မင္းရဲ့အခ်စ္သာ စစ္ပါေစတဲ့......
အခ်စ္က မင္းအနားကိုျပန္ေရာက္ လာလိမ့္မယ္ဆိုပဲ........
ေျပာႏိုင္ၿပီေပါ့ သူတို႔ကေတာ့......
တစ္ေယာက္က အခ်စ္ေတြကို ဖြင့္ဟထားတယ္...
အျခားတစ္ေယာက္ကလည္း အတိတ္ကို ျပန္သတိရၿပီးဆိုေတာ့ .......သူတို႔ခ်စ္ျခင္းက မေဝးေတာ့တဲ့ ခ်စ္ျခင္းျဖစ္ၿပီးေပါ့....ၾကားရတာ ဝမ္းသာပါတယ္.......ကြၽန္ေတာ္လည္း အားက်မိပါတယ္............
ကြၽန္ေတာ္ အလုပ္အစံုနဲ႔ ပိုက္ဆံရွာေနတာ 3လပင္ ရိွသြားၿပီးျဖစ္သည္။ သံုးလအတြင္းမွာ မွန္းထားတဲ့ ေငြထက္ပိုရေနေသာေၾကာင့္ ပီတိျဖစ္မိသည္မွာ အမွန္ပင္ျဖစ္သည္။သို့ေသာ္ သံုးလအတြင္း အလုပ္ကိုကုန္းရုန္းလုပ္ေနရလို႔
ကိုကိုနဲ႔ေတာင္ စကားသိပ္မေျပာျဖစ္။ကိုကိုလည္း
ကြၽန္ေတာ့္ကို လြန္ခဲ့တဲ့ႏွစ္လကစၿပီး စကားသိပ္မေျပာေတာ့တာ သိသာလာတယ္......
ကြၽန္ေတာ္ ေမးခ်င္ေသာ္လည္း အခြင့္မရေသးေသာေၾကာင့္ မေမးျဖစ္။သို့ေသာ္
တစ္ခါတစ္ေလ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ထဲရိွတဲ့အခ်ိန္ ကိုကိုက ......
"ရီေပၚ......ကိုကို႔ကို ခ်စ္ေသးလားဟင္?....." တဲ့
ကြၽန္ေတာ့္စိတ္ထဲမွာ ခ်စ္တယ္လို႔ အႀကိမ္တစ္ရာ တစ္ေထာင္ေလာက္ ေျပာေနေပမဲ့ လက္ေတြ ့မွာေတာ့
"မခ်စ္ဘူး...." ဆိုတဲ့ စကားလံုးေလးကိုပဲ ရင္နာနာနဲ႔
ေျပာခဲ့ရတယ္.......
"ဒါဆို ကိုကို႔အနားမွာ ေနရတာ ရီေပၚစိတ္ခ်မ္းသာလား?......" လို႔ ထပ္ေမးေတာ့....
*ကိုကို႔ရဲ့အနားမွာသာ အၿမဲတမ္းေနခ်င္မိတာလို႔ ...*
စိတ္ထဲက ထပ္ေျဖမိျပန္တယ္.......ဒါေပမဲ့လည္း...
"ဟင္အင္း....." ပဲေပါ့.....
ေရႊးခ်ယ္ခြင့္မရိွတဲ့ ဘဝတည္းကို ကိုကို႔ကိုဆြဲမေခၚရက္ပါဘူး.......
ဒီေန့ ကိုကို႔ေမြးေန့ ....
ဒါေၾကာင့္ ကြၽန္ေတာ္အိမ္ကို ေစာေစာျပန္လာခဲ့တယ္.....ကိုကိုမ်ား
ကြၽန္ေတာ့္ကို ေမ်ွာ္ေနမလားေပါ့.....
ဒါေၾကာင့္ ဝမ္ေခ်ာင္ေကာကို အိမ္ျပန္မလာခိုင္းဘူး.........
အိမ္ျပန္ေရာက္ေတာ့ ည7:00 ပင္ရိွေနၿပီျဖစ္သည္။ တစ္အိမ္လံုး မီးပိတ္ထားျပီး ထမင္းစား စားပြဲခံုေလးေပၚတြင္ ဖေယာင္းတိုင္မီးေလးအား ထြန္းကာ ကိတ္မုန႔္ႀကီးႏွင့္ ထိုင္ေစာင့္ေနေသာ ကြၽန္ေတာ့္ကိုကို........
အနားကို မသိသလို ျဖတ္သြားလိုက္ေတာ့.....
ကိုကိုက ထိုင္ေနရာမွထၿပီး ..…...
"ရီေပၚ !...." ဟု လွမ္းေခၚေလသည္။
ထို႔ေၾကာင့္ ကြၽန္ေတာ့္လည္း ကိုကို႔ကို လွၫ့္ၾကၫ့္၍
"ဘာလဲ " ဟူေသာ ပံုစံျဖင့္ ေမးေငါ့ျပလိုက္ေလသည္။ ထိုအခါမွ ကိုကိုက ကြၽန္ေတာ္လက္ကို ဆြဲကာ .........
"လာပါဦး.....ကေလးေလး.....
ဒီေန့တစ္ရက္ေတာ့ ကိုကို႔ကို အခ်ိန္ေလးေပးပါေနာ္........"
"ဘာလို႔...."
"ဒီေန့က ကိုကို႔ေမြးေန့ေလ ရီေပၚမမွတ္မိဘူးလား?..."
"မမွတ္မိပါဘူး....." ဟု ေျပာလိုက္ေသာ္လည္း ....
ကိုကို႔အတြက္ ဆင္တူနာရီေလးတစ္လံုးကေတာ့ အိတ္ထဲအသင့္ရိွေနၿပီး ျဖစ္သည္။
"ဟုတ္လား?...အဲ့တာဆိုလည္း
ရပါတယ္....." ဟု ေျပာကာ ၿပံဳးျပေနေသာ ကိုကို႔မ်က္ဝန္းက မ်က္ရည္မ်ားျပၫ့္ေနသေယာင္..........
"အင္း.....ဒီေန့က ခင္ဗ်ားေမြးေန့လား
ဘာလားေတာ့ မသိဘူး......အလုပ္ကေန မဲေဖာက္ေပးတာ အဲ့တာ နာရီတစ္လံုးေပါက္တယ္...
ေရာ့ ခင္ဗ်ားယူလိုက္.....ကြၽန္ေတာ့္မွာလည္း တစ္လံုးရိွေနၿပီး......." ဟုဆိုကာ အနီနဲ႔အစိမ္းေရာထားေသာ နာရီေလးအား ကိုကို႔လက္ထဲ ထၫ့္ေပးလိုက္ေလသည္။
ထိုအခါ ကိုကိုက အနည္းငယ္ၿပံဳးေယာင္သမ္းလာၿပီး.....
ေမြးေန့ဟူေသာ အေၾကာင္းျပခ်က္ျဖင့္
ကြၽန္ေတာ့္ကို နာရီပတ္ခိုင္းေသာေၾကာင့္
ကြၽန္ေတာ္လည္း ကိုကို႔ကို နာရီပတ္ေပးလိုက္ေလသည္။ နာရီပတ္ေပးေနတုန္း
ကိုကိုက ပါးကိုဖ်တ္ခနဲ နမ္းလိုက္တာေၾကာင့္....
ကြၽန္ေတာ္ ရင္ေတြေတာင္ ခုန္ေနမိသည္။
ကြၽန္ေတာ္တို႔ ကိတ္ခြဲၿပီးစားေသာအခါ ကိုကိုက ကြၽန္ေတာ့္အနားကို ကပ္ၿပီး ဓါတ္ပံုမ်ားအတင္းရိုက္ေနေလသည္။ ထို႔ေနာက္ ကြၽန္ေတာ္ တစ္ေယာက္ထဲ အစားစားေနေသာ ပံုမ်ားကို လည္းရိုက္ေနေလသည္။ ရိုက္လို႔ ေမာသြားေသာ အခါတြင္လည္း ကြၽန္ေတာ့္ေဘးတြင္ လာဝင္ထိုင္ၿပီး ကြၽန္ေတာ့္ကို ေမးေထာက္ကာ မ်က္ေတာင္မခတ္တမ္းစိုက္ၾကၫ့္ေနသည္။
ဘာလို႔ ဒီေလာက္ၾကၫ့္ေနတာလဲ ေမးေတာ့.....
"ခ်စ္လို႔.....ၿပီးေတာ့ ပံုရိပ္ေလးကို ေမ့သြားမွာ
ေၾကာက္လို႔....... "ဆိုတဲ့ အေျဖေၾကာင့္
ကြၽန္ေတာ္လည္း ဘာမွဆက္မေမးေတာ့ဘဲ အစားဆက္စားေနလိုက္သည္။စားျပီးေသာက္ျပီး
ခဏအၾကာ ကိုကိုက ကြၽန္ေတာ့္ရဲ့ ခါးေလးအား ေနာက္မွသိုင္းဖက္ကာ ကြၽန္ေတာ့္ရဲ့ ပုခံုးေပၚအား
ကိုကိုက ေခါင္းေလးတင္ထားေလသည္။
"ရီေပၚ !....ဒီည ကိုကိုတို႔ အတူတူအိပ္ရေအာင္ေနာ္......."ဟု ေျပာေနေသာ
ကိုကို့ကို မူမမွန္ျဖစ္ေနမယ္ ကြၽန္ေတာ္ရိပ္မိေနတယ္....ထို႔ေၾကာင့္ ကြၽန္ေတာ္က
ကိုကို ဘာျဖစ္ေနလဲဆိုတာ ေမးမည္အလုပ္.....
ကိုကိုက ကြၽန္ေတာ့္ႏႈတ္ခမ္းဖ်ားေလးအား သူ႔ရဲ့လက္ညို႔ေလးျဖင့္ ပိတ္ကာ .......
"မေမးပါနဲ႔ ကေလး......
ဒီေန့တစ္ေန့ေတာ့ ကိုကို႔ရင္ခြင္ထဲမွာပဲ ေနေပးပါ....
ေျပာျပမွာပါ....ဒီညလြန္ရင္ ကေလးသိခ်င္တဲ့ေမးခြန္းေတြ ကိုကိုေျပာျပမွာပါ....."
ဟု ေျပာေနေသာ ကိုကိုေၾကာင့္ ကြၽန္ေတာ္ ကိုကိုနဲ႔ အတူတူအိပ္ရန္ လက္ခံခဲ့ေလသည္။
ညအိပ္ေသာအခါတြင္ ကိုကိုက ကြၽန္ေတာ့္ကို ရင္ခြင္ထဲတြင္အတင္းဖက္ထားၿပီး ကြၽန္ေတာ့္ကို
ဘာေခါင္းေလ်ွာ္ရည္နဲ႔ ေလ်ွာ္လဲ ၊ဘာေရခ်ိဳးဆပ္ျပာသံုးလဲ ၊ ဘာေန့သားလဲ ၊ဘာေန့ဖြားလဲ၊ ဘာႀကိဳက္တတ္လဲ?.... ဟူေသာ ေမးခြန္းအစံုကို တစ္ညလံုးေမးေနေလသည္။
တစ္ခ်ိဳ႕ေမးခြန္းေတြဆို ကိုကိုသိေနတာေတြေတာင္ ပါေသးတယ္ ဒါေပမဲ့လည္း တစ္ခုမက်န္ သူသိတဲ့အရာေတြေရာ မသိတဲ့အရာေတြေရာ ေမးၿပီးမွ ကြၽန္ေတာ့္နဖူးကို နမ္းၿပီး ကြၽန္ေတာ္ကို အိပ္ခိုင္းခဲ့သည္။
ကြၽန္ေတာ္ အိပ္ေပ်ာ္ၿပီး ႏိုးလာေတာ့ မနက္မိုးလင္းေနၿပီ ။
ေဘးနားက ကိုကို႔ကို ၾကၫ့္လိုက္ေတာ့လည္း
မ်က္ကြင္းႏွစ္ဖက္က ညိုမဲေနၿပီး ကြၽန္ေတာ့္ကိုပဲ ေသခ်ာၾကၫ့္ေနေလသည္။
ထို႔ေနာက္ ကိုကိုက ကြၽန္ေတာ့္ရဲ့ နဖူးေပၚတြင္ ဝဲေနေသာ ဆံပင္ေလးအား သပ္တင္ေပး၍ .......
"ႏိုးၿပီးလာ ကေလးေလး......"
"အင္း.......ခင္ဗ်ာ ဘယ္ခ်ိန္ကတည္းက ႏိုးေနတာလဲ?....."
"ႏိုးေနတာ မဟုတ္ပါဘူး.......
မအိပ္ရေသးလို႔ပါ......"
"ဘာလို႔?...."
"ကေလးကို ပဲၾကည့္ေနလို႔ေလ...."
"တကယ္!!!..." ဟူေသာ ကြၽန္ေတာ့္၏ အံ့ဩမႈသည္
"အင္း......." ဟူေသာ ကိုကို၏ စကားအဆံုးမွာ စကားသံမ်ား တိတ္ဆိတ္သြားခဲ့ေလသည္။ ထို႔ေနာက္ ကိုကိုက အိပ္ယာေပၚမွ ထၿပီး ေျခရင္းရိွ စားပြဲခံုေပၚက စာရြက္ေလးကို ေဘာပင္တစ္ေခ်ာင္းႏွင့္အတူ
ကြၽန္ေတာ့္ေရ႔ွ လာခ်ေပးေလသည္။
ဖတ္ၾကၫ့္လိုက္သၫ့္အခါ စာရြက္ေပၚက စာတန္းေလးက ကြာရွင္းစာခ်ဳပ္တဲ့......
ကြၽန္ေတာ္အရမ္းတုန္လႈပ္မိတယ္.......
ဒါက စာခ်ဳပ္တစ္ခုပါ ....ဒီအထဲမွာလည္း စာလံုးေလးေတြပဲ ရိွတာပါ....ဒါေပမဲ့ အဲ့စာလံုးေလးေတြက ကြၽန္ေတာ့္ကို ေသေအာင္
သတ္ပစ္ႏိုင္တယ္.....အသည္းႏွလံုးကို ျမားအစင္းတစ္ရာ ပစ္တာထက္ ပိုနာက်င္တယ္......
မ်က္ဝန္းမွ မ်က္ရည္ေတြကလည္း သတိမထားမိတဲ့
အခ်ိန္မွာတင္ တာက်ိဳးသလို လ်ွံက်လာတယ္.......
*ဘာအေၾကာင္းျပခ်က္မ်ားလဲ ကိုကိုရယ္......
ကြၽန္ေတာ္ ကိုကို႔အနားရိွမဲ့အခ်ိန္ေလးကို မေစာင့္ေပးႏိုင္ေတာ့ဘူးလာ?.... ကြၽန္ေတာ္ ထင္ခဲ့တာ ကိုကို ကြၽန္ေတာ့္ကို မခ်စ္ခ်င္ေတာ့လို႔
ထြက္သြားမယ္ ဆိုရင္ေတာင္ ဒီေလာက္ျမန္မွာ မဟုတ္ဘူးလို႔ေလ.....အခုေတာ့....
ေမ်ွာ္လင့္ခ်က္ေတြ ေရစုန္ေမ်ာၿပီ ကိုကိုရာ........*
"ငိုေနတာလား ကေလး...."
"အင္း...."
"ဘာလို႔လဲ?....."
"ေပ်ာ္လို႔....."
"ေအာ္!!...အင္းပါ
ကေလးေပ်ာ္ရင္ ရပါၿပီး....."
"ဒါနဲ႔ ဘာစိတ္ကူးေပါက္ၿပီး
ကြာရွင္းေပးတာလဲ ?........"
"အာ!!....အဲ့တာက ရီေပၚကို
ေပ်ာ္ရႊင္ေစခ်င္တာရယ္.......
ၿပီးေတာ့ ကိုကို ႏိုင္ငံျခားထြက္ေတာ့မယ္ကေလး...... ဟိုမွာ ကိုကိုရဲ့ ဘဝသစ္ကို စတင္မယ္.......
ၿပီးေတာ့ ဟိုမွာပဲေနေတာ့မယ္....
ရီေပၚလည္း ေပ်ာ္ပါေစေနာ္.....
ၿပီးေတာ့ ကိုကိုက အရမ္းခ်စ္တာေနာ္....." ဟုေျပာရင္း အထုတ္အပိုးဆြဲကာ ထြက္သြားေသာ ကိုကို႔ကို ကြၽန္ေတာ္မတားမိခဲ့ပါ။
မဟုတ္ဘူး.....ကြၽန္ေတာ္ တားဖို႔အခြင့္အေရးမရိွေတာ့တာ။
*ကိုကိုရယ္.....ေျပာစရာစကားေတြ
မရိွေတာ့ေအာင္ကို ထားသြားခဲ့ၿပီလား?......
ဒီလူ႔ရင္ထဲမွာ ခံစားခ်က္ေတြ ၊ေျပာခ်င္တဲ့ စကားလံုးေတြက ဒီရင္ထဲမွာ တစ္နင့္တစ္ပိုးႀကီးပါ
ကိုကိုရာ.......*
[Unicode]
မင်းရဲ့အချစ်သာ စစ်ပါစေတဲ့......
အချစ်က မင်းအနားကိုပြန်ရောက် လာလိမ့်မယ်ဆိုပဲ........
ပြောနိုင်ပြီပေါ့ သူတို့ကတော့......
တစ်ယောက်က အချစ်တေွကို ဖွင့်ဟထားတယ်...
အခြားတစ်ယောက်ကလည်း အတိတ်ကို ပြန်သတိရပြီးဆိုတော့ .......သူတို့ချစ်ခြင်းက မဝေးတော့တဲ့ ချစ်ခြင်းဖြစ်ပြီးပေါ့....ကြားရတာ ဝမ်းသာပါတယ်.......ကျွန်တော်လည်း အားကျမိပါတယ်............
ကျွန်တော် အလုပ်အစုံနဲ့ ပိုက်ဆံရှာနေတာ 3လပင် ရှိသွားပြီးဖြစ်သည်။ သုံးလအတွင်းမှာ မှန်းထားတဲ့ ငွေထက်ပိုရနေသောကြောင့် ပီတိဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။သို့သော် သုံးလအတွင်း အလုပ်ကိုကုန်းရုန်းလုပ်နေရလို့
ကိုကိုနဲ့တောင် စကားသိပ်မပြောဖြစ်။ကိုကိုလည်း
ကျွန်တော့်ကို လွန်ခဲ့တဲ့နှစ်လကစပြီး စကားသိပ်မပြောတော့တာ သိသာလာတယ်......
ကျွန်တော် မေးချင်သော်လည်း အခွင့်မရသေးသောကြောင့် မမေးဖြစ်။သို့သော်
တစ်ခါတစ်လေ ကျွန်တော်တို့ နှစ်ယောက်ထဲရှိတဲ့အချိန် ကိုကိုက ......
"ရီပေါ်......ကိုကို့ကို ချစ်သေးလားဟင်?....." တဲ့
ကျွန်တော့်စိတ်ထဲမှာ ချစ်တယ်လို့ အကြိမ်တစ်ရာ တစ်ထောင်လောက် ပြောနေပေမဲ့ လက်တွေ့မှာတော့
"မချစ်ဘူး...." ဆိုတဲ့ စကားလုံးလေးကိုပဲ ရင်နာနာနဲ့
ပြောခဲ့ရတယ်.......
"ဒါဆို ကိုကို့အနားမှာ နေရတာ ရီပေါ်စိတ်ချမ်းသာလား?......" လို့ ထပ်မေးတော့....
*ကိုကို့ရဲ့အနားမှာသာ အမြဲတမ်းနေချင်မိတာလို့ ...*
စိတ်ထဲက ထပ်ဖြေမိပြန်တယ်.......ဒါပေမဲ့လည်း...
"ဟင်အင်း....." ပဲပေါ့.....
ရွှေးချယ်ခွင့်မရှိတဲ့ ဘဝတည်းကို ကိုကို့ကိုဆွဲမခေါ်ရက်ပါဘူး.......
ဒီနေ့ ကိုကို့မွေးနေ့ ....
ဒါကြောင့် ကျွန်တော်အိမ်ကို စောစောပြန်လာခဲ့တယ်.....ကိုကိုများ
ကျွန်တော့်ကို မျှော်နေမလားပေါ့.....
ဒါကြောင့် ဝမ်ချောင်ကောကို အိမ်ပြန်မလာခိုင်းဘူး.........
အိမ်ပြန်ရောက်တော့ ည7:00 ပင်ရှိနေပြီဖြစ်သည်။ တစ်အိမ်လုံး မီးပိတ်ထားပြီး ထမင်းစား စားပွဲခုံလေးပေါ်တွင် ဖယောင်းတိုင်မီးလေးအား ထွန်းကာ ကိတ်မုန့်ကြီးနှင့် ထိုင်စောင့်နေသော ကျွန်တော့်ကိုကို........
အနားကို မသိသလို ဖြတ်သွားလိုက်တော့.....
ကိုကိုက ထိုင်နေရာမှထပြီး ..…...
"ရီပေါ် !...." ဟု လှမ်းခေါ်လေသည်။
ထို့ကြောင့် ကျွန်တော့်လည်း ကိုကို့ကို လှည့်ကြည့်၍
"ဘာလဲ " ဟူသော ပုံစံဖြင့် မေးငေါ့ပြလိုက်လေသည်။ ထိုအခါမှ ကိုကိုက ကျွန်တော်လက်ကို ဆွဲကာ .........
"လာပါဦး.....ကလေးလေး.....
ဒီနေ့တစ်ရက်တော့ ကိုကို့ကို အချိန်လေးပေးပါနော်........"
"ဘာလို့...."
"ဒီနေ့က ကိုကို့မွေးနေ့လေ ရီပေါ်မမှတ်မိဘူးလား?..."
"မမှတ်မိပါဘူး....." ဟု ပြောလိုက်သော်လည်း ....
ကိုကို့အတွက် ဆင်တူနာရီလေးတစ်လုံးကတော့ အိတ်ထဲအသင့်ရှိနေပြီး ဖြစ်သည်။
"ဟုတ်လား?...အဲ့တာဆိုလည်း
ရပါတယ်....." ဟု ပြောကာ ပြုံးပြနေသော ကိုကို့မျက်ဝန်းက မျက်ရည်များပြည့်နေသယောင်..........
"အင်း.....ဒီနေ့က ခင်ဗျားမွေးနေ့လား
ဘာလားတော့ မသိဘူး......အလုပ်ကနေ မဲဖောက်ပေးတာ အဲ့တာ နာရီတစ်လုံးပေါက်တယ်...
ရော့ ခင်ဗျားယူလိုက်.....ကျွန်တော့်မှာလည်း တစ်လုံးရှိနေပြီး......." ဟုဆိုကာ အနီနဲ့အစိမ်းရောထားသော နာရီလေးအား ကိုကို့လက်ထဲ ထည့်ပေးလိုက်လေသည်။
ထိုအခါ ကိုကိုက အနည်းငယ်ပြုံးယောင်သမ်းလာပြီး.....
မွေးနေ့ဟူသော အကြောင်းပြချက်ဖြင့်
ကျွန်တော့်ကို နာရီပတ်ခိုင်းသောကြောင့်
ကျွန်တော်လည်း ကိုကို့ကို နာရီပတ်ပေးလိုက်လေသည်။ နာရီပတ်ပေးနေတုန်း
ကိုကိုက ပါးကိုဖျတ်ခနဲ နမ်းလိုက်တာကြောင့်....
ကျွန်တော် ရင်တွေတောင် ခုန်နေမိသည်။
ကျွန်တော်တို့ ကိတ်ခွဲပြီးစားသောအခါ ကိုကိုက ကျွန်တော့်အနားကို ကပ်ပြီး ဓါတ်ပုံများအတင်းရိုက်နေလေသည်။ ထို့နောက် ကျွန်တော် တစ်ယောက်ထဲ အစားစားနေသော ပုံများကို လည်းရိုက်နေလေသည်။ ရိုက်လို့ မောသွားသော အခါတွင်လည်း ကျွန်တော့်ဘေးတွင် လာဝင်ထိုင်ပြီး ကျွန်တော့်ကို မေးထောက်ကာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။
ဘာလို့ ဒီလောက်ကြည့်နေတာလဲ မေးတော့.....
"ချစ်လို့.....ပြီးတော့ ပုံရိပ်လေးကို မေ့သွားမှာ
ကြောက်လို့....... "ဆိုတဲ့ အဖြေကြောင့်
ကျွန်တော်လည်း ဘာမှဆက်မမေးတော့ဘဲ အစားဆက်စားနေလိုက်သည်။စားပြီးသောက်ပြီး
ခဏအကြာ ကိုကိုက ကျွန်တော့်ရဲ့ ခါးလေးအား နောက်မှသိုင်းဖက်ကာ ကျွန်တော့်ရဲ့ ပုခုံးပေါ်အား
ကိုကိုက ခေါင်းလေးတင်ထားလေသည်။
"ရီပေါ် !....ဒီည ကိုကိုတို့ အတူတူအိပ်ရအောင်နော်......."ဟု ပြောနေသော
ကိုကို့ကို မူမမှန်ဖြစ်နေမယ် ကျွန်တော်ရိပ်မိနေတယ်....ထို့ကြောင့် ကျွန်တော်က
ကိုကို ဘာဖြစ်နေလဲဆိုတာ မေးမည်အလုပ်.....
ကိုကိုက ကျွန်တော့်နှုတ်ခမ်းဖျားလေးအား သူ့ရဲ့လက်ညို့လေးဖြင့် ပိတ်ကာ .......
"မမေးပါနဲ့ ကလေး......
ဒီနေ့တစ်နေ့တော့ ကိုကို့ရင်ခွင်ထဲမှာပဲ နေပေးပါ....
ပြောပြမှာပါ....ဒီညလွန်ရင် ကလေးသိချင်တဲ့မေးခွန်းတွေ ကိုကိုပြောပြမှာပါ....."
ဟု ပြောနေသော ကိုကိုကြောင့် ကျွန်တော် ကိုကိုနဲ့ အတူတူအိပ်ရန် လက်ခံခဲ့လေသည်။
ညအိပ်သောအခါတွင် ကိုကိုက ကျွန်တော့်ကို ရင်ခွင်ထဲတွင်အတင်းဖက်ထားပြီး ကျွန်တော့်ကို
ဘာခေါင်းလျှော်ရည်နဲ့ လျှော်လဲ ၊ဘာရေချိုးဆပ်ပြာသုံးလဲ ၊ ဘာနေ့သားလဲ ၊ဘာနေ့ဖွားလဲ၊ ဘာကြိုက်တတ်လဲ?.... ဟူသော မေးခွန်းအစုံကို တစ်ညလုံးမေးနေလေသည်။
တစ်ချို့မေးခွန်းတွေဆို ကိုကိုသိနေတာတွေတောင် ပါသေးတယ် ဒါပေမဲ့လည်း တစ်ခုမကျန် သူသိတဲ့အရာတွေရော မသိတဲ့အရာတွေရော မေးပြီးမှ ကျွန်တော့်နဖူးကို နမ်းပြီး ကျွန်တော်ကို အိပ်ခိုင်းခဲ့သည်။
ကျွန်တော် အိပ်ပျော်ပြီး နိုးလာတော့ မနက်မိုးလင်းနေပြီ ။
ဘေးနားက ကိုကို့ကို ကြည့်လိုက်တော့လည်း
မျက်ကွင်းနှစ်ဖက်က ညိုမဲနေပြီး ကျွန်တော့်ကိုပဲ သေချာကြည့်နေလေသည်။
ထို့နောက် ကိုကိုက ကျွန်တော့်ရဲ့ နဖူးပေါ်တွင် ဝဲနေသော ဆံပင်လေးအား သပ်တင်ပေး၍ .......
"နိုးပြီးလာ ကလေးလေး......"
"အင်း.......ခင်ဗျာ ဘယ်ချိန်ကတည်းက နိုးနေတာလဲ?....."
"နိုးနေတာ မဟုတ်ပါဘူး.......
မအိပ်ရသေးလို့ပါ......"
"ဘာလို့?...."
"ကလေးကို ပဲကြည့်နေလို့လေ...."
"တကယ်!!!..." ဟူသော ကျွန်တော့်၏ အံ့ဩမှုသည်
"အင်း......." ဟူသော ကိုကို၏ စကားအဆုံးမှာ စကားသံများ တိတ်ဆိတ်သွားခဲ့လေသည်။ ထို့နောက် ကိုကိုက အိပ်ယာပေါ်မှ ထပြီး ခြေရင်းရှိ စားပွဲခုံပေါ်က စာရွက်လေးကို ဘောပင်တစ်ချောင်းနှင့်အတူ
ကျွန်တော့်ရှေ့ လာချပေးလေသည်။
ဖတ်ကြည့်လိုက်သည့်အခါ စာရွက်ပေါ်က စာတန်းလေးက ကွာရှင်းစာချုပ်တဲ့......
ကျွန်တော်အရမ်းတုန်လှုပ်မိတယ်.......
ဒါက စာချုပ်တစ်ခုပါ ....ဒီအထဲမှာလည်း စာလုံးလေးတွေပဲ ရှိတာပါ....ဒါပေမဲ့ အဲ့စာလုံးလေးတွေက ကျွန်တော့်ကို သေအောင်
သတ်ပစ်နိုင်တယ်.....အသည်းနှလုံးကို မြားအစင်းတစ်ရာ ပစ်တာထက် ပိုနာကျင်တယ်......
မျက်ဝန်းမှ မျက်ရည်တွေကလည်း သတိမထားမိတဲ့
အချိန်မှာတင် တာကျိုးသလို လျှံကျလာတယ်.......
*ဘာအကြောင်းပြချက်များလဲ ကိုကိုရယ်......
ကျွန်တော် ကိုကို့အနားရှိမဲ့အချိန်လေးကို မစောင့်ပေးနိုင်တော့ဘူးလာ?.... ကျွန်တော် ထင်ခဲ့တာ ကိုကို ကျွန်တော့်ကို မချစ်ချင်တော့လို့
ထွက်သွားမယ် ဆိုရင်တောင် ဒီလောက်မြန်မှာ မဟုတ်ဘူးလို့လေ.....အခုတော့....
မျှော်လင့်ချက်တွေ ရေစုန်မျောပြီ ကိုကိုရာ........*
"ငိုနေတာလား ကလေး...."
"အင်း...."
"ဘာလို့လဲ?....."
"ပျော်လို့....."
"အော်!!...အင်းပါ
ကလေးပျော်ရင် ရပါပြီး....."
"ဒါနဲ့ ဘာစိတ်ကူးပေါက်ပြီး
ကွာရှင်းပေးတာလဲ ?........"
"အာ!!....အဲ့တာက ရီပေါ်ကို
ပျော်ရွှင်စေချင်တာရယ်.......
ပြီးတော့ ကိုကို နိုင်ငံခြားထွက်တော့မယ်ကလေး...... ဟိုမှာ ကိုကိုရဲ့ ဘဝသစ်ကို စတင်မယ်.......
ပြီးတော့ ဟိုမှာပဲနေတော့မယ်....
ရီပေါ်လည်း ပျော်ပါစေနော်.....
ပြီးတော့ ကိုကိုက အရမ်းချစ်တာနော်....." ဟုပြောရင်း အထုတ်အပိုးဆွဲကာ ထွက်သွားသော ကိုကို့ကို ကျွန်တော်မတားမိခဲ့ပါ။
မဟုတ်ဘူး.....ကျွန်တော် တားဖို့အခွင့်အရေးမရှိတော့တာ။
*ကိုကိုရယ်.....ပြောစရာစကားတွေ
မရှိတော့အောင်ကို ထားသွားခဲ့ပြီလား?......
ဒီလူ့ရင်ထဲမှာ ခံစားချက်တွေ ၊ပြောချင်တဲ့ စကားလုံးတွေက ဒီရင်ထဲမှာ တစ်နင့်တစ်ပိုးကြီးပါ
ကိုကိုရာ.......*