"ရီေပၚ!....
ဘယ္သြားၾကမလို႔လဲ?....."
"ခင္ဗ်ားအပူမပါဘူး !!..."
"အာ!.....အမ္းပါ
ဒါဆိုရင္လည္း ေစာေစာျပန္လာခဲ့ပါေနာ္.....
ညက်ရင္ ရီေပၚတို႔စားဖို႔ ကိုကိုဟင္းေတြခ်က္ထားမယ္......"
"မလိုဘူး...."
"ဘာလို႔လဲဟင္?.....ကိုကို႔လက္ရာ
မႀကိဳက္လို႔လား?.....ဒါဆိုရင္ ကိုကို သြားဝယ္....."
"မလိုပါဘူးဆို !!......
ဒီည ကိုကိုနဲ႔ ကလပ္ သြားမလို႔ ....ဒါေၾကာင့္
အိမ္မွာထမင္းျပန္ မစားေတာ့တာ ....."
"ဒါဆိုလည္း.....အိမ္ကို ေစာေစာျပန္လာေပးပါလားဟင္?...."
"က်စ္!!!....ေရွာင္က်န႔္
ခင္ဗ်ား က်ဳပ္ကိုလိုက္ခ်ဳပ္ျခယ္မေနနဲ႔........
ရီးစားနဲ႔ ေပ်ာ္ခ်င္လို႔ ကလပ္သြားပါတယ္ဆိုမွ
အိမ္ကို ေစာေစာျပန္လာခိုင္းေနတယ္.....
ခင္ဗ်ား ရူးေနတာလား?!...ဒါမွမဟုတ္
ဦးေနွာက္မရိွတာလား....?!."ဟု ေျပာရင္း ေရွာင္က်န႔္၏ နားထင္ေလးအား ရီေပၚကလက္ညိုးေလးထိုးကာ စိတ္ပ်က္ေသာ ေလသံျဖင့္ ေျပာလိုက္ေလသည္။
ထို႔ေနာက္ မ်က္ရည္မ်ားေဝ့သီလာေသာ ေရွာင္က်န႔္၏ မ်က္ဝန္းမ်ားအား ေက်ာခိုင္း၍ အိမ္ျပင္သို႔ လွၫ့္ထြက္လာခဲ့ေလသည္။
* နာက်င္တယ္ !.....ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ေၾကာင့္ ငိုေနတာကို ျမင္ရတဲ့အခါ......
ႏွလံုးသားက အရမ္းနာက်င္ရတယ္..........
ဒါေပမဲ့ ....ကိုကို...ကြၽန္ေတာ့္ကို အခ်ိန္ခဏေလးေတာ့ ေစာင့္ေပးမယ္ မလားဟင္?......ကြၽန္ေတာ္ ကံၾကမၼာကို ယံုၾကည္ၿပီး ကိုကို႔နားမွာေနဖို႔ သတၲိမရိွေသးလို႔ပါ.....*
*ကိုယ့္ကို မထားခဲ့ပါနဲ႔ ရီေပၚ......
တစ္ခ်ိန္က အခ်စ္ကိုေသခ်ာ နားမလည္ေသးလို႔
ရီေပၚရဲ့ အခ်စ္ကို ပ်က္ရယ္ျပဳခဲ့တယ္.....
ရီေပၚရဲ့ စကားမ်ားကို ဝတ္ေက်တန္ေက် သေဘာျဖင့္သာ နားေထာင္ခဲ့တယ္.....
အခုေတာ့ ကိုယ္ဝဋ္လည္ေနၿပီ ထင္ပါရဲ့......
"ကိုကိုသာ ကြၽန္ေတာ့္ဘဝမွာ မရိွေတာ့ရင္
ကြၽန္ေတာ္ ရူးသြားလိမ့္မယ္" ဆိုတဲ့ အဲ့ဒီစကားေလးကို
အစက ေပါ့ေပါ့ေလးေတြးခဲ့ေပမဲ့ တစ္ကယ္ခံစားရတဲ့အခါ ရင္ဘတ္ထဲမွာ
အသက္ရႈရခက္ၿပီး မြန္းၾကပ္လာခဲ့တယ္ ....
ဟုတ္တယ္....ကိုကို႔ရဲ့ ဘဝမွာလည္း ရီေပၚသာမရိွေတာ့ရင္
ကိုကို ရူးသြားလိမ့္မယ္....မဟုတ္ဘူး!....
ေသပါေသသြားလိမ့္မယ္.....*
......................................................................
အသံမ်ားဆူညံစြာ ႏွင့္ မီးေရာင္စံုမ်ားလင္းေနေသာ
ကလပ္ထဲသို႔ ရီေပၚႏွင့္ ဝမ္ေခ်ာင္တို႔ႏွစ္ေယာက္သား
ဝင္သြားၾကေလသည္။ထို့ေနာက္တြင္မူ ဝမ္ေခ်ာင္ႏွင့္
ရီေပၚတို႔ ဆင္တူဝတ္စံုျဖစ္ေသာ အက်ီျဖဴရွပ္ေလးႏွင့္ စတိုင္ေဘာင္းဘီကို ဝတ္ဆင္ၿပီး စားပြဲထိုး အလုပ္ကို စတင္ခဲ့ၾကေလသည္။အလုပ္လုပ္ျပီး 2နာရီေလာက္အျကာတြင္ မန္ေနဂ်ာထံမွ dancer
ကတတ္ေသာ ဝန္ထမ္းတစ္ဦးအလို ရိွသည္ဟု ေၾကျငာၿပီး လစာလည္းပိုရမည္ဟု ေျပာလာေသာေၾကာင့္ ရီေပၚတစ္ေယာက္ မန္ေနဂ်ာအနားသို႔သြား၍ dancer သမားလုပ္ခ်င္ေၾကာင္း ေျပာခဲ့သည္။
ဝမ္ေခ်ာင္ကေတာ့ ရီေပၚ dancer ကတက္တာ သိေသာ္လည္း ေရာဂါအေျခအေနေၾကာင့္
ရ္ီေပၚအက ကမည္ကို သိပ္၍အားမေပး။ သို႔ေသာ္လည္း မကန႔္ကြက္။ အေၾကာင္းမွာ ရီေပၚစိတ္ခ်မ္းသာေစရန္ဟူေသာ
အေၾကာင္းျဖင့္ ေလ်ာ္ထားရျခင္းျဖစ္သည္။
"ရီေပၚ!....မင္းကႏိုင္ပါ့မလား ?...
ေတာ္ၾကာ ေရာဂါ အေျခအေနဆိုးသြားဦးမယ္ ....."
"အာ !...ေကာကလည္း ဘာမွမျဖစ္ေလာက္ပါဘူး....
ပိုက္ဆံလည္း ပိုရမယ့္ဟာကို ၿပီးရင္ ကြၽန္ေတာ္လည္းကတတ္ေနတာပဲေလ...."
"အင္း.....ဒါေပမဲ့ မင္းမွ အေမာမခံႏိုင္တာ ...."
"အာ !....ဘာမွ မျဖစ္ပါဘူးဆို.... ေကာကလည္း
စိတ္မပူနဲ႔ေတာ့ .....ကြၽန္ေတာ္အဆင္ေျပတယ္ ...."
ဟု ေျပာကာ ကေလးငယ္တစ္ေယာက္ သဖြယ္ျဖဴစင္စြာ ၿပံဳးျပေနေသာ ရီေပၚေၾကာင့္ ဝမ္ေခ်ာင္တစ္ေယာက္ ဘာမွ မေျပာႏိုင္ေတာ့ေပ။
.
.
.
.
12 PM............
ေပါက္!..ေပါက္!...ေတာက္!....ရႊဲ!.....ဝုန္း!...
ရီေပၚတို႔ အိမ္ျပန္ရန္ ကလပ္အေပါက္ဝတြင္ ရပ္ေနတုန္း မိုးကသည္းႀကီးမည္းႀကီး ရြာခ်ေနေသာေၾကာင့္ အိမ္ျပန္ရန္ မိုးစဲလာမၫ့္အခ်ိန္ကို ေစာင့္ေနျခင္းျဖစ္သည္။
"ရီေပၚ !.......မိုးေတြရြာေနတာ
အႀကီးအက်ယ္ပဲ.......မိုးႀကိဳးေတြေတာင္
ပစ္ေနတယ္ကြ!...."
"အင္း!.....ဟုတ္တယ္
ကြၽန္ေတာ္ ကိုကို႔ကို စိတ္ပူတယ္
အိမ္မွာ ကိုကိုတစ္ေယာက္ထဲ အဆင္မွေျပပါ့မလား
မသိဘူး....."
"သူ႔ကိုခ်ည္း ပူမေနနဲ႔.....
မင္းကိုယ္မင္းလည္း ပူဦး.....
ဟိုက ကေလးမဟုတ္ဘူး.....မင္းမရိွလည္း အသစ္နဲ႔
ေပ်ာ္ရင္ ေပ်ာ္ေနမွာ ...." ဟူေသာ ဝမ္ေခ်ာင္းရဲ့ စကားေၾကာင့္ ရီေပၚ၏မ်က္နွာ ခ်က္ခ်င္းေျပာင္းလဲ
သြားေလသည္။ထိုအခါမွ ဝမ္ေခ်ာင္ မိမိ၏စကားက်ြံသြားျပီးဆိုတာ သတိထားမိ၍
ေျဖရွင္းခ်က္ေပးမည္ လုပ္ေတာ့ မမွီေတာ့ေခ်။
ရီေပၚ၏ မ်က္ဝန္းမ်ားတြင္ မ်က္ရည္မ်ား ေဝ့သီလာၿပီး ရွည္လ်ားေသာ သက္ျပင္းေလးတစ္ခ်က္ကို ခ်လိုက္ေလသည္။ထို့ေနာက္ မိုးစက္ေလးမ်ားကို လက္ဖမိုးေလးျဖင့္ ခံယူကာ ကေလးတစ္ေယာက္လို ေစာင့္ေၾကာင့္ထိုင္လ်ွက္..........
"ဟုတ္တယ္ ! ....ကြၽန္ေတာ္ မရိွေတာ့ရင္
ကိုကို လည္းအျခားတစ္ေယာက္နဲ႔ ေပ်ာ္ရင္ေပ်ာ္ေနမွာ .....အဲ့တာက ပိုေကာင္းပါတယ္....... အဲ့လိုပဲ ျဖစ္သင့္ပါတယ္.....
ေပ်ာက္ေသာသူ ရွာလ်ွင္ေတြ ့ ၊
ေသေသာသူ ၾကာရင္ေမ့တဲ့.....အခ်ိန္ၾကာလာလို႔ ကြၽန္ေတာ့္ကို ေမ့သြားခဲ့မယ္ဆိုလည္း ကြၽန္ေတာ္သူ႔ကို အျပစ္မတင္ရက္ပါဘူး.......
ဘာလို႔ဆို သူက်ြန္ေတာ့္ကို ေမ့မသြားေအာင္ သူ႔အနားမွ ကြၽန္ေတာ္မွ မေနေပးႏိုင္ခဲ့တာကို......"ဟု
ေျပာရင္း ၿငိမ္သက္သြားေသာ ရီေပၚကို....ဝမ္ေခ်ာင္က........
"ေတာ္ေတာ့ !...ရီေပၚ မဟုတ္တာေတြ မေတြးနဲ႔ေတာ့ မင္းလည္းေသမွာမဟုတ္သလို သူလည္းအသစ္ေတြ႕မွာ မဟုတ္ပါဘူး.......
မင္းကို သူခ်စ္တဲ့ အခ်စ္ေတြငါမျမင္ရေပမဲ့ ခံစားလို႔ရပါတယ္ကြာ!....အဲ့တာေၾကာင့္
ေသမဲ့ကိစၥေတြ ဘာေတြမေျပာနဲ႔ေတာ့ ဟုတ္ၿပီလား?..."
"အင္းပါ....."
"မိုးနည္းနည္းစဲေနၿပီး....အိမ္ျပန္ရေအာင္......"
"အင္း......"
ရီေပၚတို႔ႏွစ္ေယာက္ မိုးအနည္းငယ္စဲလာေသာအခါ
တကၠဆီကားေလး ငွား၍အိမ္သျို႔ပန္လာချဲ့ကသည္။
အိမ္သို့ျပန္ေရာက္ေသာအခါ တစ္အိမ္လံုးေမွာင္မဲ၍ မီးပ်က္ေနေသာေၾကာင့္ မည္သၫ့္အရာမွ ေသခ်ာမျမင္ရေခ်။ အခ်ိန္က မနက္၃နာရီေလာက္ ရိွေနၿပီျဖစ္၍ ရီေပၚတို႔လည္း ေရွာင္က်န႔္ႏိုးသြားမွာ စိုးတာေၾကာင့္ အခန္းထဲသို႔ အျမန္ဝင္ခဲ့ၾကေလသည္။ထို့ေနာက္ ႏွစ္ေယာက္သား စိုေနေသာ အဝတ္အစားမ်ားကိုလဲ၍ အိပ္ယာဝင္ခဲ့ၾကသည္။
*Goodnight ပါ ကိုကို.....
ကြၽန္ေတာ္ ကိုကို႔ကို အရမ္းခ်စ္တယ္ေနာ္....
ကြၽန္ေတာ့္ အိမ္မက္ထဲကို အလည္လာခဲ့ေပးပါလား....*
ထိုညက ခ်စ္ရသူကို အိမ္မက္ထဲလာဖို႔ ေတာင္းဆိုတဲ့
ေကာင္ေလးနဲ႔ မိုးေတြက တအားႀကီးတာေၾကာင့္ ခ်စ္ရသူေလးကို စိုးရိမ္တႀကီးႏွင့္ ေမ်ွာ္ေနကာ တံခါးအဝနားမွာပဲ အိပ္ေပ်ာ္သြားေသာ ေကာင္ေလးလည္း ရိွခဲ့သည္။
...............................................................
မနက္ မိုးလင္းေတာ့ ေနေရာင္ျခည္ႏုႏုေလးက ရီေပၚ၏ပါးျပင္ေပါ္သို့ က်ေရာက္ေနျခင္းေၾကာင့္ ရီေပၚအိပ္ရာမွ ႏိုးလာခဲ့သည္။ ႏိုးႏိုးခ်င္း မီးဖိုေခ်ာင္ထဲမွ ထြက္လာေသာဟင္းနံ႔မ်ားက
ရီေပၚ၏စားခ်င္စိတ္ကို ဆြဲေဆာင္ေနေသာေၾကာင့္
ရီေပၚမီးဖိုေခ်ာင္ထဲသို႔ အေျပးဝင္ကာ ဟင္းအိုးထဲမွ
အသားမ်ားကို ႏိႈက္ျမၫ့္ၾကၫ့္ေလသည္။
ဟင္းခိုးစားေနစဉ္ အေနာက္မွေျခသံမ်ားၾကားကာ
လွည့္ၾကၫ့္မည္အလုပ္ မီးဖိုေပၚတြင္ တင္ထားေသာ
ဟင္းအိုးေလးအား လက္ျဖင့္ရမ္း မိေသာေၾကာင့္ ရီေပၚ၏ေျခေထာက္ေပၚသို႔ ဟင္းအိုးက်ကာ အပူေလာင္သြားေလသည္။ထိုအခါ ေရွာင္က်န႔္တစ္ေယာက္ ရီေပၚအား
အျမန္ေပြ ့ခ်ီလ်ွက္ အခန္းထဲတြင္ ရိွေနေသာ
ေရခ်ိဳးခန္းထဲသို႔ ေခၚသြားေလသည္။
ေရခ်ိဳးခန္းထဲသို႔ ေရာက္ေသာအခါ.....ေရွာင္က်န႔္က ရီေပၚေျခေထာက္ေလးအား ေရေသခ်ာစိမ္ေပးၿပီး
အိပ္ယာေပၚသို႔ ျပန္ေပြ ့လာကာ ေဆးထၫ့္ေပးေလသည္။ ေဆးထၫ့္စဉ္အတြင္း
ရီေပၚ၏ေျခေထာက္က တစ္ခ်က္တစ္ခ်က္ တြန႔္တြန႔္သြားေသာေၾကာင့္ ေရွာင္က်န႔္က ရီေပၚေျခေထာက္ေလးအား ႏႈတ္ခမ္းတေထာ္ေထာ္ျဖင့္ ေလ မႈတ္ေပးေနေလသည္။
ရီေပၚတစ္ေယာက္ မိမိေျခေထာက္ေလးအား ေသခ်ာဂရုစိုက္၍ ေလမႈတ္ေပးေနေသာ ေရွာင္က်န႔္၏ ႏႈတ္ခမ္းမ်ားကိုၾကၫ့္ရင္း အာေခါင္ပင္ေျခာက္လာေလသည္။
ဂလု.....
*ကိုကို႔ႏႈတ္ခမ္းေတြက ဒီေန့မွ ပိုဆြဲေဆာင္မႈ ရိွေနသလိုပဲ ကိုကို႔ႏႈတ္ခမ္းသားေတြကို
ထိေတြ ့ခ်င္လိုက္တာ !...မျဖစ္ဘူး....!!
မျဖစ္ဘူး!.!....အဲ့လိုလုပ္လိုက္ရင္ ကိုကို႔အတြက္လည္း သံေယာဇဉ္မျပတ္ႏိုင္သလို.....
ငါလည္း......*ရီေပၚအေတြးမဆံုးေသး.....
ရီေပၚ၏ ႏႈတ္ခမ္းသားမ်ားကာ ေရွာင္က်န႔္၏ ႏႈတ္ခမ္းသားမ်ားႏွင့္ ထပ္တူက်သြားျပီ ျဖစ္သည္။
ထိုအေျခအေနကို ေၾကာင္ၿပီးၾကၫ့္ကာ အနမ္းမ်ားကို မျငင္းပယ္ေသာ ေရွာင္က်န႔္၏ ပံုစံေလးက ရီေပၚစိတ္ထဲတြင္ ယုန္သူငယ္ေလးအတိုင္းပင္ ျဖစ္ေနေလသည္။
[Unicode]
"ရီပေါ်!....
ဘယ်သွားကြမလို့လဲ?....."
"ခင်ဗျားအပူမပါဘူး !!..."
"အာ!.....အမ်းပါ
ဒါဆိုရင်လည်း စောစောပြန်လာခဲ့ပါနော်.....
ညကျရင် ရီပေါ်တို့စားဖို့ ကိုကိုဟင်းတွေချက်ထားမယ်......"
"မလိုဘူး...."
"ဘာလို့လဲဟင်?.....ကိုကို့လက်ရာ
မကြိုက်လို့လား?.....ဒါဆိုရင် ကိုကို သွားဝယ်....."
"မလိုပါဘူးဆို !!......
ဒီည ကိုကိုနဲ့ ကလပ် သွားမလို့ ....ဒါကြောင့်
အိမ်မှာထမင်းပြန် မစားတော့တာ ....."
"ဒါဆိုလည်း.....အိမ်ကို စောစောပြန်လာပေးပါလားဟင်?...."
"ကျစ်!!!....ရှောင်ကျန့်
ခင်ဗျား ကျုပ်ကိုလိုက်ချုပ်ခြယ်မနေနဲ့........
ရီးစားနဲ့ ပျော်ချင်လို့ ကလပ်သွားပါတယ်ဆိုမှ
အိမ်ကို စောစောပြန်လာခိုင်းနေတယ်.....
ခင်ဗျား ရူးနေတာလား?!...ဒါမှမဟုတ်
ဦးနှောက်မရှိတာလား....?!."ဟု ပြောရင်း ရှောင်ကျန့်၏ နားထင်လေးအား ရီပေါ်ကလက်ညိုးလေးထိုးကာ စိတ်ပျက်သော လေသံဖြင့် ပြောလိုက်လေသည်။
ထို့နောက် မျက်ရည်များဝေ့သီလာသော ရှောင်ကျန့်၏ မျက်ဝန်းများအား ကျောခိုင်း၍ အိမ်ပြင်သို့ လှည့်ထွက်လာခဲ့လေသည်။
* နာကျင်တယ် !.....ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကြောင့် ငိုနေတာကို မြင်ရတဲ့အခါ......
နှလုံးသားက အရမ်းနာကျင်ရတယ်..........
ဒါပေမဲ့ ....ကိုကို...ကျွန်တော့်ကို အချိန်ခဏလေးတော့ စောင့်ပေးမယ် မလားဟင်?......ကျွန်တော် ကံကြမ္မာကို ယုံကြည်ပြီး ကိုကို့နားမှာနေဖို့ သတ္တိမရှိသေးလို့ပါ.....*
*ကိုယ့်ကို မထားခဲ့ပါနဲ့ ရီပေါ်......
တစ်ချိန်က အချစ်ကိုသေချာ နားမလည်သေးလို့
ရီပေါ်ရဲ့ အချစ်ကို ပျက်ရယ်ပြုခဲ့တယ်.....
ရီပေါ်ရဲ့ စကားများကို ဝတ်ကျေတန်ကျေ သဘောဖြင့်သာ နားထောင်ခဲ့တယ်.....
အခုတော့ ကိုယ်ဝဋ်လည်နေပြီ ထင်ပါရဲ့......
"ကိုကိုသာ ကျွန်တော့်ဘဝမှာ မရှိတော့ရင်
ကျွန်တော် ရူးသွားလိမ့်မယ်" ဆိုတဲ့ အဲ့ဒီစကားလေးကို
အစက ပေါ့ပေါ့လေးတွေးခဲ့ပေမဲ့ တစ်ကယ်ခံစားရတဲ့အခါ ရင်ဘတ်ထဲမှာ
အသက်ရှုရခက်ပြီး မွန်းကြပ်လာခဲ့တယ် ....
ဟုတ်တယ်....ကိုကို့ရဲ့ ဘဝမှာလည်း ရီပေါ်သာမရှိတော့ရင်
ကိုကို ရူးသွားလိမ့်မယ်....မဟုတ်ဘူး!....
သေပါသေသွားလိမ့်မယ်.....*
......................................................................
အသံများဆူညံစွာ နှင့် မီးရောင်စုံများလင်းနေသော
ကလပ်ထဲသို့ ရီပေါ်နှင့် ဝမ်ချောင်တို့နှစ်ယောက်သား
ဝင်သွားကြလေသည်။ထို့နောက်တွင်မူ ဝမ်ချောင်နှင့်
ရီပေါ်တို့ ဆင်တူဝတ်စုံဖြစ်သော အကျီဖြူရှပ်လေးနှင့် စတိုင်ဘောင်းဘီကို ဝတ်ဆင်ပြီး စားပွဲထိုး အလုပ်ကို စတင်ခဲ့ကြလေသည်။အလုပ်လုပ်ပြီး 2နာရီလောက်အကြာတွင် မန်နေဂျာထံမှ dancer
ကတတ်သော ဝန်ထမ်းတစ်ဦးအလို ရှိသည်ဟု ကြေငြာပြီး လစာလည်းပိုရမည်ဟု ပြောလာသောကြောင့် ရီပေါ်တစ်ယောက် မန်နေဂျာအနားသို့သွား၍ dancer သမားလုပ်ချင်ကြောင်း ပြောခဲ့သည်။
ဝမ်ချောင်ကတော့ ရီပေါ် dancer ကတက်တာ သိသော်လည်း ရောဂါအခြေအနေကြောင့်
ရ်ီပေါ်အက ကမည်ကို သိပ်၍အားမပေး။ သို့သော်လည်း မကန့်ကွက်။ အကြောင်းမှာ ရီပေါ်စိတ်ချမ်းသာစေရန်ဟူသော
အကြောင်းဖြင့် လျော်ထားရခြင်းဖြစ်သည်။
"ရီပေါ်!....မင်းကနိုင်ပါ့မလား ?...
တော်ကြာ ရောဂါ အခြေအနေဆိုးသွားဦးမယ် ....."
"အာ !...ကောကလည်း ဘာမှမဖြစ်လောက်ပါဘူး....
ပိုက်ဆံလည်း ပိုရမယ့်ဟာကို ပြီးရင် ကျွန်တော်လည်းကတတ်နေတာပဲလေ...."
"အင်း.....ဒါပေမဲ့ မင်းမှ အမောမခံနိုင်တာ ...."
"အာ !....ဘာမှ မဖြစ်ပါဘူးဆို.... ကောကလည်း
စိတ်မပူနဲ့တော့ .....ကျွန်တော်အဆင်ပြေတယ် ...."
ဟု ပြောကာ ကလေးငယ်တစ်ယောက် သဖွယ်ဖြူစင်စွာ ပြုံးပြနေသော ရီပေါ်ကြောင့် ဝမ်ချောင်တစ်ယောက် ဘာမှ မပြောနိုင်တော့ပေ။
.
.
.
.
12 PM............
ပေါက်!..ပေါက်!...တောက်!....ရွှဲ!.....ဝုန်း!...
ရီပေါ်တို့ အိမ်ပြန်ရန် ကလပ်အပေါက်ဝတွင် ရပ်နေတုန်း မိုးကသည်းကြီးမည်းကြီး ရွာချနေသောကြောင့် အိမ်ပြန်ရန် မိုးစဲလာမည့်အချိန်ကို စောင့်နေခြင်းဖြစ်သည်။
"ရီပေါ် !.......မိုးတွေရွာနေတာ
အကြီးအကျယ်ပဲ.......မိုးကြိုးတွေတောင်
ပစ်နေတယ်ကွ!...."
"အင်း!.....ဟုတ်တယ်
ကျွန်တော် ကိုကို့ကို စိတ်ပူတယ်
အိမ်မှာ ကိုကိုတစ်ယောက်ထဲ အဆင်မှပြေပါ့မလား
မသိဘူး....."
"သူ့ကိုချည်း ပူမနေနဲ့.....
မင်းကိုယ်မင်းလည်း ပူဦး.....
ဟိုက ကလေးမဟုတ်ဘူး.....မင်းမရှိလည်း အသစ်နဲ့
ပျော်ရင် ပျော်နေမှာ ...." ဟူသော ဝမ်ချောင်းရဲ့ စကားကြောင့် ရီပေါ်၏မျက်နှာ ချက်ချင်းပြောင်းလဲ
သွားလေသည်။ထိုအခါမှ ဝမ်ချောင် မိမိ၏စကားကျွံသွားပြီးဆိုတာ သတိထားမိ၍
ဖြေရှင်းချက်ပေးမည် လုပ်တော့ မမှီတော့ချေ။
ရီပေါ်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝေ့သီလာပြီး ရှည်လျားသော သက်ပြင်းလေးတစ်ချက်ကို ချလိုက်လေသည်။ထို့နောက် မိုးစက်လေးများကို လက်ဖမိုးလေးဖြင့် ခံယူကာ ကလေးတစ်ယောက်လို စောင့်ကြောင့်ထိုင်လျှက်..........
"ဟုတ်တယ် ! ....ကျွန်တော် မရှိတော့ရင်
ကိုကို လည်းအခြားတစ်ယောက်နဲ့ ပျော်ရင်ပျော်နေမှာ .....အဲ့တာက ပိုကောင်းပါတယ်....... အဲ့လိုပဲ ဖြစ်သင့်ပါတယ်.....
ပျောက်သောသူ ရှာလျှင်တွေ့ ၊
သေသောသူ ကြာရင်မေ့တဲ့.....အချိန်ကြာလာလို့ ကျွန်တော့်ကို မေ့သွားခဲ့မယ်ဆိုလည်း ကျွန်တော်သူ့ကို အပြစ်မတင်ရက်ပါဘူး.......
ဘာလို့ဆို သူကျွန်တော့်ကို မေ့မသွားအောင် သူ့အနားမှ ကျွန်တော်မှ မနေပေးနိုင်ခဲ့တာကို......"ဟု
ပြောရင်း ငြိမ်သက်သွားသော ရီပေါ်ကို....ဝမ်ချောင်က........
"တော်တော့ !...ရီပေါ် မဟုတ်တာတွေ မတွေးနဲ့တော့ မင်းလည်းသေမှာမဟုတ်သလို သူလည်းအသစ်တေွ့မှာ မဟုတ်ပါဘူး.......
မင်းကို သူချစ်တဲ့ အချစ်တွေငါမမြင်ရပေမဲ့ ခံစားလို့ရပါတယ်ကွာ!....အဲ့တာကြောင့်
သေမဲ့ကိစ္စတွေ ဘာတွေမပြောနဲ့တော့ ဟုတ်ပြီလား?..."
"အင်းပါ....."
"မိုးနည်းနည်းစဲနေပြီး....အိမ်ပြန်ရအောင်......"
"အင်း......"
ရီပေါ်တို့နှစ်ယောက် မိုးအနည်းငယ်စဲလာသောအခါ
တက္ကဆီကားလေး ငှား၍အိမ်သြို့ပန်လာခြဲ့ကသည်။
အိမ်သို့ပြန်ရောက်သောအခါ တစ်အိမ်လုံးမှောင်မဲ၍ မီးပျက်နေသောကြောင့် မည်သည့်အရာမှ သေချာမမြင်ရချေ။ အချိန်က မနက်၃နာရီလောက် ရှိနေပြီဖြစ်၍ ရီပေါ်တို့လည်း ရှောင်ကျန့်နိုးသွားမှာ စိုးတာကြောင့် အခန်းထဲသို့ အမြန်ဝင်ခဲ့ကြလေသည်။ထို့နောက် နှစ်ယောက်သား စိုနေသော အဝတ်အစားများကိုလဲ၍ အိပ်ယာဝင်ခဲ့ကြသည်။
*Goodnight ပါ ကိုကို.....
ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ်နော်....
ကျွန်တော့် အိမ်မက်ထဲကို အလည်လာခဲ့ပေးပါလား....*
ထိုညက ချစ်ရသူကို အိမ်မက်ထဲလာဖို့ တောင်းဆိုတဲ့
ကောင်လေးနဲ့ မိုးတွေက တအားကြီးတာကြောင့် ချစ်ရသူလေးကို စိုးရိမ်တကြီးနှင့် မျှော်နေကာ တံခါးအဝနားမှာပဲ အိပ်ပျော်သွားသော ကောင်လေးလည်း ရှိခဲ့သည်။
...............................................................
မနက် မိုးလင်းတော့ နေရောင်ခြည်နုနုလေးက ရီပေါ်၏ပါးပြင်ပေါ်သို့ ကျရောက်နေခြင်းကြောင့် ရီပေါ်အိပ်ရာမှ နိုးလာခဲ့သည်။ နိုးနိုးချင်း မီးဖိုချောင်ထဲမှ ထွက်လာသောဟင်းနံ့များက
ရီပေါ်၏စားချင်စိတ်ကို ဆွဲဆောင်နေသောကြောင့်
ရီပေါ်မီးဖိုချောင်ထဲသို့ အပြေးဝင်ကာ ဟင်းအိုးထဲမှ
အသားများကို နှိုက်မြည့်ကြည့်လေသည်။
ဟင်းခိုးစားနေစဉ် အနောက်မှခြေသံများကြားကာ
လှည့်ကြည့်မည်အလုပ် မီးဖိုပေါ်တွင် တင်ထားသော
ဟင်းအိုးလေးအား လက်ဖြင့်ရမ်း မိသောကြောင့် ရီပေါ်၏ခြေထောက်ပေါ်သို့ ဟင်းအိုးကျကာ အပူလောင်သွားလေသည်။ထိုအခါ ရှောင်ကျန့်တစ်ယောက် ရီပေါ်အား
အမြန်ပွေ့ချီလျှက် အခန်းထဲတွင် ရှိနေသော
ရေချိုးခန်းထဲသို့ ခေါ်သွားလေသည်။
ရေချိုးခန်းထဲသို့ ရောက်သောအခါ.....ရှောင်ကျန့်က ရီပေါ်ခြေထောက်လေးအား ရေသေချာစိမ်ပေးပြီး
အိပ်ယာပေါ်သို့ ပြန်ပွေ့လာကာ ဆေးထည့်ပေးလေသည်။ ဆေးထည့်စဉ်အတွင်း
ရီပေါ်၏ခြေထောက်က တစ်ချက်တစ်ချက် တွန့်တွန့်သွားသောကြောင့် ရှောင်ကျန့်က ရီပေါ်ခြေထောက်လေးအား နှုတ်ခမ်းတထော်ထော်ဖြင့် လေ မှုတ်ပေးနေလေသည်။
ရီပေါ်တစ်ယောက် မိမိခြေထောက်လေးအား သေချာဂရုစိုက်၍ လေမှုတ်ပေးနေသော ရှောင်ကျန့်၏ နှုတ်ခမ်းများကိုကြည့်ရင်း အာခေါင်ပင်ခြောက်လာလေသည်။
ဂလု.....
*ကိုကို့နှုတ်ခမ်းတွေက ဒီနေ့မှ ပိုဆွဲဆောင်မှု ရှိနေသလိုပဲ ကိုကို့နှုတ်ခမ်းသားတွေကို
ထိတွေ့ချင်လိုက်တာ !...မဖြစ်ဘူး....!!
မဖြစ်ဘူး!.!....အဲ့လိုလုပ်လိုက်ရင် ကိုကို့အတွက်လည်း သံယောဇဉ်မပြတ်နိုင်သလို.....
ငါလည်း......*ရီပေါ်အတွေးမဆုံးသေး.....
ရီပေါ်၏ နှုတ်ခမ်းသားများကာ ရှောင်ကျန့်၏ နှုတ်ခမ်းသားများနှင့် ထပ်တူကျသွားပြီ ဖြစ်သည်။
ထိုအခြေအနေကို ကြောင်ပြီးကြည့်ကာ အနမ်းများကို မငြင်းပယ်သော ရှောင်ကျန့်၏ ပုံစံလေးက ရီပေါ်စိတ်ထဲတွင် ယုန်သူငယ်လေးအတိုင်းပင် ဖြစ်နေလေသည်။