Erratic Love-29

3.7K 440 97
                                    

ရာဇဝတ်မှုစစ်တမ်းတွေအရ ကမ္ဘာပေါ်မှာရှိတဲ့ မြို့တွေအားလုံးနဲ့ ယှဉ်ကြည့်ရင် ပေကျင်းက အလုံခြုံဆုံးမြို့တွေထဲက တစ်မြို့လို့ ပြောလို့ရတယ်။

နေထိုင်သူတစ်သိန်းမှာ လူသတ်မှုက ၁၁၉.၈၇ရာခိုင်နှုန်းအထိရှိတဲ့ Caracas ကိုတော့ ကမ္ဘာပေါ်မှာ မလုံခြုံဆုံးနဲ့နေထိုင်ဖို့ အန္တရာယ်အများဆုံးမြို့လို့သတ်မှတ်နိုင်တယ်။

အဲ့ဒီလိုမြို့ရဲ့ လမ်းတွေထက်မှာတောင် အေးအေးဆေးဆေးလေလွင့်နေနိုင်ခဲ့တဲ့ ရှောင်းကျန့်က ဘာကြောင့် ပေကျင်းရောက်မှ သူ့အတွက်လည်း မဟုတ်တဲ့ ကိစ္စတွေကြောင့် ခဏတိုင်း ဒဏ်ရာတွေရတယ်ဆိုတာ အရင်တုန်းက ဟင်နရီ လုံးဝနားမလည်နိုင်ခဲ့ဘူး။ အခုထိလည်း သူနားလည်နိုင်ဖို့ခက်တုန်းပဲ။

တခြားလူတစ်ယောက်အတွက် ကိုယ့်အရာရာကိုပေးဆပ်နိုင်တာ ဖြစ်နိုင်လို့လား...?အဲ့ဒီလူက ကိုယ်ရှိကြောင်းတောင် မသိတာကိုလေ!

အဲ့လိုသူမေးရင် ရှောင်းကျန့်ကတော့ သူအဓိပ္ပာယ်မဖော်တတ်တဲ့ အပြုံးတစ်ခုပြုံးရင်း ပြန်ပြောလိမ့်မယ်။ အဲ့ဒီလူကသာ မင်းဘဝတစ်ခုလုံးဖြစ်နေခဲ့ရင် မဖြစ်နိုင်စရာမရှိတော့ဘူး တဲ့...။

မျက်လုံးပြာပြာ ဆံပင်ရွှေရောင်တွေနဲ့ လူချောလေး ဟင်နရီက မြို့စားဘွဲ့ရ ဗြိတိန်အထက်တန်းလွှာတစ်ယောက်ရဲ့ တရားမဝင်သား...။အဖေကို အရွဲ့တိုက်ပြီး caracasမှာ ထင်တိုင်းကြဲ ပြဿနာရှာရင်းကနေ လူမိုက်တွေကြား လေလွင့်နေတဲ့ ရှောင်းကျန့်နဲ့ တွေ့ခဲ့တာ...။

ဗြိတိန်တော်ဝင်ဆေးတက္ကသိုလ်က ဆရာဝန်လောင်းနဲ့ ဟားဗဒ်တက္ကသိုလ်ရဲ့ထိပ်တန်းကျောင်းသားက ဒီဇင်ဘာကျောင်းပိတ်ရက်မှာ Caracasမြို့က ရန်ပွဲမှာ ရန်ဖြစ်ရင်း လာဆုံမိတယ်တဲ့။တကယ်ဂွတီးဂွကျနိုင်တဲ့ ရေစက်တွေ...။

အချစ်ကို ပြစ်မှုထင်နေတဲ့ရှောင်းကျန့်နဲ့ ကျား မ မရွေး ထည်လဲတွဲလို့ အချစ်တွေ ပေါလျှံနေတဲ့ ဟင်နရီက တကယ့်ကို ဘုနဲ့ဘောက်...။မြင်လိုက်တာနဲ့ စကားနိုင်လုရင်း သတ်ကြပြီ။

မကြိုက်မှန်းသိလျက် စိတ်တိုစေချင်တာသက်သက်နဲ့ ဟင်နရီက ရှောင်းကျန့်ကို ထမင်းစားရေသောက် ရည်းစားစကား လိုက်ပြောတယ်။ စိတ်အခန့်မသင့်တာနဲ့တိုးလို့ အထိုးခံရလည်း ဟင်နရီက ပန်းနဲ့ပေါက်ခံရသလို ခပ်ပြုံးပြုံးပဲ...။

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Waar verhalen tot leven komen. Ontdek het nu