ချစ် အတ္တ ( Uni+ Zaw )
Av Ah-Thunn
239K 13.7K 1.5K
[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား... Mer
ချစ် အတ္တ - 1
ချစ် အတ္တ - 2
ချစ် အတ္တ - 3
ချစ် အတ္တ -4
ချစ် အတ္တ - 5
ချစ် အတ္တ -6
ချစ် အတ္တ -7
ချစ် အတ္တ - 8
ချစ် အတ္တ -9
ချစ် အတ္တ -10
ချစ် အတ္တ - 11
ချစ် အတ္တ -12
ချစ် အတ္တ -13
ချစ် အတ္တ -14
ချစ် အတ္တ -15
ချစ် အတ္တ -16
ချစ် အတ္တ -17
ချစ် အတ္တ -18
ချစ် အတ္တ -19
ချစ် အတ္တ-20
ချစ် အတ္တ -21
ချစ်အတ္တ -22
ချစ် အတ္တ -23
ချစ် အတ္တ -24
ချစ် အတ္တ -25
ချစ် အတ္တ -26
ချစ် အတ္တ -27
ချစ် အတ္တ -28
ချစ် အတ္တ -29
ချစ် အတ္တ -31
ချစ်အတ္တ -32
ချစ် အတ္တ -33
ချစ် အတ္တ -34
ချစ် အတ္တ - 35
ချစ် အတ္တ - 36
ချစ် အတ္တ -37
ချစ် အတ္တ -38
ချစ် အတ္တ -39
ချစ်အတ္တ -40
ချစ် အတ္တ -41
ချစ် အတ္တ -42
ချစ် အတ္တ -43
ချစ် အတ္တ -44
ချစ် အတ္တ - 45
ချစ် အတ္တ -46
ချစ် အတ္တ -47
ချစ် အတ္တ -48
ချစ် အတ္တ -49
ချစ်အတ္တ -50
ချစ် အတ္တ -51
ချစ် အတ္တ - 52
ချစ် အတ္တ -53
ချစ် အတ္တ - 54
ချစ် အတ္တ -55
ချစ် အတ္တ -56 (completed)
ချစ် အတ္တ -30
4.3K 259 47
Av Ah-Thunn
"ဘာလို့လဲ?.....
"မငိုပါနဲ့ ကိုကို....
ဟက်!..."
ကိုကို ပင်ပန်းနေမယ်......
................................................................
ရီပေါ်က.....
"မလုပ်ပါနဲ့!....ရီပေါ်....
"ကိုကို!.......ကျေးဇူးပြု၍
"မလုပ်!....မလုပ်ပါနဲ့.....
ဒီမှာပဲ နေပါနော်.....
ပါးစပ်မှလည်း........
"ရီပေါ်!!!.....ရီပေါ်!!!......
........................................................
"အင်း!.."
"ဒါနဲ့ ရှောင်ကျန့် ရော....."
"အေးပါ....ဒါဆိုလည်း
"ဟုတ်...."
..........................................
"ဘာဖြစ်တာလဲ?....ရီပေါ်..."
"ကိုကို!!....
ရင်ကောင်းမယ်....."
........................................
*ရီပေါ်!!!.....ကလေး!!?.....
လွမ်းတယ်.......*
[Unicode]
ရီပေါ်ရဲ့ ကွာရှင်းကြရအောင် ဆိုတ‌ဲ့စကားအဆုံးမှာ
ရှောင်ကျန့် ရီပေါ်ကိုယ်လေးအား ပိုတိုး၍ ဖက်ထားမိလေသည်။မျက်ဝန်းထဲမှ မျက်ရည်များကလည်း ပါးပြင်ထက်သို့ ကျဆင်းလျှက်.....
"ဘာလို့လဲ?.....
ဘာလို့ ကွာရှင်းချင်ရတာလဲ?....ကိုကိုတို့နှစ်ယောက်
အဆင်ပြေနေပြီးမလား?....ရီပေါ်ကလည်း ကိုကို့ကို
ချစ်တယ်...ကိုကိုကလည်း....ရီပေါ်ကို....."
ရှောင်ကျန့်စကားမဆုံးသေးခင် ရီပေါ်တစ်ယောက်ရှောင်ကျန့်၏ ရင်ခွင်ထဲမှထွက်၍
ရှောင်ကျန့်ပါးပြင်ပေါ်မှ ကျလာသောမျက်ရည်စက်လေးများအား လက်မဖြင့် အသာအယာသုတ်ပေးလျှက်.......
"မငိုပါနဲ့ ကိုကို....
ကိုကို ငိုရင် ကျွန်တော့်ရင်တွေ နာလွန်းလို့ပါ...."
ရီပေါ်စကားအဆုံးမှာ ရှောင်ကျန့်တစ်ယောက်
မိမိပါးပြင်ကို ပွတ်သတ်နေသော ရရီပေါ်လက်လေးအားဆုပ်ကိုင်လျှက် .....
"ရီပေါ်.....ကိုကိုတောင်းပန်ပါတယ်...
ကိုကို ရီပေါ်နဲ့ မခွဲနိုင်ဘူး.....
ပြီးတော့ ကိုကို ရီပေါ်ကို ပဲချစ်တာပါ....."ဟူသော
‌ရှောင်ကျန့်၏ စကားအဆုံးမှာ ရီပေါ်၏တင်းခံထားသောမျက်ရည်များ ပါးပြင်ပေါ်သို့ ကျဆင်းလာ‌လေသည်။ထို့နောက် ကျေနပ်သော အပြုံးလေးတစ်ပွင့် ပြုံးလျှက်....
"ကျေးဇူးတင်ပါတယ် ကိုကို...
ကျွန်တော့်ကို ချစ်တယ်လို့ ပြောပေးလို့....
ဟက်! ဒီတစ်ခါ ကိုကို့ကို လက်လွှတ်ပေးခဲ့တာ
မှန်သွားပြီးထင်တယ်....ကိုကို့ဆီကနေ ကျွန်‌တော်ကို ချစ်တယ်ဆိုတဲ့စကားလေးကြားဖူးခဲ့ပြီး.....
ဒီစကားလေးကြားရဖို့ ကျွန်တော် အကြာကြီးစောင့်ခဲ့ရတာ.....ကြားမှ ကြားရတော့လည်း နှုတ်ဆက်စကားတဲ့လား ....
ဟက်!..."
ထိုအခါ ရှောင်ကျန့်က ရီပေါ်ပုခုံးလေးနှစ်ဖက်အား...
တင်းကြပ်စွာ ဆုပ်ကိုင်ထား၍ ရီပေါ်၏မျက်ဝန်းများကို သူ၏မျက်ဝန်းများနှင့် ဆုံစေလျှက်.......
"မဟုတ်ဘူး.!....ရီပေါ် အထင်လွဲနေတာပါ...
ကိုကို ရီပေါ်ကို အရမ်းချစ်တာပါ......
အဲ့တာ‌ကြောင့်မို့ ကိုကိုတို့ အရင်လို ပြန်နေကြရအောင်နော်...." ဟု ပြောကာ
‌ရီပေါ်အား မျှော်လင့်တကြီးနဲ့ ကြည့်နေသော ရှောင်ကျန့်အား....ရီပေါ်က
"ကိုကို....ကျွန်တော့်ကို သနားလို့လား?....
သနားလို့ ချစ်တယ်လို့ ပြောနေတာမလား?....
အဲ့တာဆိုရင်တော့ မလိုပါဘူး....
ကိုကို ပင်ပန်းနေမယ်......
ကိုကို ပျော်တဲ့သူဆီသာသွားပါ....ကျွန်တော် လက်လွှတ်ပေးမယ် "ဟု ‌ပြောရင်း ရီပေါ် ရှောင်ကျန့်၏ မျက်ခွံလေးအား
အချိန်ခဏတာ အထိနမ်းရှိုက်ခဲ့ပြီး....ထိုနေရာမှ ထွက်သွားခဲ့လေသည်။
ရီပေါ်ထွက်သွားတော့မှ ရှောင်ကျန့်တစ်ယောက်
ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ ကျ‌သွားလေသည်။
မျက်ဝန်းထဲမှ မျက်ရည်စများကလည်း ပါးပြင်ပေါ်သို့ အထိန်းအကွပ်မဲ့စွာ ကျဆင်းနေလေသည်။
*ဘာလို့လဲ?မချစ်မိခဲ့တုန်းကတော့
အနားမှ အရိပ်လို ‌နေ‌ပေးခဲ့ပြီး
အနိုင်ကျင့်ခဲ့သမျှကိုလည်း အပြစ်မမြင်ဘဲ ချစ်ပေးခဲ့ ပြီးတော့ အခုချစ်မိသွားတဲ့အခါကျမှ ကွာရှင်းရအောင်တဲ့လား?.....ကံဇာတ်ဆရာရယ် ခင်ဗျားမရက်စက်လွန်းဘူးလား?...."
*မချစ်တော့လို့ လက်လွှတ်လိုက်တာ
မဟုတ်ပါဘူး.....ချစ်လွန်းလို့ လက်လွှတ်လိုက်တာပါ........ကျွန်တော့်အနားမှာ
နေရင် ကိုကိုပဲစိတ်ပင်ပန်းလိမ့်မယ်....ဒါကြောင့် ကိုကိုချစ်တဲ့သူဆီသာ သွားပါ....ကျွန်တော်ကတော့
ကိုကိုပျော်နေတာလေးကို အဝေးကကြည့်နေလည်း
အဆင်ပြေတာမို့.........အဝေးကကြည့်ခွင့်လေး‌တော့ ‌ပေးပါလို့ တောင်းဆိုချင်တယ်.....*
................................................................
"ဒီမှာ ကိုကို....ကျွန်တော် စာချုပ်မှာလက်မှတ်ထိုးပြီးပြီး.......
ကိုကိုထိုးဖို့ပဲ ကျန်တော့တယ်......"
"ဟင်အင်း.....ကိုကို မထိုးနိုင်ဘူး.....
ကိုကို ရီပေါ်ကို မခွဲနိုင်ဘူး....." ဟု ပြောရင်း ခေါင်းအတွင်တွင် ခါနေသော ရှောင်ကျန့်အား
ရီပေါ်က.....
"ကျွန်တော် ကိုကို့ကို လွတ်လပ်ခွင့် ပေးလိုက်ပြီလေ.......အဲ့တာကြောင့် ကျွန်တော် ကိုကို့ကို ထပ်ပြီးမဆွဲထားခင် သွားပါ....!
ထွက်သွားပါ.....!!.."ဟု ပြောရင်း တစ်အိအိဖြင့် ငိုနေသော ရီပေါ်ကို ရှောင်ကျန့်တစ်‌ယောက် ရင်ခွင်လေးထဲသို့ ဆွဲဖက်ထားလိုက်လေသည်။
ထိုအခါမှ ရီပေါ်တစ်ယောက် ရှောင်ကျန့်ရင်ခွင်လေးထဲမှ ရုန်း၍ ရှောင်ကျန့်အား
အားကုန်တွန်းချလိုက်လေသည်။ထို့နောက် ကွာရှင်းစာချုပ်ပေါ်တွင် တင်ထားသော ဘောပင်လေးအား ရီပေါ်မိမိလည်ပင်းပေါ်တွင်
ချိန်ရွယ်ထားသောကြောင့် ......
ရှောင်ကျန့်က အလန့်တကြားဖြင့်.......
"မလုပ်ပါနဲ့!....ရီပေါ်....
ဘောပင်လေးကို အောက်ချလိုက်ပါနော်...
ရီပေါ်အတွက် အန္တရာယ်များလို့ပါ....." ဟု ပြောရင်း
တားနေသော ရှောင်ကျန့်အား....ရီပေါ်က
"ကိုကို!.......ကျေးဇူးပြု၍
ကျွန်တော့်ကို ထားခဲ့လိုက်ပါတော့.....
မဟုတ်ရင် ကိုကိုပဲစိတ်ပင်ပန်းနေလိမ့်မယ်..."
ပြောရင်း ရီပေါ်လည်တိုင်လေးထဲသို့ ဘောပင်အချွန်လေး 1cm လောက် ထိုးသွင်းလိုက်သဖြင့်
ရှောင်ကျန့်တစ်ယောက် စိုးရိမ်စွာဖြင့်.........
"မလုပ်!....မလုပ်ပါနဲ့.....
ကိုကို လက်မှတ်ထိုးပေးပါ့မယ်........" ဟု ရှောင်ကျန့်က ပြောသော‌ကြောင့် ရီပေါ်လည်ပင်တွင်
ထောက်ထားသော ဘောပင်လေးအား ရှောင်ကျန့်လက်မှတ်ထိုးရန် ပေးလိုက်လေသည်။
တစ်ဆက်တည်းမှာပဲ ရီပေါ်တစ်ယောက်
အိပ်ခန်းထဲဝင်၍ အိတ်တစ်လုံးထဲသို့ အဝတ်အစားများထည့်နေလေသည်။ထို့ကြောင့် ရှောင်ကျန့်က ရီပေါ်အား......
"ကလေး......ဘယ်ကိုသွားမလို့လဲ?...."
"ကျွန်တော် မသိဘူး......ဒါပေမဲ့ ကျွန်တော် ဒီအိမ်လေးနဲ့ အဝေးကြီးကို သွားမယ်......"
"မလုပ်ပါနဲ့နော်!...... ရီပေါ်
ဒီမှာပဲ နေပါနော်.....
တောင်းပန်ပါတယ် .....ဘယ်မှမသွားပါနဲ့နော်....."ဟု
ပြောကာ မျက်ရည်များစွာဖြင့် ရှောင်ကျန့်က တားနေသော်လည်း ရီပေါ်တစ်ယောက် အထုပ်ပြင်၍ အခန်းထဲမှထွက်သွားလေသည်။
ထွက်သွားသော ရီပေါ်နောက်ကို ရှောင်ကျန့်တစ်ယောက် ဖိနပ်ပင်မပါဘ‌ဲ ပြေးလိုက်နေလေသည်။ထို့နောက် ရီပေါ်က ရှေ့မှလာနေသော အငှားကားလေးအားတား၍ ထိုကားပေါ်သို့ တတ်သွားသော‌ကြောင့် ......
‌ရှောင်ကျန့်လည်း......ရီပေါ်စီးသွားသော ကားနောက်အား ခြေ‌ဗလာဖြင့် ပြေးလိုက်နေပြီး....
ပါးစပ်မှလည်း........
"ရီပေါ်!!!.....ရီပေါ်!!!......
ကလေးရေ!!......ကိုကိုတောင်းပန်ပါတယ်...
ထွက်မသွားပါနဲ့နော်.... ပြန်လာခဲ့‌ပေးပါနော်!!!!...."ဟု ‌‌ပြော‌နေလေသည်။
ရှောင်ကျန့် ရီပေါ်စီးသွား‌သော ကားလေးနောက် ပြေးလိုက်ရင်း မျက်ရည်များက အမြင်အာရုံကို ဖုံးသွားတာကြောင့် ရှောင်ကျန့်တစ်ယောက်
‌ကျောက်ခဲအချွန်အား မမြင်ဘဲ နင်းမိသွားပြီး ခြေခေါက်လဲကျသွားလေသည်။
ဖိနပ်မပါဘဲ ကျောက်ခဲအချွန်ကို နင်းမိသော‌ကြောင့်
ရှောင်ကျန့်၏ ‌ခြေထောက်တွင် သွေးနီနီများ
အဆက်မပြတ် တိုးထွက်နေလေသည်။
ခြေထောက်ကလည်း ခေါက်သွားသောကြောင့် အတော်‌နာနေသော်လည်း....ရှောင်ကျန့် ကြည့်ဖို့
အချိန်မရှိ။ ရီပေါ်နောက်သို့ လိုက်ရန် အတင်းရုန်းထနေချိန်တွင် .....ခေါင်းကမိုက်ကနဲ့ မူးကာ ရှောင်ကျန့်ကိုယ်လေးမြေပြင်ပေါ်သို့ လဲကျသွားလေသည်။
........................................................
"ရီပေါ်!!....ပြန်လာလည်တာလား?..."
"အင်း!.."
"ဒါနဲ့ ရှောင်ကျန့် ရော....."
"သူ ပေကျင်းမှ ကျန်ခဲ့တယ်....
ကျွန်တော် ဒီမှာခဏ ပြန်လာလည်တာ....
တစ်ရက်နှစ်ရက်ဆို ကျွန်တော်ပြန်တော့မှာ....."
"အေးပါ....ဒါဆိုလည်း
အေးဆေးနားနော်....ကောလည်း အလုပ်သွားလိုက်ဦးမယ်......"
"ဟုတ်...."
..........................................
"ကိုကို!!!!!!!!........" ရီပေါ်တစ်ယောက် အိပ်နေရာမှ
အလန့်တကြားဖြင့် ထအော်နေပြီး နဖူးမှာလည်း ချွေးစေးများထွက်နေလေသည်။
"ဘာဖြစ်တာလဲ?....ရီပေါ်..."
"ကိုကို!!....
ကိုကို တစ်ခုခု ဖြစ်နေတာလား မသိဘူး...
ကျွန်တော် စိတ်ပူတယ်.....ကျွန်တော် ပေကျင်းပြန်
ရင်ကောင်းမယ်....."
"စိတ်မပူပါနဲ့ ရီပေါ်ရယ်.....
အိမ်မက်မက်နေတာပဲ စိတ်ထိန်းလေ......"ဟု ပြောရင်း ယီဘင်က ရီပေါ်အား ရေတစ်ခွက်တိုက်ကာ ပြန်အိပ်ခိုင်းလိုက်လေသည်။
*ကိုကို...ကျန်းကျန်းမာမာနဲ့ နေပါနော်.....
ကျွန်တော် စိတ်ချချင်တယ်.....*
........................................
*ရီပေါ်!!!.....ကလေး!!?.....
လွမ်းတယ်.......*
Fortsett å les
You'll Also Like
677K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
11.6K 334 13
Syd Novak x OC Valerie Benson has never been ordinary. In fact, besides Jenny Tuffield, she's considered the ultimate reject in town. Usually, she ke...
1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
63.8K 4.9K 22
Wang Hai Kuan : ဘာ !! ၀မ်၀မ်က ဒီ​လိုလူဆိုး​ကောင် ငရှုပ်င​ပွေနဲ့ လုံး၀သ​ဘောမတူနိုင်ဘူး​နော် .. Xiao Zhan : ​shit...သွားကျိုး​ကောင်က ​ယောက်ဖတဲ့လား ? ...