လက်ထပ်လက်စွပ်ကလေး

By Natpankalay

181K 26.4K 1.3K

#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32 Final Part

Part-7

4.8K 873 16
By Natpankalay

Episode-7

ချန်းယောလ် အလုပ်ကပြန်လာတာနှင့် ဧည့်ခန်းအတွင်းက သာသာယာယာရယ်မောသံတွေအတိုင်းသားကြားနေရသည်။ ဘတ်ဟျွန်း ၏အသံဆာဆာကလေးတွေရယ်..သူဌေးကတော်ပတ်၏ သဘောတကျရယ်မောသံတွေရယ်.က အိမ်ကို စိုပြည် စေတာမို့ သဘောမကျဘူးလို့မျက်စိမှိတ်ဇွတ်ကြွေးကြော်နေသည့်  ချန်းယောလ် သည်ပင် ယောင်ယောင်လေး ပြုံးမိသွားရ၏။

“သြော် ချန်းယောလ်လီ .လာ သား ဒီနေ့စောတယ်နော်. သားအဖေ တောင် ပြန်မလာသေးဘူး။”

“ဖေဖေက သူဌေးတစ်ယောက်နဲ့တွေ့ဖို့ရှိနေတယ် မေမေ.ကျွန်တော်က ချိန်းထားတာလေးရှိလို့ပါ.”

သူဌေးကတော်ပတ် ရှေ့မှာ ချန်းယောလ် ခဏဝင်ထိုင်လိုက်တော့ ကြမ်းခင်းမှာထိုင်ကာ ချန်းယောလ်ကို မော့ကြည့်နေသည့် ဘတ်ဟျွန်းက လှစ်ခနဲထသွားသည်။ဒီတစ်ခါတော့ ဘတ်ဟျွန်းက ခရမ်းဖျော့ရောင်ဝတ်စုံလေးဖြင့် ဖြစ်သည်။ ထမင်းစားခန်းထဲ က ပြန်ထွက်လာသည့် ဘတ်ဟျွန်းလက်ထဲတွင် အသီးဖျော်ရည်လေးတစ်ဖန်ခွက်ပါလာ၏။

“ပင်ပန်းလာတယ်မလား..အင့် ဒါလေးသောက်လိုက်ပါဦး”

“အိုက်ဂူး-- ကြည့်ပါဦး အွန်းလေးက သူ့ကိုကို ကို သိတတ်လိုက်တာ.”

အစက အကောင်းမြင်မလိုစိတ်ကလေးက မေမေ ချီးကျူးတာကြားပြီး ပြုံးစစလေးဖြစ်နေသည့် ဘတ်ဟျွန်းကိုကြည့်မိတော့ အချဉ်ပေါက်သွားရသည်။တမင်သက်သက် မေမေ့ရှေ့မှာမှ အမှတ်ယူနေသည်မလား။ ကမ်းပေးလာသည်ကို ချန်းယောလ် လှမ်းယူလိုက်ကာ-

“မင်း ကိုယ်တိုင်လုပ်ထားတာတော့ မဟုတ်ဘူးမလား”

“ဟင့်အင်း အဒေါ်ကြီးကို ကျွန်တော် ဖျော်ခိုင်းလိုက်တာ။ကိုိုကိုချန်းယောလ် နဲ့ဖေဖေ လာရင် တိုက်မလို့လေ။”

ချန်းယောလ်က အသိအမှတ်မပြု။ဟွန့်ခနဲအသံပြုကာ အသီးဖျော်ရည်ကိုသာ သောက်နေသည်။ဘတ်ဟျွန်းက ချန်းယောလ် ဘေး တွင်လာကပ်ထိုင်နေတာတော့ ချန်းယောလ် စောင်းငဲ့ကြည့်မိသည်။

“ဘာလဲ”

“အပြင်သွားမလို့မလား။ကျွန်တော့်ကိုလည်းခေါ်သွားပါလား။ဒီမှာ တစ်ပတ်လောက်ရှိပြီ အိမ်ထဲမှာဆိုတော့ ကျွန်တော် အပြင်သွားချင်တယ်။လေ့လာစရာလေးတွေလည်းကြည့်ချင်တာမို့”

“ဟိုတစ်နေ့ကပဲ မေမေ နဲ့ ဈေးလိုက်သွားတယ်မလား။”

မေမေနဲ့ စင်တာလိုက်သွားခဲ့တော့ ဘတ်ဟျွန်းကို စိတ်ဝင်တစားလိုက်ကြည့်ကြတာကို မေမေက သဘောတကျ ပြန်ပြောပြ ခဲ့ပေမယ့် ဘတ်ဟျွန်း၏ ဝတ်စားဆင်ယင်မှုပုံစံဖြင့် ခု ချန်းယောလ်ကတော့ ခေါ်မသွားချင်ပါ။ တခြားသူတွေ စုပြုံလိုက်ကြည့် စိတ်ဝင်စားကြမှာလည်း ချန်းယောလ် မကြိုက်။ခုက တခြားသူနဲ့သွားတွေ့မှာလဲ မဟုတ်။ဟန်ဘီတို့အုပ်စုနှင့် စကားပြောဆို သောက်စားကြမည့်ကိစ္စ။

“မဖြစ်ဘူး.”

“ကိုကိုကလည်း ကျွန်တော်က ကိုကိုနဲ့လိုက်ချင်လို့ပါနော်. ”

“ခေါ်သွားလိုက်ပါ သားရယ်။ကလေးက လိုက်ချင်နေတာကို။ သား ဒီည အလည်သက်သက်သွားမှာမလား။ ကလေးကိုလည်းပေးပျော်လိုက်ပါ။ ဘာပဲဖြစ်ဖြစ် မေမေတို့လို့လူကြီးနဲ့သွားတော့ သူ ဘယ်ပျော်ရှာလိမ့်မလဲ.ခေါ်သွားလိုက်နော်.”

ချန်းယောလ် တစ်ခုခု တောင်မပြောရသေး။ ဖေဖေ့ဆီက ဖုန်ုးဝင်လာသော မေမေက နေရာမှ ထသွားခဲ့သည်။ချန်းယောလ် စိတ်ညစ်ညူးရရင်းဘေးနားကနေ မျက်လုံးဘလင်းဘလင်းနှင့်ကြည့်နေသော ဘတ်ဟျွန်းကို သာကြည့်လိုက်မိတော့ သည်။ အိမ်ပေါ်ထပ် အခန်းထဲတက်လာတော့လည်း ထပ်ချပ်မကွာ။

“ကိုကိုချန်းယောလ်.”

“လိုက်မယ်ဆို အဝတ်လဲလေ.ငါ က ကလပ်ကိုသွားမှာ။ မင်း ဒီပုံစံနဲ့ဘယ်ဖြစ်မလဲ.”

“အဲ့ဒါဆို ဘယ်လိုလုပ်မှာလဲ။ကျွန်တော် အမြဲတမ်းဒီလိုပဲ ဝတ်နေကျပဲကို.”

“မတတ်နိုင်ဘူးလေ. မလဲရင် လိုက်လို့မရဘူး။ငါ မလိုက်ခိုင်းတာမဟုတ်ဘူးနော်.။မင်း ကလပ်ထဲကို ဝင်လို့ကိုမရတာ။”

ချန်းယောလ် ပုခုံးတွန့်လျက် ခပ်မြူးမြူးလေးပြောလိုက်သည်။အပေါ်ကုတ်ကိုချွတ်ကာ အခန်းထဲက တိုင်မှာချိတ်လိုက်ပြီးနောက်  ရေချိူးရန်အတွက် အောက် က အင်္ကျီအကုန်လုံးကိုပါ ချွတ်လိုက်တော့ ချန်းယောလ် ကိုယ်အပေါ်ပိုင်းက ဗလာကျင်းသွား၏။

“ဒါနဲ့ က လပ် ဆိုတာ ဘာလဲဟင်.”

“ဘာ.. မင်း ကလပ်ကိုတောင်မသိဘူးလား တကယ်ကြီး.”

မယုံနိုင်သလိုကြည့်လာသည့် ချန်းယောလ် က လှောင်ရယ်သံဟဟ။ ဘတ်ဟျွန်း မျက်လုံးမှေးလျက် မကျေနပ်မနပ်စိုက် ကြည့်လာသည်။ဒါ ဘတ်ဟျွန်း ၏ သင်ခန်းစာ သင်ကြားရေးနှောင့်နှေးတာကို လှောင်ချင်သည့်သဘော.။

“မသိလို့ပေါ့ဗျာ.။ဒါက အပြစ်လား.။”

“ဟက်-ဟက်. ဟုတ်ပါပြီ။ ကလပ်က သီချင်းသံတွေ တီးလုံးတွေ ကြားမှာ အတော်ပျော်စရာကောင်းတာမျိူးပေါ့.အပန်းပြေတယ်လေ.ဟွန်း--ငါတို့အွန်းလေးကတော့ အိမ်မှာပဲနေခဲ့ပေါ့နော်။”

ဘတ်ဟျွန်းကို ခေါင်းဖွဖွလေးပုတ်လျက် ချန်းယောလ်က အခန်းထဲဝင်သွားသည်။ချန်းယောလ်၏တောင့်တင်းခိုင်မာလှသည့် ဝမ်းဗိုက်ကြွက်သားတွေကို က ငေးခနဲငေးဖြစ်အောင် ငေးလိုက်သေးသည်။ချန်းယောလ် ရေချိူးခန်းထဲဝင်သွားတော့ သူ့ ကုတင် မှာ တက်ထိုင်ရင်းတွေတွေလေးစဉ်းစားနေမိသည်။ကလပ်ဆိုတာကို ဘတ်ဟျွန်း လည်းရောက်ဖူးချင်သည်။ သို့ပေမယ့် ဒီလိုမဝတ်လို့ ဘတ်ဟျွန်းက ဘယ်လိုမျိူးဝတ်ရမှာလဲ။ဟိုနေ့က မေမေ ဝယ်ပေးသည့် ဒီဘက်ခေတ်ပုံစံဆန်းဆန်းလေးတွေ လည်း ပါလာတာမို့ ဘတ်ဟျွန်း ယတိပြတ်ဆုံးဖြတ်လိုက်သည်။သူ တကယ်ပဲ ချန်းယောလ်နှင့်လိုက်သွားချင်တာမို့။

“ခုထိ  ငါ့အခန်းထဲမှာရှိနေသေးတာလား။”

“လိုက်မယ်.ကျွန်တော် လိုက်ချင်တာမို့ ကိုကို ချန်းယောလ်ပြောတဲ့အတိုင်းလုပ်ပါ့မယ်။”

ချန်းယောလ်က ခေါင်းကိုတဘက်တစ်ထည်ဖြင့် ဖိသုတ်နေရင်းက ခေါင်းဆတ်လိုက်သည်။သဘောပေါ့ . လိုက်မယ်ဆိုလည်း။ နောက်ဆုံးတော့ ချန်းယောလ် အဝတ်လဲပြီးတာကို စောင့်ပြီး ဘတ်ဟျွန်းက ချန်းယောလ် လက်ကိုဆွဲလျက် ဘတ်ဟျွန်းအခန်း ထဲကိုခေါ်သွားသည်။အခန်းဗီရိုထဲမှာက အဝတ်အစားဒီဇိုင်းစုံတွေ..ဘတ်ဟျွန်းအတွက် မေမေ ဝယ်ပေးခဲ့သည်ဟု ဆို၏။

“ဘယ်တစ်ခုဝတ်ရမလဲ”

“အဟွန်း ငါတို့မေမေကတော့ငါ့အတွက်တော့ ဒီနောက်ပိုင်းအချိန်ပေးမဝယ်ပေးဘဲနဲ့ ဒီကောင်လေးကျမှ.”

ချန်းယောလ် မကျေနပ်စွာ တီးတိုးရွတ်ဆိုလျက်မှ ဗီရိုထဲက အဝတ်တွေကို တစ်ခုချင်းထုတ်ယူကြည့်ရင်း ကုတင်ပေါ်ပစ် တင် လိုက်သည်။နောက်ဆုံးတော့ အနက်ရောင် ဘောင်းဘီကျပ်ကျပ်လေးနှင့် ပုခုံးစွန်းတွင် တြိဂံပုံစံအပေါက်လေးနှစ်ပေါက်ပါသည့် အနက်ရောင် အင်္ကျီရှည်ကို ချန်းယောလ် စိတ်တိုင်းကျသွားသည်။

ကျွတ်--ငါ က ဘာလို့အင်္ကျီ ပါ လိုက်ရွေးပေးရတဲ့ အဆင့်ဖြစ်ပြန်ပြီလဲ.. ဘာတွေလုပ်နေမိပြန်လဲမသိ။

“ဒါ ဝတ်-- ”

“သိပါပြီ.”

ဘတ်ဟျွန်းက သူ့ဝတ်ရုံအထပ်ထပ်ကို ချန်းယောလ် ရှေ့မှာပဲ ချွတ်ပြန်သည်။ချန်းယောလ် ခေါင်းခါလိုက်ရင်း ဘတ်ဟျွန်း ကုတင်ပေါ်တက်ထိုင်ရင်း ခေါင်းရင်းကို ကျောမှီလျက် ဖုန်းသုံးနေလိုက်သည်။

“ဒါလေး လုပ်ပေးပါဦး”

“Yah !!”

ချန်းယောလ် မျက်စိရှေ့နားကို ရုတ်တရက်ကြီးရောက်လာသည့် ဘတ်ဟျွန်း၏ဘောင်းဘီဇစ်နေရာကြောင့် မျက်လုံးပြာသွား သလိုတောင်ခံစားလိုက်ရသည်။ဘတ်ဟျွန်းက ကုတင်တစ်ဖက်ခြမ်းကနေ တက်လာပုံရပြီး ခု ချန်းယောလ်ဘေးနားမှာ ဒူးထောက်လျက် ကိုယ်မတ်ထားလေတော့ ဘတ်ဟျွန်း၏ အလယ်ပိုင်းက ချန်းယောလ် မျက်နှာရှေ့နားတဝဲလည်လည်။

“ဘာလဲ!”

ခပ်မာမာအော်ပစ်လိုက်တော့ ဘတ်ဟျွန်းက နှုတ်ခမ်းသေးသေးလေးမဲ့သွားပြီးမှ.

“ဒါက လုပ်လို့မရဘူးလေ. လုပ်ပေးဦးလို့”

“ကျွတ်--စိတ်ညစ်တယ် ဘတ်ဟျွန်းရဲ့..စိတ်ညစ်တယ်..မင်းကြောင့် အသက်ကိုမရှင်ချင်တော့ဘူး။”

ဒီလိုပြောလည်း ဘတ်ဟျွန်းမျက်နှာလေးက မှုန်တေတေ.။အင်္ကျီကတော့ဝတ်ထားပြီးသည်မို့ ရှည်နေသည့် အင်္ကျီကို သူက မထားပေးသည်မို့ ဗိုက်သားဖွေးဖွေးလေးကလည်း ချန်းယောလ် သေသေချာချာမြင်နေရသည်။ပြီးတော့ ဇစ်မတပ်ရသေးသည့် ဘောင်းဘီမို့ လျှိူ့ဝှက်အပ်သည့် အတွင်းခံအဖြူရောင်လေးကို လည်းအတိုင်းသားမြင်နေရသည်။ ချန်းယောလ် ကလေးလည်း မချစ်တတ်။ထိန်းလည်းမထိန်းချင်ပါဘဲနှင့် ဒီလိုအရွယ်ရောက်နေပြီးသား လူတစ်ယောက်ကိုကလေးလို လှုပ်ပေးနေရတာ စိတ်ဆင်း ရဲလှပါ၏။သို့သော်လည်း--- ဇစ်ကိုသေချာထိန်းတပ်ပေးရတော့သည်။တော်ကြာ  မတော်တရော်နေရာကို ညှပ်မိသွား မှဖြင့်-----

ဘတ်ဟျွန်းက အိပ်ရာပေါ်မှ လှစ်ခနဲပြန်ဆင်းသွားတော့ ဘောင်းဘီကျပ်ကျပ်မို့ ပေါင်သားလုံးလုံးလေးတွေ တင်ပါး လုံးလုံးလေးတွေက ချန်းယောလ်မကြည့်လည်းမြင်နေရသည်။ဘတ်ဟျွန်းက ကိုယ်လုံးပေါ်မှန်ကြီးရှေ့သွားရပ်ကာ သူ့ပုံသူကြည့်ရင်း ရယ်နေသေးသည်။

“ဘယ်လိုကြီးလဲမသိပါလား”

ဘတ်ဟျွန်း၏အနက်ရောင်အင်္ကျီ ပွပွက ခပ်ရှည်ရှည်ကို မှအင်္ကျီလက်ကလည်းရှည်သည်မို့ လက်ဖျားလေးတွေပါ ဖုံးနေသည်။အသားကဖွေးဖွေးမို့အနက်ရောင်နှင့်ပနံသင့်စတိုင်ကျနေသည်။တစ်ခုပဲ.. ခေါင်းပေါ်က နဖူးစည်းနှင့်ဆံပင်တွေ..။ဒါ လေးက ဖျက်နေသည်။ ချန်းယောလ် ကုတင်ပေါ်ကဆင်းလာကာ ဘတ်ဟျွန်းနား ရောက်လာခဲ့သည်။ မှန်ရှေ့က ဘတ်ဟျွန်းနောက်မှာရပ်ရင်းနဖူးစည်းကြိုးလေးကို ခပ်သွက်သွက်ဖြည်လိုက်သည်။

“ဘာလို့”

“တိတ်တိတ်နေ.”

ဘတ်ဟျွန်းဆံပင်ရှည်က ပါးတာမို့ လိပ်တင်လို့ရနေသည်။ ဆံစတွေကို ဖွဖွလေးကိုင်တွယ်လိပ်တင်ရင်း ခေါင်းပေါ်မှာ အမဲရောင် ကလစ်သေးသေးလေးနှင့် ညှပ်လိုက်သည်။ဘတ်ဟျွန်းက ဆံပင်ရှည်တာမို့ မေမေက လိုအပ်မည်ထင်သည့် ဆံပင်သုံး ပစ္စည်းတွေကိုလည်း အကုန်ဝယ်ထားပေးသေးသည်။ ထို့နောက် အနက်နှင့်အနီစပ်လျှာထိုးဦးထုပ်လေးကို ထို အပေါ်မှ နောက်ပြန်ဆောင်းပေးလိုက်တော့ နဖူးပေါ်လာကာမျက်နှာဝင်းဝင်းလေးက ကြွလာသည်။

“အိုခေ.. ဒီလိုကျတော့ မင်းက အချောလေးပဲ.”

ချန်းယောလ်ထံမှ စကားကောင်းလေးကြားရတာမို့ဘတ်ဟျွန်းမျက်နှာလေးရွှင်ပြပြဖြစ်သွားသည်။ချန်းယောလ်ကတော့ ဘောင်းဘီနက်ကိုမှ အနီရောင်ဂျက်ကက်နဲ့ဖြစ်ပြီး ဆံပင်ဖြူဖြူတွေနှင့် တော်တော်လေး မိုက်နေသည်။

နောက်ဆုံးတော့ အပြင်ထွက်ချင်သည့် ဘတ်ဟျွန်းသည် ချန်းယောလ် ကားဘေးက ခုံတွင် ပါလာတော့သည်။တစ်လမ်းလုံး လည်း ချန်းယောလ်ကများ သူ့ကိုအပြင်ခေါ်ထုတ်လာရလို့ စ်ိတ်များခုနေမလားဆိုတာ ချောင်း ချောင်းကြည့်ရသေးသည်။ ရှေးခေတ်ဝတ်စုံနှင့်မဟုတ်တော့ ခေါ်လာရတာကို ချန်းယောလ် အထွေအထူးစိတ်ရှိမနေတော့။ တစ်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ခိုင်းလိုက်ပြီး သူကတော့ စိတ်ရှိသလို ကဲနေရုံသာ။

ချန်းယောလ် လာသည့်ကလပ်က တော်တော်လေးအဆင့်အတန်းမြင့်ကာ ခမ်းနားသည်။ ချမ်းသာလှပါသည့် ဆိုသည့် အသိုင်းအဝိုင်းတွေရယ်.. နိုင်ငံ့အကြီးအကဲတစ်ချိူ့၏ သားသမီးတွေရယ်လည်း လာတတ်ကြသည်။သူ ကလပ်ထဲ ဝင်လာတော့ Capital P က ပတ်ချန်းယောလ်ကို မှတ်မိနေပြီးသား ဝန်ထမ်းတွေက ခေါင်းညွတ်ကြိုဆိုသည်။နောက်ကနေ ဘတ်ဟျွန်းက ဘေးဘီဝဲယာမျက်လုံးကျွတ်မတတ်ငေးလျက် ထပ်ချပ်မကွာ.။ငေးနေရင်းနောက်မှာ  ကျန်ခဲ့သေးတာမို့.. မတတ်နိုင်သည့်အဆုံး ချန်းယောလ် လက်ကို မိမိရရ သွားကိုင်လိုက်ရသည်။. ချန်းယောလ်က မျက်မှောင်ကြီးတွန့်ကာကြည့်လာပေမယ့် ဘာမှတော့ မပြော။

“အိုး  ပတ်ချန်းယောလ် နောက်က နောက်ဆက်တွဲလေးက ဘယ်သူတုန်း”

သူငယ်ချင်းတွေနှင့်ဆုံတော့ တစ်ယောက်က ဝိုင်ခွက်ကိုင်ရင်း ရယ်ဟဟဖြင့် ချန်းယောလ် နား နား ကပ်ပြောလာသည်။ ချန်းယောလ်က သူတို့အပြင် တခြားသူတွေနှင့် သိပ်ပြီးအပေါင်းအသင်းဆက်ဆံတာမျိူးလည်းမရှိသည်မို့ မေးကြရခြင်း။ထို့ပြင် ပတ်ချန်းယောလ်သည် ယောကျာ်းပျိူလေးများကပါ ကြိုက်နှစ်သက်တတ်ကြသေးသည်မို့ ပြုံးစိစိဖြင့် ကြည့်ကြသည်။ပြီးတော့ လက်တွဲထားသည်မလား။သူတို့အချင်းချင်းကတော့လက်တွဲလျှောက်မနေ။

“ငါ့အမေ ပြောတဲ့ ငါ့ညီပေါ့.ထားစမ်းပါ အဲ့ဒါတွေ. ဟန်ဘီ ဘယ်မှာလဲ.”

“မင်းမလည်း မပြောချင်ဘူး။ဟိုဘက်ထောင့်မှာ.။ဂန်ထယ်ဟိုလည်းရှိတယ်။ သူက နည်းနည်းစောရောက်နေတာဗျ.”

“ဘာ-ဒီကောင်က. ဟူး အားလုံး မင်း အပြစ်ချည်းပဲ.မင်းကြောင့်နောက်ကျတာ။”

စိတ်လေသွားရသည့် ချန်းယောလ်က ဘတ်ဟျွန်း တွဲထားသည့်လက်ကိုဖြုတ်ယူကာ လှည့်အော်ပြောလာသေးသည်။ သီချင်းသံစုံနှင့်ပေမယ့် ကပ်ကာအော်ပြောလာတာမို့ ဘာရယ်မသိပေမယ့် ဘတ်ဟျွန်းကိုစိတ်ဆိုးကာပြောသည်ကို သိနေသည်။

“အဲ့ဒီမှာ ထိုင်နေဦး.ငါ ဟိုဘက်သွားဦးမယ်.”

“သိပါပြီ.”

ချန်းယောလ် ညွှန်ပြသည့်ထောင့်တစ်နေရာက ခုံအလွတ်လေးကို ကြည့်ကာ ဘတ်ဟျွန်း ခေါင်းညိတ်ပြလိုက်သည်။ ချန်းယောလ် ကလှစ်ခနဲထွက်သွားသည်မို့ နောက်ပါးဆီက သူ့သူငယ်ချင်းတွေကလည်း ကပ်ပါသွားလေ သည်။ဒါပေမယ့် ဘတ်ဟျွန်းတို့ ထိုင်နေမှာမဟုတ်။ ရောက်ကတည်းက ထိုင်နေဖို့မဟုတ်။ ဒယ်ဂုံမှာကတည်း ဘတ်ဟျွန်းက ကိုယ်ရံတော် မပါဘဲနဲ့တောင် ဈေးထဲတွေ တောထဲတွေ ခိုးလည်နေကြမို့ သိပ်တော့မကြောက်ဖူးထင်တာပဲ။
ကလပ်ထဲလျှောက်ပတ်ကြည့်နေရင်း ဆူဆူညံညံအသံတွေကြောင့် နဂိုက ပျော်ရွှင်တက်ကြွရတာကိုကြိုက်နှစ်သက်သည့် ဘတ်ဟျွှန်းသည်ပင် ခေါင်းတွေမူးနောက်လာရသည်။ထို့နောက် ထိုင်ခုံမြင့်မြင့်လေးတွေမှာ သူများ ထိုင်နေတာတွေ့တာမို့ ဘတ်ဟျွန်းလည်း ဝင်ထိုင်လိုက်သည်။ဘားကောင်တာဆိုတာလည်း ဘတ်ဟျွန်းမသိ။ဘေးက လူသောက်သည့် ပြာလွင်လွင်ဖြင့် အအေးတစ်ဖန်ခွက်ကိုသာလက်ညှိုးထိုးလိုက်သည်။

ပါးစပ်ထဲက ပြန်ထွက်လာတော့မတတ်ဖြစ်သွားသည်မို့ မနည်းထိန်းကာ မြိုချလိုက်ရပါသည်။ဘယ်လိုအရသာကြီးပါလိမ့်။ သို့ပေမယ့် ဘေးက လူက သဘောတကျသောက်နေတာမို့ ဘတ်ဟျွန်းလည်း အားတင်းရင်း အကုန်တစ်မော့တည်းသောက် ပစ်လိုက်သည်။ ချန်းယောလ်ကိုလည်း ရှုပ်နေသည့်လူတွေကြားထဲ မျက်လုံးလေးဝေ့ကာရှာနေပေမယ့် မတွေ့။ခဏကြာတော့ ဘတ်ဟျွန်း ခေါင်းတွေနောက်ကျိလာ၏။အမြင်တွေလည်းဝေဝါးလာကာ.. ထိုင်နေရာကအထ ဝုန်းခနဲလဲပြိုကျလေတော့သည်။ ဆူညံသံတွေနှင့်မို့ ဘာမှတော့အသံထွက်မလာပေမယ့် ထိုနားတစ်ဝိုက်ကတော့ အနည်းငယ်ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။အတင်းကုန်းရုန်းထသလို လာကူတွဲသည့် အရပ်မြင့်မြင့်လူတစ်ယောက်ကို ဘတ်ဟျွန်း ဟီးခနဲနေအောင် ရယ်ပြိလိုက်သည်။

“ကိုကိုချန်းယောလ်-”

“ဘယ်သူ.”

ထိန်းထားပေးသည့် လူက ဘတ်ဟျွန်းနှုတ်ခမ်းနား  နားလာစွင့်သည်။ကိုကိုချန်းယောလ်ဟု ခေါ်သံကြားရရင်းအိမ်ပြန်ချင်ပြီ ဟုဆိုလာ၏။ထို လူလှစ်ခနဲပြုံးလိုက်မိသည်။ဒီနေ့မှ ဒီကလပ်ကို လာဖြစ်တာဖြစ်ပြီး ဒီလို ကောင်ချောလေး အကောင်းစားနှင့် တွေ့ရမည်လို့ မထင်မှတ်ထားခဲ့။ ကံသင့်သည်ပဲဖြစ်ရမည်ဟု တွေးကာ လက်မောင်းနှစ်ဖက်ကိုအသာထိန်းပေးလိုက်ရင်း လူယုတ်မာပြုံး ပြုံးသည်။

“အင်း အိမ်ပြန်ကြရအောင်.”

ဘေးဘီဝဲယာကိုအကဲခတ်လျက် သူ ကလပ်အပြင်ထိ ထွက်လာခဲ့သည်။ကြည့်ရတာ ဒီကောင်လေးက တစ်ယောက်တည်းလာပုံ ရ ၏။ အသားဖြူဖြူ အကောင်သေးသေးလေးနှင့် ဆက်စီကျသလို တစ်ဆက်တည်း ချစ်စရာလည်းကောင်းတာမို့ သူ နှစ်ခြိုက်မိရရင်း ကားပါကင်ဆီရောက်အောင် ထိန်းပြီးခေါ်သည်။

သို့သော် ထိုသူ့လက်တစ်ဖက်က အားဖြင့်ဆွဲဖြုတ်ချခံရရင်း ဖြတ်ခနဲပြိုလဲကျသွားသည့် ဘတ်ဟျွန်းကိုတော့ တစ်စုံတစ်ယောက်က ဖမ်းထိန်းထားသည်။

“မင်းကဘာလဲ”

“အဲ့ဒါက ငါက မေးရမှာ။ဒါ ငါနဲ့လာတဲ့သူ. မင်းက ဘာလုပ်တာလဲ”

ချန်းယောလ်မျက်နှာက အလိုမကျစွာ တွန့်ချိူးနေသည်။ သူ့လက်တစ်ဖက်တည်းဖြင့် ဘတ်ဟျွန်းခါးကိုသိမ်းဖက်ထားပြီး ဘတ်ဟျွန်းကလည်း သူ့ရင်ဘတ်က အင်္ကျီစကိုလာဆွဲထားသည်။

“သူက ငါ့ကိုချန်းယောလ်လို့ခေါ်ပြီး အိမ်ပြန်လိုက်ပို့ပေးဆိုလို့ ငါက”

“ငါ ကချန်းယောလ်ပဲ.။နောက်ခါ သူ့နားယောင်လို့တောင်မလာမိစေနဲ့.”

ချန်းယောလ်နှင့်အတူပါလာသည့် သူငယ်ချင်းနှစ်ယောက်ထဲကတစ်ယောက်က ရဲမှူးကြီးတစ်ယောက်၏သားဖြစ်မှန်း သိနေသည်မို့ ထိုလူတစ်ချိူးတည်းလစ်ပြေးတော့သည်။

“နောက်ကျောလေးဖြတ်ခနဲမြင်လိုက်လို့တော်သေးတာပေါ့ ချန်းယောလ်ရာ.။အဲ့ကောင်က ယောကျာ်းမိန်းမမရှောင်တဲ့ ကောင်ကွ..တချိူ့ကလပ်တွေမှာနာမည်ကိုကြီးလို့။နောက် ဒီကိုမလာနိုင်အောင် သေချာလုပ်ထားမှရမယ်။မင်း ကလေးလည်း ကြည့်ဦး.”

“ငါ ဘာလို့သူ့ကိုခေါ်လာမိမှန်းကိုမသိဘူး မင်ယောင်းရာ..ကျွတ်.တော်တော်ဒုက္ခပေးတယ်.”

“အင်း လောလောဆယ် အဲ့ဒီဒုက္ခလေးက မင်းကိုဖက်တွယ်နေပြီ အဟက် ဟက်.”

ချန်းယောလ် သူငယ်ချင်းနှစ်ယောက်က ရယ်နေကြသည်။ဟုတ်တော့လည်းအဟုတ်.။ချန်းယောလ်က ခါးက ပွေ့ထားတာမို့ ဘတ်ဟျွန်းက ချန်းယောလ် အင်္ကျီစတွေကိုဆုတ်ကိုင်နေရင်းက ချန်းယောလ် လည်ပင်းကို ခြေဖျားထောက်လျက် လာဖက်ခိုတွဲ နေသည်။ပုခုံးက တြိဂံပုံစံအင်္ကျီပေါက်ကြောင့် ပုခုံးသားဝင်းဝင်းလေးက ချန်းယောလ် မျက်စိရှေ့နားတင်.။

“ကျွတ်-ပြန်တော့မယ်။သူ့ကြောင့် ငါအသက်ကိုမရှင်ချင်တော့ဘူး။”

ရယ်နေကြသည့် သူငယ်ချင်းတွေကိုလျစ်လျူရှုခဲ့ရလျက် ချန်းယောလ်က ကိုယ်ငုံ့ကိုင်းရင်း ဘတ်ဟျွန်းကို ကျောပေါ်တင်သည်။ ကားပါကင်ထိ ချန်းယောလ် ကျောပေါ်က ဘတ်ဟျွန်း ကအငြိမ်မနေ.ခြေထောက်တွေကိုလွှဲယမ်းလှုပ်ဆော့နေသေးသည်။ မျက်လုံးကဖြင့်မပွင့်လာ။ဘာတွေသွားသောက်လို့ ဒီလိုမူးလာသလဲမသိ.။ခဏလေးလွှတ်ထားပေးမိလိုက်တာ ချန်းယောလ် မှားသွားသလိုလို.။

“ငြိမ်ငြိမ်နေ..”

“ဟင့်အင်း”

“ပြောမရဘူးလား။ ငါ မင်းကို အောက်ပစ်ချလိုက်မှာနော်.”

“သိပါပြီ။”

ဒီတော့မှ အသံတိတ်သလို ခြေထောက်လှုပ်နေတာလည်းငြိမ်သွားသည်။ကားရှေ့ခန်းထဲ ထည့် ခါးပတ်ပတ်ပေးသည့်ထိ ဒင်းလေးက မျက်လုံးတို့မှေးမှိတ်လျက်.။နောက်ပြန်ဆောင်းပေးထားသည့် လျှာထိုးဦးထုပ်လေးကတော့ ခုထိ ဘတ်ဟျွန်း ဦးခေါင်းတွင် စွဲစွဲမြဲမြဲ။

ဘယ်လိုမိသားစုကများ ဒီလို သားကလေးကို ချန်းယောလ်တို့ဆီ အကြံနဲ့လွှတ်လိုက်သလဲမသိ။ ချန်းယောလ် မေမေက သားငယ်လေးဆိုကာ အုပ်ထိန်းစောင့်ရှောက်နေပေမယ့်..လောလောဆယ် ချန်းယောလ် စိတ်ထဲ ထင်နေတာချည်းက တစ်ခုတည်းရယ်-

အစစလုပ်ပေးနေမိရအောင် ချန်းယောလ်က ဘတ်ဟျွန်း အုပ်ထိန်းသူလား။

*************
# With Heart
Just A Dreamer.

Zawgyi

Episode-7

ခ်န္းေယာလ္ အလုပ္ကျပန္လာတာႏွင့္ ဧၫ့္ခန္းအတြင္းက သာသာယာယာရယ္ေမာသံေတြအတိုင္းသားၾကားေနရသည္။ ဘတ္ဟြၽန္း ၏အသံဆာဆာကေလးေတြရယ္..သူေဌးကေတာ္ပတ္၏ သေဘာတက်ရယ္ေမာသံေတြရယ္.က အိမ္ကို စိုျပည္ ေစတာမို႔ သေဘာမက်ဘူးလို႔မ်က္စိမိွတ္ဇြတ္ေႂကြးေၾကာ္ေနသၫ့္  ခ်န္းေယာလ္ သည္ပင္ ေယာင္ေယာင္ေလး ၿပံဳးမိသြားရ၏။

“ေၾသာ္ ခ်န္းေယာလ္လီ .လာ သား ဒီေန့ေစာတယ္ေနာ္. သားအေဖ ေတာင္ ျပန္မလာေသးဘူး။”

“ေဖေဖက သူေဌးတစ္ေယာက္နဲ႔ေတြ့ဖို႔ရိွေနတယ္ ေမေမ.ကြၽန္ေတာ္က ခ်ိန္းထားတာေလးရိွလို႔ပါ.”

သူေဌးကေတာ္ပတ္ ေရ႔ွမွာ ခ်န္းေယာလ္ ခဏဝင္ထိုင္လိုက္ေတာ့ ၾကမ္းခင္းမွာထိုင္ကာ ခ်န္းေယာလ္ကို ေမာ့ၾကၫ့္ေနသၫ့္ ဘတ္ဟြၽန္းက လွစ္ခနဲထသြားသည္။ဒီတစ္ခါေတာ့ ဘတ္ဟြၽန္းက ခရမ္းေဖ်ာ့ေရာင္ဝတ္စံုေလးျဖင့္ ျဖစ္သည္။ ထမင္းစားခန္းထဲ က ျပန္ထြက္လာသၫ့္ ဘတ္ဟြၽန္းလက္ထဲတြင္ အသီးေဖ်ာ္ရည္ေလးတစ္ဖန္ခြက္ပါလာ၏။

“ပင္ပန္းလာတယ္မလား..အင့္ ဒါေလးေသာက္လိုက္ပါဦး”

“အိုက္ဂူး-- ၾကၫ့္ပါဦး အြန္းေလးက သူ႔ကိုကို ကို သိတတ္လိုက္တာ.”

အစက အေကာင္းျမင္မလိုစိတ္ကေလးက ေမေမ ခ်ီးက်ူးတာၾကားၿပီး ၿပံဳးစစေလးျဖစ္ေနသၫ့္ ဘတ္ဟြၽန္းကိုၾကၫ့္မိေတာ့ အခ်ဉ္ေပါက္သြားရသည္။တမင္သက္သက္ ေမေမ့ေရ႔ွမွာမွ အမွတ္ယူေနသည္မလား။ ကမ္းေပးလာသည္ကို ခ်န္းေယာလ္ လွမ္းယူလိုက္ကာ-

“မင္း ကိုယ္တိုင္လုပ္ထားတာေတာ့ မဟုတ္ဘူးမလား”

“ဟင့္အင္း အေဒၚႀကီးကို ကြၽန္ေတာ္ ေဖ်ာ္ခိုင္းလိုက္တာ။ကိုကိုခ်န္းေယာလ္ နဲ႔ေဖေဖ လာရင္ တိုက္မလို႔ေလ။”

ခ်န္းေယာလ္က အသိအမွတ္မျပဳ။ဟြန႔္ခနဲအသံျပဳကာ အသီးေဖ်ာ္ရည္ကိုသာ ေသာက္ေနသည္။ဘတ္ဟြၽန္းက ခ်န္းေယာလ္ ေဘး တြင္လာကပ္ထိုင္ေနတာေတာ့ ခ်န္းေယာလ္ ေစာင္းငဲ့ၾကၫ့္မိသည္။

“ဘာလဲ”

“အျပင္သြားမလို႔မလား။ကြၽန္ေတာ့္ကိုလည္းေခၚသြားပါလား။ဒီမွာ တစ္ပတ္ေလာက္ရိွၿပီ အိမ္ထဲမွာဆိုေတာ့ ကြၽန္ေတာ္ အျပင္သြားခ်င္တယ္။ေလ့လာစရာေလးေတြလည္းၾကၫ့္ခ်င္တာမို႔”

“ဟိုတစ္ေန့ကပဲ ေမေမ နဲ႔ ေဈးလိုက္သြားတယ္မလား။”

ေမေမနဲ႔ စင္တာလိုက္သြားခဲ့ေတာ့ ဘတ္ဟြၽန္းကို စိတ္ဝင္တစားလိုက္ၾကၫ့္ၾကတာကို ေမေမက သေဘာတက် ျပန္ေျပာျပ ခဲ့ေပမယ့္ ဘတ္ဟြၽန္း၏ ဝတ္စားဆင္ယင္မႈပံုစံျဖင့္ ခု ခ်န္းေယာလ္ကေတာ့ ေခၚမသြားခ်င္ပါ။ တျခားသူေတြ စုၿပံဳလိုက္ၾကၫ့္ စိတ္ဝင္စားၾကမွာလည္း ခ်န္းေယာလ္ မႀကိဳက္။ခုက တျခားသူနဲ႔သြားေတြ့မွာလဲ မဟုတ္။ဟန္ဘီတို႔အုပ္စုႏွင့္ စကားေျပာဆို ေသာက္စားၾကမၫ့္ကိစၥ။

“မျဖစ္ဘူး.”

“ကိုကိုကလည္း ကြၽန္ေတာ္က ကိုကိုနဲ႔လိုက္ခ်င္လို႔ပါေနာ္. ”

“ေခၚသြားလိုက္ပါ သားရယ္။ကေလးက လိုက္ခ်င္ေနတာကို။ သား ဒီည အလည္သက္သက္သြားမွာမလား။ ကေလးကိုလည္းေပးေပ်ာ္လိုက္ပါ။ ဘာပဲျဖစ္ျဖစ္ ေမေမတို႔လို႔လူႀကီးနဲ႔သြားေတာ့ သူ ဘယ္ေပ်ာ္ရွာလိမ့္မလဲ.ေခၚသြားလိုက္ေနာ္.”

ခ်န္းေယာလ္ တစ္ခုခု ေတာင္မေျပာရေသး။ ေဖေဖ့ဆီက ဖုႏ္ုးဝင္လာေသာ ေမေမက ေနရာမွ ထသြားခဲ့သည္။ခ်န္းေယာလ္ စိတ္ညစ္ၫူးရရင္းေဘးနားကေန မ်က္လံုးဘလင္းဘလင္းႏွင့္ၾကၫ့္ေနေသာ ဘတ္ဟြၽန္းကို သာၾကၫ့္လိုက္မိေတာ့ သည္။ အိမ္ေပၚထပ္ အခန္းထဲတက္လာေတာ့လည္း ထပ္ခ်ပ္မကြာ။

“ကိုကိုခ်န္းေယာလ္.”

“လိုက္မယ္ဆို အဝတ္လဲေလ.ငါ က ကလပ္ကိုသြားမွာ။ မင္း ဒီပံုစံနဲ႔ဘယ္ျဖစ္မလဲ.”

“အဲ့ဒါဆို ဘယ္လိုလုပ္မွာလဲ။ကြၽန္ေတာ္ အၿမဲတမ္းဒီလိုပဲ ဝတ္ေနက်ပဲကို.”

“မတတ္ႏိုင္ဘူးေလ. မလဲရင္ လိုက္လို႔မရဘူး။ငါ မလိုက္ခိုင္းတာမဟုတ္ဘူးေနာ္.။မင္း ကလပ္ထဲကို ဝင္လို႔ကိုမရတာ။”

ခ်န္းေယာလ္ ပုခံုးတြန႔္လ်က္ ခပ္ျမဴးျမဴးေလးေျပာလိုက္သည္။အေပၚကုတ္ကိုခြၽတ္ကာ အခန္းထဲက တိုင္မွာခ်ိတ္လိုက္ၿပီးေနာက္  ေရခ်ိူးရန္အတြက္ ေအာက္ က အက်ႌအကုန္လံုးကိုပါ ခြၽတ္လိုက္ေတာ့ ခ်န္းေယာလ္ ကိုယ္အေပၚပိုင္းက ဗလာက်င္းသြား၏။

“ဒါနဲ႔ က လပ္ ဆိုတာ ဘာလဲဟင္.”

“ဘာ.. မင္း ကလပ္ကိုေတာင္မသိဘူးလား တကယ္ႀကီး.”

မယံုႏိုင္သလိုၾကၫ့္လာသၫ့္ ခ်န္းေယာလ္ က ေလွာင္ရယ္သံဟဟ။ ဘတ္ဟြၽန္း မ်က္လံုးေမွးလ်က္ မေက်နပ္မနပ္စိုက္ ၾကၫ့္လာသည္။ဒါ ဘတ္ဟြၽန္း ၏ သင္ခန္းစာ သင္ၾကားေရးေနွာင့္ေနွးတာကို ေလွာင္ခ်င္သၫ့္သေဘာ.။

“မသိလို႔ေပါ့ဗ်ာ.။ဒါက အျပစ္လား.။”

“ဟက္-ဟက္. ဟုတ္ပါၿပီ။ ကလပ္က သီခ်င္းသံေတြ တီးလံုးေတြ ၾကားမွာ အေတာ္ေပ်ာ္စရာေကာင္းတာမ်ိူးေပါ့.အပန္းေျပတယ္ေလ.ဟြန္း--ငါတို႔အြန္းေလးကေတာ့ အိမ္မွာပဲေနခဲ့ေပါ့ေနာ္။”

ဘတ္ဟြၽန္းကို ေခါင္းဖြဖြေလးပုတ္လ်က္ ခ်န္းေယာလ္က အခန္းထဲဝင္သြားသည္။ခ်န္းေယာလ္၏ေတာင့္တင္းခိုင္မာလွသၫ့္ ဝမ္းဗိုက္ႂကြက္သားေတြကို က ေငးခနဲေငးျဖစ္ေအာင္ ေငးလိုက္ေသးသည္။ခ်န္းေယာလ္ ေရခ်ိူးခန္းထဲဝင္သြားေတာ့ သူ႔ ကုတင္ မွာ တက္ထိုင္ရင္းေတြေတြေလးစဉ္းစားေနမိသည္။ကလပ္ဆိုတာကို ဘတ္ဟြၽန္း လည္းေရာက္ဖူးခ်င္သည္။ သို႔ေပမယ့္ ဒီလိုမဝတ္လို႔ ဘတ္ဟြၽန္းက ဘယ္လိုမ်ိူးဝတ္ရမွာလဲ။ဟိုေန့က ေမေမ ဝယ္ေပးသၫ့္ ဒီဘက္ေခတ္ပံုစံဆန္းဆန္းေလးေတြ လည္း ပါလာတာမို႔ ဘတ္ဟြၽန္း ယတိျပတ္ဆံုးျဖတ္လိုက္သည္။သူ တကယ္ပဲ ခ်န္းေယာလ္ႏွင့္လိုက္သြားခ်င္တာမို႔။

“ခုထိ  ငါ့အခန္းထဲမွာရိွေနေသးတာလား။”

“လိုက္မယ္.ကြၽန္ေတာ္ လိုက္ခ်င္တာမို႔ ကိုကို ခ်န္းေယာလ္ေျပာတဲ့အတိုင္းလုပ္ပါ့မယ္။”

ခ်န္းေယာလ္က ေခါင္းကိုတဘက္တစ္ထည္ျဖင့္ ဖိသုတ္ေနရင္းက ေခါင္းဆတ္လိုက္သည္။သေဘာေပါ့ . လိုက္မယ္ဆိုလည္း။ ေနာက္ဆံုးေတာ့ ခ်န္းေယာလ္ အဝတ္လဲၿပီးတာကို ေစာင့္ၿပီး ဘတ္ဟြၽန္းက ခ်န္းေယာလ္ လက္ကိုဆြဲလ်က္ ဘတ္ဟြၽန္းအခန္း ထဲကိုေခၚသြားသည္။အခန္းဗီရိုထဲမွာက အဝတ္အစားဒီဇိုင္းစံုေတြ..ဘတ္ဟြၽန္းအတြက္ ေမေမ ဝယ္ေပးခဲ့သည္ဟု ဆို၏။

“ဘယ္တစ္ခုဝတ္ရမလဲ”

“အဟြန္း ငါတို႔ေမေမကေတာ့ငါ့အတြက္ေတာ့ ဒီေနာက္ပိုင္းအခ်ိန္ေပးမဝယ္ေပးဘဲနဲ႔ ဒီေကာင္ေလးက်မွ.”

ခ်န္းေယာလ္ မေက်နပ္စြာ တီးတိုးရြတ္ဆိုလ်က္မွ ဗီရိုထဲက အဝတ္ေတြကို တစ္ခုခ်င္းထုတ္ယူၾကၫ့္ရင္း ကုတင္ေပၚပစ္ တင္ လိုက္သည္။ေနာက္ဆံုးေတာ့ အနက္ေရာင္ ေဘာင္းဘီက်ပ္က်ပ္ေလးႏွင့္ ပုခံုးစြန္းတြင္ ႀတိဂံပံုစံအေပါက္ေလးႏွစ္ေပါက္ပါသၫ့္ အနက္ေရာင္ အက်ႌရွည္ကို ခ်န္းေယာလ္ စိတ္တိုင္းက်သြားသည္။

ကြၽတ္--ငါ က ဘာလို႔အက်ႌ ပါ လိုက္ေရြးေပးရတဲ့ အဆင့္ျဖစ္ျပန္ၿပီလဲ.. ဘာေတြလုပ္ေနမိျပန္လဲမသိ။

“ဒါ ဝတ္-- ”

“သိပါၿပီ.”

ဘတ္ဟြၽန္းက သူ႔ဝတ္ရံုအထပ္ထပ္ကို ခ်န္းေယာလ္ ေရ႔ွမွာပဲ ခြၽတ္ျပန္သည္။ခ်န္းေယာလ္ ေခါင္းခါလိုက္ရင္း ဘတ္ဟြၽန္း ကုတင္ေပၚတက္ထိုင္ရင္း ေခါင္းရင္းကို ေက်ာမွီလ်က္ ဖုန္းသံုးေနလိုက္သည္။

“ဒါေလး လုပ္ေပးပါဦး”

“Yah !!”

ခ်န္းေယာလ္ မ်က္စိေရ႔ွနားကို ရုတ္တရက္ႀကီးေရာက္လာသၫ့္ ဘတ္ဟြၽန္း၏ေဘာင္းဘီဇစ္ေနရာေၾကာင့္ မ်က္လံုးျပာသြား သလိုေတာင္ခံစားလိုက္ရသည္။ဘတ္ဟြၽန္းက ကုတင္တစ္ဖက္ျခမ္းကေန တက္လာပံုရၿပီး ခု ခ်န္းေယာလ္ေဘးနားမွာ ဒူးေထာက္လ်က္ ကိုယ္မတ္ထားေလေတာ့ ဘတ္ဟြၽန္း၏ အလယ္ပိုင္းက ခ်န္းေယာလ္ မ်က္ႏွာေရ႔ွနားတဝဲလည္လည္။

“ဘာလဲ!”

ခပ္မာမာေအာ္ပစ္လိုက္ေတာ့ ဘတ္ဟြၽန္းက ႏႈတ္ခမ္းေသးေသးေလးမဲ့သြားၿပီးမွ.

“ဒါက လုပ္လို႔မရဘူးေလ. လုပ္ေပးဦးလို႔”

“ကြၽတ္--စိတ္ညစ္တယ္ ဘတ္ဟြၽန္းရဲ့..စိတ္ညစ္တယ္..မင္းေၾကာင့္ အသက္ကိုမရွင္ခ်င္ေတာ့ဘူး။”

ဒီလိုေျပာလည္း ဘတ္ဟြၽန္းမ်က္ႏွာေလးက မႈန္ေတေတ.။အက်ႌကေတာ့ဝတ္ထားၿပီးသည္မို႔ ရွည္ေနသၫ့္ အက်ႌကို သူက မထားေပးသည္မို႔ ဗိုက္သားေဖြးေဖြးေလးကလည္း ခ်န္းေယာလ္ ေသေသခ်ာခ်ာျမင္ေနရသည္။ၿပီးေတာ့ ဇစ္မတပ္ရေသးသၫ့္ ေဘာင္းဘီမို႔ လ်ိွူ႔ဝွက္အပ္သၫ့္ အတြင္းခံအျဖဴေရာင္ေလးကို လည္းအတိုင္းသားျမင္ေနရသည္။ ခ်န္းေယာလ္ ကေလးလည္း မခ်စ္တတ္။ထိန္းလည္းမထိန္းခ်င္ပါဘဲႏွင့္ ဒီလိုအရြယ္ေရာက္ေနၿပီးသား လူတစ္ေယာက္ကိုကေလးလို လႈပ္ေပးေနရတာ စိတ္ဆင္း ရဲလွပါ၏။သို႔ေသာ္လည္း--- ဇစ္ကိုေသခ်ာထိန္းတပ္ေပးရေတာ့သည္။ေတာ္ၾကာ  မေတာ္တေရာ္ေနရာကို ၫွပ္မိသြား မျွဖင့္-----

ဘတ္ဟြၽန္းက အိပ္ရာေပၚမွ လွစ္ခနဲျပန္ဆင္းသြားေတာ့ ေဘာင္းဘီက်ပ္က်ပ္မို႔ ေပါင္သားလံုးလံုးေလးေတြ တင္ပါး လံုးလံုးေလးေတြက ခ်န္းေယာလ္မၾကၫ့္လည္းျမင္ေနရသည္။ဘတ္ဟြၽန္းက ကိုယ္လံုးေပၚမွန္ႀကီးေရ႔ွသြားရပ္ကာ သူ႔ပံုသူၾကၫ့္ရင္း ရယ္ေနေသးသည္။

“ဘယ္လိုႀကီးလဲမသိပါလား”

ဘတ္ဟြၽန္း၏အနက္ေရာင္အက်ႌ ပြပြက ခပ္ရွည္ရွည္ကို မွအက်ႌလက္ကလည္းရွည္သည္မို႔ လက္ဖ်ားေလးေတြပါ ဖံုးေနသည္။အသားကေဖြးေဖြးမို႔အနက္ေရာင္ႏွင့္ပနံသင့္စတိုင္က်ေနသည္။တစ္ခုပဲ.. ေခါင္းေပၚက နဖူးစည္းႏွင့္ဆံပင္ေတြ..။ဒါ ေလးက ဖ်က္ေနသည္။ ခ်န္းေယာလ္ ကုတင္ေပၚကဆင္းလာကာ ဘတ္ဟြၽန္းနား ေရာက္လာခဲ့သည္။ မွန္ေရ႔ွက ဘတ္ဟြၽန္းေနာက္မွာရပ္ရင္းနဖူးစည္းႀကိဳးေလးကို ခပ္သြက္သြက္ျဖည္လိုက္သည္။

“ဘာလို႔”

“တိတ္တိတ္ေန.”

ဘတ္ဟြၽန္းဆံပင္ရွည္က ပါးတာမို႔ လိပ္တင္လို႔ရေနသည္။ ဆံစေတြကို ဖြဖြေလးကိုင္တြယ္လိပ္တင္ရင္း ေခါင္းေပၚမွာ အမဲေရာင္ ကလစ္ေသးေသးေလးႏွင့္ ၫွပ္လိုက္သည္။ဘတ္ဟြၽန္းက ဆံပင္ရွည္တာမို႔ ေမေမက လိုအပ္မည္ထင္သၫ့္ ဆံပင္သံုး ပစၥည္းေတြကိုလည္း အကုန္ဝယ္ထားေပးေသးသည္။ ထို႔ေနာက္ အနက္ႏွင့္အနီစပ္လ်ွာထိုးဦးထုပ္ေလးကို ထို အေပၚမွ ေနာက္ျပန္ေဆာင္းေပးလိုက္ေတာ့ နဖူးေပၚလာကာမ်က္ႏွာဝင္းဝင္းေလးက ႂကြလာသည္။

“အိုေခ.. ဒီလိုက်ေတာ့ မင္းက အေခ်ာေလးပဲ.”

ခ်န္းေယာလ္ထံမွ စကားေကာင္းေလးၾကားရတာမို႔ဘတ္ဟြၽန္းမ်က္ႏွာေလးရႊင္ျပျပျဖစ္သြားသည္။ခ်န္းေယာလ္ကေတာ့ ေဘာင္းဘီနက္ကိုမွ အနီေရာင္ဂ်က္ကက္နဲ႔ျဖစ္ၿပီး ဆံပင္ျဖဴျဖဴေတြႏွင့္ ေတာ္ေတာ္ေလး မိုက္ေနသည္။

ေနာက္ဆံုးေတာ့ အျပင္ထြက္ခ်င္သၫ့္ ဘတ္ဟြၽန္းသည္ ခ်န္းေယာလ္ ကားေဘးက ခံုတြင္ ပါလာေတာ့သည္။တစ္လမ္းလံုး လည္း ခ်န္းေယာလ္ကမ်ား သူ႔ကိုအျပင္ေခၚထုတ္လာရလို႔ စ္ိတ္မ်ားခုေနမလားဆိုတာ ေခ်ာင္း ေခ်ာင္းၾကၫ့္ရေသးသည္။ ေရွးေခတ္ဝတ္စံုႏွင့္မဟုတ္ေတာ့ ေခၚလာရတာကို ခ်န္းေယာလ္ အေထြအထူးစိတ္ရိွမေနေတာ့။ တစ္ေနရာမွာ ၿငိမ္ၿငိမ္ေလး ထိုင္ခိုင္းလိုက္ၿပီး သူကေတာ့ စိတ္ရိွသလို ကဲေနရံုသာ။

ခ်န္းေယာလ္ လာသၫ့္ကလပ္က ေတာ္ေတာ္ေလးအဆင့္အတန္းျမင့္ကာ ခမ္းနားသည္။ ခ်မ္းသာလွပါသၫ့္ ဆိုသၫ့္ အသိုင္းအဝိုင္းေတြရယ္.. ႏိုင္ငံ့အႀကီးအကဲတစ္ခ်ိူ႔၏ သားသမီးေတြရယ္လည္း လာတတ္ၾကသည္။သူ ကလပ္ထဲ ဝင္လာေတာ့ Capital P က ပတ္ခ်န္းေယာလ္ကို မွတ္မိေနၿပီးသား ဝန္ထမ္းေတြက ေခါင္းၫြတ္ႀကိဳဆိုသည္။ေနာက္ကေန ဘတ္ဟြၽန္းက ေဘးဘီဝဲယာမ်က္လံုးကြၽတ္မတတ္ေငးလ်က္ ထပ္ခ်ပ္မကြာ.။ေငးေနရင္းေနာက္မွာ  က်န္ခဲ့ေသးတာမို႔.. မတတ္ႏိုင္သၫ့္အဆံုး ခ်န္းေယာလ္ လက္ကို မိမိရရ သြားကိုင္လိုက္ရသည္။. ခ်န္းေယာလ္က မ်က္ေမွာင္ႀကီးတြန႔္ကာၾကၫ့္လာေပမယ့္ ဘာမွေတာ့ မေျပာ။

“အိုး  ပတ္ခ်န္းေယာလ္ ေနာက္က ေနာက္ဆက္တြဲေလးက ဘယ္သူတုန္း”

သူငယ္ခ်င္းေတြႏွင့္ဆံုေတာ့ တစ္ေယာက္က ဝိုင္ခြက္ကိုင္ရင္း ရယ္ဟဟျဖင့္ ခ်န္းေယာလ္ နား နား ကပ္ေျပာလာသည္။ ခ်န္းေယာလ္က သူတို႔အျပင္ တျခားသူေတြႏွင့္ သိပ္ၿပီးအေပါင္းအသင္းဆက္ဆံတာမ်ိူးလည္းမရိွသည္မို႔ ေမးၾကရျခင္း။ထို႔ျပင္ ပတ္ခ်န္းေယာလ္သည္ ေယာက်ာ္းပ်ိူေလးမ်ားကပါ ႀကိဳက္ႏွစ္သက္တတ္ၾကေသးသည္မို႔ ၿပံဳးစိစိျဖင့္ ၾကၫ့္ၾကသည္။ၿပီးေတာ့ လက္တြဲထားသည္မလား။သူတို႔အခ်င္းခ်င္းကေတာ့လက္တြဲေလ်ွာက္မေန။

“ငါ့အေမ ေျပာတဲ့ ငါ့ညီေပါ့.ထားစမ္းပါ အဲ့ဒါေတြ. ဟန္ဘီ ဘယ္မွာလဲ.”

“မင္းမလည္း မေျပာခ်င္ဘူး။ဟိုဘက္ေထာင့္မွာ.။ဂန္ထယ္ဟိုလည္းရိွတယ္။ သူက နည္းနည္းေစာေရာက္ေနတာဗ်.”

“ဘာ-ဒီေကာင္က. ဟူး အားလံုး မင္း အျပစ္ခ်ည္းပဲ.မင္းေၾကာင့္ေနာက္က်တာ။”

စိတ္ေလသြားရသၫ့္ ခ်န္းေယာလ္က ဘတ္ဟြၽန္း တြဲထားသၫ့္လက္ကိုျဖဳတ္ယူကာ လွၫ့္ေအာ္ေျပာလာေသးသည္။ သီခ်င္းသံစံုႏွင့္ေပမယ့္ ကပ္ကာေအာ္ေျပာလာတာမို႔ ဘာရယ္မသိေပမယ့္ ဘတ္ဟြၽန္းကိုစိတ္ဆိုးကာေျပာသည္ကို သိေနသည္။

“အဲ့ဒီမွာ ထိုင္ေနဦး.ငါ ဟိုဘက္သြားဦးမယ္.”

“သိပါၿပီ.”

ခ်န္းေယာလ္ ၫႊန္ျပသၫ့္ေထာင့္တစ္ေနရာက ခံုအလြတ္ေလးကို ၾကၫ့္ကာ ဘတ္ဟြၽန္း ေခါင္းညိတ္ျပလိုက္သည္။ ခ်န္းေယာလ္ ကလွစ္ခနဲထြက္သြားသည္မို႔ ေနာက္ပါးဆီက သူ႔သူငယ္ခ်င္းေတြကလည္း ကပ္ပါသြားေလ သည္။ဒါေပမယ့္ ဘတ္ဟြၽန္းတို႔ ထိုင္ေနမွာမဟုတ္။ ေရာက္ကတည္းက ထိုင္ေနဖို႔မဟုတ္။ ဒယ္ဂံုမွာကတည္း ဘတ္ဟြၽန္းက ကိုယ္ရံေတာ္ မပါဘဲနဲ႔ေတာင္ ေဈးထဲေတြ ေတာထဲေတြ ခိုးလည္ေနၾကမို႔ သိပ္ေတာ့မေၾကာက္ဖူးထင္တာပဲ။
ကလပ္ထဲေလ်ွာက္ပတ္ၾကၫ့္ေနရင္း ဆူဆူညံညံအသံေတြေၾကာင့္ နဂိုက ေပ်ာ္ရႊင္တက္ႂကြရတာကိုႀကိဳက္ႏွစ္သက္သၫ့္ ဘတ္ဟြၽွန္းသည္ပင္ ေခါင္းေတြမူးေနာက္လာရသည္။ထို႔ေနာက္ ထိုင္ခံုျမင့္ျမင့္ေလးေတြမွာ သူမ်ား ထိုင္ေနတာေတြ့တာမို႔ ဘတ္ဟြၽန္းလည္း ဝင္ထိုင္လိုက္သည္။ဘားေကာင္တာဆိုတာလည္း ဘတ္ဟြၽန္းမသိ။ေဘးက လူေသာက္သၫ့္ ျပာလြင္လြင္ျဖင့္ အေအးတစ္ဖန္ခြက္ကိုသာလက္ၫွိုးထိုးလိုက္သည္။

ပါးစပ္ထဲက ျပန္ထြက္လာေတာ့မတတ္ျဖစ္သြားသည္မို႔ မနည္းထိန္းကာ ၿမိဳခ်လိုက္ရပါသည္။ဘယ္လိုအရသာႀကီးပါလိမ့္။ သို႔ေပမယ့္ ေဘးက လူက သေဘာတက်ေသာက္ေနတာမို႔ ဘတ္ဟြၽန္းလည္း အားတင္းရင္း အကုန္တစ္ေမာ့တည္းေသာက္ ပစ္လိုက္သည္။ ခ်န္းေယာလ္ကိုလည္း ရႈပ္ေနသၫ့္လူေတြၾကားထဲ မ်က္လံုးေလးေဝ့ကာရွာေနေပမယ့္ မေတြ့။ခဏၾကာေတာ့ ဘတ္ဟြၽန္း ေခါင္းေတြေနာက္က်ိလာ၏။အျမင္ေတြလည္းေဝဝါးလာကာ.. ထိုင္ေနရာကအထ ဝုန္းခနဲလဲၿပိဳက်ေလေတာ့သည္။ ဆူညံသံေတြႏွင့္မို႔ ဘာမွေတာ့အသံထြက္မလာေပမယ့္ ထိုနားတစ္ဝိုက္ကေတာ့ အနည္းငယ္ရုတ္ရုတ္သဲသဲ ျဖစ္သြားသည္။အတင္းကုန္းရုန္းထသလို လာကူတြဲသၫ့္ အရပ္ျမင့္ျမင့္လူတစ္ေယာက္ကို ဘတ္ဟြၽန္း ဟီးခနဲေနေအာင္ ရယ္ၿပိလိုက္သည္။

“ကိုကိုခ်န္းေယာလ္-”

“ဘယ္သူ.”

ထိန္းထားေပးသၫ့္ လူက ဘတ္ဟြၽန္းႏႈတ္ခမ္းနား  နားလာစြင့္သည္။ကိုကိုခ်န္းေယာလ္ဟု ေခၚသံၾကားရရင္းအိမ္ျပန္ခ်င္ၿပီ ဟုဆိုလာ၏။ထို လူလွစ္ခနဲၿပံဳးလိုက္မိသည္။ဒီေန့မွ ဒီကလပ္ကို လာျဖစ္တာျဖစ္ၿပီး ဒီလို ေကာင္ေခ်ာေလး အေကာင္းစားႏွင့္ ေတြ့ရမည္လို႔ မထင္မွတ္ထားခဲ့။ ကံသင့္သည္ပဲျဖစ္ရမည္ဟု ေတြးကာ လက္ေမာင္းႏွစ္ဖက္ကိုအသာထိန္းေပးလိုက္ရင္း လူယုတ္မာၿပံဳး ၿပံဳးသည္။

“အင္း အိမ္ျပန္ၾကရေအာင္.”

ေဘးဘီဝဲယာကိုအကဲခတ္လ်က္ သူ ကလပ္အျပင္ထိ ထြက္လာခဲ့သည္။ၾကၫ့္ရတာ ဒီေကာင္ေလးက တစ္ေယာက္တည္းလာပံု ရ ၏။ အသားျဖဴျဖဴ အေကာင္ေသးေသးေလးႏွင့္ ဆက္စီက်သလို တစ္ဆက္တည္း ခ်စ္စရာလည္းေကာင္းတာမို႔ သူ ႏွစ္ၿခိဳက္မိရရင္း ကားပါကင္ဆီေရာက္ေအာင္ ထိန္းၿပီးေခၚသည္။

သို႔ေသာ္ ထိုသူ႔လက္တစ္ဖက္က အားျဖင့္ဆြဲျဖဳတ္ခ်ခံရရင္း ျဖတ္ခနဲၿပိဳလဲက်သြားသၫ့္ ဘတ္ဟြၽန္းကိုေတာ့ တစ္စံုတစ္ေယာက္က ဖမ္းထိန္းထားသည္။

“မင္းကဘာလဲ”

“အဲ့ဒါက ငါက ေမးရမွာ။ဒါ ငါနဲ႔လာတဲ့သူ. မင္းက ဘာလုပ္တာလဲ”

ခ်န္းေယာလ္မ်က္ႏွာက အလိုမက်စြာ တြန႔္ခ်ိူးေနသည္။ သူ႔လက္တစ္ဖက္တည္းျဖင့္ ဘတ္ဟြၽန္းခါးကိုသိမ္းဖက္ထားၿပီး ဘတ္ဟြၽန္းကလည္း သူ႔ရင္ဘတ္က အက်ႌစကိုလာဆြဲထားသည္။

“သူက ငါ့ကိုခ်န္းေယာလ္လို႔ေခၚၿပီး အိမ္ျပန္လိုက္ပို႔ေပးဆိုလို႔ ငါက”

“ငါ ကခ်န္းေယာလ္ပဲ.။ေနာက္ခါ သူ႔နားေယာင္လို႔ေတာင္မလာမိေစနဲ႔.”

ခ်န္းေယာလ္ႏွင့္အတူပါလာသၫ့္ သူငယ္ခ်င္းႏွစ္ေယာက္ထဲကတစ္ေယာက္က ရဲမွဴးႀကီးတစ္ေယာက္၏သားျဖစ္မွန္း သိေနသည္မို႔ ထိုလူတစ္ခ်ိူးတည္းလစ္ေျပးေတာ့သည္။

“ေနာက္ေက်ာေလးျဖတ္ခနဲျမင္လိုက္လို႔ေတာ္ေသးတာေပါ့ ခ်န္းေယာလ္ရာ.။အဲ့ေကာင္က ေယာက်ာ္းမိန္းမမေရွာင္တဲ့ ေကာင္ကြ..တခ်ိူ႔ကလပ္ေတြမွာနာမည္ကိုႀကီးလို႔။ေနာက္ ဒီကိုမလာႏိုင္ေအာင္ ေသခ်ာလုပ္ထားမွရမယ္။မင္း ကေလးလည္း ၾကၫ့္ဦး.”

“ငါ ဘာလို႔သူ႔ကိုေခၚလာမိမွန္းကိုမသိဘူး မင္ေယာင္းရာ..ကြၽတ္.ေတာ္ေတာ္ဒုကၡေပးတယ္.”

“အင္း ေလာေလာဆယ္ အဲ့ဒီဒုကၡေလးက မင္းကိုဖက္တြယ္ေနၿပီ အဟက္ ဟက္.”

ခ်န္းေယာလ္ သူငယ္ခ်င္းႏွစ္ေယာက္က ရယ္ေနၾကသည္။ဟုတ္ေတာ့လည္းအဟုတ္.။ခ်န္းေယာလ္က ခါးက ေပြ့ထားတာမို႔ ဘတ္ဟြၽန္းက ခ်န္းေယာလ္ အက်ႌစေတြကိုဆုတ္ကိုင္ေနရင္းက ခ်န္းေယာလ္ လည္ပင္းကို ေျခဖ်ားေထာက္လ်က္ လာဖက္ခိုတြဲ ေနသည္။ပုခံုးက ႀတိဂံပံုစံအက်ႌေပါက္ေၾကာင့္ ပုခံုးသားဝင္းဝင္းေလးက ခ်န္းေယာလ္ မ်က္စိေရ႔ွနားတင္.။

“ကြၽတ္-ျပန္ေတာ့မယ္။သူ႔ေၾကာင့္ ငါအသက္ကိုမရွင္ခ်င္ေတာ့ဘူး။”

ရယ္ေနၾကသၫ့္ သူငယ္ခ်င္းေတြကိုလ်စ္လ်ူရႈခဲ့ရလ်က္ ခ်န္းေယာလ္က ကိုယ္ငံု႔ကိုင္းရင္း ဘတ္ဟြၽန္းကို ေက်ာေပၚတင္သည္။ ကားပါကင္ထိ ခ်န္းေယာလ္ ေက်ာေပၚက ဘတ္ဟြၽန္း ကအၿငိမ္မေန.ေျခေထာက္ေတြကိုလႊဲယမ္းလႈပ္ေဆာ့ေနေသးသည္။ မ်က္လံုးကျဖင့္မပြင့္လာ။ဘာေတြသြားေသာက္လို႔ ဒီလိုမူးလာသလဲမသိ.။ခဏေလးလႊတ္ထားေပးမိလိုက္တာ ခ်န္းေယာလ္ မွားသြားသလိုလို.။

“ၿငိမ္ၿငိမ္ေန..”

“ဟင့္အင္း”

“ေျပာမရဘူးလား။ ငါ မင္းကို ေအာက္ပစ္ခ်လိုက္မွာေနာ္.”

“သိပါၿပီ။”

ဒီေတာ့မွ အသံတိတ္သလို ေျခေထာက္လႈပ္ေနတာလည္းၿငိမ္သြားသည္။ကားေရ႔ွခန္းထဲ ထၫ့္ ခါးပတ္ပတ္ေပးသၫ့္ထိ ဒင္းေလးက မ်က္လံုးတို႔ေမွးမိွတ္လ်က္.။ေနာက္ျပန္ေဆာင္းေပးထားသၫ့္ လ်ွာထိုးဦးထုပ္ေလးကေတာ့ ခုထိ ဘတ္ဟြၽန္း ဦးေခါင္းတြင္ စြဲစြဲၿမဲျမဲ။

ဘယ္လိုမိသားစုကမ်ား ဒီလို သားကေလးကို ခ်န္းေယာလ္တို႔ဆီ အႀကံနဲ႔လႊတ္လိုက္သလဲမသိ။ ခ်န္းေယာလ္ ေမေမက သားငယ္ေလးဆိုကာ အုပ္ထိန္းေစာင့္ေရွာက္ေနေပမယ့္..ေလာေလာဆယ္ ခ်န္းေယာလ္ စိတ္ထဲ ထင္ေနတာခ်ည္းက တစ္ခုတည္းရယ္-

အစစလုပ္ေပးေနမိရေအာင္ ခ်န္းေယာလ္က ဘတ္ဟြၽန္း အုပ္ထိန္းသူလား။

*************
# With Heart
Just A Dreamer.





Continue Reading

You'll Also Like

178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
774K 62.8K 32
ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။
399K 26.7K 23
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘာအမှားကိုမှမကျူးလွန်ခဲ့မိပါဘူး ငါဒီတိုင်...
18.7K 820 32
သံေယာဇဥ္ ဆိုတဲ့တံတားကိုနင္းျဖတ္ပီး ႏွလုံးသားကိုပဲဦးစားေပးေ႐ြးခ်ယ္ရဲပါ့မလားဆိုရင္ ကြၽန္ေတာ္ ကေတာ့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...