အပိုင်း(55 )

3.1K 247 2
                                    

>Unicode<

(2)နှစ်ခန့်ကြာသော်.......

နန်းတွင်းထဲတွင်တော့ အတော်တော့ ငြိမ်ကျသွားလေသည်။ ယခင်က ဖန်အာ့ကို မိဖုရားခေါင်မြှောက်တဲ့ကိစ္စနှင့်ပက်သတ်ပြီး လက်မခံတဲ့လူတွေရှိပေမယ့် ယခုတော့ဖန်အာကို လက်မခံသည့်လူမရှိတော့။ လီဖန်းလည်း ယခင်ကထက် တိုင်းပြည်ရေးတွင် ပ်ိုအာရုံစိုက်လာခဲ့သည်။ ဖေမုရုံကိုလဲ ကြင်ယာတော်လို မဆက်ဆံတော့ပဲ အရင်က မင်းသားတစ်ပါးဖြစ်ခဲ့သည့်အတွက်ကြောင့် စစ်သူကြီး အဖြစ်ထားရှိလေသည်။

"အိမ်ရှေ့စံလေးက ဖန်အာ့ကိုအတော်ချစ်ပုံပဲ"

မေ့မေ့က ဖန်အာ့ရင်ခွင်ထဲတွင်ရှိနေသော တူတော်လေးက်ို ကြည့်ရင်းပြောလိုက်သည်။ အခုနောက်ပိုင်း အိမ်ရှေ့စံလေးက ဖန်အာအပေါ်အတော်ခင်တွယ်လာသည်။

"ဟုတ်တယ်နော် ပြီးတော့သားလေးက တဖြည်းဖြည်းချစ်ဖို့ကောင်းလာတယ်"

ဖန်အာပြုံးရင်း အိမ်ရှေ့စံလေးမျက်နှာတွင်ကျ နေသော ဆံပင်ကို သပ်တင်ကာပြောလိုက်သည်။

"ဖန်အာက အရမ်းကံကောင်းတာပဲနော် ။ အစ်ကိုတော်ကလဲ ဖန်အာ့ကိုချစ်တယ်။ ပြီးတော့အိမ်ရှေ့စံလေးကလဲချစ်တယ်"

"အဲ့လောက်တော့မဟုတ်ပါဘူး"

"ဘယ်ကသာ အစ်ကိုတော်က ဖန်အာ့ကို ဘယ်လောက်တောင်ချစ်လဲဆိုရင် ဖန်အာ့ တစ်ယောက်ထဲကိုပဲ အနားမှာထားတာလေ။ ပြီးတော့ အစ်ကိုတော်ကအခြားမိဖုရားတွေမမြှောက်တော့ဘူးလို့ တရားဝင်ကြေညာထားတာလေ။ အခြားတိုင်းပြည်တွေကိုလဲ ချစ်ကြည်ရေး အဖြစ်မပို့ဖို့ပြောထားတာ အခုအစ်ကိုတော့်ရဲ့အချစ်က ဖန်အာ့အတွက်ပဲလေ"

မေ့မေ့ကပြောရင်း ဖန်အာ့ဘေးသို့ မျက်နှာချိုတွေးရင်းကပ်လိုက်သည်။ ဖန်အာကတော့ မေ့မေ့ဆီက စကားကြောင့် မျက်နှာပူနေသည့် အတွက်ခေါင်းငုံသွားသည်။

"ညီမတော်"

မေ့မေ့ရော ဖန်အာရောအသံကြား၍ ကြည့်လိုက်မိတော့ ဘယ်အချိန်ကတည်းက ရောက်နေလဲမသိတော့ လီဖန်းပါလေ။

"သြော်အစ်ကိုတော်ပါလား လာလေ"

မေ့မေ့အခြေအနေကို သတိမထားမိဘဲ လီဖန်းကို လှမ်းခေါ်လ်ိုက်သည်။ ပြီးတော့မှ သူမဖန်အာဘက် ကပ်နေသည်ကိုသတိရမိသည်။

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Место, где живут истории. Откройте их для себя