”ကျေးဇူးပြုပြီး ဖန်အာကို ခေါ်ပေးပါ။ ကျွန်တော် ပြောစရာ ရှိလို့”
အားချုံ တစ်ယောက် အချုပ်ခန်းစောင့် တစ်ယောက်ကိုရွှေတုံးအနည်းငယ်ပေး၍ လာဘ်ထိုးကာဆို၏။
”သခင်လေး ဒီကိစ္စကို မင်းကြီးသိသွားရင်”
”မသိစေရပါဘူး ငါအာမခံတယ် ”
အားချုံ အတွက်တော့ လာဘ်ထိုးရသည်က ခက်ခက်ခဲခဲမဟုတ်ပေ။ အားချုံက တစ်နေ့ အဖမ်းခံရမည်ကို သိသောကြောင့် ရွှေတုံး အနည်းအငယ်ကို ဆောင်ထားခြင်းသာဖြစ်သည်။
” ကောင်းပါပြီ သခင်လေး ကျွန်တော်အခုပဲ သွားခေါ်ပါ့မယ် သိပ်တော့ မကြာစေနဲ့နော်”
”ကျေးဇူးပါ”
အားချုံ ပြုံးပြကာဆို၏။ နည်းနည်းတော့ ဖန်အာကို စိတ်ဒုက္ခပေးသင့်သည်မှတ်လား။
--------------------------------------------------
”ပြောပါဦး အားချုံ ဖန်အာ့ကို ဘာပြောမလို့လဲ”
အားချုံ ခြေသံကြားသောကြောင့်ဖန်အာလာ သည်ဟုထင်မှတ်သော်လည်း ထင်သလိုမဟုတ် ဖန်အာနှင့်အတူ မင်းကြီးပါ လာသည်လေ။
”မင်းကြီးက ဘယ်လိုလုပ်”
အားချုံ အံ့ သြစွာမေးလိုက်သည်။ဒီအချိန် မင်းကြီးက အဆောင်တော် အတွင်းမှာ ရှိနေရမည်မဟုတ်လား မဟုတ်မှ..။
”ကိုယ်တော်နဲ့ ဖန်အာနဲ့က ဘာလဲဆိုတာ မေ့သွား တာလား”
လီဖန်းကဆိုလိုက်တော့ အားချုံဒေါသအနည်း ငယ်ထွက်သွားလေသည်။ လီဖန်းဘာဆိုလိုလဲဆိုတာ အားချုံ သိသည်။ အခြေအနေက ဒီလိုဖြစ်နေသည်ဆို ပေမယ့်မထူးတော့ အားချုံပြောဖို့စီစဉ်ထားသည်ကို
ပြောရမည်။”အစ်ကိုတော် ဖန်အာ”
အားချုံ၏ အစ်ကိုတော်ဟု ခေါ်သံကြောင့် ဖန်အာ တစ်ချက်တုန်သွားသည် ဘာကြောင့်မှန်းတော့ မသိပေ။
”အားချုံက ကျွန်တော့်ကိုဘာလို့”
ဖန်လီက အံ့ သြစွာမေးလိုက်သည်။ ဘာကြောင့်အစ်ကိုတော်ဟု ခေါ်လဲ စဉ်းစားလို့မရခဲ့ ပါလေ။
YOU ARE READING
အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]
Historical Fictionအမုန်းဆုံးဟုသတ်မှတ်ခဲ့ဖူးသော ကိုယ့်ရဲ့အချစ်ဆုံးလူ မင်းဟာကိုယ့်ရဲ့မရှိမဖြစ်နေရောင်ခြည်လေးပါ မင်းအပေါ် ကိုယ်ရက်စက်ခဲ့တာတွေအတွက် ပြန်ပေးစက်ဖို့ အဆင်သင့်ပါ ချစ်သူ။ 2.7.2019-30.11.2020 Uni Cover~Zeno kam(သားထူး) အမုန်းဆုံးဟုသတ်မှတ်ခဲ့ဖူးသော ကိုယ့်ရဲ့အချစ...