Erratic Love-17

3.8K 558 54
                                    

ဘားထဲမှာ ထွက်ပေါ်နေတဲ့ စန္ဒယားသံစဉ်က ငြိမ့်ငြိမ့်ညောင်းညောင်း...။

Bartender လက်ထဲက shaker ရဲ့ အသံကလည်း တရစပ်ထွက်ပေါ်နေတယ်။Daiquiri .. Mimosa .. Martinez .. Paloma .. cocktail အမျိုးမျိုးကို အချိုးအစားအမျိုးမျိုးနဲ့ ကျွမ်းကျင်စွာ ဖျော်စပ်နေတာကို ကြည့်ရတာဟာ အနုပညာဆန်တယ်လို့ ကျိုးချန် တွေးမိတယ်။

ဖြူဖြူချောချော Bartenderကောင်လေးကြောင့်လည်း ပိုအနုပညာဆန်သွားတာ ဖြစ်လောက်မယ်။

လက်ချောင်းသွယ်သွယ်လေးတွေက jigger ခွက်နဲ့ ပါဝင်ပစ္စည်းတွေကို လက်ပြန်လောင်းထည့်လိုက် ၊ shaker ကို ကျွမ်းကျင်စွာ ရှိတ်လိုက်လုပ်နေတာကို ရောက်ကတည်းက သူအကြည့်လွှဲဖို့ခက်နေတာ...။

"ရှောင်းကျန့် မင်းအရမ်းများနေပြီ ...
တော်သင့်ပြီနေပြီထင်တယ်"

ကောင်လေးကို ခိုးကြည့်ရင်း သူ့သူငယ်ချင်း အလွန်အကျွံသောက်နေတာကိုလည်း တစ်ချက်တစ်ချက်လှမ်းဟန့်ရသေးတယ်။

အလုပ်ဆင်းဆင်းချင်း ကျိုးချန်ကို ဘားမှာ တွေ့ဖို့ချိန်းလာတဲ့ ရှောင်းကျန့်က ရောက်ကတည်းက သူ့ကို ငုတ်တုတ်ထိုင်ခိုင်းထားပြီး တရစပ်ထိုင်သောက်နေတာ အတော်ကြာနေပြီ ဖြစ်တယ်။

"ကျိုးချန်..."

"ဟင်..."

" ရိပေါ်က အခုတလော ငယ်ငယ်က မှတ်ဉာဏ်တွေကို တစ်စတစ်စနဲ့ ပြန်ပြန်သတိရလာတယ်တဲ့..."

"..."

"ငါဘယ်လိုလုပ်ရမလဲဟင်..."

ရှောင်းကျန့်ရဲ့ ဒီလိုပုံစံကို မြင်ရတာ သူတကယ် စိတ်မသက်သာ။

"ကျိုးချန်... သူငါ့ကို အနားထပ်မလာခိုင်းတော့ရင်ရော..."

ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မျက်နှာမှာ ပျောက်သွားတဲ့အရင်က အပြုံးတွေ ပြန်ပေါ်လာတာကို မြင်ရတာ ဝမ်ရိပေါ်ကို ကျေးဇူးတင်မိပေမယ့် ... ဝမ်ရိပေါ် မသိလိုက်ပဲ သူ့သူငယ်ချင်းစိတ်ပင်ပန်းနေရတာတွေကို သူကသိနေတာကြောင့်လည်း စိတ်ဆိုးချင်ရပြန်သေးတယ်။

"ငါသူနဲ့ နီးကပ်သွားတိုင်း အရင်တုန်းက အကြောင်းကပဲ ခေါင်းထဲကို ပြန်ပြန်ဝင်လာတယ် ... မတွေးပဲနေတာလည်း မရတာမို့ အရမ်းစိတ်ပင်ပန်းတယ် ... အဲ့ဒီတုန်းက အဖြစ်အပျက်ကို ပြန်မြင်ယောင်တိုင်းလည်း ရင်ဘတ်တစ်ခုလုံးက သွေးစိမ်းရှင်ရှင်ထွက်သလိုနာတယ် ... "

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now