ေရွာင္က်န႔္ POV...........
ကြၽန္ေတာ္ ဟိုတယ္မွာ က်င့္ေလးကို သြားေစာင့္တာ
က်င့္ေလးႏွင့္ မေတြ႕ခဲ့ရဘဲ ဝူရန္နဲ႔သာ
ေတြ ့ခဲ့ရေလသည္။ ထို႔အျပင္ ဝူရန္က ကြၽန္ေတာ့္ကို မထိတထိစကားေျပာျပီးထြက္သြားတာေၾကာင့္
ခံျပင္းလြန္း၍ အိမ္ခန္းထဲရိွ ပစၥည္းမ်ားကို ဖ်က္ဆီးေနမိသည္။တစ္ဆက္တည္းမွာပဲ တံခါးလာေခါက္ေသာ ရီေပၚအား .......
"ကြၽန္ေတာ့္ကို ဝူရန္က ဒီလိုေစာ္ကားတဲ့စကားေတြ ေျပာတာ သူ႔ေၾကာင့္" ဟူေသာ ေဒၚသႏွင့္ လက္ထဲတြင္ ကိုင္ထားေသာ ပန္းအိုးႏွင့္ ပစ္ေပါက္လိုက္ေလသည္။ အရမ္းေဒၚသထြက္လို႔ ပစ္ေပါက္လိုက္ေပမဲ့ ......သတိဝင္လာတဲ့အခ်ိန္ ရီေပၚ၏ ခႏၶာကိုယ္ေလးလဲက်မလို ျဖစ္ေနတာေၾကာင့္ ဖမ္းဆြဲထားမိေလသည္။
ေခါင္းဒဏ္ရာအတြက္ ဆရာဝန္ကို ေခၚလိုက္ၿပီး
အိမ္တြင္သာ ကုသမႈျပဳလုပ္ေပးသည္။ ဆရာဝန္ျပန္သြားၿပီး ခဏအၾကာ ရီေပၚႏိုးလာလ်ွင္ စားဖို႔ ခ်က္ျပဳတ္စရာမ်ားကို ကုန္တိုက္တြင္ သြားဝယ္ရေသးသည္။
ေဈးဝယ္ၿပီးျပန္မည္အလုပ္ က်င့္ေလးႏွင့္
ေတြ ့သျဖင့္.....ေကာ္ဖီဆိုင္တစ္ဆိုင္တြင္ စကားအၾကာႀကီးေျပာျဖစ္ၾကသည္။ ထိုစကားမ်ားထဲတြင္ ေနာက္တစ္ပတ္ေနရင္
ဝူရန္က က်င့္ေလးကို ေပက်င္းကို ျပန္ေခၚသြားမယ္အေၾကာင္း
အဲ့တာ ေပက်င္းမသြားခင္ တစ္ရက္အလို ကြၽန္ေတာ္တို႔ အတူတူထြက္ေျပးၾကရန္ တိုင္ပင္ထားၾကေလသည္။
ကြၽန္ေတာ္ နာရီၾကၫ့္ေတာ့ ည၇ခြဲ ေနၿပီျဖစ္ေသာေၾကာင့္ အိမ္သို႔ အျမန္ျပန္လာခဲ့သည္။
အိမ္ႏွင့္ကုန္တိုက္က အလွမ္းေဝးေသာေၾကာင့္ ကြၽန္ေတာ္အိမ္ျပန္ေရာက္တဲ့ အခ်ိန္က 8နာရီ မထိုးတစ္ထိုးအခ်ိန္ေလး ျဖစ္ေနေလသည္။
ကြၽန္ေတာ္ျပန္ေရာက္ ေရာက္ခ်င္း ၿခံထဲဝင္မည္အလုပ္ .....ၿခံထဲတြင္ ငုပ္တုတ္ေလးထိုင္ေနေသာ ရီေပၚအားေတြ ့သျဖင့္
ၿခံထဲမဝင္ေသးဘဲ သူဘာလုပ္မည္ကို ကြၽန္ေတာ္ေစာင့္ၾကည့္မိသည္။
ၿခံထဲမွ အျပင္သို႔ ဟိုေခ်ာင္းၾကၫ့္ ဒီေခ်ာင္းၾကၫ့္ လုပ္ေနေသာ ရီေပၚပံုစံေလးမွာ သနားစရာေတာ့ အလြန္ေကာင္းသည္။သို့ေပမဲ့...ကြၽန္ေတာ္ အိမ္ထဲမဝင္ေသးဘဲ သူဘာဆက္လုပ္မလဲဆိုတာ
ကြၽန္ေတာ္ အခ်ိန္အေတာ္ၾကာေလာက္ထိ ထိုင္ၾကၫ့္ေနမိသည္။
ထို႔ေနာက္ အလြန္ေအးလာ၍ အိမ္ထဲဝင္မည္အလုပ္
နာရီၾကၫ့္လိုက္ေတာ့ ၁၀နာရီထိုးေနျပီျဖစ္သည္။ထိုစဉ္ ရီေပၚတစ္ေယာက္အိမ္ထဲသို႔ အျမန္ေျပးဝင္သြားေသာေၾကာင့္ ကြၽန္ေတာ္ေတြးလိုက္တာက သူကကြၽန္ေတာ့္ကို အေယာင္ျပေလာက္ပဲ ခ်စ္တာလို႔ ေတြးလိုက္မိေသးသည္။
ကြၽန္ေတာ့္အေတြးမွားသြားသည္ထင္္ ....
သူအေနြးထည္တစ္ထည္ကို ျပန္ဝတ္လာၿပီး ၿခံျပင္သို႔ ေျပးထြက္သြားသည္။ထို့ေျကာင့္ ကြၽန္ေတာ္လည္း သူ႔ေနာက္ကို သူမသိေအာင္ တိတ္တိတ္ေလးလိုက္သြားခဲ့ေလသည္။
တစ္လမ္းဝင္တစ္လမ္းထြက္ ကြၽန္ေတာ့္ကို ေအာ္ေခၚေနေသာ သူ႔ပံုစံေလးက ျဖဴစင္တဲ့ ကေလးေလးတစ္ေယာက္လိုပဲ.....
သူ႔ကို ကြၽန္ေတာ္ စိတ္ေရာ၊လူပါ ဒုကၡေပးထားတာေတာင္ ကြၽန္ေတာ့္ကို မမုန္းႏိုင္ဘဲ
လိုက္ရွာေနေလသည္။
ကြၽန္ေတာ္ ျဖည္းျဖည္းခ်င္း သူ႔ေနာက္လိုက္ေနတုန္း........သူကြၽန္ေတာ့္အေရ႔ွတြင္ လဲက်သြားတာေၾကာင့္ သူ႔ကိုအျမန္ေပြ ့ခ်ီၿပီး အိမ္သို႔ေခၚသြားလိုက္ေလသည္။
အိမ္ျပန္ေရာက္ေရာက္ခ်င္း သူ႔ကို ေနြးေအာင္ ေစာင္ထူထူၿခံဳေပးထားလိုက္ေလသည္။
ခဏအၾကာ သူကြၽန္ေတာ့္ကို ထြက္မသြားပါနဲ႔ လို႔
ေယာင္ေနၿပီး မ်က္ရည္မ်ားက်ေနေသာေၾကာင့္ ကြၽန္ေတာ္သူ႔ကို သနားမိသြားေလသည္။ထို့ေျကာင့္ ကြၽန္ေတာ္လည္း သူ႔မ်က္ရည္မ်ားကို သုတ္ေပးၿပီး.....သူ႔ေဘးက ကုတင္ေပၚတြင္ မွီ၍ အိပ္ေပ်ာ္သြားေလသည္။
...........................................................
ေရွင္က်န႔္ႏိုးေတာ့ ရီေပၚက ေရွာင္က်န႔္၏ ေပါင္ေပၚတြင္ ေခါင္းတင္၍ အိပ္ေနေလသည္။
ထို႔ေၾကာင့္ ေနမေကာင္းတဲ့သူကို ေရွာင္က်န႔္လည္း
မၿငိဳျငင္ခ်င္ေသာေၾကာင့္ ရီေပၚကို မဖယ္ခိုင္းေတာ့ပဲ
ခဏျပန္ေမွးေနလိုက္ေလသည္။တစ္ဆက္တည္းမွာပဲ........
*မင္းက အရမ္းျဖဴစင္တဲ့ ကေလးတစ္ေယာက္ပါ...
ဒါေပမဲ့ ငါမင္းကို မခ်စ္ႏိုင္ေသးဘူး.....ငါဒီအိမ္ေလးထဲက မထြက္ သြားခင္ခ်ိန္ေလးေတာ့ မင္းကိုဂရုစိုက္ေပးမွာပါ...*
..................................................................
"ရီေပၚ .......ေရာ့ ဆန္ျပဳတ္စားလိုက္..."
"ဟင္အင္း.....မစားခ်င္ဘူး.....
ကြၽန္ေတာ္ ဗိုက္မဆာဘူး......"
"မဆာလည္း စားလိုက္ပါ.....
လာ!.....ကိုကို ခြံေကြၽးမယ္......."ဟု ေျပာရင္း
ေရွာင္က်န႔္က ဆန္ျပဳတ္ဇြန္းေလးအား ႏႈတ္ခမ္းတြင္ ေတ့ေပးထားတာေၾကာင့္ ရီေပၚႀကိတ္မိွတ္၍ စားလိုက္ေလသည္။
ေရွာင္က်န႔္ ရီေပၚကို ေဆးတိုက္ၿပီးေနာက္ အနားယူရန္ ကုတင္ေပၚတြင္
ေစာင္ၿခံဳေပးေနတုန္း .........
ရီေပၚက ေရွာင္က်န႔္၏လက္ေလးကို ဆြဲ၍........
"ကိုကို!.....ကြၽန္ေတာ္ေဘးမွာ အတူတူအိပ္ေပးပါလားဟင္?......."
".............."
ေရွာင္က်န႔္က ဘာမျွပန္မေျပာေသာေၾကာင့္
ရီေပၚ ေရွာင္က်န႔္၏ လက္ကို ျဖည္းျဖည္းခ်င္း လႊတ္လိုက္၍ ေရွာင္က်န႔္ႏွင့္ ဆန္က်င့္ဘက္အရပ္သို႔ ေစာင္း၍ လွဲအိပ္လိုက္ေလသည္။
"ေတာင္းပန္ပါတယ္.....ကိုကို....
ကြၽန္ေတာ္ ေတာင္းဆိုတာေတြ အရမ္းမ်ားေနၿပ္ီး
ထင္တယ္......ကြၽန္ေတာ္ အိပ္ေတာ့မယ္ေနာ္......"ဟု
ေျပာရင္း မ်က္လံုးမိွတ္၍ မ်က္ရည္က်ေနေသာေၾကာင့္ ေရွာင္က်န႔္စိတ္ထဲ ရီေပၚကို ပိုသနားမိသြားေလသည္။ထို့ေၾကာင့္ ေရွာင္က်န႔္တစ္ေယာက္ ဘာမွထပ္ေျပာမေနေတာ့ပဲ
ရီေပၚၿခံဳထားေသာ ေစာင္ေအာက္ထဲတြင္ သူပါ ဝင္ရင္း ရီေပၚနားတြင္ ဝင္လွဲလိုက္ေလသည္။ တစ္ဆက္တည္းမွာပဲ ေရွာင္က်န႔္၏ လက္ေလးက ရီေပၚခါးတြင္ ရစ္ပတ္ထားလိုက္ေလသည္။
*ကိုကို သိလား ?....
ကြၽန္ေတာ္ ကိုကို႔ရင္ခြင္ေလးကို အရမ္းႀကိဳက္တယ္ ဆိုတာ.......ကြၽန္ေတာ္ အခ်ိန္တိုင္း ေမ်ွာ္လင့္ေနတာ အရာေလးေလ........*
"အိပ္ေတာ့......ဘာမွ ေတြးမေနနဲ႔ ကေလးေလး......."
"ဟုတ္....."
"ကြၽန္ေတာ္ အိပ္ယာႏိုးရင္ ကိုကိုေဘးနားမွာပဲ ရိွေနေပးပါေနာ္....."
"ဘာျဖစ္လို႔လဲ?...."
"ကြၽန္ေတာ္ ေၾကာက္လို႔....."
ႏိုးလာတဲ့အခါ ကိုကို မရိွေတာ့မွာကို ေသေလာက္ေအာင္ ေျကာက္လို႔ ဆိုတဲ့စကားကိုေတာ့ ရီေပၚေရွာင္က်န႔္ကို မေျပာျဖစ္ခဲ့ေခ်။
..................................................................
[Unicode]
ရှောင်ကျန့် POV...........
ကျွန်တော် ဟိုတယ်မှာ ကျင့်လေးကို သွားစောင့်တာ
ကျင့်လေးနှင့် မတေွ့ခဲ့ရဘဲ ဝူရန်နဲ့သာ
တွေ့ခဲ့ရလေသည်။ ထို့အပြင် ဝူရန်က ကျွန်တော့်ကို မထိတထိစကားပြောပြီးထွက်သွားတာကြောင့်
ခံပြင်းလွန်း၍ အိမ်ခန်းထဲရှိ ပစ္စည်းများကို ဖျက်ဆီးနေမိသည်။တစ်ဆက်တည်းမှာပဲ တံခါးလာခေါက်သော ရီပေါ်အား .......
"ကျွန်တော့်ကို ဝူရန်က ဒီလိုစော်ကားတဲ့စကားတွေ ပြောတာ သူ့ကြောင့်" ဟူသော ဒေါ်သနှင့် လက်ထဲတွင် ကိုင်ထားသော ပန်းအိုးနှင့် ပစ်ပေါက်လိုက်လေသည်။ အရမ်းဒေါ်သထွက်လို့ ပစ်ပေါက်လိုက်ပေမဲ့ ......သတိဝင်လာတဲ့အချိန် ရီပေါ်၏ ခန္ဓာကိုယ်လေးလဲကျမလို ဖြစ်နေတာကြောင့် ဖမ်းဆွဲထားမိလေသည်။
ခေါင်းဒဏ်ရာအတွက် ဆရာဝန်ကို ခေါ်လိုက်ပြီး
အိမ်တွင်သာ ကုသမှုပြုလုပ်ပေးသည်။ ဆရာဝန်ပြန်သွားပြီး ခဏအကြာ ရီပေါ်နိုးလာလျှင် စားဖို့ ချက်ပြုတ်စရာများကို ကုန်တိုက်တွင် သွားဝယ်ရသေးသည်။
ဈေးဝယ်ပြီးပြန်မည်အလုပ် ကျင့်လေးနှင့်
တွေ့သဖြင့်.....ကော်ဖီဆိုင်တစ်ဆိုင်တွင် စကားအကြာကြီးပြောဖြစ်ကြသည်။ ထိုစကားများထဲတွင် နောက်တစ်ပတ်နေရင်
ဝူရန်က ကျင့်လေးကို ပေကျင်းကို ပြန်ခေါ်သွားမယ်အကြောင်း
အဲ့တာ ပေကျင်းမသွားခင် တစ်ရက်အလို ကျွန်တော်တို့ အတူတူထွက်ပြေးကြရန် တိုင်ပင်ထားကြလေသည်။
ကျွန်တော် နာရီကြည့်တော့ ည၇ခွဲ နေပြီဖြစ်သောကြောင့် အိမ်သို့ အမြန်ပြန်လာခဲ့သည်။
အိမ်နှင့်ကုန်တိုက်က အလှမ်းဝေးသောကြောင့် ကျွန်တော်အိမ်ပြန်ရောက်တဲ့ အချိန်က 8နာရီ မထိုးတစ်ထိုးအချိန်လေး ဖြစ်နေလေသည်။
ကျွန်တော်ပြန်ရောက် ရောက်ချင်း ခြံထဲဝင်မည်အလုပ် .....ခြံထဲတွင် ငုပ်တုတ်လေးထိုင်နေသော ရီပေါ်အားတွေ့သဖြင့်
ခြံထဲမဝင်သေးဘဲ သူဘာလုပ်မည်ကို ကျွန်တော်စောင့်ကြည့်မိသည်။
ခြံထဲမှ အပြင်သို့ ဟိုချောင်းကြည့် ဒီချောင်းကြည့် လုပ်နေသော ရီပေါ်ပုံစံလေးမှာ သနားစရာတော့ အလွန်ကောင်းသည်။သို့ပေမဲ့...ကျွန်တော် အိမ်ထဲမဝင်သေးဘဲ သူဘာဆက်လုပ်မလဲဆိုတာ
ကျွန်တော် အချိန်အတော်ကြာလောက်ထိ ထိုင်ကြည့်နေမိသည်။
ထို့နောက် အလွန်အေးလာ၍ အိမ်ထဲဝင်မည်အလုပ်
နာရီကြည့်လိုက်တော့ ၁၀နာရီထိုးနေပြီဖြစ်သည်။ထိုစဉ် ရီပေါ်တစ်ယောက်အိမ်ထဲသို့ အမြန်ပြေးဝင်သွားသောကြောင့် ကျွန်တော်တွေးလိုက်တာက သူကကျွန်တော့်ကို အယောင်ပြလောက်ပဲ ချစ်တာလို့ တွေးလိုက်မိသေးသည်။
ကျွန်တော့်အတွေးမှားသွားသည်ထင် ....
သူအနွေးထည်တစ်ထည်ကို ပြန်ဝတ်လာပြီး ခြံပြင်သို့ ပြေးထွက်သွားသည်။ထို့ကြောင့် ကျွန်တော်လည်း သူ့နောက်ကို သူမသိအောင် တိတ်တိတ်လေးလိုက်သွားခဲ့လေသည်။
တစ်လမ်းဝင်တစ်လမ်းထွက် ကျွန်တော့်ကို အော်ခေါ်နေသော သူ့ပုံစံလေးက ဖြူစင်တဲ့ ကလေးလေးတစ်ယောက်လိုပဲ.....
သူ့ကို ကျွန်တော် စိတ်ရော၊လူပါ ဒုက္ခပေးထားတာတောင် ကျွန်တော့်ကို မမုန်းနိုင်ဘဲ
လိုက်ရှာနေလေသည်။
ကျွန်တော် ဖြည်းဖြည်းချင်း သူ့နောက်လိုက်နေတုန်း........သူကျွန်တော့်အရှေ့တွင် လဲကျသွားတာကြောင့် သူ့ကိုအမြန်ပွေ့ချီပြီး အိမ်သို့ခေါ်သွားလိုက်လေသည်။
အိမ်ပြန်ရောက်ရောက်ချင်း သူ့ကို နွေးအောင် စောင်ထူထူခြုံပေးထားလိုက်လေသည်။
ခဏအကြာ သူကျွန်တော့်ကို ထွက်မသွားပါနဲ့ လို့
ယောင်နေပြီး မျက်ရည်များကျနေသောကြောင့် ကျွန်တော်သူ့ကို သနားမိသွားလေသည်။ထို့ကြောင့် ကျွန်တော်လည်း သူ့မျက်ရည်များကို သုတ်ပေးပြီး.....သူ့ဘေးက ကုတင်ပေါ်တွင် မှီ၍ အိပ်ပျော်သွားလေသည်။
...........................................................
ရှေင်ကျန့်နိုးတော့ ရီပေါ်က ရှောင်ကျန့်၏ ပေါင်ပေါ်တွင် ခေါင်းတင်၍ အိပ်နေလေသည်။
ထို့ကြောင့် နေမကောင်းတဲ့သူကို ရှောင်ကျန့်လည်း
မငြိုငြင်ချင်သောကြောင့် ရီပေါ်ကို မဖယ်ခိုင်းတော့ပဲ
ခဏပြန်မှေးနေလိုက်လေသည်။တစ်ဆက်တည်းမှာပဲ........
*မင်းက အရမ်းဖြူစင်တဲ့ ကလေးတစ်ယောက်ပါ...
ဒါပေမဲ့ ငါမင်းကို မချစ်နိုင်သေးဘူး.....ငါဒီအိမ်လေးထဲက မထွက် သွားခင်ချိန်လေးတော့ မင်းကိုဂရုစိုက်ပေးမှာပါ...*
..................................................................
"ရီပေါ် .......ရော့ ဆန်ပြုတ်စားလိုက်..."
"ဟင်အင်း.....မစားချင်ဘူး.....
ကျွန်တော် ဗိုက်မဆာဘူး......"
"မဆာလည်း စားလိုက်ပါ.....
လာ!.....ကိုကို ခွံကျွေးမယ်......."ဟု ပြောရင်း
ရှောင်ကျန့်က ဆန်ပြုတ်ဇွန်းလေးအား နှုတ်ခမ်းတွင် တေ့ပေးထားတာကြောင့် ရီပေါ်ကြိတ်မှိတ်၍ စားလိုက်လေသည်။
ရှောင်ကျန့် ရီပေါ်ကို ဆေးတိုက်ပြီးနောက် အနားယူရန် ကုတင်ပေါ်တွင်
စောင်ခြုံပေးနေတုန်း .........
ရီပေါ်က ရှောင်ကျန့်၏လက်လေးကို ဆွဲ၍........
"ကိုကို!.....ကျွန်တော်ဘေးမှာ အတူတူအိပ်ပေးပါလားဟင်?......."
".............."
ရှောင်ကျန့်က ဘာမြှပန်မပြောသောကြောင့်
ရီပေါ် ရှောင်ကျန့်၏ လက်ကို ဖြည်းဖြည်းချင်း လွှတ်လိုက်၍ ရှောင်ကျန့်နှင့် ဆန်ကျင့်ဘက်အရပ်သို့ စောင်း၍ လှဲအိပ်လိုက်လေသည်။
"တောင်းပန်ပါတယ်.....ကိုကို....
ကျွန်တော် တောင်းဆိုတာတွေ အရမ်းများနြေပ်ီး
ထင်တယ်......ကျွန်တော် အိပ်တော့မယ်နော်......"ဟု
ပြောရင်း မျက်လုံးမှိတ်၍ မျက်ရည်ကျနေသောကြောင့် ရှောင်ကျန့်စိတ်ထဲ ရီပေါ်ကို ပိုသနားမိသွားလေသည်။ထို့ကြောင့် ရှောင်ကျန့်တစ်ယောက် ဘာမှထပ်ပြောမနေတော့ပဲ
ရီပေါ်ခြုံထားသော စောင်အောက်ထဲတွင် သူပါ ဝင်ရင်း ရီပေါ်နားတွင် ဝင်လှဲလိုက်လေသည်။ တစ်ဆက်တည်းမှာပဲ ရှောင်ကျန့်၏ လက်လေးက ရီပေါ်ခါးတွင် ရစ်ပတ်ထားလိုက်လေသည်။
*ကိုကို သိလား ?....
ကျွန်တော် ကိုကို့ရင်ခွင်လေးကို အရမ်းကြိုက်တယ် ဆိုတာ.......ကျွန်တော် အချိန်တိုင်း မျှော်လင့်နေတာ အရာလေးလေ........*
"အိပ်တော့......ဘာမှ တွေးမနေနဲ့ ကလေးလေး......."
"ဟုတ်....."
"ကျွန်တော် အိပ်ယာနိုးရင် ကိုကိုဘေးနားမှာပဲ ရှိနေပေးပါနော်....."
"ဘာဖြစ်လို့လဲ?...."
"ကျွန်တော် ကြောက်လို့....."
နိုးလာတဲ့အခါ ကိုကို မရှိတော့မှာကို သေလောက်အောင် ကြောက်လို့ ဆိုတဲ့စကားကိုတော့ ရီပေါ်ရှောင်ကျန့်ကို မပြောဖြစ်ခဲ့ချေ။
..................................................................