”အစ္ကိုေတာ္”
ဖန္အာကတီးတိုးရြက္ဆိုလိုက္သည္။
”သူမင္း မလာမခ်င္းေစာင့္ေနမယ္တဲ့”
အန္းဟြာက ေျပာၿပီးသည္ႏွင့္ ဌဲ့ထားေသာ ေရေႏြးကိုေသာက္လိုက္သည္ ။
”ကြၽန္ေတာ္ မသြားလို႔မရဘူးလား”
ဖန္အာက ေျပာလိုက္ေတာ့ လက္မခံသည္မွာ ေဖမုရံုပါပင္။
”ဘာပဲျဖစ္ျဖစ္ အက်ိဳးအေၾကာင္းေလး ေတာ့ေျပာသင့္ပါတယ္”
ေဖမုရံုကဆို၏ ဒီအတိုင္းပစ္ထားလိုက္ရင္ နည္းနည္းေတာ့ သနားဖို႔ေကာင္းသည္ မဟုတ္ေပဘူးလား ျပီးေတာ့ နန္းတြင္းထိ လာသည္ဆိုတာေတာ့ ေတာ္ေတာ္ေလး ေတြ႔ခ်င္ေနေသာေၾကာင့္ျဖစ္ေပမည္။
”ဟုတ္တယ္ ေမာင္ေတာ္ေျပာတာ အမေတာ္ လက္ခံတယ္”
ခ်န္ဝမ္ကေခါင္းၿငိမ့္ရင္းဆို၏ မွန္ပါသည္ သူမလည္း ဖန္အာကို သြားေတြ႔ခိုင္းေစခ်င္သည္။
”ဟုတ္တယ္ ဖန္အာ ခဏေလးပါပဲတဲ့”
အန္းဟြာကလည္း ေထာက္ခံေတာ့ ဖန္အာလည္းမသြားဘဲ မေနႏိုင္ေတာ့ မွန္ေပသည္ ဒီအတိုင္းႀကီးလည္း အစ္ကိုေတာ္ကို ဖန္အာ မပစ္ရက္ေပ။
”ဒါဆို ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး”
ဖန္အာလည္း ေျပာၿပီးသည္ႏွင့္ နန္းတြင္း ဂိတ္ေပါက္သို႔ သြားေလသည္။ ဖန္အာ အေတာ္အေဝးေရာက္မွ အန္းဟြာလည္း ေဖမုရံုတို႔နားမွာထိုင္လိုက္ေတာ့သည္။
”နည္းနည္း ထူးဆန္းမေနဘူးလား ”
”ဘာကိုလဲ”
ေဖမုရံုကဆို၏။
”ဖန္အာနဲ႔ သူ႔အစ္ကိုဆက္ဆံေရး”
”ငါလည္းထင္တယ္”
ခ်န္ဝမ္ကလည္း အန္းဟြာစကားကို လက္ခံလိုက္သည္ ေဖမုရံုကေတာ့ ဘာမွမအံ ့ျသသည့္ဟန္ပင္။
” ေမြးစားညီဆိုေပမယ့္လဲ ၾကားမွာခ်စ္ျခင္း ေမတၱာေတြ႐ွိမွာေပါ့ ဘာလို႔လဲမသိဘူး မိဖုရားေခါင္ကေတာ့ သူတို႔အေၾကာင္း ေတာ္ေတာ္သိတယ္”
ေဖမုရံုက ေျဖၾကားခဲ့သည္ ႐ွင္း႐ွင္းအေနႏွင့္ ဘာကိစၥမို႔အဲ့ေလာက္ထိ သိေနလည္း စဥ္းစားလို႔မရေသာ္လည္း ႐ွင္း႐ွင္းက အျမဲသူတို႔ဘက္က႐ွိတယ္ ဆိုတာေတာ့ေသခ်ာသည္ သူတို႔ႏွင့္ဖန္အာ့ဘက္ကေပါ့။
-----------------------------------------------------------
”အစ္ကိုေတာ္ ဘာလို႔ ဒီလာတာလဲ”
ဖန္အာတစ္ေယာက္ နန္းတြင္းဂိတ္ေပါက္ ေဘးမွာေစာင့္ေနေသာ အိုက္စန္းကို ေမးခြန္းထုတ္မိသည္။
”ေန႔လည္က မယ္ေတာ္လာတယ္ဆို”
အိုက္စန္းကေမးေတာ့ ဖန္အာ ဘာမွမျဖစ္သူႏွယ္ ေခါင္းၿငိမ့္ျပခဲ့သည္။
”ဘာမွစိတ္ထဲမထားပါနဲ႔ မယ္ေတာ္ေျပာတာေတြ အကုန္ေမ့လိုက္ပါ”
အိုက္စန္း ဖန္အာ့ပခံဳးေပၚသို့ လက္တင္မည္ျပဳေတာ့ ဖန္အာေ႐ွာင္တိမ္းလိုက္သည္
”ဘာမွမျဖစ္ပါဘူး အစ္ကိုေတာ္ ကြၽန္ေတာ္နဲ႔အစ္ကိုေတာ္က ညီအစ္ကို ေတြပဲဟာ”
”တကယ္ ညီအစ္ကိုပဲျဖစ္ခ်င္တာလား”
အိုက္စန္းကေမးေတာ့ ဖန္အာေခါင္းၿငိမ့္ျပခဲ့သည္ မွန္သည္ သူတကယ္ ညီအစ္ကိုပဲျဖစ္ခ်င္ေတာ့သည္။
”ဒါေပမယ့္ အစ္ကိုေတာ္ကေတာ့မင္းနဲ႔....”
”ေျသာ္ ဒါကိုပက္ပင္းတိုးတယ္ေခၚလား”
ဖန္အာ ေနာက္ဘက္မွ အသံၾကား၍ လွည့္ၾကည့္မိေတာ့ေတြ႔ရသည့္လူမွာ အျခားလူမဟုတ္ အားခ်ံဳပါပင္။
”ေတာ္ဝင္ကိုယ္လုပ္ေတာ္အားခ်ံဳ ”
ဖန္အာ တစ္ေယာက္ အားခ်ံဳက္ုိ ဦးၫႊတ္ခဲ့သည္ အနည္းဆံုးေတာ့ အားခ်ံဳက ဖန္အာထက္ အဆင့္ပိုျမင့္သည္ေလ။
”ေကာင္းပါတယ္ အနည္းဆံုးေတာ့ မင္းကအနိမ့္အျမင့္ သိသားပဲ”
အားခ်ံဳ ေျပာၿပီးသည္ႏွင့္ ဖန္အာႏွင့္အိုက္စန္းတို႔နား သြားလိုက္ၿပီးေနာက္ မဲ့ျပံဳးျပံဳးလိုက္သည္။
”မင္းတို႔က အ႐ွင့္ကြယ္ရာမွာ လာေဖာက္ျပန္ေနတာလား”
”မဟုတ္ပါဘူး ကြၽန္ေတာ္တို႔က ညီအစ္ကို ေတာ္ေတြပါ”
ဖန္အာ အားခ်ံဳ၏ စကားကိုျငင္းပယ္ခဲ့သည္ ဖန္အာတကယ္လည္းမင္းႀကီး၏ ကိုယ္လုပ္ေတာ္ ျဖစ္ကတည္းက မင္းႀကီးေပၚမွာ သစၥာေစာင့္သိခဲ့သည္။
”မင္းက ငါေျပာတဲ့စကားကို ျငင္းဝံ့တယ္”
အားခ်ံဳတစ္ေယာက္၏ လက္ဖန္အာ့ပါးျပင္ေပၚသို႔ က်ေရာက္လုဆဲဆဲ အားခ်ံဳလက္ကို ဆြဲထားသူမွာ လီဖန္းပါပင္။
”အ႐ွင္”
အားခ်ံဳ တစ္ေယာက္ ႐ုတ္တရပ္ ေရရြတ္လိုက္သည္။ တကယ္ေတာ့ လီဖန္းအခ်ိန္မွီေရာက္လာျခင္းဟာ အားခ်ံဳ မေရာက္ခင္ကတည္း ကေရာက္ေနၿပီ အားခ်ံဳ၏အျပဳအမူေတြက ထူးဆန္းေနသည္ျဖစ္ေသာ၍ ဘာလုပ္မလဲဆိုတာသိေနေသာေၾကာင့္ျဖစ္သည္။
” တကယ္ေတာ့ ဖန္အာနဲ႔ ဖန္အိုက္စန္းတို႔က ညီအစ္ကိုေတြပဲ”
”မျဖစ္ႏိုင္ဘူးေနာ္ အ႐ွင္ သူတို႔ကအရမ္းရင္းႏွီးတယ္”
”ညီအစ္ကိုခ်င္းရင္းႏွီးတာက ဘာျဖစ္လို႔လဲ ”
လီဖန္းကဆိုေတာ့ အားခ်ံဳ တစ္ေယာက္မ်က္ႏွာ ပ်က္သြားသည္။
”အ႐ွင္က ကြၽန္ေတာ့္္ကိုမယံုေတာ့တာလား ရတယ္ အ႐ွင္ ဒီညကြၽန္ေတာ့္အေဆာင္မလာခဲ့နဲ႔”
အားခ်ံဳကလီဖန္းလက္ကို တြန္းဖယ္လိုက္ကာေျခေဆာင့္ၿပီးထြက္သြားေလသည္။မင္းျကီးအား ဒီ အျပဳအမူမ်ိဳးကို အားခ်ံဳသာလ်ွင္ပဲလုပ္ႏိုင္သည္။
”ကြၽန္ေတာ္မ်ိဳးကို အိမ္ျပန္ခြင့္ျပဳပါ”
”ေကာင္းပါၿပီ ေနာက္လည္းလာခဲ့ပါ ေနာက္ဆိုကိုယ္ေတာ္တို႔အေဆာင္မွာ ေအးေဆးစကားေျပာၾကပါ”
”ေကာင္းပါၿပီ”
အိုက္စန္းလည္းႏႈတ္ဆက္ၿပီးသည္ႏွင့္ ထြက္ခြာခဲ့သည္ အခု က်န္ခဲ့သူမွာ လီဖန္းႏွင့္ ဖန္အာသာပင္။
”ကြၽန္ေတာ္မ်ိဳးကိုလည္း သြားခြင့္ျပဳ.....”
”ဖန္အာ”
လီဖန္း ထြက္သြားမည္ျပဳေနေသာ ဖန္အာလက္ကို လွမ္းဆြဲလိုက္ေတာ့ ေသးငယ္တဲ့ကိုယ္ေလးက လီဖန္းရင္ခြင္က်ယ္ထဲ က်ေရာက္သြားသည္။
”မင္းႀကီး”
ဖန္အာ အံ့ျသတႀကီးႏွင့္ လီဖန္းကို ေမာ့ၾကည့္ေတာ့ ဖန္အာေတြ႔ရသည္က လီဖန္း၏ ခ်ိဳသာေသာအျပံဳးပင္။
” ညၾကမင္းရဲ့အေဆာင္ေတာ္ထဲလာလို႔ရလား”
”ဟို ဒါက...”
ဖန္အာ မထင္မွတ္ေသာ စကားျဖစ္တာေၾကာင့္ ခဏေၾကာင္ေနမိသည္။ အရင္ကဆို ခြင့္ျပဳခ်က္ေတာင္းဖို႔မဆိုႏွင့္ ညႇင္သာျခင္းေတာင္မ႐ွိခဲ့ေပ။
”ခြင့္မျပဳလို႔လား”
”မဟုတ္ပါဘူး...ဒီအတိုင္းပါ ။ ကြၽန္ေတာ့္ကို သြားခြင့္ျပဳပါ ကြၽန္ေတာ္ ညၾကေစာင့္ေနပါ့မယ္”
ဖန္အာ လီဖန္းရင္ခြင္ထဲမွ ႐ုန္းထြက္ၿပီးထြက္သြားခဲ့သညိ။ လီဖန္းကေတာ့ ဖန္အာ့ေနာက္ေက်ာျပင္ကိုၾကည့္ရင္းျပံဳးေနသည္။
ဘာတဲ့ညၾကေတြ႔မယ္တဲ့။
”ဘယ္လိုေတာင္ ခ်စ္စရာေလးလဲ”
(AN:မင္းႀကီးက အရင္တုန္းကသေဘာ ေကာင္းတဲ့လူၾကီးပါ)
Unicode
အစ်ကိုတော်
ဖန်အာကတီးတိုးရွက်ဆိုလိုက်သည်။
သူမင်း မလာမချင်းစောင့်နေမယ်တဲ့
အန်းဟွာက ပြောပြီးသည်နှင့် ဌဲ့ထားသော ရေနွေးကိုသောက်လိုက်သည် ။
ကျွန်တော် မသွားလို့မရဘူးလား
ဖန်အာက ပြောလိုက်တော့ လက်မခံသည်မှာ ဖေမုရုံပါပင်။
ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်းလေး တော့ပြောသင့်ပါတယ်
ဖေမုရုံကဆို၏ ဒီအတိုင်းပစ်ထားလိုက်ရင် နည်းနည်းတော့ သနားဖို့ကောင်းသည် မဟုတ်ပေဘူးလား ပြီးတော့ နန်းတွင်းထိ လာသည်ဆိုတာတော့ တော်တော်လေး တွေ့ချင်နေသောကြောင့်ဖြစ်ပေမည်။
ဟုတ်တယ် မောင်တော်ပြောတာ အမတော် လက်ခံတယ်
ချန်ဝမ်ကခေါင်းငြိမ့်ရင်းဆို၏ မှန်ပါသည် သူမလည်း ဖန်အာကို သွားတွေ့ခိုင်းစေချင်သည်။
ဟုတ်တယ် ဖန်အာ ခဏေလးပါပဲတဲ့
အန်းဟွာကလည်း ထောက်ခံတော့ ဖန်အာလည်းမသွားဘဲ မနေနိုင်တော့ မှန်ပေသည် ဒီအတိုင်းကြီးလည်း အစ်ကိုတော်ကို ဖန်အာ မပစ်ရက်ပေ။
ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး
ဖန်အာလည်း ပြောပြီးသည်နှင့် နန်းတွင်း ဂိတ်ပေါက်သို့ သွားလေသည်။ ဖန်အာ အတော်အဝေးရောက်မှ အန်းဟွာလည်း ဖေမုရုံတို့နားမှာထိုင်လိုက်တော့သည်။
နည်းနည်း ထူးဆန်းမနေဘူးလား
ဘာကိုလဲ
ဖေမုရုံကဆို၏။
ဖန်အာနဲ့ သူ့အစ်ကိုဆက်ဆံရေး
ငါလည်းထင်တယ်
ချန်ဝမ်ကလည်း အန်းဟွာစကားကို လက်ခံလိုက်သည် ဖေမုရုံကတော့ ဘာမွမအံ ့သြသည့်ဟန်ပင်။
မွေးစားညီဆိုပေမယ့်လဲ ကြားမှာချစ်ခြင်း မေတ္တာတွေရှိမှာပေါ့ ဘာလို့လဲမသိဘူး မိဖုရားခေါင်ကတော့ သူတို့အကြောင်း တော်တော်သိတယ်
ဖေမုရုံက ဖြေကြားခဲ့သည် ရှင်းရှင်းအနေနှင့် ဘာကိစ္စမို့အဲ့လောက်ထိ သိနေလည်း စဉ်းစားလို့မရသော်လည်း ရှင်းရှင်းက အမြဲသူတို့ဘက်ကရှိတယ် ဆိုတာတော့သေချာသည် သူတို့နှင့်ဖန်အာ့ဘက်ကပေါ့။
-----------------------------------------------------------
အစ်ကိုတော် ဘာလို့ ဒီလာတာလဲ
ဖန်အာတစ်ယောက် နန်းတွင်းဂိတ်ပေါက် ဘေးမှာစောင့်နေသော အိုက်စန်းကို မေးခွန်းထုတ်မိသည်။
နေ့လည်က မယ်တော်လာတယ်ဆို
အိုက်စန်းကမေးတော့ ဖန်အာ ဘာမှမဖြစ်သူနှယ် ခေါင်းငြိမ့်ပြခဲ့သည်။
ဘာမှစိတ်ထဲမထားပါနဲ့ မယ်တော်ပြောတာတွေ အကုန်မေ့လိုက်ပါ
အိုက်စန်း ဖန်အာ့ပခုံးပေါ်သို့ လက်တင်မည်ပြုတော့ ဖန်အာရှောင်တိမ်းလိုက်သည်
ဘာမှမဖြစ်ပါဘူး အစ်ကိုတော် ကျွန်တော်နဲ့အစ်ကိုတော်က ညီအစ္ကို တွေပဲဟာ
တကယ် ညီအစ်ကိုပဲဖြစ်ချင်တာလား
အိုက်စန်းကမေးတော့ ဖန်အာခေါင်းငြိမ့်ပြခဲ့သည် မှန်သည် သူတကယ် ညီအစ်ကိုပဲဖြစ်ချင်တော့သည်။
ဒါပေမယ့် အစ်ကိုတော်ကတော့မင်းနဲ့....
သြော် ဒါကိုပက်ပင်းတိုးတယ်ခေါ်လား
ဖန်အာ နောက်ဘက်မှ အသံကြား၍ လှည့်ကြည့်မိတော့တွေ့ရသည့်လူမှာ အခြားလူမဟုတ် အားချုံပါပင်။
တော်ဝင်ကိုယ်လုပ်တော်အားချုံ
ဖန်အာ တစ်ယောက် အားချုံက်ို ဦးညွှတ်ခဲ့သည် အနည်းဆုံးတော့ အားချုံက ဖန်အာထက် အဆင့်ပိုမြင့်သည်လေ။
ကောင်းပါတယ် အနည်းဆုံးတော့ မင်းကအနိမ့်အမြင့် သိသားပဲ
အားချုံ ပြောပြီးသည်နှင့် ဖန်အာနှင့်အိုက်စန်းတို့နား သွားလိုက်ပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။
မင်းတို့က အရှင့်ကွယ်ရာမှာ လာဖောက်ပြန်နေတာလား
မဟုတ်ပါဘူး ကျွန်တော်တို့က ညီအစ္ကို တော်တွေပါ
ဖန်အာ အားချုံ၏ စကားကိုငြင်းပယ်ခဲ့သည် ဖန်အာတကယ်လည်းမင်းကြီး၏ ကိုယ်လုပ်တော် ဖြစ်ကတည်းက မင်းကြီးပေါ်မှာ သစ္စာစောင့်သိခဲ့သည်။
မင်းက ငါပြောတဲ့စကားကို ငြင်းဝံ့တယ်
အားချုံတစ်ယောက်၏ လက်ဖန်အာ့ပါးပြင်ပေါ်သို့ ကျရောက်လုဆဲဆဲ အားချုံလက်ကို ဆြဲထားသူမွာ လီဖန်းပါပင်။
အရှင်
အားချုံ တစ်ယောက် ရုတ်တရပ် ရေရွတ်လိုက်သည်။ တကယ်တော့ လီဖန်းအချိန်မှီရောက်လာခြင်းဟာ အားချုံ မရောက်ခင်ကတည်း ကရောက်နေပြီ အားချုံ၏အပြုအမူတွေက ထူးဆန်းနေသည်ဖြစ်သော၍ ဘာလုပ်မလဲဆိုတာသိနေသောကြောင့်ဖြစ်သည်။
တကယ်တော့ ဖန်အာနဲ့ ဖန်အိုက်စန်းတို့က ညီအစ်ကိုတွေပဲ
မဖြစ်နိုင်ဘူးနော် အရှင် သူတို့ကအရမ်းရင်းနှီးတယ်
ညီအစ်ကိုချင်းရင်းနှီးတာက ဘာဖြစ်လို့လဲ
လီဖန်းကဆိုတော့ အားချုံ တစ်ယောက်မျက်နှာ ပျက်သွားသည်။
အရှင်က ကျွန်တော့််ကိုမယုံတော့တာလား ရတယ် အရှင် ဒီညကျွန်တော့်အဆောင်မလာခဲ့နဲ့
အားချုံကလီဖန်းလက်ကို တွန်းဖယ်လိုက်ကာခြေဆောင့်ပြီးထွက်သွားလေသည်။မင်းကြီးအား ဒီ အပြုအမူမျိုးကို အားချုံသာလျှင်ပဲလုပ်နိုင်သည်။
ကျွန်တော်မျိုးကို အိမ်ပြန်ခွင့်ပြုပါ
ကောင်းပါပြီ နောက်လည်းလာခဲ့ပါ နောက်ဆိုကိုယ်တော်တို့အဆောင်မှာ အေးဆေးစကားပြောကြပါ
ကောင်းပါပြီ
အိုက်စန်းလည်းနှုတ်ဆက်ပြီးသည်နှင့် ထွက်ခွာခဲ့သည် အခု ကျန်ခဲ့သူမှာ လီဖန်းနှင့် ဖန်အာသာပင်။
ကျွန်တော်မျိုးကိုလည်း သွားခွင့်ပြု.....
ဖန်အာ
လီဖန်း ထွက်သွားမည်ပြုနေသော ဖန်အာလက်ကို လှမ်းဆွဲလိုက်တော့ သေးငယ်တဲ့ကိုယ်လေးက လီဖန်းရင်ခွင်ကျယ်ထဲ ကျရောက်သွားသည်။
မင်းကြီး
ဖန်အာ အံ့သြတကြီးနှင့် လီဖန်းကို မော့ကြည့်တော့ ဖန်အာတွေ့ရသည်က လီဖန်း၏ ချိုသာသောအပြုံးပင်။
ညကြမင်းရဲ့အဆောင်တော်ထဲလာလို့ရလား
ဟို ဒါက...
ဖန်အာ မထင်မှတ်သော စကားဖြစ်တာကြောင့် ခဏကြောင်နေမိသည်။ အရင်ကဆို ခွင့်ပြုချက်တောင်းဖို့မဆိုနှင့် ညှင်သာခြင်းတောင်မရှိခဲ့ပေ။
ခွင့်မပြုလို့လား
မဟုတ်ပါဘူး...ဒီအတိုင်းပါ ။ ကျွန်တော့်ကို သွားခွင့်ပြုပါ ကျွန်တော် ညကြစောင့်နေပါ့မယ်
ဖန်အာ လီဖန်းရင်ခွင်ထဲမှ ရုန်းထွက်ပြီးထွက်သွားခဲ့သညိ။ လီဖန်းကတော့ ဖန်အာ့နောက်ကျောပြင်ကိုကြည့်ရင်းပြုံးနေသည်။
ဘာတဲ့ညကြတွေ့မယ်တဲ့။
ဘယ်လိုတောင် ချစ်စရာလေးလဲ
(AN:မင်းကြီးက အရင်တုန်းကသဘော ကောင်းတဲ့လူကြီးပါ)