ဗီလိန်ချစ်သူ (completed) (Arc...

By MayKingMK119

779K 69.9K 476

Arc _ 8, 10, 15 Extra_ 1,2,4 Total _ 6 Arcs Title: Quickly Wear the Face of the Devil အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟ... More

Arc_8.2 Romeo
Arc_8.3 Romeo
Arc _8.4 Romeo
Arc_ 8.5 Romeo
Arc_8.6 Romeo
Arc_8.7 Romeo
Arc_8.8 Romeo
Arc_8.9 Romeo
Arc_8.10 Romeo
Arc_8.11 Romeo
Arc_8.12 Romeo
Arc_8.13 Romeo
Arc_8.14 Romeo
Arc_8.15 Romeo
Arc_8.16 Romeo
Arc_8.17 Romeo
Arc_8.18 Romeo
Arc_8.19 Romeo
Arc_8.20 Romeo
Arc_ 8.21 Romeo
Arc_8.22 Romeo
Arc_8.23 Romeo
Arc_8.24 Romeo
Arc_8.25 Romeo
Arc_10.1 _ Copying a Western Fantasy
Arc_ 10.2 Joshua
Arc_ 10.3 _ Joshua
Arc_ 10.4 _ Joshua
Arc_ 10.5 _ Joshua
Arc_ 10.6 _ Joshua
Arc_ 10.7 _ Joshua
Arc_ 10.8 _ Joshua - 🔞💖🌹
Arc_ 10.9 _ Joshua
Arc_ 10.10 _ Joshua
Arc_ 10.11 _Joshua
Arc_ 10.12 _Joshua
Arc_ 10.13 _Joshua 🔞
Arc_ 10.14 _Joshua
Arc_15.1 Cuckold Emperor
Arc_15.2_ Qi Yi Ning
Arc_15.3_ Qi Yi Ning
Arc_15.4_ Qi Yi Ning
Arc_15.5_ Qi Yi Ning
Arc_15.6_ Qi Yi Ning
Arc_15.7_ Qi Yi Ning
Arc_15.8_ Qi Yi Ning
Arc_15.9_ Qi Yi Ning
Arc_15.10_ Qi Yi Ning
Arc_15.11_ Qi Yi Ning
Arc_15.12_ Qi Yi Ning
Arc_15.13_ Qi Yi Ning
Arc_15.14_ Qi Yi Ning
FOD_Extra_1 _Chapter(1)_ Xue Zi Xuan + Haung Yi
FOD Extra_1_Chapter(2) (Zawgyi+Unicode)
FOD Extra 1 - Chapter (3) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း (Zawgyi)
FOD Extra 1 - Chapter (3) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း(Unicode)
FOD Extra 1 - Chapter (4)(Zawgyi Version)
FOD Extra 1 - Chapter (4)(Unicode Version)
Extra_1, Chapter(5) ရႊယ္ဇီရြမ္+ဟြမ္းရီ (Zawgyi Only)
Extra_1, Chapter(5) ရွှယ်ဇီရွမ်+ဟွမ်းရီ (Unicode Only)
Extra 1_ Chapter (6) _ မူလရည်ရွယ်ချက်ကို မမေ့ပါဘူး(Unicode)
Extra 1_ Chapter (6) _ မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi)
FOD_ Extra _1 - Chapter(7) (Zawgyi)
FOD_ Extra _1 - Chapter(7) (Unicode)
FOD_Extra 1_ Chapter(8)(Zawgyi)
FOD_Extra 1_ Chapter(8) (Unicode)
FOD_Extra 1_ Chapter(9)_(Zawgyi)
FOD_Extra 1_ Chapter(9)_(Unicode)
Extra 1_ Xue Zi Xuan- Chapter (10) - နှစ်ယောက်တည်း ကမ္ဘာ (Z+U)
(Z) FOD: Extra 1_ Xue Zi Xuan- Chapter (10) - ႏွစ္ေယာက္တည္း ကမာၻ
(U) Extra 1 _ ရွှယ်ဇီရွမ် _ Chapter (11)
(Z) Extra 1_ ရႊယ္ဇီရြမ္ _ Chapter (11-1)
(U) Extra 1 _ Chapter (12) ထာဝရအချစ်
(Z) Extra 1 _Chapter (12) ထာဝရအခ်စ္
(Z) Extra 1 _ Chapter (13) - လူသတ္မႈ
(U) Extra 1 _ Chapter (13) - လူသတ်မှု
Extra 1_ Chapter (14) _ ရွှယ်ဇီရွမ်/ရႊယ္ဇီရြမ္
Extra 1_ Chapter (14) _ ေရွာင္ရီကို ကာကြယ္ဖို႔ ဘာမဆိုလုပ္မယ္
(U) Chapter (15)_ ခေါင်းလောင်းပန်းတို့ ဝေဝေဆာဆာပွင့်ဖူးချိန် - End
(Z) Chapter (15)_ ေခါင္းေလာင္းပန္းတုိ႕ ေဝေဝဆာဆာပြင့္ဖူးခ်ိန္ - End
FOD Extra 2 _ Chapter (1) - Yu Cang Hai
FOD Extra 2 _ Chapter (2) - Yu Cang Hai
FOD Extra 2 _ Chapter (3) - Yu Cang Hai
FOD Extra 2 _ Chapter (4) - Yu Cang Hai
FOD Extra 2 _ Chapter (5) - Yu Cang Hai
FOD Extra 2 _ Chapter (6) - Yu Cang Hai
FOD Extra 2 _ Chapter (7) - Yu Cang Hai
FOD Extra 2 _ Chapter (8) - Yu Cang Hai 🔞🔞
FOD Extra 2 _ Chapter (9) - Yu Cang Hai
FOD Extra 2 _ Chapter (10) - Yu Cang Hai
FOD Extra 2 _ Chapter (11) - Yu Cang Hai
FOD Extra 2 _ Chapter (12) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (13) - Yu Cang Hai 🚫🚫
FOD Extra 2 _ Chapter (14) - Yu Cang Hai 🔞⚠⚠🔞
FOD Extra 2 _ Chapter (15) - Yu Cang Hai
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 16 ( zawgyi+unicode)
FOD Extra 2 _Chapter _ 18 - Yu Cang Hai
FOD Extra 2 _Chapter _ 19 - Yu Cang Hai
FOD Extra 2 _Chapter _ 20 - Yu Cang Hai
FOD Extra 2 _Chapter _ 21 - Yu Cang Hai
FOD Extra 2 _Chapter _ 22 - Yu Cang Hai
FOD Extra 2 _Chapter _ 23 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 24 - Yu Cang Hai 🚫🚫🚫
FOD Extra 2 _Chapter _ 25 - Yu Cang Hai
FOD Extra 2 _Chapter _ 26 - Yu Cang Hai
FOD _Extra 4_ Chapter (1) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (2) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (3) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (4) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (5) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (6) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (7) _Honeymoon on Beast-man Planet🔞🦁
FOD _Extra 4_ Chapter (8) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (9) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (10) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (11) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (12) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (13) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (14) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (15) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (16) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (17) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (18) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (19) _Honeymoon on Beast-man Planet
FOD _Extra 4_ Chapter (20) _Honeymoon on Beast-man Planet
FOD Translators

Arc_8.1 _ Next Top Supermodel

50.9K 1.5K 43
By MayKingMK119

Chapter ( 1 ) _ Next Top Supermodel

Zhou Yun Sheng သည္ နဂါးေငြ႕တန္းတြင္ အာကာသ၏စြမ္းအင္ကိုထုတ္ယူခဲ့ၿပီး အလြန္ေခတ္မီ၊  ခမ္းနားထည္ဝါေသာ ဧည့္ခန္းတြင္ တစ္ဖန္ႏိုးထလာခဲ့သည္။ ေဘးပတ္ပတ္လည္မွာ ဘယ္သူမွ မရွိေပမယ့္ ေသခ်ာနားေထာင္ၾကည့္ေတာ့ အေပၚထပ္မွာ ဆယ္ေလးငါးႏွစ္အ႐ြယ္ ဆက္ေက်ာ္သက္ ေကာင္ေလး၊ ေကာင္မေလးေတြ ရဲ႕ အသံကို အေပၚထပ္ကေန ၾကားလိုက္ရသည္။ နံရံမ်ားကိုႀကီးမားတဲံ ေဘာင္ေတြနဲ႔ အလွဆင္ထားသည့္  ပုံႀကီးမ်ားျဖင့္ တန္ဆာဆင္ထားၿပီး ပုံေတြထဲက တစ္ပုံက အလြန္လွပေသာအမ်ိဳးသမီးတစ္ ဦး ၏ပုံတူျဖစ္သည္။ ညာဘက္ေအာက္နားေထာင့္တြင္ Ariel Blanc ဆိုတဲ့ အမည္ကို ထင္ထင္ရွားရွားေရးထိုးထားသည္။

ဒီပုံနဲ႔ဆန႔္က်င္ဘက္မွာ လူတစ္ ဦး ၏ႀကီးမားေသာပုံႀကီးတစ္ပုံ ခ်ိတ္ဆြဲထားၿပီး ဘယ္ဘက္ေအာက္ေထာင့္တြင္ TOP 1 နံပါတ္တစ္ ဆိုသည့္ စကားလုံးမ်ားျဖင့္ မွတ္သားထားသည္။ ထိုသူသည္ အျဖဴေရာင္ရွပ္အက်ႌ၊ အနက္ေရာင္ေဘာင္းဘီႏွင့္အလြန္ျမင့္ျမတ္ေသာ ရည္မြန္ေသာ ပုံစံကို တန္းခနဲျမင္ရႏိုင္သည္။ သူက ဥေရာပ စတိုင္ သစ္သားကုလားထိုင္မွာထိုင္ေနၿပီး ညာဘက္လက္က သူ႔ေ႐ႊေရာင္ဆံပင္ေတြကို ပင့္တင္ရင္း မ်က္ဝန္းေတြက အၿပဳံးေဖ်ာ့ေဖ်ာ့ၿပဳံးလို႔ေနသည္။

ထိုသူ၏ကိုယ္ခႏၶာ၊ ႐ုပ္ဆင္းသဏၭာန္သည္ ခ်ိဳ႕ယြင္းခ်က္မရွိေအာင္ ၿပီးျပည့္စုံေနၿပီး သူ႔ရဲ႕စူးရွထက္ျမက္တဲ့ မ်က္ႏွာ၊ နက္နက္ရႈိင္းရႈိင္းၾကည့္တတ္တဲ့ မ်က္ဝန္းတစ္စုံေၾကာင့္ ဘယ္လို အမ်ိဳးသမီး၊ အမ်ိဳးသားမဆို သူ႔ေၾကာင့္ ႐ူးသြပ္လုနီးပါး ခံစားရမွာေသခ်ာသည္။

Zhou Yun Sheng သည္ ပိုစတာ၏ေရွ႕၌ ထိုလူ၏ အခ်က္အလက္မ်ားကို စိတ္အားထက္သန္စြာ တစ္ေလးတစ္စားႏွင့္ ဖတ္ရႈလို႔ေနသည္။ ထိုလူ၏ ပုံစံႏွင့္ စိတ္ထားသည္ သူ႔ခ်စ္သူင့္ဆင္တူသည္။ ဒါေပမယ့္ သူက 187 စင္တီမီတာပဲ ရွိၿပီး သူ႔ခ်စ္သူအရပ္ကို မမွီေပ။ ဟိုးအရင္ကတည္းက သူ႔ခ်စ္သူအရပ္က 6 ေပ 2 လက္မျမင့္သည္။

သံသယကင္းသြားၿပီးေနာက္  Zhou Yun Sheng သည္ AI ကို စစ္ေဆးၾကည့္ရႈလိုက္တဲ့အခ်ိန္ 007 က အခ်က္လက္ အသစ္မ်ားကို ေပးပို႔ထားေလၿပီ။ သူက ဒီအခ်က္လက္ကို ဖတ္ေနတုန္းမွာ ေကာင္ေလး၊ေကာင္မေလးေတြက တစ္ေယာက္ကို တစ္ေယာက္တြန္းထိုးရင္းရယ္ရယ္ေမာေမာနဲ႔ ေလွကားေအာက္ကို ဆင္းလာၾကသည္။ သူတို႔အုပ္စုက ပိုစတာေရွ႕မွာရပ္ေနတဲ့ သူ႔ကိုေတြ႕ေတာ့ သူတို႔မ်က္ႏွာေပၚမွာ စိတ္ပ်က္႐ြံ႕ရွာတဲ့အမူယာေတြေပၚလာၿပီး အားလုံး စကားသံေတြ တိတ္ဆိတ္သြားၾကသည္။

ဒီခႏၶာကိုယ္က အရမ္းဆိုးတဲ့အေျခအေနမွာ ရွိေနတယ္။ ဒီ villa အေဆာက္ဦးတစ္ခုလုံးမွာ လွ်ိဳ႕ဝွက္ကင္မရာေတြ ေနရာတိုင္းမွာ တပ္ဆင္ထားၿပီး ၾကည့္ရတာ ေမာ္ဒယ္ေတြရဲ႕ေန႔စဥ္ ဘဝကို တင္ျပတဲ့ reality show လို ပုံစံျဖစ္ရမယ္လို႔ သူေတြးလိုက္မိသည္။ ဒီအုပ္စုေနာက္မွာ ကင္မရာမန္းေတြလည္း လိုက္လာၿပီး သူတို႔ေျပာသမွ် လုပ္သမွ်တိုင္းကို ႐ိုက္ကူးေနသည္ကို ေတြ႕ရသည္။


ဒီအခ်က္ကိုစဥ္းစားၿပီး Zhou Yun Sheng အခ်က္အလက္ အားလုံးကိုဖတ္လိုက္သည္။ မူရင္းေကာင္ေလး၏ဆႏၵသည္ အလြန္႐ိုးရွင္းလြန္းေသာေၾကာင့္ သူက ဒီကမာၻကို အားလပ္ရက္အျဖစ္ သေဘာထားႏိုင္သည္ဟုပင္ ခံစားလိုက္ရသည္။

ဤေလာက၏အဓိက ဇာတ္လိုက္မင္းသမီးက တ႐ုတ္လူမ်ိဳး အမ္မလီေတလာအမည္ရွိ အမ်ိဳးသမီးတစ္ ဦး ျဖစ္ၿပီး ၁၇၈ စင္တီမီတာရွည္ေသာ နတ္သမီး မ်က္ႏွာ၊ နတ္ဆိုးစိတ္ထားနဲ႔ အလြန္ပါးနပ္ေသာ မိန္းကေလး တစ္ဦးျဖစ္သည္။ ဒါေၾကာင့္ လူတိုင္းက ဘုရားသခင္ကိုက္ထားတဲ့ ပန္းသီးလိုပဲ အျပစ္အနာအဆာ မကင္းၾကဘူးလို႔ ေျပာၾကျခင္းျဖစ္သည္။
အမ္မလီက မိန္းမအမ်ားစု မနာလိုစိတ္ျဖစ္ေစေလာက္တဲ့ အလွတရားရွိေပမဲ့ သူမမွာ ဝမ္းနည္းစရာေကာင္းတဲ့ ကေလးဘဝအေတြ႕ႀကဳံေတြရွိခဲ့သည္။  သူမ သုံးႏွစ္သမီးအ႐ြယ္တြင္ ဖခင္ကိုဆုံးရႈံးခဲ့ရၿပီး ဆင္းရဲႏြမ္းပါးမႈေၾကာင့္ သူမအေမက ေနာက္အိမ္ေထာင္ျပဳခဲ့ရသည္။ သူမတို႔က ေနရာအနံွံ႔ကို လွည့္လည္ေနထိုင္ခဲ့ရၿပီး ဆင္းရဲနိမ့္က်ျခင္းေၾကာင့္ သူမတို႔ ဘဝမတည္မၿငိမ္ျဖစ္ခဲ့သည္။ ထို႔အျပင္ သူမ၏ အသက္ႏွင့္မမွ် အရပ္ျမင့္ေသာေၾကာင့္ အ႐ြယ္ေရာက္ မိန္းကေလးလို႔ အထင္မွားၿပီး မၾကာခဏ ႏူတ္ျဖင့္လည္းေကာင္း၊ အမူယာျဖင့္ လည္းေကာင္း အႏိုင္က်င့္ေစာ္ကားျခင္းမ်ားကို ရင္ဆိုင္ခဲ့ရသည္။

သူမအထက္တန္းေက်ာင္းမွထြက္ၿပီး ဘားတစ္ခုတြင္ အလုပ္လုပ္ခဲ့သည္။ သူမက လူအမ်ိဳးမ်ိဳးကိုေတြ႕ျမင္ခဲ့ၿပီး စက္ဆုပ္႐ြံရွာဖြယ္အေကာင္းဆုံး အျဖစ္အပ်က္မ်ားကိုႀကဳံေတြ႕ခဲ့ရသည္။ သူမ အသက္ႏွစ္ဆယ္ အ႐ြယ္တြင္ မိခင္ျဖစ္သူက သူမႏွင့္သူမ
ပေထြးျဖစ္သူ ကို အိမ္ထဲေသာ့ခတ္ေပးၿပီး သူမရဲ႕ၿပိဳကြဲလုလု အိမ္ေထာင္ေရးကို က်ားကန္ဖို႔အတြက္ သူမရဲ႕သမီးျဖစ္သူ အပ်ိဳေလးကို မုဒိမ္းက်င့္ခြင့္ျပဳခဲ့သည္။ သူမက ပေထြးျဖစ္သူကို ႐ိုက္ႏွက္ၿပီး အိမ္က ထြက္ေျပးလာခဲ့သည္။ သူမလက္ထဲ တစ္ျပားမွ မရွိတဲ့အခ်ိန္မွာ  Next Supermodel ေ႐ြးဖို႔ ကပ္ထားတဲ့ ပိုစတာကိုေတြ႕ၿပီးေမွ်ာ္လင့္ခ်က္ေတြနဲ႔ စာရင္းေပးၿပီး ဝင္ၿပိဳင္ခဲ့သည္။

ဒါက စူပါေမာ္ဒယ္ကမာၻႀကီးျဖစ္ၿပီး ေလထုတစ္ခုလုံး ဖက္ရွင္ေတြနဲ႔ျပည့္ေနသည္။  Zhou Yun Sheng သည္ တစ္ခ်ိန္ကစူပါေမာ္ဒယ္ႏွင့္စူပါစတားႀကီးျဖစ္ခဲ့ေသာေၾကာင့္ အခုအေျခေနက သူ႔အတြက္ ဘယ္လိုမွ အခက္ခဲမရွိပဲ အလြန္သက္ေသာင့္သက္သာအေနထားတြင္ ရွိေနသည္။

ဒီခႏၶာကိုယ္ကို Romeo Parker လို႔ေခၚတယ္။ သူဟာ supermodel ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ၿပီး ေနာက္ဆုံး ဆန္ခါတင္ ၁၅ ေယာက္ထဲတြင့္ေ႐ြးခ်ယ္ခံခဲ့ရတယ္။

ဒီ  reality show က အမ္မလီရဲ႕ ဘုန္းမီးေနလေတာက္ပျခင္းအတြက္ အစပ်ိဳးျဖစ္ခဲ့ေပမယ့္  Romeo အဖို႔ ကံဆိုးျခင္းရဲ႕အစျဖစ္ခဲ့သည္။

တကယ္ေတာ့ Romeo ရဲ႕ကေလးဘဝ အမ္မလီလိုပဲ ဆိုးဝါးခဲ့ရသည္။ သူ႔မိဘမ်ားဆုံးပါးသြားၿပီး အေဒၚရဲ႕ျပဳစုပ်ိဳးေထာင္မႈေအာက္မွာ ေနထိုင္ခဲ့ရသည္။ သူ႔အေဒၚက သားသမီးေလးေယာက္ႏွင့္ ေငြေၾကးအဆင္မေျပလို႔ အၿမဲေဒါသထြက္ေနတတ္သူျဖစ္သည္။ တကယ္လို႔ Romeo ရဲ႕မိဘေတြက သူ႔ကိုမ်ားျပားတဲ့ အေမြကို မထားခဲ့ရင္ သူမက သူ႔ကိုေမြးစားမွာ မဟုတ္ဘူး။

Romeo က ငယ္႐ြယ္စဥ္ကတည္းက ပိန္ပိန္ပါးပါးနဲ႔ မိန္းကေလးေတြထက္ အရမ္းလွလို႔ ေက်ာင္းတြင္ မၾကာခဏ အႏိုင္က်င့္ခံရတတ္သည္။  သူ အသက္ ၁၄ ႏွစ္အ႐ြယ္မွာ သူဟာ မိန္းကေလးေတြကိုမႀကိဳက္ဘူးဆိုတာ ႐ုတ္တရက္သေဘာေပါက္သြားသည္။ သူက ေခ်ာေမာတဲ့ေယာက္်ားေလးေတြကို အထူးဂ႐ုစိုက္သတိျပဳမိၿပီး သူတို႔နဲ႔ပိုရင္းႏွီးခ်င္လာသည္။  ဒီအခ်က္က သူ႔ကို အလြန္စိတ္မသက္သာ ခံစားရေစသည္။

သူသည္ မိမိကိုယ္ကို သံသယျဖင့္ သုံးႏွစ္ၾကာ စိတ္ဆင္းရဲမႈကို ခံစားခဲ့ရၿပီးေနာက္ မိမိကိုယ္ကို ေလးစားမႈ၊ ယုံၾကည္မႈ ေလ်ာ့နည္းလာသည္ႏွင့္အမွ် သိမ္ငယ္စိတ္ေၾကာင့္ သူ၏စ႐ိုက္လည္း တျဖည္းျဖည္းေျပာင္းလဲလာခဲ့သည္။ ဒီ ေဂးလ္ ဆိုတဲ့ သိမ္ငယ္စိတ္ကို ကာဗာလုပ္ဖို႔ သူက အျပင္ပန္းမွာ အရမ္းမာနေထာင္လႊားၿပီး ေခါင္းမာတဲ့ လူငယ္ပုံစံျဖစ္လာသည္။ သူ႔ကိုထိခိုက္နစ္နာေစခဲ့ေသာ လူအားလုံးကို တိုက္ခိုက္ရန္လုပ္ၿပီး ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔ ႀကိဳးစားခဲ့သည္။ သူသည္ လူသိရွင္ၾကား ေနထိုင္ၿပီး တစ္ကမာၻ႔လုံးက အသိအမွတ္ျပဳမႈကိုခံခ်င္ေပမယ့္ တခ်ိန္တည္းမွာပဲ မိမိရဲ႕ျဖစ္တည္မႈကို ။ ဖုံးကြယ္ခ်င္ခဲ့သည္။

သူက " ေနာက္ထပ္စူပါေမာ္ဒယ္" အြန္လိုင္းေၾကာ္ျငာကိုျမင္ေသာအခါ ရဲရင့္စြာဆုံးျဖတ္ခ်က္ခ်ခဲ့သည္။ ဒီလိုနဲ႔ သူက အမ်ိဳးသား ေမာ္ဒယ္လ္ျဖစ္လာသည္။ ကံေကာင္းေထာက္မစြာ အသက္ ၁၅ ႏွစ္မွစ၍ သူအရပ္က ရွည္လာၿပီး ၁၈ ႏွစ္မျပည့္ေသးေသာ္လည္း ၁၈၃ စင္တီမီတာရွိၿပီျဖစ္သည္။ သူ၏ အသြင္အျပင္က ႏူးညံ့ၿပီး သူ႔မ်က္ႏွာက် ပုံစံက အရမ္းကိုလွပသည္။ အထူးသျဖင့္ သူ႔ရဲ႕ ပင္လယ္ျပာေရာင္ မ်က္ဝန္းတစ္စုံပဲျဖစ္သည္။

သူက သမုဒၵရာတစ္ခုလုံးကို သူ႔မ်က္လုံးေတြထဲမွာ သယ္ေဆာင္ေနသလိုပဲ၊ သူပုံစံက မြးကင္းစကေလးတစ္ေယာက္လို ႏုနယ္ၿပီး အျပစ္ကင္းတဲ့ ပုံေပါက္သည္။

သူ႔ပုံပန္းသဏၭာန္က အျခားေမာ္ဒယ္လ္ ေတြထက္ နည္းနည္းေလးမွ မေလ်ာ့တဲ့အျပင္ ဘယ္သူ႔ဆီမွာမွ မရွိတဲ့ စင္ၾကယ္ျခင္းဆိုတဲ့ ခံစားခ်က္ကို ေပးစြမ္းႏိုင္ခဲ့တယ္။ သူ႔ဓာတ္ပုံႏွင့္ဗီဒီယိုေတြကိုေတြ႕ေတာ့ ၿပိဳင္ပြဲက်င္းပသူမ်ားက ခ်က္ခ်င္း သူ႔ကို လက္ခံခဲ့ျခင္းျဖစ္သည္။


ဒီအစီအစဥ္ကို တိုင္းျပည္ A  က အေက်ာ္ၾကားဆုံး  ABC ႐ုပ္ျမင္သံၾကားဌာနမွ ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္။ အစီအစဥ္က အလားအလာရွိေသာေၾကာင့္ ABC သည္ၾကည့္ရႈသူမ်ားအား ဆြဲေဆာင္ရန္ႏွင့္ ဒီအစီစဥ္ကို ပိုမိုေက်ာ္ၾကားေစဖို႔ ၿပိဳင္ပြဲဝင္ေမာ္ဒယ္မ်ားကို အၾကားအလပ္မရွိ၂၄ နာရီလုံး ႐ိုက္ကူးထုတ္လုပ္ဖို႔ မ်ားစြာေသာ ႐ိုက္ကူးေရးအဖြဲ႕ႀကီးကို စီစဥ္ၿပီး အခ်ိန္နဲ႔တေျပးညီး ၿပိဳင္ပြဲဝင္ေမာ္ဒယ္မ်ားအေၾကာင္းကို ထုတ္လႊင့္ျပသခဲ့သည္။

ဒါကပထမဆုံးရာသီျဖစ္ၿပီး ဒုတိယ၊ တတိယ၊ စတုတၳေျမာက္ၿပိဳင္ပြဲမ်ားလည္း ႐ိုက္ကူးျပသဦးမည္ျဖစ္သည္။ စူပါေမာ္ဒယ္လ္ျဖစ္ဖို႔ဆိုတဲ့ စိတ္ကူးအိပ္မက္ကိုကိုင္ေဆာင္ၿပီး ဘယ္လိုအစြမ္းသတၱိနဲ႔ ၿပိဳင္ပြဲဝင္ေတြက ႐ုန္းကန္ေနရတယ္၊ ေမာ္ဒယ္လ္ေတြက ဘယ္အဆင့္အတန္းမွာရွိတယ္ဆိုတာ ဇာတ္လမ္းတြဲလိုပုံစံမ်ိဳး တိုက္႐ိုက္ထုတ္လႊင့္ျပသသြားမွာျဖစ္သည္။
ၿပိဳင္ပြဲဝင္အားလုံးလည္း ဒီစင္ျမင့္ေပၚတြင္ မိမိတို႔၏ရပ္တည္ခ်က္ကို ရွာေဖြႏိုင္ၾကသည္။

ယခုအစီအစဥ္သည္ ယွဥ္ၿပိဳင္မႈ ဇာတ္လမ္းသုံးခုကို ထုတ္လႊင့္ျပသခဲ့ၿပီး၊ ပထမၿပိဳင္ပြဲတြင္ အမ္မလီသည္ ပထမဆုကိုရရွိခဲ့သည္၊ ဒုတိယၿပိဳင္ပြဲတြင္၊ အမ္မလီကပဲ ပထမဆုကို ထပ္မံရရွိခဲ့ၿပီး တတိယၿပိဳင္ပြဲ၏ ပထမဆုရွင္ ဟိုင္ဒန္ဘေရာင္းက အမ္မလီ၏ရည္းစားျဖစ္လာသည္။

ၿပိဳင္ပြဲဝင္အားလုံးသည္ အသက္ ၁၆ ႏွစ္မွ ၂၅ ႏွစ္ၾကား လူငယ္မ်ား၊ ျဖစ္ၾကၿပီး ထူးခြၽန္မႈေပါင္းစုံ၊ အရပ္ရွည္ရွည္နဲ႔ ႐ုပ္ရည္ေခ်ာေမာၾကေပမယ့္ လူတိုင္းက ၿပီးျပည့္စုံၿပီး ဆြတ္ျပန႔္ၾကည္ႏူးဖြယ္ အခ်စ္ဇာတ္လမ္းကိုမပိုင္ဆိုင္ႏိုင္ၾကေပ။  Hayden သည္ကိုယ္ကာယ ေတာင့္တင္းသည့္အျပင္ ႐ုပ္ရည္ေခ်ာေမာၿပီး သူ႔မိသားစုေနာက္ခံလည္း အလြန္ခိုင္မာသည္။ သူ႔အေဖသည္ ကမာၻ႔ထိပ္တန္းဖက္ရွင္ဒီဇိုင္နာ Valentine ျဖစ္ၿပီး သူ႔မိခင္ျဖစ္သူ ဆူစန္သည္ အၿငိမ္းစားယူခဲ့သည့္ စူပါေမာ္ဒယ္တစ္ဦးျဖစ္သည္။ ဒီအခ်က္က လူတိုင္းရဲ႕ အာ႐ုံစိုက္မႈကို ဖမ္းယူႏိုင္ခဲ့သည္။


အမ္မလီသည္ အလြန္လိမၼာပါးနပ္ၿပီး ပရိယာယ္မ်ားသူျဖစ္သည္။ သူမ ကို ႏွစ္သက္ေသာၿပိဳင္ပြဲဝင္မ်ားထဲမွ အေကာင္းဆုံးဆိုတဲ့သူကို သူမ လက္ထဲေရာက္ေအာင္ ေသခ်ာ အကြက္ခ်ၿပီး ရယူခဲ့သည္။

သူတို႔ႏွစ္ဦး သည္တစ္ဦး ကိုတစ္ဦး ႏွစ္သိမ့္ေပး၊ တစ္ဦး ကိုတစ္ဦး ကူညီ။ အႏိုင္ယူရင္း ထိပ္ဆုံး သုံးေယာက္ထဲကို ဝင္လာၾကသည္။ ေနာက္ဆုံး ေဟဒန္က သူ႔ရည္းစားကို စူပါေမာ္ဒယ္လ္ေခါင္းစဥ္ေပးဖို႔ စတင္ လုပ္ေဆာင္ခဲ့တယ္။ ဒီ့ေနာက္မွာ အမ္မလီက သူမရဲ႕ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ ဘ၀ ကို စတင္ခဲ့သည္။

ဇာတ္လိုက္မရဲ႕ လင္းလက္ေတာက္ပတဲ့ ေရာင္ျခည္ေအာက္မွာ  Romeo က ေလွာင္ေျပာင္ႏွိမ့္ခ်စရာ ဗီလိန္တစ္ေယာက္ ျဖစ္လာခဲ့သည္။
သူက အႏိုင္ရဖို႔အရမ္းစိတ္အားထက္သန္တဲ့အတြက္ ကစားသမားအားလုံးကို ရန္သူလို သေဘာထားခဲ့သည္။ သူသည္ သူတို႔ရဲ႕ ပုံပန္းသဏၭာန္၊ ဝတ္စားဆင္ယင္မႈ၊ မိတ္ကပ္လိမ္းျခယ္ပုံနဲ႔ တစ္ကိုယ္ေရသန႔္ရွင္းမႈတို႔ကို ေဝဖန္ခဲ့သည္။ Hayden ႏွင့္ Emily ကို အေသေရဖ်က္ရတာကို ႏွစ္သက္လို႔ လူတိုင္းက သူ႔ကိုပါး႐ိုက္ခ်င္တဲ့အထိ ျဖစ္လာၾကသည္။

သူက လူႀကိဳက္အလြန္နည္းၿပီး ၿပိဳင္ဖက္ေတြထဲက တစ္ဦး သို႔မဟုတ္ ႏွစ္ဦး သာ သူ႔ကို ကာကြယ္ရန္ ဆႏၵရွိၾကသည္။ အမ်ားစုက Romeo သည္ ျဖဴေကာင္နဲ႔ အနံ႔နံတဲ့ skunk ဆိုတဲ့ အေမရိကန္ ေၾကာင္နဲ႔ မ်ိဳးစပ္ထားသည့္ ႐ြံရွာဖြယ္အေကာင္နဲ႔ တူတယ္လို႔ ထင္ၿပီး သူနဲ႔ ဘယ္သူမွ နီးနီးကပ္ကပ္ရင္းရင္းႏွီးႏွီးမေနခ်င္ၾကေပ။


Zhou Yun Sheng ဒီကို ေရာက္မလာခင္ ၁၀ မိနစ္ေလာက္မွ သူက ေဟဒန္ရဲ႕ေအာင္ျမင္မႈကို ပုတ္ခတ္ၿပီး ၿပိဳင္ပြဲဝင္အားလုံးရဲ႕မုန္းတီးမႈကို ေအာင္ျမင္စြာ ရယူႏိုင္ခဲ့တာျဖစ္သည္။

ဒီၿပိဳင္ပြဲကို တရားမွ်တမႈရွိေစရန္ ၿပိဳင္ပြဲဝင္ေတြရဲ႕ ရမွတ္ ကို အဓိက ဒိုင္လူႀကီး ၃ ဦးကိုသာမက ၾကည့္ရႈသူပရိတ္သတ္မ်ားကိုလည္း ဆိုရွယ္မီဒီယာတြင္ မဲေပးခြင့္ျပဳခဲ့သည္။ ဒိုင္ေတြရဲ႕ အမွတ္က ၄၀% သာရွိၿပီးပရိသတ္က ၆၀ ရာခိုင္ႏႈန္းမဲေပးႏိုင္ၾကသည္။ တနည္းအားျဖင့္ပရိသတ္က မင္းကို လုံးဝမႀကိဳက္ရင္ေတာင္ မင္းက ၿပိဳင္ပြဲက ထြက္စရာမလိုပါဘူး။

ပရိတ္သတ္ဆိုတာ ဒိုင္ေတြလို အရည္ခ်င္းကို မၾကည့္တတ္ၾကဘူး။ ၿပီးေတာ့သူတို႔က သူတို႔ခ်စ္တဲ့ အႏုပညာရွင္ကို ဘက္လိုက္တဲ့ စိတ္ထားေတြရွိၾကေပမယ့္ ပရိတ္သတ္ရဲ႕ အျမင္က အႏုပညာရွင္တစ္ေယာက္အတြက္ အေရးႀကီးတယ္။ အႏုပညာရွင္က ဘယ္ေလာက္ေတာ္ေတာ္ ပရိတ္သတ္မရွိပဲ မရပ္တည္ႏိုင္ဘူး။ ဒါေၾကာင့္ ပရိတ္သတ္ရဲ႕ အသည္းႏွလုံးကို ခိုးယူႏိုင္ဖို႔ ၿပိဳင္ပြဲဝင္ေမာ္ဒယ္ေတြရဲ႕ အျပဳအမႈ၊ အေျပာအဆို၊ အဝတ္အဆင္က အရမ္းအေရးပါတယ္။

ပထမေတာ့ Romeo ရဲ႕ထူးခြၽန္အသြင္အျပင္နဲ႔ ႐ုပ္ရည္ေၾကာင့္ လူႀကိဳက္အမ်ားဆုံးျဖစ္ခဲ့ေပမယ့္ သူ႔ သ႐ုပ္ေဆာင္စြမ္းရည္က သာမန္ပဲျဖစ္သည္။ ဒါ့အျပင္ သူ႔ဇာတ္႐ုပ္ေတြက အရမ္းညံ့ဖ်င္းတဲ့ေနရာ ေတြပဲရၿပီး လူေတြရဲ႕ႏွစ္သက္မႈက ေလ်ာ့လာတယ္။ အထူးသျဖင့္
 Hayden ႏွင့္ Emily တို႔ကိုတိုက္ခိုက္ျခင္းေၾကာင့္ ဒီဇာတ္လိုက္နဲ႔ ဇာတ္လိုက္မတို႔ရဲ႕ ႀကီးမားေသာ fan ေတြကိုေဒါသထြက္ေစခဲ့သည္။

သူရဲ႕အသားတင္ရမွတ္ နိမ့္က်လာခဲ့ၿပီး လာမယ့္အစီအစဥ္မွာ Hayden သူ႔ဆံပင္ကို အားလုံးရိတ္ျပစ္ႀကီး ကတုံးတုံးျဖစ္ေအာင္ လာဘ္ထိုးထားလို႔ ေနာက္ဆုံးမွာ သူက ၿပိဳင္ပြဲကေန ဖယ္ရွားပစ္ျခင္းကို ခံရမွာျဖစ္သည္။

Romeo သည္အလြန္ထိရွလြယ္ေသာ လူငယ္တစ္ဦးျဖစ္ၿပီး ဒီျဖစ္ရပ္ေၾကာင့္ သူ႔ဇာတိၿမိဳ႕သို႔ျပန္သြားေသာအခါ သူ႔စိတ္ေတြ ၿပိဳလဲသြားခဲ့သည္။ သူက စိတ္က်ၿပီး မူးယစ္ေဆးကို သုံးစြဲမိလာၿပီး ေနာက္ဆုံး အသက္ 30 မွာ အဆီပိတ္ၿပီး ႏွလုံးေရာဂါနဲ႔ အိပ္ယာထဲမွာ အသက္ဆုံးပါးသြားရသည္။ အိမ္နီးခ်င္းေတြက ရဲကိုအေၾကာင္းၾကားတဲ့အခ်ိန္မွာ အိပ္ယာထက္မွာ ပုပ္ပြေနတဲ့ ဖက္တီးေကာင္က တခ်ိန္က နတ္သားေလးလို လွပတဲ့ေကာင္ေလးဆိုတာ မမွတ္မိေအာင္ျဖစ္ခဲ့ရသည္။


ဒါေၾကာင့္ Romeo ရဲ႕ဆႏၵက အရမ္း႐ိုးရွင္းခဲ့သည္။ သူက ခ်န္ပီယံဆုနဲ႔ အႏိုင္ရၿပီး ေနေအာက္မွာလြတ္လပ္စြာေနထိုင္ခ်င္သည္။

Zhou Yun Sheng သည္ အခ်က္အလက္မ်ားကိုဖတ္ၿပီး နံရံေပၚရွိ ပိုစတာကိုၿပဳံးျပလိုက္သည္။ ထို႔ေနာက္ေျပာင္ေလွာင္ေနေသာ သူ႔ကိုကဲ့ရဲ႕ေနေသာ ၿပိဳင္ပြဲဝင္မ်ားကိုေရွာင္ကြင္းၿပီး သူ႔အခန္းသို႔ျပန္သြားသည္။ မွန္ေရွ႕မွာ ရပ္ေနၿပီး သူက  Romeo ရဲ႕ေပ်ာ့ေပ်ာင္းေသာဆံပင္ ပင့္လိုက္ၿပီး လွပတဲ့ မ်က္ႏွာေလးကို ဂ႐ုတစိုက္ၾကည့္ရႈလိုက္သည္။

သူ႔ရဲ႕ပုံစံက ဘုရားသခင္ထုဆစ္လိုက္တဲ့ နတ္သားေလးလို ႏူးႏူးညံ့ညံ့နဲ႔ လွပတဲ့ ပုံစံေလးျဖစ္သည္။ သူက ႂကြက္သားေတြနဲ႔ ေယာက်ာ္းပီသ ခန႔္ညားတဲ့ ပုံစံမရွိသလို လိင္ဆြဲအားျပင္းတဲ့ပုံလည္း မပိုင္ဆိုင္ထားေပ။ အထူးသျဖင့္ သူ႔ထံတြင္ ေခ်ာေမြ႕လွပသည့္ က်န္းမာသန္စြမ္းသည့္ အသားအေရ၊ ပိုးသားလို ႏူးညံ့ၿပီး ေပ်ာ့ေျပာင္းသည့္ ဆံႏြယ္ႏွင့္ မိုးျပာေရာင္ အေရာင္ေတာက္ေတာက္ ရွိေသာမ်က္လုံးမ်ားသည္ သူ၏အစြမ္းထက္ဆုံးလက္နက္ျဖစ္သည္။ ဒီမ်က္ဝန္းေလးေတြနဲ႔ စိုက္ၾကည့္လိုက္ရင္ ဘယ္သူမွ သူ႔ေတာင္းဆိုခ်က္ကို ျငင္းဆန္ႏိုင္မည္ မဟုတ္ေပ။

Zhou Yun Sheng ၏အျမင္တြင္ Romeo ၏အသြင္အျပင္သည္ Hayden ႏွင့္ Emily ထက္ လုံးဝမေလ်ာ့ေသာ္လည္း ဒီေကာင္ေလးက သူ႔အလွကို ဘယ္လိုေဖာ္ထုတ္အသုံးခ်ရမည္ကို မသိခဲ့ျခင္းသာျဖစ္သည္။

 Hayden က သူ႔ကို ပစ္မွတ္ထားၿပီး ၿပိဳင္ပြဲကေန ထြက္ေအာင္ လုပ္ရတာတာ လက္ရွိ သူ႔ရဲ႕သူရဲေကာင္းပုံစံ မ်က္ႏွာက လူႀကိဳက္မ်ားေနတယ္ဆိုေပမယ့္ Romeo ရဲ႕ နတ္သားအသြင္ျပင္ ပုံစံေလးက ၿပိဳင္ပြဲစင္ျမင့္ေပၚမွာ သူကေသခ်ာေပါက္ ေအာင္ျမင္မႈကို ရရွိမယ္ဆိုတာကို သိေနလို႕ျဖစ္သည္။

ဖက္ရွင္နယ္ပယ္တြင္ေျခကုပ္ယူရန္ လွပေသာအသြင္အျပင္နွင့္ မလုံေလာက္ပါ။ သင့္မွာ ထူးျခားေသာ အညိဳ႕ဓါတ္ရွိရမည္။ ထို႔ေၾကာင့္မင္းကို ပထမတစ္ခ်က္ၾကည့္ၿပီးေနာက္ မေမ့ႏိုင္စရာျဖစ္ေနမွာျဖစ္သည္။ Hayden ရဲ႕ ရုပ္ပိုင္းဆိုင္ရာ ႀကည့္ေကာင္းတယ္ဆိုေပမယ့္ ျမင္ရသူရင္မွာ စြဲျငိေစတဲ့ အညိဳ႕ဓါတ္ကင္းမဲ့ေနသည္။ 

သို႔ေသာ္ Romeo က အမ်ားနွင့္မတူ တမူ ကြဲျပားျခားနားေနသည္။ Romeo သည္ မ်က္ေမွာက္ေခတ္တြင္ေပ်ာက္ဆုံးေနေသာ သန႔္ရွင္းစင္ၾကယ္ျခင္း နတ္သားေလးနွင့္ တူသည္။ သူက သန္းေပါင္းမ်ားစြာေသာ လူအုပ္ႀကီးထဲ ရပ္ေနလွ်င္ပင္ သူ႕ကို ထင္းခနဲ လူေတြ သတိျပဳမိျပီး ခ်က္ခ်င္း တန္းျပီးသိျမင္ႏိုင္သည္။ သူ၏႐ုပ္ဆင္းဟန္ပန္သည္ အလြန္အေရာင္ေတာက္ေနေပမုိ႕ သူ႕ ပါးစပ္က ေျပာလိုက္သည့္ မုန္းတီးစရာစကားလုံးမ်ားကို ထုတ္လႊင့္ျပသလိုက္သည့္အခ်ိန္တြင္ ပရိသတ္မ်ားကိုမေက်မနပ္ျဖစ္ေစခဲ့သည္။ Romeo သည္ လူအ တစ္ေယာက္ေတာ့မ ဟုတ္ပါ။ သူ႕သေဘာထားကို ေဖာ္ျပဖို႕ အခြင့္ေရးရလွ်င္ ဆုအားလံုးကို သိမ္းႀကံဳးရယူနုိင္သည့္ စိတ္ထားကို ိုပိုင္ဆုိင္ထားသည္။

သူ၏စင္ၾကယ္ေသာအသြင္အျပင္ႏွင့္ႏူးညံ့သိမ္ေမြ႕ေသာ ပံုစံေလးက ကမာၻ႔ေသြးအေအးဆုံးေသာလူသား၏ ခြင့္လႊတ္မႈကိုပင္ အလြယ္တကူ ရယူနုိင္သည္။

Hayden သည္ သူ၏အစြမ္းအစကို အစကတည္းကျမင္ခဲ့ၿပီး Romeoကိုအေစာပိုင္းျပိဳင္ပြဲမ်ားမွထုတ္ပယ္ရန္စီစဥ္ခဲ့သည္။ သို႔ေသာ္ ယခု Zhou Yun Sheng ဒီေနရာကို ေရာက္လာျပီးေနာက္ အနာဂတ္က အရမ္းကို ကြဲျပားျခားနားလိမ့္မည္။

=========================================

Chapter ( 1 ) _ Next Top Supermodel

Zhou Yun Sheng သည် နဂါးငွေ့တန်းတွင် အာကာသ၏စွမ်းအင်ကိုထုတ်ယူခဲ့ပြီး အလွန်ခေတ်မီ၊  ခမ်းနားထည်ဝါသော ဧည့်ခန်းတွင် တစ်ဖန်နိုးထလာခဲ့သည်။ ဘေးပတ်ပတ်လည်မှာ ဘယ်သူမှ မရှိပေမယ့် သေချာနားထောင်ကြည့်တော့ အပေါ်ထပ်မှာ ဆယ်လေးငါးနှစ်အရွယ် ဆက်ကျော်သက် ကောင်လေး၊ ကောင်မလေးတွေ ရဲ့ အသံကို အပေါ်ထပ်ကနေ ကြားလိုက်ရသည်။ နံရံများကိုကြီးမားတဲံ ဘောင်တွေနဲ့ အလှဆင်ထားသည့်  ပုံကြီးများဖြင့် တန်ဆာဆင်ထားပြီး ပုံတွေထဲက တစ်ပုံက အလွန်လှပသောအမျိုးသမီးတစ် ဦး ၏ပုံတူဖြစ်သည်။ ညာဘက်အောက်နားထောင့်တွင် Ariel Blanc ဆိုတဲ့ အမည်ကို ထင်ထင်ရှားရှားရေးထိုးထားသည်။

ဒီပုံနဲ့ဆန့်ကျင်ဘက်မှာ လူတစ် ဦး ၏ကြီးမားသောပုံကြီးတစ်ပုံ ချိတ်ဆွဲထားပြီး ဘယ်ဘက်အောက်ထောင့်တွင် TOP 1 နံပါတ်တစ် ဆိုသည့် စကားလုံးများဖြင့် မှတ်သားထားသည်။ ထိုသူသည် အဖြူရောင်ရှပ်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီနှင့်အလွန်မြင့်မြတ်သော ရည်မွန်သော ပုံစံကို တန်းခနဲမြင်ရနိုင်သည်။ သူက ဥရောပ စတိုင် သစ်သားကုလားထိုင်မှာထိုင်နေပြီး ညာဘက်လက်က သူ့ရွှေရောင်ဆံပင်တွေကို ပင့်တင်ရင်း မျက်ဝန်းတွေက အပြုံးဖျော့ဖျော့ပြုံးလို့နေသည်။

ထိုသူ၏ကိုယ်ခန္ဓာ၊ ရုပ်ဆင်းသဏ္ဌာန်သည် ချို့ယွင်းချက်မရှိအောင် ပြီးပြည့်စုံနေပြီး သူ့ရဲ့စူးရှထက်မြက်တဲ့ မျက်နှာ၊ နက်နက်ရှိုင်းရှိုင်းကြည့်တတ်တဲ့ မျက်ဝန်းတစ်စုံကြောင့် ဘယ်လို အမျိုးသမီး၊ အမျိုးသားမဆို သူ့ကြောင့် ရူးသွပ်လုနီးပါး ခံစားရမှာသေချာသည်။

Zhou Yun Sheng သည် ပိုစတာ၏ရှေ့၌ ထိုလူ၏ အချက်အလက်များကို စိတ်အားထက်သန်စွာ တစ်လေးတစ်စားနှင့် ဖတ်ရှုလို့နေသည်။ ထိုလူ၏ ပုံစံနှင့် စိတ်ထားသည် သူ့ချစ်သူင့်ဆင်တူသည်။ ဒါပေမယ့် သူက 187 စင်တီမီတာပဲ ရှိပြီး သူ့ချစ်သူအရပ်ကို မမှီပေ။ ဟိုးအရင်ကတည်းက သူ့ချစ်သူအရပ်က 6 ပေ 2 လက်မမြင့်သည်။

သံသယကင်းသွားပြီးနောက်  Zhou Yun Sheng သည် AI ကို စစ်ဆေးကြည့်ရှုလိုက်တဲ့အချိန် 007 က အချက်လက် အသစ်များကို ပေးပို့ထားလေပြီ။ သူက ဒီအချက်လက်ကို ဖတ်နေတုန်းမှာ ကောင်လေး၊ကောင်မလေးတွေက တစ်ယောက်ကို တစ်ယောက်တွန်းထိုးရင်းရယ်ရယ်မောမောနဲ့ လှေကားအောက်ကို ဆင်းလာကြသည်။ သူတို့အုပ်စုက ပိုစတာရှေ့မှာရပ်နေတဲ့ သူ့ကိုတွေ့တော့ သူတို့မျက်နှာပေါ်မှာ စိတ်ပျက်ရွံ့ရှာတဲ့အမူယာတွေပေါ်လာပြီး အားလုံး စကားသံတွေ တိတ်ဆိတ်သွားကြသည်။

ဒီခန္ဓာကိုယ်က အရမ်းဆိုးတဲ့အခြေအနေမှာ ရှိနေတယ်။ ဒီ villa အဆောက်ဦးတစ်ခုလုံးမှာ လျှို့ဝှက်ကင်မရာတွေ နေရာတိုင်းမှာ တပ်ဆင်ထားပြီး ကြည့်ရတာ မော်ဒယ်တွေရဲ့နေ့စဉ် ဘဝကို တင်ပြတဲ့ reality show လို ပုံစံဖြစ်ရမယ်လို့ သူတွေးလိုက်မိသည်။ ဒီအုပ်စုနောက်မှာ ကင်မရာမန်းတွေလည်း လိုက်လာပြီး သူတို့ပြောသမျှ လုပ်သမျှတိုင်းကို ရိုက်ကူးနေသည်ကို တွေ့ရသည်။


ဒီအချက်ကိုစဉ်းစားပြီး Zhou Yun Sheng အချက်အလက် အားလုံးကိုဖတ်လိုက်သည်။ မူရင်းကောင်လေး၏ဆန္ဒသည် အလွန်ရိုးရှင်းလွန်းသောကြောင့် သူက ဒီကမ္ဘာကို အားလပ်ရက်အဖြစ် သဘောထားနိုင်သည်ဟုပင် ခံစားလိုက်ရသည်။

ဤလောက၏အဓိက ဇာတ်လိုက်မင်းသမီးက တရုတ်လူမျိုး အမ်မလီတေလာအမည်ရှိ အမျိုးသမီးတစ် ဦး ဖြစ်ပြီး ၁၇၈ စင်တီမီတာရှည်သော နတ်သမီး မျက်နှာ၊ နတ်ဆိုးစိတ်ထားနဲ့ အလွန်ပါးနပ်သော မိန်းကလေး တစ်ဦးဖြစ်သည်။ ဒါကြောင့် လူတိုင်းက ဘုရားသခင်ကိုက်ထားတဲ့ ပန်းသီးလိုပဲ အပြစ်အနာအဆာ မကင်းကြဘူးလို့ ပြောကြခြင်းဖြစ်သည်။
အမ်မလီက မိန်းမအများစု မနာလိုစိတ်ဖြစ်စေလောက်တဲ့ အလှတရားရှိပေမဲ့ သူမမှာ ဝမ်းနည်းစရာကောင်းတဲ့ ကလေးဘဝအတွေ့ကြုံတွေရှိခဲ့သည်။  သူမ သုံးနှစ်သမီးအရွယ်တွင် ဖခင်ကိုဆုံးရှုံးခဲ့ရပြီး ဆင်းရဲနွမ်းပါးမှုကြောင့် သူမအမေက နောက်အိမ်ထောင်ပြုခဲ့ရသည်။ သူမတို့က နေရာအနံှံ့ကို လှည့်လည်နေထိုင်ခဲ့ရပြီး ဆင်းရဲနိမ့်ကျခြင်းကြောင့် သူမတို့ ဘဝမတည်မငြိမ်ဖြစ်ခဲ့သည်။ ထို့အပြင် သူမ၏ အသက်နှင့်မမျှ အရပ်မြင့်သောကြောင့် အရွယ်ရောက် မိန်းကလေးလို့ အထင်မှားပြီး မကြာခဏ နူတ်ဖြင့်လည်းကောင်း၊ အမူယာဖြင့် လည်းကောင်း အနိုင်ကျင့်စော်ကားခြင်းများကို ရင်ဆိုင်ခဲ့ရသည်။

သူမအထက်တန်းကျောင်းမှထွက်ပြီး ဘားတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ သူမက လူအမျိုးမျိုးကိုတွေ့မြင်ခဲ့ပြီး စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး အဖြစ်အပျက်များကိုကြုံတွေ့ခဲ့ရသည်။ သူမ အသက်နှစ်ဆယ် အရွယ်တွင် မိခင်ဖြစ်သူက သူမနှင့်သူမ
ပထွေးဖြစ်သူ ကို အိမ်ထဲသော့ခတ်ပေးပြီး သူမရဲ့ပြိုကွဲလုလု အိမ်ထောင်ရေးကို ကျားကန်ဖို့အတွက် သူမရဲ့သမီးဖြစ်သူ အပျိုလေးကို မုဒိမ်းကျင့်ခွင့်ပြုခဲ့သည်။ သူမက ပထွေးဖြစ်သူကို ရိုက်နှက်ပြီး အိမ်က ထွက်ပြေးလာခဲ့သည်။ သူမလက်ထဲ တစ်ပြားမှ မရှိတဲ့အချိန်မှာ  Next Supermodel ရွေးဖို့ ကပ်ထားတဲ့ ပိုစတာကိုတွေ့ပြီးမျှော်လင့်ချက်တွေနဲ့ စာရင်းပေးပြီး ဝင်ပြိုင်ခဲ့သည်။

ဒါက စူပါမော်ဒယ်ကမ္ဘာကြီးဖြစ်ပြီး လေထုတစ်ခုလုံး ဖက်ရှင်တွေနဲ့ပြည့်နေသည်။  Zhou Yun Sheng သည် တစ်ချိန်ကစူပါမော်ဒယ်နှင့်စူပါစတားကြီးဖြစ်ခဲ့သောကြောင့် အခုအခြေနေက သူ့အတွက် ဘယ်လိုမှ အခက်ခဲမရှိပဲ အလွန်သက်သောင့်သက်သာအနေထားတွင် ရှိနေသည်။

ဒီခန္ဓာကိုယ်ကို Romeo Parker လို့ခေါ်တယ်။ သူဟာ supermodel ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး နောက်ဆုံး ဆန်ခါတင် ၁၅ ယောက်ထဲတွင့်ရွေးချယ်ခံခဲ့ရတယ်။

ဒီ  reality show က အမ်မလီရဲ့ ဘုန်းမီးနေလတောက်ပခြင်းအတွက် အစပျိုးဖြစ်ခဲ့ပေမယ့်  Romeo အဖို့ ကံဆိုးခြင်းရဲ့အစဖြစ်ခဲ့သည်။

တကယ်တော့ Romeo ရဲ့ကလေးဘဝ အမ်မလီလိုပဲ ဆိုးဝါးခဲ့ရသည်။ သူ့မိဘများဆုံးပါးသွားပြီး အဒေါ်ရဲ့ပြုစုပျိုးထောင်မှုအောက်မှာ နေထိုင်ခဲ့ရသည်။ သူ့အဒေါ်က သားသမီးလေးယောက်နှင့် ငွေကြေးအဆင်မပြေလို့ အမြဲဒေါသထွက်နေတတ်သူဖြစ်သည်။ တကယ်လို့ Romeo ရဲ့မိဘတွေက သူ့ကိုများပြားတဲ့ အမွေကို မထားခဲ့ရင် သူမက သူ့ကိုမွေးစားမှာ မဟုတ်ဘူး။

Romeo က ငယ်ရွယ်စဉ်ကတည်းက ပိန်ပိန်ပါးပါးနဲ့ မိန်းကလေးတွေထက် အရမ်းလှလို့ ကျောင်းတွင် မကြာခဏ အနိုင်ကျင့်ခံရတတ်သည်။  သူ အသက် ၁၄ နှစ်အရွယ်မှာ သူဟာ မိန်းကလေးတွေကိုမကြိုက်ဘူးဆိုတာ ရုတ်တရက်သဘောပေါက်သွားသည်။ သူက ချောမောတဲ့ယောက်ျားလေးတွေကို အထူးဂရုစိုက်သတိပြုမိပြီး သူတို့နဲ့ပိုရင်းနှီးချင်လာသည်။  ဒီအချက်က သူ့ကို အလွန်စိတ်မသက်သာ ခံစားရစေသည်။

သူသည် မိမိကိုယ်ကို သံသယဖြင့် သုံးနှစ်ကြာ စိတ်ဆင်းရဲမှုကို ခံစားခဲ့ရပြီးနောက် မိမိကိုယ်ကို လေးစားမှု၊ ယုံကြည်မှု လျော့နည်းလာသည်နှင့်အမျှ သိမ်ငယ်စိတ်ကြောင့် သူ၏စရိုက်လည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ ဒီ ဂေးလ် ဆိုတဲ့ သိမ်ငယ်စိတ်ကို ကာဗာလုပ်ဖို့ သူက အပြင်ပန်းမှာ အရမ်းမာနထောင်လွှားပြီး ခေါင်းမာတဲ့ လူငယ်ပုံစံဖြစ်လာသည်။ သူ့ကိုထိခိုက်နစ်နာစေခဲ့သော လူအားလုံးကို တိုက်ခိုက်ရန်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားခဲ့သည်။ သူသည် လူသိရှင်ကြား နေထိုင်ပြီး တစ်ကမ္ဘာ့လုံးက အသိအမှတ်ပြုမှုကိုခံချင်ပေမယ့် တချိန်တည်းမှာပဲ မိမိရဲ့ဖြစ်တည်မှုကို ။ ဖုံးကွယ်ချင်ခဲ့သည်။

သူက " နောက်ထပ်စူပါမော်ဒယ်" အွန်လိုင်းကြော်ငြာကိုမြင်သောအခါ ရဲရင့်စွာဆုံးဖြတ်ချက်ချခဲ့သည်။ ဒီလိုနဲ့ သူက အမျိုးသား မော်ဒယ်လ်ဖြစ်လာသည်။ ကံကောင်းထောက်မစွာ အသက် ၁၅ နှစ်မှစ၍ သူအရပ်က ရှည်လာပြီး ၁၈ နှစ်မပြည့်သေးသော်လည်း ၁၈၃ စင်တီမီတာရှိပြီဖြစ်သည်။ သူ၏ အသွင်အပြင်က နူးညံ့ပြီး သူ့မျက်နှာကျ ပုံစံက အရမ်းကိုလှပသည်။ အထူးသဖြင့် သူ့ရဲ့ ပင်လယ်ပြာရောင် မျက်ဝန်းတစ်စုံပဲဖြစ်သည်။

သူက သမုဒ္ဒရာတစ်ခုလုံးကို သူ့မျက်လုံးတွေထဲမှာ သယ်ဆောင်နေသလိုပဲ၊ သူပုံစံက မွးကင်းစကလေးတစ်ယောက်လို နုနယ်ပြီး အပြစ်ကင်းတဲ့ ပုံပေါက်သည်။

သူ့ပုံပန်းသဏ္ဌာန်က အခြားမော်ဒယ်လ် တွေထက် နည်းနည်းလေးမှ မလျော့တဲ့အပြင် ဘယ်သူ့ဆီမှာမှ မရှိတဲ့ စင်ကြယ်ခြင်းဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့တယ်။ သူ့ဓာတ်ပုံနှင့်ဗီဒီယိုတွေကိုတွေ့တော့ ပြိုင်ပွဲကျင်းပသူများက ချက်ချင်း သူ့ကို လက်ခံခဲ့ခြင်းဖြစ်သည်။


ဒီအစီအစဉ်ကို တိုင်းပြည် A  က အကျော်ကြားဆုံး  ABC ရုပ်မြင်သံကြားဌာနမှ ရင်းနှီးမြှုပ်နှံခဲ့သည်။ အစီအစဉ်က အလားအလာရှိသောကြောင့် ABC သည်ကြည့်ရှုသူများအား ဆွဲဆောင်ရန်နှင့် ဒီအစီစဉ်ကို ပိုမိုကျော်ကြားစေဖို့ ပြိုင်ပွဲဝင်မော်ဒယ်များကို အကြားအလပ်မရှိ၂၄ နာရီလုံး ရိုက်ကူးထုတ်လုပ်ဖို့ များစွာသော ရိုက်ကူးရေးအဖွဲ့ကြီးကို စီစဉ်ပြီး အချိန်နဲ့တပြေးညီး ပြိုင်ပွဲဝင်မော်ဒယ်များအကြောင်းကို ထုတ်လွှင့်ပြသခဲ့သည်။

ဒါကပထမဆုံးရာသီဖြစ်ပြီး ဒုတိယ၊ တတိယ၊ စတုတ္ထမြောက်ပြိုင်ပွဲများလည်း ရိုက်ကူးပြသဦးမည်ဖြစ်သည်။ စူပါမော်ဒယ်လ်ဖြစ်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ကိုကိုင်ဆောင်ပြီး ဘယ်လိုအစွမ်းသတ္တိနဲ့ ပြိုင်ပွဲဝင်တွေက ရုန်းကန်နေရတယ်၊ မော်ဒယ်လ်တွေက ဘယ်အဆင့်အတန်းမှာရှိတယ်ဆိုတာ ဇာတ်လမ်းတွဲလိုပုံစံမျိုး တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်သည်။
ပြိုင်ပွဲဝင်အားလုံးလည်း ဒီစင်မြင့်ပေါ်တွင် မိမိတို့၏ရပ်တည်ချက်ကို ရှာဖွေနိုင်ကြသည်။

ယခုအစီအစဉ်သည် ယှဉ်ပြိုင်မှု ဇာတ်လမ်းသုံးခုကို ထုတ်လွှင့်ပြသခဲ့ပြီး၊ ပထမပြိုင်ပွဲတွင် အမ်မလီသည် ပထမဆုကိုရရှိခဲ့သည်၊ ဒုတိယပြိုင်ပွဲတွင်၊ အမ်မလီကပဲ ပထမဆုကို ထပ်မံရရှိခဲ့ပြီး တတိယပြိုင်ပွဲ၏ ပထမဆုရှင် ဟိုင်ဒန်ဘရောင်းက အမ်မလီ၏ရည်းစားဖြစ်လာသည်။

ပြိုင်ပွဲဝင်အားလုံးသည် အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား လူငယ်များ၊ ဖြစ်ကြပြီး ထူးချွန်မှုပေါင်းစုံ၊ အရပ်ရှည်ရှည်နဲ့ ရုပ်ရည်ချောမောကြပေမယ့် လူတိုင်းက ပြီးပြည့်စုံပြီး ဆွတ်ပြန့်ကြည်နူးဖွယ် အချစ်ဇာတ်လမ်းကိုမပိုင်ဆိုင်နိုင်ကြပေ။  Hayden သည်ကိုယ်ကာယ တောင့်တင်းသည့်အပြင် ရုပ်ရည်ချောမောပြီး သူ့မိသားစုနောက်ခံလည်း အလွန်ခိုင်မာသည်။ သူ့အဖေသည် ကမ္ဘာ့ထိပ်တန်းဖက်ရှင်ဒီဇိုင်နာ Valentine ဖြစ်ပြီး သူ့မိခင်ဖြစ်သူ ဆူစန်သည် အငြိမ်းစားယူခဲ့သည့် စူပါမော်ဒယ်တစ်ဦးဖြစ်သည်။ ဒီအချက်က လူတိုင်းရဲ့ အာရုံစိုက်မှုကို ဖမ်းယူနိုင်ခဲ့သည်။


အမ်မလီသည် အလွန်လိမ္မာပါးနပ်ပြီး ပရိယာယ်များသူဖြစ်သည်။ သူမ ကို နှစ်သက်သောပြိုင်ပွဲဝင်များထဲမှ အကောင်းဆုံးဆိုတဲ့သူကို သူမ လက်ထဲရောက်အောင် သေချာ အကွက်ချပြီး ရယူခဲ့သည်။

သူတို့နှစ်ဦး သည်တစ်ဦး ကိုတစ်ဦး နှစ်သိမ့်ပေး၊ တစ်ဦး ကိုတစ်ဦး ကူညီ။ အနိုင်ယူရင်း ထိပ်ဆုံး သုံးယောက်ထဲကို ဝင်လာကြသည်။ နောက်ဆုံး ဟေဒန်က သူ့ရည်းစားကို စူပါမော်ဒယ်လ်ခေါင်းစဉ်ပေးဖို့ စတင် လုပ်ဆောင်ခဲ့တယ်။ ဒီ့နောက်မှာ အမ်မလီက သူမရဲ့ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဘ၀ ကို စတင်ခဲ့သည်။

ဇာတ်လိုက်မရဲ့ လင်းလက်တောက်ပတဲ့ ရောင်ခြည်အောက်မှာ  Romeo က လှောင်ပြောင်နှိမ့်ချစရာ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့သည်။
သူက အနိုင်ရဖို့အရမ်းစိတ်အားထက်သန်တဲ့အတွက် ကစားသမားအားလုံးကို ရန်သူလို သဘောထားခဲ့သည်။ သူသည် သူတို့ရဲ့ ပုံပန်းသဏ္ဌာန်၊ ဝတ်စားဆင်ယင်မှု၊ မိတ်ကပ်လိမ်းခြယ်ပုံနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတို့ကို ဝေဖန်ခဲ့သည်။ Hayden နှင့် Emily ကို အသေရေဖျက်ရတာကို နှစ်သက်လို့ လူတိုင်းက သူ့ကိုပါးရိုက်ချင်တဲ့အထိ ဖြစ်လာကြသည်။

သူက လူကြိုက်အလွန်နည်းပြီး ပြိုင်ဖက်တွေထဲက တစ်ဦး သို့မဟုတ် နှစ်ဦး သာ သူ့ကို ကာကွယ်ရန် ဆန္ဒရှိကြသည်။ အများစုက Romeo သည် ဖြူကောင်နဲ့ အနံ့နံတဲ့ skunk ဆိုတဲ့ အမေရိကန် ကြောင်နဲ့ မျိုးစပ်ထားသည့် ရွံရှာဖွယ်အကောင်နဲ့ တူတယ်လို့ ထင်ပြီး သူနဲ့ ဘယ်သူမှ နီးနီးကပ်ကပ်ရင်းရင်းနှီးနှီးမနေချင်ကြပေ။


Zhou Yun Sheng ဒီကို ရောက်မလာခင် ၁၀ မိနစ်လောက်မှ သူက ဟေဒန်ရဲ့အောင်မြင်မှုကို ပုတ်ခတ်ပြီး ပြိုင်ပွဲဝင်အားလုံးရဲ့မုန်းတီးမှုကို အောင်မြင်စွာ ရယူနိုင်ခဲ့တာဖြစ်သည်။

ဒီပြိုင်ပွဲကို တရားမျှတမှုရှိစေရန် ပြိုင်ပွဲဝင်တွေရဲ့ ရမှတ် ကို အဓိက ဒိုင်လူကြီး ၃ ဦးကိုသာမက ကြည့်ရှုသူပရိတ်သတ်များကိုလည်း ဆိုရှယ်မီဒီယာတွင် မဲပေးခွင့်ပြုခဲ့သည်။ ဒိုင်တွေရဲ့ အမှတ်က ၄၀% သာရှိပြီးပရိသတ်က ၆၀ ရာခိုင်နှုန်းမဲပေးနိုင်ကြသည်။ တနည်းအားဖြင့်ပရိသတ်က မင်းကို လုံးဝမကြိုက်ရင်တောင် မင်းက ပြိုင်ပွဲက ထွက်စရာမလိုပါဘူး။

ပရိတ်သတ်ဆိုတာ ဒိုင်တွေလို အရည်ချင်းကို မကြည့်တတ်ကြဘူး။ ပြီးတော့သူတို့က သူတို့ချစ်တဲ့ အနုပညာရှင်ကို ဘက်လိုက်တဲ့ စိတ်ထားတွေရှိကြပေမယ့် ပရိတ်သတ်ရဲ့ အမြင်က အနုပညာရှင်တစ်ယောက်အတွက် အရေးကြီးတယ်။ အနုပညာရှင်က ဘယ်လောက်တော်တော် ပရိတ်သတ်မရှိပဲ မရပ်တည်နိုင်ဘူး။ ဒါကြောင့် ပရိတ်သတ်ရဲ့ အသည်းနှလုံးကို ခိုးယူနိုင်ဖို့ ပြိုင်ပွဲဝင်မော်ဒယ်တွေရဲ့ အပြုအမှု၊ အပြောအဆို၊ အဝတ်အဆင်က အရမ်းအရေးပါတယ်။

ပထမတော့ Romeo ရဲ့ထူးချွန်အသွင်အပြင်နဲ့ ရုပ်ရည်ကြောင့် လူကြိုက်အများဆုံးဖြစ်ခဲ့ပေမယ့် သူ့ သရုပ်ဆောင်စွမ်းရည်က သာမန်ပဲဖြစ်သည်။ ဒါ့အပြင် သူ့ဇာတ်ရုပ်တွေက အရမ်းညံ့ဖျင်းတဲ့နေရာ တွေပဲရပြီး လူတွေရဲ့နှစ်သက်မှုက လျော့လာတယ်။ အထူးသဖြင့်
 Hayden နှင့် Emily တို့ကိုတိုက်ခိုက်ခြင်းကြောင့် ဒီဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ကြီးမားသော fan တွေကိုဒေါသထွက်စေခဲ့သည်။

သူရဲ့အသားတင်ရမှတ် နိမ့်ကျလာခဲ့ပြီး လာမယ့်အစီအစဉ်မှာ Hayden သူ့ဆံပင်ကို အားလုံးရိတ်ပြစ်ကြီး ကတုံးတုံးဖြစ်အောင် လာဘ်ထိုးထားလို့ နောက်ဆုံးမှာ သူက ပြိုင်ပွဲကနေ ဖယ်ရှားပစ်ခြင်းကို ခံရမှာဖြစ်သည်။

Romeo သည်အလွန်ထိရှလွယ်သော လူငယ်တစ်ဦးဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် သူ့ဇာတိမြို့သို့ပြန်သွားသောအခါ သူ့စိတ်တွေ ပြိုလဲသွားခဲ့သည်။ သူက စိတ်ကျပြီး မူးယစ်ဆေးကို သုံးစွဲမိလာပြီး နောက်ဆုံး အသက် 30 မှာ အဆီပိတ်ပြီး နှလုံးရောဂါနဲ့ အိပ်ယာထဲမှာ အသက်ဆုံးပါးသွားရသည်။ အိမ်နီးချင်းတွေက ရဲကိုအကြောင်းကြားတဲ့အချိန်မှာ အိပ်ယာထက်မှာ ပုပ်ပွနေတဲ့ ဖက်တီးကောင်က တချိန်က နတ်သားလေးလို လှပတဲ့ကောင်လေးဆိုတာ မမှတ်မိအောင်ဖြစ်ခဲ့ရသည်။


ဒါကြောင့် Romeo ရဲ့ဆန္ဒက အရမ်းရိုးရှင်းခဲ့သည်။ သူက ချန်ပီယံဆုနဲ့ အနိုင်ရပြီး နေအောက်မှာလွတ်လပ်စွာနေထိုင်ချင်သည်။

Zhou Yun Sheng သည် အချက်အလက်များကိုဖတ်ပြီး နံရံပေါ်ရှိ ပိုစတာကိုပြုံးပြလိုက်သည်။ ထို့နောက်ပြောင်လှောင်နေသော သူ့ကိုကဲ့ရဲ့နေသော ပြိုင်ပွဲဝင်များကိုရှောင်ကွင်းပြီး သူ့အခန်းသို့ပြန်သွားသည်။ မှန်ရှေ့မှာ ရပ်နေပြီး သူက  Romeo ရဲ့ပျော့ပျောင်းသောဆံပင် ပင့်လိုက်ပြီး လှပတဲ့ မျက်နှာလေးကို ဂရုတစိုက်ကြည့်ရှုလိုက်သည်။

သူ့ရဲ့ပုံစံက ဘုရားသခင်ထုဆစ်လိုက်တဲ့ နတ်သားလေးလို နူးနူးညံ့ညံ့နဲ့ လှပတဲ့ ပုံစံလေးဖြစ်သည်။ သူက ကြွက်သားတွေနဲ့ ယောကျာ်းပီသ ခန့်ညားတဲ့ ပုံစံမရှိသလို လိင်ဆွဲအားပြင်းတဲ့ပုံလည်း မပိုင်ဆိုင်ထားပေ။ အထူးသဖြင့် သူ့ထံတွင် ချောမွေ့လှပသည့် ကျန်းမာသန်စွမ်းသည့် အသားအရေ၊ ပိုးသားလို နူးညံ့ပြီး ပျော့ပြောင်းသည့် ဆံနွယ်နှင့် မိုးပြာရောင် အရောင်တောက်တောက် ရှိသောမျက်လုံးများသည် သူ၏အစွမ်းထက်ဆုံးလက်နက်ဖြစ်သည်။ ဒီမျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်လိုက်ရင် ဘယ်သူမှ သူ့တောင်းဆိုချက်ကို ငြင်းဆန်နိုင်မည် မဟုတ်ပေ။

Zhou Yun Sheng ၏အမြင်တွင် Romeo ၏အသွင်အပြင်သည် Hayden နှင့် Emily ထက် လုံးဝမလျော့သော်လည်း ဒီကောင်လေးက သူ့အလှကို ဘယ်လိုဖော်ထုတ်အသုံးချရမည်ကို မသိခဲ့ခြင်းသာဖြစ်သည်။

 Hayden က သူ့ကို ပစ်မှတ်ထားပြီး ပြိုင်ပွဲကနေ ထွက်အောင် လုပ်ရတာတာ လက်ရှိ သူ့ရဲ့သူရဲကောင်းပုံစံ မျက်နှာက လူကြိုက်များနေတယ်ဆိုပေမယ့် Romeo ရဲ့ နတ်သားအသွင်ပြင် ပုံစံလေးက ပြိုင်ပွဲစင်မြင့်ပေါ်မှာ သူကသေချာပေါက် အောင်မြင်မှုကို ရရှိမယ်ဆိုတာကို သိနေလို့ဖြစ်သည်။

ဖက်ရှင်နယ်ပယ်တွင်ခြေကုပ်ယူရန် လှပသောအသွင်အပြင်နှင့် မလုံလောက်ပါ။ သင့်မှာ ထူးခြားသော အညို့ဓါတ်ရှိရမည်။ ထို့ကြောင့်မင်းကို ပထမတစ်ချက်ကြည့်ပြီးနောက် မမေ့နိုင်စရာဖြစ်နေမှာဖြစ်သည်။ Hayden ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြည့်ကောင်းတယ်ဆိုပေမယ့် မြင်ရသူရင်မှာ စွဲငြိစေတဲ့ အညို့ဓါတ်ကင်းမဲ့နေသည်။ 

သို့သော် Romeo က အများနှင့်မတူ တမူ ကွဲပြားခြားနားနေသည်။ Romeo သည် မျက်မှောက်ခေတ်တွင်ပျောက်ဆုံးနေသော သန့်ရှင်းစင်ကြယ်ခြင်း နတ်သားလေးနှင့် တူသည်။ သူက သန်းပေါင်းများစွာသော လူအုပ်ကြီးထဲ ရပ်နေလျှင်ပင် သူ့ကို ထင်းခနဲ လူတွေ သတိပြုမိပြီး ချက်ချင်း တန်းပြီးသိမြင်နိုင်သည်။ သူ၏ရုပ်ဆင်းဟန်ပန်သည် အလွန်အရောင်တောက်နေပေမို့ သူ့ ပါးစပ်က ပြောလိုက်သည့် မုန်းတီးစရာစကားလုံးများကို ထုတ်လွှင့်ပြသလိုက်သည့်အချိန်တွင် ပရိသတ်များကိုမကျေမနပ်ဖြစ်စေခဲ့သည်။ Romeo သည် လူအ တစ်ယောက်တော့မ ဟုတ်ပါ။ သူ့သဘောထားကို ဖော်ပြဖို့ အခွင့်ရေးရလျှင် ဆုအားလုံးကို သိမ်းကြုံးရယူနိုင်သည့် စိတ်ထားကို ိုပိုင်ဆိုင်ထားသည်။

သူ၏စင်ကြယ်သောအသွင်အပြင်နှင့်နူးညံ့သိမ်မွေ့သော ပုံစံလေးက ကမ္ဘာ့သွေးအအေးဆုံးသောလူသား၏ ခွင့်လွှတ်မှုကိုပင် အလွယ်တကူ ရယူနိုင်သည်။

Hayden သည် သူ၏အစွမ်းအစကို အစကတည်းကမြင်ခဲ့ပြီး Romeoကိုအစောပိုင်းပြိုင်ပွဲများမှထုတ်ပယ်ရန်စီစဉ်ခဲ့သည်။ သို့သော် ယခု Zhou Yun Sheng ဒီနေရာကို ရောက်လာပြီးနောက် အနာဂတ်က အရမ်းကို ကွဲပြားခြားနားလိမ့်မည်။

=========================================



Continue Reading

You'll Also Like

38.8K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
426K 63.3K 47
အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟက္ကာတစ္ေယာက္ကိုဘဝမ်ားစြာျပန္လည္ေမြးဖြားဖုိ႕ Lod God System ကေ႐ြးခ်ယ္ခဲ့သည္။ ကမာၻႀကီးအဆုံးသတ္သြားေတာ့ အရာအားလံုးက ပ်က္စီးသြားျပ...
102K 10.8K 52
Author - 晏十日 Total chapter - 24 Chapters Mm translator - Dora_luci Start date - 1.8.2021 End date - 25.9.2021 I don't own this story. Credit to all A...
63.7K 9K 69
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...