အပိုင်း ( 54 )

3.2K 241 3
                                    

>Unicode<

"ဖန်အာ။ မင်းအဆင်ပြေရဲ့လား"

လီဖန်းတစ်ယောက် ဖန်အာ လမ်းလျှောက်တာ ယိုင်နေသည်ကို သတိထားမိ၍ လှမ်းပွေ့လိုက်ကာမေးလိုက်သည်။ ခုနကထဲက ဖန်အာမျက်နှာမကောင်းသည်ကို သတိထားမိလေသည်။

"ကျွန်တော်ပြေပါတယ် ။ ဒီအတိုင်း ခေါင်းနည်းနည်း ကိုက်လို့ပါ ။"

ဖန်အာကပြောလိုက်တော့လီဖန်းက ဖန်အာ့ခေါင်းပေါ်သို့လက်တင်ကာအပူချိန် တိုင်းလိုက်သည်။

"ကိုယ်တော့မပူပါဘူး ကြည့်ရတာ မနက်ကစောစောထရလို့ထင်တယ် ဒါဆိုခဏနားနေပါဦး။ကိုယ်ညမှလာခဲ့မယ်"

လီဖန်း ဖန်အာ့ကိုဆွဲပွေ့ကာ အဆောင်တော်သို့ပြန်ရင်းပြောလ်ိုက်သည်။ ဖန်အာကတော့ဘာမှမဆိုပေ။ သေချာသည်က သူရှက်လို့မျက်နှာတစ်ခုလုံးနီရဲနေသည်မှာပင်။

"ဘယ်လိုလဲအစ်ကိုတော်မြင်ပြီမှတ်လား ကျွန်မပြောပါတယ် ဖန်အာက အစ်ကိုတော်မရှိလဲ အဆင်ပြေတယ်ဆိုတာ"

လန်လန်တစ်ယောက် အိုက်စန်းက်ို အနောက်ကနေပွေ့ဖက်ကာ ဆိုလိုက်လေသည်။ တကယ်တော့ ဒီနေ့ဟာ ဖန်အာ့ကိုမိဖုရားခေါင် တင်မြှောက်မှာမို့ ဖန်အိမ်တော် ကိုဖ်ိတ်ကြား ထားခြင်းကြောင့် အိုက်စန်းတို့နန်းတွင်းထဲတွင် ရှိနေခြင်းပါ။ ပြီးတော့အိုက်စန်းက ဖန်အာကို တွေ့ချင်တယ်ပြော၍ လန်လန်လည်းအနောက်က လိုက်သွားမိသည်။ ဒီလိုမျိုး မင်းကြီးနှင့် ချစ်ကြည်နူးနေသည့်ပုံကို မြင်ရမည်လို့ မထင်မှတ်ထားပါလေ။

"လန်လန် မင်းငါ့အနောက်ဆက်မလိုက်လာနဲ့တော့"

အိုက်စန်းတစ်ယောက်သူ့ကိုပွေ့ဖက်ထားသော လန်လန်လက်ကိုတွန်းဖယ်လိုက်သည်။ သူလန်လန်ကို အရင်ထဲက ညီမလေး တစ်ယောက်ထက် မပိုပေ။ သို့ပေမယ့် လန်လန်က အိုက်ဖန်းမိခင်နှင့်ပေါင်းပြီး ဖန်အာ့ကိုနှိမ့်စက်သည့် အကြောင်းကိုသိတော့သူလန်လန်ကိုမုန်းမိသည်။

"ဘာလို့လဲ အစ်ကိုတော်။ ကျွန်မကရှင့်ဇနီးလေ။ ရှင် ဒီလိုလုပ်လ်ုိ့မရဘူး"

"ငါ့ဇနီးတဲ့လား မင်းကငါ့မိသားစုကိုလှည့်စားပြီး ငါ့ကိုလက်ထပ်ခဲ့တာ ပြီးတော့ကိုယ်ဝန်တဲ့လား။ မင်းနဲ့ ငါနဲ့ဘာမှမဖြစ်တာ ငါတို့နှစ်ယောက်လုံးသိတယ်။ ပြီးတော့ မင်းဒီလိုလုပ်လဲမင်းကိုဂရုစိုက်မှာမဟုတ်ဘူး"

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now