Erratic Love - 25

3.3K 425 85
                                    

Fool's Mate ... ။

စစ်တုရင်ကစားနည်းမှာ checkmate ဖြစ်ဖို့ အမြန်ဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပြီး two-move checkmate လို့လည်း အသိများတယ်။နှစ်ခါရွှေ့ရုံနဲ့နိုင်နိုင်သလို အမှားနှစ်ခုလောက်ဆက်တိုက်လုပ်မိရင်လည်း အရှုံးနဲ့ရင်ဆိုင်ရနိုင်တယ်။

တစ်ဖက်က အကွက်အမှားကို အခွင့်ကောင်းယူပြီး အခု ရှောင်းကျန့်က ကိုယ့်ဘက်က Queenကို ထုတ်လိုက်ပြီးပြီ။ တစ်ဖက်ကသာ သူမှန်းထားတဲ့အတိုင်း အကွက်ရွှေ့ခဲ့မယ်ဆိုရင် ဒီပွဲကို သူသေချာပေါက်နိုင်မှာပဲ။

ဒီကစားပွဲမှာ သူအနိုင်ရဖို့ ပထမအလှည့်မှာ ရွှေ့ခဲ့တဲ့ စစ်တုရင်ရုပ်လေးကတော့ . . . ။

..

"ရှောင်းကျန့်!! ဒါက ဘာတွေလဲ !!"

​ရှောင်းကျန့်ရုံးခန်းထဲကို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ ဝင်ချလာပြီး ဆေးစစ်ချက်စာရွက်တစ်ရွက်နဲ့ USBတစ်ခုကို အိပ်ရာပေါ်ပစ်ချလို့ ရိပေါ်က ဒေါသတကြီးမေးတယ်။

မယုံချင်မှုတွေ ၊ ဒေါသတွေနဲ့ မျက်လုံးတွေလည်းရဲလို့ အတုန်တုန်အယင်ယင်နဲ့ လူငယ်လေးကို ရှောင်းကျန့်ကတော့ ဝိုင်ခွက်ကို လှုပ်နေရင်း မထူးဆန်းသလို ခပ်အေးအေးပဲ ကြည့်တယ်။

"ဒါကဘာတွေလဲလို့ ခင်ဗျားကို ကျွန်တော်မေးနေတယ်လေ!"

"မင်းမြင်တဲ့ အတိုင်းပဲလေ"

ဆေးစစ်ချက်စာရွက်ပေါ်မှာတော့ လီကျားဟန်နဲ့ ရှောင်းကျန့်ရဲ့ သွေးသားတော်စပ်မှု 99.99%ဆိုတဲ့ ရလဒ်တစ်ခုက ရှိနေတယ်။

ဘေးနားက USBကတော့ ရှောင်းကျန့်ရဲ့ အဖေအရင်းဖြစ်တဲ့ လီကျားဟန်က ကုမ္မဏီရှယ်ယာတွေအတွက် ရိပေါ်မိဘတွေကို လုပ်ကြံခဲ့တဲ့ သက်သေတွေပါတယ်။ ပြီးတော့ ကြီးကျယ်လှတဲ့ Niel Group ရဲ့ နဂိုပိုင်ရှင်ဟာ ဝမ်မိသားစုဖြစ်တဲ့အကြောင်း...။

ယွီပင်းအပြောအရတော့ ရန်ချန်းက ဒီသက်သေတွေကို စုံစမ်းထားခဲ့တာ ။

အရူးတပိုင်းနဲ့ အတည်ပြုဖို့သွားတော့ ဒါတွေကို ပေးမသိတာဟာ ရှောင်းကျန့်က ခိုင်းထားလို့ဖြစ်ကြောင်း ရန်ချန်းက အမှန်အတိုင်း ဝန်ခံလိုက်တဲ့အချိန်မှာ သူ့တစ်ကမ္ဘာလုံး ပြိုကျသွားသလိုပဲ...။
သူလုံးဝမယုံချင်ခဲ့....။မယုံနိုင်ခဲ့....။

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now