တစ္ပတ္အတြင္းမွာ ေရွာင္က်န႔္တစ္ေယာက္ ရီေပၚရဲ့ စိတ္ကိုပိုပိုသိလာတယ္.....ေရွာင္က်န႔္အေပၚမွာ
ထားတဲ့ ရီေပၚရဲ့ခံစားခ်က္ေတြကိုလည္း တျဖည္းျဖည္း နားလည္လာတယ္.....
ေရွာင္က်န႔္အတြက္ အဆိုးဆံုးကေတာ့ သူရီေပၚကို
သံေယာဇဉ္ရိွလာတာပဲ ..........
ေရွာင္က်န႔္ က်င့္ေလးကို ခ်စ္ေပမဲ့ သူမရိွရင္
အားငယ္တတ္တဲ့ ကေလးကိုလည္း ေရွာင္က်န႔္မ်က္ကြယ္မျပဳႏိုင္။ရီေေပၚနဲ႔ပဲ ေနမလားဆိုေတာ့လည္း.....က်င့္ေလးကို မခြဲႏိုင္။
ထို႔ေၾကာင့္ ေရွာင္က်န႔္ဘာမွေတြးမေနေတာ့ဘဲ
ကံစီမံရာအတိုင္းဟု ဆိုလ်ွက္ ျဖစါသမ်ွကိစၥ ကံကိုသာပံုခ်လိုက္ေတာ့သည္။
ေရွာင္က်န႔္ အက်ီထုပ္အား ျပတင္းေပါက္မွ အိမ္ျပင္သို့ ပစ္ခ်ထားၿပီး လူခ်ည္းသက္သက္ေအာက္ကို ဆင္းလာသည္။
ေအာက္တြင္ ရီေပၚကေရွာင္က်န႔္အတြက္ မနက္စာျပင္ေပး၍ ထိုင္ေစာင့္ေနေလသည္။
"ရီေပၚ........"
"အာ!....ကိုကို ဒီမွာလာထိုင္ေလ.....
မနက္စာ အတူတူစားရေအာင္...."
"အင္း..."
ေရွာင္က်န႔္လည္း ရီေပၚေျပာေသာ ေနရာတြင္ ဝင္ထိုင္၍ ရီေပါ္ ္အသင့္လုပ္ထားေပးေသာ ေကာ္ဖီႏွင့္မုန႔္တို႔ကို ထိုင္စားလိုက္ေလသည္။
"ကိုကို အျပင္သြားစရာ ရိွလို႔လား?.....
ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ေလ...."
"ရတယ္ ရီေပၚ.....
ကိုကို ကိုယ့္ကကိုယ္ပဲ သြားလိုက္မယ္....."
"အင္း......ဒါနဲ႔ ကိုကို ဘယ္အခ်ိန္ ျပန္လာမလဲ?...."
"ဒါက....."
ေရွာင္က်န႔္ခဏတာ ေတြေဝေနတာေၾကာင့္....
"ကိုကို စိတ္ႀကိဳက္လည္ခဲ့ပါ....
ကြၽန္ေတာ္ ေစာင့္ေနမယ္........."
"....................."
ေရွာင္က်န႔္ဘာမွ ျပန္မေျပာေသာေၾကာင့္ ရီေပၚတစ္ေယာက္ အိမ္အျပင္သို႔ ခဏထြက္သြားေလသည္။
*ဒီကေလး ဘာေတျြဖစ္ေနတာလဲ?.....
မ်က္ႏွာလည္းမေကာင္းဘူး.....
ဧကန္န ငါသြားမွာမ်ား သိသြားတာလား?...
မျဖစ္ႏိုင္ပါဘူး.....ငါေသခ်ာဂရုစိုက္ထားတာပဲ....
ငါစိတ္ထင္တာ ျဖစ္မွာပါ........*
ခဏအၾကာ ရီေပၚတစ္ေယာက္ အိမ္ထဲကို ျပန္ဝင္လာၿပီး ေရွာင္က်န႔္အား ေျပးဖက္လိုက္ေလသည္။
"ကိုကို ....အျမန္ျပန္လာေနာ္.....
အရမ္းၾကာေနရင္ ကြၽန္ေတာ္ ေစာင့္ႏိုင္မွာ မဟုတ္ဘူး......
ကိုကို႔ကို အရမ္းခ်စ္တယ္ေနာ္....."ဟု ေျပာရင္း ရီေပၚေရွာင္က်န႔္၏ နားထင္ေလးအား ၾကာျမင္စြာ
ဖိကပ္နမ္းထားေလသည္။
*ဒီအနမ္းက ေနာက္ဆံုးအနမ္းမျဖစ္ခ်င္ဘူး ကိုကို.....ဒါေပမဲ့ ကိုကို႔ေရြးခ်ယ္မွုသာ ကြၽန္ေတာ္ျဖၫ့္ဆည္းေပးမွာပါ......
တစ္ခုေတာ့ရိွတာေပါ့.....အဲ့တာက ကြၽန္ေတာ္ အတၲေလး နည္းနည္းေလာက္ ရိွပါရေစ.....*
..........................................
"ကိုကို!!...."
"က်င့္ေလး!!......"
ေရွာင္က်န႔္ႏွင့္ က်င့္ေလးတို႔ႏွစ္ေယာက္ ကားဂိတ္တြင္ ႏွစ္ေယာက္သား ဝမ္းသာအားႏွင့္ ေျပးဖက္ေနၾကသည္။ စိတ္လႈပ္ရွားမွု မ်ားစြာျဖင့္
ေရွာင္က်န႔္ႏွင့္က်င့္ေလး မိမိတို႔၏အနာဂတ္စိတ္ကူးမ်ားကို ပံုေဖာ္ေနၾကသည္။
" (.......) ကားထြက္ရန္ ၅မိနစ္အလို ျဖစ္ပါ၍ ခရီးသည္မ်ား ကားေပၚတတ္ရန္ သတိေပးအပ္ပါသည္။
ကားဂိတ္မွ ကားေပၚတက္ရန္ သတိေပးေနေသာ အသံေၾကာင့္ ေရွာင္က်န႔္ႏွင့္ က်င့္ေလးတို႔ ကားေပၚသို႔ တတ္သြားေလသည္။
"ကိုကို ....ကားေပၚအရင္တက္ထားလိုက္....
က်င့္ေလး....toilet သြားလိုက္ဦးမယ္....."
"အင္း...."ဟု ေျပာရင္း ေရွာင္က်န႔္ကားေပၚသို႔
တတ္သြားေလသည္။
ေရွာင္က်န႔္တစ္ေယာက္ ေရဆာ၍ အိတ္ထဲတြင္ ေရဘူးထုတ္ရန္ အလို႔ငွာ အိတ္ေဇ့ကို ဖြင့္လိုက္ရာတြင္ စာအိတ္ႀကီးႀကီးေလးတစ္လံုး ေရွာင္က်န႔္အိတ္ထဲကို ေရာက္ေနေလသည္။
ထူးဆန္းေနေသာေၾကာင့္ ေရွာင္က်န႔္လည္း ထိုစာအိတ္ကို ဖြင့္ၾကၫ့္လိုက္ရာ.......
ေရွာင္က်န႔္လက္ထဲသို႔ ပါလာတဲ့ စာရြက္ေလး
စာရြက္ေပၚမွာ ေရးထားတဲ့ စာေလးက လက္ထက္စာခ်ဳပ္တဲ့.........
ေရွာင္က်န႔္တစ္ေယာက္ လက္ထက္ထားတဲ့သူရဲ့ နာမည္ကို ၾကၫ့္လိုက္ေသာအခါ.....
သတို႔သား ေရွာင္က်န႔္ႏွင့္ သတို႔သာ ဝမ္ရီေပၚတို႔၏
လက္ထက္စာခ်ဳပ္......
ေရွာင္က်န႔္အေတာ္အံ့ျသသြားသည္။ဒီေလာက္ အခ်ိန္ေတြ အၾကာႀကီး ရွာေနတာေတာင္ မေပၚလာဘဲ .....အခု က်င့္ေလးနဲ႔ ခိုးေျပးေတာ့မွ လက္ထက္စာခ်ဳပ္က သူ႔အိမ္ထဲမွာပဲ ဆိုေတာ့ ေရွာင္က်န႔္တစ္ေယာက္ အတိုင္းမသိဝမ္းသာသြားသည္။
ထို႔ေနာက္စာအိတ္ကို ေသခ်ာ ထပ္ၾကၫ့္လိုက္ေသာအခါ......
လက္ႏွင့္ေရးထားေသာ စာလံုးေလးေတြက......
"ကိုကို....လက္ထက္စာခ်ဳပ္ ထၫ့္ေပးလိုက္တယ္ေနာ္.....ကိုကို
မျပန္လာခ်င္ရင္
အဆင္ေျပေအာင္လို႔......
တကယ္ေတာ့ ကိုကို ဒီေန့
က်င့္ေလးနဲ႔အတူ ဒီၿမိဳ႔ကေန
ထြက္သြားမွာကို ကြၽန္ေတာ္
သိေနခဲ့တယ္...ဒါေပမဲ့ ကိုကို႔ေပ်ာ္ရႊင္မႈ ျဖစ္ေနလို႔
ကြၽန္ေတာ္ မတားရက္ခဲ့ဘူး....ကိုကို က်င့္ေလးနဲ႔အတူ ထြက္သြားမယ္ဆိုရင္ ဝူရန္ကို သတိထားပါ....
ကိုကို႔ကို အႏၲရာယ္မျဖစ္ေစခ်င္ဘူး......
ၿပီးေတာ့.....
ကြၽန္ေတာ္ ေမ်ွာ္ေနတယ္ သိလား?....
ဒါေပမဲ့ ကြၽန္ေတာ္ အၾကာႀကီးမေစာင့္ႏိုင္ဘူး......
အရမ္းေနာက္က်ရင္ ကြၽန္ေတာ္ကိုကို႔ကို ခ်န္ခဲ့မွာေနာ္......ၿပီးေတာ့ ဓါးျပၾကီးကို ကြၽန္ေတာ္
ထပ္မစီးေတာ့ဘူး......
ကိုကိုေရြးခ်ယ္မႈက အမွန္ဆံုးပဲေနာ္.....
ကိုကို ေပ်ာ္ပါေစ.....
ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္ခဲ့တာ ေနာင္တမရဘူး...
ကြၽန္ေတာ္ သိပ္ခ်စ္ရတဲ့ ကိုကို....."
ေရွာင္က်န႔္တစ္ေယာက္ ရီေပၚ၏ စာေလးကို ဖတ္ၿပီးတဲ့အဆံုးမွာ စိတ္ေတြေလးလံေနသည္။ရီေပၚတစ္ခုခုျဖစ္ေနမွာကို ေရွာင္က်န႔္စိုးရိမ္ေနသည္။သို့ေသာ္ ခဏေလာက္အၾကာထိ ေရွာင္က်န႔္ကားေပၚမွာ ထိုင္ေနခဲ့သည္။
"ကိုကို ...."
"အင္း..."
"ဘာေတြ ေတြးေနတာလဲ?...
က်င့္ေလးေခၚေနတာေတာင္ မၾကားဘူး...."
"မဟုတ္ပါဘူး.....ကိုကို ေခါင္းကိုက္ေနလို႔ ခဏအိပ္မယ္ေနာ္......."
ေရွာင္က်န႔္တစ္ေယာက္ 15မိနွစ္ေလာက္အလိုတြင္ ေမွးကနဲျဖစ္သြားေလသည္။
"ကိုကို!.....သိလား?....
ကြၽန္ေတာ္ ကိုကို႔ကို အရမ္းခ်စ္တာေနာ္.....
ပင္လယ္ဓါးျပစီးရတာ ေၾကာက္ေပမဲ့ သူ႔ကိုစီးရတဲ့ ခံစားခ်က္ကို ႀကိဳက္တယ္.....
သေဘာက်တယ္.......
တစ္ေယာက္ေယာက္ အဲ့တာကိုကိုပဲ....
အျခားသူ မဟုတ္ဘူး......
ကိုကိုအားတဲ့ အခ်ိန္ပဲစီးမွာ.....
ကစားကြင္းလာတိုင္း စီးမွာ......
ကြၽန္ေတာ့္ဘဝမွာ ကိုကိုပဲရိွတာ....
ကိုကိုမရိွရင္ ကြၽန္ေတာ့္ဘဝ အဓိပၸါယ္ မရိွဘူး...
အဓိပၸါယ္ မရိွတဲ့ ဘဝမွာ ကြၽန္ေတာ္မေနဘူး......
ကြၽန္ေတာ္ေမ်ွာ္ေနတယ္ေနာ္....ဒါေပမဲ့ အၾကာႀကီးေတာ့ မေစာင့္ႏိုင္ဘူး..... အခ်ိန္အရမ္းၾကာရင္ ကြၽန္ေတာ္ ကိုကို့ကို ခ်န္ထားခဲ့မွာ.....
ကိုကို႔ကို ခ်စ္တာ ေနာင္တမရခဲ့ဘူး......"
အသံေတြအဆံုးမွာ ေရွာင္က်န႔္၏ မိွတ္ထားေသာ မ်က္ခြံေလးေအာက္မွာ မ်က္ရည္မ်ားက်လာသည္။
မ်က္လံုးက မဖြင့္ႏိုင္ေသးေသာ္လည္း ရင္ဘတ္ထဲက စူးေအာင့္ေနသည္။
စိတ္ထဲတြင္ ေပၚလာေသာ အေၾကာင္းအရာအားလံုးကို ဆက္စပ္ၾကၫ့္တဲ့အခါ........ေရ႔ွဆက္သြားမဲ့ ေရွာင္က်န႔္၏ စိတ္ကူးတို႔ကို ရပ္တန႔္ေစသည္။
"ကိုကို!!....ဘာလို႔ မ်က္ရည္ေတြ က်ေနတာလဲ?..."
"က်င့္ေလး.....ကိုကို ေတာင္းပန္ပါတယ္.....
ကိုကို ဒီခရီးကို ဆက္မသြားႏိုင္ေတာ့ဘူး.....
ကိုကို ဒီမွာပဲဆင္းပါရေစ......"ဟု ေျပာရင္း ေရွာင္က်န႔္ ကားေပၚမွ အေျပးဆင္းကာ ရီေပၚရိွသၫ့္
အိမ္ေလးသို႔ ႀကံဳရာကား အကူညီေတာင္း၍ ျပန္လာခဲ့သည္။
*ေတာင္းပန္ပါတယ္.....
ဘာမွ မျဖစ္လိုက္ပါနဲ႔.......
ေတာင္းပန္ပါတယ္.....*
Taxi ကား ေလး အိမ္ကို ေရာက္တာနဲ႔ ေရွာင္က်န႔္တစ္ေယာက္ အခန္းထဲသို႔ အျမန္ေျပးဝင္သြားေလသည္။
သို႔ေသာ္ ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္....
ေရွာင္က်န႔္တစ္ေယာက္ အရုပ္ႀကိဳးျပတ္လဲက်သြားေလသည္။
*ရီေပၚ!.....ကေလး....
မင္း အရမ္းမိုက္မဲတာပဲ......
ငါ့အတြက္ တန္လို႔လား?...*
[Unicode]
တစ်ပတ်အတွင်းမှာ ရှောင်ကျန့်တစ်ယောက် ရီပေါ်ရဲ့ စိတ်ကိုပိုပိုသိလာတယ်.....ရှောင်ကျန့်အပေါ်မှာ
ထားတဲ့ ရီပေါ်ရဲ့ခံစားချက်တွေကိုလည်း တဖြည်းဖြည်း နားလည်လာတယ်.....
ရှောင်ကျန့်အတွက် အဆိုးဆုံးကတော့ သူရီပေါ်ကို
သံယောဇဉ်ရှိလာတာပဲ ..........
ရှောင်ကျန့် ကျင့်လေးကို ချစ်ပေမဲ့ သူမရှိရင်
အားငယ်တတ်တဲ့ ကလေးကိုလည်း ရှောင်ကျန့်မျက်ကွယ်မပြုနိုင်။ရီေပေါ်နဲ့ပဲ နေမလားဆိုတော့လည်း.....ကျင့်လေးကို မခွဲနိုင်။
ထို့ကြောင့် ရှောင်ကျန့်ဘာမှတွေးမနေတော့ဘဲ
ကံစီမံရာအတိုင်းဟု ဆိုလျှက် ဖြစါသမျှကိစ္စ ကံကိုသာပုံချလိုက်တော့သည်။
ရှောင်ကျန့် အကျီထုပ်အား ပြတင်းပေါက်မှ အိမ်ပြင်သို့ ပစ်ချထားပြီး လူချည်းသက်သက်အောက်ကို ဆင်းလာသည်။
အောက်တွင် ရီပေါ်ကရှောင်ကျန့်အတွက် မနက်စာပြင်ပေး၍ ထိုင်စောင့်နေလေသည်။
"ရီပေါ်........"
"အာ!....ကိုကို ဒီမှာလာထိုင်လေ.....
မနက်စာ အတူတူစားရအောင်...."
"အင်း..."
ရှောင်ကျန့်လည်း ရီပေါ်ပြောသော နေရာတွင် ဝင်ထိုင်၍ ရီပေါ် ်အသင့်လုပ်ထားပေးသော ကော်ဖီနှင့်မုန့်တို့ကို ထိုင်စားလိုက်လေသည်။
"ကိုကို အပြင်သွားစရာ ရှိလို့လား?.....
ကျွန်တော် လိုက်ပို့ပေးမယ်လေ...."
"ရတယ် ရီပေါ်.....
ကိုကို ကိုယ့်ကကိုယ်ပဲ သွားလိုက်မယ်....."
"အင်း......ဒါနဲ့ ကိုကို ဘယ်အချိန် ပြန်လာမလဲ?...."
"ဒါက....."
ရှောင်ကျန့်ခဏတာ တွေဝေနေတာကြောင့်....
"ကိုကို စိတ်ကြိုက်လည်ခဲ့ပါ....
ကျွန်တော် စောင့်နေမယ်........."
"....................."
ရှောင်ကျန့်ဘာမှ ပြန်မပြောသောကြောင့် ရီပေါ်တစ်ယောက် အိမ်အပြင်သို့ ခဏထွက်သွားလေသည်။
*ဒီကလေး ဘာတြွေဖစ်နေတာလဲ?.....
မျက်နှာလည်းမကောင်းဘူး.....
ဧကန်န ငါသွားမှာများ သိသွားတာလား?...
မဖြစ်နိုင်ပါဘူး.....ငါသေချာဂရုစိုက်ထားတာပဲ....
ငါစိတ်ထင်တာ ဖြစ်မှာပါ........*
ခဏအကြာ ရီပေါ်တစ်ယောက် အိမ်ထဲကို ပြန်ဝင်လာပြီး ရှောင်ကျန့်အား ပြေးဖက်လိုက်လေသည်။
"ကိုကို ....အမြန်ပြန်လာနော်.....
အရမ်းကြာနေရင် ကျွန်တော် စောင့်နိုင်မှာ မဟုတ်ဘူး......
ကိုကို့ကို အရမ်းချစ်တယ်နော်....."ဟု ပြောရင်း ရီပေါ်ရှောင်ကျန့်၏ နားထင်လေးအား ကြာမြင်စွာ
ဖိကပ်နမ်းထားလေသည်။
*ဒီအနမ်းက နောက်ဆုံးအနမ်းမဖြစ်ချင်ဘူး ကိုကို.....ဒါပေမဲ့ ကိုကို့ရွေးချယ်မှုသာ ကျွန်တော်ဖြည့်ဆည်းပေးမှာပါ......
တစ်ခုတော့ရှိတာပေါ့.....အဲ့တာက ကျွန်တော် အတ္တလေး နည်းနည်းလောက် ရှိပါရစေ.....*
..........................................
"ကိုကို!!...."
"ကျင့်လေး!!......"
ရှောင်ကျန့်နှင့် ကျင့်လေးတို့နှစ်ယောက် ကားဂိတ်တွင် နှစ်ယောက်သား ဝမ်းသာအားနှင့် ပြေးဖက်နေကြသည်။ စိတ်လှုပ်ရှားမှု များစွာဖြင့်
ရှောင်ကျန့်နှင့်ကျင့်လေး မိမိတို့၏အနာဂတ်စိတ်ကူးများကို ပုံဖော်နေကြသည်။
" (.......) ကားထွက်ရန် ၅မိနစ်အလို ဖြစ်ပါ၍ ခရီးသည်များ ကားပေါ်တတ်ရန် သတိပေးအပ်ပါသည်။
ကားဂိတ်မှ ကားပေါ်တက်ရန် သတိပေးနေသော အသံကြောင့် ရှောင်ကျန့်နှင့် ကျင့်လေးတို့ ကားပေါ်သို့ တတ်သွားလေသည်။
"ကိုကို ....ကားပေါ်အရင်တက်ထားလိုက်....
ကျင့်လေး....toilet သွားလိုက်ဦးမယ်....."
"အင်း...."ဟု ပြောရင်း ရှောင်ကျန့်ကားပေါ်သို့
တတ်သွားလေသည်။
ရှောင်ကျန့်တစ်ယောက် ရေဆာ၍ အိတ်ထဲတွင် ရေဘူးထုတ်ရန် အလို့ငှာ အိတ်ဇေ့ကို ဖွင့်လိုက်ရာတွင် စာအိတ်ကြီးကြီးလေးတစ်လုံး ရှောင်ကျန့်အိတ်ထဲကို ရောက်နေလေသည်။
ထူးဆန်းနေသောကြောင့် ရှောင်ကျန့်လည်း ထိုစာအိတ်ကို ဖွင့်ကြည့်လိုက်ရာ.......
ရှောင်ကျန့်လက်ထဲသို့ ပါလာတဲ့ စာရွက်လေး
စာရွက်ပေါ်မှာ ရေးထားတဲ့ စာလေးက လက်ထက်စာချုပ်တဲ့.........
ရှောင်ကျန့်တစ်ယောက် လက်ထက်ထားတဲ့သူရဲ့ နာမည်ကို ကြည့်လိုက်သောအခါ.....
သတို့သား ရှောင်ကျန့်နှင့် သတို့သာ ဝမ်ရီပေါ်တို့၏
လက်ထက်စာချုပ်......
ရှောင်ကျန့်အတော်အံ့သြသွားသည်။ဒီလောက် အချိန်တွေ အကြာကြီး ရှာနေတာတောင် မပေါ်လာဘဲ .....အခု ကျင့်လေးနဲ့ ခိုးပြေးတော့မှ လက်ထက်စာချုပ်က သူ့အိမ်ထဲမှာပဲ ဆိုတော့ ရှောင်ကျန့်တစ်ယောက် အတိုင်းမသိဝမ်းသာသွားသည်။
ထို့နောက်စာအိတ်ကို သေချာ ထပ်ကြည့်လိုက်သောအခါ......
လက်နှင့်ရေးထားသော စာလုံးလေးတွေက......
"ကိုကို....လက်ထက်စာချုပ် ထည့်ပေးလိုက်တယ်နော်.....ကိုကို
မပြန်လာချင်ရင်
အဆင်ပြေအောင်လို့......
တကယ်တော့ ကိုကို ဒီနေ့
ကျင့်လေးနဲ့အတူ ဒီမြို့ကနေ
ထွက်သွားမှာကို ကျွန်တော်
သိနေခဲ့တယ်...ဒါပေမဲ့ ကိုကို့ပျော်ရွှင်မှု ဖြစ်နေလို့
ကျွန်တော် မတားရက်ခဲ့ဘူး....ကိုကို ကျင့်လေးနဲ့အတူ ထွက်သွားမယ်ဆိုရင် ဝူရန်ကို သတိထားပါ....
ကိုကို့ကို အန္တရာယ်မဖြစ်စေချင်ဘူး......
ပြီးတော့.....
ကျွန်တော် မျှော်နေတယ် သိလား?....
ဒါပေမဲ့ ကျွန်တော် အကြာကြီးမစောင့်နိုင်ဘူး......
အရမ်းနောက်ကျရင် ကျွန်တော်ကိုကို့ကို ချန်ခဲ့မှာနော်......ပြီးတော့ ဓါးပြကြီးကို ကျွန်တော်
ထပ်မစီးတော့ဘူး......
ကိုကိုရွေးချယ်မှုက အမှန်ဆုံးပဲနော်.....
ကိုကို ပျော်ပါစေ.....
ကျွန်တော် ကိုကို့ကို ချစ်ခဲ့တာ နောင်တမရဘူး...
ကျွန်တော် သိပ်ချစ်ရတဲ့ ကိုကို....."
ရှောင်ကျန့်တစ်ယောက် ရီပေါ်၏ စာလေးကို ဖတ်ပြီးတဲ့အဆုံးမှာ စိတ်တွေလေးလံနေသည်။ရီပေါ်တစ်ခုခုဖြစ်နေမှာကို ရှောင်ကျန့်စိုးရိမ်နေသည်။သို့သော် ခဏလောက်အကြာထိ ရှောင်ကျန့်ကားပေါ်မှာ ထိုင်နေခဲ့သည်။
"ကိုကို ...."
"အင်း..."
"ဘာတွေ တွေးနေတာလဲ?...
ကျင့်လေးခေါ်နေတာတောင် မကြားဘူး...."
"မဟုတ်ပါဘူး.....ကိုကို ခေါင်းကိုက်နေလို့ ခဏအိပ်မယ်နော်......."
ရှောင်ကျန့်တစ်ယောက် 15မိနှစ်လောက်အလိုတွင် မှေးကနဲဖြစ်သွားလေသည်။
"ကိုကို!.....သိလား?....
ကျွန်တော် ကိုကို့ကို အရမ်းချစ်တာနော်.....
ပင်လယ်ဓါးပြစီးရတာ ကြောက်ပေမဲ့ သူ့ကိုစီးရတဲ့ ခံစားချက်ကို ကြိုက်တယ်.....
သဘောကျတယ်.......
တစ်ယောက်ယောက် အဲ့တာကိုကိုပဲ....
အခြားသူ မဟုတ်ဘူး......
ကိုကိုအားတဲ့ အချိန်ပဲစီးမှာ.....
ကစားကွင်းလာတိုင်း စီးမှာ......
ကျွန်တော့်ဘဝမှာ ကိုကိုပဲရှိတာ....
ကိုကိုမရှိရင် ကျွန်တော့်ဘဝ အဓိပ္ပါယ် မရှိဘူး...
အဓိပ္ပါယ် မရှိတဲ့ ဘဝမှာ ကျွန်တော်မနေဘူး......
ကျွန်တော်မျှော်နေတယ်နော်....ဒါပေမဲ့ အကြာကြီးတော့ မစောင့်နိုင်ဘူး..... အချိန်အရမ်းကြာရင် ကျွန်တော် ကိုကို့ကို ချန်ထားခဲ့မှာ.....
ကိုကို့ကို ချစ်တာ နောင်တမရခဲ့ဘူး......"
အသံတွေအဆုံးမှာ ရှောင်ကျန့်၏ မှိတ်ထားသော မျက်ခွံလေးအောက်မှာ မျက်ရည်များကျလာသည်။
မျက်လုံးက မဖွင့်နိုင်သေးသော်လည်း ရင်ဘတ်ထဲက စူးအောင့်နေသည်။
စိတ်ထဲတွင် ပေါ်လာသော အကြောင်းအရာအားလုံးကို ဆက်စပ်ကြည့်တဲ့အခါ........ရှေ့ဆက်သွားမဲ့ ရှောင်ကျန့်၏ စိတ်ကူးတို့ကို ရပ်တန့်စေသည်။
"ကိုကို!!....ဘာလို့ မျက်ရည်တွေ ကျနေတာလဲ?..."
"ကျင့်လေး.....ကိုကို တောင်းပန်ပါတယ်.....
ကိုကို ဒီခရီးကို ဆက်မသွားနိုင်တော့ဘူး.....
ကိုကို ဒီမှာပဲဆင်းပါရစေ......"ဟု ပြောရင်း ရှောင်ကျန့် ကားပေါ်မှ အပြေးဆင်းကာ ရီပေါ်ရှိသည့်
အိမ်လေးသို့ ကြုံရာကား အကူညီတောင်း၍ ပြန်လာခဲ့သည်။
*တောင်းပန်ပါတယ်.....
ဘာမှ မဖြစ်လိုက်ပါနဲ့.......
တောင်းပန်ပါတယ်.....*
Taxi ကား လေး အိမ်ကို ရောက်တာနဲ့ ရှောင်ကျန့်တစ်ယောက် အခန်းထဲသို့ အမြန်ပြေးဝင်သွားလေသည်။
သို့သော် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်....
ရှောင်ကျန့်တစ်ယောက် အရုပ်ကြိုးပြတ်လဲကျသွားလေသည်။
*ရီပေါ်!.....ကလေး....
မင်း အရမ်းမိုက်မဲတာပဲ......
ငါ့အတွက် တန်လို့လား?...*