ချစ် အတ္တ ( Uni+ Zaw )
Galing kay Ah-Thunn
239K 13.7K 1.5K
[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား... Higit pa
ချစ် အတ္တ - 1
ချစ် အတ္တ - 2
ချစ် အတ္တ - 3
ချစ် အတ္တ -4
ချစ် အတ္တ - 5
ချစ် အတ္တ -6
ချစ် အတ္တ -7
ချစ် အတ္တ - 8
ချစ် အတ္တ -9
ချစ် အတ္တ -10
ချစ် အတ္တ - 11
ချစ် အတ္တ -12
ချစ် အတ္တ -13
ချစ် အတ္တ -14
ချစ် အတ္တ -15
ချစ် အတ္တ -16
ချစ် အတ္တ -17
ချစ် အတ္တ -18
ချစ် အတ္တ -19
ချစ် အတ္တ-20
ချစ် အတ္တ -21
ချစ်အတ္တ -22
ချစ် အတ္တ -23
ချစ် အတ္တ -24
ချစ် အတ္တ -25
ချစ် အတ္တ -26
ချစ် အတ္တ -27
ချစ် အတ္တ -28
ချစ် အတ္တ -29
ချစ် အတ္တ -30
ချစ် အတ္တ -31
ချစ်အတ္တ -32
ချစ် အတ္တ -33
ချစ် အတ္တ -34
ချစ် အတ္တ - 35
ချစ် အတ္တ - 36
ချစ် အတ္တ -37
ချစ် အတ္တ -38
ချစ် အတ္တ -39
ချစ်အတ္တ -40
ချစ် အတ္တ -41
ချစ် အတ္တ -42
ချစ် အတ္တ -43
ချစ် အတ္တ -44
ချစ် အတ္တ - 45
ချစ် အတ္တ -46
ချစ် အတ္တ -47
ချစ် အတ္တ -48
ချစ် အတ္တ -49
ချစ်အတ္တ -50
ချစ် အတ္တ -51
ချစ် အတ္တ - 52
ချစ် အတ္တ - 54
ချစ် အတ္တ -55
ချစ် အတ္တ -56 (completed)
ချစ် အတ္တ -53
3.3K 207 26
Galing kay Ah-Thunn
.
.
"ဘယ်လိုလဲ?....ကိုကို !!
"ဘာလို့လဲ?....."
"အင်းပါ....."
.........................................................................
"အင်း.....ဒူးရင်းသီးကိတ် ....."
"ပြီးတော့ရော....."
"အင်း.....စောင့်နေနော်......."
.....................................................................
"အင်း......ဟုတ်တယ်...."
သိလား?......"
"မသိဘူး....‌ပြောပြကြည့်လေ....."
"..................."
ဂီတာလေးနဲ့ ....."
"အင်း....."
*ပီးတော့
"ကို...ကို!!....ကိုကိုဆို !!.....
အီး.....ဟီး....ဟင့်.....ဟင့်.....အင့်..........
*ကိုကို က်ျွန်တော်ကတိတည်တယ်နော်
[Unicode]
တစ်လရှိပြီး။ကိုကိုနဲ့ လက်ထက်ပြီးကတည်းက အိမ်မက်ဆိုးတွေ ဆက်တိုက်မက်နေတာ။ အိမ်မက်ထဲမှာ ကိုကိုက သူ့ရဲ့အသည်းနှလုံးကို ပုံစံအမျိုးမျိုးနဲ့ ကျွန်တော့်ကို လာပေးတယ်။ ကျွန်တော်ကြောက်တယ် ။
ကျွန်တော် ကိုကို့ကိုဆုံးရှုံးရမှာ‌ကြောက်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့အိမ်မက်အ‌ကြောင်းကို ဘယ်သူကိုမှမပြောပြဖြစ်ဘူး။
အထူးသဖြင့် ကိုကိုကို့ပေါ့.....
ကိုကိုမသိလိုက်တာက အဲ့နေ့က ဝူရန်နဲ့‌ပြောနေတဲ့စကားတွေကို ကျွန်တော်လည်း ကြားခဲ့တယ်ဆိုတာပဲ ။ဝမ်းနည်းလွန်းလို့ စို့တက်လာတဲ့  ခံစားချက်တွေကို ဖုံးကွယ်ပြီး
ဘာမှမသိချင်ဟန်ဆောင်ခဲ့တယ် .... ကိုကိုသွားရင်တော့ ကျွန်တော်ပါလိုက်ခဲ့မယ်ဆို‌ပေမဲ့
ကိုကို့ကို‌တော့ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သေစေချင်တယ်။
ကျွန်တော်သိတယ် ။ကိုကိုဆေးတွေလည်း မသောက်တော့ဘူး ။အရင်လို ကျန်းမာရေးလည်း သိပ်ဂရုမစိုက်တော့ဘူး ။ညညဘက်ကျရင်လည်း မအိပ်ဘဲ တစ်ယောက်ထဲငိုနေတက်တယ် ။ ဘာတဲ့
ဦးနှောက်သေတဲ့သူတစ်ယောက်  မြန်မြန်ဖြစ်ချင်နေပြီတဲ့။ ကိုကိုက ကျွန်တော့်ကို သူမရှိတဲ့ဘဝမှာ တစ်ယောက်ထဲ နေခိုင်းတယ် ။ သူမရှိဘဲ ရှင်သန်ရမယ့် ကျွန်တော့်ရဲ့ဘဝကို သူမတွေးပေးခဲ့ဘူး။ ဒါကြောင့် နှစ်ယောက်လုံးစိတ်မချမ်းသာတော့တဲ့ အခြေအနေမို့
ကိုကိုစိတ်ရှိတိုင်းသာ ပေးနေပြီး မမြင်ချင်ဟန်ဆောင်ပေးလိုက်တယ်။အခု ကိုကိုလည်း တဖြည်းဖြည်းအားနည်လာခဲ့ပြီး။ ကိုကိုသွားရင် ကျွန်တော်လိုက်သွားမယ် ။ ဘယ်တော့မှတော့ မခွဲဘူး။ ဒီဘဝမှာ ခဏတာပဲ ချစ်ခဲ့ရရင် နောက်ဘဝတွေမှာ အတိုးချပြီး ပိုချစ်ပေမယ်။ဒါက ကျွန်တော်ကိုကို့ကို အ‌သေချာဆုံးပေးနိုင်တဲ့ ကတိတစ်ခုပဲ။
"ကိုကို !!! .....ဆေးသောက်နေတာလား?...."
"အင်း....ဟုတ် ....ဟုတ်တယ်!!." ဟူသော စကားကို ကိုကိုက ကျွန်တော့်ကိုတွေ့‌တော့ သူခိုးလူမိသလို အလန့်တကြားနှင့် ပြန်ဖြေတယ်။
"အင်းပါ .....ဆေးသောက်ပြီးရင် အပြင်သွားကြရအောင်?......ကျွန်တော်တို့ အတူတူ......."
"အင်း ....သွားကြတာပေါ့....." ဟုဆိုကာ မျက်လုံးများပိတ်သွားသည်အထိ ပြုံးပြသောကိုကို့မှာလဲ  အတွေးတစ်ခုခုရှိနေသလို
ကိုကို့အပြုံးကို ငေးမောကာကြည့်ပြီး ဝမ်းနည်းနေသော ကျွန်တော့်မှာလဲ စိုးရိမ်ကြောင့်ကြမှုတွေ ရှိတယ်။
.
.
"ဘယ်လိုလဲ?....ကိုကို !!
ကျွန်တော်တို့ အတူလက်တွဲပြီး လမ်း‌လျှောက်ရတာ
ပျော်လားဟင်?...." ဟုမေးတော့
"အင်း....အရမ်းပျော်တယ် ....."ဟုဆိုကာ ကျွန်တော့်လက်လေးအား ပိုတိုးပြီးကိုင်လာသော ကိုကို ။
"ဟုတ်လား?...အဲ့တာဆို  ဟိုးအရှေ့မှာရပ်နေတဲ့
ယီဘင်ကောရဲ့ လက်ကိုတွဲပြီးလျှောက်ရင်ရော ကိုကိုပျော်မယ်ထင်လား?....."
"ဟင်အင်း....သူနဲ့လက်ချင်းတွဲပြီး မလျှောက်ချင်ဘူး......"
"ဘာလို့လဲ?....."
"ကိုကိုက ရီပေါ်ကိုပဲ ချစ်လို့ ရီပေါ်နဲ့ပဲ နေရတာပျော်တာလေ.....ရီပေါ်လက်လေးကိုပဲ
တွဲပြီး လျှောက်ချင်တာလေ.....ယီဘင်ကျတော့ ကိုကိုမှ သူ့ကို မချစ်တာ  သူ့နဲ့နေရမှာလည်း မပျော်ဘူး.....သူ့လက်လည်း တွဲပြီးမလျှောက်ချင်ဘူး......."ဟုဆိုကာ ပြောနေသော ကိုကို့ကို ကျွန်တော်
*အရမ်းအတ္တကြီးတာပဲ *လို့ ပြောလိုက်ချင်တယ်။
"အင်းပါ....."
.........................................................................
ကျွန်တော်ကြောက်လာတယ်။ကိုကို အခုရက်ပိုင်း အရမ်းငြိမ်သက်လာတယ် ။အိမ်ပြင်လည်း သိပ်မထွက်တော့ဘဲ အိမ်ထဲအောင်းကာ အချိန်တိုင်းလိုလို အိပ်နေတယ်။ကိုကိုအိပ်တဲ့အချိန်
ကိုကို့ဆေးပုလင်းကို ရှာမိကာမှ ထွက်လာတဲ့ဆေးက
အိပ်ဆေးတွေ ။ အိပ်ဆေးတွေကို ဦးနှောက်သေဖို့ အထောက်အကူဖြစ်အောင် အလွန်အကျွံ ‌သောက်နေတာ ။အခုလည်း လက်ထဲကို ကန့်သတ်ထားတဲ့အရေအတွက်ထက် ပိုသောက်နေတဲ့ ကိုကို့ကို ကျွန်တော်မတားနိုင်ခဲ့ပါ။ကျွန်တော်တားခဲ့ရင်လည်း
ကိုကိုကအခြားနည်းလမ်းတွေနဲ့ ထပ်ကြိုးစားဦးမယ်ဆိုတာလည်း ကျွန်တော်သိနေတယ်။စိတ်ကိုကြိုတင် ပြင်ဆင်ထားပေမဲ့ တစ်ကယ့်လက်တွေ့ အဲ့ဒီနေ့ရောက်လာမှာကို ကျွန်တော်ကြောက်တယ် ။
ကျွန်တော်ခံစားနိုင်မှာ မဟုတ်ဘူး။
ကျွန်တော်တံခါးဝမှာ ကိုကို့အားရပ်ကြည့်‌နေတုန်း
ကိုကိုက ကျွန်တော့်ဘက်ကို လှည့်ကြည့်လာသောကြောင့် ပါးစပ်ထဲရှိရာ ပြောလိုက်လေသည်။
"ကိုကို ညနေဘာစားချင်လဲ?....."
"အင်း.....ဒူးရင်းသီးကိတ် ....."
"ပြီးတော့ရော....."
"ပြီးတော့ ......ဒါပဲ ဘာမှမစားတော့ဘူး ....
အ‌ဲ့ကိတ်လေးပဲ စားတော့မယ်။ဒါ‌ပေမဲ့ ဒီည ပင်လယ်ဘက်မှာ ငါးကင်ပြီး သွားစားရအောင် !!..."
"အင်း.....စောင့်နေနော်......."
"အင်း....."ဟုဆိုကာ အမည်ဖော်မရသော အပြုံးလေးပြုံးပြနေသော ကိုကို့‌ကြောင့် ကျွန်တော့်ရင်တွေ လေးလံလာခဲ့တယ်။
စိတ်ထဲမှာလဲ ကျွန်တော်စိုးရိမ်နေတဲ့အချိန် မရောက်လာပါစေနဲ့ဦးလို့ အသံတိတ်ဆုတောင်း‌နေမိတယ်။
.....................................................................
ကိတ်ဆိုင်မှ ကိုကိုနဲ့ကျွန်တော့်အတွက် ဒူးရင်းသီးကိတ်လေး ဝယ်လာခဲ့တယ် ။
အိမ်ပြန်ရောက်တော့ ညနေစောင်းလောက်ရှိပြီး......
ကိုကိုက ဆွယ်တာအဖြူလေးကို  သပ်ရပ်စွာ ဝတ်ဆင်ထားတယ်။ရာသီဥတုက  နည်းနည်းအေးတာကြောင့် ကိုကို့ကို အနက်ရောင် coat တစ်ထပ်ဝတ်ဆင်ပေးကာ ကျွန်တော်တို့နှစ်ယောက် ကမ်းခြေနေရာလေးတစ်ခုမှာ တဲထိုးရင်း နေဝင်တာ‌လေးကို ထိုင်ကြည့်နေမိတယ်။
"ရီပေါ် နေဝင်တာလေး အရမ်းလှတယ် ....."
"အင်း......ဟုတ်တယ်...."
"ရီပေါ်ရေ !! နေမင်းကြီးက ဘာလို့ဝင်သွားရတာလဲ
သိလား?......"
"မသိဘူး....‌ပြောပြကြည့်လေ....."
"နေမင်းကြီးပျောက်က‌ွယ်သွားရတဲ့
အကြောင်းအရင်းက လမင်း ထွက်ပေါ်လာဖို့ပဲ .....
နေမင်းနဲ့ လမင်းက ကမ္ဘာနဲ့ အနီးဆုံးဆိုပေမဲ့  အတူတွဲပြီး ပြိုင်လင်းလို့မရလို့ တစ်ခုထွက်ပေါ်လာချိန် အခြားတစ်ခုက ပျောက်ကွယ်သွားပေးရတာ.........အချို့ အချို့သော အကြောင်းအရာတွေလည်း အဲ့အတိုင်းပဲ
အပြစ်တင်ဖို့ အ‌ကြောင်းအရင်းမရှိဘူး။
အပြစ်ဖွဲ့ ရမဲ့ သူမရှိဘူး...."
"..................."
ကိုကို့စကားအဆုံး အသံတိတ်တွေဝေနေသော ကျွန်တော့်ကို ကိုကိုက လှမ်းအသိပေးတော့မှ
ကျွန်တော် သတိဝင်လာခဲ့တယ်။
"ရီပေါ် !!   ကိုကို့ကို သီချင်းဆိုပြပါလား?.....
ဂီတာလေးနဲ့ ....."
"အင်း.......အဲ့တာဆို ကျွန်တော်ဟိုးနားလေးမှာ ဂီတာတစ်လက် သွားငှားလိုက်မယ်နော်....."
"အင်း....."
ကိုကို့ရဲ့ စကားသံအဆုံး ကျွန်တော်အမြန်ဆုံး ဂီတာတစ်လက်သွားယူလာခဲ့လေသည်။
ပြန်ရောက်တော့ ကိုကိုက‌ ကျွန်‌တော် မ‌ရောက်‌သေးဘူးအထင်နှင့် ‌ဆေးဘူးတစ်ဘူးထဲက ဆေးများကို သောက်ကာ ဆေးဘူးအားဖွက်ထားလိုက်လေသည်။
ကျွန်တော် သိနေသလိုပဲ စိတ်ထဲမှာမွန်းကြပ်ပြီး အရမ်းနာကျင်တယ် ။ချစ်တဲ့သူက သေဖို့အကြိမ်ကြိမ်ကြိုးစားနေတာကို ကျွန်တော်မတားနိုင်ခဲ့ဘူး.....ကျွန်တော် အသုံးမကျဘူး........
"ကိုကို!!...."ကျွန်တော် စကားအဆုံးကိုကိုက ကျွန်တော့်ဘက်လှည့်ကြည့်ပြီး ကျွန်တော့်အားအနားလာထိုင်စေရန် လက်လှမ်းနေလေသည်။
ကိုကို့အတွက် သီချင်းဆိုပြနေတုန်း ကိုကိုကကျွန်တော့်ရဲ့ ပါးပြင်ထက်ကို ဖြူစင်လှသော အနမ်းတစ်ပွင့် ပေးခဲ့တယ်။ပြီးတော့ ကျွန်တော့်ကိုယ်လေးအား ဖက်တွယ်ထားပြီး ကျွန်တော်ရဲ့ ပုခုံးပေါ်လေးအား ခေါင်းတင်၍ မှေးစက်နေလေသည်။
"ရီပေါ် ကိုကိုက အရမ်းချစ်တာနော်......"
*ပီးတော့
တောင်းပန်ပါတယ်.....တစ်ယောက်ထဲ ချန်ထားခဲ့ရလို့ ...ပြီးတော့ ကိုကိုက ကျန်ခဲ့ရတဲ့လူရဲ့
ခံစားချက်ကို မစာနာတာမဟုတ်ပါဘူး.......
ဒါပေမဲ့လည်း.....ရှေးလာမဲ့ အနာဂတ်မှာ ရီပေါ်အတွက် ပျော်ရွှင်စရာတွေ စောင့်မျှော်နေနိုင်လို့ပါ *
သီချင်းတစ်ပုဒ် ၊သီချင်းတစ်ပုဒ်အဆုံးမှာအသက်ရှူသံများ တိတ်ဆိတ်သွားခဲ့ပြီး ၊ ပုခုံးပေါ်ကျဆင်းလာတဲ့ မျက်ရည်ပူပူ ၊ ပြေလျော့လာတဲ့ ကိုကို့ရဲ့လက်များ၊ မြတ်နိုးလို့ပေးတဲ့အနမ်းက နှုတ်ဆက်အနမ်းဖြစ်သွားခဲ့တ‌ဲ့အခါ...........
"ကို...ကို!!....ကိုကိုဆို !!.....
အိပ်ပျော်နေတာလား?.......ကိုကို မဟုတ်ဘူးမလား?......ဟင် ..ဘာလို့အသံတိတ်နေတာလဲ ?....ပြန် ...ပြန်ဖြေပါဦး.....ကျွန်တော် တောင်းပန်ပါတယ် ...
စကားလေး ပြောပါဦးဆို......ကိုကို ...ဟင့်အင်း.....
ဟီး.....အီး....ဟင့်....ကိုကို ....ကိုကိုရေ.....
ကိုကိုရက်စက်တယ်ဗျာ .....ဘာလို့ တစ်ယောက်ထဲ
ထားခဲ့တာလ‌ဲ?......ခင်ဗျားကြီးပြောတော့
ကျွန်တော့်ကို အရမ်းချစ်တယ်ဆို .....အခုတော့ ....
အခုတော့ အရမ်းချစ်တယ်ဆိုပြီး တစ်ယောက်ထဲ ထားခဲ့ရလား?......အား.!!ကိုကို ခင်ဗျားကြီးရက်စက်တယ်........ခင်ဗျားအပြစ်တွေ ရှိသေးတယ် .....ဒီတိုင်းထွက်သွားလို့မရဘူးလေ.....
အီး.....ဟီး....ဟင့်.....ဟင့်.....အင့်..........
ကျွန်တော်ပြောမဲ့ အရမ်းချစ်တယ်ဆိုတဲ့ စကားလေးကိုတောင် ဆုံးအောင်နားမထောင်သွားရတာလဲ?......
တစ်ယောက်ထဲ ထားခဲ့ရတာ ပျော်လား?......
ကျွန်တော့်ကို ရော ဒီမှာထားခဲ့ရတာ ပျော်လား?....
ကိုကို့ဆန္ဒမဖြစ်စေရဘူး....ကျွန်တော် ပြောခဲ့ပြီးပြီး....ကျွန်တော်မရှိတဲ့ နေရာ ဘယ်နေရာမှ ကိုကို့ကို မလွှတ်ပါဘူးဆို.....အခုကျွန်တော် ကိုကိုရှိတဲ့‌နေရာဆီကို လိုက်လာခဲ့မယ်......" ဟုဆိုကာ ရီ‌ပေါ်တစ်ယောက် ရှောင်ကျန့်သောက်လက်စ‌ ‌ဆေးဘူးထဲတွင် ကျန်နေသော အိပ်ဆေးအပြင်းစားများအား သောက်လိုက်လေသည်။
*ကိုကို ကျ်ွန်တော်ကတိတည်တယ်နော်
ကိုကို့နောက် ကျွန်တော်လိုက်လာခဲ့ပြီ....*
ဆေးသောက်ပြီး အမြင်အာရုံးများဝေဝါးနေသော  ကောင်လေးသည် ‌ဘေးနားမှ‌ကောင်လေး တစ်ယောက်ကို ဖက်တွယ်ကာ အသက်ရှူသံများတိတ်ဆိတ်သွားခဲ့လေသည်။
ပါးပြင်ပေါ်တွင် မျက်ရည်စက်များက လှိမ့်ဆင်း‌နေဆဲ........
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
143K 10K 31
ဝတ္ထုတစ်ပုဒ်အားသဘောကျ၍ Yizhan အနေဖြင့်ရေးသားခြင်းဖြစ်ပါသည်။ အမြင်မတူခဲ့ပါက ကျော်သွားပေးပါရန် ဝတ္ထုတစ်ပုဒ်အားသဘောကျ၍ Yizhan အနေဖြင့်ရေးသားခြင်းဖြစ်ပါသည...
2.5K 126 13
Unicode+Zawgyi ချစ်ခြင်းက ရယူခြင်းလား ပေးဆပ်ခြင်းလား? ကျွန်တော့်အတွက်ကတော့ ရယူခြင်းပဲ ဟုတ်တယ် ကျွန်တော်က ရမ္မက်ကြီးတယ် အတ္တကြီးတယ် ပိုင်ဆိုင်လိုစိတ်က...
243K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
869K 40.3K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...