ချစ် အတ္တ ( Uni+ Zaw )
Av Ah-Thunn
239K 13.7K 1.5K
[Zawgyi] တစ်ခါတစ်လေ.... ကိုယ်ရဲ့  ဘဝက ဘယ်လောက်ပဲ နှိမ့်ကျပါစေ..... စစ်မှန်တဲ့ မေတ္တာတော့ ရှိခဲ့ကြတယ်မလား... Mer
ချစ် အတ္တ - 1
ချစ် အတ္တ - 2
ချစ် အတ္တ - 3
ချစ် အတ္တ -4
ချစ် အတ္တ - 5
ချစ် အတ္တ -6
ချစ် အတ္တ -7
ချစ် အတ္တ - 8
ချစ် အတ္တ -9
ချစ် အတ္တ -10
ချစ် အတ္တ - 11
ချစ် အတ္တ -12
ချစ် အတ္တ -13
ချစ် အတ္တ -14
ချစ် အတ္တ -15
ချစ် အတ္တ -16
ချစ် အတ္တ -17
ချစ် အတ္တ -18
ချစ် အတ္တ -19
ချစ် အတ္တ-20
ချစ် အတ္တ -21
ချစ်အတ္တ -22
ချစ် အတ္တ -23
ချစ် အတ္တ -25
ချစ် အတ္တ -26
ချစ် အတ္တ -27
ချစ် အတ္တ -28
ချစ် အတ္တ -29
ချစ် အတ္တ -30
ချစ် အတ္တ -31
ချစ်အတ္တ -32
ချစ် အတ္တ -33
ချစ် အတ္တ -34
ချစ် အတ္တ - 35
ချစ် အတ္တ - 36
ချစ် အတ္တ -37
ချစ် အတ္တ -38
ချစ် အတ္တ -39
ချစ်အတ္တ -40
ချစ် အတ္တ -41
ချစ် အတ္တ -42
ချစ် အတ္တ -43
ချစ် အတ္တ -44
ချစ် အတ္တ - 45
ချစ် အတ္တ -46
ချစ် အတ္တ -47
ချစ် အတ္တ -48
ချစ် အတ္တ -49
ချစ်အတ္တ -50
ချစ် အတ္တ -51
ချစ် အတ္တ - 52
ချစ် အတ္တ -53
ချစ် အတ္တ - 54
ချစ် အတ္တ -55
ချစ် အတ္တ -56 (completed)
ချစ် အတ္တ -24
4.3K 251 9
Av Ah-Thunn
"ကျင့်လေး!!!......"
"လွှတ်!.....လွှတ်ပါဦး....
"ကြောက်နေတာ.....
ဒေါ်သမထွက်ဘူးလား?..
မမုန်းဘူးလား?...."
"ကို မမုန်းနိုင်ဘူး....
အပြစ်လည်း မတင်ရက်ဘူး.....
"တောင်းပန်ပါတယ်.....
"ရတယ်.....ဘာမှ မပြောပါနဲ့ ...
...................................................
"ဆရာမ.......
"ဟုတ် ကျေးဇူးတင်ပါတယ်...."
.................................................
လွန်ခဲ့သော ၅နာရီ.......
‌ပေးသည်ထင်။ရီပေါ်၏
၎နာရီလောက်အကြာမှာ ဆရာမက ရီပေါ်အဆင်ပြေပြီးဟု ပြောမှ ရှောင်ကျန့်တစ်ယောက် စိတ်သက်သာရာ ရခဲ့လေသည်။
.....................................
"ရီပေါ် နိုးပြီလား?...."
"ဟင်.....ကိုကို!!....
"အင်း....ပေါ့....
"ဟီဟီ..."
"ခ်ခ်.....အင်း...
"ကတိပေး......"
...................................................
"ဟင်....အင်း....
ခဏငြိမ်နေလိုက်သည်။
"ရပါတယ်.....ပြောကြည့်လေ....
"အင်း......
လမ်းဘေးမှာ ‌နေခဲ့ရတယ်......
‌နောက်ခဏကြာတော့
သူတက်သွားခဲ့တယ်.......
‌တွေ့ ‌ဖြစ်ကြတယ်......
[Unicode]
‌ရှောင်ကျန့်ကားရပ်ပြီး ဆင်းပြေးသွားတော့ ကျင့်လေးပါ ရှောင်ကျန့်နှင့် ရှေ့ဆင့်နောက်ဆင့် ဆင်းလာခဲ့သည်။သို့သော် ရှောင်ကျန့်နောက်ကိုတော့
လိုက်မသွားဖြစ်ပဲ ရှောင်ကျန့်၏ ‌ကျောပြင်‌လေးကိုသာ  တွေတွေလေး ငေးကြည့်နေမိသည်။
*ကျင့်‌လေး အမှတ်မရှိခဲ့တာလား ?....ကိုကို.....
ပထမတစ်ခါ ကိုကိုကျင့်လေးကို ထားခဲ့တယ်.....
ဒုတိယတစ်ခါ ကိုကိုကျင့်လေးကို ထပ်ပြီးထားခဲ့ပြန်တယ်.....
အဲ့တာကလည်း ရီပေါ်ဆိုတဲ့ ကောင်လေးကြောင့်ပဲ........
ကိုကိုသူ့ကို ချစ်မိနေပြီးလာ?.......*
"ကျင့်လေး!!!......"
အနောက်မှ ကျင့်လေးအား ခေါ်နေသောအသံကြောင့် ကျင့်လေး၏ တွေးလက်စအတွေးများ ရပ်တန့်သွားလေသည်။အနောက်ကို လှည့်ကြည့်လိုက်တော့....
စိုးရိမ်ပူပန်နေသော မျက်န‌ှာပိုင်ရှင် ဝူရန်......
ကျယ်ပြန့်လှသော သူ့ရင်ခွင်ကြီးထဲတွင် ကျင့်လေး၏ကိုယ်အား ထည့်‌၍ တင်းကြပ်စွာဖတ်ထားလိုက်လေသည်။
ကျင့်လေးဝူရန်၏ ရင်ခွင်ထဲရောက်နေသောအချိန်
အခုန်မြန်နေတဲ့ ဝူရန်ရဲ့ နှလုံးသားလေးကြောင့် သူဘယ်လောက်စိုးရိမ်နေမှန်း ကျင့်လေးခံစားမိပါသည်။
"လွှတ်!.....လွှတ်ပါဦး....
ကျွန်တော် အသက်ရှူကြပ်နေပြီး....."
"ကြောက်နေတာ.....
ကိုယ့်ဆီကနေထွက်သွားမှာကို ကြောက်နေတာ......
ပြန်မတွေ့တော့မှာကို ကြောက်နေတာ.....
ဆုံးရှုံးသွားမှာကို ကြောက်နေတာ......."ဟု ပြောရင်း
မျက်ရည်များကျနေသော ဝူရန်ကို ကျင့်လေးတစ်ယောက် နားမလည်ခြင်းများစွာနဲ့ ကြည့်နေမိသည်။
"ခင်ဗျားကြီး ငိုနေတာလား?.....
ကျွန်တော့်ကို စိတ်မတိုဘူးလား?...
ဒေါ်သမထွက်ဘူးလား?..
မမုန်းဘူးလား?...."
"ကို မမုန်းနိုင်ဘူး....
အပြစ်လည်း မတင်ရက်ဘူး.....
ဒါပေမ‌ဲ့ ကျင့်လေးကို ‌ပျော်အောင် မထားနိုင်တဲ့
ကိုယ့်ကိုကိုယ်သာ မုန်းမိတယ်........"
"တောင်းပန်ပါတယ်.....
ကျ‌ွန်တော် ဒီစကားတစ်ခွန်းပဲ ခင်ဗျားကို ပြောနိုင်တယ်....."
"ရတယ်.....ဘာမှ မပြောပါနဲ့ ...
ကျင့်လေး ကိုယ့်အနားပြန်ရောက်နေပြီဆို ရပြီး....
ကိုယ့်အတွက် ဘာမှမလိုအပ်တော့ဘူး......"ဟု ပြောရင်း ဝူရန်ကျင့်လေးနဖူးကို အသာအယာ နမ်းရှိုက်လိုက်လေသည်။
...................................................
"ဆရာမ.......
ရီပေါ် အခြေအနေဘယ်လို ရှိလဲဟင်?......"
"အခုတော့ အဆင်ပြေသွားပါပြီး.....
နောက်တစ်ခါ တော့ ထပ်မဖြစ်စေန‌‌ဲ့ပေါ့......"
"ဟုတ် ကျေးဇူးတင်ပါတယ်...."
ထိုအခါမှ ရှောင်ကျန့်တစ်ယောက် အသက်ဝအောင်ရှူနိုင်တော့လေသည်။
.................................................
လွန်ခဲ့သော ၅နာရီ.......
ရှောင်ကျန့်အလောတကြီးနဲ့ အခန်းထဲ ဝင်သွားသောအခါ ........
အိပ်ယာခင်းအဖြူပေါ်တွင် ဖြူဖပ်စွာ အိပ်ပျော်နေသော ရီပေါ်.......
လက်ကောက်ဝတ်တ‌‌ွင်လည်း နက်န‌‌ဲသော ဒဏ်ရာ
နှင့်  ပလိပ်ဓါးတစ်ချောင်း......
သွေးများကလည်း အဖြူရောင် စောင်ပေါ်သို့ တစ်စက်ချင်းစီ စီးကျနေသောကြောင့်.......
အိပ်ယာပေါ်တွင် သွေးများက အိုင်လျှက်.......
ထို့ကြောင့် ရှောင်ကျန့်တစ်ယောက် ရီပေါ်အား
‌တွေ့‌တွေ့ချင်း အရုပ်ကြိုးပြတ်သကဲ့သို့ ယူကြုံးမရစွာ ကြည့်နေမိသည်။ခဏအကြာမှ ရှောင်ကျန့်တစ်‌ယောက် ထိုင်နေရာမှ ထ၍ ရီပေါ်၏ ကိုယ်လေးအား ‌ပွေ့ဖက်လိုက်‌လေသည်။
နောက်ကျသွားပြီဟု ထင်နေသော်လည်း ကံကြမ္မာက
ရှောင်ကျန့်အား အခွင့်ရေးနည်းနည်းလောက်
‌ပေးသည်ထင်။ရီပေါ်၏
အသက်ရှူသံ သေးသေးလေးကို ရှောင်ကျန့်သတိပြုမိလေသည်။
ထို့ကြောင့် ရှောင်ကျန့် ရီပေါ်အား....
အခန်းထဲမှ အမြန်ပွေ့ချီလျှက် ဆေးရ‌ုံသို့ ခေါ်သွားလေသည်။ဆေးရုံရောက်ရောက်ချင်း
ရီပေါ်ကို အရေးပေါ်အခန်းထဲ သွင်းလိုက်ရသဖြင့်
ရှောင်ကျန့်တစ်ယောက် အသက်ရှူဖို့ပင် မေ့နေလောက်အောင် စိုးရိမ်ပူပန်နေခဲ့သည်။
၄နာရီလောက်အကြာမှာ ဆရာမက ရီပေါ်အဆင်ပြေပြီးဟု ပြောမှ ရှောင်ကျန့်တစ်ယောက် စိတ်သက်သာရာ ရခဲ့လေသည်။
.....................................
"ရီပေါ် နိူးပြီလား?...."
"ဟင်.....ကိုကို!!....
ကျွန်တော် အိမ်မက်မက်နေတာလား?....
ကိုကို ကျွန်တော့်ဆီလာတယ် ပေါ့လေ....."
"အင်း....ပေါ့....
ကိုကို့ကို အရမ်းချစ်တဲ့ ကလေးကို
ထားပြီး ကိုကိုထွက်သွားရက်မလား?...."
"ဟီဟီ..."
"နောက်တစ်ခါ ဒီလိုမျိုးထပ်မလုပ်ပါနဲ့နော်.....
ကိုကို နှလုံးရောဂါရပြီး သေသွားလိမ့်မယ်....."
"ခ်ခ်.....အင်း...
နောက်တစ်ခါ ကိုကိုမကြိုက်တာ ဘာမှမလုပ်တော့ပါဘူး....."
"ကတိပေး......"
"အင်း......ကတိ"ဟု ပြောရင်း ရီပေါ်လက်သန်းလေးက ရှောင်ကျန့်၏ လက်သန်းလေးအား ချိတ်၍ဆိုလေသည်။
...................................................
ကျင့်လေးတစ်ယောက်  ညနေခင်းမှောင်စအချိန်တွင် နီရဲ၍ တစ်ခြမ်းသာ ကျန်တော့သည့် နေမင်းကြီးအား
တွေဝေစွာ ငေးကြည့်နေလေသည်။ခဏအကြာ ဝူရန်က ကျင့်လေး၏ခါးကို အနောက်မှ အသာလေးဖက်၍......ကျင့်လေးအား ရင်ခွင်ထဲသို့ ထည့်ထားလိုက်လေသည်။
"ကျွန်တော့်ကို လွှတ်ပါ....."
"ဟင်....အင်း....
ခဏလောက် ....ဖြစ်ဖြစ်ဒီလိုလေးပဲ နေပေးပါလား?......" ဟု ဝူရန်က တောင်းဆိုနေသောကြောင့် ကျင့်လေးမရူန်းတော့ဘဲ
ခဏငြိမ်နေလိုက်သည်။
"ကိုယ်ကျင့်‌လေးကို ကိုယ့်အ‌ကြောင်း‌ပြောပြမယ်.....
ခဏလောက် နားထောင်ပေးနိုင်မလား?....."
"ရပါတယ်.....ပြောကြည့်လေ....
နားထောင်ကြည့်ကြတာပေါ့....."
"အင်း......
ဟိုး‌လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကပေါ့.......
၁၆နှစ်အရွယ် ကိုယ်တစ်ယောက် မိဘကလည်းမရှိ.....
ဆွေးမျိုးတွေကလည်း လက်မခံ ....
မိဘမဲ့ကျောင်းက ကလေးတွေကလည်း နှိပ်စက်လွန်းလို့....ကျောင်းကနေထွက်လာခဲ့ပြီး....
လမ်းဘေးမှာ ‌နေခဲ့ရတယ်......
အသက်က၁၆နှစ်လောက်ရှိနေပြီး ဖြစ်ပေမဲ့....
ပညာကလည်း မတတ် ၊နေထိုင်ဖို့ကလည်း မရှိတော့
ကြုံရာအလုပ်ကို ထိုးလုပ်ခဲ့ရတယ်။
ဗိုက်ဆာလည်း ရေသာသောက်ခဲ့ရပြီး....
လမ်းဘေးအိပ် ၊လမ်းဘေးစားဘဝနှင့်သာ နေခဲ့ရတယ်။တစ်နေ့ပေါ့....
အဲ့တစ်နေ့မှာ ကိုယ်‌နေမ‌ကောင်းလို့ လမ်းဘေးမှာ နားနေတုန်း.....ကိုယ့်ထက် ၄နှစ်လောက်ငယ်တဲ့
ကျောင်းသားလေးတစ်ယောက်.....
ကိုယ့်အနားကို မုန့်တစ်ထုပ်နဲ့ လာခဲ့တယ်....
သူကသူ့နာမည်ကို မိတ်ဆက်ပေးပြီး....
ကိုယ့် ကို လက်ထဲက မုန့်ထုတ်လေးကမ်းပေးတယ်...ပြီးတော့  ကိုယ့် နာမည်ကို မေးပြီးတော့ သူငယ်ချင်း
ဖြစ်ချင်တယ်လို့လာပြောခဲ့တယ်....
‌နောက်ခဏကြာတော့
သူ့အိမ်က လာကြိုသည်ဟု ထင်ရတဲ့ကားတစ်စီးပေါ်
သူတက်သွားခဲ့တယ်.......
ကို သူ့မျက်နှာကို မြင်ပြီးကတည်းက
သူ့ကိုထပ်တွေ့ချင်ခဲ့တယ် သူရဲ့ ဖြူစင်တဲ့စိတ်ထားလေးကို သဘောကျမိတယ်.....
ဒါကြောင့် သူနဲ့တွေ့နိုင်မဲ့အချိန်လေးကို မှန်းပြီး
သူ့နေတဲ့ ကျောင်းနားမှာ သွားသွားစောင့်မိသည်။
သူလည်း ကိုယ့်ဆီကို မုန့်တစ်ထုတ်နဲ့ အတူ အမြဲတမ်းလိုလို လာခဲ့တယ် ။အမှန်ပြောရရင် အမြဲတမ်းထက်ပိုပါတယ်.....နေ့တိုင်းလိုလို ကိုယ်တို့တွေ အဲ့ဒီဆုံနေကြနေရာလေးမှာ
‌တွေ့‌ဖြစ်ကြတယ်......
အချိန်ကြာလေ သံယောဇဉ်တိုးလေ ဖြစ်လာခဲ့တဲ့ ကိုယ့်လိုဆင်းရဲသားက သူ့လို‌ရွှေဇွန်းကိုက်ပြီး
‌မွေးဖွားလာတဲ့ ဖြူစင်တဲ့ကလေးကို ချစ်မိလာခဲ့တယ်။သူကလည်း ကိုယ့်အပေါ် သံယောဇဉ်ရှိနေမှန်း ကိုယ်သတိထားမိပါတယ်....
ကိုယ်သာ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောမိရင် သူလက်ခံမှာ သိပေမဲ့.....ကိုယ်မပြောရက်ခဲ့ဘူး......
အဲ့တာ‌ကြောင့် ကိုယ်သူ့ကို ချစ်မိပြီး‌နောက်ပိုင်း  အလုပ်တွေကြိုးစားလုပ်ခဲ့တယ်.....
တစ်ချိန်မှာ သူ့ကိုဖွင့်ပြောတဲ့အခါ
ကိုယ့်လို ဆင်းရဲတဲ့သူကို ချစ်သူတော်ရလို့ မျက်နှာငယ်မှာ စိုးလို့ပါ....."
ကျင့်လေးတစ်ယောက် ငြိမ်နေသောကြောင့်
ဝူရန် ကျင့်လေးကို ပြန်ကြည့်မိ‌တော့ ....
စိတ်ရော လူရောပင်ပန်းခဲ့လို့ ထင်ပါသည်။ အိပ်ပျော်သွား‌သော‌ကြောင့် ဝူရန်က ပုံပြင်လေးကို ရပ်ထားခဲ့ပြီး ကျင့်လေးအားရင်ခွင်ထဲထည့်၍ အိပ်လိုက်လေသည်။
Fortsett å les
You'll Also Like
677K 33.5K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
12K 887 2
Zawgyi အဖြူရောင်နတ်ဘုရားနဲ့လူသားလေး💕 သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှု... ကျွန်တော့်ရဲ့အချစ်ဦးဆိုတဲ့အမည်နာမဟာအဖြူရောင်နတ်ဘုရားကြောင့်ပဲဖြစ်တည်တယ်... Wang...
1.1M 44.7K 51
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...