Unicode

4.1K 169 0
                                    

”ဖန်အာ အခြေအနေ ဘယ်လ်ိုလဲ”

            လီဖန်း ဖန်အာ့ကို ကုတင်ပေါ်တွင် လှဲခိုင်းပြီး သွေးခုန်နှုန်းစမ်းနေသော သမားတော်ကြီးကို မေးခွန်းထုတ်ခဲ့သည်။ သမားတော်ကြီးကတော့ ဖန်အာ့ကိုစမ်းပြီး မျက်နှာပျတ်သွားသည်။

”မင်းကြီး ကျွန်တော်ထင်တာ မှန်ပါတယ်။ ဖန်အာ အဆိပ်မိတာပါ”

           ထိုသို့ဆိုပြီး သမားတော်ကြီးက အလောတကြီး ဆေးရွက်တွေ သွားယူကာ အရည်ညှစ်ပြီး ဆေးရည်ကို မြန်မြန်လုပ်လေသည်။

”ဖန်အာ သက်သာမှာပါနော်”

               လီဖန်းက ဖန်အာ ခေါင်းပေါ်က ဆံပင်လေးတွေကို ဖယ်လိုက်ကာ ဆိုလေ၏။ သမားတော်ကြီးကတော့ စကားမဆိုသေး ထိုဆေးရည်တွေကို ဖန်အာ့ကိုတိုက်ပြီးမှသက်ပြင်း ချလိုက်သည်။

”အခုတော့ အဆိပ်ကိုတားထားတယ် ဒါပေမယ့် တစ်နေ့ပြည့်လို့မှ အဆိပ်ဖြေဆေးမရရင် မိဖုရားခေါင် အသက်အန္တရာယ်”

  ”ဆက်မပြောနဲ့တော့ အဆိပ်ဖြေဆေးကို မောင်မင်းတို့မလုပ်နိုင်ဘူးလား”

     လီဖန်း သမားတော်ကြီးကို တစ်ချက်အော်လိုက်သည်။ နန်းတွင်းသမားတော်ဖြစ်ပြီး ဖန်အာမိနေသော အဆိပ်ကို မ​ဖြေနိုင်တာများ နန်းတွင်းသမားတော်တဲ့လေ။

”မင်းကြီး အပြစ်ပေးတော်မူပါ ဒီအဆိပ်က အဆိပ်ဖြေဆေးမရှ်ိပါဘူး မူလအဆိပ်နဲ့ပဲ ဖြေပေးလို့ရမှာပါ”

        သမားတော်ကြီးက ဒူးထောက်ပြီး ပြောလိုက်တော့သည်။ သူအနေနဲ့ဒီ အဆိပ်ကိုလုံးဝမဖြေနိုင်ပေ။ သူအသုံးမကျသည့်အတွက် အသက်ပေးဆိုလဲ ပေးမည်။

” မူလအဆိပ်နဲ့ဆ်ိုတကယ်ဖြေလို့ရလား”

         လီဖန်းလည်းအနောက်ကိုကြည့်လိုက်တော့ သူမညီမတော်နှင့် ဖေမုရုံအပြင် အနောက်က ဆွဲခေါ်လာသော ဖန်သခင်မကိုပါတွေ့ရသည်။

”ဖန်သခင်မ မင်းကဒီမှာရှိနေတာလား”

           လီဖန်းကဆိုလေသည်။ ဖန်အိုက်စန်း အဖမ်းခံရလို့ ဖန်ဖေးဖေးလာမည်ဆိုတာကိုသိသည်။ သို့ပေသော်လည်း ဘာကြောင့် ဖန်ဖေးဖေးကဒီမှာရှိနေတာလဲ။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now