ဗရုတ်

By EssentialHun

129K 9.2K 1K

Vote မပေးကြနဲ့ ပင်ပန်းတယ် Feedbackပဲရေးခဲ့😘 More

🐇1🐲
🐰2🐲
????3????
🐕4🐥
?5?
🐰6🐲
🐏7🐕
????8????
🐣9🐉
🐣10🐉
🐇11🐏
🐇12🐏
🐉13🐷
🐣14🐷
🐣15🐉
🐣16🐉
🐼17⚽ 🚨
🐣18🐼
🐰19🐥
🐕20🐥
🐕🐰21🐏
🐥22👴
?23?
🐻24🐥
🐰25🐲
????26????
🐰27🐏 🚨
?28?
🐥29🐲
🐥30🐲
🐣31🐉
?32?
sorry pr😢
33?
🐣34🐥
35(rated)😪
ပြောပြ​ပေးလို့ရမလား
36?
🐤37🐥
🐇38🐰
🐣39🐲
🐣40🐲
🐣41🐤
ရပါတယ်​😢
🐣42🐤
🐲43🐣(vday)
44
🐲45🐣
ending????????????????????
Memorable April Fool Day
HappyBirthday ?
Birthday Night 🚨😜
ကိုယ်​ကြည်​နူး​နေတယ်​​ သိလား☺
Wu Squad🐉🐥🐣🐣🐣
Story Overview
Sehunnie လေးရဲ့ ချစ်ဒုက္ခ
library က ထုတ်ပေးပါ / library က ထုတ်ပေးပါ
1 (Unicode)
2 (Unicode)
3(Unicode)
4 (Unicode)
5 (Unicode)
6(Unicode)
7(Unicode)
8 (Unicode)
9(Unicode)
10(Unicode)
11(Unicode)
12(Unicode)
13(Unicode)
14 (Unicode)
15 (Unicode)
16(Unicode)
17(Unicode)
18(Unicode)
19 (Unicode)
20 (Unicode)
21(Unicode)
22 (Unicode)

Sehunnie လေးရဲ့ ချစ်ဒုက္ခ-2

433 42 12
By EssentialHun


အိတ်ထဲမှတဆင့် လက်ထဲထိတောင်ရောက်နေပြီဖြစ်တဲ့ စပျစ်သီးလုံးလေးက ပါးစပ်ထဲမရောက်ခင် မြေကြီးပေါ်သို့ ဖုတ်ခနဲပြုတ်ကျသွားသည်

တရားခံကား

"ဟား....ဟား...ဝတုတ်.....
ဟားဟား.....အမလေး ဘောင်းဘီဖင်ကွဲတာတဲ့...ဟား....ဟားဟား"

ဤသည်ကား ကျောင်းဘောလုံးကွင်း၌ သူငယ်ချင်းများ ဘောလုံးကန်နေသည်ကို စပျစ်သီးများစားရင်း အားပေးနေသည် Sehunnie ၏ ရယ်သံပင်ဖြစ်ပေသည်။

"အမလေး ရီရတာ မျက်ရည်တောင်ထွက်တယ်
ငါတောင်ကလေးတစ်ယောက်ရတော့မယ်
ဝတုတ်ကောင်ခုထိ နမော်နမဲ့နိုင်တုန်း"

"Ya....ဘူဆန်...ဒုံမင်ကို ညာဘက်ကနေဝိုက်ချလိုက်တော့လေကွာ
ဟာ....လွဲပြန်ပြီ....သေနာလေးက"

ဘူဆန်ဟု နမည်ပြောင်ပေးခံရတဲ့ ကောင်လေးက ခံပြင်းစွာကွင်းထဲမှ ပြန်အော်သည်

"ကြက်ပေါက်....ငါမင်းထက်ပိုကန်တတ်တယ်ကွ...မင်းလို ဘောလုံးကန်ရင် ညစ်ပတ်ဖို့ပဲသိတဲ့လူက ဆရာလုပ်တာလောက် ခံပြင်းတာမရှိဘူး"

ဘယ်လိုပြောပြော အိုဆယ်ဟွန်းလေးကိုမရပ်တန့်နိုင်ပါပေ

"ဟာ...ဟိုကောင် KimKai....
Ya ဂိုးအိမ်ကို DO Hyung များ မှတ်နေလား
တိုင်ပဲသွားပွတ်မနေနဲ့ အလယ်မှာနေ...မင်းကြီးတော်ဘောလုံးက မင်းနားရောက်လာပြီကွ"

"Kyungsoo Hyung အဲ့ကောင်တွေအကျောမပေးနဲ့ မညှာနဲ့ လုလု"

"ဝတုတ် မင်းအဖွဲ့စိတ်ဓာတ်နဲ့ကန်ကွ နောက်တန်းမှာလူလွတ်နေပြီလေ"

"ဟာကွာ ဗိုက်ခံနေလို့ပေါ့
မင်းတို့ကောင်တွေကန်နေတာ အလုပ်ကိုမဟုတ်ဘူး"

ကွင်းဘေးမှာ မတ်တပ်ရပ်ပြီး ပွက်ပွက်ညံအောင်လိုက်အော်ပြီး ဆရာလုပ်နေတဲ့ ကြက်ပေါက်ကို ဘောလုံးကန်နေတဲ့ Kai တို့ အဖွဲ့ ဝိုင်းပြီး လက်ခလယ်ထောင်ပြလိုက်မှ ငြိမ်ကျသွားပြီး ခုံတန်းတွေအပေါ်သွားထိုင်နေတော့သည်

ဗိုက်နဲ့မို့ပေါ့ မဟုတ်ရင် အဲ့ကြက်ပေါက်ပြားအောင် ဝတုတ်ကိုတက်ဖိခိုင်းတယ်

Sehun လေးတယောက် စပျစ်သီးထုပ်လေးပြန်ဖွင့်ကာ တမြုံ့မြုံ့စားရင်း သူ့ squad ဘောလုံးကန်ရာဆီ ပြန်ကြည့်နေလိုက်သည်

ကြည့်ရင်း ကြည့်ရင်း မြင်ကွင်းကဝေဝါးလာကာ
ခုန်ပေါက်ပြေးလွှားနေတဲ့ ဆယ့်လေးနှစ်သားအရွယ် ကျနော်က မြင်ကွင်းထဲဝင်ရောက်လာသည်
DO hyung က ဒိုင်လုပ်ပေးပြီး ဘောလုံးလုကစားရင်းသူငယ်ချင်းနှစ်ယောက်ရန်ဖြစ်ခဲ့တဲ အဖြစ်အပျက်က အနှေးပြကွက်လေးလိုပြန်ပေါ်လာသည်

လူကောင်ကြီးတဲ့ Kai က ကျနော့်ကိုဆို ဆော့တဲ့အချိန်တိုင်း သူ့ကိုယ်ကိုသုံးပြီး အနိုင်ယူနေကျ

အဲ့ကောင်က ကျနော့်လက်ထဲရောက်နေပြီဖြစ်တဲ့ ဘောလုံးကို သူမရနိုင်တော့မှန်းသိတော့ ကျနော့်ခန္ဓာကိုယ်ကို မြေကြီးပေါ်တွန်းလှဲချသည်

အမြဲတမ်းအနိုင်ကျင့်ခံရတော့ ကျနော်လဲ စိတ်ပေါက်ပေါက်နှင့် လုပ်မိသည်က လူတကိုယ်လုံးလေပေါ်မြောက်အောင်ခုန်၍ Kai ငယ်ထိပ်ကိုခေါက်ပစ်ခြင်း...ကျနော့်လက်ဆစ်တွေတောင် ထုံသွားလောက်အောင်ပြင်းသွားပေမဲ့ Kai တချက်မှမအော်ပဲ နှာတချက်မှုတ်ကာ ကျနော့်ကို နပန်းထလုံးတော့သည်

ထုံးစံအတိုင်း Kyungsoo Hyung ဒေါသတွေထွက်ပြီး ဝင်ဆွဲရပြန်ပေါ့

လူခွဲပြီးတော့ ဘယ်နှစ်ကြိမ်မြောက်မသိတော့တဲ့ အပြစ်ပေးဖို့ ဆုံးဖြတ်ချက်ကို Hyung က ချမှတ်ပြန်သည်

စ ညစ်တာ Kai ပေမဲ့ ကိုယ်ထိလက်ရောက် ထဆော်မိတာ ကျနော် ဖြစ်နေပြန်တော့ နှစ်ယောက် အခါနှစ်ဆယ်ဆီ ကွင်းကိုပတ်ကာ ဖားခုန်ခုန်ခိုင်းသည်

နဂိုကတည်းကမျက်ရည်လွယ်တဲ့ ကျနော်က နံပါတ်စဉ်ကို အော်ငိုကာ ရေရင်း ခုန်နေခဲ့တဲ့အချိန်မှာတော့

ခါအီတယောက်ကတော့ သူ့ဝသီအတိုင်းတောက်လျောက် ပါးစပ်ကပွစိပွစိပြောရင်းခုန်သည်

"ဒီလိုခုန်ခိုင်းမဲ့အစား...ရိုက်ပါလား
ထိုးလိုက်ပါလား
ကျနော် ဘောကျရင် hyung ပြန်လာတင်ပေးမှာမို့လား..."

အကြိမ်ရေပြည့်တော့ နှစ်ယောက်သား Hyung ရှေ့ လက်လေးတွေနောက်ပစ်ရင်း မတ်တပ်ရပ်နေရပြန်သည်

Hyung ဒေါသကို ကျွန်တော်တို့နှစ်ယောက်စလုံး ကောင်းကောင်းသိသည်မို့ နှစ်ကောင်စလုံးတုပ်တုပ်မှ မလှုပ်ရဲကြ

Hyung ရဲ့အကျင့်က သူစိတ်တိုနေရင် စကားလုံးဝမပြောတော့ပဲ လျစ်လျူရှုတတ်သည်

"Kai...အမှားကိုသိပြီလား"

"ဟုတ်"

"Sehunnie?"

"ဟုတ်"

"အေး နောက်လုပ်ဦးမလားမမေးဘူး
မင်းတို့က ကမ္ဘာပျက်တဲ့အထိ တည့်မဲ့နှစ်ကောင်မဟုတ်ဘူး အဲ့တော့ နောက်တခါဒါမျိုးရန်ဖြစ်ရင် ဘောကျရုံမကလို့ တက်တက် ဖြစ်ချင်ရာဖြစ် ဒီ့ထက်ပိုပြင်းမယ်သာ မှတ် ကြားလား"

"ဟုတ်"

"အခု တယောက်နဲ့တယောက် မျက်နှာချင်းဆိုင်"

"ပြုံးပြကြ အပြန်အလှန်"

ပေကပ်ကပ် Kai မျက်နှာပေးက မဲ့ပြုံးသက်သက်သာဖြစ်သည်

ပေရေညစ်ပတ်အောင်ငိုထားတဲ့ ကျနော့်အပြုံးကလဲ မျက်ရည်နဲ့နှပ်ချေးတွေကြောင့် မပီပြင်နိုင်ပေ

"တယောက်နဲ့တယောက် ဖက်ပြီး နှုတ်ဆက်"

ဗိုင်းကနဲ နှစ်ယောက်ဆောင့်ကြီး အောင့်ကြီး ထဖက်လိုက်တော့ (တကယ်တမ်း ရင်ဘတ်ချင်းပြေးဆောင့်ခြင်း) Hyung က တချက် မျက်လုံးနှင့်လှမ်းဟန့်သည်

"အခု တယောက်နဖူး တယောက်နမ်း"

နမ်းပြီးတော့ ရီချင်ချင်ဖြစ်လာကြတော့ မျက်နှာကြောတွေလျော့လာသည်

"ပြီးရင် မျက်လုံးကိုနမ်း"

နှစ်ကောင်သား မနမ်းချင်တော့ပေမဲ့ Hyung အသံတင်းနေဆဲမို့ ရီချင်တာကိုအောင့်ပြီး အပြန်အလှန် ဖွဖွနမ်းနေရတဲ့ ကြွက်နဲ့ကြောင် ကျွန်တော်တို့နှစ်ယောက်

"ပြီးရင် ပါးကို" လို့ဆိုတဲ့အချိန် ကျနော်တို့နှစ်ကောင် အလန့်တကြား Hyung ကို မျက်လုံးပြူးကာကြည့်ရင်း "hyung" ဟုထအော်တော့မှ ရုပ်တည်ကြီးကို ဖျက်ပြီး ထရီတော့သည်

ကျွန်တော့်တကိုယ်လုံး ပေရေနေတဲ့ ဖုတ်တွေကို Hyung က လက်နဲ့ ခါချပေးရင်း

"မင်းတို့ကောင်တွေ လူပျိုပဲဖြစ်နေပြီကို ခုထိ ဖုတ်လူးပြီးဆော့ကြတုန်း"

ပြောရင်း ကျနော့်ဖင်ကိုတဖုန်းဖုန်းရိုက်ကာ ဖုန်များခါချသည်

"ကြည့်စမ်း hunnie ကောင်းရော...စွပ်ကျယ်ပြဲပြန်ပြီ...အိမ်ရောက်ရင် byun ma ma ဆူတာခံပေတော့"

စွပ်ကျယ်ဂျိုင်းပြတ်အပြဲ ဖုန်များလူးကာထားသည့်ဘောင်းဘီတိုကိုဝတ်ထားတဲ့ ကျနော့်ကို Kai နဲ့ Hyung ပုခုံးတဖက်တချက်ဆီဖက်ကာခေါ်သွားတဲ့ မြင်ကွင်းက မျက်လုံးထဲမှတရွေ့ရွေ့ပျောက်ကွယ်စပြုလာသည်

အား...အရမ်းကို လွတ်လပ်နေခဲ့တာပဲ

မျက်ဝန်းအိမ်မှာအလိုလိုပြည့်နှက်လာတဲ့ အရည်ကြည်တချို့ကြောင့် လက်ဖျံဖြင့်ပွတ်သပ်ချလိုက်ရသည်

မနေ့တနေ့ကပင် ကျွန်တော်သည်လည်း အရမ်းအဆော့သန်တဲ့ ကောင်ငယ်လေးတယောက်ပင်

Squad ထဲမှာ Kai ပြီးရင် ကျနော်ကအသောင်းကျန်းဆုံး

မြို့ပေါ်ကျောင်းကိုပြောင်းလာတဲ့အခါဝတုတ်တို့နဲ့ပေါင်းမိတော့ ပိုသောင်းကျန်းမိသည်

ပိန်ပိန်ရှည်ရှည်ကျနော်က လှစ်ခနဲလှစ်ခနဲပြေးနိုင်လို့ အဲ့ကောင်တွေကျနော့်ကိုဆို အသေကြောက်ကြသည်

မနေ့တနေ့ကထိ FanFan ကို လိမ်ပြီး ညဈေးလည်တတ်တဲ့ ကောင်ဆိုးတယောက်ဖြစ်နေခဲ့တုန်းပါ

ကျနော်လေ...ကလေးလေးကိုတော့အားနာရမလားမသိပေမဲ့
အရင်လို ပြန်လွတ်လပ်ချင်လိုက်တာ
ကျောင်းထဲမှာ ပြေးလွှားအော်ဟစ်ချင်တယ်
ဝတုတ်တို့နဲ့ ဘောလုံးလောင်းပြီးကန်မယ်
အခန်းထဲက စပ်စလူးတွေကိုငိုအောင်လိုက်စမယ်...သူတို့ကျောကော့အောင်မရိုက်ခင် ထွက်ပြေးမယ်
Noona တို့နဲ့ မုန့်တွေပတ်စားပြီး အာလူးဖုတ်ချင်တယ်
Kai နဲ့ အကတွေပြိုင်ကျင့်ပြီး 😓

######

Kai တို့နဲ့အော်ဟစ်စနောက်ပြီးကတည်းက ငြိမ်ကျနေတဲ့ Sehunnie ကို Kyungsoo လှမ်းလှမ်းကြည့်နေရသည်

သူ့မျက်လုံးတွေက ကျနော်တို့ဆီမှာ ရှိမနေတော့ပဲ တခုခုတွေးနေပုံရလို့ စိတ်ချသလိုဖြစ်နေခဲ့ပေမဲ့

ရုတ်တရက် ခေါင်းငိုက်စိုက်ချလိုက်ပြီး မျက်နှာကိုလက်နှစ်ဖက်အုပ်ပြီး လူက တလှုပ်လှုပ် ဖြစ်နေသည်ကို တွေ့မိတော့ ကျနော် Kai တို့ကို Toilet ခနဟုပြောပြီး ကွင်းထဲက ခနထွက်ခဲ့လိုက်သည်

တယောက်တည်း ထိုင်နေရမှာ အားငယ်နေမှာစိုးလို့
"Hyung ဒီနေ့ ဘောလုံးမကန်ချင်ဘူးကွာ Hunnie နားပဲထိုင်မယ်"
လို့ မုသားသုံးလိုက်တုန်းက မျက်ဝန်းငယ်ငယ်လေးများကပြုံးပြီး
"ဟာ...မရဘူး....သွားဆော့ရမယ်....Hyung နော်...ဟွန့် အဲ့ဗိုက်ခေါက်တွေ ဘယ်လိုလျော့တော့မလဲ"
ဟု ပါးစပ်ကလဲပြော..လက်ကလဲ ကျနော့်ခါးကို အတင်းကလိယားထိုးပြီး ကွင်းထဲကိုသူတွန်းပို့ကတည်းက စိတ်လုံးဝမချခဲ့

Aww....ကလေးရယ်

တခုခုဝမ်းနည်းပြီးငိုနေမှန်းသိလိုက်တော့ kyungsoo ကွင်းထဲက Kai တို့အုပ်စုနားကပ် တီးတိုးပြောပြီး ပွဲကိုသိမ်းလိုက်သည်

Kai တို့ တမင် ဘောလုံးကွင်းထဲကပဲ အသံ လှမ်းပေးလိုက်သည်

"ကြက်ပေါက်ရေ....ပြန်ကြမယ်ဟေ့"

မျက်လုံးနီစပ်စပ်နဲ့ ကြက်ပေါက်ကို အကုန်လုံးက မသိချင်ယောင်ဆောင်ပြီး လည်ပင်းဖက်တဲ့သူက ဖက် စတဲ့သူက စဖြင့်ကျောင်းဝန်းအပြင်ထွက်ရန်ပြင်နေကြသည်

"Hunnie...Kris Hyung ဘာပြောလဲ"

"ဟင်..."

Kyungsoo အမေးကိုနားမလည်တဲ့ Sehun ကြောင့်

"Aww...ရောက်တော့မှာလားလို့"

"ဟင်...Hyung တို့က ဘာမှမစားပဲ ပြန်တော့မှာလား ခါတိုင်းလိုမှတ်လို့ဘာမှပြောမထားဘူးလေ"

ဘူဆန်တို့ ဝတုတ်တို့ တယောက်တပေါက်ဝင်ပြောကြသည်က

"ဟေ့...မင်း ငါ့တူမလေးအတွက် အပြင်စာတွေလျော့ရမယ်လေ"

"ရော်...ဗိုက်နဲ့အစားသောင်းကျန်းဦးမယ်"

"မင်းဆက်မလိုက်နဲ့ အိမ်ပြန်နားတော့"

"အစားအသောက်ဆင်ခြင်ရမယ်လေ ကြက်ပေါက်ရ"

သူငယ်ချင်းတွေရဲ့ တယောက်တပေါက် အပြောတွေကို မျက်နှာငယ်လေးနဲ့လိုက်ကြည့်ပြီး

"ငါ...ငါက ဘောလုံးလဲကန်လို့မရလို့ ကွင်းထဲတောင်မဆင်းခဲ့ရဘူးလေ
အခု...မင်း...မင်းတို့လို့တောင် sob* ငါ...ငါက သွားလာလို့မရတော့ဘူးလား"

ပြောလဲပြောပြီး ထိုင်ခုံပေါ်ပြန်ထိုင်ကာငိုချလိုက်တဲ့ Hunnie ကြောင့် ကျနော်တို့ တွေ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်ပြီး ဝိုင်းချော့ရတယ်

ဝတုတ်တို့ကလဲ ကျောင်းပြောင်းလာတဲ့ ကျနော်တို့သုံးယောက်ကို ငယ်သူချင်းလိုခင်နေပြီး Hunnie လေးကို ချစ်ကြလို့ စိုးရိမ်စိတ်သက်သက်နဲ့ပြောမိကြခြင်းရယ်ပါ

"Sehun ရာ...မငိုပါနဲ့ ကလေးအတွက်မကောင်းပါဘူးဆိုမှ"

Kai ကလဲ ကျနော်တောက်လျောက်သတိပေးတဲ့စကားနဲ့ သွားပြောလိုက်တော့ပိုဆိုး

"မင်းလဲ FanFan နဲ့ အတူတူပဲ sob*
မွေးပေးရမဲ့ ငါ့ကျ ဘယ်သူမှမသနားဘူး
ဘယ်သူမှဂရုမစိုက်ဘူး"

ဝတုတ် တို့ပါ ဝိုင်းချော့ရတော့သည်

"မင်းကလဲ ငါတို့က မမြင်ရသေးတဲ့ ကလေးလေးထက်မင်းကို ပိုချစ်လို့ပေါ့ကွ တခုခုဆို မင်းပဲ အရင်ခံစားရမှာလေကွာ နော် Sob*"

အစကတည်းက အစား နဲ့ အဆော့သာသိတဲ့ ကလေးဆန်ဆန် ကျနော်အဖွဲ့က ဝတုတ်က Sehunnie တောက်လျောက်ထိုင်ငိုတာမြင်ပြီး စိတ်မကောင်းဖြစ်လာကာ မြေကြီးပေါ်ဖင်ထိုင်ချ လိုက်ချေုာ့ပြီး မျက်ရည်စမ်းတမ်းစမ်းတမ်းဖြစ်လာသည်

ငိုဖော်ရသွားသည့် Sehun က ဝတုတ်မျက်နှာကို ကြည့်ပြီး ငိုငိုပြီးပြောသည်

"ဝတုတ်...ငါ မင်းလိုဘောင်းဘီဖင်ကွဲအောင် ဘောလုံးကန်ချင်သေးတာကွ😭"

"ငါမင်းတို့နဲ့ ကျောင်းပြေးပြီး ဂိမ်းဆိုင်မှာ ပေပေတေတေနေချင်တာ
မင်းတို့ လှေခါးအောက်မှာ ဖွာတဲ့ ဆေးလိပ်အရသာကိုငါလဲ သိချင်တယ် sob* 😶
ပြီးတော့ Kai နဲ့ အပြိုင်ကပြီး မင်းတို့ ဝေဖန်တာကိုနားထောင်ချင်သေးတာ
အခုလိုမျိုးမနေချင်ဘူးလို့
သိလား😭"

"အေး.... အေးပါ Hunnie ရာ ငါတို့ သိ သိပါတယ်ကွာ
တအားမငိုနဲ့နော် မောနေလိမ့်မယ်"

Kyungsoo.. Kris Hyung ဆီကို ဖုန်းခေါ်အကျိုးအကြောင်းပြောပြီး အဖွဲ့ကိုပြန်လှည့်ကြည့်လိုက်တော့ အခြေအနေကမကောင်း

Sehun ခြေဆင်းထိုင်ငိုကာ ပြောသမျှကို ဝတုတ်က ငိုရင်းနားထောင်နေသည် ကျန်တဲ့ကောင်တွေကလဲ ထိုင်တဲ့ကောင်ကထိုင်ကြည့် ငူတဲ့သူကငူနဲ့

မျက်ရည်နှာရည်ရွှဲတဲ့ Sehun က Kai ဘက် လှည့် လက်ညှိုးထိုးပြီးမေးသည်

"Kaiya...မနက်ဖန် ဘာနေ့လဲ သိလား"

Kai အူကြောင်ကြောင်ဖြစ်သွားပြီး ကျွန်တော့်ကိုစစ်ကူတောင်းသလိုလှမ်းကြည့်သည်

ကျနေုာ့်ကိုပါ လှမ်းကြည့်နေသည့် ကြက်ပေါက်

ကျနော်ခေါင်းရမ်းပြတာမြင်တော့

"Hyung တို့မမှတ်မိပေမဲ့ ကျနော်က ကောင်းကောင်းမှတ်မိတယ်
Kai က Hyung ကို propose လုပ်တာသုံးနှစ်ပြည့်တဲ့နေ့"

မထင်မှတ်ထားတဲ့အတွက် ကျနော်တို့ အတော်အံ့သြသွားရသည်
ကျနော်နဲ့ Kai က ငယ်ငယ်ကတည်းက ဟိုလိုလိုဒီလိုလိုဆိုတော့ propose လုပ်တဲ့နေ့ရယ်လို့ ဘယ်လိုမှမမှတ်မိတော့ပါ

"ကျနော့်ကို အဲ့ရက်မတိုင်ခင်ညဘက်ကြီး Kai က အိမ်ကိုလာပြီး သူရဲ့ propose လုပ်မဲ့ အကြောင်းပြောပြသွားခဲ့တာ ကျနော့်ကိုလဲ ကူညီပေးဖို့ရယ်ပေါ့"

Kai... Sehun ပြောတာနားထောင်ရင်းပြုံးမိသည်
ဟုတ်ပါသည် ထိုအချိန်က ချာတိတ်ကလေးတယောက်ရဲ့ ချစ်နိုင်စွမ်းအကုန်ဖြင့် Hyung ကို ကျနော်ချစ်ခဲ့သည်
Hyung ရှေ့မှာ ပထမဆုံးရင်ခုန်ခဲ့ရတယ် ပထမဆုံးအချစ်ကိုခံစားခဲ့ရတယ်

"ဟင်း...နောက်ရက်ကျတော့ Hyung ကို ကျနော်ခေါင်းကိုက်လို့ အိမ်ပြန်မယ်လို့ နှစ်ကောင်သား လိမ်ပြီး အိမ်သာပျက်ဘက်သွားပြီး ပူဖောင်းတွေမှုတ်လိုက်ရတာ ကျနော့်မှာအာတွေညောင်းလို့"

အပြုံးယောင်သမ်းသမ်းလေးနဲ့ အမှတ်တရတွေကို တခုတ်တယ ပြန်ပြောင်းပြောနေတဲ့ Sehun မျက်နှာလေးကို ကျနော်တို့အကုန်ငေးကြည့်နေမိကြသည်

"ကျောင်းဝန်းထဲက အားကစားဆရာ စိုက်ထားပါတယ်ဆိုတဲ့ Lily ပန်းတွေဝင်ခိုးခဲ့ပြီး Hyung အတွက်ပန်းစည်းကို ကျနော်ပြင်ပေးခဲ့သေးတယ်
ညက တိုင်ပင်ထားတာ Byun mama ရဲ့ ရိုးရာအကျီင်္ဆီက ဖဲပြားနဲ့ကြိုးကိုခိုးယူခဲ့ဖို့ဖြစ်ပေမဲ့ တကယ်တမ်း မေ့လာခဲ့တော့ ဆရာမအိတ်က ဖဲပြားကိုခိုးဖြုတ်ပြီးတပ်ပေးခဲ့တာ😄
မေ့ရကောင်းလားဆိုပြီး Kai က ကျနော့်ကိုဆူလို့ နှစ်ကောင် ရန်သတ်လိုက်ရသေးတယ်
အဟင်း...ကျနော့်မှာသာ အဲ့လိုတွေလုပ်ပေးလိုက်ရတာပါ
hyung တို့နှစ်ယောက် ကိတ်လေးခွဲ အာဘွားတွေပေးကြပြီး ကျနော့်ကို ချန်ထားရစ်ပြီး နှစ်ယောက်သားလစ်ထွက်သွားကြတာဆိုတာလေ😄"

Sehun ဖုန်း vibrate သံကြောင့် Yifan Hyung လာခေါ်နေပြီမှန်းသိလိုက်ကြသည်

"ကဲပါ ကျနော်ပြောချင်တာက Kai ရော Hyung ကော အမှတ်တရနေ့လေးတွေကို တန်ဖိုးထားပါ
အင်း...ဘာလို့လဲ ဆိုတော့
အဲ့လိုအမှတ်တရဆိုတာလူတိုင်းမှာမရှိဘူး
ကျနော် အားလုံးထက် အရင် အိမ်ထောင်ကျပေမဲ့ Hyung လိုမျိုး ချစ်ရေးဆိုမခံရဖူးဘူး
ချစ်သူလက်ကိုတွဲပြီး လူငယ်အပျော်တွေမခံစားရဖူးဘူး
ဟား...ဟား...အမှတ်တရတွေသိပ်မရှိတဲ့ ကျနော်တို့နှစ်ယောက်က အခွံသက်သက်ရယ်ပါ"

ပြောရင်း လွယ်အိတ်ကို ကောက်လွယ်ပြီး
မြေကြီးပေါ်ထိုင်နေတဲ့ သူ့သူငယ်ချင်း ဝတုတ်လေးရဲ့ ပုခုံးကိုပုတ်ပြီး

"ဝတုတ် ထတော့...ဘောင်းဘီဖင်ကွဲထဲ အကောင်တွေဝင်ကုန်တော့မယ်
သွားတော့မယ် သူငယ်ချင်းတို့
မင်းတို့ပြောတာမှန်ပါတယ်
ငါ့အနေနဲ့ မင်းတို့နဲ့အပြိုင်မကဲသင့်တော့ပါဘူး
ကျောင်းအုပ်အကြံပေးတဲ့အတိုင်း online study program ကို join ပြီးတော့ပဲ exam ဝင်ဖြေတော့မယ်
အားလုံးပဲ...ဘိုင့်"

ပြောရင်း....နှုတ်ဆက်ရင်းပြန်သွားတဲ့...သူတို့သူငယ်ချင်းလေးကိုကြည့်ရင် သူတို့အားလုံးစိတ်ထဲမကောင်းကြ

#########

"Hunnie လေး ဒီနေ့ ကျောင်းမှာအဆင်ပြေလား"

အိမ်ဝင်အပေါက်ဝမှ ကျောင်းပြန်လာတဲ့ မြေးလေးကိုစီးကြိုကာ နဖူးလေးစမ်း ပါးလေးပွတ်ရင်းမေးလိုက်သည့် Suho

"ဟုတ် နေလို့ကောင်းပြီး ကျန်းကျန်းမာမာရှိပါတယ်"

ခါတိုင်းလို မချွဲပဲ တိုတိုတုတ်တုတ်ဖြေကာအပေါ်တက်သွားတဲ့ Hunnie ကို ကြည့်ပြီး Yifan ကို မေးသလိုလှမ်းကြည့်လိုက်တော့

"မသိဘူး...Kai တို့ကိုကောက်လာတယ်နဲ့တူတယ်
လမ်းမှာကျနော့်စကားလဲမပြောဘူး"

Yifan လူကြီးတွေစိတ်ပူနေမှာစိုးလို့ Kyungsoo ဖုန်းဆက်တဲ့အကြောင်း ပြောပြမနေတော့ပါ

#####

Yifan ရေနွေးနဲ့ရေကို အားပါးတရစိမ်ချိုးလိုက်တာနာရီဝက်ခန့်ရှိသွားနိုင်လောက်သည်

တနေကုန်ကျောင်းမှာ ပြေးလွှား major အတွက် activity တွေ လုပ်ထားလို့ ပင်ပန်းနေသမျှက ပျောက်သွားပြီး လန်းဆန်းလာသည်မို့ Kris ရေချိုးလက်စကိုသတ်ပြီး အပြင်ထွက်လာခဲ့သည်

ကုတင်ပေါ်မှာဖက်လုံးလေးကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ချာတိတ်

အွန် ဒီကလေး ညစာမစားပဲအိပ်တာလား

မျက်နှာလေးကို အနုားကပ်ပြီး ကြည့်လိုက်တော့ ပါးစပ်လေးဟကာ ဟောက်သံသေးသေးလေးပါထွက်အောင်အိပ်ပျော်နေလို့ နှိုးရက်စရာမရှိ

.
.
.

"လာ...yifan အခုပဲ မင်းကိုလာခေါ်တော့မလို့"

ပေါင်းအိုးထဲက ထမင်းများခူးပေးနေရင် လှည့်ပြောလာတဲ့ ဖိုးလေး

"Hunnie က အိပ်ပျော်နေတာတွေ့လို့ ကျနော် မနှိုးခဲ့တော့ဘူး"

"အင်း...ဖိုးလေးကိုလာပြောသွားတယ် Kyungsoo လေးတို့နဲ့မုန့်စားခဲ့မိလိုက်လို့တဲ့
အရမ်းလဲအိပ်ချင်နေလို့တဲ့
ကြည့်ရတာ ကျောင်းမှာအရမ်းဆော့ပြီး ပင်ပန်းလာတယ်နဲ့တူတယ်
အပြင်စာတွေလဲလျော့စားခိုင်းဦးမှ
ဒီကလေးကို စိတ်ကိုမချဘူး
ဟင်း....WuYifan မင်းလဲ ကလေးကို သေချာဂရုစိုက်
ကိုယ်ဝန်ဆောင်သည်အတွက်လိုအပ်တာတွေလေ့လာ
ကလေးကိုပြောပြ
မင်းက လူကြီး
ဖိုးလေးတို့အားလုံး ဒီကိုယ်ဝန်ကြောင့် Hunnie လေးကို လုံးဝအတိမ်းအစောင်းမခံနိုင်ဘူး
Baekhyun တို့ အိမ်မှာလဲ နေ့တိုင်း ဆုတောင်းပေးကြတယ်
အမေတို့ဆို (ByunBaek ရဲ့ ယောက္ခမတွေ) ဖိုးလေးကိုညတိုင်း နီးနီးဖုန်းဆက်ပြီး မေးမေးနေတာ
ဖိုးလေးတို့မှာတာဝန်ရှိတယ်
ဖိုးလေးပြောချင်တာ နားလည်လား"

သက်ပြင်းနုနုချက်လိုက်ရင်း

"ဟုတ်...ဟုတ်...ကျနော်နားလည်ပါတယ်"

"စားတော့..ပြီးရင် အခန်းထဲပဲနေတော့
ကလေးကတရေးလန့်နိုးလို့ လူမရှိရင်ကြောက်တတ်တယ်"
.
.
.
.
.
Yifan တဖန် အခန်းထဲပြန်ဝင်လာချိန်တွင်လဲ Hunnie တယောက်အိပ်ပျော်နေဆဲပင်ဖြစ်သည်

လင်းထင်းလွန်းတဲ့ အခန်းအလင်းရောင်ကိုအနဲငယ်လျော့ခဲ့ပြီး Handphone နှင့် Whisky ပုလင်း ကို ယူကာ ဝရံတာဘက်ထွက်ခဲ့လိုက်သည်

Kyungsoo ညနေက အလောတကြီးနဲ့ ခပ်တိုတိုတုတ်တုတ်ပြောသွားသည်က

"Hunnie ကျနော်တို့မသိအောင်ခိုးငိုထားတယ်
တခုခုကိုတွေးမိပြီး ငိုပုံပဲ Hyung" တဲ့

ထပ်ရှိတာက မျက်နှာလေးညှိုးနေတဲ့ ထိုကလေး

လွှတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့များနှင့်အတူ သောကတွေပါသွားရင်ကောင်းမည်

ဒီကလေးရင်ထဲ ဘာတွေရှိနေပြန်ပြီလဲ

"Hello...Kyungsoo ya
Yifan Hyung ပါ စကားပြောလို့ရလား"

"...."

"Imm...ညနေက Kyungsoo ပြောတာရယ်
ပြီးတော့ Hunnie Hyung ကို စကားသိပ်မပြောဘူး မျက်နှာလဲမကောင်းလို့
အင်း...ခုလဲ မင်းတို့ရဲ့ Hunnie က ညစာတောင်မစားပဲ အိပ်သွားလို့ကွာ"

"....."

"ဟင်...အဲ့လိုဆို သူဘာလို့ တယောက်တည်းငိုနေလဲ Kyungsoo တို့ မသိလိုက်ဘူးပေါ့"

"...."

"ဘယ်လို...သူ့ဖာသာသူငိုတာ တခါ
မင်းတို့ရှေ့မှာ တခါ အဲ့လိုပေါ့
ဟာကွာ...အဲ့ချာတိတ်ကတော့ Hyung တို့ ဝိုင်းပြီး ဒီလောက်ပျော်အောင်ထားတာကိုကွာ
အရင်က ထစ်ခနဲရှိငိုတာ ဘာမှမဖြစ်ဘူး
အခု သိပ်မငိုပါနဲ့လို့ပြောထားတာကို 🤕"

"...."

"အိုကေ အိုကေ...Sorry Hyung စိတ်လောသွားလို့
Kyungsoo ပြောပြတာကို ဆုံးအောင်နားထောင်ပါ့မယ်
အိမ်ထိတော့ လာမရှင်းပြပါနဲ့ ညကြီး မင်းတို့ကို အားနာလို့"

"........................"

"Imm ...Hyung စဉ်းစားလိုက်ပါဦးမယ်ကွာ
ဒါပဲနော်"
.
.
.
Whisky ကြောင့်လား
ချာတိတ်ကြောင့်လား
ကျနော့်ရင်တွေပူလောင်လို့.....

ရင်နဲ့အပြည့်ကို ချစ်တာပါကွာ
ဘာကြောင့်မချစ်ဘူးလို့ သံသယဝင်ရတာလဲ

FanFan ချာတိတ်အတွက်ဘာတွေလုပ်ပေးရမလဲကွာ

သန်းခေါင်ကျော် ည အအေး က Yifan ရင်ထဲက အပူတွေကို မလျော့စေခဲ့ပါ

ခေါင်းတွေထိုးကိုက်လာပြီမို့ အိမ်ထဲပြန်ဝင်လာခဲ့လိုက်သည်

မနက်လေးနာရီထိအောင်ဝရံတာမှာထိုင်မိတဲ့အနေနဲ့ တက်လာတဲ့  ခန္ဓာကိုယ်ရဲ့ အပူရှိန်ဟာ အဖျားကြောင့်လား
သို့မဟုတ် whisky ကြောင့်ပေလား

အင်း ကျနော့်နားက အရက်နံ့တော့နံနေတော့မှာပဲ

အဟင်း...ကျနော့်ဆီကအရက်နံ့ရတဲ့အချိန်တိုင်း
"အဲ့လိုတွေမကြိုက်ပါဘူးနော်😏" ဆိုပြီး မျက်စောင်းလှမ်းလှမ်းထိုးတတ်တဲ့ ချာတိတ်
အခုရော အရက်နံ့ရပြီးသူနိုးရပါတယ်ဆိုပြီး စိတ်တွေထဆိုးရင်တော့ ဒုက္ခပါပဲ😄

အခန်းထဲရောက်တဲ့အချိန် ခေါင်းပင်မလှုပ်နိုင်လောက်အောင်ကိုက်လာပြီမို့ အိပ်နေတဲ့ ချာတိတ်ဘေး အသာဝင်လှဲပြီးအိပ်နေလိုက်တော့သည်

မနက် ငါးနာရီခန့် အချိန်တွင်ဖြစ်သည်

နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သေးခင်အချိန်မှာပဲ
နှာခေါင်းနားမှာ ပေါင်ဒါနံ့သင်းသင်းလေး ဝေ့လာတော့ နှာခေါင်းထိပ်ဝများ ယားယံစပြုလာပြီး နိုးလာခဲ့သည်

Yifan မျက်လုံးဖွင့်ကြည့်မလို့ လုပ်ရုံရှိသေး ဟူး* ဆိုသော အသံငယ်လေးနဲ့ လေပူနုနုလေး ကျနော့်ပါးပေါ်ရောက်လာသည်

"ဟူး....နှုတ်ခမ်းကြီးဆူပြီး အိပ်နေတာတောင် ကြည့်ကောင်းနေလိုက်တာ FanFan ရယ်"

"ကျနော် သိပ် စိတ်မချတာပဲ
FanFan ကို oppa လို့ လာခေါ်တဲ့ လူတွေကို ကျနော် ဘယ်လောက်သဝန်တိုရတယ်ထင်လဲ😞
FanFan အတွက် ကျနော်က ငပေါလေးများဖြစ်နေလားဟင်"

မျက်လုံးဖွင့်မကြည့်မိစေရန် မနဲစိတ်ကိုထိန်းထားရသည်

နဖူးပေါ်သို့ ထိကပ်လာသော အိစက်စက်ရှိလှသော အရာငယ်လေးတခု

Chu*

"FanFan ကျနော်လေ အခု FanFan မဝတ်ခိုင်းတော့တဲ့ ဂျင်းပင် အကြပ်ကိုဝတ်ထားတယ်သိလား
ကျနော့်ကို ဒီနေ့တရက်တော့ လွတ်လပ်ခွင့်ပေးပါနော်
ကျနော် ပြန်လာတဲ့အခါ ကလေးမဆန်တော့တဲ့ အိမ်ထောင်သည်တယောက်အနေနဲ့ ပြန်လာပါ့မယ် ကလေးအဖေကောင်းတယောက်ဖြစ်အောင်ကြိုးစားပါ့မယ်
ချစ်တယ် Fan Fan"

သူ့နှုတ်ခမ်းသေးသေးလေးနှင့် မျက်နှာပြင်အထက် ခုနှစ်ခါတိတိ အနမ်းပေးပြီး ထထွက်သွားသောချာတိတ်

အသာခိုးကြည့်လိုက်တော့
JDC ဦးထုပ်လေးကိုဆောင်းထားပြီး လွယ်အိတ်တလုံး
ဂျင်းပင်ဝတ်ထားတဲ့ ပုံက တောင်တက်မဲ့ပုံစံနှင့်တူနေသည် ဘယ်ကိုများတယောက်တည်း ကျနော်မသိအောင်သွားမလို့ပါလိမ့်
အိပ်ယာဘေးစားပွဲပေါ် တခုခုကိုတင်နေပုံရပြီး နောက်ကိုတခါပြန်လှည့်ကြည့်ပြန်တော့ ကဗျာကယာ မျက်လုံးများပြန်မှိတ်လိုက်သည်
နိုးနေမှန်းသိများသိသွားပြီလား

"အမူးသမားကြီး FanFan ကောင်းကောင်းအိပ်" ဟုဆိုကာ ကျနော့်နှုတ်ခမ်းပေါ် သူ့နှုတ်ခမ်းလေးကို ခနမှေးတင်ကာထွက်သွားတော့သည်

တံခါးပိတ်သံကြားသည်နှင့် သူစားပွဲပေါ်ဘာတင်ခဲ့လဲ ထကြည့်လိုက်တော့ စာခေါက်လေးတခေါက်ဖြစ်နေသည်

စာထဲတွင် ရေးထားသည်များက သူ ကျနော် အိပ်ပျော်နေသည်အထင်နှင့် ပြောသွားသည်များပင် ဖြစ်ပြီး ဖိုးလေးတို့ကို သူနှင့်အတူကူညာပေးဖို့တောငိးဆိုထားသည်
အကျဉ်းချုံး ဆိုလိုချင်တာကတော့ သူ့ငယ်ဘဝကသူလွမ်းပြီး စိတ်လေနေလို့ တရက်လောက်တယောက်တည်းနေချင်သည့်သဘောပင်ဖြစ်သည်

ူဟူး.....ကလေးကို ကြိုက်မှတော့ ကလေးအကြိုက်ဆောင်ရမှာပေါ့

ညကဝတ်ထားတဲ့ အဝတ်ဟောင်းမျုားကို လဲလှယ်ကာ ZiTao တို့အိမ်တွင်သောင်တင်နေရဦးမှာပေါ့လေ

ဖိုးလေးကိုတော့ ချာတိတ် ကျနော်နဲ့ အတူရှိနေပါသည်ဟု မုသားဆိုရင်း......

##############

Note :

ပြန်ဖတ်ကြည့်တာ အဆင်ပြေမပြေလဲ မသိတော့ဘူး 😔
တော်တော်ရှည်နေလို့ ဒီမှာ တပိုင်းရပ်လိုက်မယ်နော်

Continue Reading

You'll Also Like

75.8K 1.8K 34
My No.1 fan is the Idol of Everyone
106K 2.4K 45
"Oppa?" A quiet shy girl in an all boys school. bts,exo, got7, ikon,stray kids,etc. (Im currently editing because there are grammar errors) (Also, th...
302K 7.7K 22
"So i'll just give you a rundown of what your job is going to be here. So I know you signed up for secretary, but you'll be more like Jungkook's pers...
1.4M 34.7K 37
"You're my one and only." "He's Kai, my friend." "I love you, Lisa." Lies. 'What does it take to make you tell me the Truth, Jennie?' WARNING ⚠️: SE...