ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

781K 70.1K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.1 _ Next Top Supermodel
Arc_8.2 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Arc_8.3 Romeo

8.7K 1K 2
By MayKingMK119

Chapter (3) ေဘဘီေလး Hayden (zawgyi+Unicode)



က်ိဳးယြင္ရွန႔္ က အခန္းေထာင့္မွာ ၿငိမ္ၿငိမ္ေလး ရပ္ေနတာေၾကာင့္ Mobile company မွ စပြန္ဆာေပးသူက ပထမသူ႔ကို သတိမထားမိေပမယ့္ သူ
လူအုပ္ၾကားမွ ျဖတ္ေလွ်ာက္လာတာကို ျမင္လိုက္တာနဲ႔ တၿပိဳင္နက္ စပြန္ဆာရဲ႕ မ်က္လုံးေတြက ေတာက္ပသြားခဲ့သည္။

သူတို႔ ထုတ္ထားတဲ့ လက္ရွိဖုန္းအမ်ိဳးအစားမွာ အေရာင္ငါးေရာင္ရွိျပီး အဲ့ဒီထဲကတစ္ခုက လုံးဝသန႔္စင္တဲ့အျဖဴေရာင္ကိုယ္ထည္နဲ႕ မဲနက္ေတာက္ပတဲ့ မ်က္ႏွာျပင္နဲ႔ ျပဳလုပ္ထားတာေၾကာင့္ ရွင္းသန္႕ စမတ္က်ၿပီး အဆင့္တန္းျမင့္သည့္ ပံုစံရွိျပီး က်ိဳးယြင္ရွန႔္ရဲ႕ ဝတ္စားပံုနဲ႕ ဒီဖုန္းက အရမ္းကို လိုက္ဖက္လို႕ေနသည္။

Jeffrey က ကိ်ဳးယြင္ရွန႔္ကို အနက္ေရာင္ဖုန္း ေပးမယ္လုပ္ေပမယ့္ လို႔ စပြန္ဆာက  အျဖဴေရာင္ဖုန္းေပးေစလိုက္သည္။ Jeffrey က ပုခံုးတြန္႕လိုက္ေပမယ့္ ဘာမွမေျပာပဲ ဖုန္းအျဖဴေရာင္ကိုေပးလိုက္ျပီး စိတ္ထဲမွ တီးတိုးေျပာလိုက္သည္။

'ေကာင္းၿပီေလ ၊ ေနာက္မွ ဒီေကာင္ေလးအေပၚ စိတ္ပ်က္မသြားၾကနဲ႔ ။ ဒီေကာင္ေလးက ကင္မရာေရွ႕ေရာက္တာနဲ႔ ေတာင့္ေတာင့္ႀကီးျဖစ္ၿပီး ခပ္ေႀကာင္ေႀကာင္ပံုစံျဖစ္ေနတတ္ျပီး သူရဲ႕သန္႕စင္လွပလြန္းတဲ့ ရုပ္ရည္ေလးကေတာင္ ဘယ္လိုမွ မဖံုးကြယ္နုိင္ဘူး။'

Romeo ကို ႀကိဳးနဲ႕ဆြဲျပီး ဟိုးအျမင့္က ေဘာင္ေတြေပၚကို ျဖည္းညင္းစြာတင္လိုက္သည္။  Jeffrey က ေတာက္ေလွ်ာက္ သူ႕ကို အားေပးေနသည္။

"မလႈပ္နဲ႔ေနာ္ ၊ မလႈပ္လိုက္နဲ႕ ... မင္းရဲ႕ကိုယ္ကို ဟန္ခ်က္ညီေအာင္ ထိန္းထားလိုက္။ မင္း လုပ္နိုင္မွာပါ ေဘဘီ။ ငါ မင္းကို ယံုတယ္။ "
ဂ်က္ဖရီက ေတာက္ေလွ်ာက္ သူ႔ကို စိတ္ၿငိမ္ေအာင္ ေခ်ာ့ေပးေနတယ္

က်ိဳးယြင္ရွန႔္ ေခါင္းၿငိမ့္ျပလိုက္ၿပီး အေပၚကို ဆြဲတင္ေနတဲ့ ႀကိဳးက ရပ္သြားတဲ့ အခ်ိန္မွာ သူ႔လက္ေတြ ေျခေတြကို လႈပ္ရွားဖို႕ ျပင္လိုက္သည္။
သူက နံရံေဟာင္းေတြ ၊ သံေခ်းတက္ေနတဲ့ သတၱဳေဘာင္တန္းေတြ ဝန္းရံထားတဲ့ ေလဟာနယ္ထဲ ေရာက္ေနတာ မဟုတ္သလို သူ႔ရဲ႕ ရွည္လ်ားသြယ္လ်တဲ့ ေျခတံကို ဆန႔္ထုတ္လိုက္ျပီး ခမ္းနားစြာတန္ဆာထင္ထားတဲ့ အခန္းထဲက ဇိမ္က်နူးညံ့တဲ့ ဆိုဖာအေပၚမွာ ထိုင္ေနသလိုထင္ရသည္။


သူရဲ႕ပုံစံက ဖုန္းကို ေပါ့ေပါ့ပါးပါး ကိုင္ထားၿပီး  သူလုပ္တဲ့ ပါတီပြဲအတြက္ ဘယ္သူ႔ကို ဖိတ္မလဲဆိုျပီး   ဆိုဖာေပၚ ထိုင္စဥ္းစားေနသည့္ ပုံမ်ိဳးေပါက္ေနသည္။

"Oh my God  သူ ဒီလိုပိုစ့္မ်ိဳး ဘယ္လိုလုပ္လိုက္တာပါလိမ့္ ? သူက ေလထဲမွာ ကိုယ္ဟန္ကို တကယ္ထိန္းထားနုိင္တာပဲ။ သူ႔ေနာက္မွာ တကယ္ပဲ ခုံတစ္လုံး ရွိေနတာလား? ရွိခဲ့မယ္ဆိုရင္လည္း အဲ့ဒီခံုက သိပ္ကို ခန္းနားထည္ဝါတဲ့ ထိုင္ခုံပဲ ျဖစ္ရမယ္ "

စပြန္ဆာက ဒီ ဆယ္ေက်ာ္သက္ ေကာင္ေလးရဲ႕ ျပဳလိုက္လိုက္တဲ့ ကိုယ္အေနထားကို ႀကည့္ျပီး အရမ္းကို အံ့အားသင့္သြားခဲ့သည္။ သူတုိ႕ ျမင္ေနရတာက တကယ္လား၊ စိတ္ကူးပံုရိပ္လားဆိုတာေတာင္ မခြဲနုိင္ေအာင္ကို ခံစားလိုက္ရသည္။

က်ိဳးယြင္ရွန႔္ လက္ႏွစ္ဖက္လုံးျဖင့္ ဖုန္းကို ဟိုေ႐ႊ႕ ဒီေ႐ႊ႕ကစားေနျပီးေနာက္ ဖုန္းကိုင္ထားေသာ လက္တစ္ဖက္ကို ဆန႔္တန္းလိုက္ၿပီး ေနာက္လက္တစ္ဖက္က နဖူးေပၚတင္လိုက္သည္။ ျပီးမွ သူက မ်က္ခုံးတစ္ဖက္ကို ျမင့္လိုက္ျပီး အမူအရာတစ္ခုလုပ္လိုက္သည္။  ဒီအမူယာက - ငါ ဘာလို႔ သူတုိ႕ကို အရင္စဆက္ရမွာလဲ ? ငါ့ကို အရင္စဆက္တဲ့သူက ကံထူးမွာပဲ။ ဘယ္သူကံထူးမလဲဆိုတာ ငါ ေစာင့္ၾကည့္႐ုံေပါ့ ဆိုသည့္ ပံုေပၚေနသည္ကို ႀကည့္ေနသည့္ လူတိုင္း နားလည္လိုက္သည္။


သူ ေလထဲမွာ ေရာက္ေနျပီး ကင္မရာေတြႏွင့္ အခ်ိန္ခံထားရတာေတာင္ သူ႔ရဲ အမူအရာေတြက ေတာင့္တင္းေနျခင္းမရွိပဲ သဘာဝက်က် ရွိေနသည္။  သူက ဖုန္းကို ဓာတ္ပုံထဲမွာ ပၚလြင္ေနမည့္ အေနထားျဖင့္ ကိုင္ထားျပီး သူရဲ႕ လႈပ္ရွားေနသည့္  အျပဳအမူ ေလးမ်ားက အရမ္းကိုလုိက္ဖက္ကာ လိုခ်င္သည့္အတုိငး္ ကြက္တိက်ေနခဲ့တယ္။

"အရမ္းေကာင္းတယ္။ သူ႕ကို ကြ်န္ေတာ္ အရမ္းသေဘာက်တယ္။ သူ လုပ္သြားတာေတြက ကြ်န္ေတာ္လိုခ်င္တဲ့စိတ္ကူးအတိုင္း ကြက္တိပဲ။"

စပြန္ဆာက စိတ္ေရာကိုယ္ပါ လိႈက္လိႈက္လွဲလွဲ ခ်ီးမြမ္းေနေတာ့သည္။

ဓာတ္ပုံဆရာလည္းက်ိဳးယြင္ရွန႔္  ကိုယ္ဟန္အေနထားေျပာင္းလိုက္တုိင္း မရပ္မနားကို ႐ိုက္ေနလို႔ ကင္မရာမီးက မ်က္စိႀကိမ္းေလာက္ေအာင္ တျဖတ္ျဖတ္နဲ႕ ေတာက္ေလွ်ာက္လင္းေနသည္္။

လက္ကေလးလႈပ္လိုက္တဲ့ပံု၊ မ်က္ႏွာေလး လွည့္လိုက္တဲ့ပံု၊ မ်က္ခုံးေလး ပင့္လိုက္တဲ့ပံု၊ မ်က္လံုးေလးက ခပ္စိုက္စိုက္ႀကည့္ေနတဲ့ပံု စသျဖင့္ ဘယ္လို လႈပ္ရွားမႈေလးမဆို အားလံုး ေသသပ္လွပျပီး အေကာင္းဆံုး အေနထားျဖစ္ေနေတာ့သည္။

က်ိဳးယြင္ရွန႔္ လက္ခေတြကို ေနရာေျပာင္းၿပီး ကိုယ္ဟန္ အေနထားေျပာင္းမလို႕လုပ္ေပမယ့္ Jeffrey က သူ႕ကိုလွမ္းတားလို္က္သည္။

"အရမ္းေကာင္းတယ္ Romeo ၊  အခု ေအာက္ကို ဆင္းလို႔ရၿပီ "

"ဒါေပမယ့္ ကြၽန္ေတာ္ အေပၚေရာက္တာ သုံးမိနစ္ပဲရွိေသးတယ္ "

က်ိဳးယြင္ရွန႔္ရဲ႕ ဖုန္းကိုင္ထားျပီး လွမ္းေပးလိုက္တဲ့ပုံေလးက သိပ္ကို အျပစ္ကင္းစင္ၿပီး အနည္းငယ္ မေက်မနပ္ျဖစ္ေနပံုေပၚသည္။ Jeffrey ဘာမွမေျပာရေသးခင္ စပြန္ဆာက လက္ျပျပီး လွမ္းေျပာလိုက္သည္။

"ဆင္းလာေတာ့ ကေလးေလး ၊ ကိုယ္တုိ႕ လိုခ်င္တဲ့ ပံုအားလံုးရလိုက္ျပီ။ မင္းက တကယ့္္ကို အံ့ႀသစရာေကာင္းေအာင္ ေတာ္တယ္။ "

ဓာတ္ပုံဆရာကလည္း ရွက္ရွက္နွင့္ နွာေခါင္းကို ပြတ္လိုက္ျပီး ေျပာလိုကသ္ည္။

" အစ္ကို မင္းရဲ႕ကိုယ္ဟန္အေနထားအားလံုးအတြက္ ပံု 30 လုံးကို ႐ိုက္လိုက္မိျပီ ခ်ာတိတ္ေလး။ ဒါေၾကာင့္ ထပ္႐ိုက္လို႔မရေတာ့ဘူး။ မင္းက ကင္မရာနဲ႔ ဖက္ေမြးလာတဲ့ အတိုင္း တကယ့္ကို အပိုလိုမရွိ ကြက္တိက်လြန္းတယ္ကြာ။ မင္းအတြက္ ျပသနာရွိမွာ မဟုတ္ပါဘူး။"

အမွန္တုိင္းေျပာရရင္ ဒီသုံးမိနစ္အတြင္းမွာ သူ ပုံတစ္ရာေက်ာ္ေလာက္ကို ႐ိုက္မိလိုက္တာၿပီးေတာ့ တစ္ပုံမွ ပစ္ရက္ေလာက္စရာမရွိေအာင္ကို သူ စိတ္တိုင္းက် ေက်နပ္ေနမိတယ္။ ဒါေပမယ့္ ဒီအေႀကာင္းကို ဖြင့္ေျပာမိလွ်င္ တျခားၿပိဳင္ပြဲဝင္ေတြ  မေက်မနပ္နွင့္ ေျပာဆုိလာနုိင္သျဖင့္ ထုတ္မေျပာဝ့ံေပ။

"လာ...လာ၊ ဆင္းခဲ့ေတာ့။ သတိထားဦးေနာ္ "

Jeffrey က စက္သမားကို ေျဖးေျဖး ျပန္ခ်ခိုင္းၿပီး Romeo ေျမျပင္ေပၚျပန္ေရာက္လာသည္ႏွင့္ အားေပးစကားဆုိလိုက္သည္။

"မင္း တကယ္ကို သန္မာျပီး အေကာင္းဆုံး လုပ္ႏိုင္ခဲ့တယ္ ေကာင္ေလး "

က်ိဳးယြင္ရွန႔္ ေခါင္းၿငိမ့္ျပၿပီး လွည့္ၾကည့္လိုက္ေတာ့ Emily၊ Hayden နွင့္ ဆံပင္အနီေရာင္နဲ႔ အမ်ိဳးသမီးက လြဲလို႕ က်န္ၿပိဳင္ပြဲဝင္အားလံုးက သူ႔ကို မနာလိုစြာစိုက္ၾကည့္ေနတာကိုေတြ႕ရသည္။

Emily  က  သူ႔ကို ရွိတယ္လို႔ေတာင္ သေဘာမထားေပမဲ့ Hayden က သူ႔ကို ၾကည့္ရမွာ ေၾကာက္ေနသည္။ ဆံပင္အနီနဲ႔ ပြင့္လင္းသည့္ စိတ္သေဘာထားရွိသည့္ အမ်ိဳးသမီးက Ivana Brewster ဆိုတာ က်ိုးယြင္ရွန္႕ မွတ္မိလုိက္သည္။ သူမ၏ အမည္က အရမ္းကို ခြန္အားရွိျပီး သူမက အရပ္  ၁၈၀ စင္တီမီတာရွည္ၿပီး အမ်ိဳးသမီးၿပိဳင္ပြဲဝင္မ်ားထဲတြင္ အရပ္ အရွည္ဆုံးျဖစ္တဲ့အျပင္ က်စ္လစ္လွပေသာ ခႏၶာကိုယ္ နွင့္ ထူးျခားျပီး ဆြဲေဆာင္မႈရွိသူျဖစ္သည္။

တျခားၿပိဳင္ပြဲဝင္မ်ားႏွင့္ မတူပဲ သူႏွင့္ Emily တို႔က Romeo ရဲ႕ အျပစ္ေျပာခဲ့တဲ့ စကားေတြကို အေရးမစိုက္သူမ်ားျဖစစ္သည္။  Emily ရဲ႕  စိတ္ထဲမွာ အဲ့လို ျပန္တုန္႕ျပန္ဖို႕ မတန္ဘူးလို႕ေတြးေနေပမယ့္  Ivana ကေတာ့ နဂိုဗီဇကိုက ႀကင္နာတတ္ျပီး သည္းခံတတ္သည္။ သူက Romeo ကို လူ႔ေလာကႀကီးအေၾကာင္း မသိေသးတဲ့ ကေလးလိုပဲ သေဘာထားတဲ့အတြက္ သူ ေျပာသမွ်ွကို ေဗြမယူခဲ့ေပ။ ဒီလိုမ်ိဳး ေတြးေပးနုိင္ေလာက္ေအာင္ Ivana  ရဲ႕စိတ္ထားက ျပည့္ဝခဲ့သည္။


သူမက က်ိဳးယြင္ရွန႔္ကို လက္မေထာင္ျပေတာ့ က်ိဳးယြင္ရွန႔္က ၿပဳံးျပၿပီး အခန္းေထာင့္ကိုသြားၿပီး ခပ္လွ်ိဳလွ်ိဳေလး ရပ္ေနလိုက္သည္။ ေနာက္ျပိဳင္ပြဲဝင္မ်ားက စပြန္ဆာ လိုခ်င္သည့္ပုံ ရေအာင္ မရိုက္ေပးနုိင္ႀကေပ။ ေနာက္ဆုံး Hayden အလွည့္သာ က်န္ေတာ့သည္။

Haydenက ေႀကာက္ရြံ႕မႈကို ခ်ိဳးနွိမ္ေအာင္ႀကိဳးစားျပီး မ်က္နွာကို တင္းထားေသာေႀကာင့္ သူ႕ပံုစံက တည္ႀကည္ျပီး အားကိုးခ်င္စဖြယ္ အမူယာေပါက္ေနသည္။


Jeffrey က Hayden ကို စင္ေပၚ တြန္းပို႔လိုက္ရင္း စပြန္ဆာကို ေျပာလိုက္တယ္။

"သူက ကြ်န္ေတာ္တို႕ရဲ႕ အႀကိဳက္ဆုံး ၿပိဳင္ပြဲဝင္တစ္ေယာက္ေလ။ သူ႔ရဲ႕ performanceေတြကို ကြ်န္ေတာ္တို႕  အၿမဲေက်နပ္တဲ့ သူေပါ့ "

ခ်က္ခ်င္းပဲ Jeffrey က  သူေျပာလိုက္တဲ့ စကားအတြက္ ခ်က္ခ်င္းေနာင္တရသြားခဲ့သည္။ Hayden သည္  ေလထဲကို ေရာက္သြားသည္နွင့္ ေႀကာက္လန္႕တႀကား ရုန္းကန္ေအာ္ဟစ္လို္က္ျပီး ပင့္ကူအိမ္တြင္မိကာ ေသခါနီးပိုးေကာင္ေလးလို တဆတ္ဆတ္တုန္ေနျပီး လက္ထဲမွ ဖုန္းကို ေအာက္ကို ပစ္ခ်လိုက္သည္အထိ အေျခေန ဆိုးဝါးခဲ့သည္။


"Oh, no no၊ ကြၽန္ေတာ့္ကို ျပန္ခ်ေပးပါ ။ ကြၽန္ေတာ္ မရေတာ့ဘူး ။ ကြၽန္ေတာ္ တကယ္ မလုပ္ႏိုင္ဘူး "

သူက အဆက္မျပတ္ေအာင္ဟန္ေနျပီး လက္ေတြက တုန္ယင္ ေနေသာေႀကာင့္ ဟန္ခ်က္မညီေတာ့ပဲ ျပဳတ္က်ကာ ေလထဲ တြဲေလာင္းျဖစ္ေနေတာ့သည္။ သူ႕ေျခေထာက္ေတြက ဟိုးစင္ျမင့္ ေဘာင္ထက္က လြတ္သြားတာကို သိေတာ့ ေႀကာက္လန္႕တႀကား စူးခနဲေအာင္ဟစ္လိုက္ျပီး ႀကံ႕ခိုင္ေတာင့္တင္းသည့္ ေကာင္ေလးတစ္ေယာက္က ကေလးငယ္ေလး တစ္ေယာက္လို စတင္ငိုေႀကြးေတာ့သည္။

Jeffrey က Haydenရဲ႕ အျပဳအမူေႀကာင့္ ေႀကာင္ႀကည့္ေနျပီး စပြန္ဆာလည္း ပါးစပ္ကို လက္္ႏွင့္ပိတ္ကာ ေျပာစရာစကားကင္းမဲ့သြားေအာင္ပင္ျဖစ္ေနသည္။

ကင္မရာသမားေတြက Haydenကို ဝိုင္းပတ္ျပီး သူရဲ႕ ကို႔ယို႔ကားယားပုံစံကို အမိအရ မွတ္တမ္းတင္ၾကေတာ့သည္။ သူတို႔တာဝန္က စိတ္ဝင္စားစရာေကာင္းသည့္ အကြက္တိုင္းကို  မွတ္တမ္းတင္ရမွာျဖစ္ၿပီး စိတ္ဝင္စားစရာေကာင္းေလ ပိုေကာင္းေလျဖစ္သည္။

"Hayden  မလႈပ္နဲ႔ ။ မေႀကာက္နဲ႕။ အသက္ကိုျပင္းျပင္းရႉ ၊ စိတ္ျငိမ္ၿငိမ္ထား ၊ ဘာမွ ေၾကာက္စရာမလိုဘူး ဟုတ္ၿပီလား။ အခု လုံၿခဳံေရးကိရိယာေတြက အဆင္သင့္ရွိတယ္။ မင္းမွာ ဘာအႏၲရာယ္မွ မရွိေတာ့ဘူး။ Hayden မင္း ငါတို႔ကို ယုံမွ ျဖစ္မယ္ ။ ၿပီးေတာ့ ဝန္ထမ္းေတြကို ယုံရမယ္ "

Jeffrey က  Hayden ကို စိတ္သက္သာရာရေအာင္ေျပာေပး ေပမယ့္လည္း Hayden ယိမ္းထိုးေနၿပီး အသက္ကယ္ႀကိဳးကို အဆက္မျပတ္ ေဝ့ယမ္းေနသျဖင့္ ဒီလိုလုပ္ေလ သူ ဟန္ခ်က္ကို ပို ထိန္းမရေလျဖစ္ျပီး ေလထဲမွာ ဝဲလွည့္ေနသည္။


Haydenရဲ႕ ေအာ္သံက မက်ယ္ေပမယ့္ မိန္းမတစ္ေယာက္ရဲ႕ ေအာ္သံလို ခပ္စူးစူးျဖစ္ေနသျဖင့္  စပြန္ဆာဟာ သူ႔ရဲ႕ နားစည္ႀကီးကိုေတာင္ ဆြဲထုတ္ပစ္ခ်င္ေနသည့္အထိ ရႈံ႕မဲ့ေနသျဖင့္ ဓာတ္ပုံဆရာလည္း အနားမွာ တိတ္ဆိတ္စြာ ရပ္ေနလိုက္သည္။

Jeffreyလည္း Haydenကို စိတ္ၿငိမ္ေအာင္လုပ္လို႔မရေသာအခါ စိတ္ပ်က္စြာႏွင့္ လက္ကို ေဝ့ယမ္းလိုက္ျပီး ေျပာလိုက္သည္။

"သူ႔ကို ခ်ေပးလိုက္ ၊ သူ စိတ္ၿငိမ္သြားေတာ့မွပဲ တစ္ခါ ထပ္ရိုက္ၾကတာေပါ့"

စက္သမားလည္း စက္ကိုထိန္းကာ Haydenကို ေျမေပၚ ျဖည္းျဖည္းခ်င္း ခ်ေပးလိုက္သည္။ ၿပိဳင္ပြဲဝင္အားလုံးက Hayden ဆီ ေျပးသြားၾကၿပီး သူ႔ကို ႏွစ္သိမ့္ေပးၾကသည္။  အမ္မလီက သူ႔ကို တင္းၾကပ္စြာဖက္ျပီး နွစ္သိမ့္လိုက္သည္။

"အိုေက...အိုေက... အခု ရွင္ အႏၲရာယ္မရွိေတာ့ဘူး။ သူတို႔ ရွင့္ကို ထပ္မတက္ခိုင္းေတာ့ပါဘူး "

Emily က Hayden အေပၚ ဘယ္ေလာက္ရွက္ၿပီး စိတ္ပ်က္သြားခဲ့လဲဆိုတာ ဘုရားသခင္သာ အသိဆံုးျဖစ္သည္။ သူမ စိတ္ဓါတ္ႀကံခိုင္တဲ့ ေယာက္်ား ႀကိဳက္ခဲ့ပါေသာ္လည္း ဒီလို နည္းနည္းျမင့္တဲ့ေနရာ ေရာက္႐ုံနဲ႔ မိန္းကေလးတစ္ေယာက္လို စီခနဲ ေအာ္ဟစ္တတ္တဲ့ မိန္းမလ်ာလို လူကို ခ်စ္သူေတာ္လုိက္ရသည္။ သူမ လွည့္စားခံလိုက္ရတယ္လို႕  ခံစားရေပမယ့္  ေဟဒန႔္မိသားစုရဲ႕ ေနာက္ခံေၾကာင့္ သည္းခံလိုက္သည္။

ဂ်က္ဖရီက သူမ စကားကို ဝင္ေျပာလိုက္သည္။

"မဟုတ္ဘူး။ သူ အေပၚကို ထပ္တက္ရလိမ့္မယ္ အခ်စ္ေလး။ သူ ဒီအဆင့္မွာ မ႐ိုက္ႏိုင္ဘူးဆိုရင္ ေနာက္တစ္ဆင့္ထပ္တက္ႏိုင္ဖို႔ မေသခ်ာေတာ့ဘူး "

ဒီစကားေၾကာင့္ တည္ၿငိမ္စျပဳေနသည့္ Hayden တစ္ေယာက္ တုန္လႈပ္ေျခာက္ျခားသြားျပန္သည္။ သူ႕မ်က္ႏွာက ျဖဴေဖ်ာ့ျပီး မ်က္သားေတြေတာင္ နီရဲလာကာ တကိုယ္လံုး ထိန္းမရေအာင္ တုန္ယင္လာခဲ့သည္။ ၿပိဳင္ပြဲဝင္အားလုံးက သူ႔ကို ခ်က္ခ်င္း ဝိုင္းနွစ္သိမ့္ေပးၾကေပမယ့္္ သူတို႔ရဲ႕ စိတ္ထဲက ဘာေတြးေနသလဲ ဆိုတာ ဘယ္သူမွ မသိနုိင္ႀကေပ။

ဒီအုပ္စုထဲ ဝင္မပါတာဆိုလို႔ က်ိဳးယြင္ရွန႔္ႏွင့္ Ivana တို႕ နွစ္ေယာက္တည္း သာ ရွိသည္။  က်ိဳးယြင္ရွန႔္က သူလႈပ္ရွားရမည့္အခ်ိန္ေကာင္းကို ေစာင့္ေနေပမယ့္ Ivana ကေတာ့ Haydenကို  လံုးလံုးမုန္းတီးသေဘာမက်ေသာေႀကာင့္ျဖစ္သည္္။

တျခားၿပိဳင္ပြဲဝင္ေတြက Romeo ဘယ္ေလာက္အက်င့္မေကာင္းျပီး ဆက္ဆံရခက္ခဲတယ္လို႕ ေျပာႀကေပမယ့္ သူမအျမင္မွာေတာ့ တကယ္ အက်င့္မေကာင္းဘဲ ဆက္ဆံရခက္ခဲသည့္သူက သူသည္ Hayden ပဲျဖစသည္။ Hayden က ဟန္ေဆာင္ဖံုးကြယ္ရာမွာ ေတာ္ျပီး သူေဌးသားဆိုသည့္ အရွိအဝါေႀကာင့္ လူေတြက မျမင္ႀကျခင္းျဖစ္သည္။


ႏွစ္သိမ့္ခံရေလေလ၊ Hayden၏ ေၾကာက္႐ြံ႕မႈက ပိုမ်ားလာေလျဖစ္ျပီး ေနာက္ဆံုးသူက  Jeffrey ကို ေလေပၚတက္ျပီး ဓါတ္ပံု မရိုက္နုိင္ေတာ့ေႀကာင့္ ထပ္တလဲလဲေျပာကာ ေျမျပင္ေပၚမွာပဲ ရိုက္ဖို႕ အႀကံျပဳေတာ့သည္။ ဒါက တျခား ၿပိဳင္ပြဲဝင္ေတြအတြက္ လုံးဝမတရားသလိုျဖစ္လို႕ Jeffrey  ျငင္းဆိုလိုက္သည္။ ဒါေႀကာင့္ အေျခအေနေတြက မတိုးသာ မဆုတ္သာ အေနထားမွာ တစ္ေနေတာ့သည္။

အဲ့ဒီအခ်ိန္မွာ Romeo သည္ လက္ခုပ္တီး ေလွာင္ရယ္ကာ ေရွ႕တိုးလာၿပီး ေလွာင္ေျပာင္ေတာ့သည္။

"ဘယ္သူက နုိ႕စို႕ကေလးေလးလို ငိုယုိေနတာလဲဆုိတာ ၿကည့္ႀကပါဦး။ ငါတုိ႕ရဲ႕ ႀကံ႕ခုိင္လွပါတယ္ဆိုတဲ့  Hayden ျဖစ္ေနတာကိုး။ ဟား...ဟား ...  တကယ့္ကို ေယာက်္ားပီသပါတယ္ဆိုတဲ့ Haydenက ကေလး ေသးခံေလး ဝတ္ျပီး ခ်ိဳလိမ္စုပ္ေနရတဲ့ နုိ႕စို႕ကေလးေလးျဖစ္ေနတာကိုး။  "

Emily  က Romeo ရဲ႕ ေလွာင္ေျပာင္စကားေတြကို ေဒါသတႀကီး ျပန္မတုံ႔ျပန္ႏိုင္ေသးခင္ Romeo က ဆက္ေျပာလိုက္သည္။

"Hayden က သူ႔မာမီရင္ခြင္ထဲမွာ ေသးခံလဲေပးဖို႕ ငိုယုိေနတဲ့ ကေလးေပါက္စေလးလိုပါပဲလား။ ဒါက သူ႔အက်င့္ပဲေလ မထူးဆန္းပါဘူး။ "

" Romeo...နင္....! "

Emily  က ေဒါသတႀကီးႏွင့္ လွမ္းေဟာက္သည္။

"Romeo....မင္း အရမ္းလြန္ေနၿပီ ! မင္းမွာ ကိုယ္ခ်င္းစာစိတ္မရွိဘူးလား "

တျခားလူမ်ားကပါ ဝင္ေရာက္ ရႈံ႕ခ်ေတာ့သည္။

Hayden က  သူ ေၾကာက္လန္႕ေနခဲ့သည္ ေမ့ေလ်ာ့သြားကာ လက္သီးဆုပ္ျဖင့္ ေကာင္ေလးကို ထိုးရန္ တဟုန္ထိုးေျပးထြက္လာေပမယ့္ Jeffrey က ထိိန္းထားျပီး ေျပာလိုက္သည္။
 

" Hayden စိတ္ေအးေအးထားစမ္း! ဒီအစီအစဥ္မွာ ကိုယ္ထိလက္ေရာက္ရန္ျဖစ္ထိုးႀကိတ္တာေတြ တားျမစ္ထားတယ္ဆိုတာ သိတယ္မလား ? ရန္ျဖစ္တဲ့သူက ၿပိဳင္ပြဲကေန ထုတ္ခံရမွာ။ ဒါေၾကာင့္ စိတ္ေလ်ာ့လိုက္" 


သို႔ေသာ္ က်ိဳးယြင္ရွန႔္က သူ႔ေဒါသကို ဆက္ဆြေပးေနေသာေၾကာင့္ Hayden က အတင္းရုန္းကန္ကာ ေဒါသႀကီးေနခဲ့သည္။

"Hayden ေဘဘီေလး... မင္းက မင္းအေမရင္ခြင္ထဲ ငိုယုိလိုက္၊ သူမ်ားကို
ဒုကၡေပးတာအျပင္ ဘာလုပ္တတ္ေသးလို႕လဲ။ မင္းမွာ အစြမ္းအစ ရွိတယ္ဆိုရင္ အခုခ်က္ခ်င္း အေပၚကိုတက္ျပီး ျပလိုက္ေလ။ ဘာ.... မင္းက ေယာက်ားမဟုတ္ဘူး ဟုတ္လား။ ဒါဆို အထုပ္ပိုးျပင္ျပီး မင္း ေမေမ့အိ္မ္ကို အျမန္ဆံုး လစ္လိုက္ေတာ့။ မဟုတ္လို႕ ေလထဲ ေႀကာက္ေသးေပါက္ခ်လို႕ ငါတို႕ နံေစာ္ကုန္လိမ့္္မယ္။ မင္းသာ အိမ္ျပန္သြားမယ္ဆိုရင္ ငါအရမ္းေပ်ာ္မိမွာပဲ "

ဒီလို ရန္စ စကားကို ေျပာၿပီးသည္ႏွင့္ က်ိဳးယြင္ရွန႔္လက္ကိုေျမႇာက္၊ တင္ကိုလႈပ္ကာ မခံခ်င္ေအာင္ ကျပေနလိုက္သည္။

ဒီေန႔လုပ္ရပ္ကို ျပသလိုက္ၿပီဆိုတာနဲ႔ Romeoရဲ႕ သတင္းေတြက ရစရာမရွိေအာင္ စုတ္ျပတ္သြားမွာေသခ်ာသည္။ သူ႕မွာ ျပိဳင္ဖက္အေပၚ ႀကင္နာစိတ္လံုးဝမရွိဘူးဆိုျပီး ပရိတ္သတ္ရဲ႕ အမုန္းကို ခံရမွာ အေသခ်ာပင္။

ကင္မရာသမားကေတာ့ အစီအစဥ္အတြက္ စိတ္ဝင္စားစရာ ဇာတ္လမ္းေတြ ရဖို႔ကလြဲရင္ Romeo ဘာျဖစ္ျဖစ္ ဂ႐ုစိုက္မွာ မဟုတ္ေပ။ ဒီအစီစဥ္ကို အားေပးတဲ့ ပရိတ္သတ္ေတြ တိုးလာဖို႔၊ ႀကည့္ရႈနႈန္းမ်ားလာဖို႕အတြက္ပဲ သူတုိ႕က ျဖစ္တဲ့ျပသနာကို အေကာင္းဆံုးဖံုးကြယ္ထားမွာျဖစ္သည္။

Hayden  ႐ုတ္တရက္ ျငိမ္သြားျပီး  Jeffrey ကို ေျပာလိုက္သည္။

"ကြၽန္ေတာ့္ကို အေပၚျပန္တင္ေပးပါ ။ ကြၽန္ေတာ္ ဒါကို ဆက္႐ိုက္မယ္ "

"ဒါ အေကာင္းဆံုးပဲ အခ်စ္ေလး။ မင္းအတြက္ ကိုယ္တကယ္ ဂုဏ္ယူတယ္။ "

Jeffrey က  သူ႔ကို ဝမ္းသာစြာ ဖက္ၿပီး အေပၚျပန္တက္ေစခဲ့သည္။

ေဒါသေတြ ၊ အမုန္းေတြေၾကာင့္Hayden ရဲ႕ လုပ္ေဆာင္ခ်က္မ်ားက အေတာ္ေကာင္းခဲ့သည္။ သူရဲ႕မ်က္ႏွာက နည္းနည္းျဖဴေလ်ာ္ေနေပမဲ့ သူက ဟန္ခ်က္ထိန္းၿပီး ႐ိုက္ရမည့္ေနရာသို႔ ဝင္သြားနိုင္ခဲ့သည္။
ဓာတ္ပုံဆရာသည္လည္း ဆြဲေဆာင္မႈရွိေသာ ပုံတို႔ကို ႐ိုက္ခဲ့ၿပီးHayden ၏  စိတ္အားထက္သန္မႈကို အေတာ္ပင္ ခ်ီးက်ဴးသည့္ဟန္ ေပၚေနသည္။

ထို႔အျပင္ စပြန္ဆာ ကိုယ္တုိင္လည္း စိတ္ေက်နပ္သည့္ အမူအရာမ်ားရွိေနသည္။

အားလုံးလည္း Hayden ကို ေမာ့ၾကည့္ေနၾကၿပီး သူရဲ႕ လႈပ္ရွားမႈေတြတိုင္းအတြက္ အားေပးေနၾကသည္။ သူတို႔အကုန္လုံးက Romeo ကို ေမ့ေပ်ာက္သြားၾကေပမဲ့လို႔ ကင္မရာသမားကေတာ့ မေမ့ႀကေပ။ ။ သူတို႔က Romeo ရဲ႕ အံ့အားသင့္မႈေတြ ၊ စိတ္ပ်က္မႈေတြနဲ႔ မနာလိုမႈေတြကို အမိအရ ႐ိုက္ခ်င္ၾကသည္။

ဒါေပမယ့္  သူတို႔္ လူအုပ္ႀကီးကို ေက်ာ္ျပီး Romeo ဆီကို ကင္မရာလွမ္းခ်ိန္လိုက္ခ်ိန္မွာေတာ့ Romeo ရဲ႕မ်က္လုံးမ်ားထဲမွာ ေပ်ာ္႐ႊင္ၾကည္ႏူးမႈေတြ ၊ စိတ္အားထက္သန္မႈေတြအျပည့္ေနသည့္ အျပံုးကို ေတြ႕လိုက္ရသည္။

သူ႔ဆီ ကင္မရာခ်ိန္ထားတာေတြ႕လိုက္ရသည့္အခ်ိန္တြင္ Romeo ေတာင့္ခနဲျဖစ္သြားၿပီး  နူတ္မွ မသဲမကြဲ အသံျပဳကာ လွည့္ထြက္သြားေတာ့သည္။

'သူ ဘာျဖစ္သြားတာလဲ ? ဒါဆို ဘာလို႔မ်ား ဒီလိုေတြ ဆိုးဆိုးဝါးဝါး ေျပာခဲ့တာပါလိမ့္ ? '

ကင္မရာသမားမ်ားက တစ္ေယာက္ကို တစ္ေယာက္ နားမလည္သလို ႀကည့္လိုက္မိႀကသည္။


Ivana က  သူမ ေမးေစ့ကိုပြတ္ကာ စဥ္းစားေနသည္။ Romeo ေျပာဆိုပံုေတြက ပုံက Hayden ကို မုန္းေနတဲ့ ပုံလည္း မတူဘူး ဆိုေတာ့ ဒီေကာင္ေလးရင္ထဲမွာ သိုဝွက္ထားတာ အမ်ားႀကီး ရွိသည္ကိုဆိုတာကို ရိပ္မိသြားသည္။

==========================


Chapter (3) ဘေဘီလေး Hayden (zawgyi+Unicode)



ကျိုးယွင်ရှန့် က အခန်းထောင့်မှာ ငြိမ်ငြိမ်လေး ရပ်နေတာကြောင့် Mobile company မှ စပွန်ဆာပေးသူက ပထမသူ့ကို သတိမထားမိပေမယ့် သူ
လူအုပ်ကြားမှ ဖြတ်လျှောက်လာတာကို မြင်လိုက်တာနဲ့ တပြိုင်နက် စပွန်ဆာရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့သည်။

သူတို့ ထုတ်ထားတဲ့ လက်ရှိဖုန်းအမျိုးအစားမှာ အရောင်ငါးရောင်ရှိပြီး အဲ့ဒီထဲကတစ်ခုက လုံးဝသန့်စင်တဲ့အဖြူရောင်ကိုယ်ထည်နဲ့ မဲနက်တောက်ပတဲ့ မျက်နှာပြင်နဲ့ ပြုလုပ်ထားတာကြောင့် ရှင်းသန့် စမတ်ကျပြီး အဆင့်တန်းမြင့်သည့် ပုံစံရှိပြီး ကျိုးယွင်ရှန့်ရဲ့ ဝတ်စားပုံနဲ့ ဒီဖုန်းက အရမ်းကို လိုက်ဖက်လို့နေသည်။

Jeffrey က ကျိုးယွင်ရှန့်ကို အနက်ရောင်ဖုန်း ပေးမယ်လုပ်ပေမယ့် လို့ စပွန်ဆာက  အဖြူရောင်ဖုန်းပေးစေလိုက်သည်။ Jeffrey က ပုခုံးတွန့်လိုက်ပေမယ့် ဘာမှမပြောပဲ ဖုန်းအဖြူရောင်ကိုပေးလိုက်ပြီး စိတ်ထဲမှ တီးတိုးပြောလိုက်သည်။

'ကောင်းပြီလေ ၊ နောက်မှ ဒီကောင်လေးအပေါ် စိတ်ပျက်မသွားကြနဲ့ ။ ဒီကောင်လေးက ကင်မရာရှေ့ရောက်တာနဲ့ တောင့်တောင့်ကြီးဖြစ်ပြီး ခပ်ကြောင်ကြောင်ပုံစံဖြစ်နေတတ်ပြီး သူရဲ့သန့်စင်လှပလွန်းတဲ့ ရုပ်ရည်လေးကတောင် ဘယ်လိုမှ မဖုံးကွယ်နိုင်ဘူး။'

Romeo ကို ကြိုးနဲ့ဆွဲပြီး ဟိုးအမြင့်က ဘောင်တွေပေါ်ကို ဖြည်းညင်းစွာတင်လိုက်သည်။  Jeffrey က တောက်လျှောက် သူ့ကို အားပေးနေသည်။

"မလှုပ်နဲ့နော် ၊ မလှုပ်လိုက်နဲ့ ... မင်းရဲ့ကိုယ်ကို ဟန်ချက်ညီအောင် ထိန်းထားလိုက်။ မင်း လုပ်နိုင်မှာပါ ဘေဘီ။ ငါ မင်းကို ယုံတယ်။ "
ဂျက်ဖရီက တောက်လျှောက် သူ့ကို စိတ်ငြိမ်အောင် ချော့ပေးနေတယ်

ကျိုးယွင်ရှန့် ခေါင်းငြိမ့်ပြလိုက်ပြီး အပေါ်ကို ဆွဲတင်နေတဲ့ ကြိုးက ရပ်သွားတဲ့ အချိန်မှာ သူ့လက်တွေ ခြေတွေကို လှုပ်ရှားဖို့ ပြင်လိုက်သည်။
သူက နံရံဟောင်းတွေ ၊ သံချေးတက်နေတဲ့ သတ္တုဘောင်တန်းတွေ ဝန်းရံထားတဲ့ လေဟာနယ်ထဲ ရောက်နေတာ မဟုတ်သလို သူ့ရဲ့ ရှည်လျားသွယ်လျတဲ့ ခြေတံကို ဆန့်ထုတ်လိုက်ပြီး ခမ်းနားစွာတန်ဆာထင်ထားတဲ့ အခန်းထဲက ဇိမ်ကျနူးညံ့တဲ့ ဆိုဖာအပေါ်မှာ ထိုင်နေသလိုထင်ရသည်။


သူရဲ့ပုံစံက ဖုန်းကို ပေါ့ပေါ့ပါးပါး ကိုင်ထားပြီး  သူလုပ်တဲ့ ပါတီပွဲအတွက် ဘယ်သူ့ကို ဖိတ်မလဲဆိုပြီး   ဆိုဖာပေါ် ထိုင်စဉ်းစားနေသည့် ပုံမျိုးပေါက်နေသည်။

"Oh my God  သူ ဒီလိုပိုစ့်မျိုး ဘယ်လိုလုပ်လိုက်တာပါလိမ့် ? သူက လေထဲမှာ ကိုယ်ဟန်ကို တကယ်ထိန်းထားနိုင်တာပဲ။ သူ့နောက်မှာ တကယ်ပဲ ခုံတစ်လုံး ရှိနေတာလား? ရှိခဲ့မယ်ဆိုရင်လည်း အဲ့ဒီခုံက သိပ်ကို ခန်းနားထည်ဝါတဲ့ ထိုင်ခုံပဲ ဖြစ်ရမယ် "

စပွန်ဆာက ဒီ ဆယ်ကျော်သက် ကောင်လေးရဲ့ ပြုလိုက်လိုက်တဲ့ ကိုယ်အနေထားကို ကြည့်ပြီး အရမ်းကို အံ့အားသင့်သွားခဲ့သည်။ သူတို့ မြင်နေရတာက တကယ်လား၊ စိတ်ကူးပုံရိပ်လားဆိုတာတောင် မခွဲနိုင်အောင်ကို ခံစားလိုက်ရသည်။

ကျိုးယွင်ရှန့် လက်နှစ်ဖက်လုံးဖြင့် ဖုန်းကို ဟိုရွှေ့ ဒီရွှေ့ကစားနေပြီးနောက် ဖုန်းကိုင်ထားသော လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး နောက်လက်တစ်ဖက်က နဖူးပေါ်တင်လိုက်သည်။ ပြီးမှ သူက မျက်ခုံးတစ်ဖက်ကို မြင့်လိုက်ပြီး အမူအရာတစ်ခုလုပ်လိုက်သည်။  ဒီအမူယာက - ငါ ဘာလို့ သူတို့ကို အရင်စဆက်ရမှာလဲ ? ငါ့ကို အရင်စဆက်တဲ့သူက ကံထူးမှာပဲ။ ဘယ်သူကံထူးမလဲဆိုတာ ငါ စောင့်ကြည့်ရုံပေါ့ ဆိုသည့် ပုံပေါ်နေသည်ကို ကြည့်နေသည့် လူတိုင်း နားလည်လိုက်သည်။


သူ လေထဲမှာ ရောက်နေပြီး ကင်မရာတွေနှင့် အချိန်ခံထားရတာတောင် သူ့ရဲ အမူအရာတွေက တောင့်တင်းနေခြင်းမရှိပဲ သဘာဝကျကျ ရှိနေသည်။  သူက ဖုန်းကို ဓာတ်ပုံထဲမှာ ပါ်လွင်နေမည့် အနေထားဖြင့် ကိုင်ထားပြီး သူရဲ့ လှုပ်ရှားနေသည့်  အပြုအမူ လေးများက အရမ်းကိုလိုက်ဖက်ကာ လိုချင်သည့်အတိုင်း ကွက်တိကျနေခဲ့တယ်။

"အရမ်းကောင်းတယ်။ သူ့ကို ကျွန်တော် အရမ်းသဘောကျတယ်။ သူ လုပ်သွားတာတွေက ကျွန်တော်လိုချင်တဲ့စိတ်ကူးအတိုင်း ကွက်တိပဲ။"

စပွန်ဆာက စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ချီးမွမ်းနေတော့သည်။

ဓာတ်ပုံဆရာလည်းကျိုးယွင်ရှန့်  ကိုယ်ဟန်အနေထားပြောင်းလိုက်တိုင်း မရပ်မနားကို ရိုက်နေလို့ ကင်မရာမီးက မျက်စိကြိမ်းလောက်အောင် တဖြတ်ဖြတ်နဲ့ တောက်လျှောက်လင်းနေသည်။

လက်ကလေးလှုပ်လိုက်တဲ့ပုံ၊ မျက်နှာလေး လှည့်လိုက်တဲ့ပုံ၊ မျက်ခုံးလေး ပင့်လိုက်တဲ့ပုံ၊ မျက်လုံးလေးက ခပ်စိုက်စိုက်ကြည့်နေတဲ့ပုံ စသဖြင့် ဘယ်လို လှုပ်ရှားမှုလေးမဆို အားလုံး သေသပ်လှပပြီး အကောင်းဆုံး အနေထားဖြစ်နေတော့သည်။

ကျိုးယွင်ရှန့် လက်ခတွေကို နေရာပြောင်းပြီး ကိုယ်ဟန် အနေထားပြောင်းမလို့လုပ်ပေမယ့် Jeffrey က သူ့ကိုလှမ်းတားလိုက်သည်။

"အရမ်းကောင်းတယ် Romeo ၊  အခု အောက်ကို ဆင်းလို့ရပြီ "

"ဒါပေမယ့် ကျွန်တော် အပေါ်ရောက်တာ သုံးမိနစ်ပဲရှိသေးတယ် "

ကျိုးယွင်ရှန့်ရဲ့ ဖုန်းကိုင်ထားပြီး လှမ်းပေးလိုက်တဲ့ပုံလေးက သိပ်ကို အပြစ်ကင်းစင်ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေပုံပေါ်သည်။ Jeffrey ဘာမှမပြောရသေးခင် စပွန်ဆာက လက်ပြပြီး လှမ်းပြောလိုက်သည်။

"ဆင်းလာတော့ ကလေးလေး ၊ ကိုယ်တို့ လိုချင်တဲ့ ပုံအားလုံးရလိုက်ပြီ။ မင်းက တကယ့်ကို အံ့သြစရာကောင်းအောင် တော်တယ်။ "

ဓာတ်ပုံဆရာကလည်း ရှက်ရှက်နှင့် နှာခေါင်းကို ပွတ်လိုက်ပြီး ပြောလိုကသ်ည်။

" အစ်ကို မင်းရဲ့ကိုယ်ဟန်အနေထားအားလုံးအတွက် ပုံ 30 လုံးကို ရိုက်လိုက်မိပြီ ချာတိတ်လေး။ ဒါကြောင့် ထပ်ရိုက်လို့မရတော့ဘူး။ မင်းက ကင်မရာနဲ့ ဖက်မွေးလာတဲ့ အတိုင်း တကယ့်ကို အပိုလိုမရှိ ကွက်တိကျလွန်းတယ်ကွာ။ မင်းအတွက် ပြသနာရှိမှာ မဟုတ်ပါဘူး။"

အမှန်တိုင်းပြောရရင် ဒီသုံးမိနစ်အတွင်းမှာ သူ ပုံတစ်ရာကျော်လောက်ကို ရိုက်မိလိုက်တာပြီးတော့ တစ်ပုံမှ ပစ်ရက်လောက်စရာမရှိအောင်ကို သူ စိတ်တိုင်းကျ ကျေနပ်နေမိတယ်။ ဒါပေမယ့် ဒီအကြောင်းကို ဖွင့်ပြောမိလျှင် တခြားပြိုင်ပွဲဝင်တွေ  မကျေမနပ်နှင့် ပြောဆိုလာနိုင်သဖြင့် ထုတ်မပြောဝံ့ပေ။

"လာ...လာ၊ ဆင်းခဲ့တော့။ သတိထားဦးနော် "

Jeffrey က စက်သမားကို ဖြေးဖြေး ပြန်ချခိုင်းပြီး Romeo မြေပြင်ပေါ်ပြန်ရောက်လာသည်နှင့် အားပေးစကားဆိုလိုက်သည်။

"မင်း တကယ်ကို သန်မာပြီး အကောင်းဆုံး လုပ်နိုင်ခဲ့တယ် ကောင်လေး "

ကျိုးယွင်ရှန့် ခေါင်းငြိမ့်ပြပြီး လှည့်ကြည့်လိုက်တော့ Emily၊ Hayden နှင့် ဆံပင်အနီရောင်နဲ့ အမျိုးသမီးက လွဲလို့ ကျန်ပြိုင်ပွဲဝင်အားလုံးက သူ့ကို မနာလိုစွာစိုက်ကြည့်နေတာကိုတွေ့ရသည်။

Emily  က  သူ့ကို ရှိတယ်လို့တောင် သဘောမထားပေမဲ့ Hayden က သူ့ကို ကြည့်ရမှာ ကြောက်နေသည်။ ဆံပင်အနီနဲ့ ပွင့်လင်းသည့် စိတ်သဘောထားရှိသည့် အမျိုးသမီးက Ivana Brewster ဆိုတာ ကျိုးယွင်ရှန့် မှတ်မိလိုက်သည်။ သူမ၏ အမည်က အရမ်းကို ခွန်အားရှိပြီး သူမက အရပ်  ၁၈၀ စင်တီမီတာရှည်ပြီး အမျိုးသမီးပြိုင်ပွဲဝင်များထဲတွင် အရပ် အရှည်ဆုံးဖြစ်တဲ့အပြင် ကျစ်လစ်လှပသော ခန္ဓာကိုယ် နှင့် ထူးခြားပြီး ဆွဲဆောင်မှုရှိသူဖြစ်သည်။

တခြားပြိုင်ပွဲဝင်များနှင့် မတူပဲ သူနှင့် Emily တို့က Romeo ရဲ့ အပြစ်ပြောခဲ့တဲ့ စကားတွေကို အရေးမစိုက်သူများဖြစစ်သည်။  Emily ရဲ့  စိတ်ထဲမှာ အဲ့လို ပြန်တုန့်ပြန်ဖို့ မတန်ဘူးလို့တွေးနေပေမယ့်  Ivana ကတော့ နဂိုဗီဇကိုက ကြင်နာတတ်ပြီး သည်းခံတတ်သည်။ သူက Romeo ကို လူ့လောကကြီးအကြောင်း မသိသေးတဲ့ ကလေးလိုပဲ သဘောထားတဲ့အတွက် သူ ပြောသမျှှကို ဗွေမယူခဲ့ပေ။ ဒီလိုမျိုး တွေးပေးနိုင်လောက်အောင် Ivana  ရဲ့စိတ်ထားက ပြည့်ဝခဲ့သည်။


သူမက ကျိုးယွင်ရှန့်ကို လက်မထောင်ပြတော့ ကျိုးယွင်ရှန့်က ပြုံးပြပြီး အခန်းထောင့်ကိုသွားပြီး ခပ်လျှိုလျှိုလေး ရပ်နေလိုက်သည်။ နောက်ပြိုင်ပွဲဝင်များက စပွန်ဆာ လိုချင်သည့်ပုံ ရအောင် မရိုက်ပေးနိုင်ကြပေ။ နောက်ဆုံး Hayden အလှည့်သာ ကျန်တော့သည်။

Haydenက ကြောက်ရွံ့မှုကို ချိုးနှိမ်အောင်ကြိုးစားပြီး မျက်နှာကို တင်းထားသောကြောင့် သူ့ပုံစံက တည်ကြည်ပြီး အားကိုးချင်စဖွယ် အမူယာပေါက်နေသည်။


Jeffrey က Hayden ကို စင်ပေါ် တွန်းပို့လိုက်ရင်း စပွန်ဆာကို ပြောလိုက်တယ်။

"သူက ကျွန်တော်တို့ရဲ့ အကြိုက်ဆုံး ပြိုင်ပွဲဝင်တစ်ယောက်လေ။ သူ့ရဲ့ performanceတွေကို ကျွန်တော်တို့  အမြဲကျေနပ်တဲ့ သူပေါ့ "

ချက်ချင်းပဲ Jeffrey က  သူပြောလိုက်တဲ့ စကားအတွက် ချက်ချင်းနောင်တရသွားခဲ့သည်။ Hayden သည်  လေထဲကို ရောက်သွားသည်နှင့် ကြောက်လန့်တကြား ရုန်းကန်အော်ဟစ်လိုက်ပြီး ပင့်ကူအိမ်တွင်မိကာ သေခါနီးပိုးကောင်လေးလို တဆတ်ဆတ်တုန်နေပြီး လက်ထဲမှ ဖုန်းကို အောက်ကို ပစ်ချလိုက်သည်အထိ အခြေနေ ဆိုးဝါးခဲ့သည်။


"Oh, no no၊ ကျွန်တော့်ကို ပြန်ချပေးပါ ။ ကျွန်တော် မရတော့ဘူး ။ ကျွန်တော် တကယ် မလုပ်နိုင်ဘူး "

သူက အဆက်မပြတ်အောင်ဟန်နေပြီး လက်တွေက တုန်ယင် နေသောကြောင့် ဟန်ချက်မညီတော့ပဲ ပြုတ်ကျကာ လေထဲ တွဲလောင်းဖြစ်နေတော့သည်။ သူ့ခြေထောက်တွေက ဟိုးစင်မြင့် ဘောင်ထက်က လွတ်သွားတာကို သိတော့ ကြောက်လန့်တကြား စူးခနဲအောင်ဟစ်လိုက်ပြီး ကြံ့ခိုင်တောင့်တင်းသည့် ကောင်လေးတစ်ယောက်က ကလေးငယ်လေး တစ်ယောက်လို စတင်ငိုကြွေးတော့သည်။

Jeffrey က Haydenရဲ့ အပြုအမူကြောင့် ကြောင်ကြည့်နေပြီး စပွန်ဆာလည်း ပါးစပ်ကို လက်နှင့်ပိတ်ကာ ပြောစရာစကားကင်းမဲ့သွားအောင်ပင်ဖြစ်နေသည်။

ကင်မရာသမားတွေက Haydenကို ဝိုင်းပတ်ပြီး သူရဲ့ ကို့ယို့ကားယားပုံစံကို အမိအရ မှတ်တမ်းတင်ကြတော့သည်။ သူတို့တာဝန်က စိတ်ဝင်စားစရာကောင်းသည့် အကွက်တိုင်းကို  မှတ်တမ်းတင်ရမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းလေ ပိုကောင်းလေဖြစ်သည်။

"Hayden  မလှုပ်နဲ့ ။ မကြောက်နဲ့။ အသက်ကိုပြင်းပြင်းရှူ ၊ စိတ်ငြိမ်ငြိမ်ထား ၊ ဘာမှ ကြောက်စရာမလိုဘူး ဟုတ်ပြီလား။ အခု လုံခြုံရေးကိရိယာတွေက အဆင်သင့်ရှိတယ်။ မင်းမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး။ Hayden မင်း ငါတို့ကို ယုံမှ ဖြစ်မယ် ။ ပြီးတော့ ဝန်ထမ်းတွေကို ယုံရမယ် "

Jeffrey က  Hayden ကို စိတ်သက်သာရာရအောင်ပြောပေး ပေမယ့်လည်း Hayden ယိမ်းထိုးနေပြီး အသက်ကယ်ကြိုးကို အဆက်မပြတ် ဝေ့ယမ်းနေသဖြင့် ဒီလိုလုပ်လေ သူ ဟန်ချက်ကို ပို ထိန်းမရလေဖြစ်ပြီး လေထဲမှာ ဝဲလှည့်နေသည်။


Haydenရဲ့ အော်သံက မကျယ်ပေမယ့် မိန်းမတစ်ယောက်ရဲ့ အော်သံလို ခပ်စူးစူးဖြစ်နေသဖြင့်  စပွန်ဆာဟာ သူ့ရဲ့ နားစည်ကြီးကိုတောင် ဆွဲထုတ်ပစ်ချင်နေသည့်အထိ ရှုံ့မဲ့နေသဖြင့် ဓာတ်ပုံဆရာလည်း အနားမှာ တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

Jeffreyလည်း Haydenကို စိတ်ငြိမ်အောင်လုပ်လို့မရသောအခါ စိတ်ပျက်စွာနှင့် လက်ကို ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

"သူ့ကို ချပေးလိုက် ၊ သူ စိတ်ငြိမ်သွားတော့မှပဲ တစ်ခါ ထပ်ရိုက်ကြတာပေါ့"

စက်သမားလည်း စက်ကိုထိန်းကာ Haydenကို မြေပေါ် ဖြည်းဖြည်းချင်း ချပေးလိုက်သည်။ ပြိုင်ပွဲဝင်အားလုံးက Hayden ဆီ ပြေးသွားကြပြီး သူ့ကို နှစ်သိမ့်ပေးကြသည်။  အမ်မလီက သူ့ကို တင်းကြပ်စွာဖက်ပြီး နှစ်သိမ့်လိုက်သည်။

"အိုကေ...အိုကေ... အခု ရှင် အန္တရာယ်မရှိတော့ဘူး။ သူတို့ ရှင့်ကို ထပ်မတက်ခိုင်းတော့ပါဘူး "

Emily က Hayden အပေါ် ဘယ်လောက်ရှက်ပြီး စိတ်ပျက်သွားခဲ့လဲဆိုတာ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ သူမ စိတ်ဓါတ်ကြံခိုင်တဲ့ ယောက်ျား ကြိုက်ခဲ့ပါသော်လည်း ဒီလို နည်းနည်းမြင့်တဲ့နေရာ ရောက်ရုံနဲ့ မိန်းကလေးတစ်ယောက်လို စီခနဲ အော်ဟစ်တတ်တဲ့ မိန်းမလျာလို လူကို ချစ်သူတော်လိုက်ရသည်။ သူမ လှည့်စားခံလိုက်ရတယ်လို့  ခံစားရပေမယ့်  ဟေဒန့်မိသားစုရဲ့ နောက်ခံကြောင့် သည်းခံလိုက်သည်။

ဂျက်ဖရီက သူမ စကားကို ဝင်ပြောလိုက်သည်။

"မဟုတ်ဘူး။ သူ အပေါ်ကို ထပ်တက်ရလိမ့်မယ် အချစ်လေး။ သူ ဒီအဆင့်မှာ မရိုက်နိုင်ဘူးဆိုရင် နောက်တစ်ဆင့်ထပ်တက်နိုင်ဖို့ မသေချာတော့ဘူး "

ဒီစကားကြောင့် တည်ငြိမ်စပြုနေသည့် Hayden တစ်ယောက် တုန်လှုပ်ခြောက်ခြားသွားပြန်သည်။ သူ့မျက်နှာက ဖြူဖျော့ပြီး မျက်သားတွေတောင် နီရဲလာကာ တကိုယ်လုံး ထိန်းမရအောင် တုန်ယင်လာခဲ့သည်။ ပြိုင်ပွဲဝင်အားလုံးက သူ့ကို ချက်ချင်း ဝိုင်းနှစ်သိမ့်ပေးကြပေမယ့် သူတို့ရဲ့ စိတ်ထဲက ဘာတွေးနေသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ကြပေ။

ဒီအုပ်စုထဲ ဝင်မပါတာဆိုလို့ ကျိုးယွင်ရှန့်နှင့် Ivana တို့ နှစ်ယောက်တည်း သာ ရှိသည်။  ကျိုးယွင်ရှန့်က သူလှုပ်ရှားရမည့်အချိန်ကောင်းကို စောင့်နေပေမယ့် Ivana ကတော့ Haydenကို  လုံးလုံးမုန်းတီးသဘောမကျသောကြောင့်ဖြစ်သည်။

တခြားပြိုင်ပွဲဝင်တွေက Romeo ဘယ်လောက်အကျင့်မကောင်းပြီး ဆက်ဆံရခက်ခဲတယ်လို့ ပြောကြပေမယ့် သူမအမြင်မှာတော့ တကယ် အကျင့်မကောင်းဘဲ ဆက်ဆံရခက်ခဲသည့်သူက သူသည် Hayden ပဲဖြစသည်။ Hayden က ဟန်ဆောင်ဖုံးကွယ်ရာမှာ တော်ပြီး သူဌေးသားဆိုသည့် အရှိအဝါကြောင့် လူတွေက မမြင်ကြခြင်းဖြစ်သည်။


နှစ်သိမ့်ခံရလေလေ၊ Hayden၏ ကြောက်ရွံ့မှုက ပိုများလာလေဖြစ်ပြီး နောက်ဆုံးသူက  Jeffrey ကို လေပေါ်တက်ပြီး ဓါတ်ပုံ မရိုက်နိုင်တော့ကြောင့် ထပ်တလဲလဲပြောကာ မြေပြင်ပေါ်မှာပဲ ရိုက်ဖို့ အကြံပြုတော့သည်။ ဒါက တခြား ပြိုင်ပွဲဝင်တွေအတွက် လုံးဝမတရားသလိုဖြစ်လို့ Jeffrey  ငြင်းဆိုလိုက်သည်။ ဒါကြောင့် အခြေအနေတွေက မတိုးသာ မဆုတ်သာ အနေထားမှာ တစ်နေတော့သည်။

အဲ့ဒီအချိန်မှာ Romeo သည် လက်ခုပ်တီး လှောင်ရယ်ကာ ရှေ့တိုးလာပြီး လှောင်ပြောင်တော့သည်။

"ဘယ်သူက နို့စို့ကလေးလေးလို ငိုယိုနေတာလဲဆိုတာ ကြည့်ကြပါဦး။ ငါတို့ရဲ့ ကြံ့ခိုင်လှပါတယ်ဆိုတဲ့  Hayden ဖြစ်နေတာကိုး။ ဟား...ဟား ...  တကယ့်ကို ယောကျ်ားပီသပါတယ်ဆိုတဲ့ Haydenက ကလေး သေးခံလေး ဝတ်ပြီး ချိုလိမ်စုပ်နေရတဲ့ နို့စို့ကလေးလေးဖြစ်နေတာကိုး။  "

Emily  က Romeo ရဲ့ လှောင်ပြောင်စကားတွေကို ဒေါသတကြီး ပြန်မတုံ့ပြန်နိုင်သေးခင် Romeo က ဆက်ပြောလိုက်သည်။

"Hayden က သူ့မာမီရင်ခွင်ထဲမှာ သေးခံလဲပေးဖို့ ငိုယိုနေတဲ့ ကလေးပေါက်စလေးလိုပါပဲလား။ ဒါက သူ့အကျင့်ပဲလေ မထူးဆန်းပါဘူး။ "

" Romeo...နင်....! "

Emily  က ဒေါသတကြီးနှင့် လှမ်းဟောက်သည်။

"Romeo....မင်း အရမ်းလွန်နေပြီ ! မင်းမှာ ကိုယ်ချင်းစာစိတ်မရှိဘူးလား "

တခြားလူများကပါ ဝင်ရောက် ရှုံ့ချတော့သည်။

Hayden က  သူ ကြောက်လန့်နေခဲ့သည် မေ့လျော့သွားကာ လက်သီးဆုပ်ဖြင့် ကောင်လေးကို ထိုးရန် တဟုန်ထိုးပြေးထွက်လာပေမယ့် Jeffrey က ထိန်းထားပြီး ပြောလိုက်သည်။
 

" Hayden စိတ်အေးအေးထားစမ်း! ဒီအစီအစဉ်မှာ ကိုယ်ထိလက်ရောက်ရန်ဖြစ်ထိုးကြိတ်တာတွေ တားမြစ်ထားတယ်ဆိုတာ သိတယ်မလား ? ရန်ဖြစ်တဲ့သူက ပြိုင်ပွဲကနေ ထုတ်ခံရမှာ။ ဒါကြောင့် စိတ်လျော့လိုက်" 


သို့သော် ကျိုးယွင်ရှန့်က သူ့ဒေါသကို ဆက်ဆွပေးနေသောကြောင့် Hayden က အတင်းရုန်းကန်ကာ ဒေါသကြီးနေခဲ့သည်။

"Hayden ဘေဘီလေး... မင်းက မင်းအမေရင်ခွင်ထဲ ငိုယိုလိုက်၊ သူများကို
ဒုက္ခပေးတာအပြင် ဘာလုပ်တတ်သေးလို့လဲ။ မင်းမှာ အစွမ်းအစ ရှိတယ်ဆိုရင် အခုချက်ချင်း အပေါ်ကိုတက်ပြီး ပြလိုက်လေ။ ဘာ.... မင်းက ယောကျားမဟုတ်ဘူး ဟုတ်လား။ ဒါဆို အထုပ်ပိုးပြင်ပြီး မင်း မေမေ့အိမ်ကို အမြန်ဆုံး လစ်လိုက်တော့။ မဟုတ်လို့ လေထဲ ကြောက်သေးပေါက်ချလို့ ငါတို့ နံစော်ကုန်လိမ့််မယ်။ မင်းသာ အိမ်ပြန်သွားမယ်ဆိုရင် ငါအရမ်းပျော်မိမှာပဲ "

ဒီလို ရန်စ စကားကို ပြောပြီးသည်နှင့် ကျိုးယွင်ရှန့်လက်ကိုမြှောက်၊ တင်ကိုလှုပ်ကာ မခံချင်အောင် ကပြနေလိုက်သည်။

ဒီနေ့လုပ်ရပ်ကို ပြသလိုက်ပြီဆိုတာနဲ့ Romeoရဲ့ သတင်းတွေက ရစရာမရှိအောင် စုတ်ပြတ်သွားမှာသေချာသည်။ သူ့မှာ ပြိုင်ဖက်အပေါ် ကြင်နာစိတ်လုံးဝမရှိဘူးဆိုပြီး ပရိတ်သတ်ရဲ့ အမုန်းကို ခံရမှာ အသေချာပင်။

ကင်မရာသမားကတော့ အစီအစဉ်အတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ရဖို့ကလွဲရင် Romeo ဘာဖြစ်ဖြစ် ဂရုစိုက်မှာ မဟုတ်ပေ။ ဒီအစီစဉ်ကို အားပေးတဲ့ ပရိတ်သတ်တွေ တိုးလာဖို့၊ ကြည့်ရှုနှုန်းများလာဖို့အတွက်ပဲ သူတို့က ဖြစ်တဲ့ပြသနာကို အကောင်းဆုံးဖုံးကွယ်ထားမှာဖြစ်သည်။

Hayden  ရုတ်တရက် ငြိမ်သွားပြီး  Jeffrey ကို ပြောလိုက်သည်။

"ကျွန်တော့်ကို အပေါ်ပြန်တင်ပေးပါ ။ ကျွန်တော် ဒါကို ဆက်ရိုက်မယ် "

"ဒါ အကောင်းဆုံးပဲ အချစ်လေး။ မင်းအတွက် ကိုယ်တကယ် ဂုဏ်ယူတယ်။ "

Jeffrey က  သူ့ကို ဝမ်းသာစွာ ဖက်ပြီး အပေါ်ပြန်တက်စေခဲ့သည်။

ဒေါသတွေ ၊ အမုန်းတွေကြောင့်Hayden ရဲ့ လုပ်ဆောင်ချက်များက အတော်ကောင်းခဲ့သည်။ သူရဲ့မျက်နှာက နည်းနည်းဖြူလျော်နေပေမဲ့ သူက ဟန်ချက်ထိန်းပြီး ရိုက်ရမည့်နေရာသို့ ဝင်သွားနိုင်ခဲ့သည်။
ဓာတ်ပုံဆရာသည်လည်း ဆွဲဆောင်မှုရှိသော ပုံတို့ကို ရိုက်ခဲ့ပြီးHayden ၏  စိတ်အားထက်သန်မှုကို အတော်ပင် ချီးကျူးသည့်ဟန် ပေါ်နေသည်။

ထို့အပြင် စပွန်ဆာ ကိုယ်တိုင်လည်း စိတ်ကျေနပ်သည့် အမူအရာများရှိနေသည်။

အားလုံးလည်း Hayden ကို မော့ကြည့်နေကြပြီး သူရဲ့ လှုပ်ရှားမှုတွေတိုင်းအတွက် အားပေးနေကြသည်။ သူတို့အကုန်လုံးက Romeo ကို မေ့ပျောက်သွားကြပေမဲ့လို့ ကင်မရာသမားကတော့ မမေ့ကြပေ။ ။ သူတို့က Romeo ရဲ့ အံ့အားသင့်မှုတွေ ၊ စိတ်ပျက်မှုတွေနဲ့ မနာလိုမှုတွေကို အမိအရ ရိုက်ချင်ကြသည်။

ဒါပေမယ့်  သူတို့် လူအုပ်ကြီးကို ကျော်ပြီး Romeo ဆီကို ကင်မရာလှမ်းချိန်လိုက်ချိန်မှာတော့ Romeo ရဲ့မျက်လုံးများထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ ၊ စိတ်အားထက်သန်မှုတွေအပြည့်နေသည့် အပြုံးကို တွေ့လိုက်ရသည်။

သူ့ဆီ ကင်မရာချိန်ထားတာတွေ့လိုက်ရသည့်အချိန်တွင် Romeo တောင့်ခနဲဖြစ်သွားပြီး  နူတ်မှ မသဲမကွဲ အသံပြုကာ လှည့်ထွက်သွားတော့သည်။

'သူ ဘာဖြစ်သွားတာလဲ ? ဒါဆို ဘာလို့များ ဒီလိုတွေ ဆိုးဆိုးဝါးဝါး ပြောခဲ့တာပါလိမ့် ? '

ကင်မရာသမားများက တစ်ယောက်ကို တစ်ယောက် နားမလည်သလို ကြည့်လိုက်မိကြသည်။


Ivana က  သူမ မေးစေ့ကိုပွတ်ကာ စဉ်းစားနေသည်။ Romeo ပြောဆိုပုံတွေက ပုံက Hayden ကို မုန်းနေတဲ့ ပုံလည်း မတူဘူး ဆိုတော့ ဒီကောင်လေးရင်ထဲမှာ သိုဝှက်ထားတာ အများကြီး ရှိသည်ကိုဆိုတာကို ရိပ်မိသွားသည်။

==========================





Continue Reading

You'll Also Like

1.9M 298K 184
အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြးဖြားၿပီးေနာက္သူသည္မိမိကိုယ္ကိုသန႔္ရွင္းေ...
1.1M 47.6K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
58.8K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
264K 27K 17
Quickly wear the face of the devil Author: ©®Fengliu Shudai Original translation: ©® keztranslations က်ိဴးယြင္​႐ွန္​႔ဆိုတာသိပၸံ​ေခတ္​ကhackerတစ္​​ေယ...