ရီေပၚႏိုးလာေတာ့......ေဘးနားတြင္ အိပ္ေနေသာ ေရွာင္က်န႔္အားေတြ႕လိုက္ေသာေၾကာင့္....... အံဩစြာျဖင့္ ၾကၫ့္ေနမိေလသည္။
"ကိုကို ဘာလို႔ငါ့အခန္းထဲ ေရာက္ေနတာလဲ?....." ဟု ရီေပၚေတြးေနတုန္း ေရွာင္က်န႔္၏ ကိုယ္ေလးလႈပ္လာၿပီး.....တစ္ျဖည္းျဖည္းႏွင့္ ရီေပါ္ ္မ်က္ႏွာေလး အနီးသို႔ ေရွာင္က်န႔္၏မ်က္နွာေလး
ထိလုမတတ္ နီးကပ္စြာ ေရာက္လာသည္။
ေရွာင္က်န႔္က အိပ္ေပ်ာ္ေန၍ ဘာမွမသိေသာ္လည္း.....ရီေပၚကေတာ့ မ်က္ႏွာတစ္ခုလံုးနီရဲေန၍ ရင္ခုန္သံမ်ားက
ဝိုင္းဒိုင္းက်ဲေနၿပီ ျဖစ္သည္။
"ကိုကို !!....ေက်းဇူးျပဳျပီး ကြၽန္ေတာ့္ကို
ထပ္ၿပီးစြဲလမ္းေအာင္ မလုပ္ပါနဲ႔ေနာ္.....
မဟုတ္ရင္ ကြၽန္ေတာ္ ကိုကို႔ကို လက္လႊတ္ႏိုင္မွာမဟုတ္ဘူး........" ဟု ေျပာရင္း ေရွာင္က်န႔္၏ နဖူးေလးေပၚ သို႔ ရီေပၚ
အနမ္းဖြ ဖြ ေလးတစ္ပြင့္ ေပးလိုက္ေလသည္။
ထို႔ေနာက္ က်ဆင္းလာေသာ မ်က္ရည္မ်ားကို ခ်စ္ရသူမျမင္ေစရန္ ထိုင္ေနရာမွ ထသြားခဲ့ေလသည္။
ရီေပၚထသြားေတာ့မွ ေရွာင္က်န႔္၏ မ်က္လံုးေလးပြင့္လာခဲ့ေလသည္။ အေစာႀကီးႏိုးေနေသာ္လည္း ရီေပၚႏိုးလာေသာအခါ
ဘာေျပာရမွန္းမသိ၍ မ်က္လံုးကိုပိတ္ကာ အိပ္ခ်င္ဟန္ေဆာင္ခဲ့ေလသည္။
ရီေပၚႏိုးလာၿပီး...စကားမ်ားေျပာေနေသာေၾကာင့္.....
ေရွာင္က်န႔္ေသခ်ာနားေထာင္ေနမိေလသည္။ ထို႔ေနာက္ နဖူးျပင္ေပၚသို႔ အနမ္းေလးတစ္ပြင့္က်ေရာက္လာခဲ့ၿပီး တစ္ဆက္တည္းမွပဲ ေရွာင္က်န႔္၏ ပါးျပင္ေပၚသို႔ေရစက္ေလးတစ္စက္ က်ဆင္းလာေသာေၾကာင့္.....ရီေပၚငိုေနမွန္း ေရွာင္က်န႔္သိခဲ့ရေလသည္။
*ေတာင္းပန္ပါတယ္.....အခုကစၿပီး
ရီေပၚမ်က္ရည္ ထပ္ျပီးမက်ေအာင္ ကိုကို
ပိုခ်စ္ေပးပါ့မယ္......*
......................................................
ေရွာင္က်န႔္တစ္ေယာက္ မီးဖိုေခ်ာင္ထဲတြင္
မနက္စာျပင္ထားျပီး ရီေပၚအားေစာင့္ေနေလသည္။
ရီေပၚထြက္လာတာေတြ ့ေတာ့ ေရွာင္က်န႔္က
ရီေပၚ၏လက္ေလးအား ဆြဲ၍မနက္စာစားရန္ ထိုင္ခံုတြင္ ေပးထိုင္လိုက္ေလသည္။
ရီေပၚလည္း ေရွာင္က်န႔္ထိုင္ခိုင္းေသာ ထိုင္ခံုတြင္ထိုင္၍ မနက္စာစားေနတုန္း......
ေရွာင္က်န႔္က ရီေပၚအားမရဲတရဲျဖင့္ ခိုးၾကၫ့္ေနေသာေၾကာင့္.......
"ကိုကို!!....ဘာျဖစ္ေနတာလဲ?...."
"ဟမ္!.....အာ!....ဘာမွ မျဖစ္ပါဘူး...."ဟု ေျပာေနေသာ ေရွာင္က်န႔္ေၾကာင့္
ရီေပၚလည္းအစားဆက္စားေနေလသည္။
သို႔ေပမဲ့ ထမင္းကို ဟုတ္တိပက္တိမစားဘဲ
ရီေပၚအား ခိုးခိုးၾကၫ့္ေနေသာေၾကာင့္.......ရီေပၚက
လက္ထဲတြင္ ကိုင္ထားေသာ ဇြန္းႏွစ္ေခ်ာင္းအား ခပ္ၾကမ္းၾကမ္းေလး ပန္းကန္ေပၚသို႔ ပစ္ခ်၍.....
"ကိုကို!!!........ဘာလို႔ ခဏခဏၾကၫ့္ေနတာလဲ?...
ေျပာစရာ ရိွရင္လည္း ေျပာေလ......"
"အာ!.....အင္း......
ကိုကို ရီေပၚကိုေျပာစရာေလးရိွလို႔....."
"အင္း...ေျပာ !...."
"ကိုကို အလုပ္ထြက္ေတာ့မယ္....."
ရီေပၚ ေရွာင္က်န႔္က အလုပ္ထြက္ေတာ့မည္ဟု
ေျပာလာေသာေၾကာင့္ စိတ္မေကာင္းေပမဲ့ စိတ္ထဲမွာေတာ့ က်ိတ္ေပ်ာ္မိသည္။သို့ေပမဲ့ ရင္ထဲမွာ ႀကိတ္ေပ်ာ္ေနတာကို လူမမိေစရန္.....
မ်က္ႏွာကို တည္ထားလ်ွက္......
"အင္း....ထြက္ေပါ့....
ကိုကို႔ သေဘာပဲေလ...."
"အင္း....အဲ့တာေၾကာင့္ ဒီေန့ရံုးမွာ ထြက္စာသြားတင္မလို႔........တင္ၿပီးတာနဲ႔ ခ်က္ခ်င္းျပန္လာခဲ့မယ္ေနာ္......."
"အင္း...."
ေရွာင္က်န႔္က ရီေပၚအား အမွန္အကန္ေခ်ာ့ေနတာေၾကာင့္
ရီေပၚတို႔ စိတ္ထဲတြင္ အရည္ေပ်ာ္ေနၿပီျဖစ္သည္။
သို႔ေသာ္ အခုခ်က္ခ်င္းေတာ့ စိတ္မေျပျပေသးဘဲ....
ေရွာင္က်န႔္ျပန္လာမွသာ စိတ္ဆိုးေျပေၾကာင္း
ေျပာျပၿပီး ေျပလည္မႈရယူရန္ ေတြးထားလိုက္သည္။
...............................................................
"ေၾသာ္!....ေရွာင္က်န႔္ လာထိုင္ေလ.....
အခုမွ ရံုးလာေတာ့တယ္ေနာ္...."
"မဟုတ္ပါဘူး သူေဋး.....
ကြၽန္ေတာ္ အလုပ္ထြက္စာလာတင္တာပါ......"
"ဘယ္လို !!?...."
"ဟုတ္ကဲ့ ကြၽန္ေတာ္ ဒီကုမၸဏီမွ ဆက္မလုပ္ခ်င္ေတာ့လို႔ပါ....အဲ့တာေၾကာင့္ ....."
ေရွာင္က်န႔္တစ္ေယာက္ လ်န္ႏွင့္ စကားေျပာေနရင္း.......ပါလာေသာ အိတ္ကိုႏိႈက္ၾကၫ့္ရာ.......ႏႈတ္ထြက္စာကို
မေတြ ့သျဖင့္ ေျပာလက္စ စကားမ်ားကို ရပ္ကာ....
ႏႈတ္ထြက္စာအား သည္းႀကီးမဲႀကီး ရွာေနေလသည္။ထို႔ေနာက္
မေတြ့့ေတာ့သၫ့္အဆံုး......
ေရွာင္က်န႔္က လ်န္အားတစ္ခ်က္ၾကၫ့္ကာ.....
"သူေဋး!....ခုဏေစာင့္ပါ....
ကြၽန္ေတာ္ ေနာက္ထပ္တစ္ေစာင္ သြားေရးလိုက္ပါ့မယ္.........."ဟု ေျပာရင္း ဆိုဖာေပၚမွ ထရန္ျပင္ေနေသာ ေရွာင္က်န႔္၏လက္ကို
လ်န္ကဆြဲလိုက္ေသာေၾကာင့္ ေရွာင္က်န႔္တစ္ေယာက္ လ်န္၏ရင္ခြင္ထဲသို့ က်လာေလသည္။
ထိုအေျခအေနကို လ်န္ကေျပာင္းျပန္ျဖစ္ေအာင္
လုပ္လိုက္ေသာေၾကာင့္ ေရွာင္က်န႔္၏ ေက်ာျပင္ႏွင့္ ဆိုဖာတို႔ ထိကပ္ေနၿပီး.....လ်န္ကေတာ့ ေရွာင္က်န႔္၏အေပါ္မွ အုပ္မိုးလိုက္ေလသည္။
ေရွာင္က်န႔္က ရုန္းေသာ္လည္း...လ်န္ကမဖယ္ေပးဘဲ ေရွာင္က်န႔္၏ မ်က္ႏွာနားသို႔ သူ၏မ်က္နွာေလး ကပ္လာခဲ့ေလသည္။အလြန္နီးကပ္လြန္းေသာေျကာင့္ရုတ္တရက္ျကည့္လ်ွင္ နမ္းေနသည္ဟုပင္
ထင္ရေစသည္။
"ေရွာင္က်န႔္!!.....မင္းဘာလို႔ အလုပ္ထြက္မွာလဲ?....
ဟိုေန့က ေကာင္ေလးေၾကာင့္လား?......"
"............."ေရွာင္က်န႔္ ဘာမွ ျပန္မေျပာ။
"ငါမင္းကို ခ်စ္တယ္....
ငါ့ကို လက္ခံေပးပါ........"
"မရဘူး.......ကြၽန္ေတာ့္မွာ အိမ္ေထာင္ရိွတယ္...."
"ဘယ္လို!!...
ဟိုေန့က ေကာင္ေလးလား?...."
"ဟုတ္တယ္ သူကကြၽန္ေတာ့္ ေယာက္်ားပဲ....."
"မင္းသူ႔ကို ခ်စ္လို႔လား?....."
"ခင္ဗ်ား အပူမပါဘူး...."
"No.....
မင္း မေျဖႏိုင္ဘူးဆိုကတည္းက မင္းသူ႔ကို
မခ်စ္ဘူးမလား?....." ေျပာရင္းဆိုရင္း လ်န္က အတင္းအၾကပ္ေမးေနေသာေၾကာင့္ ေရွာင္က်န႔္လည္း
ေျဖၿပီးရင္ၿပီးေရာ...ဟူေသာစိတ္ျဖင့္......
"ခ်စ္တယ္......
အေျခအေနအရသာ လက္ထက္ထားေပမဲ့....
အရင္က သူ႔ကို တစ္စက္ကေလးမွ မခ်စ္ခဲ့ဘူး.....
ဒါေပမဲ့ အခုငါ အရမ္းခ်စ္တယ္....."ဟု
ေရွာင္က်န႔္က လ်န္၏မ်က္လံုးကို စိုက္ၾကၫ့္ၿပီးေျပာလိုက္ေလသည္။
.................................
ေရွာင္က်န႔္အိမ္ကထြက္သြားေတာ့ ႏႈတ္ထြက္စာေလးက်န္ခဲ့ေသာေၾကာင့္
ရီေပၚအလ်င္အျမန္ ေျပး၍ ေရွာင္က်န႔္အား ေအာ္ေခၚေလသည္။
သို႔ေသာ္ ေရွာင္က်န႔္က မၾကားဘဲ ကားေပၚတက္သြားေသာေၾကာင့္ ရီေပၚလည္း ေရ႔ွဆင္းေနာက္ဆင့္ ကားတားစီ၍ ေရွာင္က်န႔္ေနာက္ လိုက္လာခဲ့ေလသည္။
ကားေပၚကားဆင္း၍ ေရွာင္က်န႔္ေနာက္ကို အမွီလိုက္ေသာ္လည္း ေရွာင္က်န႔္က ဓါတ္ေလွကားထဲဝင္၍ တံခါးပိတ္လိုက္ေသာေၾကာင့္.......
ရီေပၚတစ္ေယာက္ ရိုးရိုးေလွကားမွ တက္လာခဲ့ရေလသည္။
ထို႔ေနာက္ ေရွာင္က်န႔္ဝင္သြားေသာ အခန္းေလးေရ႔ွသို႔ေရာက္ကာ ဝင္မည္အလုပ္ တံခါးကိုဖြင့္လိုက္ေသာအခါ.....
ဆိုဖာေပၚတြင္ လွဲေနေသာ ေရွာင္က်န႔္ကို လ်န္ကအေပၚမွ အုပ္မိုးထားလ်ွက္ရိွၿပီး.....
ႏွစ္ေယာက္သာ အၾကၫ့္ခ်င္းဆံုကာ....
ေရွာင္က်န႔္က" အရမ္းခ်စ္တယ္"လို႔ ေျပာေနသည္ကို ရီေပၚျမင္လိုက္ရသည္။
ဒီတစ္ခါ ရီေပၚဘာမွမေျပာေတာ့ဘဲ အခန္းထဲမွ အလ်င္အျမန္ထြက္သြားခဲ့ေလသည္။
ေျခသံၾကား၍ ေရွာင္က်န႔္တို႔နွစ္ေယာက္ လွၫ့္ၾကၫ့္လိုက္ရာ ရီေပၚ၏ေက်ာျပင္ေလးကို ရုတ္တရက္ လွမ္းေတြ ့လိုက္ေလသည္။ထို့ေၾကာင့္
ေရွာင္က်န႔္က လ်န္ကိုအတင္းတြန္းကာ ရီေပၚေနာက္သို႔ ေျပးလိုက္သြားေလသည္။
*ကိုကို ရက္စက္တယ္....
မခ်စ္နိုင္ဘူးဆိုလည္း ေျပာေပါ့....
ထြက္သြားေပးမွာေပါ့.......*
"ရီေပၚ!!...ရီေပၚ!.....ကိုယ္ ရွင္းျပပါရေစ......"ဟု ေျပာရင္း ရီေပၚလက္ကို လွမ္းဆြဲေနေသာေၾကာင့္
ရီေပၚ ေရွာင္က်န႔္၏ လက္ကို ဖယ္ထုတ္ ၍ အတင္းရုန္းကန္ေနေလသည္။ေရွာင္က်န့္တို့ ႏွစ္ေယာက္ရုန္းရင္းဆန္ခတ္ျဖစ္ေနတုန္း ေရွာင္က်န႔္က ရီေပၚကိုယ္ေလးအား အားႏွင့္သိမ္းႀကံဳးဖက္လိုက္ေလသည္။
ထို႔အခါမွ ရုန္းေနေသာရီေပၚလက္ေလး
ၿငိမ္က်သြားေလသည္။တစ္စက္တည္းမွာပဲ....
ရီေပၚ၏မ်က္ဝန္းမွမ်က္ရည္စေလး ေရွာင္က်န႔္၏
ပုခံုးေပၚသို႔ က်ဆင္းလာခ်ိန္.....
ၾကားလိုက္ရတဲ့စကားက ....
ေရွာင္က်န႔္ကို ေသြးပ်က္သြားေစသည္။
"ကြၽန္ေတာ္တို႔.....ကြာရွင္းရေအာင္...."
[Unicode]
ရီပေါ်နိုးလာတော့......ဘေးနားတွင် အိပ်နေသော ရှောင်ကျန့်အားတွေ့လိုက်သောကြောင့်....... အံဩစွာဖြင့် ကြည့်နေမိလေသည်။
"ကိုကို ဘာလို့ငါ့အခန်းထဲ ရောက်နေတာလဲ?....." ဟု ရီပေါ်တွေးနေတုန်း ရှောင်ကျန့်၏ ကိုယ်လေးလှုပ်လာပြီး.....တစ်ဖြည်းဖြည်းနှင့် ရီပေါ် ်မျက်နှာလေး အနီးသို့ ရှောင်ကျန့်၏မျက်နှာလေး
ထိလုမတတ် နီးကပ်စွာ ရောက်လာသည်။
ရှောင်ကျန့်က အိပ်ပျော်နေ၍ ဘာမှမသိသော်လည်း.....ရီပေါ်ကတော့ မျက်နှာတစ်ခုလုံးနီရဲနေ၍ ရင်ခုန်သံများက
ဝိုင်းဒိုင်းကျဲနေပြီ ဖြစ်သည်။
"ကိုကို !!....ကျေးဇူးပြုပြီး ကျွန်တော့်ကို
ထပ်ပြီးစွဲလမ်းအောင် မလုပ်ပါနဲ့နော်.....
မဟုတ်ရင် ကျွန်တော် ကိုကို့ကို လက်လွှတ်နိုင်မှာမဟုတ်ဘူး........" ဟု ပြောရင်း ရှောင်ကျန့်၏ နဖူးလေးပေါ် သို့ ရီပေါ်
အနမ်းဖွ ဖွ လေးတစ်ပွင့် ပေးလိုက်လေသည်။
ထို့နောက် ကျဆင်းလာသော မျက်ရည်များကို ချစ်ရသူမမြင်စေရန် ထိုင်နေရာမှ ထသွားခဲ့လေသည်။
ရီပေါ်ထသွားတော့မှ ရှောင်ကျန့်၏ မျက်လုံးလေးပွင့်လာခဲ့လေသည်။ အစောကြီးနိုးနေသော်လည်း ရီပေါ်နိုးလာသောအခါ
ဘာပြောရမှန်းမသိ၍ မျက်လုံးကိုပိတ်ကာ အိပ်ချင်ဟန်ဆောင်ခဲ့လေသည်။
ရီပေါ်နိုးလာပြီး...စကားများပြောနေသောကြောင့်.....
ရှောင်ကျန့်သေချာနားထောင်နေမိလေသည်။ ထို့နောက် နဖူးပြင်ပေါ်သို့ အနမ်းလေးတစ်ပွင့်ကျရောက်လာခဲ့ပြီး တစ်ဆက်တည်းမှပဲ ရှောင်ကျန့်၏ ပါးပြင်ပေါ်သို့ရေစက်လေးတစ်စက် ကျဆင်းလာသောကြောင့်.....ရီပေါ်ငိုနေမှန်း ရှောင်ကျန့်သိခဲ့ရလေသည်။
*တောင်းပန်ပါတယ်.....အခုကစပြီး
ရီပေါ်မျက်ရည် ထပ်ပြီးမကျအောင် ကိုကို
ပိုချစ်ပေးပါ့မယ်......*
......................................................
ရှောင်ကျန့်တစ်ယောက် မီးဖိုချောင်ထဲတွင်
မနက်စာပြင်ထားပြီး ရီပေါ်အားစောင့်နေလေသည်။
ရီပေါ်ထွက်လာတာတွေ့တော့ ရှောင်ကျန့်က
ရီပေါ်၏လက်လေးအား ဆွဲ၍မနက်စာစားရန် ထိုင်ခုံတွင် ပေးထိုင်လိုက်လေသည်။
ရီပေါ်လည်း ရှောင်ကျန့်ထိုင်ခိုင်းသော ထိုင်ခုံတွင်ထိုင်၍ မနက်စာစားနေတုန်း......
ရှောင်ကျန့်က ရီပေါ်အားမရဲတရဲဖြင့် ခိုးကြည့်နေသောကြောင့်.......
"ကိုကို!!....ဘာဖြစ်နေတာလဲ?...."
"ဟမ်!.....အာ!....ဘာမှ မဖြစ်ပါဘူး...."ဟု ပြောနေသော ရှောင်ကျန့်ကြောင့်
ရီပေါ်လည်းအစားဆက်စားနေလေသည်။
သို့ပေမဲ့ ထမင်းကို ဟုတ်တိပက်တိမစားဘဲ
ရီပေါ်အား ခိုးခိုးကြည့်နေသောကြောင့်.......ရီပေါ်က
လက်ထဲတွင် ကိုင်ထားသော ဇွန်းနှစ်ချောင်းအား ခပ်ကြမ်းကြမ်းလေး ပန်းကန်ပေါ်သို့ ပစ်ချ၍.....
"ကိုကို!!!........ဘာလို့ ခဏခဏကြည့်နေတာလဲ?...
ပြောစရာ ရှိရင်လည်း ပြောလေ......"
"အာ!.....အင်း......
ကိုကို ရီပေါ်ကိုပြောစရာလေးရှိလို့....."
"အင်း...ပြော !...."
"ကိုကို အလုပ်ထွက်တော့မယ်....."
ရီပေါ် ရှောင်ကျန့်က အလုပ်ထွက်တော့မည်ဟု
ပြောလာသောကြောင့် စိတ်မကောင်းပေမဲ့ စိတ်ထဲမှာတော့ ကျိတ်ပျော်မိသည်။သို့ပေမဲ့ ရင်ထဲမှာ ကြိတ်ပျော်နေတာကို လူမမိစေရန်.....
မျက်နှာကို တည်ထားလျှက်......
"အင်း....ထွက်ပေါ့....
ကိုကို့ သဘောပဲလေ...."
"အင်း....အဲ့တာကြောင့် ဒီနေ့ရုံးမှာ ထွက်စာသွားတင်မလို့........တင်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်နော်......."
"အင်း...."
ရှောင်ကျန့်က ရီပေါ်အား အမှန်အကန်ချော့နေတာကြောင့်
ရီပေါ်တို့ စိတ်ထဲတွင် အရည်ပျော်နေပြီဖြစ်သည်။
သို့သော် အခုချက်ချင်းတော့ စိတ်မပြေပြသေးဘဲ....
ရှောင်ကျန့်ပြန်လာမှသာ စိတ်ဆိုးပြေကြောင်း
ပြောပြပြီး ပြေလည်မှုရယူရန် တွေးထားလိုက်သည်။
...............................................................
"သြော်!....ရှောင်ကျန့် လာထိုင်လေ.....
အခုမှ ရုံးလာတော့တယ်နော်...."
"မဟုတ်ပါဘူး သူဋေး.....
ကျွန်တော် အလုပ်ထွက်စာလာတင်တာပါ......"
"ဘယ်လို !!?...."
"ဟုတ်ကဲ့ ကျွန်တော် ဒီကုမ္ပဏီမှ ဆက်မလုပ်ချင်တော့လို့ပါ....အဲ့တာကြောင့် ....."
ရှောင်ကျန့်တစ်ယောက် လျန်နှင့် စကားပြောနေရင်း.......ပါလာသော အိတ်ကိုနှိုက်ကြည့်ရာ.......နှုတ်ထွက်စာကို
မတွေ့သဖြင့် ပြောလက်စ စကားများကို ရပ်ကာ....
နှုတ်ထွက်စာအား သည်းကြီးမဲကြီး ရှာနေလေသည်။ထို့နောက်
မတွေ့တော့သည့်အဆုံး......
ရှောင်ကျန့်က လျန်အားတစ်ချက်ကြည့်ကာ.....
"သူဋေး!....ခုဏစောင့်ပါ....
ကျွန်တော် နောက်ထပ်တစ်စောင် သွားရေးလိုက်ပါ့မယ်.........."ဟု ပြောရင်း ဆိုဖာပေါ်မှ ထရန်ပြင်နေသော ရှောင်ကျန့်၏လက်ကို
လျန်ကဆွဲလိုက်သောကြောင့် ရှောင်ကျန့်တစ်ယောက် လျန်၏ရင်ခွင်ထဲသို့ ကျလာလေသည်။
ထိုအခြေအနေကို လျန်ကပြောင်းပြန်ဖြစ်အောင်
လုပ်လိုက်သောကြောင့် ရှောင်ကျန့်၏ ကျောပြင်နှင့် ဆိုဖာတို့ ထိကပ်နေပြီး.....လျန်ကတော့ ရှောင်ကျန့်၏အပေါ်မှ အုပ်မိုးလိုက်လေသည်။
ရှောင်ကျန့်က ရုန်းသော်လည်း...လျန်ကမဖယ်ပေးဘဲ ရှောင်ကျန့်၏ မျက်နှာနားသို့ သူ၏မျက်နှာလေး ကပ်လာခဲ့လေသည်။အလွန်နီးကပ်လွန်းသောကြောင့်ရုတ်တရက်ကြည့်လျှင် နမ်းနေသည်ဟုပင်
ထင်ရစေသည်။
"ရှောင်ကျန့်!!.....မင်းဘာလို့ အလုပ်ထွက်မှာလဲ?....
ဟိုနေ့က ကောင်လေးကြောင့်လား?......"
"............."ရှောင်ကျန့် ဘာမှ ပြန်မပြော။
"ငါမင်းကို ချစ်တယ်....
ငါ့ကို လက်ခံပေးပါ........"
"မရဘူး.......ကျွန်တော့်မှာ အိမ်ထောင်ရှိတယ်...."
"ဘယ်လို!!...
ဟိုနေ့က ကောင်လေးလား?...."
"ဟုတ်တယ် သူကကျွန်တော့် ယောက်ျားပဲ....."
"မင်းသူ့ကို ချစ်လို့လား?....."
"ခင်ဗျား အပူမပါဘူး...."
"No.....
မင်း မဖြေနိုင်ဘူးဆိုကတည်းက မင်းသူ့ကို
မချစ်ဘူးမလား?....." ပြောရင်းဆိုရင်း လျန်က အတင်းအကြပ်မေးနေသောကြောင့် ရှောင်ကျန့်လည်း
ဖြေပြီးရင်ပြီးရော...ဟူသောစိတ်ဖြင့်......
"ချစ်တယ်......
အခြေအနေအရသာ လက်ထက်ထားပေမဲ့....
အရင်က သူ့ကို တစ်စက်ကလေးမှ မချစ်ခဲ့ဘူး.....
ဒါပေမဲ့ အခုငါ အရမ်းချစ်တယ်....."ဟု
ရှောင်ကျန့်က လျန်၏မျက်လုံးကို စိုက်ကြည့်ပြီးပြောလိုက်လေသည်။
.................................
ရှောင်ကျန့်အိမ်ကထွက်သွားတော့ နှုတ်ထွက်စာလေးကျန်ခဲ့သောကြောင့်
ရီပေါ်အလျင်အမြန် ပြေး၍ ရှောင်ကျန့်အား အော်ခေါ်လေသည်။
သို့သော် ရှောင်ကျန့်က မကြားဘဲ ကားပေါ်တက်သွားသောကြောင့် ရီပေါ်လည်း ရှေ့ဆင်းနောက်ဆင့် ကားတားစီ၍ ရှောင်ကျန့်နောက် လိုက်လာခဲ့လေသည်။
ကားပေါ်ကားဆင်း၍ ရှောင်ကျန့်နောက်ကို အမှီလိုက်သော်လည်း ရှောင်ကျန့်က ဓါတ်လှေကားထဲဝင်၍ တံခါးပိတ်လိုက်သောကြောင့်.......
ရီပေါ်တစ်ယောက် ရိုးရိုးလှေကားမှ တက်လာခဲ့ရလေသည်။
ထို့နောက် ရှောင်ကျန့်ဝင်သွားသော အခန်းလေးရှေ့သို့ရောက်ကာ ဝင်မည်အလုပ် တံခါးကိုဖွင့်လိုက်သောအခါ.....
ဆိုဖာပေါ်တွင် လှဲနေသော ရှောင်ကျန့်ကို လျန်ကအပေါ်မှ အုပ်မိုးထားလျှက်ရှိပြီး.....
နှစ်ယောက်သာ အကြည့်ချင်းဆုံကာ....
ရှောင်ကျန့်က" အရမ်းချစ်တယ်"လို့ ပြောနေသည်ကို ရီပေါ်မြင်လိုက်ရသည်။
ဒီတစ်ခါ ရီပေါ်ဘာမှမပြောတော့ဘဲ အခန်းထဲမှ အလျင်အမြန်ထွက်သွားခဲ့လေသည်။
ခြေသံကြား၍ ရှောင်ကျန့်တို့နှစ်ယောက် လှည့်ကြည့်လိုက်ရာ ရီပေါ်၏ကျောပြင်လေးကို ရုတ်တရက် လှမ်းတွေ့လိုက်လေသည်။ထို့ကြောင့်
ရှောင်ကျန့်က လျန်ကိုအတင်းတွန်းကာ ရီပေါ်နောက်သို့ ပြေးလိုက်သွားလေသည်။
*ကိုကို ရက်စက်တယ်....
မချစ်နိုင်ဘူးဆိုလည်း ပြောပေါ့....
ထွက်သွားပေးမှာပေါ့.......*
"ရီပေါ်!!...ရီပေါ်!.....ကိုယ် ရှင်းပြပါရစေ......"ဟု ပြောရင်း ရီပေါ်လက်ကို လှမ်းဆွဲနေသောကြောင့်
ရီပေါ် ရှောင်ကျန့်၏ လက်ကို ဖယ်ထုတ် ၍ အတင်းရုန်းကန်နေလေသည်။ရှောင်ကျန့်တို့ နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ရှောင်ကျန့်က ရီပေါ်ကိုယ်လေးအား အားနှင့်သိမ်းကြုံးဖက်လိုက်လေသည်။
ထို့အခါမှ ရုန်းနေသောရီပေါ်လက်လေး
ငြိမ်ကျသွားလေသည်။တစ်စက်တည်းမှာပဲ....
ရီပေါ်၏မျက်ဝန်းမှမျက်ရည်စလေး ရှောင်ကျန့်၏
ပုခုံးပေါ်သို့ ကျဆင်းလာချိန်.....
ကြားလိုက်ရတဲ့စကားက ....
ရှောင်ကျန့်ကို သွေးပျက်သွားစေသည်။
"ကျွန်တော်တို့.....ကွာရှင်းရအောင်...."