တစ္ႏွစ္ရိွၿပီး ......
ကိုကို မရိွေတာ့တဲ့အခ်ိန္ေတြဟာ တကယ္ေၾကာက္ဖို႔ေကာင္းတယ္.......
အဲ့ဒီအခ်ိန္ေတြက ကြၽန္ေတာ့္ကို ငိုေအာင္လည္း လုပ္ႏိုင္တယ္ ရယ္ေအာင္လည္း လုပ္ႏိုင္တယ္.....
ဒီလိုပါပဲ ကြၽန္ေတာ္ကလည္း ကိုကို႔အေၾကာင္းေတြ ရသေလာက္စံုစမ္းၾကၫ့္ေပမဲ့ တိုင္းတစ္ပါးျခားထြက္သြားတဲ့ ကိုကို႔အေၾကာင္းကို
ကြၽန္ေတာ့္လို ငမြဲငေတတစ္ေယာက္က ဘာမွမသိႏိုင္ပါဘူး......ဒါေပမဲ့ ကြၽန္ေတာ္ဇြဲမေလ်ာ့ခဲ့ဘူး.....အလုပ္ကိုမရပ္မနား
လုပ္ခဲ့တယ္ .....ပိုက္ဆံေတြကို မသံုးမစြဲ စုခဲ့တယ္....
ႏွလံုးကို အျမန္ဆံုးအစားထိုးၿပီး ကိုကို႔ကိုလိုက္ရွာမယ္ ၿပီးေတာ့ ေတာင္းပန္ၿပီး ကိုကို႔အခ်စ္ကို ျပန္ေတာင္းခံမယ္ဆိုတဲ့ စိတ္ကူးေလးနဲ႔ေပါ့.......ကြၽန္ေတာ္ ကိုကိုမရိွတဲ့ တစ္ႏွစ္အတြင္း....ဘုရားသခင္ ဆီမွာ အႀကိမ္ႀကိမ္ဆုေတာင္းခဲ့တယ္ .......
ကိုကိုအနားကို ျပန္လာပါေစလို႔ ......
ၿပီးေတာ့ ကိုကိုကြၽန္ေတာ့္ကို
ျပန္ဆက္သြယ္လာပါေစ လို႔.........
ကြၽန္ေတာ့္ ဆုေတာင္းျပၫ့္ခဲ့တယ္ ထင္တယ္ ....
လြန္ခဲ့တဲ့ႏွစ္ရက္က ကြၽန္ေတာ့္ဆီကို "ကိုကို " လို႔မွတ္ထားတဲ့ contacts name ေလးတစ္ခု ဖုန္းဝင္လာခဲ့တယ္.......ဝင္ဝင္ခ်င္း ရင္ေတြခုန္လြန္းလို႔ ေမ့လဲက်မတတ္ပါပဲ....... အဲ့ခ်ိန္မွာ ဘယ္လိုပဲျဖစ္ျဖစ္ ကိုကို႔ကို ဖမ္းဆုပ္ထားႏိုင္ဖို႔ ဖြင့္ေျပာမယ္ ေတြးထားခဲ့ေသာ္လည္း ကိုကို႔ဆီက စကားမ်ားက ကြၽန္ေတာ့္ေခါင္းကို မိုးႀကိဳးအစင္းတစ္ရာ ပစ္ခ်ခံရသလိုပဲ.......
အဲ့ဒါက.........
"ရီေပၚ !!....."
"အင္း....ကိုကိုလား?...."
"ဟုတ္တယ္....ေနေကာင္းလား?....
အဆင္ေျပၾကလား?...."
"အင္း ေျပတယ္ကိုကို ....."
"အင္း...."
"ကိုကို !.....ကြၽန္ေတာ့္ဆီ ျပန္လာႏိုင္မလားဟင္?....
ကြၽန္ေတာ္ ကိုကို႔ကို အရမ္းလြမ္းတယ္ ၿပီးေတာ့ အရမ္းလည္း ခ်စ္တယ္ အဲ့တာေၾကာင့္မို႔ ကြၽန္ေတာ့္ဆီ ျပန္လာခဲ့ေပးပါလားဟင္?....."
"ကေလးရယ္...... ဒီစကားေလး
အခုမွၾကားရတာ ဆိုေပမဲ့ ကိုကိုအရမ္းေပ်ာ္ပါတယ္
ဒါေပမဲ့.....မျဖစ္ႏိုင္ေတာ့ဘူး ကေလးရဲ့....."
" ဘာ !...ဘာလို႔လဲ ?....
ကြၽန္ေတာ္က ဝမ္ေခ်ာင္နဲ႔ ရီးစားျဖစ္ေနလို႔လား?...
ဒါ ဒါကအမွန္ မဟုတ္....."
"ရီေပၚ !...
ကိုကိုအိမ္ေထာင္က်သြားၿပီး......" ဟူေသာ ကို႔ကို႔ရဲ့ စကားသံအဆံုုးမွာ ကြၽန္ေတာ္ဆြံအသြားခဲ့သည္။
မ်က္လံုးထဲမွ မ်က္ရည္ေတြက စို႔တက္လာခဲ့ၿပီး
ပါးျပင္ေပၚသို႔ တလိွမ့္လိွမ့္က်ဆင္းလာခဲ့တယ္......
ကြၽန္ေတာ္ ထိုမ်က္ရည္ေတြကို ဥပကၡာျပဳလိုက္ၿပီး
ခဏအၾကာမွ .....
"ကိုကို!!....
ကိုကို ကြၽန္ေတာ့္ကို စေနတာမလား?.....
ကိုကို ကြၽန္ေတာ့္ကို မေက်နပ္ဘူးဆိုလည္း ေျပာေလ.......အဲ့လိုေတာ့ မစပါနဲ႔လား?......
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ ..... " လို႔ေျပာေတာ့
ကိုကိုက ......
"ႏႈတ္ဆက္ခဲ့ပါတယ္ ကေလးေလး...." တဲ့ လို႔ ေျပာၿပီး ဖုန္းခ်သြားခဲ့တယ္....
*ဒါလား ကိုကို ကြၽန္ေတာ့္ကိုခ်စ္ခဲ့တယ္ဆိုတာ ....
အေဝးတစ္ေနရာမွ အျခားတစ္ေယာက္တြက္ ရွင္သန္ေနတာကိုလား ?.....
ၿပီးေတာ့ ျပန္မလာေတာ့မဲ့အတူတူ ဘာလို႔ ကြၽန္ေတာ့္ကိုဆက္သြယ္ရတာလဲ?.....
ဘာလဲ ကိုကို အျခားသူနဲ႔ေပ်ာ္ေနၿပီးဆိုတာ အသိလာေပးတာလားဗ်ာ?.........ကိုကို ခင္ဗ်ားအရမ္း ရက္စက္လြန္းတယ္....ဒါေပမဲ့ ကြၽန္ေတာ္မမုန္းရက္ဘူး.......*
ကိုကို မရိွေတာ့တဲ့ေန့ရက္ေတြကို ကြၽန္ေတာ္ မျဖတ္သန္းခ်င္ေတာ့ဘူး........
ကိုကို႔ရဲ့ ခ်စ္ျခင္းေမတၲာႀကီးမရိွေတာ့တဲ့ ဒီခႏၶာကိုယ္ႀကီးနဲ႔လဲ အတူမရိွခ်င္ေတာ့ဘူး.......
ကိုကိုမရိွတဲ့ ေန့ရက္ေတြဟာ ကြၽန္ေတာ့္ကိုမေပ်ာ္ရႊင္ေစဘူး.......
........................................................................
5လ အၾကာ.....
"ရီေပၚ !!......
ရီေပၚ !!.....ထ ထပါဦး.....
အစားေလး ဘာေလးလဲ စားဦးေလ....
မင္းကို ၾကၫ့္ရတာ အစားလည္း မစားဘူး ၊
တစ္ေနကုန္တစ္ေနခမ္း အိမ္ထဲမွာပဲ မိုင္ေနတယ္ ...
လူလည္းၾကၫ့္ပါဦး....ပိန္ခ်ံဳးကုန္ၿပီး.....
ဒီတိုင္းပဲ မေနနဲ႔ေလ ....လာ ေကာ မုန႔္ဝယ္လာတယ္
လာစားပါဦး......."
"................ "
" ရီေပၚရယ္.....ေကာ့ကို သနားရင္း
နည္းနည္းေလာက္ေတာ့ စားပါဦးေနာ္.....
ေဆးလည္းေသာက္ရဦးမယ္ေလ......" ဟု ဝမ္ေခ်ာင္က အတင္းေတာင္းဆိုေနေသာေၾကာင့္.....
ရီေပၚ ဝမ္ေခ်ာင္ဝယ္လာတဲ့ ဒူးရင္းသီးကိတ္ေလးအား
အနည္းငယ္ ခပ္စားေနေလသည္။
စားေနရင္းႏွင့္ပင္ မ်က္ရည္မ်ားက်လာကာ .....
"လိမ္တယ္....ခ်စ္တယ္ေျပာၿပီး
ထားခဲ့တယ္......ျပန္မလာ ႏိုင္ဘူးဆို
ခဏေလးေတာင္ မဆက္သြယ္ပါနဲ႔လား?.….
အခုေတာ့ ကြၽန္ေတာ့္ရင္ေတြ နာက်င္ရၿပီေပါ့....
အရမ္းေတာ္တယ္....ကိုကို ခင္ဗ်ားအေတာ္ဆံုးပဲ....."
ဟု ေျပာကာ မ်က္ရည္ေပါက္ႀကီးငယ္ႏွင့္ ရယ္ေနေသာ ရီေပၚကို ဝမ္ေခ်ာင္သနားမိသည္။
စိတ္ဖိစီးမႈေတြ အရမ္းမ်ားလြန္းလို႔ ....
ရီေပၚ၏ ေရာဂါက အရင္ကထက္ ပိုဆိုးလာတယ္.......
အိမ္ထဲကေန ၿခံျပင္ကို ႏွစ္ခါေလာက္ ေလ်ွာက္ရင္ေတာင္ အေတာ္ေမာပန္းေနၿပီျဖစ္သည္။
မစားလည္း သိပ္မစား ၊အိပ္လည္းသိပ္မအိပ္ေတာ့
မ်က္လံုးမ်ားေအာက္တြင္ ညိုမဲေနၿပီး လူကလည္း
အရိုးသာသာ သာ က်န္ေတာ့သည္။
ထို႔ေၾကာင့္ဆရာဝန္က ရီေပၚ၏ေရာဂါ ဒီထက္ဆိုးဝါးလာပါက ေဆးရံုတက္ရမည္ဟုလည္း ေျပာေလသည္။
.................…...............................................
2လအျကာ......
ရီေပၚရဲ့ ေရာဂါအေျခအေနေၾကာင့္ ဆရာဝန္ႏွင့္
ဝမ္ေခ်ာင္တို႔ တိုင္ပင္ေဆြးေနြးၾကၿပီး.....
ရီေပၚကို ႏွလံုးအထူးကု ေဆးရံုသို႔ ပို႔လိုက္ၾကသည္။
ရီေပၚေနတဲ့ ေဆးရံုတစ္ေဆာင္လံုးတြင္ ႏွလံုးေရာဂါသမား သက္သပ္သာရိွ၍ ရီေပၚ၏အခန္းက ေဆးရံုအေဆာင္၏ အစြန္းဘက္ဆံုးအခန္းျဖစ္သည္။ရီေပါ္၏ အခန္းကို ေသခ်ာတိက်စြာ ၾကၫ့္လ်ွင္ ေဆးရံုး၏ သံုးထပ္ေျမႇာက္ ညာဘက္ အစြန္းဆံုး အခန္းျဖစ္သည္။
ထို႔အျပင္ ေဆးရံုအေဆာက္အဦးႏွင့္ သံုးေပေလာက္သာကြာေသာ ေနရာတြင္ ဦးေနွာက္အာရံုေၾကာႏွင့္ပက္သက္ေသာ ေဆးရံုအေဆာက္အဦး တစ္ခုလည္း နီးကပ္စြာ ေဆာက္ထားေလသည္။
ထိုအေဆာက္အဦးႏွစ္ခုသည္ ေန့ဘက္တြင္
သိပ္မသိသာေသာ္လည္း ညဘက္တြင္ တစ္ဖက္အခန္းမွစကားေျပာသံကို အျခားတစ္ဖက္က ၾကားေနရျခင္းျဖစ္သည္။
ညဘက္ တိတ္ဆိတ္တဲ့အခ်ိန္ ၊အနားမွာ ဘယ္သူမွမရိွေတာ့တဲ့အခ်ိန္ ရီေပၚတစ္ေယာက္ထဲ အခန္းထဲတြင္ က်ိတ္ငိုေလ့ရိွသည္။
"ကိုကို ရက္စက္တယ္....ကြၽန္ေတာ့္ကို မခ်စ္ေတာ့ဘူး.....ကိုကို က ကြၽန႔္ေတာ့္ကို ထားခဲ့တယ္......ဟင့္ အင့္...." ဟု ဆိုကာ ႏွာ တစ္ရႈပ္ရႈပ္ႏွင့္ငိုေနေသာ ရီေပၚကို ေဘးအေဆာက္အဦးက ေကာင္းေလးက အၿမဲတမ္းႏွစ္သိမ့္ေလ့ရိွသည္။
"မငိုပါနဲ႔......ကေလးေလးေရ.....
အရမ္းငိုေနလို႔ ရိွရင္ ေနမေကာင္းျဖစ္လိမ့္မယ္.....
ၾကားလာ?.....ၿပီးေတာ့ ကိုကိုက ကေလးေလးရဲ့
ငိုသံၾကားရင္ ကိုကိုပါငိုခ်င္တယ္...." ဟု ေျပာေနေသာ လူေၾကာင့္ ရီေပၚငိုေနရာမွ တိတ္သြားခဲ့သည္။
အရင္က ရီေပၚငိုေနရင္လည္း စကားလာေျပာတတ္ေသာ ထိုလူကိုရီေပၚအေရးပင္မစိုက္ ။စကားလည္း တစ္ခြန္းမွ မေျပာခဲ့ ။ သို႔ေပမဲ့ သူက ရီေပၚကို ညတိုင္းစကားလာေျပာေလ့ရိွသည္။သို့ေသာ္လည္း
ရီေပၚ ထိုလူကို မသိစိတ္ထဲကပင္ ခင္တြယ္ေနမိသည္။ထို့ေၾကာင့္ ဒီညလည္းစကားလာေျပာေသာ လူကို ရီေပၚျပန္ေျပာရန္ ဆံုးျဖတ္ခ်က္ခ်ခဲ့သည္။
"အင္း......ကြၽန္ေတာ္ မငိုေတာ့ဘူး....
ေမာသြားၿပီး....အိပ္ေတာ့မယ္....."
"အား !!!...ကေလးေလးက ကိုကို႔ကို စကားျပန္ေျပာတယ္ !...ေရ့....ေပ်ာ္လိုက္တာ
အေဖာ္ရၿပီး......အခုကိုကို႔တို႔ေတြ သူငယ္ခ်င္းျဖစ္သြားၾကၿပီေနာ္.....ဟီဟီ..."
"အင္း.....အိပ္ေတာ့မယ္ ...."
"အင္းပါ ကေလးေလး....
Goodnight ပါကြာ ....." ဟု ဆိုကာ အေဆာက္အဦးႏွစ္ခုမွ ေကာင္ေလးႏွစ္ေယာက္
အိပ္စက္ျခင္းကို စတင္ခဲ့ၾကသည္။
ေပါ့သြားရင္ ေတာင္းပန္ပါတယ္ေနာ္ ပိစိေၫွာင္ေတာက္ေလးေလာက္ တိုသြားတယ္...
[Unicode]
တစ်နှစ်ရှိပြီး ......
ကိုကို မရှိတော့တဲ့အချိန်တွေဟာ တကယ်ကြောက်ဖို့ကောင်းတယ်.......
အဲ့ဒီအချိန်တွေက ကျွန်တော့်ကို ငိုအောင်လည်း လုပ်နိုင်တယ် ရယ်အောင်လည်း လုပ်နိုင်တယ်.....
ဒီလိုပါပဲ ကျွန်တော်ကလည်း ကိုကို့အကြောင်းတွေ ရသလောက်စုံစမ်းကြည့်ပေမဲ့ တိုင်းတစ်ပါးခြားထွက်သွားတဲ့ ကိုကို့အကြောင်းကို
ကျွန်တော့်လို ငမွဲငတေတစ်ယောက်က ဘာမှမသိနိုင်ပါဘူး......ဒါပေမဲ့ ကျွန်တော်ဇွဲမလျော့ခဲ့ဘူး.....အလုပ်ကိုမရပ်မနား
လုပ်ခဲ့တယ် .....ပိုက်ဆံတွေကို မသုံးမစွဲ စုခဲ့တယ်....
နှလုံးကို အမြန်ဆုံးအစားထိုးပြီး ကိုကို့ကိုလိုက်ရှာမယ် ပြီးတော့ တောင်းပန်ပြီး ကိုကို့အချစ်ကို ပြန်တောင်းခံမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့.......ကျွန်တော် ကိုကိုမရှိတဲ့ တစ်နှစ်အတွင်း....ဘုရားသခင် ဆီမှာ အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် .......
ကိုကိုအနားကို ပြန်လာပါစေလို့ ......
ပြီးတော့ ကိုကိုကျွန်တော့်ကို
ပြန်ဆက်သွယ်လာပါစေ လို့.........
ကျွန်တော့် ဆုတောင်းပြည့်ခဲ့တယ် ထင်တယ် ....
လွန်ခဲ့တဲ့နှစ်ရက်က ကျွန်တော့်ဆီကို "ကိုကို " လို့မှတ်ထားတဲ့ contacts name လေးတစ်ခု ဖုန်းဝင်လာခဲ့တယ်.......ဝင်ဝင်ချင်း ရင်တွေခုန်လွန်းလို့ မေ့လဲကျမတတ်ပါပဲ....... အဲ့ချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုကို့ကို ဖမ်းဆုပ်ထားနိုင်ဖို့ ဖွင့်ပြောမယ် တွေးထားခဲ့သော်လည်း ကိုကို့ဆီက စကားများက ကျွန်တော့်ခေါင်းကို မိုးကြိုးအစင်းတစ်ရာ ပစ်ချခံရသလိုပဲ.......
အဲ့ဒါက.........
"ရီပေါ် !!....."
"အင်း....ကိုကိုလား?...."
"ဟုတ်တယ်....နေကောင်းလား?....
အဆင်ပြေကြလား?...."
"အင်း ပြေတယ်ကိုကို ....."
"အင်း...."
"ကိုကို !.....ကျွန်တော့်ဆီ ပြန်လာနိုင်မလားဟင်?....
ကျွန်တော် ကိုကို့ကို အရမ်းလွမ်းတယ် ပြီးတော့ အရမ်းလည်း ချစ်တယ် အဲ့တာကြောင့်မို့ ကျွန်တော့်ဆီ ပြန်လာခဲ့ပေးပါလားဟင်?....."
"ကလေးရယ်...... ဒီစကားလေး
အခုမှကြားရတာ ဆိုပေမဲ့ ကိုကိုအရမ်းပျော်ပါတယ်
ဒါပေမဲ့.....မဖြစ်နိုင်တော့ဘူး ကလေးရဲ့....."
" ဘာ !...ဘာလို့လဲ ?....
ကျွန်တော်က ဝမ်ချောင်နဲ့ ရီးစားဖြစ်နေလို့လား?...
ဒါ ဒါကအမှန် မဟုတ်....."
"ရီပေါ် !...
ကိုကိုအိမ်ထောင်ကျသွားပြီး......" ဟူသော ကို့ကို့ရဲ့ စကားသံအဆုံုးမှာ ကျွန်တော်ဆွံအသွားခဲ့သည်။
မျက်လုံးထဲမှ မျက်ရည်တွေက စို့တက်လာခဲ့ပြီး
ပါးပြင်ပေါ်သို့ တလှိမ့်လှိမ့်ကျဆင်းလာခဲ့တယ်......
ကျွန်တော် ထိုမျက်ရည်တွေကို ဥပက္ခာပြုလိုက်ပြီး
ခဏအကြာမှ .....
"ကိုကို!!....
ကိုကို ကျွန်တော့်ကို စနေတာမလား?.....
ကိုကို ကျွန်တော့်ကို မကျေနပ်ဘူးဆိုလည်း ပြောလေ.......အဲ့လိုတော့ မစပါနဲ့လား?......
ကျွန်တော် တောင်းပန်ပါတယ် ..... " လို့ပြောတော့
ကိုကိုက ......
"နှုတ်ဆက်ခဲ့ပါတယ် ကလေးလေး...." တဲ့ လို့ ပြောပြီး ဖုန်းချသွားခဲ့တယ်....
*ဒါလား ကိုကို ကျွန်တော့်ကိုချစ်ခဲ့တယ်ဆိုတာ ....
အဝေးတစ်နေရာမှ အခြားတစ်ယောက်တွက် ရှင်သန်နေတာကိုလား ?.....
ပြီးတော့ ပြန်မလာတော့မဲ့အတူတူ ဘာလို့ ကျွန်တော့်ကိုဆက်သွယ်ရတာလဲ?.....
ဘာလဲ ကိုကို အခြားသူနဲ့ပျော်နေပြီးဆိုတာ အသိလာပေးတာလားဗျာ?.........ကိုကို ခင်ဗျားအရမ်း ရက်စက်လွန်းတယ်....ဒါပေမဲ့ ကျွန်တော်မမုန်းရက်ဘူး.......*
ကိုကို မရှိတော့တဲ့နေ့ရက်တွေကို ကျွန်တော် မဖြတ်သန်းချင်တော့ဘူး........
ကိုကို့ရဲ့ ချစ်ခြင်းမေတ္တာကြီးမရှိတော့တဲ့ ဒီခန္ဓာကိုယ်ကြီးနဲ့လဲ အတူမရှိချင်တော့ဘူး.......
ကိုကိုမရှိတဲ့ နေ့ရက်တွေဟာ ကျွန်တော့်ကိုမပျော်ရွှင်စေဘူး.......
........................................................................
5လ အကြာ.....
"ရီပေါ် !!......
ရီပေါ် !!.....ထ ထပါဦး.....
အစားလေး ဘာလေးလဲ စားဦးလေ....
မင်းကို ကြည့်ရတာ အစားလည်း မစားဘူး ၊
တစ်နေကုန်တစ်နေခမ်း အိမ်ထဲမှာပဲ မိုင်နေတယ် ...
လူလည်းကြည့်ပါဦး....ပိန်ချုံးကုန်ပြီး.....
ဒီတိုင်းပဲ မနေနဲ့လေ ....လာ ကော မုန့်ဝယ်လာတယ်
လာစားပါဦး......."
"................ "
" ရီပေါ်ရယ်.....ကော့ကို သနားရင်း
နည်းနည်းလောက်တော့ စားပါဦးနော်.....
ဆေးလည်းသောက်ရဦးမယ်လေ......" ဟု ဝမ်ချောင်က အတင်းတောင်းဆိုနေသောကြောင့်.....
ရီပေါ် ဝမ်ချောင်ဝယ်လာတဲ့ ဒူးရင်းသီးကိတ်လေးအား
အနည်းငယ် ခပ်စားနေလေသည်။
စားနေရင်းနှင့်ပင် မျက်ရည်များကျလာကာ .....
"လိမ်တယ်....ချစ်တယ်ပြောပြီး
ထားခဲ့တယ်......ပြန်မလာ နိုင်ဘူးဆို
ခဏလေးတောင် မဆက်သွယ်ပါနဲ့လား?.….
အခုတော့ ကျွန်တော့်ရင်တွေ နာကျင်ရပြီပေါ့....
အရမ်းတော်တယ်....ကိုကို ခင်ဗျားအတော်ဆုံးပဲ....."
ဟု ပြောကာ မျက်ရည်ပေါက်ကြီးငယ်နှင့် ရယ်နေသော ရီပေါ်ကို ဝမ်ချောင်သနားမိသည်။
စိတ်ဖိစီးမှုတွေ အရမ်းများလွန်းလို့ ....
ရီပေါ်၏ ရောဂါက အရင်ကထက် ပိုဆိုးလာတယ်.......
အိမ်ထဲကနေ ခြံပြင်ကို နှစ်ခါလောက် လျှောက်ရင်တောင် အတော်မောပန်းနေပြီဖြစ်သည်။
မစားလည်း သိပ်မစား ၊အိပ်လည်းသိပ်မအိပ်တော့
မျက်လုံးများအောက်တွင် ညိုမဲနေပြီး လူကလည်း
အရိုးသာသာ သာ ကျန်တော့သည်။
ထို့ကြောင့်ဆရာဝန်က ရီပေါ်၏ရောဂါ ဒီထက်ဆိုးဝါးလာပါက ဆေးရုံတက်ရမည်ဟုလည်း ပြောလေသည်။
.................…...............................................
2လအကြာ......
ရီပေါ်ရဲ့ ရောဂါအခြေအနေကြောင့် ဆရာဝန်နှင့်
ဝမ်ချောင်တို့ တိုင်ပင်ဆွေးနွေးကြပြီး.....
ရီပေါ်ကို နှလုံးအထူးကု ဆေးရုံသို့ ပို့လိုက်ကြသည်။
ရီပေါ်နေတဲ့ ဆေးရုံတစ်ဆောင်လုံးတွင် နှလုံးရောဂါသမား သက်သပ်သာရှိ၍ ရီပေါ်၏အခန်းက ဆေးရုံအဆောင်၏ အစွန်းဘက်ဆုံးအခန်းဖြစ်သည်။ရီပေါ်၏ အခန်းကို သေချာတိကျစွာ ကြည့်လျှင် ဆေးရုံး၏ သုံးထပ်မြှောက် ညာဘက် အစွန်းဆုံး အခန်းဖြစ်သည်။
ထို့အပြင် ဆေးရုံအဆောက်အဦးနှင့် သုံးပေလောက်သာကွာသော နေရာတွင် ဦးနှောက်အာရုံကြောနှင့်ပက်သက်သော ဆေးရုံအဆောက်အဦး တစ်ခုလည်း နီးကပ်စွာ ဆောက်ထားလေသည်။
ထိုအဆောက်အဦးနှစ်ခုသည် နေ့ဘက်တွင်
သိပ်မသိသာသော်လည်း ညဘက်တွင် တစ်ဖက်အခန်းမှစကားပြောသံကို အခြားတစ်ဖက်က ကြားနေရခြင်းဖြစ်သည်။
ညဘက် တိတ်ဆိတ်တဲ့အချိန် ၊အနားမှာ ဘယ်သူမှမရှိတော့တဲ့အချိန် ရီပေါ်တစ်ယောက်ထဲ အခန်းထဲတွင် ကျိတ်ငိုလေ့ရှိသည်။
"ကိုကို ရက်စက်တယ်....ကျွန်တော့်ကို မချစ်တော့ဘူး.....ကိုကို က ကျွန့်တော့်ကို ထားခဲ့တယ်......ဟင့် အင့်...." ဟု ဆိုကာ နှာ တစ်ရှုပ်ရှုပ်နှင့်ငိုနေသော ရီပေါ်ကို ဘေးအဆောက်အဦးက ကောင်းလေးက အမြဲတမ်းနှစ်သိမ့်လေ့ရှိသည်။
"မငိုပါနဲ့......ကလေးလေးရေ.....
အရမ်းငိုနေလို့ ရှိရင် နေမကောင်းဖြစ်လိမ့်မယ်.....
ကြားလာ?.....ပြီးတော့ ကိုကိုက ကလေးလေးရဲ့
ငိုသံကြားရင် ကိုကိုပါငိုချင်တယ်...." ဟု ပြောနေသော လူကြောင့် ရီပေါ်ငိုနေရာမှ တိတ်သွားခဲ့သည်။
အရင်က ရီပေါ်ငိုနေရင်လည်း စကားလာပြောတတ်သော ထိုလူကိုရီပေါ်အရေးပင်မစိုက် ။စကားလည်း တစ်ခွန်းမှ မပြောခဲ့ ။ သို့ပေမဲ့ သူက ရီပေါ်ကို ညတိုင်းစကားလာပြောလေ့ရှိသည်။သို့သော်လည်း
ရီပေါ် ထိုလူကို မသိစိတ်ထဲကပင် ခင်တွယ်နေမိသည်။ထို့ကြောင့် ဒီညလည်းစကားလာပြောသော လူကို ရီပေါ်ပြန်ပြောရန် ဆုံးဖြတ်ချက်ချခဲ့သည်။
"အင်း......ကျွန်တော် မငိုတော့ဘူး....
မောသွားပြီး....အိပ်တော့မယ်....."
"အား !!!...ကလေးလေးက ကိုကို့ကို စကားပြန်ပြောတယ် !...ရေ့....ပျော်လိုက်တာ
အဖော်ရပြီး......အခုကိုကို့တို့တွေ သူငယ်ချင်းဖြစ်သွားကြပြီနော်.....ဟီဟီ..."
"အင်း.....အိပ်တော့မယ် ...."
"အင်းပါ ကလေးလေး....
Goodnight ပါကွာ ....." ဟု ဆိုကာ အဆောက်အဦးနှစ်ခုမှ ကောင်လေးနှစ်ယောက်
အိပ်စက်ခြင်းကို စတင်ခဲ့ကြသည်။
ပေါ့သွားရင် တောင်းပန်ပါတယ်နော် ပိစိညှောင်တောက်လေးလောက် တိုသွားတယ်.....