Errratic Love-2

10.5K 1.1K 54
                                    

အစည်းအဝေး ခန်းမထဲမှာ အားကျိုးမာန်တက်ရှင်းပြနေတဲ့ R&D (Research And Development) Department ဌာနမှူးရဲ့ စကားတွေကို စိတ်မ၀င်စားနိုင်ပဲ ရှယ်ယာရှင်အများစုရဲ့ အာရုံက ဆုံလည်ခုံပေါ်ခပ်လျော့လျော့ထိုင်ရင်း စားပွဲပေါ်လက်ထောက်လို့ မျက်လုံးအသာမှိတ်ထားတဲ့
Hoddieအစိမ်းရင့်ရောင်ထဲနစ်မြှုပ်နေတဲ့ ကောင်လေးဆီ မသိမသာရောက်နေတယ်....။

ဘာအစည်းအဝေးမှ လာမတက်ဖူးတဲ့ ဒုတိယအများဆုံးရှယ်ယာရှင် Main Boardအဖွဲ့ဝင် ဒါရိုက်တာ ဝမ်ရိပေါ်က အစည်းအဝေးကို မရောက်စဖူး အရောက်ထူးလာတယ်....။ရောက်လာတော့လည်း suitနဲ့မဟုတ် ။Hoddieနဲ့ ဒူးလောက်ရှိတဲ့ ဘောင်းဘီတိုလေးနဲ့ ခေါင်းပေါ်မှာလည်း နဖူးပတ်ကပါသေးတယ်....။ဘတ်စကတ်ဘောကစားရင်းကများ Hoddieကောက်စွပ်ပြီးထွက်လာသလားပဲ...။

ဒီကောင်လေးက တစ်ကွက်ဆိုတစ်ကွက်ဘီလီယံသန်းချီထွက်အောင် အကွက်ရွှေ့နိုင်တဲ့ စတော့ဘုရင်.....။ဒီအတိုင်း ပျင်းလို့လာထိုင်နေတာတော့ မဖြစ်နိုင်ဘူး....။ဒီတစ်ခါအစည်းအဝေးကဘာများထူးခြားလို့လဲ.....။

သူဌေးဖြစ်သူရဲ့ နောက်နားမှာကပ်ရပ်နေတဲ့ Venexa က စိတ်ဝင်တစားနဲ့ သူ့သူဌေးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့ ရှယ်ယာရှင်တွေကို ကြာတော့ သနားလာတယ်....။လည်ပင်းတွေလည်း စောင်းကုန်ပါမယ်....။

တကယ်တမ်း ရိပေါ်က အစည်းအဝေးမှာဘာမှထူးခြားတာရှိလို့ မဟုတ်ပဲ ဒီအတိုင်းပျင်းလို့အစည်းအဝေးလာတက်ရင်း ပွဲလာကြည့်တယ်ဆိုတာ သိရင်တော့ မျက်ဖြူဆိုက်ကုန်ဦးမှာပဲ....။

မပြီးနိုင်မစီးနိုင် ဆေးအသစ်ရဲ့ ကောင်းကျိုးတွေအာပေါက်မတတ်ရှင်းပြနေတဲ့ ဌာနမှူးကို အားမနာတတ်စွာပဲ စီးပွားရေးလောကရဲ့ နာမည်ကြီး အဆိပ်ပြင်းမြွေကလေးက အစည်းအဝေးခန်းထဲမှာ တရူးရူးနဲ့အိပ်ပျော်နေတယ်.....။

Venexaက ကြည့်ရတာအမြင်မတော်တော့လို့ လှုပ်နှိုးမှ ရိပေါ်က မျက်လုံးတွေဖွင့်တယ်.....။ရိပေါ်ပြန်နိုးလာတဲ့အထိ ဌာနမှူးက powerpoint slideတွေကို Projecterနဲ့တစ်ရွက်ပြီးတစ်ရွက်ထိုးပြရင်း လေရှည်လို့မပြီးသေးဘူး....။

"ကျွန်တော်တို့ရဲ့ ဆေးအသစ်Alprazolam က ဦးနှောက်ထဲက chemicalတွေကိုချိန်ညှိပေးနိုင်မှုက တခြားဆေးတွေထက် 10%ပိုများပါတယ်....။Cellulose, corn starch, docusate sodium, lactose, magnesium stearate, silicon dioxide and sodium benzoateပါဝင်မှုတွေကို သေချာချိန်ညှိထားတာကြောင့် ဘေးထွက်ဆိုးကျိုးကိုလည်း တစ်ဝက်ထိလျှော့ချနိုင်မှာဖြစ်တာကြောင့် Depressionကြောင့်ဖြစ်ပေါ်တဲ့ရောဂါတွေနဲ့ တရားလွန်စိတ်ပူပန်မှုကြောင့်ဖြစ်ပေါ်တဲ့ anxiety disorders...panic disorderတွေအတွက် အသုံးဝင်ဆုံးဆေးတစ်မျိုးဖြစ်လာပြီး Niel Alpra အနေနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါကုသခြင်း ဈေးကွက်ကို အမြင့်ဆုံးရောင်းအားနဲ့ထိုးဖောက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်....."

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now