အိမ်အပေါ်ထပ်ကနေ စမတ်ကျကျဆင်းလာတဲ့ ဦးက ရိပေါ်ကို မြင်တော့ လှေကားတစ်ဝက်တင် ရပ်သွားတယ်...။"ကောင်လေး...??"
သူ့ကို အံ့သြသလို ကြည့်တဲ့ ဦးက ဟောက်ရွှမ်းကောပြောသလို မနေ့ကဘာဖြစ်ခဲ့လဲ မမှတ်မိတော့ဘူးဆိုတာ သေချာပါတယ်...။
"ဦး ကျွန်တော့်ကို တွေ့လို့အံ့သြသွားလား"
"ဟင့်အင်း"
လှေကားတစ်ဝက်မှာ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်နှိုက်လို့ စမတ်ကျကျရပ်ရင်း တွေဝေခြင်းမရှိပဲကို ငြင်းချပစ်တဲ့ ဦးက မနေ့က သူ့ကိုထားမသွားဖို့ပြောရင်း သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ခဲ့တဲ့သူနဲ့ တစ်ယောက်စီလို ... ။
ဒါလေးကိုလည်း မြတ်နိုးနေရပြန်တယ်...။
"အဲ့ဒါက ဘာအတွက်လဲ..."
ရိပေါ်နောက်က luggage ၂လုံးကို ရည်ညွှန်းမှန်း ထည့်မပြောလည်း အလိုလိုသိလိုက်တယ်။
" ကျွန်တော်ဒီမှာနေဖို့ အတွက်လေ"
ခပ်တည်တည်ပြောချတော့ ဦးက မျက်ခုံးတစ်ဖက်ပင့်ကြည့်တယ်။
အကြောင်းပြချက်တောင်းနေတဲ့ အကြည့်တွေကိုရိပေါ် အလိုလို နားလည်တယ်။"စိတ်မချလို့ ဦးကို မျက်စိဒေါက်ထောက်ကြည့်မလို့ ..."
ဦးက မပြုံးမရယ်နဲ့ လှေကားက ဆင်းလာတော့ ရိပေါ် အလိုလို ကိုယ်ကိုကျုံ့လိုက်မိတယ်။
သူ့အဖြေကို ဦးက စိတ်တိုင်းမကျသွားဘူးလို့ ခံစားရတယ်။"ကိုယ့်ကို မင်းစိတ်မချဖို့ မလိုဘူး ...
ဒီမှာလာနေပေးဖို့လည်း မလိုအပ်ဘူး...
ပြန်တော့ ... "အနားက ကပ်ဖြတ်သွားရင်း အေးစက်စက်ပြောတဲ့အခါ လက်တွေတော့တင်းနေအောင် ဆုပ်မိသွားတယ်။
ညက အိပ်မက်ယောင်နေတဲ့အခါတိုင်း ရိပေါ်က ကျွန်တော်ရှိတယ်ပြောမှ ကောင်းကောင်းပြန်အိပ်နိုင်တဲ့ ဦးဆီက စကားက ရိပေါ်အနားရှိပေးဖို့ မလိုအပ်ဘူး တဲ့...။
လက်က ပတ်တီးဖွေးသားနဲ့ မျက်နှာက ဒဏ်ရာတွေတောင် မပျောက်သေးပဲ ရိပေါ်ကို မလိုအပ်ဘူး ပြောနေတဲ့ ဒီလူက ဘယ်လောက်တောင် မာနကြီးတာလဲ ။
![](https://img.wattpad.com/cover/212224337-288-k612517.jpg)