Warning : : This content may contain some violent and bloody scenes that may be inappropriate for some readers.
ရိုက်နှက်နှိပ်စက်တာတွေ ၊ သွေးထွက်သံယိုတွေ အနည်းနဲ့အများပါမှာဖြစ်လို့ အဆင်မပြေရင် မဖတ်ပါနဲ့ ။.....
"ဝမ်ရိပေါ်က ဒီနေ့သွားတော့မှာဆို"
ဆေးဂိုထောင်မှာ စစ်ဆေးပြီး ပြန်ခါနီးမှာ လီဝမ်ဟန်က ရှောင်းကျန့်ဘေးနား အသာလေးကပ်လျှောက်လာပြီး ခပ်တိုးတိုးမေးတယ်။
ဘာမှပြန်ဖြေမလာပေမယ့် ခပ်သွက်သွက်လျှောက်နေတဲ့ ရှောင်းကျန့် ခြေလှမ်းတွေက အနည်းငယ်တော့ တန့်သွားတယ်။
"လိုက်ပို့ဖို့ မသွားဘူးလား"
"အင်း"
"ဘာလို့လဲ ... ။ ဦးဦးက ဝမ်ရိပေါ်ကို ချစ်တယ်မဟုတ်ဘူးလား"
ရှောင်းကျန့်က နွမ်းလျလျပြုံးရင်း ဆယ်ကျော်သက်ကောင်လေးရဲ့ ဆံပင်တွေကို အသာဆွဲဖွလိုက်တယ်။ ဝန်ထမ်းတွေ အနားမှာမရှိရင် သူက ဒီကောင်လေးနဲ့ တရင်းတနှီးပဲ နေလေ့ရှိတယ်။
"ဒါတွေကို ကလေးတွေ နားမလည်ပါဘူးကွာ"
"ကျွန်တော်က လူကြီးတွေရဲ့ အချစ်ကို အရမ်းမသိပါဘူး။ ဦးဦးရဲ့ နှလုံးသားကိုလည်း မမှန်းနိုင်ဘူး။ဒါပေမယ့် ကျွန်တော်နဲ့ ရွယ်တူ ဝမ်ရိပေါ်ရဲ့ခံစားချက်ကိုတော့ ကျွန်တော်နားလည်နိုင်တယ်"
ခေါ်တော့သာ တလေးတစားခေါ်ပေမယ့် ဒီကလေးက ရှောင်းကျန့်ကို အစ်ကိုရင်းတစ်ယောက်လိုပဲ သဘောထားပြီးဆက်ဆံတာ ။
သူအလိုမကျရင် ဆရာလည်း လုပ်ရဲတယ်။"ဝမ်ရိပေါ်က ထွက်မသွားခင် ဦးဦးကို မြင်သွားချင်နေလောက်မှာ"
ဒါလီဝမ်ဟန် ဘဝမှာ ပထမဆုံးအကြိမ် သူများအတွက် ပြောပေးဖူးတာပဲဖြစ်တယ်။ ရှောင်းကျန့်က သူ့ကို မြင်ရင် အတိတ်တွေကို သတိရတယ်ဆိုတာသိလိုက်ကတည်းက ရှောင်းကျန့်ကို မမြင်ကွယ်ရာကနေပဲ တိတ်တိတ်လေးလာငေးတတ်တဲ့ ဝမ်ရိပေါ်ကို သူက မြင်နေတွေ့နေတာမို့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို အရမ်းချစ်တယ်ဆိုတာ သူလက်ခံသွားပြီ။
"ဟိုလေ အခုက စစ်ဆေးတဲ့ ကိစ္စကလည်းပြီးပြီ။လေယာဉ်ချိန်လည်း မရောက်လောက်သေးဘူးဆိုတော့လေ ခဏလောက်ဖြစ်ဖြစ် သွားတွေ့လိုက်ပါလား "