အပိုင်း(50)

4.1K 298 2
                                    

" သတို့သမီးဝေါယာဉ်ရောက်လာပါပြီ”

         အစေခံတစ်ယောက် အသံကြောင့် ရွဲ့သခင်မလေး ရောက်နေပြီဆိုတာကို သိခဲ့သည်။ သို့ပေမယ့် သတို့သားဖြစ်သူကတော့ အခုထိ အခန်းထဲမှ မထွက်လာသေးပါလေ။

"ဒီကောင်လေး ”

        ဖန်ဖေးဖေး မျက်နှာပျတ်သွားသည်။ ရွဲ့အိမ်တော်အပေါ်လည်း အားနာစိတ်ကဝင်မိလေသည်။

"တောင်းပန်ပါတယ် ကျွန်တော်နည်းနည်း နောက်ကျသွားတယ်”

       အခုမှရောက်လာသော အိုက်စန်းက ဝေါယာဉ်ထဲသို့လက်ကမ်းပေးလိုက်သည်။သို့ပေမယ့် သူ့အကြည့်က ဖန်အာ့ဆီကိုပါပင်။ ဖန်အာကတော့ မင်းကြီးဘေးမှာ အခြားအသိတွေနဲ့ပျော်ရွှင်စွာ ရှိနေသဖြင့် သတိမထားမိပါ။ ဒါပေမယ့်သတိ ထားမိသည့်လူက ရွဲ့လန်​လန်​ပါပင်။

" ကျွန်မအရမ်းပျော်တာပဲ ရှင့်ရဲ့ဇနီးဖြစ်ရမှာလို့”

          ရွဲ့လန်လန်ပြုံးမိလိုက်သည်။ အိုက်စန်းကတော့ လန်လန်၏ စကားကိုမကြားချင် ယောင်ဆောင်လိုက်သည်။

"သွားတော့”

            ဖန်ဖေးဖေး ခုနကခိုင်းထားတော့ အစေခံမလေးကို မျက်နှာရိပ်ပြလိုက်သည်။ ထိုကောင်မလေးကတော့ အနည်းငယ်တုန်လှုပ်နေသည်။

"ဖန်အာ မင်းကနန်းတွင်းမှာ ပျော်နေတော့ ဒီကိုတောင်မလာတော့ဘူး”

်           ဖန်အာတစ်ယောက် အရင်ကမိတ်ဆွေတွေနဲ့ စကားပျော်ရွှင်စွာပြုံးနေသည်။ ဒီလိုအချိန်မျိုး မရတာကအတော်ကြာလေပြီမဟုတ်လား။

"အဲ့လိုမဟုတ်ပါဘူး ငါလည်း မလာအားတာနဲ့မလာဖြစ်တာ”

"စတာပါစတာစတာ မင်းပျော်တယ်ဆိုရင် ကောင်းပါတယ် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေနော်”

      ဖန်အာ အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

"အ့”

      ဖန်အာ အရှေ့သို့လှည့်ချိန် သူကို အားလီ ဝင်တိုက်သွားသည်။

"အဆင်ပြေရဲ့လား ဖန်အာ”

        အားလီလက်တွင် ကိုင်ထားသော သေရည်ခွက်က ဖန်အာ့အင်္ကျီပေါ်မှောက်ကျသွားသည်။ ဒါတွေကဖန်သခင်မ ခိုင်းထားသည့်အတိုင်းပင်။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now