုး ၿပိဳင္ခဲ့ေပမယ့္ ဒီစိန္ေခၚမႈက ထင္သလို မလြယ္ကူခဲ့ေပ။ ေျခလွမ္း ႏွစ္လွမ္း လွမ္းၿပီးတာနဲ႕ လဲက်သြားသည္။  ျပန္ထရပ္လိုက္ေပမယ့္ ခ်က္ခ်င္းျပန္လဲသြားသည္။ ျပီးေတာ့   သူ အနည္းငယ္လႈပ္လိုက္တာနဲ႕ ေဘာလံုးက ခ်ာလပတ္ သြားေတာ့သည္။

ေနာက္ဆံုးေတာ့ သူက ေရကန္အျခားတစ္ဖက္ကို ေရာက္ဖို႕ ေလးဘက္ေထာက္ပဲ သြားနုိင္ေတာ့သည္။  သူ႔အျဖစ္ကို ၾကည့္ျပီး က်န္တဲ့ၿပိဳင္ပြဲဝင္ေတြ ဝိုင္းရယ္လိုက္ႀကသည္။  တခိ်ဳ႕က  သူ႔ရဲ႕ ေလးဘက္ေထာက္ထားတဲ့ ပံုစံကို ေပၚတင္  လက္ညႇိဳးထိုးျပီး ေလွာင္ေျပာင္ႀကသည္။  ရယ္ေနၾကေလသည္။ တခ်က္ၾကည့္ရံုနဲ႕ Haydenရဲ႕ ေက်ာ္ၾကားမႈေတြက ၿပိဳင္ပြဲဝင္မ်ား ၾကားမွာ ခ်က္ခ်င္းထုိးက်သြားတယ္ဆိုတာ သိနို္င္သည္။

Emily ကေတာ့   မ်က္ႏွာကို လက္နဲ႕အုပ္ထားျပီး  စိတ္ရႈပ္သည့္ပံု ေပၚေနသည္။ က်ိုးယြင္ရွန္႕က အဲ့ဒီပူေဖာင္းကို စိတ္ပူေနသည့္ မ်က္ႏွာ နွင့္ စိုက္ၾကည့္ေနလိုက္သည္။

Hayden အလွည့္ၿပီးသြားေတာ့ က်န္တဲ့ ျပိဳင္ပြဲဝင္တုိင္းက   ဒီၿပိဳင္ပြဲကို ေအာင္ျမင္ဖို႔   ႀကိဳးပမ္းၾကေပမယ့္ ဘယ္သူမွ  တစ္ဖက္ကမ္းကို ေရာက္ေအာင္ လမ္းေလွ်ာက္မသြားနုိင္ႀကေပ။

Ivana အလွည့္ေရာက္ေတာ့  က်ိဳးယြင္ရွန္႕က သူမ လက္ေမာင္းကို ဆြဲ က တိုးတိုးေလးမွာလိုက္သည္။

" ျမန္ျမန္ေလၽွာက္ .. မ်ဥ္းတစ္ေျဖာင့္တည္းေပၚက ေလၽွာက္သြား .. ဒီလိုေလွ်ာက္ရင္ မင္းကို ဟန္ခ်က္ထိန္းနုိင္လိမ့္မယ္။ " 

Ivana က ေခါင္းညိမ့္ျပလိုက္ၿပီး သူ ေျပာတဲ့အတုိင္း စေလၽွာက္ေတာ့သည္။ သူက ေရကန္အလယ္ပိုင္းမွာ  လဲမလိုျဖစ္သြားေပမယ့္ ေနာက္ဆံုး ေရကန္တစ္ဖက္ကို မလဲပဲ ေအာင္ျမင္စြာေလွ်ာက္သြားနိုင္ခဲ့သည္။
ေနာက္ဆံုး က်ိဳးယြင္ရွန္႔ အလွည့္ေရာက္ေတာ့ သူက ျမန္ျမန္မေလၽွာက္ပဲ   ပန္းျခံထဲမွာ လမ္းေလွ်ာက္ေနတဲ့အတုိင္း  မ်က္ႏွာတြင္ အျပံဳးပန္းတပြင့္ဆင္ျမန္းကာ အပူအပင္ကင္းစြာ ေလၽွာက္ေနသည္။  Ivana  ေရကူးကန္ေပၚ တက္ခါနီးတြင္ ထိုေကာင္ေလးကို လွည့္ၾကည့္လိုက္ျပီးမွ   ကုန္းေပၚသို႔ တက္သြားေတာ့သည္။ သူတုိ႔ႏွစ္ေယာက္လံုး ေလပူေဖာင္းကေန ထြက္လာျပီးေနာက္ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ ရယ္ျပီး ေပြ႕ဖက္လိုက္ၾကသည္။

" မင္း အဲ့ဒီနားသြားၿပီး သူတို႔ကို မဖက္ဘူးလား။ "

Gustavက ဒီေန႔ ဒိုင္က အရမ္းအေလးအနက္ထားတတ္တ့ဲ Eurekaျဖစ္ေနလို႕  အရမ္းကို စိတ္ညစ္သြားသည္။  သူမေနရာမွာ Jeffrey သာဆိုရင္ ဟိုကေလးနွစ္ေယာက္ကို ေျပးဖက္ျပီး    High fiveလုပ္လိုက္မွာေသခ်ာသည္။  သူလည္း သဘာဝက်က် သူ႔ေၾကာင္ေပါက္ဆီသြားျပီး ေပြ႕ဖက္ရင္း ဂုဏ္ျပဳေပးသလိုနဲ႕ ဒီကေလးရဲ႕ ႏူးညံ့တဲ့ အသားအေရကိုလည္း ပြတ္သပ္နုိင္ေသးသည္။

ကံမေကာင္းစြာပဲ Eurekaက သူ႔သူေဌးရဲ႕ ႏွလံုးသား နားမလည္ပဲ ထိုအၾကံပယ္ခ်လိုက္သည္။ သူမက လက္ကို ေဝ့ယမ္းလိုက္ကာ ေျပာလို္က္သည္။

 "အာ... အဲ့လိုကေလးကလား အလုပ္ေတြက ကြ်န္မ အက်င့္မဟုတ္ဘူး "

ဒီေန႔ေတာ့ မင္းအက်င့္ကို ေျပာင္းေပးလို႕မရဘူးလားလို႕ ေအာ္ေျပာခ်င္စိတ္ ေပါက္လာမိေတာ့သည္။  ဒါေပမယ့္ သူ ၿမိဳသိပ္ထားလိုက္ျပီး ဒီျမင္ကြင္းကို ဝမ္းနည္းပမ္းနည္းႀကည့္လိုက္သည္။  သူတစ္ေယာက္တည္း    ေၾကာင္ေပါက္ကိုသြားဖက္ရင္ ျပႆနာ အမ်ားႀကီး တက္သြားႏုိင္သည္။

Emily ကေတာ့ အေသအခ်ာ တြက္ခ်က္ေနသည္။  အျခားၿပိဳင္ပြဲဝင္ေတြ ေလွ်ာက္ပံုကို   ေဘးမွာရပ္ျပီး ေသခ်ာ ေလ့လာေနခဲ့သည္။ Ivanaနဲ႔ Romeoရဲ႕ လမ္းေလွ်ာက္ပံုကို ၾကည့္ၿပီးေတာ့ သူမ  နည္းလမ္းေတြ႕အနည္းငယ္သြားသည္။ သူမက နည္းနည္းေလ့က်င့္ျပီး   ယံုၾကည္မႈ ရွိစြာ စေလွ်ာက္ေတာ့သည္။   သူမပံုစံက  ပရိတ္သတ္ရာေပါင္းမ်ားစြာကို လက္ျပနူတ္ဆက္ေနသည့္ ဘုရင္မတစ္ေယာက္ ပံုစံျဖင့္ ဆင္တူေနသည္။ သူမရဲ႕ ပါးလႊာေနတဲ့ Bikini ကလည္း သူမရဲ႕ အလွအပအေတာ္မ်ားမ်ားကို ျပသထားခဲ့သည္။


ေယာက်္ားေလး ၿပိဳင္ပြဲဝင္ေတြအကုန္ ေငးၾကည့္ေနၾကျပီး သူတို႔အားလံုးက  Emilyကို စြဲေဆာင္မႈ အရွိဆံုး ျဖစ္သလို အနုိင္ရဖို႔ အေသခ်ာဆံုး ေကာင္မေလး အျဖစ္လက္ခံလိုက္ႀကသည္။

" ဒီေကာင္မေလးက ေတာ္သားပဲ။ ငါ သူ႔ဆီက အေကာင္းဆံုးေတြ ေမၽွာ္လင့္ထားတယ္ "

Eureka က သူမေနာက္ေက်ာကို လက္ညႇိဳး ထိုးျပရင္း ေျပာလိုက္သည္။

Gustav က ထိုေကာင္မေလးကို   ၾကည့္ကာ ေျပာလိုက္သည္။

" သူမက   တကယ့္ ေကာင္းမြန္တဲ့ Modelတစ္ေယာက္ျဖစ္လာဖိုက အလားလာေကာင္းေပမယ့္ အရမ္း Sexy က်လြန္းတယ္။ သူမသာ အခ်ိဳ႕ေနရာကို ဒီထက္ေဖာ္လိုက္ရင္ လူေတြရဲ႕ စိတ္ထဲမွာ ' အာ .. ငါ porn ကားေတြ ၾကည့္ေနတာပဲ ' လို႔ ေတြးမိသြားလိမ့္မယ္။ ေနာက္ပိုင္း သူမကိုယ္သူမ   လိင္အသားေပးဆြဲေဆာင္မႈေတြပဲ လုပ္မိသြားလိမ့္မယ္။ တကယ့္ အဆင့္ျမင့္တဲ့ ေမာ္ဒယ္ေစ်းကြက္ထဲမွာ သူမ အေျခခ်နုိင္ဖို႔ မလြယ္ေလာက္ဘူး။ က်ဳပ္အထင္ေတာ့ သူ႔ထက္ Romeoက ပို သင့္ေတာ္တယ္။ "

Eureka  ေခါင္းၿငိမ့္လိုက္သည္။

" ရွင္ေျပာတာ ဟုတ္တယ္။ သူမမွာ အလားအလာေကာင္းေတြ ရွိေပမယ့္ Romeo နဲ႔ ယွဥ္လိုက္ရင္ ရိုးရိုးသာမန္ပဲ ျဖစ္သြားတယ္။ Romeoက ကၽြန္မ ျမင္ဖူးသမွ်ထဲမွာ   ျဖဴစင္ ႏူးညံ့တဲ့ ေကာင္ေလးတစ္ေယာက္ပဲ။ သူက သာမာန္အဝတ္စားေလး ဝတ္ထားရင္ေတာင္ အေကာင္းဆံုးလို႕ ထင္သြားေစတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ သူ႔ကို ေဝဖန္တာ ေစာလြန္းပါတယ္။ အျခား ၿပိဳင္ပြဲေတြလဲ  ဘယ္လိုလာမလဲ ေစာင့္ၾကည့္ၿကေသးတာေပါ့။ "

Eureka ရဲ႕ ေကာင္ေလးအေပၚ ခ်ီးက်ဴးစကားေတြက Gustav ကို အရမ္း ေက်နပ္သြားေစသည္။ သူ႔ဘက္ကို မ်က္ႏွာမူေနတဲ့ ေကာင္ေလးကို ျမင္လိုက္တဲ့အခါမွာ Gustavက   ေခါင္းကို ေမာ့ျပီး  ျပံဳးျပလိုက္သည္။

Emily နဲ ႔ အျခားေသာ မိန္းကေလးမ်ားသည္ က်ိဳးယြင္ရွန္႔နားတြင္ ကပ္ျပီးရပ္ေနတာျဖစ္လုိ႕ အထင္လြဲသြားႀကသည္။

" Mr.Acheson အခုေလးတင္  ငါ့ကို ၾကည့္သြားတာလား။ "

" နင့္ကို ႀကည့္တာ မဟုတ္ပါဘူး။ သူ ငါ့ကို ၾကည့္ေနတာပါ "

" နင္တုိ႔ အကုန္လံုးမွားတယ္။ သူက Emilyကို ၾကည့္ေနတာ ။  ဘယ္သူကမ်ား Emilyထက္ ပိုၿပီး ဆြဲေဆာင္မႈရွိတယ္ထင္လို႕လဲ "

Emilyရဲ႕ သူငယ္ခ်င္း Daphneက ျပန္လည္ ေခ်ပလိုက္ေတာ့ Emilyက ရွက္သြားသည့္ အမူအရာျဖင့္ Daphneရဲ႕ ေနာက္ေက်ာကို လက္နဲ႕ ရိုက္လိုက္သည္။ Mr.Acheson က သူ႔ကို စိတ္ဝင္စားေနတယ္ဆိုတဲ့ အျခားလူေတြရဲ႕အျမင္အေပၚ သူမ  သံသယမဝင္မိဘူး။ သူမက အသက္ ၁၂ႏွစ္ ကတည္းက  ခႏၶာကိုယ္က ဖြံ႕ၿဖိဳးခဲ့ျပီး သူမအရြယ္ေရာက္လာေတာ့  ဘယ္ ေယာက်္ားေလးကိုမဆို သူမ ဆြဲေဆာင္နုိင္ေႀကာင္းလည္း သိလာသည္။ 

ၿပိဳင္ပြဲဝင္ေတြ အားလံုးျပီးသြားတဲ့အခါ Eureka က Ivana, Zhou Yun Shengနဲ႔ Emily ၾကား လက္ညိႇဳး ထုိးလိိုက္ျပီး ၾကည့္ေနသူေတြကို ဘယ္သူ အႏုိင္ရသလဲဆုိတာ သိခ်င္စိတ္ကို လႈံ႕ေဆာ္ေပးေနသည္။

" ဒီေန႔ရဲ႕ ခ်န္ပီယံကေတာ့ Romeoျဖစ္ပါတယ္။ သူ႔ရဲ႕ အရွိန္၊ လမ္းေလွ်ာက္ဟန္၊ မ်က္ႏွာ အမူအရာေတြက ေျပာစရာမရွိေအာင္ ေကာင္းလြန္းတယ္။   သူ  ေရေပၚမွာ လမ္းေလွ်ာက္သြားပံုက  လမ္းမ တစ္ခုမွာ လမ္းေလွ်ာက္ေနသလိုပဲ။ Ivana နဲ႔ Emily  ကေတာ့ မင္းတို႔ ႏွစ္ေယာက္လံုး တကယ့္ကို ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ ျပဳတ္ၾကမွာ   စိုးရိမ္စိတ္ေတြက မ်က္နွာေပၚမွာ အရမ္းကို သိသာလြန္းေနတယ္။ ဒါေၾကာင့္ ငါ မင္းတို႔ဆီက အမွတ္အခ်ိဳ႕ နူတ္လိုက္တယ္။ "

Ivana က ထိုေကာင္ေလးကို ေျပးဖက္ကာ ဝမ္းသာစြာျဖင့္ ေအာ္လိုက္ေတာ့သည္။ က်န္သည့္ ၿပိဳင္ပြဲဝင္မ်ားလည္း စိတ္ရင္းလား ဟန္ေဆာင္ျခင္းတာလား မေပၚလြင္ေစပဲ ဂုဏ္ျပဳေျပာဆုိေနႀကသည္။   Emilyနဲ႔ Haydenရဲ႕ မ်က္ႏွာ အမူအရာကႀကည့္ရဆုိးေအာင္ ျဖစ္ေနျပီး  Emilyက အခ်ိန္တိုအတြင္း  သူမ မ်က္ႏွာအမူအရာကို ျပန္ထိန္းလိုက္သည္။ Hayden ကဖံုးကြယ္ဖုိ႕ စိတ္ကူးပံုမေပၚေပ။

အျပန္လမ္းတစ္ေလၽွာက္တြင္  အံ့ဩစရာေကာင္းစြာနွင့္ Hayden က က်ိဳးယြင္ရွန္႕ရဲ႕ မေကာင္းေၾကာင္းမ်ားကို ေလွ်ာက္ေျပာေတာ့သည္။က်ိဳးယြင္ရွန္႕ က   မ်က္လံုးမ်ား နီရဲလာျပီး ဘာမွျပန္မေျပာပဲ သည္းခံခဲ့သည္။ ဒီတစ္ေခါက္ မ်က္လံုး နီရဲေနတာက ဝမ္းနည္းခ်င္ေယာင္ေဆာင္တာ မဟုတ္ပဲ ေဒါသထြက္လြန္းလို႕ျဖစ္သည္။ သူက Hayden ကို ေျခဆံုးေခါင္းဆံုး တစ္စစီ လုပ္ပစ္ခ်င္ေနသည္။ ဒါေပမယ့္ သူ႔မ်က္ႏွာကို Ivana ရဲ႕လက္ေမာင္းၾကားထဲမွာ ဝွက္ထားရင္း အရမ္းနာက်င္ေနသည့္ ပံုစံျဖင့္ ေနလိုက္သည္။ ဒီတစ္ခါေတာ့ Hayden ကို ဖက္ရွင္ေလာက အျပင္ေရာက္တဲ့အထိ ကန္ထုတ္နုိင္ဖို႔ အခြင့္အေရး ရလာေတာ့မည္ ထင္သည္။

Emilyက ဒီႏွစ္ေကာင္ ရနျ္ဖစ္ျပီး ထထိုးပါေစလို႕  ႔ စိတ္ထဲက  ဆုေတာင္းေနမိသည္။  ဒါမွ  ႔ႏွစ္ေယာက္လံုး စည္းကမ္း ခ်ိဳးေဖာက္မႈနဲ႕  အထုတ္ခံရမွာျဖစ္ျပီး   Romeo သာ အထုတ္ခံလိုက္ရရင္ သူမ ရဲ႕ စူပါေမာ္ဒယ္ လမ္းက  အခက္အခဲမရွိေတာ့ေပ။   Romeo က သူမအတြက္ အဖ်က္ေကာင္တစ္ေကာင္သာ ျဖစ္သည္။ 

ကံမေကာင္းစြာပဲ Romeo က သည္းခံေနခဲ့ျပီး ထိုးႀကိတ္ဖို႔ပင္ မေျပာနဲ႕ တံု႔ျပန္စကားေတာင္  ေျပာမလာလို႕ Emily  ေတာ္ေတာ္ စိတ္ပ်က္သြားသည္။

အေဆာင္ကို ျပန္ေရာက္ေတာ့ TV မ်က္ႏွာျပင္မွာ ၿပိဳင္ပြဲဝင္ေတြရဲ႕ ရလဒ္ေတြကို ေဖာ္ျပထားသည္။ Romeo က 10မွတ္၊ Ivanaႏွင့္ Emilyက 9 မွတ္စီ  ရရွိခဲ့သည္။ အရင္အပတ္ကတည္းက ထိပ္ဆံုးကို ေရာက္လာတဲ့ ဒီသံုးေယာက္က တစ္ေယာက္ ကို တစ္ေယာက္ ေက်ာ္တက္ဖို႔ လြယ္ မယ္လို႔   ထင္ေနၾကသည္။   ျခံဳေျပာရရင္ Romeoဆိုတဲ့ ေကာင္ေလးဟာ  အမွတ္တမဲ့ Emily ကို ေက်ာ္တက္သြားနုိင္မယ့္  အလားအလာရွိတယ္ျပီး  မွတ္ခ်က္ခ်ေနၿကသည္။ ဘာေႀကာင့္လဲဆိုေတာ့ Emily ရဲ႕  လွပေနတဲ့ မ်က္ႏွာက Romeoရဲ႕ ျဖဴစင္ ႏူးညံ့တဲ့ မ်က္ႏွာကို လံုးဝမယွဥ္လို႔ ေသာေႀကာင့္ျဖစ္သည္။

ထိုည အျခားသူမ်ား အိပ္ေပ်ာ္ရန္ ခက္ခဲေနခ်ိန္ က်ိဳးယြင္ရွန္႕က   ေခါင္းအံုးေပၚ ေခါင္းတင္မိတာနဲ႔  ခ်က္ခ်င္း အိပ္ေပ်ာ္သြားေတာ့သည္။

ေနာက္တစ္ေန႔႕ အိပ္ယာ ႏုိးလာေတာ့  TVမွာ " နာမည္ႀကီးတဲ့ လူေတြနဲ႔ လက္တြဲ လုပ္ဖို႔ သတၱိလိုတယ္။ " ဆုိတဲ့ စာေၾကာင္း  ေပၚေနတာကို ေတြ႕လိုက္ရသည္။
  ခန္႔မွန္းခ်က္ေတြအရ ဒီ အစီအစဥ္ထဲမွာ   အခုရက္ပိုင္း Fashionေလာကမွာ နာမည္ႀကီး Modelေတြနဲ႔  ျပိဳင္ပြဲဝင္ေတြ အတူတြဲျပီး ဓာတ္ပံုရိုက္ခိုင္းမည္ဟု ထင္ေနႀကသည္။ နာမည္ႀကီး Modelေတြက ေယာက်္ားေလးလား။ မိန္းကေလးလား။  ေမၽွာ္လင့္ခ်က္ေတြ နဲ႔ ၿပိဳင္ပြဲဝင္ေတြက Studioခန္းထဲကို ဝင္လိုက္ေသာအခါ Bonnie နဲ႔ Gustav Achesonတုိ႕ ေဘးခ်င္းယွဥ္ရပ္ေနတာကို ေတြ႕လိုက္ေတာ့သည္။

သူတို႔အားလံုး ဒီေန႔ တြဲျပီးဓါတ္ပံုရိုက္ရမည့္ လူကို သိလိုက္ရတဲ့အခါမွာ  လက္ကို ေျမာက္ကာေပ်ာ္ရႊင္စြာ ေအာ္ဟစ္ၾကသည္။

Bonnieက ေက်နပ္စြာ ျပံဳးလိုက္သည္။

" ၿပိဳင္ပြဲဝင္တို႔  ဒီေန႔ ဘယ္သူေတြ လာမလဲဆိုတာ ခန္႔မွန္းၿပီးေလာက္ၿပီထင္တယ္။ ဒီေန႔ မင္းတို႔နဲ႔ တြဲဖက္ ဓာတ္ပံုရိုက္ေပးမယ့္လူေတြက ကိုယ္ နဲ႔ Mr.Acheson တို႕ပဲ ျဖစ္တယ္။ မင္းတို႔အကုန္လံုး ဘယ္သူနဲ႔ တြဲရိုက္မယ္ဆိုတာကို ေရြးခ်ယ္ခြင့္ ရွိရံု မကဘူး။ မင္းနဲ႔ မင္းတို႔တြဲဖက္ ဝတ္ရမယ့္ ဝတ္စံုကိုပါ ေရြးခ်ယ္ခြင့္ရွိတယ္။ မင္းတို႔ရဲ႕ ပံုထြက္ ေကာင္း မႈ မေကာင္း မႈ အကုန္လံုးက မင္းတို႔အေပၚပဲ မူတည္ေနတဲ့အတြက္ မင္းတို႔အေနနဲ႔ ဂရု စိုက္ရလိမ့္မယ္။ Modelတစ္ေယာက္အတြက္ သူ႔အႀကိဳက္နဲ႔ ႀကည့္ေကာင္းမႈက Fashionေလာကမွာ ဘယ္ေလာက္ထိ ရပ္တည္နုိင္မလဲဆိုတာ ဆံုးျဖတ္ေပးနိုင္တယ္ "

Bonnie နဲ႔  Aerialက  တည့္တဲ့သူေတြ မဟုတ္လို႕  သူ အခု ေျပာလိုက္တဲ့စကားေတြက Aerial ရဲ႕ အမွားကိုထင္ရွားေအာင္ ေထာက္ျပေနသလိုပဲ။

Gustavရဲ႕ အျပံဳးေတြက ေတာင့္တင္းေနၿပီး Bonnie စကားအဆံုးမွာ သူမကို လွမ္းၾကည့္ၿပီး ၿပိဳင္ပြဲဝင္ေတြကို ေခါင္းၿငိမ့္ျပလိုက္သည္။ သူ႔ရဲ႕  တည္ၿငိမ္ ေအးခ်မ္းတဲ့ပံုစံကို ေပါက္ေနေပမယ့္ တကယ္ေတာ့ သူ႔လက္မွာ ေခၽြးေတြျပန္ေနသည္။    Bonnieေျပာလိုက္သည့္ စကားမ်ားေၾကာင့္ သူ႔မွာ ၿပိဳင္ပြဲဝင္ေတြကို မည္သူျဖင့္တြဲဟု အမိန္႔ မေပးႏုိင္ေတာ့ေပ။ ဒါေၾကာင့္ သူ႔ရဲ႕ေၾကာင္ေပါက္ကေလးက သူ႔ကို ေရြးခ်ယ္လိမ့္မယ္လို႔ အာမ မခံႏုိင္သျဖင့္ ေခြ်းျပန္ေနျခင္းျဖစ္သည္။

ေၾကာင္ေပါက္ေလးက ေယာက်္ားေလးေတြကို သေဘာက်တယ္ ဆိုေပမယ့္  သူက ငါနဲ႔သူက အလွမ္းကြာတယ္လို႕  ေျပာဖူးတယ္။ ဒါေၾကာင့္  သူ စိတ္မယိုင္ေအာင္ နဲ႕ အျခားသူေတြ သံသယ မဝင္ေအာင္ Bonnieကို ေရြးေလာက္တယ္။ God ေက်းဇူးျပဳၿပီး သူ႔ ကၽြန္ေတာ့္ကို ေရြးေအာင္ ကူညီေပးပါ။ Gustavဟာ ၿပိဳင္ပြဲဝင္ေတြကို ျပံဳးျပေနခ်ိန္မွာ  ရင္ထဲကေန အသည္းအသန္ ဆုေတာင္းေနေတာ့သည္။

မိန္းကေလး ၿပိဳင္ပြဲဝင္ေတြအကုန္လံုး မ်က္နွာနီရဲကုန္သည္ အထိ  စိတ္လႈပ္ရွားကုန္သည္။

Ivana က အစကတည္းက ေယာက်္ားေလးေတြကို စိတ္ဝင္စားျခင္း မရွိသည့္အတြက္ Bonnieကိုပဲေရြးခ်ယ္ျပီးသားျဖစ္သည္။ ဒါေပမယ့္ သူမက  က်ိဳးယြင္ရွန္႕ကို  ဆြဲကာ သူ႔ရဲ႕ေခါင္းကို ေခ်ာေမာခန္႕ညားလြန္းတဲ့ Mr.Acheson ဘက္  ဆြဲလွည့္လိုက္သည္။  က်ိဳးယြင္ရွန္႕ က သူ႔ကို တခ်က္လွမ္းၾကည့္လိုက္ျပီး  Haydenကို အရမ္းေပ်ာ္ဝင္ေနတဲ့ အၾကည့္ေတြနဲ႕ ၾကည့္လိုက္သည္။

ဒါကိုျမင္ေတာ့ Gusatv က   သူေလာဘႀကီးခဲ့တဲ့အတြက္ ေနာင္တရသြားသည္။ သူ အခုခ်က္ခ်င္း  Brownမိသားစုရဲ႕ ရွယ္ယာေတြကို ျပန္အမ္းၿပီး Haydenကို ၿပိဳင္ပြဲ ကေန ထုတ္ခ်င္စိတ္ေပါက္သြားေတာ့သည္။

=============

အမ်ိဳးသားတစ္ေယာက္၏ ဆြဲေဆာင္မႈရွိသည့္ ကိုယ္ထည္ေကာက္ေႀကာင္း


Chapter (11) - နှလုံးသားကို ကုတ်ခြစ်နေသည့် လက်သည်းလေးများ (zawgyi+Unicode)

အစီအစဉ်ဦးဆောင်သူများသည် ပြိုင်ပွဲဝင်များ၏ ပွဲစဉ်များကို သေချာစွာရိုက်ကူးပြသဖို့ စီစဉ်ထားသည်။  အချိန်တစ်ခု အနားပေးပြီးနောက်  ငါးကြိမ်မြောက် ယှဉ်ပြိုင်ပွဲ စတင်ခဲ့လေပြီ။ ပြိုင်ရမည့် အကြောင်းအရာကတော့ ရေပေါ်တွင် ပေါ်နေသည့်   ပူဖောင်းထဲဝင်ကာ ရေကူးကန်ရဲ့ တစ်ဖက်မှ အခြားတစ်ဖက်သို့ ဟန်ချီညီအောင် ထိန်းကာ လှလှပပ လမ်းလျှောက်ဲပြရမည်ဖြစ်သည်။

Eurekaရဲ့ ရှင်းပြပြီးချိန်မှာ ပြိုင်ပွဲဝင်တွေ  စိတ်ညစ်စွာ အော်ဟစ်ကြသည်။ ထိုပူဖောင်းများက ရေထဲရောက်သည်နှင့် ဟိုဘက်သည်ဘက် လူးလှိမ့်မည်ဖြစ်ပြီး မည်သူမှ ဟန်ချက်ညီအောင်ထိန်းနိုင်မည် မဟုတ်ပေ။  

" အခု  ရေကူးဝတ်စုံ  ပျော်ပျော်ရွှင်ရွှင်လေးလေး သွားလဲကြပါ။  မင်းတို့ကို  ဒေါက်ဖိနပ်နဲ့ လမ်းမလျှောက်ခိုင်းအောင် ကိုယ် ကြင်ကြင်နာနာကူညီခဲ့တာနော်   "

Eureka၏ မျက်နှာထားက လေးနက်နေပေမယ့် စိတ်ထဲမှာတော့ အတော်လေးကို မြူးထူးလို့နေသည်။ တဇွတ်ထိုးလုပ်တတ်သည့် သူမ အကျင့်က    Jefferyထက်  ပိုဆိုးနေသည်။ 

ရေကူးဝတ်စုံ ဟုတ်လား။ ငါ့ ကြောင်ပေါက်လေးက ရေကူးဝတ်စုံ ဝတ်မယ် ဟုတ်လား။  God! Gustav က နှာခေါင်းက ယားကျိကျိဖြစ်လာပြီး နှာခေါင်းသွေး လျှံလာတာကို သိလိုက်လို့ အမြန် ခေါင်းမော့ပြီး တစ်သျှူးနှင့် နှာခေါင်းကို ပိတ်ထားပေမယ့် သူ့အမွေးပွကြောင်လေး   ရေကူးဝတ်စုံဝတ်ထားမယ့် ပုံစံတွေ မြင်ယောင်လာတယ်။ သူက ထိုကောင်လေးရဲ့ အဓိကနေရာတွေရဲ့ အရွယ်အစားနဲ့ အရောင်ကိုပါ စိတ်ကူးယဉ်ကြည့်နေမိတော့သည်။ 

ပန်းရောင်, အဲ့ဒီဟာလေးက ချစ်စရာကောင်းတဲ့ ပန်းရောင်လေး ဖြစ်ရမည်ဟု တွေးလိုက်မိချိန်မှာ သူ့ နှလုံးတွေ ခပ်ကြမ်းကြမ်းခုန်လာပြီး နှာခေါင်းသွေးတွေ စီးကျလာတော့သည်။

" ဘုရားရေ .. Mr.Acheson ရှင် နှာခေါင်းသွေးတွေ လျှံနေတယ်။ "

 Eurekaက   အသံကို နှိမ့်ကာ သတိပေးလိုက်သည်။  Gustav က Camera နှင့်လွတ်သည့်နေရာကို သွားကာ နှာခေါင်းသွေးကို သုတ်ရင်း  လက်ကို ယမ်းပြလိုက်သည်။

 " ခုတလော ပြိုင်ပွဲအစီအစဉ်ထဲမှာ ပြဿနာတွေ တော်တော် တင်ပြီး တိုင် စာတွေလည်း  ရောက်နေတယ်။ ဒါကြောင့် အခုရက်ပိုင်း ဖိအားတွေ များသွားတာ ထင်တယ်။ "

သူက Eurekaကို ပေါ့ပေါ့ပါးပါးနှင့် ခါတိုင်းလို အလုပ်ဖိအားဖြစ်သလို မျိုးပြန်ပြောလိုက်သည်။ 

Acheson က တည်ကြည်ပြီး ဘယ်သူနဲ့မှ စုံတွဲခုတ်တဲ့ Dating သတင်းတွေ တစ်ခါမှ ပေါ် လာခြင်း မရှိသောေ့ကြောင့် Eureka က Acheson ရဲ့ ခေါင်းထဲ ဘာတွေတွေးနေတယ်ဆိုတာ လုံးဝ  သံသယမဝင်ပဲ နှာခေါင်းသွေးယိုလို့ သနားသွားသည်။ နှာခေါင်းသွေးယိုတာက ခဏနဲ့ တိတ်သွားပေမယ့် သူတို့နှစ်ယောက်က အချိန်အတော်ကြာအောင် စကားပြောနေခဲ့ကြသည်။  ထို့ဆုံး ပြိုင်ပွဲဝင်တွေ အဝတ်စားလဲပြီး  တန်းစီ ဝင်လာခဲ့ကြတော့သည်။ 

Gustavက  အမြန်  Romeoကို လိုက်ရှာလိုက်ပြီး တွေ့သွားချိန်မှာ သူ့ နှလုံးခုန်တွေက  ပေါက်ကွဲထွက်တော့မလို အပြင်းအထန် ခုန်နေတော့သည်။    ဒီလောက် ပိန်သွယ်နေတဲ့ သူ့ရဲ့ကြောင်ပေါက်လေးက  လူတကာ ငေးချင်စရာ ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ခန္ဓာကိုယ် ကောက်ကြောင်း၊ ဝမ်းဗိုက်  ကြွက်သွား  ရင်အုပ် ကြွက်သွားတွေ နဲ့သူ့မှာ အမျိုးသား Modelတစ်ယောက် ရှိသင့်သည့် ခန္ဓာကိုယ်မျိုး ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ အသားအရည်တွေက  နွားနို့လို ဖြူပြီး ချောမွေ့နေသည်။  ဆံပင်တွေက  မိန်းကလေး ပြိုင်ပွဲဝင်တွေထက် ပိုပြီး နူးညံ့နေသောပုံစံတွေကြောင့် Romeo က နေရောင်အောက်မှာ အပြစ်ဆိုဖွယ်မရှိသည့် ကျောက်စိမ်းလေးလို   လင်းလက်လို့နေသည်။ 

သူက ဈေးအကြီးဆုံး ဗူးကို ဝယ်ပြီး  ဒီကျောက်စိမ်းရုပ်တုလေးကို သိမ်းထားချင်စိတ်ပေါ်လာပေမယ့်  သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

Ivana က ကောင်လေးရဲ့ ဘေးကို လျှောက်သွားပြီး သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားကို အားကျစွာကြည့်ကာ လက်သီးဖြင့် ခပ်ဖွဖွ ထိုးလိုက်သည်။  Zhou Yun Sheng လည်း သူမရဲ့  ဝမ်းဗိုက်မှ ကြွက်သားလေးကို ပြန်ထိုးသလို လုပ်လိုက်သည်။  ယောကျ်ားလေး တစ်ယောက်ရဲ့ Abs ( ဝမ်းဗိုက်ကြွက်သား) နဲ့ မိန်းကလေးတစ်ယောက်ရဲ့ Abs (ဝမ်းဗိုက်ကြွက်သား) ဘယ်ဟာက  ပိုပြီး ဆွဲဆောင်နိုင်မှု ပြင်းမလဲ။

သူတို့နှစ်ယောက် အချင်းချင်းစနောက်ကာ ပျော်ရွှင်နေကြပြီး ကင်မရာသမားတွေက ဘေးကနေ   အရမ်းကို တက်ကြွစွာနှင့် ရိုက်ကူးနေကြသည်။    Gustavရဲ့ မျက်နှာကတော့ မည်းတူးနေပြီး တကယ်လို့   Ivana သာ  မိန်းကလေးချင်း ကြိုက်တဲ့သူ  lesbian ဆိုတာ သူ မသိခဲ့ဘူးဆိုရင် သေချာပေါက် သူတို့နှစ်ယောက်ကို လူချင်းခွဲပစ်မှာ သေချာသည်။

" Game စတော့ "

သူက ဒီနှစ်ယောက် ကျီစယ်နေသည်ကို ဆက်မကြည့်နိုင်တော့သဖြင့် Eurekaကို အစီအစဉ်စရန် လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်တော့သည်။

Eurekaက စည်းကမ်းအချို့ကို ပြောပြီးနောက် ပြိုင်ပွဲဝင်တစ်ယောက်ပြီး တစ်ယောက် လေပူဖောင်းထဲ ဝင်ခိုင်းလိုက်သည်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နိုင်ဖို့ Hayden က အရင်ဆုံး ပြိုင်ခဲ့ပေမယ့် ဒီစိန်ခေါ်မှုက ထင်သလို မလွယ်ကူခဲ့ပေ။ ခြေလှမ်း နှစ်လှမ်း လှမ်းပြီးတာနဲ့ လဲကျသွားသည်။  ပြန်ထရပ်လိုက်ပေမယ့် ချက်ချင်းပြန်လဲသွားသည်။ ပြီးတော့   သူ အနည်းငယ်လှုပ်လိုက်တာနဲ့ ဘောလုံးက ချာလပတ် သွားတော့သည်။

နောက်ဆုံးတော့ သူက ရေကန်အခြားတစ်ဖက်ကို ရောက်ဖို့ လေးဘက်ထောက်ပဲ သွားနိုင်တော့သည်။  သူ့အဖြစ်ကို ကြည့်ပြီး ကျန်တဲ့ပြိုင်ပွဲဝင်တွေ ဝိုင်းရယ်လိုက်ကြသည်။  တချို့က  သူ့ရဲ့ လေးဘက်ထောက်ထားတဲ့ ပုံစံကို ပေါ်တင်  လက်ညှိုးထိုးပြီး လှောင်ပြောင်ကြသည်။  ရယ်နေကြလေသည်။ တချက်ကြည့်ရုံနဲ့ Haydenရဲ့ ကျော်ကြားမှုတွေက ပြိုင်ပွဲဝင်များ ကြားမှာ ချက်ချင်းထိုးကျသွားတယ်ဆိုတာ သိနိုင်သည်။

Emily ကတော့   မျက်နှာကို လက်နဲ့အုပ်ထားပြီး  စိတ်ရှုပ်သည့်ပုံ ပေါ်နေသည်။ ကျိုးယွင်ရှန့်က အဲ့ဒီပူဖောင်းကို စိတ်ပူနေသည့် မျက်နှာ နှင့် စိုက်ကြည့်နေလိုက်သည်။

Hayden အလှည့်ပြီးသွားတော့ ကျန်တဲ့ ပြိုင်ပွဲဝင်တိုင်းက   ဒီပြိုင်ပွဲကို အောင်မြင်ဖို့   ကြိုးပမ်းကြပေမယ့် ဘယ်သူမှ  တစ်ဖက်ကမ်းကို ရောက်အောင် လမ်းလျှောက်မသွားနိုင်ကြပေ။

Ivana အလှည့်ရောက်တော့  ကျိုးယွင်ရှန့်က သူမ လက်မောင်းကို ဆွဲ က တိုးတိုးလေးမှာလိုက်သည်။

" မြန်မြန်လျှောက် .. မျဉ်းတစ်ဖြောင့်တည်းပေါ်က လျှောက်သွား .. ဒီလိုလျှောက်ရင် မင်းကို ဟန်ချက်ထိန်းနိုင်လိမ့်မယ်။ " 

Ivana က ခေါင်းညိမ့်ပြလိုက်ပြီး သူ ပြောတဲ့အတိုင်း စလျှောက်တော့သည်။ သူက ရေကန်အလယ်ပိုင်းမှာ  လဲမလိုဖြစ်သွားပေမယ့် နောက်ဆုံး ရေကန်တစ်ဖက်ကို မလဲပဲ အောင်မြင်စွာလျှောက်သွားနိုင်ခဲ့သည်။
နောက်ဆုံး ကျိုးယွင်ရှန့် အလှည့်ရောက်တော့ သူက မြန်မြန်မလျှောက်ပဲ   ပန်းခြံထဲမှာ လမ်းလျှောက်နေတဲ့အတိုင်း  မျက်နှာတွင် အပြုံးပန်းတပွင့်ဆင်မြန်းကာ အပူအပင်ကင်းစွာ လျှောက်နေသည်။  Ivana  ရေကူးကန်ပေါ် တက်ခါနီးတွင် ထိုကောင်လေးကို လှည့်ကြည့်လိုက်ပြီးမှ   ကုန်းပေါ်သို့ တက်သွားတော့သည်။ သူတို့နှစ်ယောက်လုံး လေပူဖောင်းကနေ ထွက်လာပြီးနောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်ပြီး ပွေ့ဖက်လိုက်ကြသည်။

" မင်း အဲ့ဒီနားသွားပြီး သူတို့ကို မဖက်ဘူးလား။ "

Gustavက ဒီနေ့ ဒိုင်က အရမ်းအလေးအနက်ထားတတ်တဲ့ Eurekaဖြစ်နေလို့  အရမ်းကို စိတ်ညစ်သွားသည်။  သူမနေရာမှာ Jeffrey သာဆိုရင် ဟိုကလေးနှစ်ယောက်ကို ပြေးဖက်ပြီး    High fiveလုပ်လိုက်မှာသေချာသည်။  သူလည်း သဘာဝကျကျ သူ့ကြောင်ပေါက်ဆီသွားပြီး ပွေ့ဖက်ရင်း ဂုဏ်ပြုပေးသလိုနဲ့ ဒီကလေးရဲ့ နူးညံ့တဲ့ အသားအရေကိုလည်း ပွတ်သပ်နိုင်သေးသည်။

ကံမကောင်းစွာပဲ Eurekaက သူ့သူဌေးရဲ့ နှလုံးသား နားမလည်ပဲ ထိုအကြံပယ်ချလိုက်သည်။ သူမက လက်ကို ဝေ့ယမ်းလိုက်ကာ ပြောလိုက်သည်။

 "အာ... အဲ့လိုကလေးကလား အလုပ်တွေက ကျွန်မ အကျင့်မဟုတ်ဘူး "

ဒီနေ့တော့ မင်းအကျင့်ကို ပြောင်းပေးလို့မရဘူးလားလို့ အော်ပြောချင်စိတ် ပေါက်လာမိတော့သည်။  ဒါပေမယ့် သူ မြိုသိပ်ထားလိုက်ပြီး ဒီမြင်ကွင်းကို ဝမ်းနည်းပမ်းနည်းကြည့်လိုက်သည်။  သူတစ်ယောက်တည်း    ကြောင်ပေါက်ကိုသွားဖက်ရင် ပြဿနာ အများကြီး တက်သွားနိုင်သည်။

Emily ကတော့ အသေအချာ တွက်ချက်နေသည်။  အခြားပြိုင်ပွဲဝင်တွေ လျှောက်ပုံကို   ဘေးမှာရပ်ပြီး သေချာ လေ့လာနေခဲ့သည်။ Ivanaနဲ့ Romeoရဲ့ လမ်းလျှောက်ပုံကို ကြည့်ပြီးတော့ သူမ  နည်းလမ်းတွေ့အနည်းငယ်သွားသည်။ သူမက နည်းနည်းလေ့ကျင့်ပြီး   ယုံကြည်မှု ရှိစွာ စလျှောက်တော့သည်။   သူမပုံစံက  ပရိတ်သတ်ရာပေါင်းများစွာကို လက်ပြနူတ်ဆက်နေသည့် ဘုရင်မတစ်ယောက် ပုံစံဖြင့် ဆင်တူနေသည်။ သူမရဲ့ ပါးလွှာနေတဲ့ Bikini ကလည်း သူမရဲ့ အလှအပအတော်များများကို ပြသထားခဲ့သည်။


ယောကျ်ားလေး ပြိုင်ပွဲဝင်တွေအကုန် ငေးကြည့်နေကြပြီး သူတို့အားလုံးက  Emilyကို စွဲဆောင်မှု အရှိဆုံး ဖြစ်သလို အနိုင်ရဖို့ အသေချာဆုံး ကောင်မလေး အဖြစ်လက်ခံလိုက်ကြသည်။

" ဒီကောင်မလေးက တော်သားပဲ။ ငါ သူ့ဆီက အကောင်းဆုံးတွေ မျှော်လင့်ထားတယ် "

Eureka က သူမနောက်ကျောကို လက်ညှိုး ထိုးပြရင်း ပြောလိုက်သည်။

Gustav က ထိုကောင်မလေးကို   ကြည့်ကာ ပြောလိုက်သည်။

" သူမက   တကယ့် ကောင်းမွန်တဲ့ Modelတစ်ယောက်ဖြစ်လာဖိုက အလားလာကောင်းပေမယ့် အရမ်း Sexy ကျလွန်းတယ်။ သူမသာ အချို့နေရာကို ဒီထက်ဖော်လိုက်ရင် လူတွေရဲ့ စိတ်ထဲမှာ ' အာ .. ငါ porn ကားတွေ ကြည့်နေတာပဲ ' လို့ တွေးမိသွားလိမ့်မယ်။ နောက်ပိုင်း သူမကိုယ်သူမ   လိင်အသားပေးဆွဲဆောင်မှုတွေပဲ လုပ်မိသွားလိမ့်မယ်။ တကယ့် အဆင့်မြင့်တဲ့ မော်ဒယ်ဈေးကွက်ထဲမှာ သူမ အခြေချနိုင်ဖို့ မလွယ်လောက်ဘူး။ ကျုပ်အထင်တော့ သူ့ထက် Romeoက ပို သင့်တော်တယ်။ "

Eureka  ခေါင်းငြိမ့်လိုက်သည်။

" ရှင်ပြောတာ ဟုတ်တယ်။ သူမမှာ အလားအလာကောင်းတွေ ရှိပေမယ့် Romeo နဲ့ ယှဉ်လိုက်ရင် ရိုးရိုးသာမန်ပဲ ဖြစ်သွားတယ်။ Romeoက ကျွန်မ မြင်ဖူးသမျှထဲမှာ   ဖြူစင် နူးညံ့တဲ့ ကောင်လေးတစ်ယောက်ပဲ။ သူက သာမာန်အဝတ်စားလေး ဝတ်ထားရင်တောင် အကောင်းဆုံးလို့ ထင်သွားစေတယ်။ ဒါပေမယ့် အခုအချိန်မှာ သူ့ကို ဝေဖန်တာ စောလွန်းပါတယ်။ အခြား ပြိုင်ပွဲတွေလဲ  ဘယ်လိုလာမလဲ စောင့်ကြည့်ကြသေးတာပေါ့။ "

Eureka ရဲ့ ကောင်လေးအပေါ် ချီးကျူးစကားတွေက Gustav ကို အရမ်း ကျေနပ်သွားစေသည်။ သူ့ဘက်ကို မျက်နှာမူနေတဲ့ ကောင်လေးကို မြင်လိုက်တဲ့အခါမှာ Gustavက   ခေါင်းကို မော့ပြီး  ပြုံးပြလိုက်သည်။

Emily နဲ့ အခြားသော မိန်းကလေးများသည် ကျိုးယွင်ရှန့်နားတွင် ကပ်ပြီးရပ်နေတာဖြစ်လို့ အထင်လွဲသွားကြသည်။

" Mr.Acheson အခုလေးတင်  ငါ့ကို ကြည့်သွားတာလား။ "

" နင့်ကို ကြည့်တာ မဟုတ်ပါဘူး။ သူ ငါ့ကို ကြည့်နေတာပါ "

" နင်တို့ အကုန်လုံးမှားတယ်။ သူက Emilyကို ကြည့်နေတာ ။  ဘယ်သူကများ Emilyထက် ပိုပြီး ဆွဲဆောင်မှုရှိတယ်ထင်လို့လဲ "

Emilyရဲ့ သူငယ်ချင်း Daphneက ပြန်လည် ချေပလိုက်တော့ Emilyက ရှက်သွားသည့် အမူအရာဖြင့် Daphneရဲ့ နောက်ကျောကို လက်နဲ့ ရိုက်လိုက်သည်။ Mr.Acheson က သူ့ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ အခြားလူတွေရဲ့အမြင်အပေါ် သူမ  သံသယမဝင်မိဘူး။ သူမက အသက် ၁၂နှစ် ကတည်းက  ခန္ဓာကိုယ်က ဖွံ့ဖြိုးခဲ့ပြီး သူမအရွယ်ရောက်လာတော့  ဘယ် ယောကျ်ားလေးကိုမဆို သူမ ဆွဲဆောင်နိုင်ကြောင်းလည်း သိလာသည်။ 

ပြိုင်ပွဲဝင်တွေ အားလုံးပြီးသွားတဲ့အခါ Eureka က Ivana, Zhou Yun Shengနဲ့ Emily ကြား လက်ညှိုး ထိုးလိုက်ပြီး ကြည့်နေသူတွေကို ဘယ်သူ အနိုင်ရသလဲဆိုတာ သိချင်စိတ်ကို လှုံ့ဆော်ပေးနေသည်။

" ဒီနေ့ရဲ့ ချန်ပီယံကတော့ Romeoဖြစ်ပါတယ်။ သူ့ရဲ့ အရှိန်၊ လမ်းလျှောက်ဟန်၊ မျက်နှာ အမူအရာတွေက ပြောစရာမရှိအောင် ကောင်းလွန်းတယ်။   သူ  ရေပေါ်မှာ လမ်းလျှောက်သွားပုံက  လမ်းမ တစ်ခုမှာ လမ်းလျှောက်နေသလိုပဲ။ Ivana နဲ့ Emily  ကတော့ မင်းတို့ နှစ်ယောက်လုံး တကယ့်ကို ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပြုတ်ကြမှာ   စိုးရိမ်စိတ်တွေက မျက်နှာပေါ်မှာ အရမ်းကို သိသာလွန်းနေတယ်။ ဒါကြောင့် ငါ မင်းတို့ဆီက အမှတ်အချို့ နူတ်လိုက်တယ်။ "

Ivana က ထိုကောင်လေးကို ပြေးဖက်ကာ ဝမ်းသာစွာဖြင့် အော်လိုက်တော့သည်။ ကျန်သည့် ပြိုင်ပွဲဝင်များလည်း စိတ်ရင်းလား ဟန်ဆောင်ခြင်းတာလား မပေါ်လွင်စေပဲ ဂုဏ်ပြုပြောဆိုနေကြသည်။   Emilyနဲ့ Haydenရဲ့ မျက်နှာ အမူအရာကကြည့်ရဆိုးအောင် ဖြစ်နေပြီး  Emilyက အချိန်တိုအတွင်း  သူမ မျက်နှာအမူအရာကို ပြန်ထိန်းလိုက်သည်။ Hayden ကဖုံးကွယ်ဖို့ စိတ်ကူးပုံမပေါ်ပေ။

အပြန်လမ်းတစ်လျှောက်တွင်  အံ့ဩစရာကောင်းစွာနှင့် Hayden က ကျိုးယွင်ရှန့်ရဲ့ မကောင်းကြောင်းများကို လျှောက်ပြောတော့သည်။ကျိုးယွင်ရှန့် က   မျက်လုံးများ နီရဲလာပြီး ဘာမှပြန်မပြောပဲ သည်းခံခဲ့သည်။ ဒီတစ်ခေါက် မျက်လုံး နီရဲနေတာက ဝမ်းနည်းချင်ယောင်ဆောင်တာ မဟုတ်ပဲ ဒေါသထွက်လွန်းလို့ဖြစ်သည်။ သူက Hayden ကို ခြေဆုံးခေါင်းဆုံး တစ်စစီ လုပ်ပစ်ချင်နေသည်။ ဒါပေမယ့် သူ့မျက်နှာကို Ivana ရဲ့လက်မောင်းကြားထဲမှာ ဝှက်ထားရင်း အရမ်းနာကျင်နေသည့် ပုံစံဖြင့် နေလိုက်သည်။ ဒီတစ်ခါတော့ Hayden ကို ဖက်ရှင်လောက အပြင်ရောက်တဲ့အထိ ကန်ထုတ်နိုင်ဖို့ အခွင့်အရေး ရလာတော့မည် ထင်သည်။

Emilyက ဒီနှစ်ကောင် ရြန်ဖစ်ပြီး ထထိုးပါစေလို့ ့ စိတ်ထဲက  ဆုတောင်းနေမိသည်။  ဒါမှ ့နှစ်ယောက်လုံး စည်းကမ်း ချိုးဖောက်မှုနဲ့  အထုတ်ခံရမှာဖြစ်ပြီး   Romeo သာ အထုတ်ခံလိုက်ရရင် သူမ ရဲ့ စူပါမော်ဒယ် လမ်းက  အခက်အခဲမရှိတော့ပေ။   Romeo က သူမအတွက် အဖျက်ကောင်တစ်ကောင်သာ ဖြစ်သည်။ 

ကံမကောင်းစွာပဲ Romeo က သည်းခံနေခဲ့ပြီး ထိုးကြိတ်ဖို့ပင် မပြောနဲ့ တုံ့ပြန်စကားတောင်  ပြောမလာလို့ Emily  တော်တော် စိတ်ပျက်သွားသည်။

အဆောင်ကို ပြန်ရောက်တော့ TV မျက်နှာပြင်မှာ ပြိုင်ပွဲဝင်တွေရဲ့ ရလဒ်တွေကို ဖော်ပြထားသည်။ Romeo က 10မှတ်၊ Ivanaနှင့် Emilyက 9 မှတ်စီ  ရရှိခဲ့သည်။ အရင်အပတ်ကတည်းက ထိပ်ဆုံးကို ရောက်လာတဲ့ ဒီသုံးယောက်က တစ်ယောက် ကို တစ်ယောက် ကျော်တက်ဖို့ လွယ် မယ်လို့   ထင်နေကြသည်။   ခြုံပြောရရင် Romeoဆိုတဲ့ ကောင်လေးဟာ  အမှတ်တမဲ့ Emily ကို ကျော်တက်သွားနိုင်မယ့်  အလားအလာရှိတယ်ပြီး  မှတ်ချက်ချနေကြသည်။ ဘာကြောင့်လဲဆိုတော့ Emily ရဲ့  လှပနေတဲ့ မျက်နှာက Romeoရဲ့ ဖြူစင် နူးညံ့တဲ့ မျက်နှာကို လုံးဝမယှဉ်လို့ သောကြောင့်ဖြစ်သည်။

ထိုည အခြားသူများ အိပ်ပျော်ရန် ခက်ခဲနေချိန် ကျိုးယွင်ရှန့်က   ခေါင်းအုံးပေါ် ခေါင်းတင်မိတာနဲ့  ချက်ချင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ အိပ်ယာ နိုးလာတော့  TVမှာ " နာမည်ကြီးတဲ့ လူတွေနဲ့ လက်တွဲ လုပ်ဖို့ သတ္တိလိုတယ်။ " ဆိုတဲ့ စာကြောင်း  ပေါ်နေတာကို တွေ့လိုက်ရသည်။
  ခန့်မှန်းချက်တွေအရ ဒီ အစီအစဉ်ထဲမှာ   အခုရက်ပိုင်း Fashionလောကမှာ နာမည်ကြီး Modelတွေနဲ့  ပြိုင်ပွဲဝင်တွေ အတူတွဲပြီး ဓာတ်ပုံရိုက်ခိုင်းမည်ဟု ထင်နေကြသည်။ နာမည်ကြီး Modelတွေက ယောကျ်ားလေးလား။ မိန်းကလေးလား။  မျှော်လင့်ချက်တွေ နဲ့ ပြိုင်ပွဲဝင်တွေက Studioခန်းထဲကို ဝင်လိုက်သောအခါ Bonnie နဲ့ Gustav Achesonတို့ ဘေးချင်းယှဉ်ရပ်နေတာကို တွေ့လိုက်တော့သည်။

သူတို့အားလုံး ဒီနေ့ တွဲပြီးဓါတ်ပုံရိုက်ရမည့် လူကို သိလိုက်ရတဲ့အခါမှာ  လက်ကို မြောက်ကာပျော်ရွှင်စွာ အော်ဟစ်ကြသည်။

Bonnieက ကျေနပ်စွာ ပြုံးလိုက်သည်။

" ပြိုင်ပွဲဝင်တို့  ဒီနေ့ ဘယ်သူတွေ လာမလဲဆိုတာ ခန့်မှန်းပြီးလောက်ပြီထင်တယ်။ ဒီနေ့ မင်းတို့နဲ့ တွဲဖက် ဓာတ်ပုံရိုက်ပေးမယ့်လူတွေက ကိုယ် နဲ့ Mr.Acheson တို့ပဲ ဖြစ်တယ်။ မင်းတို့အကုန်လုံး ဘယ်သူနဲ့ တွဲရိုက်မယ်ဆိုတာကို ရွေးချယ်ခွင့် ရှိရုံ မကဘူး။ မင်းနဲ့ မင်းတို့တွဲဖက် ဝတ်ရမယ့် ဝတ်စုံကိုပါ ရွေးချယ်ခွင့်ရှိတယ်။ မင်းတို့ရဲ့ ပုံထွက် ကောင်း မှု မကောင်း မှု အကုန်လုံးက မင်းတို့အပေါ်ပဲ မူတည်နေတဲ့အတွက် မင်းတို့အနေနဲ့ ဂရု စိုက်ရလိမ့်မယ်။ Modelတစ်ယောက်အတွက် သူ့အကြိုက်နဲ့ ကြည့်ကောင်းမှုက Fashionလောကမှာ ဘယ်လောက်ထိ ရပ်တည်နိုင်မလဲဆိုတာ ဆုံးဖြတ်ပေးနိုင်တယ် "

Bonnie နဲ့  Aerialက  တည့်တဲ့သူတွေ မဟုတ်လို့  သူ အခု ပြောလိုက်တဲ့စကားတွေက Aerial ရဲ့ အမှားကိုထင်ရှားအောင် ထောက်ပြနေသလိုပဲ။

Gustavရဲ့ အပြုံးတွေက တောင့်တင်းနေပြီး Bonnie စကားအဆုံးမှာ သူမကို လှမ်းကြည့်ပြီး ပြိုင်ပွဲဝင်တွေကို ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရဲ့  တည်ငြိမ် အေးချမ်းတဲ့ပုံစံကို ပေါက်နေပေမယ့် တကယ်တော့ သူ့လက်မှာ ချွေးတွေပြန်နေသည်။    Bonnieပြောလိုက်သည့် စကားများကြောင့် သူ့မှာ ပြိုင်ပွဲဝင်တွေကို မည်သူဖြင့်တွဲဟု အမိန့် မပေးနိုင်တော့ပေ။ ဒါကြောင့် သူ့ရဲ့ကြောင်ပေါက်ကလေးက သူ့ကို ရွေးချယ်လိမ့်မယ်လို့ အာမ မခံနိုင်သဖြင့် ချွေးပြန်နေခြင်းဖြစ်သည်။

ကြောင်ပေါက်လေးက ယောကျ်ားလေးတွေကို သဘောကျတယ် ဆိုပေမယ့်  သူက ငါနဲ့သူက အလှမ်းကွာတယ်လို့  ပြောဖူးတယ်။ ဒါကြောင့်  သူ စိတ်မယိုင်အောင် နဲ့ အခြားသူတွေ သံသယ မဝင်အောင် Bonnieကို ရွေးလောက်တယ်။ God ကျေးဇူးပြုပြီး သူ့ ကျွန်တော့်ကို ရွေးအောင် ကူညီပေးပါ။ Gustavဟာ ပြိုင်ပွဲဝင်တွေကို ပြုံးပြနေချိန်မှာ  ရင်ထဲကနေ အသည်းအသန် ဆုတောင်းနေတော့သည်။

မိန်းကလေး ပြိုင်ပွဲဝင်တွေအကုန်လုံး မျက်နှာနီရဲကုန်သည် အထိ  စိတ်လှုပ်ရှားကုန်သည်။

Ivana က အစကတည်းက ယောကျ်ားလေးတွေကို စိတ်ဝင်စားခြင်း မရှိသည့်အတွက် Bonnieကိုပဲရွေးချယ်ပြီးသားဖြစ်သည်။ ဒါပေမယ့် သူမက  ကျိုးယွင်ရှန့်ကို  ဆွဲကာ သူ့ရဲ့ခေါင်းကို ချောမောခန့်ညားလွန်းတဲ့ Mr.Acheson ဘက်  ဆွဲလှည့်လိုက်သည်။  ကျိုးယွင်ရှန့် က သူ့ကို တချက်လှမ်းကြည့်လိုက်ပြီး  Haydenကို အရမ်းပျော်ဝင်နေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်သည်။

ဒါကိုမြင်တော့ Gusatv က   သူလောဘကြီးခဲ့တဲ့အတွက် နောင်တရသွားသည်။ သူ အခုချက်ချင်း  Brownမိသားစုရဲ့ ရှယ်ယာတွေကို ပြန်အမ်းပြီး Haydenကို ပြိုင်ပွဲ ကနေ ထုတ်ချင်စိတ်ပေါက်သွားတော့သည်။

=============

အမျိုးသားတစ်ယောက်၏ ဆွဲဆောင်မှုရှိသည့် ကိုယ်ထည်ကောက်ကြောင်း



Continue Reading

You'll Also Like

5.7K 690 10
This is just a fan-translation. Permission is granted from e-translation groups. Both Unicode & Zawgyi can available.
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
38.8K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
64.4K 9K 69
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...