က်ြန္ေတာ္ ဒီရက္ပိုင္း ကို႔ကို႔ရဲ့ေရာဂါအေျခအေနကို
အရင္ကထက္ ပိုသတိထားမိလာတယ္......
အရင္က ကိစၥတစ္ခုကို ေလးငါးရက္ေလာက္အထိ မွတ္ထားႏိုင္တဲ့ ကိုကိုကဟာ အခုရက္ပိုင္း မွတ္မိႏိုင္တဲ့ မွတ္ဉာဏ္အား အားနည္းလာခဲ့တယ္.........
တစ္ခါတစ္ရံ ကိုကိုက ေခါင္းအရမ္းကိုက္တယ္လို႔ ေျပာတယ္.....
ဒါေၾကာင့္ ဆရာဝန္ဆီသြားျပေတာ့လည္း ေရာဂါရင့္လာေသာေၾကာင့္ဟု ဆို၍အရင္က ထက္ပိုဂရုစိုက္ေပးရန္သာ မွာၾကားခဲ့သည္။
"ကိုကို ! ......
ေခါင္းေတြကိုက္ေနေသးလားဟင္?...."
"ဟင္အင္း မကိုက္ေတာ့ဘူး...."
"အင္းပါ.....ဒါနဲ႔ ကိုကိုေဆးေသာက္ဖို႔ အစားစားရမယ္ေနာ္ ......
ကိုကို ဘာစားခ်င္လဲ?...ေျပာေလ ကြၽန္ေတာ္ခ်က္ေကြၽးမယ္......"
"ဟင္အင္း.....မစားခ်င္ဘူး....
အျပင္သြားလည္ ခ်င္တယ္......
သြားၾကရေအာင္ေနာ္..."
"ကိုကိုကလည္း အျပင္မွာ ေလစိမ္းေတြ တိုက္ေနတယ္....အျပင္ထြက္ရင္ ကိုကိုဖ်ားမွာေပါ့...."
"ဟင္အင္း.....မဖ်ားပါဘူး....
ဖ်ားလည္း ဘာျဖစ္လဲ?.......
ကိုကို႔ကို ဂရုစိုက္မဲ့သူ ရီေပၚတစ္ေယာက္လံုး ရိွေနတာပဲဟာ......ဒါေၾကာင့္ အျပင္သြားလည္ၾကရေအာင္ေနာ္ ကိုကိုအိမ္မွာပဲေနရတာ ပ်င္းလာၿပီး......
အဲ့ဒါေၾကာင့္ ကိုကို ရီေပၚနဲ႔ အျပင္ေလ်ွာက္လည္ခ်င္တယ္.....သြားလည္ၾကမယ္ေနာ္....ေနာ္!....ေနာ္!...." ဟုဆိုကာ ရီေပၚအက်ီစေလးအား လက္ေခ်ာင္းေလးျဖင့္ အသာဆြဲကာ ခြၽဲေနေသာေရွာင္က်န႔္ေၾကာင့္......
ရီေပၚတစ္ေယာက္ ျငင္းရန္အင္အားတို႔ မရိွေတာ့ေခ်။
"ဟုတ္ပါၿပီး......ဒါဆိုလည္း အစားစားၿပီးမွ အျပင္သြားၾကတာေပါ့.....ဟုတ္ၿပီးလား?...."
"အင္း..."ဟုဆိုကာ ကေလးတစ္ေယာက္ကဲ့သို႔
အျပစ္ကင္းစြာ ၿပံဳးျပေနေသာ ေရွာင္က်န႔္ကို ၾကၫ့္ရင္း ရီေပၚတစ္ေယာက္ အခ်စ္ပိုမိေလသည္။
*ကိုကို႔ကို မခြဲႏိုင္ဘူး.....*
.....................................................
"ရီေပၚ !....အက်ီက အရမ္းႀကီးၿပီး အရမ္းထူးေနတယ္ေရာ.....
အျပင္မွာ အဲ့ေလာက္ေတာင္ ေအးလို႔လားဟင္?....."
"ေအးတာေပါ့ ကိုကိုရ......
ေအးလြန္းလို႔ ႏွင္းေတြေတာင္က်ေနၿပီး....."
"ဒါေပမဲ့လည္း....."
"ဒါေပမဲ့ ေတြ ဘာေတြ လုပ္မေနနဲ႔ ကိုကို.....
ကိုကို တစ္ခုခုျဖစ္ရင္ ကြၽန္ေတာ္ခံစားႏိုင္မွာ မဟုတ္ဘူး......ကြၽန္ေတာ္ ေသသြားလိမ့္မယ္....."
"ဟီ....ဟီ....ရီေပၚက ကိုက့္ုကို အဲ့ဒီေလာက္ေတာင္
ခ်စ္တာလားဟင္?...."
"အဲ့ဒီေလာက္ေတာင္ မဟုတ္ဘူး.....
အဲ့တာထက္ ပိုခ်စ္တာပါ ကိုကို......
ကိုကို႔မ်က္ႏွာ တစ္ခ်က္အညိုးမခံႏိုင္တဲ့အထိပါ....."
"..........."
မြ!!!!!.....
"အာ!....ကိုကို....." ဟုဆိုကာ အံ့ဩစြာျဖင့္ ရီေပၚတစ္ေယာက္ ေရွာင္က်န႔္နမ္းသြားေသာ ပါးေလးအားအုပ္ကိုင္၍ ၿပံဳးေနမိေလသည္။
"ကိုကိုလည္း ရီေပၚကို အရမ္းခ်စ္တယ္...."
"အင္း......ဟင္း......အီး.....ဟီး......" ဟုဆိုကာ မ်က္ဝန္းမ်ားမွ မ်က္ရည္စမ်ားက်ကာ စတာငိုေနေသာ ရီေပၚကို ေရွာင္က်န႔္တစ္ေယာက္
ျပာျပာသလဲေခ်ာ့ေနေလသည္။
"အယ္!!....ရီေပၚ ဘာလို႔ ငိုေနတာလဲဟင္?...."
"ေပ်ာ္လို႔.....ၿပီးေတာ့....."
*အရမ္းဝမ္းနည္းလို႔.....အရမ္းခ်စ္မိမွ ေဝးရမယ့္
ကံၾကမၼာကို မုန္းလို႔....*
"ၿပီးေတာ့....ဘာျဖစ္လို႔လဲ????"
"ကိုကို႔ကိုလည္း ရီေပၚကငံုထားမတတ္ ခ်စ္တယ္လို႔......"
"အင္းပါ......"
................................................................
"ရီေပၚနဲ႔ ေရွာင္က်န႔္တို႔ လက္ခ်င္းတြဲ၍ လမ္းေလ်ွာက္လာၾကသည္မွာ အိမ္ႏွင့္အနည္းငယ္
အလွမ္းေဝးေနၿပီး ျဖစ္သည္။ထို့ေနာက္ ရီေပၚက
ေကာင္းကင္ႀကီးကို ေမာ့ၾကၫ့္ကာ က်ဆင္းလာေသာ ႏွင္းပြင့္ေလးမ်ားအား လက္ဖမိုးေလးျဖင့္ ခံယူ၍......
"ကိုကို သိလား?....ဒီႏွင္းေတြက ဒီရာသီမွာ ပထမဆံုးက်တဲ့ ႏွင္းေတြပဲ......"
".................." ရီေပၚ၏ စကားအဆံုးမွာ ေရွာင္က်န႔္တစ္ေယာက္ မည္သၫ့္စကားမွ မေျပာဘဲ ေခါင္းအသာေလးညိတ္၍ ရီေပၚဆက္ေျပာမၫ့္စကားအား ဆက္နားေထာင္ေနေလသည္။
"ေရွးလူႀကီးေတြက ေျပာၾကတယ္သိလား?.....
ႏွစ္တစ္ႏွစ္ရဲ့ ပထမဆံုးႏွင္းၾကတဲ့ အခ်ိန္မွာခ်စ္တဲ့သူႏွစ္ဦး အတူဆုေတာင္းရင္ ျပၫ့္တယ္တဲ့......."
"ဟုတ္လား?.....ဒါဆို ကိုကိုတို႔လည္း ဆုေတာင္းက်ရေအာင္ေလ......."
"အင္း........."
*ကြၽန္ေတာ္ေရွာင္က်န႔္သည္ ဒီဘဝ ၊ေနာင္လာမည့္ ဘဝ ၊ ဘာဝအဆက္ဆက္တိုင္း ရီေပၚဆိုတဲ့ ေကာင္ေလးအတြက္သာ ေမြးဖြားလာပါေစ......
ကြၽန္ေတာ့္၏ အခ်စ္ဆိုတဲ့အရာသည္ ရီေပၚသာ ျဖစ္ေစၿပီး...၊ ရီေပၚ၏ အခ်စ္မ်ားကိုလည္း ကြၽန္ေတာ္တစ္ေယာက္ထဲသာ ပိုင္ဆိုင္ခြင့္ရၿပီး....
ဘဝဆက္တိုင္း ေပါင္းဖက္ခြင့္ရပါေစ........*
*ကံၾကမၼာႀကီးေရ .......ကြၽန္ေတာ္ လိုခ်င္တဲ့ဆုက တစ္ခုတည္းပါ....အဲ့ဒါက ကိုကို႔ေတာင္းတဲ့ဆုသည္
အမွန္တကယ္ ျဖစ္လာပါေစ.... ၿပီးေတာ့.....ကိုကိုလည္း အၿမဲတမ္း
ေပ်ာ္ရႊင္ပါေစ.......*
"ကိုကို !....ဘာဆုေတာင္းတာလဲဟင္?...."
"ကိုကိုကေတာ့...ဘဝဆက္တိုင္း ရီေပၚနဲ႔ေပါင္းဖက္ရပါေစလို႔ ဆုေတာင္းတယ္.....
ရီေပၚေရာ....."
"ကြၽန္ေတာ္လည္း.....အတူတူပဲ...."
"ရီေပၚ !!...."
"အာ!! ယီဘင္ေကာ......"
"အျပင္မွာ ဒီေလာက္ေအးေနတာ ႏွစ္ေယာက္သား ဘယ္သြားၾကမလို႔လဲ?......."
"ဒီလိုပါပဲ....ကိုကိုက အျပင္သြားခ်င္လို႔တဲ့.....
ဒါေၾကာင့္ ကိုကိုသြားခ်င္တဲ့ ေနရာေလးေတြေပါ့....."
"အင္းပါ....ဒါဆိုလည္း ေကာလည္းေနာက္မွပဲ ရီေပၚတို႔ဆီ လာလည္ေတာ့မယ္ေနာ္...."
"အင္းပါ....ယီဘင္ေကာ....
အိမ္ၾကမွ ေတြ ့မယ္........
အခုကြၽန္ေတာ္တို႔လည္း သြားလိုက္ဦးမယ္ေနာ္......"
ဟုဆိုကာ ၿပံဳးရႊင္စြာ စကားေျပာေနၾကတဲ့ သူႏွစ္ေယာက္ေၾကာင့္ ေရွာင္က်န႔္ မ်က္ႏွာႀကီး ဆုပုတ္ကာ ႏႈတ္ခမ္းႀကီးပါ ဆူထားေလသည္။
"ရီေပၚ !!!.....
အဲ့ေကာင္က ဘယ္သူလဲ?....."
"ယီဘင္ေကာေလ.....ဘာျဖစ္လို႔လဲ ကိုကို႔ရဲ့?....."
"ဟုတ္လား?....ေတာ္ေတာ္ ေပ်ာ္ေနတဲ့ပံုပဲ.....
ၿပံဳးေနတာမ်ား.....ပါးစပ္ေတာင္ နားရြက္တက္ခ်ိတ္ေတာ့မယ္........ေဘးကလူေတာင္
သတိရေသးလား?....မသိဘူး......" ဟုဆိုကာ ဆူပုပ္ကာ ရြဲ႔လြန္းေနေသာ ေရွာင္က်န႔္ေၾကာင့္.....
ရီေပၚတစ္ေယာက္ ျပာျပာသလဲႏွင့္ ရွင္းျပေနရေလသည္။
"အာ!!...ကိုကိုလည္း စိတ္ဆိုးသြားတာလား?....
ေတာင္းပန္ပါတယ္ေနာ္...ေနာ္....."
"ေတာ္ပါ.....လာေျပာမေနနဲ႔....မခ်စ္ေတာ့ဘူး....
ခုဏက ေတာင္းတဲ့ဆုေတြလဲ ရုတ္သိမ္းလိုက္ေတာ့မယ္ ....." ဟု ဆိုကာ အပီအျပင္ေကာက္ေနေသာ ေရွာင္က်န႔္ေၾကာင့္ ရီေပၚတစ္ေယာက္ အပီအျပင္ေခ်ာ့ရန္ ႀကိဳးစားေနေလသည္။
"ကိုကို စိတ္မဆိုးပါနဲ႔ေတာ့ေနာ္....
ေနာက္ခါ ကိုကိုမႀကိဳက္ရင္ စကားမေျပာေတာ့ပါဘူး......ဒီတစ္ခါေတာ့ ခြင့္လႊတ္ေပးပါေနာ္...." ဟုဆိုကာ ဒူးေထာက္ၿပီး
နားရြက္ေလးဆြဲကာ မ်က္ႏွာငယ္ေလးႏွင့္ ေတာင္းပန္ေနေသာ ရီေပၚကို ေရွာင္က်န့္တစ္ေယာက္
ကလိရန္ ႀကံေနေလသည္။
"ေကာင္းၿပီး.....ဒီတစ္ခါ ပထမဆံုးမို႔ ခြင့္လႊတ္ေပးလိုက္မယ္....ေနာက္ခါဆို မရဘူးေနာ္......" ဟုဆိုကာ ခြင့္လႊတ္ေပူမၫ့္ပံုစံႏွင့္ ေျပာေနေသာေၾကာင့္ ရီေပၚတစ္ေယာက္ ထိုင္ေနရာမွ
ထ၍ေရွာင္က်န႔္အား ဖက္မည္အလုပ္.....
"ဟိုး!!...ဟိုး!!....
အနားမကပ္နဲ႔ဦ......"
"ဘာလို႔လဲဟင္?......"
"အျပစ္ရိွေသးတယ္ေလ....
အဲ့ေတာ့ အျပစ္ခံရမွာေပါ့......."
"ဟူး...." ဟု ဆိုကာ ရီေပၚတစ္ေယာက္ ေလပူတစ္ခ်က္ကို မႈတ္ထုတ္လိုက္ၿပီး......
"အဲ့တာဆို ကိုကိုက ဘယ္အျပစ္ေပးမလို႔လဲ?....."
"အျပစ္က .....ဒီေနရာကေန တစ္ခ်က္မွမနားဘဲ
အိမ္ေရာက္တဲ့အထိ ကိုကို႔ကို ကုန္းပိုးသြားေပး...."
"အာ!!!......"
.........................................................
*ဟူး!....အိမ္ရယ္ ဒီေန့က်မွ ခရီးလမ္းေတြက အရမ္းေဝးေနသေယာင္.......
ငါအရမ္းေမာေနၿပီး.....အသက္ရႉရလည္း ခက္ေနတယ္.......ဒီပံုစံအတိုင္းဆို ငါအိမ္ျပန္ေရာက္တဲ့ အထိ ေတာင့္ခံႏိုင္ပါ့မလား?...."
ရီေပၚတစ္ေယာက္ အေတြးမ်ားေနတုန္း
ေရွာင္က်န႔္ဆီက အသံၾကားမွ သတိဝင္လာခဲ့ေလသည္။
"ရီေပၚ !!....အိမ္ေရာက္ၿပီး..."
"အင္း...."
"ၾကၫ့္ပါဦး....ရီေပၚ တစ္ကိုယ္လံုး ေခြၽးေစးေတြနဲ႔....မ်က္ႏွာတစ္ခုလံုး ျဖဴဖပ္ေနတာပဲ.......အရမ္းေမာေနလို႔လား?.....
ဒါဆို ကိုကို ေရသြားခပ္ေပးမယ္ေနာ္..." ဟုဆိုကာ
မီးဖိုခန္းထဲသို႔ အလ်င္အျမန္ဝင္သြားေသာ ေရွာင္က်န႔္ကိုၾကၫ့္ရင္း.....ရီေပၚမ်က္ခြံအစံုတို႔ ပိတ္က်သြားၿပီး အဆံုးမွာရီေပၚကိုယ္ေလးလည္း ၾကမ္းခင္းေပၚသို႔ လဲက်သြားေလသည္။
ခြမ္း!!!!!!......
ေရွာင္က်န႔္တစ္ေယာက္ ရီေပၚေသာက္ရန္ ေရခပ္ၿပီးအလာ....ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္......လက္ထဲမွ ဖန္ခြက္ႀကီး ၾကမ္းျပင္ေပၚသို႔ လႊတ္က်သြားခဲ့ေလသည္။
"ရီေပၚ !!!!......."
*ကိုကို႔ကို မေျခာက္ပါနဲ႔ကြာ.....
ကိုကို တကယ္ေၾကာက္လို႔ပါ....*
[Unicode]
ကျွန်တော် ဒီရက်ပိုင်း ကို့ကို့ရဲ့ရောဂါအခြေအနေကို
အရင်ကထက် ပိုသတိထားမိလာတယ်......
အရင်က ကိစ္စတစ်ခုကို လေးငါးရက်လောက်အထိ မှတ်ထားနိုင်တဲ့ ကိုကိုကဟာ အခုရက်ပိုင်း မှတ်မိနိုင်တဲ့ မှတ်ဉာဏ်အား အားနည်းလာခဲ့တယ်.........
တစ်ခါတစ်ရံ ကိုကိုက ခေါင်းအရမ်းကိုက်တယ်လို့ ပြောတယ်.....
ဒါကြောင့် ဆရာဝန်ဆီသွားပြတော့လည်း ရောဂါရင့်လာသောကြောင့်ဟု ဆို၍အရင်က ထက်ပိုဂရုစိုက်ပေးရန်သာ မှာကြားခဲ့သည်။
"ကိုကို ! ......
ခေါင်းတွေကိုက်နေသေးလားဟင်?...."
"ဟင်အင်း မကိုက်တော့ဘူး...."
"အင်းပါ.....ဒါနဲ့ ကိုကိုဆေးသောက်ဖို့ အစားစားရမယ်နော် ......
ကိုကို ဘာစားချင်လဲ?...ပြောလေ ကျွန်တော်ချက်ကျွေးမယ်......"
"ဟင်အင်း.....မစားချင်ဘူး....
အပြင်သွားလည် ချင်တယ်......
သွားကြရအောင်နော်..."
"ကိုကိုကလည်း အပြင်မှာ လေစိမ်းတွေ တိုက်နေတယ်....အပြင်ထွက်ရင် ကိုကိုဖျားမှာပေါ့...."
"ဟင်အင်း.....မဖျားပါဘူး....
ဖျားလည်း ဘာဖြစ်လဲ?.......
ကိုကို့ကို ဂရုစိုက်မဲ့သူ ရီပေါ်တစ်ယောက်လုံး ရှိနေတာပဲဟာ......ဒါကြောင့် အပြင်သွားလည်ကြရအောင်နော် ကိုကိုအိမ်မှာပဲနေရတာ ပျင်းလာပြီး......
အဲ့ဒါကြောင့် ကိုကို ရီပေါ်နဲ့ အပြင်လျှောက်လည်ချင်တယ်.....သွားလည်ကြမယ်နော်....နော်!....နော်!...." ဟုဆိုကာ ရီပေါ်အကျီစလေးအား လက်ချောင်းလေးဖြင့် အသာဆွဲကာ ချွဲနေသောရှောင်ကျန့်ကြောင့်......
ရီပေါ်တစ်ယောက် ငြင်းရန်အင်အားတို့ မရှိတော့ချေ။
"ဟုတ်ပါပြီး......ဒါဆိုလည်း အစားစားပြီးမှ အပြင်သွားကြတာပေါ့.....ဟုတ်ပြီးလား?...."
"အင်း..."ဟုဆိုကာ ကလေးတစ်ယောက်ကဲ့သို့
အပြစ်ကင်းစွာ ပြုံးပြနေသော ရှောင်ကျန့်ကို ကြည့်ရင်း ရီပေါ်တစ်ယောက် အချစ်ပိုမိလေသည်။
*ကိုကို့ကို မခွဲနိုင်ဘူး.....*
.....................................................
"ရီပေါ် !....အကျီက အရမ်းကြီးပြီး အရမ်းထူးနေတယ်ရော.....
အပြင်မှာ အဲ့လောက်တောင် အေးလို့လားဟင်?....."
"အေးတာပေါ့ ကိုကိုရ......
အေးလွန်းလို့ နှင်းတွေတောင်ကျနေပြီး....."
"ဒါပေမဲ့လည်း....."
"ဒါပေမဲ့ တွေ ဘာတွေ လုပ်မနေနဲ့ ကိုကို.....
ကိုကို တစ်ခုခုဖြစ်ရင် ကျွန်တော်ခံစားနိုင်မှာ မဟုတ်ဘူး......ကျွန်တော် သေသွားလိမ့်မယ်....."
"ဟီ....ဟီ....ရီပေါ်က ကိုက့်ုကို အဲ့ဒီလောက်တောင်
ချစ်တာလားဟင်?...."
"အဲ့ဒီလောက်တောင် မဟုတ်ဘူး.....
အဲ့တာထက် ပိုချစ်တာပါ ကိုကို......
ကိုကို့မျက်နှာ တစ်ချက်အညိုးမခံနိုင်တဲ့အထိပါ....."
"..........."
မွ!!!!!.....
"အာ!....ကိုကို....." ဟုဆိုကာ အံ့ဩစွာဖြင့် ရီပေါ်တစ်ယောက် ရှောင်ကျန့်နမ်းသွားသော ပါးလေးအားအုပ်ကိုင်၍ ပြုံးနေမိလေသည်။
"ကိုကိုလည်း ရီပေါ်ကို အရမ်းချစ်တယ်...."
"အင်း......ဟင်း......အီး.....ဟီး......" ဟုဆိုကာ မျက်ဝန်းများမှ မျက်ရည်စများကျကာ စတာငိုနေသော ရီပေါ်ကို ရှောင်ကျန့်တစ်ယောက်
ပြာပြာသလဲချော့နေလေသည်။
"အယ်!!....ရီပေါ် ဘာလို့ ငိုနေတာလဲဟင်?...."
"ပျော်လို့.....ပြီးတော့....."
*အရမ်းဝမ်းနည်းလို့.....အရမ်းချစ်မိမှ ဝေးရမယ့်
ကံကြမ္မာကို မုန်းလို့....*
"ပြီးတော့....ဘာဖြစ်လို့လဲ????"
"ကိုကို့ကိုလည်း ရီပေါ်ကငုံထားမတတ် ချစ်တယ်လို့......"
"အင်းပါ......"
................................................................
"ရီပေါ်နဲ့ ရှောင်ကျန့်တို့ လက်ချင်းတွဲ၍ လမ်းလျှောက်လာကြသည်မှာ အိမ်နှင့်အနည်းငယ်
အလှမ်းဝေးနေပြီး ဖြစ်သည်။ထို့နောက် ရီပေါ်က
ကောင်းကင်ကြီးကို မော့ကြည့်ကာ ကျဆင်းလာသော နှင်းပွင့်လေးများအား လက်ဖမိုးလေးဖြင့် ခံယူ၍......
"ကိုကို သိလား?....ဒီနှင်းတွေက ဒီရာသီမှာ ပထမဆုံးကျတဲ့ နှင်းတွေပဲ......"
".................." ရီပေါ်၏ စကားအဆုံးမှာ ရှောင်ကျန့်တစ်ယောက် မည်သည့်စကားမှ မပြောဘဲ ခေါင်းအသာလေးညိတ်၍ ရီပေါ်ဆက်ပြောမည့်စကားအား ဆက်နားထောင်နေလေသည်။
"ရှေးလူကြီးတွေက ပြောကြတယ်သိလား?.....
နှစ်တစ်နှစ်ရဲ့ ပထမဆုံးနှင်းကြတဲ့ အချိန်မှာချစ်တဲ့သူနှစ်ဦး အတူဆုတောင်းရင် ပြည့်တယ်တဲ့......."
"ဟုတ်လား?.....ဒါဆို ကိုကိုတို့လည်း ဆုတောင်းကျရအောင်လေ......."
"အင်း........."
*ကျွန်တော်ရှောင်ကျန့်သည် ဒီဘဝ ၊နောင်လာမည့် ဘဝ ၊ ဘာဝအဆက်ဆက်တိုင်း ရီပေါ်ဆိုတဲ့ ကောင်လေးအတွက်သာ မွေးဖွားလာပါစေ......
ကျွန်တော့်၏ အချစ်ဆိုတဲ့အရာသည် ရီပေါ်သာ ဖြစ်စေပြီး...၊ ရီပေါ်၏ အချစ်များကိုလည်း ကျွန်တော်တစ်ယောက်ထဲသာ ပိုင်ဆိုင်ခွင့်ရပြီး....
ဘဝဆက်တိုင်း ပေါင်းဖက်ခွင့်ရပါစေ........*
*ကံကြမ္မာကြီးရေ .......ကျွန်တော် လိုချင်တဲ့ဆုက တစ်ခုတည်းပါ....အဲ့ဒါက ကိုကို့တောင်းတဲ့ဆုသည်
အမှန်တကယ် ဖြစ်လာပါစေ.... ပြီးတော့.....ကိုကိုလည်း အမြဲတမ်း
ပျော်ရွှင်ပါစေ.......*
"ကိုကို !....ဘာဆုတောင်းတာလဲဟင်?...."
"ကိုကိုကတော့...ဘဝဆက်တိုင်း ရီပေါ်နဲ့ပေါင်းဖက်ရပါစေလို့ ဆုတောင်းတယ်.....
ရီပေါ်ရော....."
"ကျွန်တော်လည်း.....အတူတူပဲ...."
"ရီပေါ် !!...."
"အာ!! ယီဘင်ကော......"
"အပြင်မှာ ဒီလောက်အေးနေတာ နှစ်ယောက်သား ဘယ်သွားကြမလို့လဲ?......."
"ဒီလိုပါပဲ....ကိုကိုက အပြင်သွားချင်လို့တဲ့.....
ဒါကြောင့် ကိုကိုသွားချင်တဲ့ နေရာလေးတွေပေါ့....."
"အင်းပါ....ဒါဆိုလည်း ကောလည်းနောက်မှပဲ ရီပေါ်တို့ဆီ လာလည်တော့မယ်နော်...."
"အင်းပါ....ယီဘင်ကော....
အိမ်ကြမှ တွေ့မယ်........
အခုကျွန်တော်တို့လည်း သွားလိုက်ဦးမယ်နော်......"
ဟုဆိုကာ ပြုံးရွှင်စွာ စကားပြောနေကြတဲ့ သူနှစ်ယောက်ကြောင့် ရှောင်ကျန့် မျက်နှာကြီး ဆုပုတ်ကာ နှုတ်ခမ်းကြီးပါ ဆူထားလေသည်။
"ရီပေါ် !!!.....
အဲ့ကောင်က ဘယ်သူလဲ?....."
"ယီဘင်ကောလေ.....ဘာဖြစ်လို့လဲ ကိုကို့ရဲ့?....."
"ဟုတ်လား?....တော်တော် ပျော်နေတဲ့ပုံပဲ.....
ပြုံးနေတာများ.....ပါးစပ်တောင် နားရွက်တက်ချိတ်တော့မယ်........ဘေးကလူတောင်
သတိရသေးလား?....မသိဘူး......" ဟုဆိုကာ ဆူပုပ်ကာ ရွဲ့လွန်းနေသော ရှောင်ကျန့်ကြောင့်.....
ရီပေါ်တစ်ယောက် ပြာပြာသလဲနှင့် ရှင်းပြနေရလေသည်။
"အာ!!...ကိုကိုလည်း စိတ်ဆိုးသွားတာလား?....
တောင်းပန်ပါတယ်နော်...နော်....."
"တော်ပါ.....လာပြောမနေနဲ့....မချစ်တော့ဘူး....
ခုဏက တောင်းတဲ့ဆုတွေလဲ ရုတ်သိမ်းလိုက်တော့မယ် ....." ဟု ဆိုကာ အပီအပြင်ကောက်နေသော ရှောင်ကျန့်ကြောင့် ရီပေါ်တစ်ယောက် အပီအပြင်ချော့ရန် ကြိုးစားနေလေသည်။
"ကိုကို စိတ်မဆိုးပါနဲ့တော့နော်....
နောက်ခါ ကိုကိုမကြိုက်ရင် စကားမပြောတော့ပါဘူး......ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါနော်...." ဟုဆိုကာ ဒူးထောက်ပြီး
နားရွက်လေးဆွဲကာ မျက်နှာငယ်လေးနှင့် တောင်းပန်နေသော ရီပေါ်ကို ရှောင်ကျန့်တစ်ယောက်
ကလိရန် ကြံနေလေသည်။
"ကောင်းပြီး.....ဒီတစ်ခါ ပထမဆုံးမို့ ခွင့်လွှတ်ပေးလိုက်မယ်....နောက်ခါဆို မရဘူးနော်......" ဟုဆိုကာ ခွင့်လွှတ်ပေူမည့်ပုံစံနှင့် ပြောနေသောကြောင့် ရီပေါ်တစ်ယောက် ထိုင်နေရာမှ
ထ၍ရှောင်ကျန့်အား ဖက်မည်အလုပ်.....
"ဟိုး!!...ဟိုး!!....
အနားမကပ်နဲ့ဦ......"
"ဘာလို့လဲဟင်?......"
"အပြစ်ရှိသေးတယ်လေ....
အဲ့တော့ အပြစ်ခံရမှာပေါ့......."
"ဟူး...." ဟု ဆိုကာ ရီပေါ်တစ်ယောက် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး......
"အဲ့တာဆို ကိုကိုက ဘယ်အပြစ်ပေးမလို့လဲ?....."
"အပြစ်က .....ဒီနေရာကနေ တစ်ချက်မှမနားဘဲ
အိမ်ရောက်တဲ့အထိ ကိုကို့ကို ကုန်းပိုးသွားပေး...."
"အာ!!!......"
.........................................................
*ဟူး!....အိမ်ရယ် ဒီနေ့ကျမှ ခရီးလမ်းတွေက အရမ်းဝေးနေသယောင်.......
ငါအရမ်းမောနေပြီး.....အသက်ရှူရလည်း ခက်နေတယ်.......ဒီပုံစံအတိုင်းဆို ငါအိမ်ပြန်ရောက်တဲ့ အထိ တောင့်ခံနိုင်ပါ့မလား?...."
ရီပေါ်တစ်ယောက် အတွေးများနေတုန်း
ရှောင်ကျန့်ဆီက အသံကြားမှ သတိဝင်လာခဲ့လေသည်။
"ရီပေါ် !!....အိမ်ရောက်ပြီး..."
"အင်း...."
"ကြည့်ပါဦး....ရီပေါ် တစ်ကိုယ်လုံး ချွေးစေးတွေနဲ့....မျက်နှာတစ်ခုလုံး ဖြူဖပ်နေတာပဲ.......အရမ်းမောနေလို့လား?.....
ဒါဆို ကိုကို ရေသွားခပ်ပေးမယ်နော်..." ဟုဆိုကာ
မီးဖိုခန်းထဲသို့ အလျင်အမြန်ဝင်သွားသော ရှောင်ကျန့်ကိုကြည့်ရင်း.....ရီပေါ်မျက်ခွံအစုံတို့ ပိတ်ကျသွားပြီး အဆုံးမှာရီပေါ်ကိုယ်လေးလည်း ကြမ်းခင်းပေါ်သို့ လဲကျသွားလေသည်။
ခွမ်း!!!!!!......
ရှောင်ကျန့်တစ်ယောက် ရီပေါ်သောက်ရန် ရေခပ်ပြီးအလာ....မြင်လိုက်ရသော မြင်ကွင်းကြောင့်......လက်ထဲမှ ဖန်ခွက်ကြီး ကြမ်းပြင်ပေါ်သို့ လွှတ်ကျသွားခဲ့လေသည်။
"ရီပေါ် !!!!......."
*ကိုကို့ကို မခြောက်ပါနဲ့ကွာ.....
ကိုကို တကယ်ကြောက်လို့ပါ....*