ေတာင္ကုန္းမို႔မို႔ေလးေပၚတြင္ အတူယွဉ္ထားတဲ့ ေျမမို႔မို႔ေလးႏွစ္ခု ။
"ငါတို႔ လာခဲ့တယ္ေနာ္.....ေရွာင္က်န႔္နဲ႔ ရီေပၚ ...
ဘာလိုလိုနဲ႔ မင္းတို႔ဆံုးသြားတာ ၂နွစ္ေတာင္ရျိွပီး။
မင္းတို႔ကို သတင္းေကာင္းေလး ေျပာျပမယ္ကြာ ။ ငါရဲ့က်င့္ေလးက ကိုယ္ဝန္လြယ္ထားရတယ္ဟ ....
ငါသူ႔ကို မင္းလိုအရမ္းခ်စ္တတ္တဲ့သူတစ္ေယာက္လို ျဖစ္ေစခ်င္တယ္ ....ငါ ငါ့ရဲ့ကေလးေလးကို ေရွာင္က်န႔္လို႔ နာမည္ေပးလို႔ရမလား?......
ငါ အဲ့နာမည္ေလးကို အသံုးျပဳမယ္ေနာ္ ..
ဝူေရွာင္က်န႔္ ....ငါ့သားေလးနာမည္က ဝူေရွာင္က်န႔္ပဲ ။
..................................................................
အား!!....ကို ....ကို.....အ..နာတယ္...ကို ကို.....
က်င့္ေလးေၾကာက္တယ္.....အား!!......နာတယ္....
အူငဲ....အူငဲ......
ခြဲခန္းထဲမွထြက္လာေသာ ဆရာဝန္မေလးရဲ့ အနားသို႔
အေလာတႀကီး ေျပးသြားေသာဝူရန္ ။
"ဆရာမေလး...ကြၽန္ေတာ့္ !....ကြၽန္ေတာ့္ေယာက္်ား
အေျခအေနေရာ ...."
"ဖခင္ေရာ ကေလးေရာ အဆင္ေျပပါတယ္....."
ဆရာဝန္မေလးဆီက သတင္းေကာင္းၾကားရမွ ဝူရန္တစ္ေယာက္ရင္ထဲက အလံုးႀကီးဗိုက္ထဲသို႔ က်သြားေလသည္။
သံုးႏွစ္အၾကာ ........
"ပါးပါး ကစားကြင္းသြားရေအာင္
က်န႔္က်န႔္ ကစားကြင္း သြားခ်င္ယယ္....."ဟု ေျပာကာ သနားစဖြယ္လုပ္ျပေနေသာ ကေလးေလးကို ဝူရန္တစ္ေယာက္ေပြ့ခ်ီကာ ရင္ခြင္ထဲထၫ့္ထားလိုက္ေလသည္။
"က်န႔္က်န႔္ေလးက သြားခ်င္လို႔လား?...."
"အင္း...အင္း...." ဟုဆိုကာ ေခါင္းတၿငိမ့္ၿငိမ့္ျဖစ္ေနေသာ က်န႔္က်န႔္ေလးကို ဝူရန္
ၾကၫ့္ၿပီး ၿပံဳးလိုက္ေလသည္။
................................................................
"ပါပါးႀကီး၊ ပါပါးေလး.....ဟိုဟာေလး ခ်ားခ်င္တယ္......
ပါပါးႀကီး....ဟိုေနရာေလး တြားခ်င္တယ္...
ပါပါးေလး....ဟိုအရုပ္ေလး လိုခ်င္တယ္......
ပါပါး!!...ပါပါး!!.....ပါပါး.....
က်င့္ေလးနဲ႔ဝူရန္တို႔ တစ္ပါးပါးနဲ႔ ဟိုလက္ညိုးထိုး ဒီလက္ညိုးထိုးေနေသာ က်န႔္က်န႔္ေလးအား မႏိုင္ေတာ့၍ လႊတ္ထားမိေလသည္။
အူငဲ....အူငဲ.....
ကေလးငိုသံၾကား၍ ဝူရန္နဲ႔က်င့္ေလးတို႔ႏွစ္ေယာက္ အသံၾကားရာလွၫ့္ၾကၫ့္လိုက္ေသာ္အခါ .....
တစ္ႏွစ္ေက်ာ္ေက်ာ္အရြယ္ ကေလးေလးတစ္ေယာက္ကို ခ်ီလာေသာ က်န႔္က်န႔္ေလး......
"က်န႔္က်န႔္ေလး....သား !...ဘယ္က ကေလးကို ေခၚလာတာလဲ?........"
"အာ!!...ပါပါးကလည္း သူ႔တိုတား ဟိုးနားက အပင္ေအာက္မွာ ေတြ ့လို႔ ခ်ီလာတာေယ....."ဟု မပီကလာ ပီကလာေျပာေနေသာ က်န႔္က်န႔္ေလးေၾကာင့္ ဝူရန္တို႔ ထိုအပင္ေအာက္ကို သြားၾကၫ့္လိုက္ရာ ဘယ္သူမွ မရိွေတာ့တာက တစ္ေၾကာင္း ၊ က်န႔္က်န႔္ေလးကလည္း ထိုကေလးကို စျမင္ကတည္းက အရမ္းခ်စ္ေနတာကတစ္ေၾကာင္း.....
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝူရန္နဲ႔က်င့္ေလးတို႔
ထိုကေလးကို ေမြးစားရန္အေၾကာင္းဖန္လာခဲ့သည္။
"ပါးပါး!!....တားေယ ညီညီေယးကိုေယ....
ရီေပၚလို႔ ေထာ္ခ်င္တယ္....." ဟူေသာ က်န႔္က်န႔္ေလးရဲ့စကားေၾကာင့္ ဝူရန္တို႔ ႏွစ္ေယာက္သား မ်က္လံုးျပဴးမ်က္စံျပဴးမ်ား ျဖစ္သြားခဲ့ေလသည္။
"ဘယ္လို !!!.....ရီေပၚလို႔ ေခၚမယ္ ဟုတ္လား???
က်န႔္က်န႔္!...."
"အင္း......"
"ဘာလို႔လဲ?......"
"သိဘူး......အဲ့တာကေလ တားတားလန႔္ယို႔
ေယာင္ရင္ အဲ့ရီေပၚ ဆိုတဲ့ အသံေလးပဲ ထြက္ထြက္ေနလို႔ ....ညီညီေလးကိုလည္း ရီေပၚလို႔ပဲ ေထာ္ခ်င္ေနတယ္ ပါပါး....."
"ဟုတ္ပါၿပီးကြာ......"
*က်င့္ေလးေရ ကိုယ္ထင္တာေတာ့ လက္ထက္စာခ်ဳပ္ဝယ္ထားရမလား မသိဘူး....*ဟု
ဝူရန္က အၾကၫ့္ေလးျဖင့္ က်င့္ေလးအားေျပာေတာ့
*ျဖစ္ႏိုင္တယ္.....*ဟု အၾကၫ့္ေလးျဖင့္ က်င့္ေလးက အရိပ္အကဲျပန္ျပေလသည္။
.….....................................................................
ရွစ္ႏွစ္အရြယ္ ကေလးေလးတစ္ေယာက္နဲ႔ ေျခာက္ႏွစ္အရြယ္ ကေလးေလးတစ္ေယာက္ .....
ေက်ာပိုးအိတ္ဆင္တူ ၊ဖိနပ္ဆင္တူ ဝတ္ဆင္ၿပီး ထမင္းခ်ိဳင့္ဆင္တူ ေလးေတြကို ဆြဲကာ ေက်ာင္းသို႔ လာခဲ့ၾကသည္။
ေက်ာင္းဆင္းခ်ိန္မွာလည္း ေျခာက္ႏွစ္အရြယ္ရီေပၚေလးရဲ့ လက္ကိုဆြဲ၍ အိမ္ကကားအလာကို အၿမဲေစာင့္ေနတတ္ေသာ ဘဂ္လားအကို ေရွာင္က်န႔္....
ညီညီေလးကေတာ့ ဘာမွမသိစြာ အျဖဴထည္ေလးလို ခ်စ္စရာေကာင္းေသာ္လည္း...
ကိုကိုႀကီးမွာေတာ့ ညီထိမ်က္ေစာင္းၾကၫ့္ပဲ .....
"ညီညီေလး!!....ေနာက္ခါ ညီညီေလးကို အတန္းထဲက ေကာင္ေလး၊ေကာင္မေလးေတြ စာလာေပးရင္ ကို႔ကို႔ကို ေျပာေနာ္ ....
ကိုကို ဆရာမနဲ႔တိုင္ေပးမယ္ .....
ၿပီးရင္ သူတို႔ကိုလည္း စကားမေျပာနဲ႔ၾကားလား?....
ရီေပၚပ်င္းလို႔ စကားေျပာခ်င္တယ္ဆိုရင္ ကိုကို႔ဆီကို
ေျပးလာခဲ့ ...ကိုကိုညီညီေလးဆီကို အေျပးလာခဲ့မယ္ ၾကားလား?....." ဟု ကိုကိုက အူပုတ္စြာ ေျပာေနေသာ္လည္း.....ညီညီေလးမွာေတာ့
ဘာမွမသိစြာဘဲ ၿပံဳးျပ၍ေခါင္းျငိတ္ေနေလသည္။
.
.
.
"ပါးပါး!!!....."
"ေျပာေလ....."
"တားတား ကိုကိုနဲ႔ပဲ အိပ္ခ်င္တယ္......ကိုကို႔ အခန္းထဲမွာပဲ သြားအိပ္ေတာ့မယ္ေနာ္..." ဟုဆိုကာ
ေခါင္းအံုးေလးပိုက္ၿပီး အခန္းထဲကထြက္သြားေသာ ရီေပၚေၾကာင့္ ဝူရန္ႏွင့္က်င့္ေလးတို႔ႏွစ္ေယာက္ အံ့ႀသျခင္းမ်ားစြာျဖင့္ က်န္ခဲ့ေလသည္။
"ကိုကို......တားတား ကိုကိုနဲ႔ လာအိပ္မယ္ေနာ္ဟု ဆိုကာ ေခါင္းအံုးေလးပိုက္ၿပီး ေစာင္ထဲတိုးဝင္လာေသာ ရီေပၚေလးေၾကာင့္ ေရွာင္က်န႔္လည္း ရင္ခြင္ထဲဖက္ကာ အိပ္စက္လိုက္ေလသည္။
....................................................................
ေက်ာင္းလမ္းတစ္ေလ်ွာက္ ေျပးဝင္လာေသာ ကားတစ္စီး။ထိုကားေပါ္တြင္ ေကာင္ေလးႏွစ္ေယာက္ ......တစ္ေယာက္က အသက္ ၁၇ ေနာက္တစ္ေယာက္က ၁၉...
ရီေပၚတစ္ေယာက္ အထက္တန္းေက်ာင္းသားေလး
ျဖစ္ေနေသးေသာေၾကာင့္........ဘဂ္လားညီကို အူတိုလြန္းလွေသာေရွာင္က်န႔္တစ္ေယာက္ တကၠသိုလ္မတက္ေသးဘဲ
ရီေပၚတက္ေနေသာ ေက်ာင္းတြင္သာ ဂိုက္ဆရာေလးလုပ္၍ ညီညီေလးအား ေစာင့္ေနေလသည္။
"ကိုကို !! ဘာလို႔ တကၠသိုလ္ သြားမတက္တာလဲဟင္?.....
အဲ့တာ ကြၽန္ေတာ့္ေၾကာင့္မ်ားလာ?...."
"အင္း....ညီညီေလးကို ကိုကိုစိတ္မခ်ဘူး....
ညီညီေလးကို ကိုကို႔အနားမွာပဲ ထားခ်င္တယ္...
အဲ့တာေၾကာင့္ ကိုကိုရီေပၚအနားမွာဘဲ ေနလို႔ရေအာင္ တကၠသိုလ္ မတက္ဘဲ ဂိုက္လာလုပ္ေနတာ....."
"ေအာ္........"
"ဘာေအာ္လည္း......"
"ကိုကိုေရ.....ကြၽန္ေတာ့္သူငယ္ခ်င္းကေျပာတယ္...
လူတစ္ေယာက္က အျခားလူတစ္ေယာက္ကို ခ်စ္မိလာရင္ အဲ့လူအျခားတစ္ေယာက္နဲ႔ စကားေျပာေနတာ ၊ ရယ္ေမာေနတာေတြ ့ရင္
မနာလိုတာ ၊အူတိုတာေတြ ျဖစ္လာတယ္တဲ့ ...
ၿပီးေတာ့ အဲ့လူကိုပဲ အၿမဲေတြ ့ခ်င္ေနၿပီး
ေတြ႕ရင္လည္း ရင္ခြင္ထဲထိဝင္ေနေအာင္ ဖက္ထားခ်င္ျပန္ေရာတဲ့......
သူၿပံဳးေပ်ာ္ေနတာျမင္ရင္ ကိုယ္ပါလိုက္ၿပံဳးမိေနတာမ်ိဳးတဲ့...ၿပီးေတာ့ သူေျပာသမ်ွစကားတိုင္း၊ျပီးေတာ့ သူ႔ရဲ့အမူအက်င့္တိုင္းကိုလည္း တစ္ကူးတစ္ကမွတ္ေနစရာမလိုပဲ ၊ ႏွလံုးသားထဲထိ မွတ္မိေနတာမ်ိဳးတဲ့....ဟုတ္လား?...ကိုကို...."
"အင္း.....အဲ့လိုေတြ ေမးပံုေထာက္ ရီေပၚရီစားရေနၿပီးလား?.....ကိုကိုေျပာတယ္ေနာ္
ကိုကိုမသိဘဲ ရီးစားမထားရပါဘူးလို႔......ေျပာ !
အဲ့ေကာင္မေလးဘယ္သူလဲ?....."ဟု ေဒၚႀကီးေမာႀကီးနဲ့ေမးေနေသာ ေရွာင္က်န႔္ကို ရီေပၚက မ်က္ႏွာငယ္ေလးျဖင့္ ၾကၫ့္ကာ .....
"ေကာင္မေလး မဟုတ္ပါဘူး ကိုကို....
ေကာင္ေလးပါ......."
"ဘာ!!...ဘယ္ကေကာင္လဲ?....ဘယ္မွာေနလဲ?....
ဘယ္တုန္းက ရီးစားျဖစ္သြားတာလဲ?...."ဟုဆိူကာ
အေၾကာမ်ားေထာင္လာတဲ့အထိ စိတ္ဆိုးကာေမးေနေသာ ေရွာင္က်န႔္ေၾကာင့္.....
ရီေပၚ ေခါင္းေလးငုတ္ကာ......
"ေတာင္းပန္ပါတယ္ ကိုကို......
ကြၽန္ေတာ္က တစ္ဖက္သတ္ခ်စ္ေနရတာပါ
သူက သိေတာင္သိတာမဟုတ္ပါဘူး....."
"ေအ!!....ငါမင္းကို ေမးေနတယ္ေလ....အဲ့ေကာင္ ဘယ္သူလဲလို႔ မင္းႀကိဳက္ေနတဲ့ေကာင္ ။ဘယ္ကလဲ?....ငါ့ကိုအမွန္အတိုင္းေျဖေနာ္.......
မဟုတ္ရင္ ငါ ...ငါမင္းကို ဘာလုပ္မိမလဲ မသိႏိုင္ဘူး.....ေျပာ !...ျမန္ျမန္....အဲ့ေကာင္ ဘယ္ကလဲ?...."
"သူ....သူက အျခားသူမဟုတ္ပါဘူး...
ကို...ကိုကို႔့ပါ....ကြၽန္ေတာ့္ရဲ့ ရင္ထဲမွာ
ခ်စ္ေနရတဲ့သူ ...ေတာင္းပန္......"ရီေပၚတစ္ေယာက္
ေရွာင္က်န႔္အား ေတာင္းပန္ေနတုန္း ရုတ္တရပ္ထိေတြ ့လာတဲ့ ေရွာင္က်န႔္၏ ႏႈတ္ခမ္းသားေလးေၾကာင့္ ေျပာေနေသာ စကားမ်ားရပ္တန႔္သြားခဲ့ရေလသည္။
[Unicode]
တောင်ကုန်းမို့မို့လေးပေါ်တွင် အတူယှဉ်ထားတဲ့ မြေမို့မို့လေးနှစ်ခု ။
"ငါတို့ လာခဲ့တယ်နော်.....ရှောင်ကျန့်နဲ့ ရီပေါ် ...
ဘာလိုလိုနဲ့ မင်းတို့ဆုံးသွားတာ ၂နှစ်တောင်ရြှိပီး။
မင်းတို့ကို သတင်းကောင်းလေး ပြောပြမယ်ကွာ ။ ငါရဲ့ကျင့်လေးက ကိုယ်ဝန်လွယ်ထားရတယ်ဟ ....
ငါသူ့ကို မင်းလိုအရမ်းချစ်တတ်တဲ့သူတစ်ယောက်လို ဖြစ်စေချင်တယ် ....ငါ ငါ့ရဲ့ကလေးလေးကို ရှောင်ကျန့်လို့ နာမည်ပေးလို့ရမလား?......
ငါ အဲ့နာမည်လေးကို အသုံးပြုမယ်နော် ..
ဝူရှောင်ကျန့် ....ငါ့သားလေးနာမည်က ဝူရှောင်ကျန့်ပဲ ။
..................................................................
အား!!....ကို ....ကို.....အ..နာတယ်...ကို ကို.....
ကျင့်လေးကြောက်တယ်.....အား!!......နာတယ်....
အူငဲ....အူငဲ......
ခွဲခန်းထဲမှထွက်လာသော ဆရာဝန်မလေးရဲ့ အနားသို့
အလောတကြီး ပြေးသွားသောဝူရန် ။
"ဆရာမလေး...ကျွန်တော့် !....ကျွန်တော့်ယောက်ျား
အခြေအနေရော ...."
"ဖခင်ရော ကလေးရော အဆင်ပြေပါတယ်....."
ဆရာဝန်မလေးဆီက သတင်းကောင်းကြားရမှ ဝူရန်တစ်ယောက်ရင်ထဲက အလုံးကြီးဗိုက်ထဲသို့ ကျသွားလေသည်။
သုံးနှစ်အကြာ ........
"ပါးပါး ကစားကွင်းသွားရအောင်
ကျန့်ကျန့် ကစားကွင်း သွားချင်ယယ်....."ဟု ပြောကာ သနားစဖွယ်လုပ်ပြနေသော ကလေးလေးကို ဝူရန်တစ်ယောက်ပွေ့ချီကာ ရင်ခွင်ထဲထည့်ထားလိုက်လေသည်။
"ကျန့်ကျန့်လေးက သွားချင်လို့လား?...."
"အင်း...အင်း...." ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသော ကျန့်ကျန့်လေးကို ဝူရန်
ကြည့်ပြီး ပြုံးလိုက်လေသည်။
................................................................
"ပါပါးကြီး၊ ပါပါးလေး.....ဟိုဟာလေး ချားချင်တယ်......
ပါပါးကြီး....ဟိုနေရာလေး တွားချင်တယ်...
ပါပါးလေး....ဟိုအရုပ်လေး လိုချင်တယ်......
ပါပါး!!...ပါပါး!!.....ပါပါး.....
ကျင့်လေးနဲ့ဝူရန်တို့ တစ်ပါးပါးနဲ့ ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးနေသော ကျန့်ကျန့်လေးအား မနိုင်တော့၍ လွှတ်ထားမိလေသည်။
အူငဲ....အူငဲ.....
ကလေးငိုသံကြား၍ ဝူရန်နဲ့ကျင့်လေးတို့နှစ်ယောက် အသံကြားရာလှည့်ကြည့်လိုက်သော်အခါ .....
တစ်နှစ်ကျော်ကျော်အရွယ် ကလေးလေးတစ်ယောက်ကို ချီလာသော ကျန့်ကျန့်လေး......
"ကျန့်ကျန့်လေး....သား !...ဘယ်က ကလေးကို ခေါ်လာတာလဲ?........"
"အာ!!...ပါပါးကလည်း သူ့တိုတား ဟိုးနားက အပင်အောက်မှာ တွေ့လို့ ချီလာတာယေ....."ဟု မပီကလာ ပီကလာပြောနေသော ကျန့်ကျန့်လေးကြောင့် ဝူရန်တို့ ထိုအပင်အောက်ကို သွားကြည့်လိုက်ရာ ဘယ်သူမှ မရှိတော့တာက တစ်ကြောင်း ၊ ကျန့်ကျန့်လေးကလည်း ထိုကလေးကို စမြင်ကတည်းက အရမ်းချစ်နေတာကတစ်ကြောင်း.....
အကြောင်းအမျိုးမျိုးကြောင့် ဝူရန်နဲ့ကျင့်လေးတို့
ထိုကလေးကို မွေးစားရန်အကြောင်းဖန်လာခဲ့သည်။
"ပါးပါး!!....တားယေ ညီညီယေးကိုယေ....
ရီပေါ်လို့ ထော်ချင်တယ်....." ဟူသော ကျန့်ကျန့်လေးရဲ့စကားကြောင့် ဝူရန်တို့ နှစ်ယောက်သား မျက်လုံးပြူးမျက်စံပြူးများ ဖြစ်သွားခဲ့လေသည်။
"ဘယ်လို !!!.....ရီပေါ်လို့ ခေါ်မယ် ဟုတ်လား???
ကျန့်ကျန့်!...."
"အင်း......"
"ဘာလို့လဲ?......"
"သိဘူး......အဲ့တာကလေ တားတားလန့်ယို့
ယောင်ရင် အဲ့ရီပေါ် ဆိုတဲ့ အသံလေးပဲ ထွက်ထွက်နေလို့ ....ညီညီလေးကိုလည်း ရီပေါ်လို့ပဲ ထော်ချင်နေတယ် ပါပါး....."
"ဟုတ်ပါပြီးကွာ......"
*ကျင့်လေးရေ ကိုယ်ထင်တာတော့ လက်ထက်စာချုပ်ဝယ်ထားရမလား မသိဘူး....*ဟု
ဝူရန်က အကြည့်လေးဖြင့် ကျင့်လေးအားပြောတော့
*ဖြစ်နိုင်တယ်.....*ဟု အကြည့်လေးဖြင့် ကျင့်လေးက အရိပ်အကဲပြန်ပြလေသည်။
.….....................................................................
ရှစ်နှစ်အရွယ် ကလေးလေးတစ်ယောက်နဲ့ ခြောက်နှစ်အရွယ် ကလေးလေးတစ်ယောက် .....
ကျောပိုးအိတ်ဆင်တူ ၊ဖိနပ်ဆင်တူ ဝတ်ဆင်ပြီး ထမင်းချိုင့်ဆင်တူ လေးတွေကို ဆွဲကာ ကျောင်းသို့ လာခဲ့ကြသည်။
ကျောင်းဆင်းချိန်မှာလည်း ခြောက်နှစ်အရွယ်ရီပေါ်လေးရဲ့ လက်ကိုဆွဲ၍ အိမ်ကကားအလာကို အမြဲစောင့်နေတတ်သော ဘဂ်လားအကို ရှောင်ကျန့်....
ညီညီလေးကတော့ ဘာမှမသိစွာ အဖြူထည်လေးလို ချစ်စရာကောင်းသော်လည်း...
ကိုကိုကြီးမှာတော့ ညီထိမျက်စောင်းကြည့်ပဲ .....
"ညီညီလေး!!....နောက်ခါ ညီညီလေးကို အတန်းထဲက ကောင်လေး၊ကောင်မလေးတွေ စာလာပေးရင် ကို့ကို့ကို ပြောနော် ....
ကိုကို ဆရာမနဲ့တိုင်ပေးမယ် .....
ပြီးရင် သူတို့ကိုလည်း စကားမပြောနဲ့ကြားလား?....
ရီပေါ်ပျင်းလို့ စကားပြောချင်တယ်ဆိုရင် ကိုကို့ဆီကို
ပြေးလာခဲ့ ...ကိုကိုညီညီလေးဆီကို အပြေးလာခဲ့မယ် ကြားလား?....." ဟု ကိုကိုက အူပုတ်စွာ ပြောနေသော်လည်း.....ညီညီလေးမှာတော့
ဘာမှမသိစွာဘဲ ပြုံးပြ၍ခေါင်းငြိတ်နေလေသည်။
.
.
.
"ပါးပါး!!!....."
"ပြောလေ....."
"တားတား ကိုကိုနဲ့ပဲ အိပ်ချင်တယ်......ကိုကို့ အခန်းထဲမှာပဲ သွားအိပ်တော့မယ်နော်..." ဟုဆိုကာ
ခေါင်းအုံးလေးပိုက်ပြီး အခန်းထဲကထွက်သွားသော ရီပေါ်ကြောင့် ဝူရန်နှင့်ကျင့်လေးတို့နှစ်ယောက် အံ့သြခြင်းများစွာဖြင့် ကျန်ခဲ့လေသည်။
"ကိုကို......တားတား ကိုကိုနဲ့ လာအိပ်မယ်နော်ဟု ဆိုကာ ခေါင်းအုံးလေးပိုက်ပြီး စောင်ထဲတိုးဝင်လာသော ရီပေါ်လေးကြောင့် ရှောင်ကျန့်လည်း ရင်ခွင်ထဲဖက်ကာ အိပ်စက်လိုက်လေသည်။
....................................................................
ကျောင်းလမ်းတစ်လျှောက် ပြေးဝင်လာသော ကားတစ်စီး။ထိုကားပေါ်တွင် ကောင်လေးနှစ်ယောက် ......တစ်ယောက်က အသက် ၁၇ နောက်တစ်ယောက်က ၁၉...
ရီပေါ်တစ်ယောက် အထက်တန်းကျောင်းသားလေး
ဖြစ်နေသေးသောကြောင့်........ဘဂ်လားညီကို အူတိုလွန်းလှသောရှောင်ကျန့်တစ်ယောက် တက္ကသိုလ်မတက်သေးဘဲ
ရီပေါ်တက်နေသော ကျောင်းတွင်သာ ဂိုက်ဆရာလေးလုပ်၍ ညီညီလေးအား စောင့်နေလေသည်။
"ကိုကို !! ဘာလို့ တက္ကသိုလ် သွားမတက်တာလဲဟင်?.....
အဲ့တာ ကျွန်တော့်ကြောင့်များလာ?...."
"အင်း....ညီညီလေးကို ကိုကိုစိတ်မချဘူး....
ညီညီလေးကို ကိုကို့အနားမှာပဲ ထားချင်တယ်...
အဲ့တာကြောင့် ကိုကိုရီပေါ်အနားမှာဘဲ နေလို့ရအောင် တက္ကသိုလ် မတက်ဘဲ ဂိုက်လာလုပ်နေတာ....."
"အော်........"
"ဘာအော်လည်း......"
"ကိုကိုရေ.....ကျွန်တော့်သူငယ်ချင်းကပြောတယ်...
လူတစ်ယောက်က အခြားလူတစ်ယောက်ကို ချစ်မိလာရင် အဲ့လူအခြားတစ်ယောက်နဲ့ စကားပြောနေတာ ၊ ရယ်မောနေတာတွေ့ရင်
မနာလိုတာ ၊အူတိုတာတွေ ဖြစ်လာတယ်တဲ့ ...
ပြီးတော့ အဲ့လူကိုပဲ အမြဲတွေ့ချင်နေပြီး
တွေ့ရင်လည်း ရင်ခွင်ထဲထိဝင်နေအောင် ဖက်ထားချင်ပြန်ရောတဲ့......
သူပြုံးပျော်နေတာမြင်ရင် ကိုယ်ပါလိုက်ပြုံးမိနေတာမျိုးတဲ့...ပြီးတော့ သူပြောသမျှစကားတိုင်း၊ပြီးတော့ သူ့ရဲ့အမူအကျင့်တိုင်းကိုလည်း တစ်ကူးတစ်ကမှတ်နေစရာမလိုပဲ ၊ နှလုံးသားထဲထိ မှတ်မိနေတာမျိုးတဲ့....ဟုတ်လား?...ကိုကို...."
"အင်း.....အဲ့လိုတွေ မေးပုံထောက် ရီပေါ်ရီစားရနေပြီးလား?.....ကိုကိုပြောတယ်နော်
ကိုကိုမသိဘဲ ရီးစားမထားရပါဘူးလို့......ပြော !
အဲ့ကောင်မလေးဘယ်သူလဲ?....."ဟု ဒေါ်ကြီးမောကြီးနဲ့မေးနေသော ရှောင်ကျန့်ကို ရီပေါ်က မျက်နှာငယ်လေးဖြင့် ကြည့်ကာ .....
"ကောင်မလေး မဟုတ်ပါဘူး ကိုကို....
ကောင်လေးပါ......."
"ဘာ!!...ဘယ်ကကောင်လဲ?....ဘယ်မှာနေလဲ?....
ဘယ်တုန်းက ရီးစားဖြစ်သွားတာလဲ?...."ဟုဆိူကာ
အကြောများထောင်လာတဲ့အထိ စိတ်ဆိုးကာမေးနေသော ရှောင်ကျန့်ကြောင့်.....
ရီပေါ် ခေါင်းလေးငုတ်ကာ......
"တောင်းပန်ပါတယ် ကိုကို......
ကျွန်တော်က တစ်ဖက်သတ်ချစ်နေရတာပါ
သူက သိတောင်သိတာမဟုတ်ပါဘူး....."
"အေ!!....ငါမင်းကို မေးနေတယ်လေ....အဲ့ကောင် ဘယ်သူလဲလို့ မင်းကြိုက်နေတဲ့ကောင် ။ဘယ်ကလဲ?....ငါ့ကိုအမှန်အတိုင်းဖြေနော်.......
မဟုတ်ရင် ငါ ...ငါမင်းကို ဘာလုပ်မိမလဲ မသိနိုင်ဘူး.....ပြော !...မြန်မြန်....အဲ့ကောင် ဘယ်ကလဲ?...."
"သူ....သူက အခြားသူမဟုတ်ပါဘူး...
ကို...ကိုကို့ပါ....ကျွန်တော့်ရဲ့ ရင်ထဲမှာ
ချစ်နေရတဲ့သူ ...တောင်းပန်......"ရီပေါ်တစ်ယောက်
ရှောင်ကျန့်အား တောင်းပန်နေတုန်း ရုတ်တရပ်ထိတွေ့လာတဲ့ ရှောင်ကျန့်၏ နှုတ်ခမ်းသားလေးကြောင့် ပြောနေသော စကားများရပ်တန့်သွားခဲ့ရလေသည်။