ရိေပၚ လမ္းထိပ္က ေကာ္ဖီဆိုင္ထဲ ထိုင္ေစာင့္ေနတာ နာရီဝက္ ရွိၿပီ။
ထံုးစံအတိုင္း လမ္းထိပ္မွာ ဦး အလုပ္သြားမွာကို ရိေပၚလာေစာင့္တာ...။
ေစာင့္ေနတုန္း မိုးရြာလာလို႔ ေကာ္ဖီဆိုင္ထဲဝင္မိုးခိုေနရတာ...။ဒါေပမယ့္ ဦးက အလုပ္သြားရမယ့္အခ်ိန္ေက်ာ္ေနၿပီကို ဘာလို႔ထြက္မလာေသးတာလဲ။
ဆိုင္ရဲ႕အျပင္ကို ျမင္ေနရတဲ့ မွန္ေဘးက ေထာင့္က်က်ခံုမွာ ရိေပၚထိုင္ၿပီး လမ္းမကို ေငးေနတယ္။
ဘာမွမမွာပဲ ငုတ္တုတ္လာထိုင္ေနတဲ့ ရိေပၚကို ႏွင္ထုတ္မယ့္သူ ဘယ္သူမွမရွိဘူး။
ဘာလို႔လဲဆိုရင္ သူက ဆိုင္ပိုင္ရွင္မို႔လို႔...။
အလုပ္အားတဲ့ရက္မ်ိဳးမွာ ဦးက ဒီဆိုင္ေလးမွာ ေကာ္ဖီေသာက္ရင္း စာအုပ္လာဖတ္တတ္တဲ့အက်င့္ရွိတယ္လို႔ ေဟာက္ရႊမ္းေကာဆီက သိရၿပီးကတည္းက ဦးကို စိတ္တိုင္းက် ထိုင္ေငးႏိုင္ဖို႔ ဒီေကာ္ဖီဆိုင္ေလးကို ရိေပၚ အပိုင္ဝယ္ထားတာ...။
ပံုမွန္ေပါက္ေစ်းထက္ငါးဆေပးၿပီး မရအရ ဝယ္ထားတာမို႔ Venexa ကေတာ့ သူ႔ကိုစီးပြားေရးအျမင္မရွိဘူးဆို ဆူေသးတယ္။
ရိေပၚက တရင္းတႏွီးဆက္ဆံလို႔ Venexaက သူ႔ကိုအေၾကာက္အလန္႔ကို မရွိေတာ့တာ...။
Venexaက အာသာပူတာ ရိေပၚ ေကာ္ဖီဆိုင္ဝယ္လိုက္ကတည္းက သူပဲ မနက္ ေန႔လည္ ညမေရြး အားတာနဲ႔ ေကာ္ဖီအလကား လာလာေသာက္ေနတာ...။
ေကာ္ဖီေဖ်ာ္တဲ့ အစ္မကို Venexa ႀကိတ္ႀကိဳက္ေနတာကိုေတာ့ ရိေပၚက မသိခ်င္ေယာင္ေဆာင္ေပးထားလိုက္တယ္။
ေကာ္ဖီဆိုင္ထဲမွာ Shayne Wardရဲ႕ Until you သီခ်င္းက ခပ္ၿငိမ့္ၿငိမ့္ ပ်ံ႕လြင့္ေနတယ္။
ေအးစိမ့္စိမ့္မိုးေန႔မွာ သီခ်င္းေဆြးေဆြးၾကားရတဲ့အခါ ရိေပၚ ဒီရက္ထဲ မ်က္ႏွာမျမင္ရေသးတဲ့ ဦးကို ပိုတိုးလို႔ လြမ္းလာတယ္။
ရိေပၚ ဟိုေန႔က ဦးေရွ႕မွာ ေအာ္ငိုမိတဲ့အျဖစ္ေၾကာင့္ ရွက္လို႔ ဦးကို မ်က္ႏွာခ်င္းမဆိုင္ရဲလို႔ ဦးဆီမသြားခဲ့ဘူး။
ကေလးလည္းမဟုတ္ မိန္းကေလးလည္းမဟုတ္ဘဲ ဦးကေလသံမာမာနဲ႔ ေအာ္လိုက္ရံုနဲ႔ ေအာ္ငိုပစ္ခဲ့မိပါတယ္တဲ့။
ဘယ္ေလာက္သိကၡာက်လဲ။
ရိေပၚ အဲ့ဒီအခ်ိန္အပိုင္းအျခားႀကီးကို ေဖ်ာက္ပစ္လိုက္ခ်င္တာ အရမ္းပဲ။
ဒီ၃ရက္အတြင္း ရိေပၚ ဦးဆီထသြားမယ္ၾကံလိုက္... သူေအာ္ငိုထားတဲ့ ကိစၥေတြးမိရင္ ရွက္ၿပီး အိပ္ရာထဲျပန္ဝင္ေခြေနလိုက္နဲ႔ သူတစ္ေယာက္တည္း သံသရာလည္ေနတာ...။
ဦးကိုလြမ္းရဲ႕နဲ႔ ရွက္စိတ္နဲ႔ မသြားရဲတဲ့အခါ ဘားသြားလြင့္တယ္။ဘားမွာ blueတစ္ခြက္နဲ႔ ဦးကိုမွန္းလြမ္းေနတဲ့ သူ႔ကို ခါးဖက္ၿပီး နမ္းလာတဲ့ ေကာင္မေလးရဲ႕ အနမ္းေတြၾကား ဦးရဲ႕ေဆးလိပ္နံ့သင္းတဲ့ ျပင္းရွရွႏႈတ္ခမ္းေတြကိုပဲ ပိုလြမ္းလာလို႔ ေကာင္မေလးကို အားမနာတမ္း တြန္းဖယ္လိုက္ရတယ္။
တကယ္ပါပဲ ေရွာင္းက်န္႔...
ခင္ဗ်ားရယ္လို႔ ေခါင္းစဥ္တပ္လိုက္တာနဲ႔ အေသမုန္းတဲ့ေဆးလိပ္နံ႕ ခပ္ျပင္းျပင္းရေနတဲ့ ႏႈတ္ခမ္းေတြေတာင္ အစားထိုးမရျဖစ္ေနပါေရာလား။
ဘယ္လိုအတတ္မ်ားနဲ႔ ျပဳစားထားတာလဲ...။
ကၽြန္ေတာ့္မွာ စြဲလိုက္တာ တအား...။
အျပင္မွာ သည္းသည္းမည္းမည္းရြာေနတဲ့ မိုးစက္ေတြက မွန္ကို လာလာထိမွန္ေနတယ္။
သီခ်င္းသံခပ္ေဆြးေဆြးနဲ႔ အတူ အေတြးကလည္း ေဆြးလာေတာ့တာပဲ...။
🎼🎼....Baby, it just took one hit of you
Now I'm addicted
You never know what's missing
Till you get everything you needed
I don't wanna run away just wanna make your day
When you feel the world is on your shoulders
I don't wanna make it worse just wanna make us work
Baby, tell me, I will do whatever
It feels like nobody ever knew me until you knew me
Feels like nobody ever loved me until you loved me
Feels like nobody ever touched me until you touched me
Baby, nobody, nobody until you....🎼🎼
၉ႏွစ္...
၃၂၈၅ ရက္...
အဲ့ဒီေလာက္ၾကာေအာင္ ျပန္ေတြ႕မယ္မေသခ်ာတဲ့ လူတစ္ေယာက္ကို သူေစာင့္ခဲ့တယ္...။
ငယ္ငယ္ရြယ္ရြယ္နဲ႔ တစ္ေယာက္တည္း ႀကိဳးစားရပ္တည္ခဲ့ရတဲ့ ရိေပၚက ရြယ္တူေတြထက္စာရင္ အမ်ားႀကီး လက္ေတြ႕ဆန္ခဲ့တယ္။
ဦးအေပၚ သူ႔ရဲ႕စြဲလမ္းမႈေတြကို အခ်စ္မွန္းေခါင္းစဥ္တပ္ရေကာင္းမွန္း မသိေသးခင္ ဆယ္ေက်ာ္သက္တုန္းက သူငယ္ခ်င္းေတြ ေကာင္မေလးေတြနဲ႔ တြဲၿပီး ျပတ္လို႔ အသည္းကြဲၾက ၿပိဳလဲျကတာကို အ႐ူးထတာလို႔ ထင္ခဲ့ဖူးတယ္။
သူက အဲ့လိုမ႐ူးခ်င္လို႔ ဘယ္သူ႔ကိုမွမခ်စ္ဘူးဆိုၿပီးလည္း ႀကီးႀကီးက်ယ္က်ယ္ ေႂကြးေၾကာ္ဖူးတယ္။
အဲ့မွာ ေတြ႕ေတာ့တာပဲ ။
ဦးအေပၚထားတဲ့ ခံစားခ်က္ေတြက အခ်စ္ျဖစ္မွန္း သိေတာ့ ဦးအေပၚ႐ူးသြပ္မႈက ေတာ္ေတာ္ရင့္ေနၿပီ။
အခ်စ္ဆိုတာက မသိလိုက္ခင္မွာပဲ တည့္တည့္ႀကီးဝင္တိုးမိျပီး အသိဝင္တဲ့အခါ လွည့္မရေအာင္ နစ္ဝင္ၿပီးသားျဖစ္ေနတတ္တယ္။
ေျပးလို႔လည္းမရဘူး။
ဘယ္အေပါက္က ေျပးရမလဲလည္း မသိဘူး။
အခုထိလည္း သူကေျပးေပါက္ရွာေနတုန္းပဲ...။
ဒါေပမယ့္ တကယ္ကို ရပ္တန္႔လို႔ မရဘူး ။
တစ္စံုတစ္ေယာက္ကို အေၾကာင္းျပခ်က္ျပစရာမရွိ သေဘာက်မိၿပီဆို ရပ္တန္႔မရပဲ ဒီအတိုင္းေလး ဆက္သေဘာက်ေနမိေတာ့တာ....။
တစ္ဖက္သတ္အခ်စ္နဲ႔ ႀကိတ္ခ်စ္ၿပီး က်န္ရစ္ခဲ့လို႔ အသည္းကြဲတတ္တဲ့ သူေတြကို အဓိပၸာယ္မရွိဘူးလို႔ေတြးတဲ့သူက နာမည္ေရာမ်က္ႏွာပါမသိတဲ့လူတစ္ေယာက္ကို ၉ႏွစ္ေတာင္ တစ္ဖက္သတ္ခ်စ္ၿပီး လွလွပပႀကီးကို ႐ူးခဲ့တာ ...။
ျပန္ေကာင္းဖို႔ စိတ္ကူးမရွိပဲ အၾကာႀကီး႐ူးၿပီးေတာ့ ႐ူးသြပ္ရာေလးကို သူျပန္ေတြ႕ခဲ့တယ္။
သူ႐ူးခဲ့ရသမွ် ဦးကေတာ့ သူ႔ကိုေမ့ေနခဲ့တယ္တဲ့။
သူဘာလုပ္မလဲ...။ ဆက္႐ူးတာေပါ့...။
သူ ဦးအနားမွာ တစ္လေက်ာ္ေက်ာ္ ကပ္တြယ္ေနခဲ့တယ္။ ဦးဆီက သူျပန္ရတာေတာ့ ဥေပကၡာေတြ ခပ္စူးစူးအၾကည့္ေတြပဲ။
ဒါေပမယ့္လည္း သူဆက္ကပ္တြယ္ေနဦးမယ္။
ဒီလူမေႏွာင္ပါပဲ ရစ္ပတ္ေနခဲ့တဲ့ ႏြယ္ေတြဆီက သူဘယ္လိုမွ မ႐ုန္းထြက္ႏိုင္ေတာ့လို႔...။
သူ႐ုန္းလည္းမထြက္ခ်င္ခဲ့ဘူး....။
ဒါေပမယ့္လည္း နားလည္ရခက္တဲ့ ေသြးေအးေအးေျမေခြးေလးကို ခ်စ္ရတာပင္ပန္းပါတယ္။
ဘယ္လိုပဲ သူ႔ဘက္က တစ္ဖက္သတ္စခဲ့သည္ျဖစ္ေစ တံု႔ျပန္မႈေသးေသးေလးေတာ့ ေမွ်ာ္လင့္ခဲ့မိသည္ပဲ...။
ဥပမာ သူ၃ရက္ေလာက္ ဦးဆီမသြားတဲ့အခါ ဖုန္းcallတစ္ခုေလာက္ ၊ ဒါမွမဟုတ္ စာတိုေလးတစ္ေၾကာင္းျဖစ္ျဖစ္....။
ကိုယ့္ဘက္က ဆက္သြယ္မွပဲ
ဆက္ျဖစ္ေတာ့မယ့္ ပတ္သတ္မႈေတြပါပဲ...။
ကၽြန္ေတာ္က ဆက္သြယ္ခံရဖို႔ မထိုက္တန္လို႔လား...။
ႏွာေခါင္းထဲ ေကာ္ဖီနံ့သင္းသင္းက တိုးဝင္လာၿပီး သူ႔ေရွ႕ေကာ္ဖီတစ္ခြက္ေရာက္လာမွ အျပင္ကဆဲစျပဳေနတဲ့ မိုးကိုေငးရင္း အေတြးလြန္ေနရာက ရိေပၚသတိဝင္တယ္။
ေဟာက္ရႊမ္းေကာက သူ႔ကိုေကာ္ဖီခ်ေပးၿပီး သူ႔ေရွ႕ကိုဝင္ထိုင္တယ္။
"ေရွာင္းက်န္႔ကို ေစာင့္ေနတာမလား"
ရိေပၚ ေကာ္ဖီကို တစ္ငံုယူေသာက္ရင္း ေခါင္ၿငိမ့္ျပလိုက္တယ္။
ခါးလိုက္တာ...။
အစ္ကိုေဟာက္ရႊမ္းက သူက latte ပဲ ေသာက္မွန္းသိရဲ႕နဲ႔ ဘာလို႔ espresso ဝယ္တိုက္တာလဲ။
"မေစာင့္နဲ႔ေတာ့ သူဒီေန႔ဘယ္မွသြားမွာ မဟုတ္ဘူး"
ရိေပၚက မ်က္လံုးလွန္ၾကည့္ေတာ့ ေဟာက္ရႊမ္းေကာရဲ႕ အေလးတနက္မ်က္ႏွာကို ေတြ႕ရတယ္။
"ရိေပၚ ... ေရွာင္းက်န္႔က မင္းကို သူ႔နားထပ္မလာေစခ်င္ဘူး"
ရိေပၚရဲ႕ ေကာ္ဖီခြက္ကို ကိုင္ထားတဲ့ လက္ေတြက တန္႔သြားရတယ္။
"ကၽြန္ေတာ့္ကို သူ႔နားထပ္မလာေစခ်င္ဘူး??"
"အင္း ... သူအဲ့လိုပဲ ေျပာခဲ့တာ... သူ႔မွာ မင္းနဲ႔ ကစားေနဖို႔ အခ်ိန္မရွိတာမို႔ သူ႔ကိုလာရွဳပ္မေနဘဲ မင္းဘဝနဲ႔ မင္းေနပါတဲ့..."
ရိေပၚ ဘာျပန္ေျပာရမယ္မသိဘူး။ စိတ္ပူတဲ့ မ်က္လံုးေတြနဲ႔ လိုက္ၾကည့္ေနတဲ့ ေဟာက္ရႊမ္းေကာကိုပဲ ေၾကာင္ေတာင္ေတာင္ၾကည့္ေနမိတာ...။
သူ လိုက္လို႔မမွီေသးဘူး...။သူနဲ႔ သံုးရက္ေလးပဲ မေတြ႕ျဖစ္တာေလ ။ဘာလို႔ ဒီေလာက္အထိ ေဝးသြားရတာလဲ ။
ဦးက သူ႔ကို အနားမွာ မရွိေစခ်င္ေတာ့ရင္ေတာင္ ကိုယ္တိုင္လာေျပာေလ။
ဘာလို႔ သူမ်ားနဲ႔ ေျပာခိုင္းရတာလဲ။
သူက ဦးအတြက္ ဒီေလာက္ေလးေတာင္ မေလးနက္ခဲ့ဘူးလား။
ရိေပၚ အျပင္မွာက်ေနတဲ့ မိုးတဖြဲဖြဲကို ေငးရင္း ဦးနဲ႔ေနာက္ဆံုးေတြ႕တုန္းက သူဦးစိတ္ပ်က္ေလာက္မွာမ်ိဳးလုပ္မိလား အႀကိမ္ႀကိမ္စဥ္းစားတယ္။
ဒါေပမယ့္ သူဘယ္လိုမွအေျဖမေတြ႕ဘူး။
သည္းလိုက္ဖြဲလိုက္မိုးကို ထိုင္ေငးေနရတာ အဓိပၸာယ္မရွိဘူး။
အေၾကာင္းျပခ်က္ေရေရရာရာမသိရဘဲ ဦးကသူ႔နားမလာဖို႔ ေျပာခိုင္းတာကို ထိုင္နာက်င္ေနရမွာက ပိုလို႔ေတာင္ အဓိပၸာယ္မရွိဘူး။
ရိေပၚ ထိုင္ခံုက ဝုန္းခနဲထရပ္လိုက္တဲ့အခါ ေဟာက္ရႊမ္းေကာက ျပဴးျပဴးျပာျပာျဖစ္သြားတယ္။
"ရိေပၚ... "
"ကၽြန္ေတာ္ ဦးနဲ႔ေတြ႕ရမွျဖစ္မယ္ ။သူ႔ဆီက အေၾကာင္းျပခ်က္ကို ၾကားခ်င္တယ္"
ၿပီးေတာ့ ေဟာက္ရႊမ္းေကာ ဘာမွျပန္မေျပာရေသးခင္ဘဲ ဆိုင္ထဲကအေျပးတပိုင္းထထြက္လာခဲ့လိုက္တယ္။
ဦး ကၽြန္ေတာ့္ကို ဒီလိုႀကီး အေၾကာင္းျပခ်က္မရွိ ပစ္ပစ္ခါခါလုပ္လို႔မျဖစ္ဘူးေလ...။
ကၽြန္ေတာ့္မွာ ဦးတစ္ေယာက္ပဲ ရွိတာကို...။
ရိေပၚ ဆိုင္ကယ္ေတာင္မယူႏိုင္ပဲ ဒီအတိုင္းပဲ မိုးထဲေျပးသြားမိတယ္။
ခပ္စိမ့္စိမ့္မိုးဖြဲေလးေတြကလည္း မေအးႏိုင္ပါဘူး။ ဦးေပးတဲ့ အပူက သူ႔ရင္ကို မီးေတာက္ေနဖို႔ လံုေလာက္ေနၿပီမို႔...။
ျခံေရွ႕ေရာက္ေတာ့ ပိတ္ထားတဲ့ျခံတံခါးက သူ႔ကိုႀကိဳတယ္။ တစ္ခါမွ မဝင္ဖူးတဲ့ အိမ္ႀကီးက ျခံေရွ႕က ရပ္ၾကည့္မွ ပိုအထီးက်န္သေယာင္...။
ျခံတံခါးက ဘဲလ္ကိုတီးဖို႔ထိေတာင္ စိတ္မရွည္ေနေတာ့တဲ့ ရိေပၚက နံရံေပၚကေက်ာ္တက္ပစ္လိုက္တယ္ ။ ျခံတံခါးလာဖြင့္ေပးမွာ မဟုတ္မွန္း သူသိထားၿပီးသား...။
"ဦး... အခုထြက္လာခဲ့...ကၽြန္ေတာ့္ကို ဘာကိစၥခင္ဗ်ားနားကို မလာရဘူး ေျပာတာလဲ ။ အခု အေၾကာင္းျပခ်က္လာေပး...။ကၽြန္ေတာ့္ကို အဲ့လို အီလည္လည္ႀကီး လာမလုပ္နဲ႔ မႀကိဳက္ဘူး "
ၾကားလိုၾကားျငား အိမ္တံခါးကို တဘုန္းဘုန္းထုလို႔ ေအာ္ပစ္လိုက္တယ္။
တံခါးက ပြင့္လာမယ့္အရိပ္အေယာင္ ေသးေသးေလးေတာင္မရွိဘူး။
မတ္တပ္ေစာင့္ေနရင္းက ၅မိနစ္ေလာက္ေနေတာ့ စိတ္ကေလးက တိုလာျပန္တယ္။
"ဘဲႀကီး...ေရွာင္းက်န္႔....အခုထြက္လာခဲ့လို႔....
ဒီမွာ ေညာင္းေနၿပီ။
ေအးရတဲ့အထဲကို...
လူႀကီးျဖစ္ၿပီး ကေလးကို အႏိုင္က်င့္တာလား..."
ဘယ္လိုေအာ္ေအာ္ ဦးက ထြက္မေတြ႕ဖို႔ စိတ္ကူးထားပံုရပါတယ္။
"ဘဲႀကီး ... မထြက္လာဘူး ဟုတ္လား...။ရတယ္ မထြက္နဲ႔ ။ကၽြန္ေတာ္က ခင္ဗ်ားမထြက္လာမခ်င္းေစာင့္မွာ "
ေစာင့္ေအာင့္ေအာ္ၿပီး မေဟာ္ဂနီသားတံခါးႀကီးကို စိတ္တိုတိုနဲ႔ ပိတ္ကန္ပစ္လိုက္ေတာ့ ထြက္ေစခ်င္သလို အသံအက်ယ္ႀကီးထြက္မလာဘဲ ခပ္အုပ္အုပ္ အသံပဲထြက္လာၿပီး သူပဲေျခေထာက္နာတာ အဖတ္တင္တယ္။
ဘဲယုတ္မာႀကီး အိမ္အေကာင္းစားႀကီးမွာပဲ ေနေနလိုက္!!
စိတ္တိုတိုနဲ႔ ေသာင္းက်န္းခဲ့တဲ့ ရိေပၚ က ေပၚတီဂိုေအာက္မွာ ထိုင္ေစာင့္ရင္း အခ်ိန္ေတြကုန္လာတာနဲ႔အမွ် တျဖည္းျဖည္း တုန္လႈပ္လာတယ္။
ဦးက သူ႔ကိုတကယ္ပဲ ထပ္မေတြ႕ေတာ့မွာ မ်ားလား...။
အေတြးေလးနဲ႔တင္ တုန္လႈပ္သြားၿပီး ေပၚတီဂိုေအာက္က ထြက္ၿပီး မိုးဖြဲထဲသြားရပ္လိုက္တယ္။
ဖ်ားသြားမွာကို ေသးေသးေလးျဖစ္ျဖစ္ စိတ္ပူၿပီး ေျပးထြက္လာမလားလို႔....။
မသည္းတဲ့ မိုးဖြဲဖြဲေလးေတြက ေခါင္းေပၚ တျဖည္းျဖည္းက်တယ္။ မေဟာ္ဂနီသားတံခါးႀကီးကလည္း မုန္းဖို႔ေကာင္းေနေရာ...။
အခ်စ္က တကယ္ေကာင္းက်ိဳးမေပးဘူး။
ပြင့္မလာတဲ့ တံခါးတစ္ခ်ပ္ေၾကာင့္ သူက ေၾကကြဲေနရတယ္။
ဘယ္လိုလုပ္ေနေန မထြက္လာေတာ့ ေမွ်ာ္လင့္ခ်က္ကေလးက မဲ့စျပဳလာတယ္။ငုတ္တုတ္ထိုင္ခ်ၿပီး ေခါင္းငံု႔ခ်မိေတာ့ လက္ဖမိုးေပၚ ေရစက္တစ္စက္ေႂကြက်တယ္။
ဒါက မိုးစက္ေလးပါလို႔ ရိေပၚက ကိုယ့္ကိုယ္ကိုယ္ လိမ္တယ္။
ဦးကို တစ္ဖက္သတ္ခ်စ္ရကတည္းက သူကိုယ့္ကိုယ္ကိုယ္လိမ္ရတာေတြ မ်ားလာတယ္။
ဦးဆိုရင္ေတာ့ သူနာက်င္ေအာင္လုပ္မွာ မဟုတ္ဘူး။
ဦးဆိုရင္ေတာ့ သူ႔ကို ကာကြယ္ေပးမွာ...အဲ့လိုမ်ိဳး သူ႔ကိုယ္သူ ေန႔တိုင္းလိမ္ရပါတယ္။
ညႇိုးခါနီးပန္းပင္ေလးကို ေရေလာင္းေပးၿပီးမွ ႐ုတ္တရတ္အေဝးကိုထြက္ေျပးသြားတဲ့အခါ ပန္းပင္ေလးဘယ္လိုက်န္ခဲ့လဲ ခင္ဗ်ားစိတ္ဝင္စားဖူးလား...။
စိတ္ဝင္စားခဲ့ရင္ေတာ့ ပန္းပင္ကေလးက ေဝေဝ ေျကြေႂကြ ခင္ဗ်ားအနားပဲ ရွိခ်င္ေၾကာင္း ခင္ဗ်ားသိခဲ့မယ္ထင္တယ္...။
~~~~~~~~~~~~~~~~~~~~~
Unicode
ရိပေါ် လမ်းထိပ်က ကော်ဖီဆိုင်ထဲ ထိုင်စောင့်နေတာ နာရီဝက် ရှိပြီ။
ထုံးစံအတိုင်း လမ်းထိပ်မှာ ဦး အလုပ်သွားမှာကိုရိပေါ်လာစောင့်တာ...။
စောင့်နေတုန်း မိုးရွာလာလို့ ကော်ဖီဆိုင်ထဲဝင်မိုးခိုနေရတာ...။ဒါပေမယ့် ဦးက အလုပ်သွားရမယ့်အချိန်ကျော်နေပြီကို ဘာလို့ထွက်မလာသေးတာလဲ။
ဆိုင်ရဲ့အပြင်ကို မြင်နေရတဲ့ မှန်ဘေးက ထောင့်ကျကျခုံမှာ ရိပေါ်ထိုင်ပြီး လမ်းမကို ငေးနေတယ်။
ဘာမှမမှာပဲ ငုတ်တုတ်လာထိုင်နေတဲ့ ရိပေါ်ကို နှင်ထုတ်မယ့်သူ ဘယ်သူမှမရှိဘူး။
ဘာလို့လဲဆိုရင် သူက ဆိုင်ပိုင်ရှင်မို့လို့...။
အလုပ်အားတဲ့ရက်မျိုးမှာ ဦးက ဒီဆိုင်လေးမှာ ကော်ဖီသောက်ရင်း စာအုပ်လာဖတ်တတ်တဲ့အကျင့်ရှိတယ်လို့ ဟောက်ရွှမ်းကောဆီက သိရပြီးကတည်းက ဦးကို စိတ်တိုင်းကျ ထိုင်ငေးနိုင်ဖို့ ဒီကော်ဖီဆိုင်လေးကို ရိပေါ် အပိုင်ဝယ်ထားတာ...။
ပုံမှန်ပေါက်ဈေးထက်ငါးဆပေးပြီး မရအရ ဝယ်ထားတာမို့ Venexa ကတော့ သူ့ကိုစီးပွားရေးအမြင်မရှိဘူးဆို ဆူသေးတယ်။
ရိပေါ်က တရင်းတနှီးဆက်ဆံလို့ Venexaက သူ့ကိုအကြောက်အလန့်ကို မရှိတော့တာ...။
Venexaက အာသာပူတာ ရိပေါ် ကော်ဖီဆိုင်ဝယ်လိုက်ကတည်းက သူပဲ မနက် နေ့လည် ညမရွေး အားတာနဲ့ ကော်ဖီအလကား လာလာသောက်နေတာ...။
ကော်ဖီဖျော်တဲ့ အစ်မကို Venexa ကြိတ်ကြိုက်နေတာကိုတော့ ရိပေါ်က မသိချင်ယောင်ဆောင်ပေးထားလိုက်တယ်။
ကော်ဖီဆိုင်ထဲမှာ Shayne Wardရဲ့ Until you သီချင်းက ခပ်ငြိမ့်ငြိမ့် ပျံ့လွင့်နေတယ်။
အေးစိမ့်စိမ့်မိုးနေ့မှာ သီချင်းဆွေးဆွေးကြားရတဲ့အခါ ရိပေါ် ဒီရက်ထဲ မျက်နှာမမြင်ရသေးတဲ့ ဦးကို ပိုတိုးလို့ လွမ်းလာတယ်။
ရိပေါ် ဟိုနေ့က ဦးရှေ့မှာ အော်ငိုမိတဲ့အဖြစ်ကြောင့် ရှက်လို့ ဦးကို မျက်နှာချင်းမဆိုင်ရဲလို့ ဦးဆီမသွားခဲ့ဘူး။
ကလေးလည်းမဟုတ် မိန်းကလေးလည်းမဟုတ်ဘဲ ဦးကလေသံမာမာနဲ့ အော်လိုက်ရုံနဲ့ အော်ငိုပစ်ခဲ့မိပါတယ်တဲ့။
ဘယ်လောက်သိက္ခာကျလဲ။
ရိပေါ် အဲ့ဒီအချိန်အပိုင်းအခြားကြီးကို ဖျောက်ပစ်လိုက်ချင်တာ အရမ်းပဲ။
ဒီ၃ရက်အတွင်း ရိပေါ် ဦးဆီထသွားမယ်ကြံလိုက်... သူအော်ငိုထားတဲ့ ကိစ္စတွေးမိရင် ရှက်ပြီး အိပ်ရာထဲပြန်ဝင်ခွေနေလိုက်နဲ့ သူတစ်ယောက်တည်း သံသရာလည်နေတာ...။
ဦးကိုလွမ်းရဲ့နဲ့ ရှက်စိတ်နဲ့ မသွားရဲတဲ့အခါ ဘားသွားလွင့်တယ်။ဘားမှာ blueတစ်ခွက်နဲ့ ဦးကိုမှန်းလွမ်းနေတဲ့ သူ့ကို ခါးဖက်ပြီး နမ်းလာတဲ့ ကောင်မလေးရဲ့ အနမ်းတွေကြား ဦးရဲ့ဆေးလိပ်နံ့သင်းတဲ့ ပြင်းရှရှနှုတ်ခမ်းတွေကိုပဲ ပိုလွမ်းလာလို့ ကောင်မလေးကို အားမနာတမ်း တွန်းဖယ်လိုက်ရတယ်။
တကယ်ပါပဲ ရှောင်းကျန့်...
ခင်ဗျားရယ်လို့ ခေါင်းစဉ်တပ်လိုက်တာနဲ့ အသေမုန်းတဲ့ဆေးလိပ်နံ့ ခပ်ပြင်းပြင်းရနေတဲ့ နှုတ်ခမ်းတွေတောင် အစားထိုးမရဖြစ်နေပါရောလား။
ဘယ်လိုအတတ်များနဲ့ ပြုစားထားတာလဲ...။
ကျွန်တော့်မှာ စွဲလိုက်တာ တအား...။
အပြင်မှာ သည်းသည်းမည်းမည်းရွာနေတဲ့ မိုးစက်တွေက မှန်ကို လာလာထိမှန်နေတယ်။
သီချင်းသံခပ်ဆွေးဆွေးနဲ့ အတူ အတွေးကလည်း ဆွေးလာတော့တာပဲ...။
🎼🎼....Baby, it just took one hit of you
Now I'm addicted
You never know what's missing
Till you get everything you needed
I don't wanna run away just wanna make your day
When you feel the world is on your shoulders
I don't wanna make it worse just wanna make us work
Baby, tell me, I will do whatever
It feels like nobody ever knew me until you knew me
Feels like nobody ever loved me until you loved me
Feels like nobody ever touched me until you touched me
Baby, nobody, nobody until you....🎼🎼
၉နှစ်...
၃၂၈၅ ရက်...
အဲ့ဒီလောက်ကြာအောင် ပြန်တွေ့မယ်မသေချာတဲ့ လူတစ်ယောက်ကို သူစောင့်ခဲ့တယ်...။
ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ယောက်တည်း ကြိုးစားရပ်တည်ခဲ့ရတဲ့ ရိပေါ်က ရွယ်တူတွေထက်စာရင် အများကြီး လက်တွေ့ဆန်ခဲ့တယ်။
ဦးအပေါ် သူ့ရဲ့စွဲလမ်းမှုတွေကို အချစ်မှန်းခေါင်းစဉ်တပ်ရကောင်းမှန်း မသိသေးခင် ဆယ်ကျော်သက်တုန်းက သူငယ်ချင်းတွေ ကောင်မလေးတွေနဲ့ တွဲပြီး ပြတ်လို့ အသည်းကွဲကြ ပြိုလဲကြတာကို အရူးထတာလို့ ထင်ခဲ့ဖူးတယ်။
သူက အဲ့လိုမရူးချင်လို့ ဘယ်သူ့ကိုမှမချစ်ဘူးဆိုပြီးလည်း ကြီးကြီးကျယ်ကျယ် ကြွေးကြော်ဖူးတယ်။
အဲ့မှာ တွေ့တော့တာပဲ ။
ဦးအပေါ်ထားတဲ့ ခံစားချက်တွေက အချစ်ဖြစ်မှန်း သိတော့ ဦးအပေါ်ရူးသွပ်မှုက တော်တော်ရင့်နေပြီ။
အချစ်ဆိုတာက မသိလိုက်ခင်မှာပဲ တည့်တည့်ကြီးဝင်တိုးမိပြီး အသိဝင်တဲ့အခါ လှည့်မရအောင် နစ်ဝင်ပြီးသားဖြစ်နေတတ်တယ်။
ပြေးလို့လည်းမရဘူး။
ဘယ်အပေါက်က ပြေးရမလဲလည်း မသိဘူး။
အခုထိလည်း သူကပြေးပေါက်ရှာနေတုန်းပဲ...။
ဒါပေမယ့် တကယ်ကို ရပ်တန့်လို့ မရဘူး ။
တစ်စုံတစ်ယောက်ကို အကြောင်းပြချက်ပြစရာမရှိ သဘောကျမိပြီဆို ရပ်တန့်မရပဲ ဒီအတိုင်းလေး ဆက်သဘောကျနေမိတော့တာ....။
တစ်ဖက်သတ်အချစ်နဲ့ ကြိတ်ချစ်ပြီး ကျန်ရစ်ခဲ့လို့ အသည်းကွဲတတ်တဲ့ သူတွေကို အဓိပ္ပာယ်မရှိဘူးလို့တွေးတဲ့သူက နာမည်ရောမျက်နှာပါမသိတဲ့လူတစ်ယောက်ကို ၉နှစ်တောင် တစ်ဖက်သတ်ချစ်ပြီး လှလှပပကြီးကို ရူးခဲ့တာ ...။
ပြန်ကောင်းဖို့ စိတ်ကူးမရှိပဲ အကြာကြီးရူးပြီးတော့ ရူးသွပ်ရာလေးကို သူပြန်တွေ့ခဲ့တယ်။
သူရူးခဲ့ရသမျှ ဦးကတော့ သူ့ကိုမေ့နေခဲ့တယ်တဲ့။
သူဘာလုပ်မလဲ...။ ဆက်ရူးတာပေါ့...။
သူ ဦးအနားမှာ တစ်လကျော်ကျော် ကပ်တွယ်နေခဲ့တယ်။ ဦးဆီက သူပြန်ရတာတော့ ဥပေက္ခာတွေ ခပ်စူးစူးအကြည့်တွေပဲ။
ဒါပေမယ့်လည်း သူဆက်ကပ်တွယ်နေဦးမယ်။
ဒီလူမနှောင်ပါပဲ ရစ်ပတ်နေခဲ့တဲ့ နွယ်တွေဆီက သူဘယ်လိုမှ မရုန်းထွက်နိုင်တော့လို့...။
သူရုန်းလည်းမထွက်ချင်ခဲ့ဘူး....။
ဒါပေမယ့်လည်း နားလည်ရခက်တဲ့ သွေးအေးအေးမြေခွေးလေးကို ချစ်ရတာပင်ပန်းပါတယ်။
ဘယ်လိုပဲ သူ့ဘက်က တစ်ဖက်သတ်စခဲ့သည်ဖြစ်စေ တုံ့ပြန်မှုသေးသေးလေးတော့ မျှော်လင့်ခဲ့မိသည်ပဲ...။
ဥပမာ သူ၃ရက်လောက် ဦးဆီမသွားတဲ့အခါ ဖုန်းcallတစ်ခုလောက် ၊ ဒါမှမဟုတ် စာတိုလေးတစ်ကြောင်းဖြစ်ဖြစ်....။
ကိုယ့်ဘက်က ဆက်သွယ်မှပဲ
ဆက်ဖြစ်တော့မယ့် ပတ်သတ်မှုတွေပါပဲ...။
ကျွန်တော်က ဆက်သွယ်ခံရဖို့ မထိုက်တန်လို့လား...။
နှာခေါင်းထဲ ကော်ဖီနံ့သင်းသင်းက တိုးဝင်လာပြီး သူ့ရှေ့ကော်ဖီတစ်ခွက်ရောက်လာမှ အပြင်ကဆဲစပြုနေတဲ့ မိုးကိုငေးရင်း အတွေးလွန်နေရာက ရိပေါ်သတိဝင်တယ်။
ဟောက်ရွှမ်းကောက သူ့ကိုကော်ဖီချပေးပြီး သူ့ရှေ့ကိုဝင်ထိုင်တယ်။
"ရှောင်းကျန့်ကို စောင့်နေတာမလား"
ရိပေါ် ကော်ဖီကို တစ်ငုံယူသောက်ရင်း ခေါင်ငြိမ့်ပြလိုက်တယ်။
ခါးလိုက်တာ...။
အစ်ကိုဟောက်ရွှမ်းက သူက latte ပဲ သောက်မှန်းသိရဲ့နဲ့ ဘာလို့ espresso ဝယ်တိုက်တာလဲ။
"မစောင့်နဲ့တော့ သူဒီနေ့ဘယ်မှသွားမှာ မဟုတ်ဘူး"
ရိပေါ်က မျက်လုံးလှန်ကြည့်တော့ ဟောက်ရွှမ်းကောရဲ့ အလေးတနက်မျက်နှာကို တွေ့ရတယ်။
"ရိပေါ် ... ရှောင်းကျန့်က မင်းကို သူ့နားထပ်မလာစေချင်ဘူး"
ရိပေါ်ရဲ့ ကော်ဖီခွက်ကို ကိုင်ထားတဲ့ လက်တွေက တန့်သွားရတယ်။
"ကျွန်တော့်ကို သူ့နားထပ်မလာစေချင်ဘူး??"
"အင်း ... သူအဲ့လိုပဲ ပြောခဲ့တာ... သူ့မှာ မင်းနဲ့ ကစားနေဖို့ အချိန်မရှိတာမို့ သူ့ကိုလာရှုပ်မနေဘဲ မင်းဘဝနဲ့ မင်းနေပါတဲ့..."
ရိပေါ် ဘာပြန်ပြောရမယ်မသိဘူး။ စိတ်ပူတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေတဲ့ ဟောက်ရွှမ်းကောကိုပဲ ကြောင်တောင်တောင်ကြည့်နေမိတာ...။
သူ လိုက်လို့မမှီသေးဘူး...။သူနဲ့ သုံးရက်လေးပဲ မတွေ့ဖြစ်တာလေ ။ဘာလို့ ဒီလောက်အထိ ဝေးသွားရတာလဲ ။
ဦးက သူ့ကို အနားမှာ မရှိစေချင်တော့ရင်တောင် ကိုယ်တိုင်လာပြောလေ။
ဘာလို့ သူများနဲ့ ပြောခိုင်းရတာလဲ။
သူက ဦးအတွက် ဒီလောက်လေးတောင် မလေးနက်ခဲ့ဘူးလား။
ရိပေါ် အပြင်မှာကျနေတဲ့ မိုးတဖွဲဖွဲကို ငေးရင်း ဦးနဲ့နောက်ဆုံးတွေ့တုန်းက သူဦးစိတ်ပျက်လောက်မှာမျိုးလုပ်မိလား အကြိမ်ကြိမ်စဉ်းစားတယ်။
ဒါပေမယ့် သူဘယ်လိုမှအဖြေမတွေ့ဘူး။
သည်းလိုက်ဖွဲလိုက်မိုးကို ထိုင်ငေးနေရတာ အဓိပ္ပာယ်မရှိဘူး။
အကြောင်းပြချက်ရေရေရာရာမသိရဘဲ ဦးကသူ့နားမလာဖို့ ပြောခိုင်းတာကို ထိုင်နာကျင်နေရမှာက ပိုလို့တောင် အဓိပ္ပာယ်မရှိဘူး။
ရိပေါ် ထိုင်ခုံက ဝုန်းခနဲထရပ်လိုက်တဲ့အခါ ဟောက်ရွှမ်းကောက ပြူးပြူးပြာပြာဖြစ်သွားတယ်။
"ရိပေါ်... "
"ကျွန်တော် ဦးနဲ့တွေ့ရမှဖြစ်မယ် ။သူ့ဆီက အကြောင်းပြချက်ကို ကြားချင်တယ်"
ပြီးတော့ ဟောက်ရွှမ်းကော ဘာမှပြန်မပြောရသေးခင်ဘဲ ဆိုင်ထဲကအပြေးတပိုင်းထထွက်လာခဲ့လိုက်တယ်။
ဦး ကျွန်တော့်ကို ဒီလိုကြီး အကြောင်းပြချက်မရှိ ပစ်ပစ်ခါခါလုပ်လို့မဖြစ်ဘူးလေ...။
ကျွန်တော့်မှာ ဦးတစ်ယောက်ပဲ ရှိတာကို...။
ရိပေါ် ဆိုင်ကယ်တောင်မယူနိုင်ပဲ ဒီအတိုင်းပဲ မိုးထဲပြေးသွားမိတယ်။
ခပ်စိမ့်စိမ့်မိုးဖွဲလေးတွေကလည်း မအေးနိုင်ပါဘူး။ ဦးပေးတဲ့ အပူက သူ့ရင်ကို မီးတောက်နေဖို့လုံလောက်နေပြီမို့...။
ခြံရှေ့ရောက်တော့ ပိတ်ထားတဲ့ခြံတံခါးက သူ့ကိုကြိုတယ်။ တစ်ခါမှ မဝင်ဖူးတဲ့ အိမ်ကြီးက ခြံရှေ့က ရပ်ကြည့်မှ ပိုအထီးကျန်သယောင်...။
ခြံတံခါးက ဘဲလ်ကိုတီးဖို့ထိတောင် စိတ်မရှည်နေတော့တဲ့ ရိပေါ်က နံရံပေါ်ကကျော်တက်ပစ်လိုက်တယ် ။ ခြံတံခါးလာဖွင့်ပေးမှာ မဟုတ်မှန်း သူသိထားပြီးသား...။
"ဦး... အခုထွက်လာခဲ့...ကျွန်တော့်ကို ဘာကိစ္စခင်ဗျားနားကို မလာရဘူး ပြောတာလဲ ။ အခု အကြောင်းပြချက်လာပေး...။ကျွန်တော့်ကို အဲ့လို အီလည်လည်ကြီး လာမလုပ်နဲ့ မကြိုက်ဘူး "
ကြားလိုကြားငြား အိမ်တံခါးကို တဘုန်းဘုန်းထုလို့ အော်ပစ်လိုက်တယ်။
တံခါးက ပွင့်လာမယ့်အရိပ်အယောင်သေးသေးလေးတောင်မရှိဘူး။
မတ်တပ်စောင့်နေရင်းက ၅မိနစ်လောက်နေတော့ စိတ်ကလေးက တိုလာပြန်တယ်။
"ဘဲကြီး...ရှောင်းကျန့်....အခုထွက်လာခဲ့လို့....
ဒီမှာ ညောင်းနေပြီ။
အေးရတဲ့အထဲကို...
လူကြီးဖြစ်ပြီး ကလေးကို အနိုင်ကျင့်တာလား..."
ဘယ်လိုအော်အော် ဦးက ထွက်မတွေ့ဖို့ စိတ်ကူးထားပုံရပါတယ်။
"ဘဲကြီး ... မထွက်လာဘူး ဟုတ်လား...။ရတယ် မထွက်နဲ့ ။ကျွန်တော်က ခင်ဗျားမထွက်လာမချင်းစောင့်မှာ "
စောင့်အောင့်အော်ပြီး မဟော်ဂနီသားတံခါးကြီးကို စိတ်တိုတိုနဲ့ ပိတ်ကန်ပစ်လိုက်တော့ ထွက်စေချင်သလို အသံအကျယ်ကြီးထွက်မလာဘဲ ခပ်အုပ်အုပ် အသံပဲထွက်လာပြီး သူပဲခြေထောက်နာတာ အဖတ်တင်တယ်။
ဘဲယုတ်မာကြီး အိမ်အကောင်းစားကြီးမှာပဲ နေနေလိုက်!!
စိတ်တိုတိုနဲ့ သောင်းကျန်းခဲ့တဲ့ ရိပေါ် က ပေါ်တီဂိုအောက်မှာ ထိုင်စောင့်ရင်း အချိန်တွေကုန်လာတာနဲ့အမျှ တဖြည်းဖြည်း တုန်လှုပ်လာတယ်။
ဦးကသူ့ကိုတကယ်ပဲ ထပ်မတွေ့တော့မှာ များလား...။
အတွေးလေးနဲ့တင် တုန်လှုပ်သွားပြီး ပေါ်တီဂိုအောက်က ထွက်ပြီး မိုးဖွဲထဲသွားရပ်လိုက်တယ်။
ဖျားသွားမှာကို သေးသေးလေးဖြစ်ဖြစ် စိတ်ပူပြီး ပြေးထွက်လာမလားလို့....။
မသည်းတဲ့ မိုးဖွဲဖွဲလေးတွေက ခေါင်းပေါ် တဖြည်းဖြည်းကျတယ်။ မဟော်ဂနီသားတံခါးကြီးကလည်း မုန်းဖို့ကောင်းနေရော...။
အချစ်က တကယ်ကောင်းကျိုးမပေးဘူး။
ပွင့်မလာတဲ့ တံခါးတစ်ချပ်ကြောင့် သူက ကြေကွဲနေရတယ်။
ဘယ်လိုလုပ်နေနေ မထွက်လာတော့ မျှော်လင့်ချက်ကလေးက မဲ့စပြုလာတယ်။ငုတ်တုတ်ထိုင်ချပြီး ခေါင်းငုံ့ချမိတော့ လက်ဖမိုးပေါ် ရေစက်တစ်စက်ကြွေကျတယ်။
ဒါက မိုးစက်လေးပါလို့ ရိပေါ်က ကိုယ့်ကိုယ်ကိုယ် လိမ်တယ်။
ဦးကို တစ်ဖက်သတ်ချစ်ရကတည်းက သူကိုယ့်ကိုယ်ကိုယ်လိမ်ရတာတွေ များလာတယ်။
ဦးဆိုရင်တော့ သူနာကျင်အောင်လုပ်မှာ မဟုတ်ဘူး။
ဦးဆိုရင်တော့ သူ့ကို ကာကွယ်ပေးမှာ...အဲ့လိုမျိုး သူ့ကိုယ်သူ နေ့တိုင်းလိမ်ရပါတယ်။
ညှိုးခါနီးပန်းပင်လေးကို ရေလောင်းပေးပြီးမှ ရုတ်တရတ်အဝေးကိုထွက်ပြေးသွားတဲ့အခါ ပန်းပင်လေးဘယ်လိုကျန်ခဲ့လဲ ခင်ဗျားစိတ်ဝင်စားဖူးလား...။
စိတ်ဝင်စားခဲ့ရင်တော့ ပန်းပင်ကလေးက ဝေဝေ ကြွေကြွေ ခင်ဗျားအနားပဲ ရှိချင်ကြောင်း ခင်ဗျားသိခဲ့မယ်ထင်တယ်...။