အပိုင်း(33)

7.2K 501 14
                                    

”ဟင့်အင်း မဟုတ်ဘူး သခင်မ အစ်ကိုတော်တို့်က ဘာမှမဖြစ်ဘူးလေ ဘာကြောင့်…”

”ဟက် နင်နဲ့တောင်ဖြစ်ခဲ့ဘူးတယ်လေ။ လန်လန်နဲ့ ဘာလို့မဖြစ်နိုင်မှာလဲ”

                ဖန်ဖေးဖေး လှောင်သလိုမျိုး ဖန်အာကို ရယ်လိုက်သည်။ သူမသည် ဖန်အာကို မပြောနှင့် ဖန်အာ့မိခင်ကိုပင် အမြင်မကြည်ခဲ့။

” မဟုတ်ပါဘူး ဖန်သခင်မ အစ်ကိုတော်ပြောတာက သူလုပ်ကြံခံရတာတဲ့”

                 ဖန်အာ ကတကယ်လည်း အိုက်စန်းကို ယုံသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမဖြစ်နိုင်မှန်းကို ဖန်အာသိသည်။

”နင်ပြောတဲ့စကားတဲ့ အဓိပ္ပါယ်က လန်လန်ကပဲ လုပ်ကြံသလိုပေါ့ ဟုတ်လား”

”လုပ်ကြံတာလား တကယ်လားဆိုတာ ဖန်သခင်မပဲ အသိဆုံးဖြစ်မှာပါ မဟုတ်ဘူးလား ”

           အဆောင်တံခါးဝမှ ပြောနေသူမှာ အခြားလူမဟုတ်  အန်းဟာပါပင်။ အန်းဟာမှန်း သိသာစေသည့် အချက်က မျက်နှာထားတင်းနေသည့် အချက်ကြောင့်ပင်။

”မင်းက ဘယ်သူလဲ”

               ဖန်ဖေးဖေးသည် အန်းဟာနှင့် ပထမဆုံး တွေ့ခြင်းကြောင့် ဘယ်သူမှန်းမသိပေ။ 

”ကျွန်တော်ကလား ကျွန်တော်က တော်ဝင်ကြင်ယာတော် အန်းဟာပါ သခင်မလေး”

”သခင်မလေးတဲ့လား မခံယူဝံ့ပါဘူး ကျွန်မက ဖန်အာ့ရဲ့ အဒေါ်အရင်းလေ”

              ဖန်ဖေးဖေး သူ၏ဝတ်ရုံလက်စဖြင့် မျက်နှာကို အုပ်လိုက်ရင်း တိုးညှင်းစွာ ရီလိုက်သည်။ လူအများရှေ့တွင်တော့ သဘောထားကြီးသူအဖြစ် ဟန်ဆောင်ရမည် မဟုတ်ပေဘူးလား။

”ဟုတ်ပါပြီ ဟုတ်ပါပြီ ။ဒါပေမယ့် သခင်မလေး လန်လန်က အခုမှ14နှစ်ဆို ကိုယ်ဝန်ရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား”

”ဟုတ်တာပေါ့ ကြင်ယာတော်ရယ်။ မယုံနိုင်စရာကြီးပေါ့ ဒါပေမယ့် တကယ်ဖြစ်နေတာလေ ဘယ်တတ်နိုင်မလဲ”

” ဒီလိုဆိုမှ ​မေးရအုန်းမယ် ကျွန်တော်ကြားတာက မုန့်ဖေးဖေးက 16နှစ်နဲ့ ဖန်အိုက်စန်းကို မွေးခဲ့တာဆို။”

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now