Erratic Love-5

8K 1K 120
                                    

အခန်းထဲ ၀င်ဝင်ချင်းမြင်လိုက်ရတဲ့ ဝိုင်တစ်ခွက်နဲ့ထိုင်နေတဲ့ ရှောင်းကျန့်ကြောင့် ဟောက်ရွှမ်းသက်ပြင်း အသာချမိတယ်....။

အပြင်ဘက်မှာ မိုးကတိတ်သွားပေမယ့် ခပ်စိမ့်စိမ့် အေးနေသေးတယ်.....။

ခပ်မှိန်မှိန်အဝါရောင် မီးရောင်အောက်က အခန်းက အထီးကျန်ဆန်တယ်.....။
အနက်ရောင်နံရံတွေနဲ့ မဟော်ဂနီသားပရိဘောကတွေ ဆင်ယင်ထားတဲ့ အခန်းကျယ်ကြီးက ခမ်းနားပေမယ့် သီးသန့်ဆန်လွန်းစွာအေးစက်တယ်.....။

အနက်ရောင် လယ်သာဆိုဖာကြီးပေါ်ထိုင်နေတဲ့ ရှောင်းကျန့် ပတ်လည်က ကောဇောပေါ်မှာရော စားပွဲပေါ်မှာပါ ဆေးလိပ်အတိုအစတွေ ပျံ့ကြဲနေပြီး ဆိုဖာခြေရင်းမှာထောင်ထားတဲ့ ဝိုင်ပုလင်းအလွတ်တွေကလည်း မနည်း.....။

မနေ့ညက မိုးသည်းတဲ့ညမို့ ရှောင်းကျန့်တစ်ယောက် အတိတ်ဆိုးဆိုးတွေရဲ့ နာကျင်မှုကို အရက်အားကိုးနဲ့မေ့ဖျောက်ဖို့ ကြိုးစားပြန်ပုံရတယ်။

"မင်းသောက်တာလည်းသောက်ပေါ့.....လျှော့သောက်....မင်းစိတ်ဒဏ်ရာကို ဒါမျိုးတွေနဲ့ဖိနှိပ်နေရင်မင်းကျန်းမာရေးပဲထိခိုက်မှာ....မင်းကို ဆရာဝန်ပေးတဲ့ဆေးတွေရော သောက်ဖြစ်တယ်မလား...."

ဟောက်ရွှမ်းက ဆေးလိပ်အတိုအစတွေနဲ့ ဝိုင်းပုလင်းအခွံတွေကို လိုက်သိမ်းရင်း မေးလိုက်တယ်။

တစ်ခန်းလုံးမှာ ဘာတစ်ခုမှပျက်စီးမနေဘူးဆိုတော့ ဒီတစ်ခေါက်ရှောင်းကျန့်စိတ်အခြေအနေက တော်တော်လေးတိုးတက်လာပြီ ပြောလို့ရတယ်။ဒီစိတ်ရောဂါဆရာဝန်နဲ့တော့ အဆင်ပြေပုံပါပဲ....။

ရှောင်းကျန့်က ဝိုင်ကို တစ်ချက်လှုပ်လိုက်ပြီး ကုန်အောင်သောက်တယ်။ပြီးတော့ ဘာစကားမှမဖြေဘဲ ထပြီး အ၀တ်လဲခန်းထဲဝင်သွားတယ်။

ရှောင်းကျန့်နဲ့ ငယ်ငယ်ကတည်းကပေါင်းလာပြီး အတူကြီးပြင်းလာတဲ့သူ့အတွက်တော့ ဒီလိုဆက်ဆံခံရတာ မဆန်းတော့ဘူး။ရှောင်းကျန့်ကတစ်နေ့လုံးနေလို့မှစကားတစ်ခွန်းတောင်ပြောခဲတယ်။

ရှောင်းကျန့်........
သိပ်ချော သိပ်တော် သိပ်ပြည့်စုံတဲ့ ၀န်ကြီးချုပ်ရဲ့မြေးရတနာလေး...Niel Bioရဲ့ Managing Director....။
သွေးအေးတယ်....။
မာနကြီးတယ်......။
ရက်စက်တယ်.......။
စကားတစ်လုံးတောင်ပြောခဲတယ်....။
တစ်ချက်မပြုံးဘူး....။
လူမှုရေးမကောင်းဘူး....။

𝓔𝓻𝓻𝓪𝓽𝓲𝓬 𝓛𝓸𝓿𝓮Where stories live. Discover now