ဘာလိုလိုနဲ႔ ကြၽန္ေတာ္နဲ႔ ေကာင္မေလးလက္ထက္ထားတာ သံုးလေတာင္
ျပၫ့္သြားခဲ့ၿပီ။ဒါေပမဲ့ ကြၽန္ေတာ္တို႔က မွားယြင္းမႈတစ္ခုေၾကာင့္ အမည္ခံသက္သက္သာ လက္ထက္ထားၾကၿပီး ကြၽန္ေတာ္ကေတာ့ သူ႔အေပၚ အျခားဘာစိတ္မွ မရိွေပ။ ေကာင္မေလးဘက္ေတာ့ ကြၽန္ေတာ့္ကို ဂရုစိုက္သည္။မယား တာဝန္ေက်သည္။ တစ္ခါတစ္ရံ ကြၽန္ေတာ့္ကို အရမ္းခ်စ္တယ္လို႔ ေျပာတတ္ေသးသည္။ သူက ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ေျပာေလေလ ကြၽန္ေတာ္က ခ်စ္ရသူရီေပၚကိုသာ ပိုအားနာမိေလ ျဖစ္ခဲ့ရသည္။ စဉ္းစားၾကၫ့္ရင္ ကြၽန္ေတာ္ အျခားတစ္ေယာက္ကို ခ်စ္တုန္းကလည္း သူလက္ခံေပးခဲ့တယ္ ၊က်ြန္ေတာ္ အျခားသူနဲ႔ မွားယြင္းမိေတာ့လည္း လက္လႊတ္ေပးခဲ့တယ္ ၊ ေနာက္ဆံုးသူ႔ကို ျပန္လာေပးပါလို႔ ေျပာေတာ့လည္း
မၿငိဳျငင္ဘဲ ကြၽန္ေတာ့္အနားကို ျပန္လာေပးခဲ့ၿပီး....
ေနာက္ဆံုး ေကာင္မေလးတစ္ေယာက္နဲ႔ မွားမိလို႔
လက္ထက္ခဲ့ရတာေတာင္ ကြၽန္ေတာ့္ကို ေကာင္မေလးမသိေအာင္ ညတိုင္းလာ
ေတြ႕ေပးခဲ့တယ္.......
ဒါေတြေၾကာင့္ ကြၽန္ေတာ္က သူ႔အခ်စ္နဲ႔မတန္ဘူး ဆိုတာကို ပိုပိုသိလာခဲ့တယ္.....ပိုပိုသိလာတာနဲ႔အမ်ွ ကြၽန္ေတာ္သူ႔ကို ပိုပိုခ်စ္မိလာတယ္.....ၿပီးေတာ့ ပိုပိုၿပီးေတာ့ ပိုင္ဆိုင္ခ်င္လာခဲ့တယ္....... ဒါသူ႔အတြက္ တရားပါ့မလားဟင္?.......
....................................................................
ေပါက္!...
ေပါက္!.....ေတာက္!.....ေတာက္!....
"ဟူး!....မိုးေတြကလည္း ထီးမပါတဲ့ေန့မွ ရြာလိုက္တာကြာ.....အခု အိမ္ကိုဘယ္လိုျပန္ရပါ့မလဲ?....." ဟု ရီေပၚတစ္ေယာက္ ကုန္တိုက္မွ ေဈးဝယ္ၿပီးအျပန္ မိုးတအားရြာေနေသာေၾကာင့္ ဘယ္လိုနည္းႏွင့္ျပန္ရမလဲ စဉ္းစားေနတုန္း.....
ေရွာင္က်န႔္ကို သတိရေသာေၾကာင့္......
လာႀကိဳခိုင္းရန္ ဖုန္းဆက္လိုက္ေလသည္။
ကလင္း....ကလင္း.....
"ေဝ.....ေရွာင္က်န႔္ ေျပာေနတယ္..."
"ေဝ....ကိုကို..."
"အင္း.....ေျပာ...."
"မိန္းမကို $&+ကုန္တိုက္မွာ လာႀကိဳေပးပါလား?...
မိုးေတြတအားရြာေနလို႔....ကားေတာင္ ငွားလို႔မရဘူး
ျဖစ္ေနတာ...."
"ဒါဆို bus ကား စီးၿပီးျပန္လာခဲ့ေလ....."
"......ဒါေပမဲ့ေလ...."
"ကိုကို ....မအားဘူး.....
ရံုးမွာ Project ေတြ တင္ျပေနရလို႔....."
"အာ!.....အဲ့ဆို ဒါပဲေနာ္ ကိုကို....
မိန္းမ အေရ႔ွမွာ ကားေတြ ့ၿပီး......
အိမ္ျပန္ေရာက္မွ ေတြ ့မယ္ေနာ္ ....." ဟု ေျပာကာ
ရီေပၚတစ္ေယာက္ ဖုန္းခ်လိုက္ေလသည္။
ရီေပၚတစ္ေယာက္ ေရွာင္က်န႔္အလုပ္ မ်ားေနတယ္ဆိုေသာေၾကာင့္........
ကားလာၿပီးဟု လိမ္လိုက္ျခင္းျဖစ္သည္။
ထို႔ေၾကာင့္ အခု ရီေပၚတစ္ေယာက္ ေရွာင္က်န႔္ေျပာသလိုပင္ bus ကားစီးၿပီးျပန္ရန္ အထုတ္မ်ားမႏိုင္မနင္းသယ္၍
ကုန္တိုက္ႏွင့္ အလွမ္းနည္းနည္းေဝးေသာ မွတ္တိုင္ဆီသို႔ ေျပးသြားလိုက္ေလသည္။ထို့ေနာက္ bus ကားေပၚသို့ ေရာက္ေသာ္အခါ ထိုင္ခံုမ်ားတြင္ လူမ်ားျပၫ့္ေနလ်ွက္ ရိွေသာေၾကာင့္ ရီေပၚတစ္ေယာက္ အဝတ္ေရစက္လက္ျဖင့္ အိမ္နားက မွတ္တိုင္ေရာက္သည္အထိ မတ္တပ္ရပ္ခဲ့ရေလသည္။ ရီေပၚစီးလာေသာ bus ကားေလး အိမ္နားကမွတ္တိုင္ေရာက္သည္အထိ မိုးမတိတ္ေသးေသာေၾကာင့္ ရီေပၚတစ္ေယာက္ မွတ္တိုင္မွ အိမ္သို႔ ေျပး၍ ျပန္ခဲ့ရေလသည္။ အိမ္ျပန္ေရာက္ေရာက္ခ်င္း ရီေပၚအက်ီမ်ားလဲလိုက္ေလသည္။ အက်ီလဲၿပီးေသာအခါ ရီေပၚ၏ ေခါင္းမ်ားအရမ္းကိုက္လာေသာေၾကာင့္ အိပ္ရာေပၚတြင္ ခဏအနားယူလိုက္ေလသည္။
နာရီအနည္းငယ္ၾကာေသာ အခါ ရီေပၚက ေရွာင္က်န႔္အတြက္ ညစာခ်က္ထားၿပီး အခန္းထဲတြင္ ဝင္၍ နားေနလိုက္ေလသည္။
ေရွာင္က်န႔္ျပန္လာေသာအခါ ေရမိုးခ်ိဳး၍ ထမင္းဆင္းစားေလသည္။ ခါတိုင္း ထမင္းစားေနလ်ွင္ အတူတူထိုင္စားတတ္ေသာသူက
ယခုေရွာင္က်န႔္ ထမင္းစားၿပီးခါနီးအခ်ိန္ထိ လာထြက္မၾကၫ့္ေသာေၾကာင့္ ေရွာင္က်န႔္ခဏတာ ေတြေဝသြားေလသည္။
"သူ ဘာျဖစ္ေနတာလဲ?...ထမင္းလည္း လာမစားဘူး......ငါ့ကိုလာမႀကိဳလို႔မ်ား စိတ္ေကာက္ေနတာလား?....အဲ့တာ ငါအလုပ္မ်ားေနတာကို....သူဒါေလးေတာင္ နားမလည္ဘူးလား?....အဲ့တာေပါ့ မိန္းမေတြက စိတ္ရႈပ္ဖို႔ေကာင္းတယ္.....ေကာက္ရင္လည္း ေကာက္ပါေစေတာ့ မနက္ေတြ ့မွပဲ ေသခ်ာရွင္းျပလိုက္ေတာ့မယ္..…...."ဟု ေျပာကာ အခန္းထဲသို႔ ဝင္သြားေလသည္။
ေရွာင္က်န႔္တစ္ေယာက္ ညစာ စားၿပီး၍ ....
အခန္းထဲတြင္ ရီေပၚအားေစာင့္ေနေလသည္။
အရင္က ၉နာရီ ထိုးခါနီးတြင္ ေရာက္ေရာက္လာ
တတ္ေသာ ရီေပၚက ဒီေန့မွ ၉နာရီေက်ာ္အထိ ေရာက္မလာခဲ့လို႔ ေရွာင္က်န႔္တစ္ေယာက္ စိတ္ပူမိသြားေလသည္။
၁၀နာရီ.....
၁၁နာရီ........
၁၂ နာရီ အထိ ေရွာင္က်န႔္ ေစာင့္ေနေသာ္လည္း ရီေပၚတစ္ေယာက္ ေပၚမလာ.....
ထို႔ေၾကာင့္ ေရွာင္က်န႔္လည္း စိတ္ေပါက္ေပါက္ႏွင့္ ကားေသာ့ယူကာ ရီေပၚအားသြားရွာမည္အလုပ္...
အခန္းတံခါးေလးအား ဖြင့္လိုက္ေသာအခါ...... ဝင္လာေသာ အေတြ းမ်ားက ေရွာင္က်န႔္အား ကိုယ့္ကိုကိုယ္ ေဒါသျဖစ္သြားေစသည္။
"အား!!....ေတာက္!!!.....
ေသစမ္းကြာ!!....ေစာက္သံုးမက်တဲ့ ေရွာင္က်န႔္....
မင္း ရီေပၚဘယ္မွာေနလဲ မသိဘဲ ဘယ္မွာသြားရွာမလဲ?........ရူးခ်င္တာပဲကြာ!...."
*အခု သူဘယ္မွာဘာေတြ ျဖစ္ေနမလဲလည္း မသိေတာ့ဘူး......ေတြးရင္းနဲ႔ေတာင္ ရင္ေတြပူလာၿပီး
ကေလးရယ္......ကိုကိုမင္းကို ဘယ္မွာရွာရမလဲ?.....* ဟု ေတြးရင္း ေရွာင္က်န႔္တစ္ေယာက္
ကိုယ့္ကိုကို အားမလိုအားမရႏွင့္ အျပစ္တင္မိသည္။
တစ္ဆက္တည္း ေရွာင္က်န႔္၏မ်က္ခံုးႏွစ္သြယ္က နဖူးအလယ္တြင္ စုကာ မ်က္ေမွာင္ႀကံဳ႔ထားၿပီး လက္ေခ်ာင္းမ်ားကလည္း
ဆံပင္အတြင္းသို႔ ထိုးဆြေနေလသည္။
ေရွာင္က်န႔္တစ္ေယာက္ ရီေပၚကို စိတ္ပူေန၍ ရီေပၚေနမည္ထင္သၫ့္ေနရာမ်ားကို တစ္ညလံုး
ေတြးကာ မနက္ ၄နာရီေလာက္မွ အိပ္ေပ်ာ္သြားခဲ့ေလသည္။
..................................................................
ေရွာင္က်န႔္ ညကအိပ္ရာဝင္ ေနာက္က်သြား၍....
မနက္၁၀နာရီေလာက္မွ အိပ္ယာက ႏိုးလာခဲ့ေလသည္။ အိပ္ယာႏိုးႏိုးခ်င္း ေရမိုးခ်ိဳးကာ
အခန္းထဲမွ ထြက္လာေသာ ေရွာင္က်န႔္ကို ရီေပၚက မနက္စာစားသြားရန္ ေျပာေနေသာ္လည္း.... ေရွာင္က်န႔္ မၾကား။ကားေလးကို ေမာင္းကာၿခံထဲမွအလ်င္အျမန္ထြက္သြားေလသည္။
ေရွာင္က်န႔္ကားေလး.....အေဝးကို ေရာက္သြားမွ
ရီေပၚတစ္ေယာက္ အသက္ရႉသံမ်ား ျပင္ထန္လာကာ
အျမင္အာရံုမ်ားက ႏွစ္ထပ္ သံုးထပ္ျဖစ္လာ၍ ေနာက္ဆံုး ရီေပၚ၏ အာရံုတို႔ အေမွာင္အတိသို႔ ေရာက္ရိွသြားခဲ့ေလသည္။
*ကိုကို!....ကယ္ပါဦး!.....*
ေရွာင္က်န႔္ မနက္အိမ္ကထြက္လာ ကတည္းက ရီေပၚသြားႏိုင္ေလာက္မၫ့္ ေနရာမ်ားကို ခန႔္မွန္း၍
သြားရွာခဲ့သည္။ရီေပါ္ အလုပ္လုပ္ခဲ့တဲ့ဘား ၊ အရင္ေနခဲ့တဲ့ အိမ္ ၊ ၿပီးေတာ့ ေနာက္ဆံုး ယီဘင္တို့ေနတဲ့ ကမ္းေျခက အိမ္ေလး အကုန္သြားခဲ့ေသာ္လည္း ရီေပၚကို
တစ္ေနရာမွမေတြ ့ရ၍ ေရွာင္က်န႔္ပို၍ စိတ္ပူခဲ့မိသည္။ ထို႔ေၾကာင့္ ႀကံရာမရသၫ့္အဆံုး
ရီေပၚအရင္က အလုပ္လုပ္ေပးခဲ့ဖူးတဲ့ ဝူရန္ဆီသို႔
ရီေပၚရိွမလား ဟူေသာစိတ္ျဖင့္ သြားခဲ့ေလသည္။
"ဘာ!!!....ဘာေျပာလိုက္တယ္....ေရွာင္က်န႔္ "
"ရီေပၚကို ေတြ ့မိေသးလာလို႔ ?.....
ငါ ....ငါ ရီေပၚကိုလိုက္ရွာေနတာ ရွာလို႔မေတြ ့လို႔
မင္းမ်ား သူရိွမဲ့ေနရာကို သိမလားလို႔?...."
"ဟား!..ဟား!.....
ေရွာင္က်န႔္!.....မင္းေတာင္ အေတာ္ေျပာင္းလဲသြားၿပီပဲ.....အရင္ကဆို ဒီလိုအကူညီေတာင္းဖို့ မေျပာနဲ႔ ငါ့ကို စကားေျပာရမွာေတာင္ ရြံတယ္ဆိုပဲ...."
"ဝူရန္ရာ....မင္းငါ့ကို ႀကိဳက္သလို ေလွာင္လို႔ရပါတယ္....မင္း ရီေပၚရိွမဲ့ ေနရာေလးကိုသိရင္ သာ ေျပာျပေပးပါ ....ငါ
အရမ္းစိတ္ပူေနလို႔ပါ ......ငါမင္းကို ဒူးေထာက္ဆိုလည္း ဒူးေထာက္ပါ့မယ္ ...." ဟု ေျပာကာ ဝူရန္၏ေျခေထာက္ေလးအား ဖက္၍ ဒူးေထာက္လိုက္ေသာ ေရွာင္က်န႔္ေၾကာင့္
ဝူရန္တစ္ေယာက္ အံ့ဩျခင္းမ်ားစြာျဖင့္ ၾကၫ့္ေနမိေလသည္။
ခဏအၾကာမွ......ဝူရန္က ေရွာင္က်န႔္အား ....
"ငါရီေပၚ ရိွမဲ့ ေနရာေတာ့ မသိဘူး....
ဒါေပမဲ့ သူ႔ညီမ ဆယ္ရီကို ဆက္သြယ္လို႔ရမယ့္ လိပ္စာေတာ့ ရိွတယ္.....ငါမင္းကို ေပးလိုက္မယ္...
မင္းသူ႔ကို ေမးျမန္းၾကၫ့္ေပါ့....."ဟု ေျပာကာ ဆယ္ရီလိပ္စာေလးအား ေပးလိုက္ေသာအခါ ......
ဝူရန္အား အားကိုးတႀကီးႏွင့္ ၾကၫ့္လာေသာ ေရွာင္က်န႔္၏ ပံုစံမွာ သနားစရာ အတိပင္....ျဖစ္သည္။
"ေအး...ေက်းဇူးပဲကြာ...." ဟု ေျပာရင္း ေျပးထြက္သြားေသာ ေရွာင္က်န႔္၏ ေက်ာျပင္ေလးအား ဝူရန္ၾကၫ့္ရင္း......
*ေၾသာ္!....အခ်စ္.... အခ်စ္!....
မင္းက အရာအားလံုးကို မင္းရဲ့ ေက်းကြၽန္တစ္ေယာက္ ျဖစ္လာေအာင္ ျပဳလုပ္ႏိုင္တာပဲ ။ ခ်စ္တတ္လာတဲ့ လူတိုင္းက
အခ်စ္မွာ က်ရႈံးၾကရတာ သဘာဝလား!....
ဒါဆို ငါကေရာ.....မင္းရဲ့ ေက်းကြၽန္ပဲလားကြာ ....?"
[Unicode]
ဘာလိုလိုနဲ့ ကျွန်တော်နဲ့ ကောင်မလေးလက်ထက်ထားတာ သုံးလတောင်
ပြည့်သွားခဲ့ပြီ။ဒါပေမဲ့ ကျွန်တော်တို့က မှားယွင်းမှုတစ်ခုကြောင့် အမည်ခံသက်သက်သာ လက်ထက်ထားကြပြီး ကျွန်တော်ကတော့ သူ့အပေါ် အခြားဘာစိတ်မှ မရှိပေ။ ကောင်မလေးဘက်တော့ ကျွန်တော့်ကို ဂရုစိုက်သည်။မယား တာဝန်ကျေသည်။ တစ်ခါတစ်ရံ ကျွန်တော့်ကို အရမ်းချစ်တယ်လို့ ပြောတတ်သေးသည်။ သူက ကျွန်တော့်ကို ချစ်တယ်လို့ပြောလေလေ ကျွန်တော်က ချစ်ရသူရီပေါ်ကိုသာ ပိုအားနာမိလေ ဖြစ်ခဲ့ရသည်။ စဉ်းစားကြည့်ရင် ကျွန်တော် အခြားတစ်ယောက်ကို ချစ်တုန်းကလည်း သူလက်ခံပေးခဲ့တယ် ၊ကျွန်တော် အခြားသူနဲ့ မှားယွင်းမိတော့လည်း လက်လွှတ်ပေးခဲ့တယ် ၊ နောက်ဆုံးသူ့ကို ပြန်လာပေးပါလို့ ပြောတော့လည်း
မငြိုငြင်ဘဲ ကျွန်တော့်အနားကို ပြန်လာပေးခဲ့ပြီး....
နောက်ဆုံး ကောင်မလေးတစ်ယောက်နဲ့ မှားမိလို့
လက်ထက်ခဲ့ရတာတောင် ကျွန်တော့်ကို ကောင်မလေးမသိအောင် ညတိုင်းလာ
တွေ့ပေးခဲ့တယ်.......
ဒါတွေကြောင့် ကျွန်တော်က သူ့အချစ်နဲ့မတန်ဘူး ဆိုတာကို ပိုပိုသိလာခဲ့တယ်.....ပိုပိုသိလာတာနဲ့အမျှ ကျွန်တော်သူ့ကို ပိုပိုချစ်မိလာတယ်.....ပြီးတော့ ပိုပိုပြီးတော့ ပိုင်ဆိုင်ချင်လာခဲ့တယ်....... ဒါသူ့အတွက် တရားပါ့မလားဟင်?.......
....................................................................
ပေါက်!...
ပေါက်!.....တောက်!.....တောက်!....
"ဟူး!....မိုးတွေကလည်း ထီးမပါတဲ့နေ့မှ ရွာလိုက်တာကွာ.....အခု အိမ်ကိုဘယ်လိုပြန်ရပါ့မလဲ?....." ဟု ရီပေါ်တစ်ယောက် ကုန်တိုက်မှ ဈေးဝယ်ပြီးအပြန် မိုးတအားရွာနေသောကြောင့် ဘယ်လိုနည်းနှင့်ပြန်ရမလဲ စဉ်းစားနေတုန်း.....
ရှောင်ကျန့်ကို သတိရသောကြောင့်......
လာကြိုခိုင်းရန် ဖုန်းဆက်လိုက်လေသည်။
ကလင်း....ကလင်း.....
"ဝေ.....ရှောင်ကျန့် ပြောနေတယ်..."
"ဝေ....ကိုကို..."
"အင်း.....ပြော...."
"မိန်းမကို $&+ကုန်တိုက်မှာ လာကြိုပေးပါလား?...
မိုးတွေတအားရွာနေလို့....ကားတောင် ငှားလို့မရဘူး
ဖြစ်နေတာ...."
"ဒါဆို bus ကား စီးပြီးပြန်လာခဲ့လေ....."
"......ဒါပေမဲ့လေ...."
"ကိုကို ....မအားဘူး.....
ရုံးမှာ Project တွေ တင်ပြနေရလို့....."
"အာ!.....အဲ့ဆို ဒါပဲနော် ကိုကို....
မိန်းမ အရှေ့မှာ ကားတွေ့ပြီး......
အိမ်ပြန်ရောက်မှ တွေ့မယ်နော် ....." ဟု ပြောကာ
ရီပေါ်တစ်ယောက် ဖုန်းချလိုက်လေသည်။
ရီပေါ်တစ်ယောက် ရှောင်ကျန့်အလုပ် များနေတယ်ဆိုသောကြောင့်........
ကားလာပြီးဟု လိမ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် အခု ရီပေါ်တစ်ယောက် ရှောင်ကျန့်ပြောသလိုပင် bus ကားစီးပြီးပြန်ရန် အထုတ်များမနိုင်မနင်းသယ်၍
ကုန်တိုက်နှင့် အလှမ်းနည်းနည်းဝေးသော မှတ်တိုင်ဆီသို့ ပြေးသွားလိုက်လေသည်။ထို့နောက် bus ကားပေါ်သို့ ရောက်သော်အခါ ထိုင်ခုံများတွင် လူများပြည့်နေလျှက် ရှိသောကြောင့် ရီပေါ်တစ်ယောက် အဝတ်ရေစက်လက်ဖြင့် အိမ်နားက မှတ်တိုင်ရောက်သည်အထိ မတ်တပ်ရပ်ခဲ့ရလေသည်။ ရီပေါ်စီးလာသော bus ကားလေး အိမ်နားကမှတ်တိုင်ရောက်သည်အထိ မိုးမတိတ်သေးသောကြောင့် ရီပေါ်တစ်ယောက် မှတ်တိုင်မှ အိမ်သို့ ပြေး၍ ပြန်ခဲ့ရလေသည်။ အိမ်ပြန်ရောက်ရောက်ချင်း ရီပေါ်အကျီများလဲလိုက်လေသည်။ အကျီလဲပြီးသောအခါ ရီပေါ်၏ ခေါင်းများအရမ်းကိုက်လာသောကြောင့် အိပ်ရာပေါ်တွင် ခဏအနားယူလိုက်လေသည်။
နာရီအနည်းငယ်ကြာသော အခါ ရီပေါ်က ရှောင်ကျန့်အတွက် ညစာချက်ထားပြီး အခန်းထဲတွင် ဝင်၍ နားနေလိုက်လေသည်။
ရှောင်ကျန့်ပြန်လာသောအခါ ရေမိုးချိုး၍ ထမင်းဆင်းစားလေသည်။ ခါတိုင်း ထမင်းစားနေလျှင် အတူတူထိုင်စားတတ်သောသူက
ယခုရှောင်ကျန့် ထမင်းစားပြီးခါနီးအချိန်ထိ လာထွက်မကြည့်သောကြောင့် ရှောင်ကျန့်ခဏတာ တေွဝေသွားလေသည်။
"သူ ဘာဖြစ်နေတာလဲ?...ထမင်းလည်း လာမစားဘူး......ငါ့ကိုလာမကြိုလို့များ စိတ်ကောက်နေတာလား?....အဲ့တာ ငါအလုပ်များနေတာကို....သူဒါလေးတောင် နားမလည်ဘူးလား?....အဲ့တာပေါ့ မိန်းမတွေက စိတ်ရှုပ်ဖို့ကောင်းတယ်.....ကောက်ရင်လည်း ကောက်ပါစေတော့ မနက်တွေ့မှပဲ သေချာရှင်းပြလိုက်တော့မယ်..…...."ဟု ပြောကာ အခန်းထဲသို့ ဝင်သွားလေသည်။
ရှောင်ကျန့်တစ်ယောက် ညစာ စားပြီး၍ ....
အခန်းထဲတွင် ရီပေါ်အားစောင့်နေလေသည်။
အရင်က ၉နာရီ ထိုးခါနီးတွင် ရောက်ရောက်လာ
တတ်သော ရီပေါ်က ဒီနေ့မှ ၉နာရီကျော်အထိ ရောက်မလာခဲ့လို့ ရှောင်ကျန့်တစ်ယောက် စိတ်ပူမိသွားလေသည်။
၁၀နာရီ.....
၁၁နာရီ........
၁၂ နာရီ အထိ ရှောင်ကျန့် စောင့်နေသော်လည်း ရီပေါ်တစ်ယောက် ပေါ်မလာ.....
ထို့ကြောင့် ရှောင်ကျန့်လည်း စိတ်ပေါက်ပေါက်နှင့် ကားသော့ယူကာ ရီပေါ်အားသွားရှာမည်အလုပ်...
အခန်းတံခါးလေးအား ဖွင့်လိုက်သောအခါ...... ဝင်လာသော အတွေ းများက ရှောင်ကျန့်အား ကိုယ့်ကိုကိုယ် ဒေါသဖြစ်သွားစေသည်။
"အား!!....တောက်!!!.....
သေစမ်းကွာ!!....စောက်သုံးမကျတဲ့ ရှောင်ကျန့်....
မင်း ရီပေါ်ဘယ်မှာနေလဲ မသိဘဲ ဘယ်မှာသွားရှာမလဲ?........ရူးချင်တာပဲကွာ!...."
*အခု သူဘယ်မှာဘာတွေ ဖြစ်နေမလဲလည်း မသိတော့ဘူး......တွေးရင်းနဲ့တောင် ရင်တွေပူလာပြီး
ကလေးရယ်......ကိုကိုမင်းကို ဘယ်မှာရှာရမလဲ?.....* ဟု တွေးရင်း ရှောင်ကျန့်တစ်ယောက်
ကိုယ့်ကိုကို အားမလိုအားမရနှင့် အပြစ်တင်မိသည်။
တစ်ဆက်တည်း ရှောင်ကျန့်၏မျက်ခုံးနှစ်သွယ်က နဖူးအလယ်တွင် စုကာ မျက်မှောင်ကြုံ့ထားပြီး လက်ချောင်းများကလည်း
ဆံပင်အတွင်းသို့ ထိုးဆွနေလေသည်။
ရှောင်ကျန့်တစ်ယောက် ရီပေါ်ကို စိတ်ပူနေ၍ ရီပေါ်နေမည်ထင်သည့်နေရာများကို တစ်ညလုံး
တွေးကာ မနက် ၄နာရီလောက်မှ အိပ်ပျော်သွားခဲ့လေသည်။
..................................................................
ရှောင်ကျန့် ညကအိပ်ရာဝင် နောက်ကျသွား၍....
မနက်၁၀နာရီလောက်မှ အိပ်ယာက နိုးလာခဲ့လေသည်။ အိပ်ယာနိုးနိုးချင်း ရေမိုးချိုးကာ
အခန်းထဲမှ ထွက်လာသော ရှောင်ကျန့်ကို ရီပေါ်က မနက်စာစားသွားရန် ပြောနေသော်လည်း.... ရှောင်ကျန့် မကြား။ကားလေးကို မောင်းကာခြံထဲမှအလျင်အမြန်ထွက်သွားလေသည်။
ရှောင်ကျန့်ကားလေး.....အဝေးကို ရောက်သွားမှ
ရီပေါ်တစ်ယောက် အသက်ရှူသံများ ပြင်ထန်လာကာ
အမြင်အာရုံများက နှစ်ထပ် သုံးထပ်ဖြစ်လာ၍ နောက်ဆုံး ရီပေါ်၏ အာရုံတို့ အမှောင်အတိသို့ ရောက်ရှိသွားခဲ့လေသည်။
*ကိုကို!....ကယ်ပါဦး!.....*
ရှောင်ကျန့် မနက်အိမ်ကထွက်လာ ကတည်းက ရီပေါ်သွားနိုင်လောက်မည့် နေရာများကို ခန့်မှန်း၍
သွားရှာခဲ့သည်။ရီပေါ် အလုပ်လုပ်ခဲ့တဲ့ဘား ၊ အရင်နေခဲ့တဲ့ အိမ် ၊ ပြီးတော့ နောက်ဆုံး ယီဘင်တို့နေတဲ့ ကမ်းခြေက အိမ်လေး အကုန်သွားခဲ့သော်လည်း ရီပေါ်ကို
တစ်နေရာမှမတွေ့ရ၍ ရှောင်ကျန့်ပို၍ စိတ်ပူခဲ့မိသည်။ ထို့ကြောင့် ကြံရာမရသည့်အဆုံး
ရီပေါ်အရင်က အလုပ်လုပ်ပေးခဲ့ဖူးတဲ့ ဝူရန်ဆီသို့
ရီပေါ်ရှိမလား ဟူသောစိတ်ဖြင့် သွားခဲ့လေသည်။
"ဘာ!!!....ဘာပြောလိုက်တယ်....ရှောင်ကျန့် "
"ရီပေါ်ကို တွေ့မိသေးလာလို့ ?.....
ငါ ....ငါ ရီပေါ်ကိုလိုက်ရှာနေတာ ရှာလို့မတွေ့လို့
မင်းများ သူရှိမဲ့နေရာကို သိမလားလို့?...."
"ဟား!..ဟား!.....
ရှောင်ကျန့်!.....မင်းတောင် အတော်ပြောင်းလဲသွားပြီပဲ.....အရင်ကဆို ဒီလိုအကူညီတောင်းဖို့ မပြောနဲ့ ငါ့ကို စကားပြောရမှာတောင် ရွံတယ်ဆိုပဲ...."
"ဝူရန်ရာ....မင်းငါ့ကို ကြိုက်သလို လှောင်လို့ရပါတယ်....မင်း ရီပေါ်ရှိမဲ့ နေရာလေးကိုသိရင် သာ ပြောပြပေးပါ ....ငါ
အရမ်းစိတ်ပူနေလို့ပါ ......ငါမင်းကို ဒူးထောက်ဆိုလည်း ဒူးထောက်ပါ့မယ် ...." ဟု ပြောကာ ဝူရန်၏ခြေထောက်လေးအား ဖက်၍ ဒူးထောက်လိုက်သော ရှောင်ကျန့်ကြောင့်
ဝူရန်တစ်ယောက် အံ့ဩခြင်းများစွာဖြင့် ကြည့်နေမိလေသည်။
ခဏအကြာမှ......ဝူရန်က ရှောင်ကျန့်အား ....
"ငါရီပေါ် ရှိမဲ့ နေရာတော့ မသိဘူး....
ဒါပေမဲ့ သူ့ညီမ ဆယ်ရီကို ဆက်သွယ်လို့ရမယ့် လိပ်စာတော့ ရှိတယ်.....ငါမင်းကို ပေးလိုက်မယ်...
မင်းသူ့ကို မေးမြန်းကြည့်ပေါ့....."ဟု ပြောကာ ဆယ်ရီလိပ်စာလေးအား ပေးလိုက်သောအခါ ......
ဝူရန်အား အားကိုးတကြီးနှင့် ကြည့်လာသော ရှောင်ကျန့်၏ ပုံစံမှာ သနားစရာ အတိပင်....ဖြစ်သည်။
"အေး...ကျေးဇူးပဲကွာ...." ဟု ပြောရင်း ပြေးထွက်သွားသော ရှောင်ကျန့်၏ ကျောပြင်လေးအား ဝူရန်ကြည့်ရင်း......
*သြော်!....အချစ်.... အချစ်!....
မင်းက အရာအားလုံးကို မင်းရဲ့ ကျေးကျွန်တစ်ယောက် ဖြစ်လာအောင် ပြုလုပ်နိုင်တာပဲ ။ ချစ်တတ်လာတဲ့ လူတိုင်းက
အချစ်မှာ ကျရှုံးကြရတာ သဘာဝလား!....
ဒါဆို ငါကရော.....မင်းရဲ့ ကျေးကျွန်ပဲလားကွာ ....?"