အပိုင်း(28)

7.6K 454 10
                                    

" ကိုယ်ရံတော်ကြီးပါလား။ ကျွန်တော့်ဆီ ထပ်လာပြန်တာလား။ အစ်ကိုပြောတာ မှန်တယ် ကိုယ်ရံတော်ကြီး"

ဟွာပိုင်က သူ၏ အိမ်တော် ရှေ့တွင်ရောက်နေသော
ဖန်လီကို ကြည့်ကာ ဆိုလိုက်သည်။

"ဘာလဲ။ သခင်လေး ဟွာပိုင်က ကိုယ့်ကို မလာစေချင်တာလား"

ဖန်လီ စိတ်ညစ်သလို ပုံစံမျိုးဖြင့် ပြောတော့ အလျင်အမြန် ချော့သော ဟွာပိုင်ပါပင်။

"ကျွန်တော် တောင်းပန်ပါတယ်။ ကိုယ်ရံတော်ကြီးကလည်း ကျွန်တော်စလို့ စမှန်းကို မသိဘူးလား"

ဟွာပိုင် ပြန်ချော့လိုက်တော့ ဟွာပိုင့် လက်ကိုဆွဲကာ အိမ်တော် အပြင်ဘက်သို့ ထွက်လာတော့သည်။

"ကိုယ်သိပါတယ်။ ကိုယ်လာတာက မင်းကိုပြောစရာရှိလို့။ ခဏလောက် အပြင်လိုက်ခဲ့"

ဟွာပိုင်လည်း မငြင်းတော့ဘဲ ဖန်လီ ဆွဲသွားသည့် နေရာသို့ လိုက်ပါလာခဲ့သည်။

"ဒါက..."

ဟွာပိုင် ဖြည်းဖြည်းချင်းလျှောက်ရင်း အချိန်နည်းနည်း ကြာတော့ ရောက်လာသည့်နေရာကဲပန်းဥယျာဉ်လှလှလေးရှိသည့် သာမန်အိမ် ကလေးပါပင်။ သို့ပေမယ့် အိမ်လေးက သန့်ရှင်းနေ၍လားမသိ နေချင်စရာကောင်း၏။

"အထဲဝင်ကြည့်လေ ။ သခင်လေးဟွာ"

ဖန်လီ အိမ်ဆီသို့အရှေ့မှ ဦးဆောက်ကာ သွားလိုက်တော့သည်။ အိမ်တံခါးကို ဖွင့်လိုက်သည်နှင့် ပရိဘောဂ အစုံအလင် ရှိနေသည်ကိုတွေ့ရသည်။ မိမိတို့ ချင်အိမ်တော်ကလို ပစ္စည်းတွေက တန်ဖိုးမကြီးပေမယ့် အတော်တော့ကောင်းမည့် ပုံပါပင်။

"လှလား"

ဖန်လီ ဟွာပိုင့်ကို ကြည့်ကာ မေးလိုက်သည်။ ဟွာပိုင်ကတော့ ခေါင်းငြိမ့်ပြီး ပြောလိုက်သည်လေ။

"လှတယ်"

"ဒီအိမ်မှာ ကိုယ် မင်းနဲ့အတူ နေလို့ရမလား"

ဖန်လီ့ စကားကြောင့် အံသြသွားသည့်လူမှာ ဟွာပိုင်ပါလေ။ ဟွာပိုင်တစ်ယောက် ဒီစကားကို ကြားရမည်ဟု လုံးဝပင် မထင်မှတ်ထားပါလေ။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now